π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

37K 3.9K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23
Episode:24

Episode:17

1K 140 75
By sunflower06h

Mateဖြစ်ပြီးနောက်ပိုင်း အရှင်နှင့် alpha၏ ဆက်ဆံရေးသည် ရဲတင်းသထက် ရဲတင်းလာခဲ့သည်။ ယခင်က လာဗင်ဒါလေးအား လွတ်မြောက်ခွင့်ပေးလိုလျှင်တောင် မိုးမခတောအထိ သွားတတ်သူ အရှင်လေးက ယခုတွင်တော့ မိမိနန်းဆောင်ထဲအထိပင် alphaဖြစ်သူနှင့် ရံဖန်ရံခါ ရမ္မက်တိုက်ပွဲဆင်နွဲသည့် အနေအထားပင်ဖြစ်လာသည်။ အမှုထမ်းများသည်တော့ အနံ့မခံနိုင်သူ betaများသာဖြစ်သည်မို့ ပူစရာမလိုပါလေ။ ထို့အပြင် သမားတော်မင်၏ ကူညီမှုကြောင့် အခြားalphaများနှင့် မဖြစ်မနေတွေ့ဆုံရသည့် အချိန်ဆိုလျှင်တောင် အခက်အခဲမရှိပါလေ။

Innerwolfမှ စွဲလမ်းရသူ Alphaနှင့် အနီးကပ်ရှိနေရသည့်အပြင် Mateဖြစ်နေပြီ ဖြစ်သည်မို့ ကိုယ်တွင်းရှိ ထိုalpha၏ ဟော်မုန်းတို့က ဆေးတို့၏ ဘေးထွက်ဆိုးကျိုးတို့ကို သက်သာစေသလို ဝေဒနာလည်း လျော့နည်းစေသည်ကြောင့် အရှင်လေး နေထိုင်ကောင်းနေသည်ပင်။

လပြက္ကဒိန်၏ ဒုတိယမြောက်သော လပြည့်သည် Eldora၌ ပွဲတော်ကျင်းပနေကျ အထိမ်းအမှတ်နေ့ဖြစ်သည်​ကြောင့် တတိုင်းပြည်လုံး စိတ်လှုပ်ရှားကြသည့်နေ့လည်းဖြစ်သည်။ ထိုနေ့တွင် နယ်ခြားကုန်သည်အချို့လည်း ထူးထူးခြားခြားဝင်ခွင့်ရသည်မို့ ဒေသစုံမှ ပစ္စည်းစုံ အစားအသောက်စုံလည်း ရှိတတ်သည်။ ထို့အပြင် လူကုံထံကော သာမန်လူတန်းစားပါမချန် ဆင်နွှဲကြသည့် ပွဲတော်မို့ မြို့ထဲမှာပင် အလွန်စည်ကားပါသည်လေ။ ချစ်သူစုံတွဲများသည်လည်း နှစ်ကိုယ်တူလည်ပတ်ခြင်း လက်ဆောင်လဲလှယ်ခြင်းဖြင့် အမှတ်တရများ ဖန်တီးကြတတ်သော နေ့ပင်ဖြစ်သည်။

"အရှင်~ ကျုပ်တို့ လပြည့်ပွဲတော်မှာ လည်ကြမလား"

"ဖြစ်ပါ့မလား.."

"မိုးမခတောမှာတောင် ၅ရက်လောက် သွားနေခဲ့သေးတာပဲ။ တညနေလောက်လည်တာက အဆင်ပြေမယ်ထင်ပါတယ်"

"အင်းနော်။ ခင်ဗျားပြောတာလည်း ဟုတ်ပေမယ့်.. မသိတော့ပါဘူး"

မိုးမခတောက လူသူရှားပါးသော်လည်း ယခုက မြို့ထဲ လည်ပတ်မည်မို့ အခြေအနေမတူပါလေ။ မတော်၍ မိမိအား သိသည့်သူသာရှိနေခဲ့လျှင် mateလည်းပါနေသည်မို့ စိုးရိမ်ရသည်မဟုတ်လား။

"အရှင် အဆင်မပြေရင်လည်း ရပါတယ် ကျုပ် ဂျီဂျီ့ကို ခဏလိုက်ပို့ပြီး---"

"ဘာ!"

"ဘာလို့လဲ အရှင်"

ဘာလို့လဲဆိုပဲ။ မေးခွန်းပြန်ထုတ်ရလောက်ပင် သည်alphaသည် တုံးအလွန်းသလား။ ဒါမှမဟုတ် တုံးအဟန်ဆောင်နေသည်လား။

ဘယ်mateကများ မိမိalphaက မိမိမပါပဲ အခြားomegaနှင့် နှစ်ဦးတည်းလည်ပတ်မည်ကို လက်ခံနိုင်မည်တဲ့တုန်း။ ခေါင်းရှိရဲ့သားနှင့် စဥ်းစားတတ်ဖို့ကောင်းပါသည်။

"mateတယောက်လုံးကို ထားခဲ့ပြီး တခြား omegaကို ပွဲတော်လိုက်ပို့မယ်ပေါ့။ အဲ့ဒါကို ကိုယ်တော့်ကို လက်ခံခိုင်းနေတာလား"

"မဟုတ်ဘူးလေ အရှင်။ အဲ့ဒါကြောင့် တူတူသွားမယ်လို့---"

အရှင်ဟာ သူ့စကားကို မဖြေတော့ဘဲ တဖက်လှည့် ကျောခိုင်းကာ

"သွားပါ ခင်ဗျားရဲ့ ဂျီဂျီနဲ့ပဲသွား။ ကိုယ်တော့်ကို ဂရုစိုက်မနေနဲ့"

ဆတ်ခနဲ တဖက်သို့ လှည့်သွားသည့် အရှင်လေးက စိတ်ခုသွားသည်ဆိုသည်မှာ မှန်း​ကြည့်စရာပင်မလို။ လက်ပိုက်ထားကာ နှိမ့်ချည်မြင့်ချည်ဖြစ်နေသော ပုခုံးငယ်တို့က အရှင့်ဒေါသစိတ်လေး၏ အနိမ့်အမြင့်ကိုလည်း ပေါ်လွင်စေပါသည်။

"အရှင်"

ကြားသော်လည်း မကြားလေဟန် တုပ်တုပ်ပင် မလှုပ်

"အရှင်~~~"

သံရှည်ဆွဲခေါ်သည့်တိုင်လည်း ကျောခိုင်းလျက်ပင်။

"လာဗင်ဒါ~~"

အသုံးအနှုန်းပြောင်းသွားသည့်အခါတွင်တော့ ပုခုံးလေးများ အနည်းငယ်လှုပ်ရှားလာသော်လည်း စိတ်တင်းကာ နေနေသေးဟန်မို့ သူကသာ ပုခုံးကို အသာဆွဲလှည့်ရင်း ချော့ရန်အမှုကို ပြုရတော့သည်။ မျက်နှာချင်းဆိုင်မိသည်အထိ မလျှော့သော မျက်နှာလေးနှင့် နှုတ်ခမ်းစူစူလေးသည် စိတ်အလိုမကျမှုလေးကို ဖော်ကျူးနေပါသည်လေ။

"သဝန်တိုသွားတာလား။ ကျုပ်ရဲ့ လာဗင်ဒါလေးက"

"တော်ပါ"

"ပွဲတော်ကို ​ကျုပ်နဲ့ဂျီဂျီနှစ်ယောက်တည်း သွားမှာမဟုတ်ဘူးလေ အရှင်ရဲ့။ သမားတော်မင်ပါ ပါသေးတယ်။ တကယ်တော့ သူတို့နှစ်​ယောက်တည်း သွားရရင် နည်းနည်းတမျိုးဖြစ်လို့ ကျုပ်တို့ကို အဖော်လာညှိတာ"

ထိုအခါမှ အရှင့်မျက်နှာငယ်မှာ အနည်းငယ်လန်းဆန်းလာကာ တင်းထားသော မျက်နှာသည်လည်း ဖြေလျှော့၍ လာတော့သည်။

"အဲ့လိုလား..."

"အွန်း.. အဲ့လိုမို့ အထင်မလွဲပါနဲ့။ ကျုပ်ကိုယ်တိုင်လည်း အရှင်မပါပဲ တခြားomegaနဲ့ နှစ်ယောက်တည်း လည်ပတ်လိုစိတ်မရှိပါဘူး။ အဲ့omegaက ဂျီဂျီဆိုရင်တောင်ပေါ့"

သူ့စကားအဆုံးတွင်တော့ အရှင်က ကျေနပ်သွားဟန် မသိမသာပြုံးသည်။ အချစ်နှင့်တွေ့မှ အရှင်ဟာ ကလေးတစ်ယောက်သဖွယ် ဂျစ်တိုက်တတ်နေပါပြန်ကော။

"စောစောကတည်းက ရှင်းအောင် ပြောလေ ခင်ဗျားကလည်း"

"ဟော အရှင်က ရှင်းချိန်တောင် မပေးလိုက်တာကို"

"သွားကြတာပေါ့ alpha။ ကိုယ်တော်လည်း ရုပ်ဖျက်သွားရင် ဖြစ်တာပဲလေ"

သည်လိုနှင့်ပင် မမျှော်လင့်ပဲ အရှင်နှင့် alpha၏ လပြည့်ပွဲတော် အမှတ်တရလေး အစချီခဲ့ပြန်ပါသည်။

•••••
"အရှင်ပါ လိုက်လာမယ်လို့တော့ မထင်ခဲ့ဘူး။ ကျနော်က ထယ်ထယ်ပဲ လာမယ်ထင်ခဲ့တာ"

သမားတော်မင်နှင့်အတူ ​ချိန်းထားသည့်နေရာဖြစ်သော မြို့ထိပ်မှ အပင်အောက်တွင် စောင့်ဆိုင်းနေသူ ထိုomegaမှာ ပွဲတော်ရက်ဖြစ်သည်ကြောင့်လား အခြားရည်ရွယ်ချက်ဖြင့်လား အသေအချာလေး ဝတ်စားပြင်ဆင်ထားလေသည်။ ဘေးမှသမားတော်မင်သည်လည်း မြင်နေကျပုံစံနှင့် ခြားနားစွာ လူကုံထံတစ်ယောက်ဟန် ပြင်ဆင်ထားသည်မို့ အထူးအဆန်းပင် ဖြစ်ရပါသေးသည်။

လူရိပ်မိမည်စိုး၍ ခပ်နွမ်းနွမ်းအဝတ်အစားဖြင့် ရုပ်ဖျက်ထားသော မိမိနှင့် alphaမှာတော့ မသိလျှင် လူကုံထံစုံတွဲ၏ ကိုယ်ရံတော်အလား။ ပြောင်းပြန်ဖြစ်နေသော အနေအထားပါပင်။

"ကိုယ်တော်လည်း လူပဲမလို့ တခါတလေ ဒီလို ပျော်ပွဲရွှင်ပွဲတွေ နှစ်သက်တတ်ပါတယ် သခင်လေး။ ကိုယ်ရံတော်ကင်မ်ပဲ လာမယ်ထင်ပြီး ဒီလ်ိုပြင်ဆင်ထားခဲ့တာလား"

"အရှင်..."

"ကျနော်က ပြင်ဆင်ခိုင်းခဲ့တာပါ အရှင်။ သခင်လေးပတ်ခ်အတွက် ပထမဆုံး ဆင်နွှဲဖူးမယ့် လပြည့်ပွဲတော်မို့ အခြားomegaတွေလိုမျိုး လှလှပပနဲ့ အပြည့်အဝပျော်စေချင်လို့လေ။"

သူ့အမေးကြောင့် ထိုomegaလေး ဆွံ့အနေစဥ် သမားတော်မင်က စကားထိန်းသည့် သဘောဖြင့် ဝင်ဖျန်ဖြေသည်။

သခင်လေးပတ်ခ်က လှလည်း လှသလို နုလည်း နူးညံ့ကာ omegaတစ်ယောက်၏ သွင်ပြင်ပြည့်စုံသူဖြစ်ကြောင်းကိုလည်း သူလက်ခံပါသည်။ ပုံမှန်စိတ်နှင့်ဆိုလျှင် အသိအမှတ်ပြု ချီးကျူးမိမည်ဖြစ်သည့်တိုင် မိမိနှင့် သက်ဆိုင်သည့် တစုံတယောက်အပေါ် ရည်ရွယ်၍ ပြင်ဆင်ထားခဲ့သည်ဟူသော အတွေးဝင်လာသည့်အခါ ဝန်တိုစိတ်က ပိုရသည်မို့ ယခုလို အပြုအမူမျိုးက ထိန်းမရခြင်းပင်။

သို့သော်လည်း မိမိကိုယ်ကို ထိန်းချုပ်ရပါမည်။ မဟုတ်လျှင် ဘယ်သူမှ မဖော်ပဲနှင့်ပင် မိမိalpha ဘယ်သူဖြစ်ကြောင်းက ရှင်းရှင်းလင်းလင်းပေါ်လေတော့မည်လေ။

"ကိုယ်တော်ကလည်း စနောက်တဲ့ သဘောနဲ့ပြောလိုက်တာပါ။ လန့်မသွားပါနဲ့ သခင်လေးပတ်ခ်။ ပထမဆုံးကြုံဖူးတဲ့ ပွဲတော်မို့ ကောင်းမွန်တဲ့ အချိန်ကောင်း ကုန်ဆုံးခဲ့ဖို့ မျှော်လင့်တယ်။ Eldoraက ကြိုဆိုပါတယ် သခင်လေးပတ်ခ်"

"ကျေးဇူးပါ အရှင်"

အရှင့်အပြုအမူကြောင့် မျက်ဝန်းစိမ်းalphaမှာတော့ ပြုံးမိသည်။ စိတ်ကြီးသော်လည်း စိတ်အရင်းခံလေးမှာတော့ နှစ်လိုဖွယ်ဖြစ်သော အရှင်လေးမှာ.. သဝန်တိုနေသည့်တိုင် လှိုက်လှဲသည့် ကြိုဆိုစကားတို့သည်တော့ ဟန်ဆောင်ပြောဆိုခြင်းမဟုတ်မှန်း သိသာပါသည်လေ။

"အရှင်ပါ တူတူပါတော့လည်း လူများတော့ ပိုပျော်ဖို့ ကောင်းတာပေါ့။ အခု ကျုပ်တို့ ဘယ်ဘက်ကနေ စပြီး ပတ်ကြည့်ကြမလဲ အရှင်"

"ကြာကြာလည်ပတ်နိုင်ဖို့ အာဟာရရှိဖို့လိုတာမို့ တခုခု အရင်စားကြမလား။ ဈေးထဲက အသားပေါင်းကို အာသီသဖြစ်နေတာ ကြာပြီမို့လေ"

"ကောင်းပါတယ် အရှင်"

ယခုလိုကျပြန်တော့လည်း အရှင်ဟာ ပေါ့ပါးသော သာမန်လူငယ်တစ်ယောက်အသွင်ကို ဆောင်သည်ဟု ဂျီမင်တွေးမိသည်။ ခက်ထန်ကာ မာန်ဝင့်သော အသွင်ကို ဖယ်လိုက်ပါလျှင် အရှင်ဟာ နုငယ်ကာ တက်ကြွသော လူငယ်လေးအဖြစ်သာရှိသေးသည် မဟုတ်ပါလား။

"ကိုယ်တော် သုံးဆောင်ချင်တဲ့ အသားပေါင်းက ဟိုးဘက်ဈေးတန်းဘက်ရှိတယ်တဲ့ ဒါပေမယ့် လူရှုပ်တာမို့ အကုန်သွားလို့ အဆင်ပြေပါ့မလားမသိ"

"ဒါဆို ကျုပ်ဝယ်ခဲ့ပြီး ပြန်လာခဲ့မယ်လေ အရှင်။ အရှင်တို့ ဒီမှာစောင့်နေခဲ့ရင်ကော"

"ငါပါလိုက်လို့ရလား ထယ်ထယ်။ မြို့ထဲကို နှံ့အောင် မရောက်ဖူးသေးလို့လေ"

"အင်း အဲ့ဒါက..."

အရိပ်အကဲသိစွာ အရှင့်ဘက်ကို မျက်စိကစားမိတော့ မချိုမချဥ်အပြုံးလေးနှင့်ဖြစ်သည်ကြောင့် လက်ခံလိုက်၍ မဖြစ်ကြောင်း အတပ်သိလိုက်သည်။ ငယ်ပေါင်းမိတ်ဆွေပင်ဖြစ်သော်ငြား မိမိmateဖြစ်သူရှေ့တွင်တော့ မကောင်းသည်မဟုတ်လား

"ဒါဆို ကျုပ်တို့ ၄ယောက်ပဲ သွားကြမလား။ လူမကွဲတော့လည်း ပြန်ရှာရတာ သက်သာတာပေါ့လေ"

အရိပ်အကဲသိသူ သမားတော်မင်က ကြားဝင်စေ့စပ်သည်မို့ မလိုအပ်သည့် ရန်မများရပဲ ခရီးဆက်နိုင်ခဲ့ကြပြန်သည်။ သူံးယောက်တည်းသာဆိုလျှင် အရိပ်အကဲမသိသော သူငယ်ချင်းနှစ်ယောက် အရှင့်အမျက်တော် ဘယ်လောက်ထိ ရှလုမည်လည်း တွေးကြည့်၍ပင် မရပါ။

"Eldoraရဲ့ ပွဲတော်က ကြားဖူးတာထက်ကို အများကြီးပိုလှတာပဲအရှင်။ အစားအသောက်တွေလည်း သိပ်ကို အရသာရှိပါတယ်"

"ပထမဆုံး ကြုံရတဲ့ ပွဲတော်က ဒီလိုအတွေ့အကြုံကောင်းဖြစ်စေလို့ ကိုယ်တော်လည်း ဝမ်းမြောက်ပါတယ် သခင်လေးပတ်ခ်။ စိတ်ဖြေလျှော့ပြီး ပျော်သလို နေပါ"

"ကျေးဇူးပါ အရှင်"

သည်လိုကျပြန်တော့လည်း အရှင်ဟာ သဘောကောင်းသည်ဟု ဂျီမင်ကောက်ချက်ချမိ​ပြန်သည်။ အရှင်ဟာ မိမိသက်ဆိုင်ရာကို မထိပါးမချင်း လက်သည်းဖွက်ထားသော ကြောင်ကလေးသဖွယ်ဖြစ်ပုံကိုတော့ မသိနိုင်ပါလေ။

"ဒီက မီးပုံးပွဲတော်ကလည်း သိပ်လှတာတဲ့လေ ဂျီဂျီရ။ ဒါပေမယ့် လူထူထပ်တာကြောင့် တကြိမ်ကို လူနှစ်ယောက်ပဲဝင်ခွင့်ပြုတာတဲ့"

"ဟုတ်လား။ မင်းက အရင်ရောက်နှင့်တော့ အများကြီးပိုသိနေတာပဲ ထယ်ထယ်"

"ဒီလိုပဲပေါ့ ငါက လေ့လာမှုအားကောင်းတယ်လေ"

"ဒါဆို ငါ့ကို မီးပုံးပွဲတော်ကို လိုက်ပို့မယ်မဟုတ်လားထယ်ထယ်"

ပြောပြောဆိုဆိုဖြင့် လက်ချိတ်ကာ စကားဆိုလာသည့် ထိုomegaကြောင့် အရှင့် ဝန်တိုစိတ်ကလေးက ငယ်ထိပ်ရောက်ရ​ပြန်သည်။တဖက်က omegaဖြစ်သည်ကြောင့် ဖယ်ချလိုက်လျှင်လည်း မကောင်းတတ်သည့်အလျောက် အလိုက်တထိုက်နေနေသော မိမိalphaကိုလည်း စိတ်ခုချင်မိသည်။ သို့သော်လည်း မိမိalphaဆိုသည့်အချက်အား မိမိတို့နှစ်ဦးနှင့် သမားတော်မင်သာ သိသည်မို့ ဒေါသပုံထကာ ပြဿနာရှာရန်လည်း မဖြစ်နိုင်သည်မို့ အောင့်သက်သက်နှင့်ပင်။

"လာ သမားတော်မင် ကိုယ်တော်တို့ ရှေ့က သွားရအောင်။ သူတို့ဘာသာ မီးပုံးပွဲတော်သွားပါစေ"

မထူးသည့်အဆုံး သမားတော်မင်အပေါ်သာ ပုံချကာ ချိတ်ထားသော လက်ကြားမှ အတင်းတိုးဖြတ်၍ ရှေ့ကသွားမိသည်။ သည်လောက်ဆို ဆင်ခြင်ရကောင်းမှန်းသိကောင်းပါရဲ့။

အရှင်လေးမသိလိုက်သည်က မိမိအပြုအမူအား အသည်းယားစွာ ရယ်ခိုး၍ ကျန်ရစ်သူ alphaနှင့် သမားတော်မင်ပါပင်။ သခင်လေးပတ်ခ်သည်တော့ ကြောင်ကြောင်က​လေးဖြင့် ​ကျန်ခဲ့လေသည်။

"သမားတော်မင်! အမြန်လာလေ ဘာလုပ်နေတာလဲ"

"အရှင်ကတော့လေ~ ကိုယ်ရံတော်ကင်မ် လိုက်သွားလိုက်ပါဦး။"

အူတူတူဖြင့် ကျန်ရစ်သူ alphaအား သမားတော်မင်ကပင် အမြန်တိုက်တွန်းကာ အရောက်ပို့ရပါတော့သည်။ မဟုတ်လျှင် အရှင့်ဒေါသစက်ကွင်းက သူတို့အကုန် မီးပွားစင်တော့မည်ပင်မဟုတ်လား။ မြွေပေါက်ကလေးအား ထိန်းကျောင်းနိုင်သူ အလပ္ပါယ်ဆရာနှင့် လွှတ်ထားခြင်းသည် အကောင်းဆုံးပါပင်။

"အားနာပေမယ့် မီးပုံးပွဲတော် လိုက်မပို့နိုင်တော့ဘူးထင်တယ် ဂျီဂျီ။ အရှင့်နောက်လိုက်ရမှာမို့လေ"

တားဆီးချိန်ပင် မရလိုက်ပဲ အရှင့်နောက် မြန်မြန်ပြေးလိုက်သွားသူ alphaကြောင့် မက်မွန်နံ့သင်းသော omegaလေးသည်လည်း မျက်နှာညှိုးလာတော့သည်။ မျှော်လင့်သည့်အတိုင်းမဖြစ်ပဲ လွဲရပြန်သည် မဟုတ်လား

"လာ သခင်လေးပတ်ခ်ကိုက ကျုပ်ပဲ မီးပုံးပွဲတော်ကို လိုက်ပို့ပါမယ်"

သူ့စကားကြောင့် ထိုomegaလှလှက သူ့အား လူထူးဆန်းသဖွယ် ကြည့်လေတော့ သမားတော်မင်မှာ ခေါင်းတကုပ်ကုပ်။ အလစ်ဝင်လုသည့် အကြံသမားဟု ထင်နေသည်များလား။

"ကျုပ်က betaပါ သခင်လေးပတ်ခ်ရယ်။ alphaဖြစ်တဲ့ ကိုယ်ရံတော်ကင်မ်ထက်တောင် စိတ်ချရပါသေးတယ်။ ကျုပ်ကို စိတ်မချတာလား"

"အဲ့လို မဟုတ်ပေမယ့်..."

စကားပင် မဆုံးနိုင်ပဲ alphaသွားရာလမ်းအား ခပ်တွေတွေ ငေးနေသည်ကြောင့် အားနာစွာ သက်ပြင်းချမိသည်။ လွတ်လွတ်ကင်းကင်း လူသာဆိုလျှင် ကိုယ်တိုင်ကူညီပေးချင်ပါသော်လည်း အရှင့်လူပေမို့ သူလည်း မကယ်တင်နိုင်သည်လေ။

"သခင်လေး သူငယ်ချင်းက ဘုရင့်ကိုယ်ရံတော်ဖြစ်နေပြီလေ သခင်လေးရဲ့။ အရင်က အမြဲတူတူရှိခဲ့တာမို့ ခုလည်း သူငယ်ချင်းနဲ့တူတူသွားချင်မှာကို နားလည်ပေမယ့် အခုကျ သူ့အတွက် အရှင်က ပိုအရေး​ကြီးတာကို သခင်လေးရဲ့"

"ခင်ဗျားပြောတာလဲ ဟုတ်ပါတယ်လေ..."

"စိတ်မပူပါနဲ့။ ကျုပ်က ဒီကဒေသခံမို့ သခင်လေး ပိုပြီးတောင်ပျော်ရမှာပါ။ ဒါကြောင့် ကျုပ်ကိုယုံပြီး လိုက်ခဲ့လိုက်။ နော်"

စိတ်အပြောင်းအလဲဖြစ်ရန် အလို့ငှာ မီးပုံးပွဲတော် ဦးတည်ရာအရပ်သို့ သွားရန် သတိလက်လွတ်​ဖြင့် လက်ကို ဆွဲကိုင်လိုက်မိတော့ လန့်သွားသည်ထင်။ အလျင်အမြန်ပုတ်ချကာ...

"အို သမားတော်မင်"

"စိတ်မရှိပါနဲ့ ကျုပ်စိတ်လောသွားမိလို့ပါ။ ရှေ့ကသွားနော် သခင်လေး"

သခင်လေးပတ်ခ်မှာ မျိုးနွယ်စုခေါင်းဆောင်၏ တဦးတည်းသော omegaသားငယ်ဖြစ်သည်ကြောင့် ကျိန်းသေပေါက် ပိုးမွေးသကဲ့သို့ ပြုစိုပျိုးထောင်ခံခဲ့ရမည်ပင်။ ကိုယ်ရံတော်ကင်မ်ကဲ့သို့ ငယ်သူငယ်ချင်းက အထူးအဆန်းမဖြစ်သော်လည်း ရင်းနှီးစသာ ​ဖြစ်သေးသော မိမိနှင့်တော့ ကျိန်းသေပေါက် အနေခက်မည်ပင် ​မဟုတ်လား။

မိမိနှင့် နှစ်ဦးတည်း ပွဲတော်လည်ရမည်ကို တမျိုးဖြစ်သည်ကြောင့် သူငယ်ချင်းဖြစ်သူ alphaကိုပါ အကူအညီတောင်းခဲ့သော်လည်း အရှင့်လူဖြစ်နေသည့်အခါ မူလအခြေအနေအတိုင်း ၂ဦးတည်းသာ ဖြစ်သွားသည်မို့ အနေရခက်နေသော်လည်း သမားတော်မင်၏ ရင်းနှီးလွန် အပြုအမူကြောင့် မီးပုံးပွဲတော်သို့ သွားသည့်လမ်းကလေးမှာ တိတ်ဆိတ်မှုကြီးစိုးသွားပါတော့သည်လေ။

•••••

တဖက်တွင်တော့...

"လာဗင်ဒါ~"

"စောင့်ပါဦး လာဗင်ဒါရဲ့~ ကျုပ်နဲ့ တူတူသွားမယ်လေ"

သူစကားအား မသိချင်ယောင်ဆောင်ကာ ခြေဆောင့်၍ သွားနေသူ အရှင်။ ကြံရာမရသည့်အဆုံး နောက်ဆုံးနည်းကိုသာ ထုတ်သုံးမည်ဟု တွေးကာ ပေါင်ရင်းမှ မချီ၍ ပုခုံးပေါ်ထမ်းလိုက်လေတော့ ရုတ်တရက်လန့်သွားဟန် သူ့ပုခုံးနှစ်ဖက်အား ခပ်တင်းတင်း ကိုင်ဆွဲလာသည်။

ထို့နောက်တွင်တော့ အသိစိတ်ဝင်လာလေဟန် အရှင်လေးက သူ့ကျောပြင်အား တဘုံးဘုံး ထုရိုက်လေတော့သည်။ နှုတ်မှလည်း တရစပ် ပြောဆိုကာ သောင်းကျန်းနေသည်မှာ စိတ်ဆိုးနေသည့် ကလေးသဖွယ်။

"လွှတ်စမ်း! ခုလွှတ်! ခင်ဗျား alphaဆိုပြီး အင်အား အားကိုးနဲ့ အနိုင့်ကျင့်တာလား ဟမ်! ခင်ဗျားတော့ အပြစ်ပေးခံရတော့မယ်!"

ရုပ်ဖျက်ထားသည့်အပြင် လူလည်းရှုပ်နေသည်ကြောင့် လမ်းသွားလမ်းလာတို့သည်လည်း သာမန် စုံတွဲကြား အချစ်စမ်းနေသည်ဟုသာ ထင်ကြဟန်ပေါ်သည်။ ရယ်ခိုးသူက တဝက် ကွက်ကြည့်ကွက်ကြည့်လုပ်သူက တဝက်ဖြင့် ဝင်ရောက် နှောင့်ယှက်ခြင်းအမှုကို မပြုကြ။

လူအနည်းငယ်ရှင်းရာ နေရာသို့ရောက်မှ သူ့အားချပေးကာ ခပ်ပြုံးပြုံး ကြည့်နေလေတော့ စိတ်အလိုမကျမှုက ပိုလာပြန်တော့သည်။ ယခုထိပင် ပြုံးနေရသည်အထိ အရိပ်အကဲမသိသေးသည်လား။

"ဘာလိုက်လုပ်တာလဲ။ ခင်ဗျားဘာသာ ခင်ဗျားရဲ့ ဂျီဂျီနဲ့ မီးပုံးပွဲ​တော်ကို သွား​လေ။"

"ဂျီဂျီနဲ့မသွားဘဲ အရှင်နဲ့သွားဖို့ကို ခုရောက်လာတာပေါ့ အရှင်ရဲ့။ လာပါ ကျုပ်ကို ကြည့်ပါဦး"

မေးဖျားလေးမှ အသာယူကာ ဆွဲလှည့်မိတော့ တွန့်ချိုးထားသော မျက်ခုံးတန်းတို့ကြောင့် အသည်းယားစွာ ရယ်မိသည်။ ထိုအခါတွင်တော့ မျက်ခုံးနှစ်ခုပင် ထိကပ်လုမတတ်ပို၍ တွ့န်ချိုးလာတော့သည်။

"ဖယ်! ခင်ဗျားကြီး အခု ကိုယ်တော့်ကိုပါ လှောင်နေတာ! ခုဖယ်!"

ထုရိုက်ကာ အတင်းတွန်းဖယ်နေသည်က ဂျစ်ကန်ကန်နှင့် ချစ်စရာကောင်းလှသည်။ ယခုမှသာ စုံတွဲနှင့် ပို၍ တူသလိုခံစားရသည်ကြောင့် မိမိအား ထုရိုက်နေသည်ကိုပင် မမူ့ပါလေ။ အရှင့်အင်အားမှာ မသေးသည့်တိုင် ချစ်မိသူ alphaကြီးအတွက်တော့ ပန်းနှင့်ပေါက်သယောင်သာ ဖြစ်၍နေ​တော့သည်။

"လာဗင်ဒါရယ်။ မင်းသဝန်တိုတာကို ကျုပ်ဖြင့် သိပ်ချစ်တာပဲ"

"ဘယ်သူက သဝန်တိုလို့လဲ။ ခင်ဗျားဘာသာ ဘယ်သွားသွား ဘာလုပ်လုပ် ကိုယ်တော်နဲ့မဆိုင်တဲ့ကိစ္စမို့ သွားချင်တဲ့နေရာကိုသွားပြီး လုပ်ချင်ရာသာလုပ်"

သူ့အား မကြည့်ပဲ စိတ်တိုတိုဖြင့် တရစပ်ပြောနေသော နှုတ်ခမ်းဖူးလေးအား နှုတ်ခမ်းထူထူတို့ဖြင့် ဖိကပ်လိုက်သည့်အခါမှ အရှင်လေးမှာ စကားစ ပြတ်လေတော့သည်။

"ဒီလောက်ဆို တောင်းပန်တာကို လက်ခံပြီလား။ ကျုပ်မှာ မင်းတစ်ယောက်ပဲရှိတာပါ လာဗင်ဒါရဲ့။ ကျုပ်နှလုံးသားကို မင်းမူထားတာလဲ မင်းတစ်ယောက်တည်းပဲ"

"နောက်ပြီး မနေ့ကတည်းက ကျုပ်ပြောခဲ့ပြီးသားပါ။ ကျုပ်က လာဗင်ဒါရှိရက်သားနဲ့ ဘာလို့အခြားomegaနဲ့ နှစ်ယောက်တည်း လည်ပတ်ရမှာလဲလို့. ဟင်"

နှုတ်မှလည်း ယုံကြည်စေရန် စကား အထပ်ထပ်ဆိုကာ ဖက်တွယ်ထားသော လက်ဝါးပြင်တို့သည်လည်း အသာအယာပွတ်သပ်ပေးနေခြင်းဖြင့် ယိမ်းယိုင်နေသော အရှင့်စိတ်ကလေးကို တည်ငြိမ်စေပြန်သည်။ တကယ့်ကို ထိုalphaသည် သူ့အား ဘယ်လိုကိုင်တွယ်ရလဲ ကောင်းကောင်းသိဟန်ပါပင်။

"ထားလိုက်တော့။ အလျှောက်ကောင်းလို့ ဒီတခါတော့ ခွင့်လွှတ်ပေးလိုက်မယ်"

ထိုအခါမှ alpha၏ မျက်နှာသည်လည်း ပို၍ နှစ်နှစ်ကာကာ ပြုံးလာလေတော့သည်။ လရောင်နှင့် မီးရောင်ပျပျအောက် ထင်းလင်းနေသော အပြုံးဖြင့် ထိုalphaမှာ သိပ်ကြည့်ကောင်းပါသည်လေ။

တမေ့တမော ငေး၍ မဆုံးသေးခင်မှာပင် လက်ကို ကိုင်ဆွဲကာ လူမပြတ်သော ဈေးတန်းဘက်သို့ ပြန်၍ ခေါ်လာပြန်သော ထိုalpha။ နွေးထွေးသော လက်ဝါးပြင်ကျယ်အတွင်း မိမိလက်တို့က အံဝင်ခွင်ကျဖြစ်လွန်း၍ ကြည်နူးမှု ရိပ်ရိပ်လေးပင် ခံစားလိုက်ရသေးသည်။ သည်လိုကျပြန်တော့ သာမန်စုံတွဲများနှင့်တောင် အလားတူသည်လေ။

"ဟိုမှာ.. လာဗင်ဒါပန်းနဲ့ ခရမ်းစွဲကျောက်တွေ...ကျုပ်ဝယ်ပေးမယ်လေ ယူမလား"

ခပ်လှမ်းလှမ်းမှ ဈေးတန်းအား လက်ညှိုးထိုးကာ ပြောလာလေတော့ ကြိတ်ပြုံးမိသည်။ တိုင်းပြည်အရှင်ဖြစ်သော မိမိအား တစုံတရာဝယ်ပေးမည်ဆိုသည့် စကားမှာ စိမ်းသက်သက် စကားပင်မဟုတ်လား။

"ခင်ဗျားပြောနေတဲ့သူက တိုင်းပြည်အရှင်နော် alpha"

"ခုချိန်မှာတော့ ရုပ်ဖျက်ထားတာမို့ ကျုပ်ရဲ့ချစ်သူပဲလေ လာဗင်ဒါလေးရဲ့။ နောက်ပြီး ကျုပ်ကဝယ်ပေးချင်တာမို့ပါ။ တခုခုရွေးကြမယ် လာ"

မငြင်းဆန်နိုင်ပဲ alphaခေါ်ရာနောက်ပါသွားပြန်သည်။ ခရမ်းစွဲကျောက်နှင့် လာဗင်ဒါပန်းတို့ကို ခင်းကျင်းထားသော ဆိုင်အပြင်အဆင်မှာ သေးငယ်သော်လည်း ခမ်းနားသယောင်ပါပင်။

"ကျုပ်ဝယ်ပေးမှာမို့ လိုချင်တာကို စိတ်ကြိုက်ရွေးနော် လာဗင်ဒါ"

လာဗင်ဒါပန်းခက်ပုံစံ ဖန်တီးထားသော ခရမ်းစွဲဘယက်ကဲ့သို့ အနုစိတ်သော လက်ဝတ်ရတနာများမှအစ ခရမ်းစွဲကျောက်တလုံးတည်းအား မြက်ကြိုးဖြင့်ကျစ်ကာ လက်စွပ်သဏ္ဍာန်လုပ်ထားသည့် ဈေးသင့် ပစ္စည်းများအထိ ခင်းကျင်းထားသည်က လူကုံထံကော သာမန်လူတန်းစားကိုပါ ထိုဆိုင်သို့ ဖိတ်ခေါ်ရန် စိတ်ကူးထားပုံပါပင်။

သို့သော် ဆိုင်ရှင်ဖြစ်ဟန်တူသည့် မျက်နှာရှည်ရှည်နှင့် လူသည်တော့ သူတို့နှစ်ဦးအား အသေအချာစိုက်ကြည့်နေဟန်ပေါ်လေသည်။ တခဏလည်းမဟုတ် ခပ်ကြာကြာ စိုက်ကြည့်နေခြင်းကြောင့် ပစ္စည်းပင် မရွေးနိုင်ကာ နေရခက်နေစဥ်..

"မ-မင်းသားငယ်"

Eldoraအရှင်ဘဝ မရောက်ခင်က မိမိအား လူတကာ ခေါ်ဆိုခဲ့သည့် အသုံးအနှုန်းကြောင့် မျက်လုံးလေးများပင် ပြူးကျယ်သွားရတော့သည်။ ကုန်သည်များအကြားမိမိအား သိသည့်သူ ရှိနေသည်လား။ အရှင့်မှာ ရင်ထိတ်ရပါတော့သည်။

"လူ- လူမှားနေပြီထင်တယ်။ သွားရအောင် a-alpha"

အလျင်အမြန်ပင် alphaအား ဆွဲကာ ထိုနေရာမှ ထွက်လာခဲ့လိုက်တော့သည်။ ခါတိုင်း အခြေအနေများတွင် မိမိအား သိသူ ရှိလျှင်လည်း မသိဟန်ဆောင်နိုင်သော်လည်း ယခုအ​ခြေအနေကား လူမိခဲ့ပါလျှင် ဖြေရှင်းရခက်ချေမည် မဟုတ်လား။ alphaနှင့်အတူ နှစ်ဦးတည်းသာ ရှိနေသည်မို့ ဖြေလျှော့ထားသော စိတ်တို့ကြောင့် ပကတိအတိုင်း တောက်ပနေသည့် ခရမ်းစွဲရောင် မျက်ဝန်းတို့နှင့် လာဗင်ဒါရနံ့သည် လူမိ၍ မဖြစ်သော အရာဖြစ်သည်လေ။

သို့သော် ထိုအသုံးအနှုန်းသည် မိမိအား သုံးနှုန်း ခေါ်ဝေါ်လိုက်ခြင်းမဟုတ်ကြောင်းသာ အရှင်လာဗင်ဒါလေး သိခဲ့မည်ဆိုပါလျှင်...

"လာဗင်ဒါ.. ဘာလို့လဲ လာဗင်ဒါရဲ့"

"ကုန်သည်ထဲမှာ ကိုယ်တော့်ကို မှတ်မိတဲ့သူရှိနေတယ် alpha"

"ဟင်"

"ခုနကဈေးဆိုင်က ကုန်သည်က ကိုယ်တော့်ကို မင်းသားငယ်ဆိုပြီး ခေါ်ခဲ့တယ်... သိသွားပြီလား မသိဘူး.. ဒီမှာ မလုံခြုံတော့ဘူး ထင်တယ် alpha.. ကိုယ်တော်တို့ ပြန်ကြရအောင်"

စကားအဆုံး ဈေးဆိုင်ဘက်သို့ လှမ်းကြည့်ကာ alphaက မျက်နှာပျက်ယွင်းသည်။ သို့သော်လည်း သက်ပြင်းချကာ မိမိစိတ်အား တည်ငြိမ်စေရန် ကူညီပြန်သည်။

"ကျုပ်ရှိပါတယ် အရှင်ရဲ့.. ဘယ်သူမှ မမိစေရဘူး... တခုခုရှိလာခဲ့ရင်လည်း ကျုပ်ကာကွယ်​ပေးမယ်"

လက်ကိုတင်းတင်းဆုပ်ကိုင်ကာ လေးလေးနက်နက်ပြောလာသည့် alpha၏ လေသံနှင့် စကားတို့မှာ အားကိုးချင်ဖွယ်ဖြစ်သည်။ တသက်တာလုံး မိမိအား ကာကွယ်မည့်သူ မလိုအပ်ဆိုသည့် စိတ်နေစိတ်ထားနှင့်သာ နေခဲ့သည့်တိုင် ယခုလို အနေအထားကျပြန်တော့လည်း alphaကပေးသော လုံခြုံမှုကို နှစ်သက်မိပြန်သည်။ သည်အချက်ကား alphaက မိမိအား ပြောင်းလဲစေခဲ့သော အချက်ပင် ဖြစ်လောက်ပါမည်လေ။

"ဒါကြောင့် စိတ်ချလက်ချနဲ့ ပျော်ပါ အရှင်။ မလိုအပ်တဲ့ စိတ်ရှုပ်မှုတွေ မဖြစ်ရအောင် ကျုပ်က ကာကွယ်ပေးမှာမို့"

စကားအဆုံး အရှင်က သူ့အား ဖက်တွယ်လာသည်။ ထို့နောက် ကြည်ကြည်နူးနူး အပြုံးဖြင့် ခပ်တိုးတိုး စကားဆိုလာလေတော့သည်။

"အို alpha.. ခင်ဗျားနဲ့ရှိနေရတာ သိပ်လုံခြုံတာပဲ"

ဂုဏ်ယူသည့် ခံစားချက်ဟု ပြောရမလား ကြည်နူးသည့် ခံစားချက်ဟုပြောရမလား သူမသိတော့။ ခေါင်းထဲ ရောပျွမ်းနေသော အတွေးစုံသည်ပင် အရှင့်၏ ထိုစကားကြောင့် ကြက်ပျောက်ငှက်ပျောက်ပါပင်။ အကာကွယ်မခံလိုသော အရှင့်ထံမှာ ထိုစကားမျိုးကြားရသည်မှာ သူ့အား အားကိုးသည်ဟူသော သဘောပင် မဟုတ်လား။ alphaအနေဖြင့်ကော ကိုယ်ရံတော်အနေဖြင့်ကော အရှင့်ချစ်သူအနေဖြင့်ပါ ဂုဏ်ယူရပါသည်လေ။

"ရှေ့လျှောက်လည်း ဒီ့ထက်ပိုပြီး လုံခြုံတယ်လို့ ခံစားရစေမှာမို့ အရှင့်ရဲ့ ဘယ်လိုပုံစံကိုမဆို ကျုပ်ကို ထုတ်ပြဖို့ မစိုးပါနဲ့။ အခြားအချိန်မှာ တိုင်းပြည်အရှင်ဆိုရင်တောင် ကျုပ်နဲ့ဆိုရင်တော့ သဝန်တိုလို့လည်း ရတယ်။ ကလေးလိုဆိုးရင်လည်း ရတာမို့။"

"တကယ်ပြောနေတာလား။ ကိုယ်တော် တကယ်ဆိုးရင် ခင်ဗျားခံနိုင်မှာ မဟုတ်ဘူးနော် alpha"

"အဲ့အခါကျ ကျုပ်ကလည်း တခြားနည်းလမ်းနဲ့ ပြန်ဆိုးမှာပေါ့ လာဗင်ဒါ~"

"ဟာ~ ခင်ဗျားကတော့!"

"ဟဟ ကျုပ်တို့ မီးပုံးပွဲတော်ကို သွားကြဦးမလား အရှင်"

"ဟင့်အင်း။ အဲ့မှာက လူရှုပ်တယ်လေ။ ကိုယ်တော် ဒီလိုအနေအထားလေးကို ပိုသဘောကျတယ်"

"သဘောတော်အတိုင်းပါပဲအရှင်"

"အာ.. ဒါနဲ့ အရှင့်အတွက်"

တလက်လက်တောက်ပနေသော ခရမ်းစွဲကျောက်တလုံးတည်းအား သာမန်ကြိုးဖြင့် လည်ဆွဲအဖြစ် ပုံဖော်ထားသည်မှာ ရိုးရှင်းသော်လည်း လှသည်။ ဘာကြောင့်ရယ်မသိ စိန်များ စီခြယ်ထားသည့် ဘယက်တို့ထက်ပင် သဘောကျစရာကောင်းနေပြန်ပါသည်။

"လှလိုက်တာ။ ခင်ဗျား ဝယ်ဖို့မှီခဲ့တယ်ပေါ့"

"မမှီခဲ့ဘူးလေ။ အရှင်ဆွဲခေါ်လာတော့ ကြည့်နေရင်း ဒီတိုင်းပါလာတာ။ နောက်ပြီးရင် သွားရှင်းရဦးမယ်"

"အို ခင်ဗျားကတော့လေ။ အလကားနေရင်း သူခိုးစုံတွဲဆိုပြီး အထင်ခံရတော့မှာပဲ"

"ရပါတယ် အရှင်ရဲ့။ ကျုပ်ကြည့်လုပ်လိုက်မယ်။ လောလောဆယ် အရှင့်ကို ဆွဲပေးမယ်လေ။ အဲ့တိုင်းလေးနေ"

လည်တိုင်ကျော့ကျော့တွင် လက်ဆောင် လည်ဆွဲလေးအား ဆွဲပေးမိတော့ မျက်ဝန်းဝိုင်းဝိုင်းတို့က လည်ဆွဲမှ ကျောက်နှင့်အလားတူ တောက်ပသည်။ လည်ဆွဲထက် အဖိုးထိုက်တန်သော ပိုင်ဆိုင်မှုများစွာ၏ အရှင်ဖြစ်လင့်ကစား ချစ်ရသူပေးသည့် လက်ဆောင်မို့ ပို၍ နှစ်နှစ်ကာကာ သဘောကျနေပုံ ပေါ်ပါသေးသည်။

ဤအချိန်လေးသည်တော့ အရှင်သခင်နှင့် ကိုယ်ရံတော်ဆိုသည့် ဂုဏ်ပုဒ်အစား သာမန်စုံတွဲလေးနှင့်သာ အလားတူသည်။ မိုးမခတောအတွင်းမှ အချိန်များအား သတိရစေသော အချိန်လည်း ​ဖြ​စ်လေသည်။

လည်ဆွဲအား သဘောတကျ ပြုံး၍ကြည့်နေပြီးမှ အရှင်က တစုံတခုကို သတိရသွားလေဟန်ဖြင့်

"ဒါနဲ့ ခင်ဗျားက ကိုယ်တော့်ကို လက်ဆောင်ပေးပြီး ကိုယ်တော်က လက်ဗလာနဲ့ဆိုတော့ အားနာသွားပြီ။ ဓလေ့အရဆို လက်ဆောင် လဲလှယ်ကြတာကို.."

"အားမနာပါနဲ့ အရှင်ရဲ့။ အရှင်ရှိနေတာကိုက ကျုပ်အတွက်လက်ဆောင်ပဲလေ"

"တော်တော်တတ်နေ ခင်ဗျားကတော့... အာ နေဦး ပေးလို့ရတာ တခုတော့ရှိတယ်"

ဆောင်လေ့ရှိသော လက်ကိုင်ပဝါနုနုအား ကမ်းပေးသည်ကြောင့် ထယ်ဟျောင်းတယောက် လက်ခံရခက်ခဲတော့သည်။ ချစ်သူစုံတွဲကြား လက်ကိုင်ပဝါပေးခြင်းသည် ခွဲခွာရတတ်သည်ဟူသော အယူအဆရှိသည် မဟုတ်လား။

"စိုးရွံ့မိပေမယ့် မယူတော့ပါဘူး အရှင်"

"ဟင် ဘာလို့လဲ.. ကိုယ်တော့်ပစ္စည်းဆိုပေမယ့် ဟိုလိုသုံးထားတဲ့အရာ မဟုတ်ပါဘူး"

"လက်ကိုင်ပဝါပေးရင် ကွဲတတ်တယ်တဲ့။ အဲ့ဒါကြောင့်ပါအရှင်"

"အာ.. ဒီလိုဟာတွေကို အယုံအကြည်ရှိတာလား။ ခင်ဗျားကလည်း အယူသီးလိုက်တာ"

"ဒါကြောင့်မို့ အရှင်မဖြစ်မနေ ​ပေးချင်တယ်ဆိုရင် အနမ်းလေးတပွင့်ဆိုရပါပြီ။ ကျုပ်ကျေနပ်တာမို့"

*ကျုပ်တို့ရဲ့ ဆက်ဆံရေးက ကြိုးတန်းပေါ် လျှောက်နေရသလိုမို့ အယူသီးမိတာ အပြစ်မယူပါနဲ့အရှင်*

"ဒါက ခင်ဗျား ဆန္ဒဆိုရင်လည်း..."

မျက်နှာချောချောအား လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ကာ တဖြည်းဖြည်း အနားတိုးကပ်လာတော့ ကြင်စဦးကဲ့သို့ ရင်ခုန်သည်မှာ အထိန်းအကွပ်မဲ့ပင်။ အရှင့်ဘက်ကမှ စ အကြင်နာပေးခဲ့ခြင်းမရှိသည် မဟုတ်သော်လည်း ယခုကဲ့သို့ ကြည်ကြည်နူးနူးဖြင့် စသည်ကတော့ ပထမဆုံးပေမို့ စိတ်လှုပ်ရှားရပြန်သည်။

လေပြေလေညင်းလေးနှင့်အတူ နှုတ်ခမ်းလွှာနှစ်စုံသည်လည်း အလိုက်သင့်ယိမ်းနွဲ့ကာ စီးမျောရင်း လောကကြီးအား ခေတ္တ မေ့လျော့နေကြဟန်တူသည်။ အရှင်သည်လည်း alphaထံ ပို၍ မှီတင်းကာ alphaသည်လည်း ထိကပ်နေသော ခါးသွယ်သွယ်အား ခပ်ဖွဖွ ပွတ်သပ်ရင်း ထိန်းကိုင်ထားပေးလိုက်၍ ကြည်နူးမှုကမ္ဘာထဲသို့ တိုးဝင်မိသည်။

အမျိုးစုံသော အမူအကျင့်လေးများကို စုစည်းထားဟန်ဖြစ်သော အရှင့်ကို မြတ်နိုးရခြင်းမှာ တနေ့တမျိုးမရိုးရလေသည်ကြောင့် အကြောင်း ပို၍သိရလေ ပိုမြတ်နိုးရလေပင်ဖြစ်သည်။ သိန်းသန်းချီသော လူဦးရေနှင့် omegaများထဲမှ အရှင်၏ mateဖြစ်ရခြင်းသည် သူဆုတောင်းကောင်းခဲ့ခြင်းသာ ဖြစ်ပါလိမ့်မည်။

ထို့ကြောင့် ဘယ်လို အကြောင်းကိစ္စပင် ရှိလင့်ကစား အရှင့်ကိုတော့ လုံခြုံနိုင်အောင် ကြိုးစားပါလိမ့်မည်။ ဤကား ကိုယ်ရံတော်တဦးအနေဖြင့်ကော alphaတဦးအနေဖြင့်ကော အရှင့်၏ ချစ်သူ အရှင့်mateတဦး အနေဖြင့်ပါ ခိုင်မာစွာ ချမှတ်ထားသည့် ဆုံးဖြတ်ချက်ပင် ဖြစ်ပါသည်လေ။
•••••
မီးပုံးပွဲတော် နေရာသို့ရောက်လေတော့ လူတိုးမပေါက်လုနီး စည်ကားသည်။ လမ်းတလျှောက် တိတ်ဆိတ်ခဲ့သည်မို့ ယခုမှသာ နည်းနည်း အနေချောင်သွားသည်ဟု သမားတော်မင် ခံစားမိတော့သည်။

"သခင်လေး ပတ်ခ်။ မီးပုံးချိတ်ချင်လား"

လည်ပတ်သူတို့ အသီးသီးကိုင်ဆောင်ထားသော မီးပုံးလေးများကို ကြည့်ကာ သဘောကျနေဟန်ပေါ်သော သခင်လေးကြောင့် အမေးစကားပြုမိတော့ အစောကထိ သူ့အား မသိဟန်ဆောင်နေသော သခင်လေး၏ မျက်လုံးတို့က အရောင်လက်လာကာ

"အဲ့လိုလုပ်လို့ကော ရလား"

"ရတာပေါ့။ ကျုပ်ဝယ်ပေးမယ် ခဏ"

သည်လိုနှင့် မီးပုံးရောင်းရာ ဈေးဆိုင်ဘက်သို့ ခြေဦးတည်မိသည်။ အရှင်မှလွဲ၍ အခြားomegaကိုရော betaကိုပါ အကြောင်းမဲ့သက်သက် သည်လို ပြုမူဖူးခြင်းမရှိသော်လည်း သည်omegaနှင့်မှာ သမားတော်မင်မှာ ဧည့်ဝတ်အကျေလွန်နေရပြီပင်။

"အဒေါ်။ မီးပုံးနှစ်လုံးပေးပါ"

"လူများလို့ ကုန်ပြီ လူကြီးမင်း။ ဒီ အပြာနုရောင်လေး တလုံးပဲရှိတော့တယ်"

"အဲ့ဒါက စုံတွဲတွေ တူတူဆုတောင်းတဲ့ မီးပုံးလေ အဒေါ်ရဲ့"

"လူကြီးမင်းတို့လည်း စုံတွဲလိုက်လာတာပဲ မဟုတ်လား။ ဟိုးဘက်မှာ အဝါနုရောင် ဝတ်စုံနဲ့ စောင့်နေတဲ့ omegaလှလှလေးက လူကြီးမင်း ချစ်သူမဟုတ်လား"

"ဟာဗျာ ပေါက်ပေါက်ရှာရှာ။ အဲ့ဒါ ကျုပ်မိတ်ဆွေဗျ"

"ဪ။ အဲ့လောက်ထိတော့ ကျမတို့လည်း မသိဘူးလေ လူကြီးမင်းရယ်"

"တကယ်ပဲ ဒီတလုံးပဲရှိတော့တာလား အဒေါ်"

"ဟုတ်တယ်လို့။ ဒီအထိလာပြီးမှတော့ ဝယ်သွားလိုက်ပါ။ မိတ်ဆွေဆိုလည်း စိတ်သန့်သန့်နဲ့ ဝယ်လို့ရပါတယ်။ စုံတွဲတွေ အဝယ်များလို့သာ စုံတွဲသီးသန့်ပစ္စည်းလိုဖြစ်နေတာ"

ဝယ်သင့်မဝယ်သင့် အကျပ်ရိုက်နေစဥ်မှပင် သူ့ဘက်အား အရိပ်အကဲကြည့်နေသော သခင်လေးပတ်ခ်ကြောင့် ဝယ်ယူရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ဧည့်သည်အား အိမ်ရှင်ဖြစ်သော သူက ဧည့်ဝတ်ကျေရမည်ပင် မဟုတ်လား။

"မီးပုံးရပြီ သခင်လေးပတ်ခ်"

"အ​ပြာနုလေးပဲ။ လှတယ် သမားတော်မင်။ ခင်ဗျားက အမြင်ရှိလိုက်တာ။ ဒါနဲ့ ဘာလို့တလုံးတည်းလဲ"

"အာ...ဒီတလုံးပဲရှိတော့တယ်ဆိုလို့လေ"

"ဪ..."

ပတ်ဝန်းကျင်ကို မျက်လုံးကစားမိသော သခင်လေးက စုံတွဲများသာ ကိုင်ထားသည်ကို မြင်သည်ကြောင့် သူ့အား သင်္ကါမကင်းပြန်ကြည့်လေတော့ အမြန်ပင် ဖြေရှင်းချက်ပေးလိုက်ရသေးသည်။ မဟုတ်လျှင် သူ့အား လူထူးဆန်းထင်နေမှဖြင့်..

"ဆုတောင်းပြည့်တဲ့ မီးပုံးတဲ့။ ဒီပေါ်မှာ နာမည်ကိုရေးပြီး လွှတ်တင်ရင် ဆုတောင်းပြည့်တယ်လို့ ပြောကြတယ်။ သခင်လေး အလိုရှိရာကို ဆုတောင်းပြီး ဒီသစ်ပင်မှာ ချိတ်ခဲ့လို့ရတယ်။ ဆုတောင်းကို ချရေးစရာတော့ မလိုဘူးပေါ့"

ကြားဖူးသည့်အတိုင်း ရှင်းပြမိတော့ သခင်လေးပတ်ခ်က ခေါင်းငြှိမ့်သည်။ ထို့နောက်တွင်တော့ ဆုတောင်းရန် အမည်ရေးသည့်နေရာကို သွားကြလေတော့ တခါ အငြင်းပွားရပြန်သည်။

"သခင်လေးက အင်္ကျီအရောင်နု ဝတ်ထားတာ မှင်စွန်းလိမ့်မယ်။ ကျနော်ရေးပေးပါရစေ"

"သမားတော်မင်လည်း အရောင်နုဝတ်ထားတာပဲလေ"

"ကဲ ကဲ ကျုပ်ပဲ ရေးပေးပါမယ်ဗျာ ပေးပေး"

အချင်းချင်း ဦးစားပေးနေကြသည့် သူတို့အား မကြည့်နိုင်တော့ဟန်ပေါ်သည့် ဖြတ်သွားဖြတ်လာ ဦးလေးကြီးက ကူညီရေးပေးသည်ကြောင့် အဆင်ပြေသွားပါသည်လေ။

"နာမည်က "

"ဂျီ လို့ပဲ တလုံးတည်းရေးပေးရင် ရပါပြီ"

"လူကြီးမင်းကရော"

"ကျနော်က မရေးတော့ဘူးလေ။ သူ့အတွက်ပဲ"

"ဟာ အဲ့လိုမရဘူးလေ နှစ်ယောက်တူတူတောင်းမှ ဆုတောင်းပြည့်တာ ဒီမီးပုံးက"

အနေရခက်ပါသည်ဆိုကာမှ အရောက်ပို့နေသကဲ့သို့ပါပင်။ အရှင့်အား အတင်းတိုက်တွန်းခဲ့သည်များက ခုမှ သူ့အား ဝဋ်လည်နေဟန်ပေါ်သည်။ သေချာသည်ကတော့ သခင်လေးပတ်ခ်က ကျိန်းသေပေါက် သူ့အား လူထူးဆန်းဟု ထင်လောက်ပြီဖြစ်သည်။

"ဟင်. အဲ့လိုအယူရှိပြန်တယ်လား။ နားမလည်နိုင်တာတွေများလိုက်တာ"

"ကဲပါ မြန်မြန်သာပြော လူကြီးမင်း နာမည်ကို"

"ကျနော်က မင်ပါ"

"မင် နဲ့ ဂျီပေါ့။ ဟုတ်ပါပြီ။ နှစ်ရှည်ကြာအောင် ပေါင်းဖက်နိုင်ကြပါစေဗျာ။ ဟောဒီမှာ မီးပုံး"

ထင်ချင်ရာထင်ကာ ပြောချင်ရာပြောသွားသူ၏ အကျိုးဆက်မှာတော့ ပို၍ အနေခက်ကာ မျက်နှာများနီရဲကျန်ရစ်သော သူတို့နှစ်ဦးပင်။

"ဟာ ဒီလူကတော့ ဘာမှမသိပဲ ပြောချင်ရာ ပြောသွားပြီ"

အရှက်သည်းသွားဟန်ပေါ်သော သခင်လေးက မီးပုံးကို ယူကာ ခပ်သွက်သွက်ထွက်သွားသည်ကြောင့် ခေါင်းကုပ်ရင်း အမှီလိုက်ရပြန်သည်။ ကြည့်ရတာ omegaများအား ချော့ပေါင်းရန် ကံပါသည်ထင်ပါသည်လေ။

"သခင်လေး ကျုပ်ကို စောင့်ဦးလေ"

အရှက်သည်းသည့် အကျိုးဆက်နှင့် လူထူထပ်သည့် အကျိုးဆက်တို့ပေါင်းကာ သပ်မှတ်နေရာ ရောက်လုနီးမှာပင် ခြေချော်ကာ ယိုင်သွားသော ထိုomega။ အမျိုးကောင်းသားပီသစွာဖြင့် အလျင်အမြန်ပြေး၍ ထိန်းပေးမိသည့်အခါ ခါးသွယ်သွယ်သည် လက်ဝါးပြင်ကျယ်တွင်း အံဝင်ခွင်ကျ၍ မျက်ဝန်း၂ခုသည်လည်း လျက်တ​ပြက် ဆုံဆည်းသည်။

ထိုအခါမှသာ အနီးကပ်အသေအချာကြည့်မိသော သခင်လေးပတ်ခ်၏ မျက်နှာငယ်မှာ အလိုလေး... လှရက်လေခြင်း။ နုငယ်သော မျက်နှာဝိုင်းဝိုင်းဖောင်းဖောင်းကလေးပေါ်ရှိ နှင်းဆီဖူးလေးကဲ့သို့သော နှုတ်ခမ်းဖူးဖူးက အနီးကပ်မြင်ရသည့်အခါ သမားတော်မင်အား ချွေးစေးပင် ပြန်စေပါသည်လေ။

မာန်ဝင့်ခြင်းအား ဖယ်လိုက်သည့်အခါ အရှင်က နုငယ်သော အရုပ်လေးသဖွယ် လှပခြင်းမျိုးဖြစ်လျှင် သည်omegaက ဆွဲဆောင်အားပြင်းသည့် ပုံစံမျိုးဖြစ်လိမ့်မည်။ အန္တရာယ်များလွန်းပါဘိ။

"တောင်း-တောင်းပန်ပါတယ်။ သခင်လေး ချော်လဲမှာစိုးလို့ ကျုပ်---"

"ရ-ရပါတယ် သမားတော် မင်။ ကျနော်... ကျနော်သွားနှင့်မယ်နော်။ အေးဆေးလိုက်လာခဲ့ပါ"

မမျှော်လင့်သည့် အဖြစ်အပျက်ကြောင့် အရှက်သည်းကာ မူရင်းရည်ရွယ်ချက်အား မေ့လျော့သွားဟန်တူသော သခင်လေးမှာ မီးပုံးလေးကိုပင် ပစ်ချကာ လူအုပ်ထဲမှ အမြန်ပြေးထွက်သွားလေသည်။ သည်လောက်ထိ အရှက်ကွဲခံ လူပင်ပန်းခံပြီးမှတော့ အချည်းနှီးမဖြစ်ရလေအောင် မီးပုံးလေးကိုတော့ သမားတော်မင် ကိုယ်တိုင်သာ ချိတ်ခဲ့ပါတော့သည်။ ရောက်လာခဲ့စဥ်က ဆုတောင်းမရှိခဲ့သော်လည်း အဖြစ်အပျက်အချို့၏နောက်တွင်တော့ သမားတော်မင်လည်း ဆုတောင်းအချို့ရှိလာခဲ့ပါသည်လေ။

ထိုဆုတောင်း ပြည့်မပြည့်သည်တော့ ကံတရားသာမက သမားတော်မင်၏ ​အားထုတ်မှုအပေါ်လည်း မူတည်နေပါသည်လေ။ သေချာသည်ကတော့ လပြည့်ပွဲတော်အတွက် အမှတ်တရဖြစ်ခဲ့သည်မှာ အရှင်နှင့် alphaတို့ စုံတွဲသာ မဟုတ်ခဲ့ခြင်းပင်။

•••••

#Tbc

A/N: မူရင်းရေးထားတာက တပိုင်းစာအတွက် အရမ်းရှည်သွားတာမို့ နှစ်ပိုင်းခွဲပြီး Yoonminပါ ထည့်လိုက်ပါတယ် ဟီး >< နောက်အပိုင်းကိုတော့ မနက်ဖြန် သို့မဟုတ် ဒီရက်ပိုင်း upပေးပါမယ်ရှင်. အကြာကြီးပျောက်သွားမိလို့ ဆောဒီးပါနော် 🥺

P.S: We're getting near to cliffhangers 🤫

- 해바라기

ZG

Mateျဖစ္ၿပီးေနာက္ပိုင္း အရွင္ႏွင့္ alpha၏ ဆက္ဆံေရးသည္ ရဲတင္းသထက္ ရဲတင္းလာခဲ့သည္။ ယခင္က လာဗင္ဒါေလးအား လြတ္ေျမာက္ခြင့္ေပးလိုလွ်င္ေတာင္ မိုးမခေတာအထိ သြားတတ္သူ အရွင္ေလးက ယခုတြင္ေတာ့ မိမိနန္းေဆာင္ထဲအထိပင္ alphaျဖစ္သူႏွင့္ ရံဖန္ရံခါ ရမၼက္တိုက္ပြဲဆင္ႏြဲသည့္ အေနအထားပင္ျဖစ္လာသည္။ အမႈထမ္းမ်ားသည္ေတာ့ အနံ႕မခံနိုင္သူ betaမ်ားသာျဖစ္သည္မို႔ ပူစရာမလိုပါေလ။ ထို႔အျပင္ သမားေတာ္မင္၏ ကူညီမႈေၾကာင့္ အျခားalphaမ်ားႏွင့္ မျဖစ္မေနေတြ႕ဆုံရသည့္ အခ်ိန္ဆိုလွ်င္ေတာင္ အခက္အခဲမရွိပါေလ။

Innerwolfမွ စြဲလမ္းရသူ Alphaႏွင့္ အနီးကပ္ရွိေနရသည့္အျပင္ Mateျဖစ္ေနၿပီ ျဖစ္သည္မို႔ ကိုယ္တြင္းရွိ ထိုalpha၏ ေဟာ္မုန္းတို႔က ေဆးတို႔၏ ေဘးထြက္ဆိုးက်ိဳးတို႔ကို သက္သာေစသလို ေဝဒနာလည္း ေလ်ာ့နည္းေစသည္ေၾကာင့္ အရွင္ေလး ေနထိုင္ေကာင္းေနသည္ပင္။

လျပကၠဒိန္၏ ဒုတိယေျမာက္ေသာ လျပည့္သည္ Eldora၌ ပြဲေတာ္က်င္းပေနက် အထိမ္းအမွတ္ေန႕ျဖစ္သည္ေၾကာင့္ တတိုင္းျပည္လုံး စိတ္လႈပ္ရွားၾကသည့္ေန႕လည္းျဖစ္သည္။ ထိုေန႕တြင္ နယ္ျခားကုန္သည္အခ်ိဳ႕လည္း ထူးထူးျခားျခားဝင္ခြင့္ရသည္မို႔ ေဒသစုံမွ ပစၥည္းစုံ အစားအေသာက္စုံလည္း ရွိတတ္သည္။ ထို႔အျပင္ လူကုံထံေကာ သာမန္လူတန္းစားပါမခ်န္ ဆင္ႏႊဲၾကသည့္ ပြဲေတာ္မို႔ ၿမိဳ႕ထဲမွာပင္ အလြန္စည္ကားပါသည္ေလ။ ခ်စ္သူစုံတြဲမ်ားသည္လည္း ႏွစ္ကိုယ္တူလည္ပတ္ျခင္း လက္ေဆာင္လဲလွယ္ျခင္းျဖင့္ အမွတ္တရမ်ား ဖန္တီးၾကတတ္ေသာ ေန႕ပင္ျဖစ္သည္။

"အရွင္~ က်ဳပ္တို႔ လျပည့္ပြဲေတာ္မွာ လည္ၾကမလား"

"ျဖစ္ပါ့မလား.."

"မိုးမခေတာမွာေတာင္ ၅ရက္ေလာက္ သြားေနခဲ့ေသးတာပဲ။ တညေနေလာက္လည္တာက အဆင္ေျပမယ္ထင္ပါတယ္"

"အင္းေနာ္။ ခင္ဗ်ားေျပာတာလည္း ဟုတ္ေပမယ့္.. မသိေတာ့ပါဘူး"

မိုးမခေတာက လူသူရွားပါးေသာ္လည္း ယခုက ၿမိဳ႕ထဲ လည္ပတ္မည္မို႔ အေျခအေနမတူပါေလ။ မေတာ္၍ မိမိအား သိသည့္သူသာရွိေနခဲ့လွ်င္ mateလည္းပါေနသည္မို႔ စိုးရိမ္ရသည္မဟုတ္လား။

"အရွင္ အဆင္မေျပရင္လည္း ရပါတယ္ က်ဳပ္ ဂ်ီဂ်ီ့ကို ခဏလိုက္ပို႔ၿပီး---"

"ဘာ!"

"ဘာလို႔လဲ အရွင္"

ဘာလို႔လဲဆိုပဲ။ ေမးခြန္းျပန္ထုတ္ရေလာက္ပင္ သည္alphaသည္ တုံးအလြန္းသလား။ ဒါမွမဟုတ္ တုံးအဟန္ေဆာင္ေနသည္လား။

ဘယ္mateကမ်ား မိမိalphaက မိမိမပါပဲ အျခားomegaႏွင့္ ႏွစ္ဦးတည္းလည္ပတ္မည္ကို လက္ခံနိုင္မည္တဲ့တုန္း။ ေခါင္းရွိရဲ႕သားႏွင့္ စဥ္းစားတတ္ဖို႔ေကာင္းပါသည္။

"mateတေယာက္လုံးကို ထားခဲ့ၿပီး တျခား omegaကို ပြဲေတာ္လိုက္ပို႔မယ္ေပါ့။ အဲ့ဒါကို ကိုယ္ေတာ့္ကို လက္ခံခိုင္းေနတာလား"

"မဟုတ္ဘူးေလ အရွင္။ အဲ့ဒါေၾကာင့္ တူတူသြားမယ္လို႔---"

အရွင္ဟာ သူ႕စကားကို မေျဖေတာ့ဘဲ တဖက္လွည့္ ေက်ာခိုင္းကာ

"သြားပါ ခင္ဗ်ားရဲ႕ ဂ်ီဂ်ီနဲ႕ပဲသြား။ ကိုယ္ေတာ့္ကို ဂ႐ုစိုက္မေနနဲ႕"

ဆတ္ခနဲ တဖက္သို႔ လွည့္သြားသည့္ အရွင္ေလးက စိတ္ခုသြားသည္ဆိုသည္မွာ မွန္းၾကည့္စရာပင္မလို။ လက္ပိုက္ထားကာ ႏွိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနေသာ ပုခုံးငယ္တို႔က အရွင့္ေဒါသစိတ္ေလး၏ အနိမ့္အျမင့္ကိုလည္း ေပၚလြင္ေစပါသည္။

"အရွင္"

ၾကားေသာ္လည္း မၾကားေလဟန္ တုပ္တုပ္ပင္ မလႈပ္

"အရွင္~~~"

သံရွည္ဆြဲေခၚသည့္တိုင္လည္း ေက်ာခိုင္းလ်က္ပင္။

"လာဗင္ဒါ~~"

အသုံးအႏႈန္းေျပာင္းသြားသည့္အခါတြင္ေတာ့ ပုခုံးေလးမ်ား အနည္းငယ္လႈပ္ရွားလာေသာ္လည္း စိတ္တင္းကာ ေနေနေသးဟန္မို႔ သူကသာ ပုခုံးကို အသာဆြဲလွည့္ရင္း ေခ်ာ့ရန္အမႈကို ျပဳရေတာ့သည္။ မ်က္ႏွာခ်င္းဆိုင္မိသည္အထိ မေလွ်ာ့ေသာ မ်က္ႏွာေလးႏွင့္ ႏႈတ္ခမ္းစူစူေလးသည္ စိတ္အလိုမက်မႈေလးကို ေဖာ္က်ဴးေနပါသည္ေလ။

"သဝန္တိုသြားတာလား။ က်ဳပ္ရဲ႕ လာဗင္ဒါေလးက"

"ေတာ္ပါ"

"ပြဲေတာ္ကို က်ဳပ္နဲ႕ဂ်ီဂ်ီႏွစ္ေယာက္တည္း သြားမွာမဟုတ္ဘူးေလ အရွင္ရဲ႕။ သမားေတာ္မင္ပါ ပါေသးတယ္။ တကယ္ေတာ့ သူတို႔ႏွစ္ေယာက္တည္း သြားရရင္ နည္းနည္းတမ်ိဳးျဖစ္လို႔ က်ဳပ္တို႔ကို အေဖာ္လာညွိတာ"

ထိုအခါမွ အရွင့္မ်က္ႏွာငယ္မွာ အနည္းငယ္လန္းဆန္းလာကာ တင္းထားေသာ မ်က္ႏွာသည္လည္း ေျဖေလွ်ာ့၍ လာေတာ့သည္။

"အဲ့လိုလား..."

"အြန္း.. အဲ့လိုမို႔ အထင္မလြဲပါနဲ႕။ က်ဳပ္ကိုယ္တိုင္လည္း အရွင္မပါပဲ တျခားomegaနဲ႕ ႏွစ္ေယာက္တည္း လည္ပတ္လိုစိတ္မရွိပါဘူး။ အဲ့omegaက ဂ်ီဂ်ီဆိုရင္ေတာင္ေပါ့"

သူ႕စကားအဆုံးတြင္ေတာ့ အရွင္က ေက်နပ္သြားဟန္ မသိမသာၿပဳံးသည္။ အခ်စ္ႏွင့္ေတြ႕မွ အရွင္ဟာ ကေလးတစ္ေယာက္သဖြယ္ ဂ်စ္တိုက္တတ္ေနပါျပန္ေကာ။

"ေစာေစာကတည္းက ရွင္းေအာင္ ေျပာေလ ခင္ဗ်ားကလည္း"

"ေဟာ အရွင္က ရွင္းခ်ိန္ေတာင္ မေပးလိုက္တာကို"

"သြားၾကတာေပါ့ alpha။ ကိုယ္ေတာ္လည္း ႐ုပ္ဖ်က္သြားရင္ ျဖစ္တာပဲေလ"

သည္လိုႏွင့္ပင္ မေမွ်ာ္လင့္ပဲ အရွင္ႏွင့္ alpha၏ လျပည့္ပြဲေတာ္ အမွတ္တရေလး အစခ်ီခဲ့ျပန္ပါသည္။

•••••

"အရွင္ပါ လိုက္လာမယ္လို႔ေတာ့ မထင္ခဲ့ဘူး။ က်ေနာ္က ထယ္ထယ္ပဲ လာမယ္ထင္ခဲ့တာ"

သမားေတာ္မင္ႏွင့္အတူ ခ်ိန္းထားသည့္ေနရာျဖစ္ေသာ ၿမိဳ႕ထိပ္မွ အပင္ေအာက္တြင္ ေစာင့္ဆိုင္းေနသူ ထိုomegaမွာ ပြဲေတာ္ရက္ျဖစ္သည္ေၾကာင့္လား အျခားရည္႐ြယ္ခ်က္ျဖင့္လား အေသအခ်ာေလး ဝတ္စားျပင္ဆင္ထားေလသည္။ ေဘးမွသမားေတာ္မင္သည္လည္း ျမင္ေနက်ပဳံစံႏွင့္ ျခားနားစြာ လူကုံထံတစ္ေယာက္ဟန္ ျပင္ဆင္ထားသည္မို႔ အထူးအဆန္းပင္ ျဖစ္ရပါေသးသည္။

လူရိပ္မိမည္စိုး၍ ခပ္ႏြမ္းႏြမ္းအဝတ္အစားျဖင့္ ႐ုပ္ဖ်က္ထားေသာ မိမိႏွင့္ alphaမွာေတာ့ မသိလွ်င္ လူကုံထံစုံတြဲ၏ ကိုယ္ရံေတာ္အလား။ ေျပာင္းျပန္ျဖစ္ေနေသာ အေနအထားပါပင္။

"ကိုယ္ေတာ္လည္း လူပဲမလို႔ တခါတေလ ဒီလို ေပ်ာ္ပြဲ႐ႊင္ပြဲေတြ ႏွစ္သက္တတ္ပါတယ္ သခင္ေလး။ ကိုယ္ရံေတာ္ကင္မ္ပဲ လာမယ္ထင္ၿပီး ဒီလ်ိဳပြင်ဆင်ထားခဲ့တာလား"

"အရွင္..."

"က်ေနာ္က ျပင္ဆင္ခိုင္းခဲ့တာပါ အရွင္။ သခင္ေလးပတ္ခ္အတြက္ ပထမဆုံး ဆင္ႏႊဲဖူးမယ့္ လျပည့္ပြဲေတာ္မို႔ အျခားomegaေတြလိုမ်ိဳး လွလွပပနဲ႕ အျပည့္အဝေပ်ာ္ေစခ်င္လို႔ေလ။"

သူ႕အေမးေၾကာင့္ ထိုomegaေလး ဆြံ႕အေနစဥ္ သမားေတာ္မင္က စကားထိန္းသည့္ သေဘာျဖင့္ ဝင္ဖ်န္ေျဖသည္။

သခင္ေလးပတ္ခ္က လွလည္း လွသလို ႏုလည္း ႏူးညံ့ကာ omegaတစ္ေယာက္၏ သြင္ျပင္ျပည့္စုံသူျဖစ္ေၾကာင္းကိုလည္း သူလက္ခံပါသည္။ ပုံမွန္စိတ္ႏွင့္ဆိုလွ်င္ အသိအမွတ္ျပဳ ခ်ီးက်ဴးမိမည္ျဖစ္သည့္တိုင္ မိမိႏွင့္ သက္ဆိုင္သည့္ တစုံတေယာက္အေပၚ ရည္႐ြယ္၍ ျပင္ဆင္ထားခဲ့သည္ဟူေသာ အေတြးဝင္လာသည့္အခါ ဝန္တိုစိတ္က ပိုရသည္မို႔ ယခုလို အျပဳအမူမ်ိဳးက ထိန္းမရျခင္းပင္။

သို႔ေသာ္လည္း မိမိကိုယ္ကို ထိန္းခ်ဳပ္ရပါမည္။ မဟုတ္လွ်င္ ဘယ္သူမွ မေဖာ္ပဲႏွင့္ပင္ မိမိalpha ဘယ္သူျဖစ္ေၾကာင္းက ရွင္းရွင္းလင္းလင္းေပၚေလေတာ့မည္ေလ။

"ကိုယ္ေတာ္ကလည္း စေနာက္တဲ့ သေဘာနဲ႕ေျပာလိုက္တာပါ။ လန့္မသြားပါနဲ႕ သခင္ေလးပတ္ခ္။ ပထမဆုံးႀကဳံဖူးတဲ့ ပြဲေတာ္မို႔ ေကာင္းမြန္တဲ့ အခ်ိန္ေကာင္း ကုန္ဆုံးခဲ့ဖို႔ ေမွ်ာ္လင့္တယ္။ Eldoraက ႀကိဳဆိုပါတယ္ သခင္ေလးပတ္ခ္"

"ေက်းဇူးပါ အရွင္"

အရွင့္အျပဳအမူေၾကာင့္ မ်က္ဝန္းစိမ္းalphaမွာေတာ့ ၿပဳံးမိသည္။ စိတ္ႀကီးေသာ္လည္း စိတ္အရင္းခံေလးမွာေတာ့ ႏွစ္လိုဖြယ္ျဖစ္ေသာ အရွင္ေလးမွာ.. သဝန္တိုေနသည့္တိုင္ လွိုက္လွဲသည့္ ႀကိဳဆိုစကားတို႔သည္ေတာ့ ဟန္ေဆာင္ေျပာဆိုျခင္းမဟုတ္မွန္း သိသာပါသည္ေလ။

"အရွင္ပါ တူတူပါေတာ့လည္း လူမ်ားေတာ့ ပိုေပ်ာ္ဖို႔ ေကာင္းတာေပါ့။ အခု က်ဳပ္တို႔ ဘယ္ဘက္ကေန စၿပီး ပတ္ၾကည့္ၾကမလဲ အရွင္"

"ၾကာၾကာလည္ပတ္နိုင္ဖို႔ အာဟာရရွိဖို႔လိုတာမို႔ တခုခု အရင္စားၾကမလား။ ေဈးထဲက အသားေပါင္းကို အာသီသျဖစ္ေနတာ ၾကာၿပီမို႔ေလ"

"ေကာင္းပါတယ္ အရွင္"

ယခုလိုက်ျပန္ေတာ့လည္း အရွင္ဟာ ေပါ့ပါးေသာ သာမန္လူငယ္တစ္ေယာက္အသြင္ကို ေဆာင္သည္ဟု ဂ်ီမင္ေတြးမိသည္။ ခက္ထန္ကာ မာန္ဝင့္ေသာ အသြင္ကို ဖယ္လိုက္ပါလွ်င္ အရွင္ဟာ ႏုငယ္ကာ တက္ႂကြေသာ လူငယ္ေလးအျဖစ္သာရွိေသးသည္ မဟုတ္ပါလား။

"ကိုယ္ေတာ္ သုံးေဆာင္ခ်င္တဲ့ အသားေပါင္းက ဟိုးဘက္ေဈးတန္းဘက္ရွိတယ္တဲ့ ဒါေပမယ့္ လူရႈပ္တာမို႔ အကုန္သြားလို႔ အဆင္ေျပပါ့မလားမသိ"

"ဒါဆို က်ဳပ္ဝယ္ခဲ့ၿပီး ျပန္လာခဲ့မယ္ေလ အရွင္။ အရွင္တို႔ ဒီမွာေစာင့္ေနခဲ့ရင္ေကာ"

"ငါပါလိုက္လို႔ရလား ထယ္ထယ္။ ၿမိဳ႕ထဲကို ႏွံ႕ေအာင္ မေရာက္ဖူးေသးလို႔ေလ"

"အင္း အဲ့ဒါက..."

အရိပ္အကဲသိစြာ အရွင့္ဘက္ကို မ်က္စိကစားမိေတာ့ မခ်ိဳမခ်ဥ္အၿပဳံးေလးႏွင့္ျဖစ္သည္ေၾကာင့္ လက္ခံလိုက္၍ မျဖစ္ေၾကာင္း အတပ္သိလိုက္သည္။ ငယ္ေပါင္းမိတ္ေဆြပင္ျဖစ္ေသာ္ျငား မိမိmateျဖစ္သူေရွ႕တြင္ေတာ့ မေကာင္းသည္မဟုတ္လား

"ဒါဆို က်ဳပ္တို႔ ၄ေယာက္ပဲ သြားၾကမလား။ လူမကြဲေတာ့လည္း ျပန္ရွာရတာ သက္သာတာေပါ့ေလ"

အရိပ္အကဲသိသူ သမားေတာ္မင္က ၾကားဝင္ေစ့စပ္သည္မို႔ မလိုအပ္သည့္ ရန္မမ်ားရပဲ ခရီးဆက္နိုင္ခဲ့ၾကျပန္သည္။ သူံးေယာက္တည္းသာဆိုလွ်င္ အရိပ္အကဲမသိေသာ သူငယ္ခ်င္းႏွစ္ေယာက္ အရွင့္အမ်က္ေတာ္ ဘယ္ေလာက္ထိ ရွလုမည္လည္း ေတြးၾကည့္၍ပင္ မရပါ။

"Eldoraရဲ႕ ပြဲေတာ္က ၾကားဖူးတာထက္ကို အမ်ားႀကီးပိုလွတာပဲအရွင္။ အစားအေသာက္ေတြလည္း သိပ္ကို အရသာရွိပါတယ္"

"ပထမဆုံး ႀကဳံရတဲ့ ပြဲေတာ္က ဒီလိုအေတြ႕အႀကဳံေကာင္းျဖစ္ေစလို႔ ကိုယ္ေတာ္လည္း ဝမ္းေျမာက္ပါတယ္ သခင္ေလးပတ္ခ္။ စိတ္ေျဖေလွ်ာ့ၿပီး ေပ်ာ္သလို ေနပါ"

"ေက်းဇူးပါ အရွင္"

သည္လိုက်ျပန္ေတာ့လည္း အရွင္ဟာ သေဘာေကာင္းသည္ဟု ဂ်ီမင္ေကာက္ခ်က္ခ်မိျပန္သည္။ အရွင္ဟာ မိမိသက္ဆိုင္ရာကို မထိပါးမခ်င္း လက္သည္းဖြက္ထားေသာ ေၾကာင္ကေလးသဖြယ္ျဖစ္ပုံကိုေတာ့ မသိနိုင္ပါေလ။

"ဒီက မီးပုံးပြဲေတာ္ကလည္း သိပ္လွတာတဲ့ေလ ဂ်ီဂ်ီရ။ ဒါေပမယ့္ လူထူထပ္တာေၾကာင့္ တႀကိမ္ကို လူႏွစ္ေယာက္ပဲဝင္ခြင့္ျပဳတာတဲ့"

"ဟုတ္လား။ မင္းက အရင္ေရာက္ႏွင့္ေတာ့ အမ်ားႀကီးပိုသိေနတာပဲ ထယ္ထယ္"

"ဒီလိုပဲေပါ့ ငါက ေလ့လာမႈအားေကာင္းတယ္ေလ"

"ဒါဆို ငါ့ကို မီးပုံးပြဲေတာ္ကို လိုက္ပို႔မယ္မဟုတ္လားထယ္ထယ္"

ေျပာေျပာဆိုဆိုျဖင့္ လက္ခ်ိတ္ကာ စကားဆိုလာသည့္ ထိုomegaေၾကာင့္ အရွင့္ ဝန္တိုစိတ္ကေလးက ငယ္ထိပ္ေရာက္ရျပန္သည္။တဖက္က omegaျဖစ္သည္ေၾကာင့္ ဖယ္ခ်လိဳက္လွ်င္လည္း မေကာင္းတတ္သည့္အေလ်ာက္ အလိုက္တထိုက္ေနေနေသာ မိမိalphaကိုလည္း စိတ္ခုခ်င္မိသည္။ သို႔ေသာ္လည္း မိမိalphaဆိုသည့္အခ်က္အား မိမိတို႔ႏွစ္ဦးႏွင့္ သမားေတာ္မင္သာ သိသည္မို႔ ေဒါသပုံထကာ ျပႆနာရွာရန္လည္း မျဖစ္နိုင္သည္မို႔ ေအာင့္သက္သက္ႏွင့္ပင္။

"လာ သမားေတာ္မင္ ကိုယ္ေတာ္တို႔ ေရွ႕က သြားရေအာင္။ သူတို႔ဘာသာ မီးပုံးပြဲေတာ္သြားပါေစ"

မထူးသည့္အဆုံး သမားေတာ္မင္အေပၚသာ ပုံခ်ကာ ခ်ိတ္ထားေသာ လက္ၾကားမွ အတင္းတိုးျဖတ္၍ ေရွ႕ကသြားမိသည္။ သည္ေလာက္ဆို ဆင္ျခင္ရေကာင္းမွန္းသိေကာင္းပါရဲ႕။

အရွင္ေလးမသိလိုက္သည္က မိမိအျပဳအမူအား အသည္းယားစြာ ရယ္ခိုး၍ က်န္ရစ္သူ alphaႏွင့္ သမားေတာ္မင္ပါပင္။ သခင္ေလးပတ္ခ္သည္ေတာ့ ေၾကာင္ေၾကာင္ကေလးျဖင့္ က်န္ခဲ့ေလသည္။

"သမားေတာ္မင္! အျမန္လာေလ ဘာလုပ္ေနတာလဲ"

"အရွင္ကေတာ့ေလ~ ကိုယ္ရံေတာ္ကင္မ္ လိုက္သြားလိုက္ပါဦး။"

အူတူတူျဖင့္ က်န္ရစ္သူ alphaအား သမားေတာ္မင္ကပင္ အျမန္တိုက္တြန္းကာ အေရာက္ပို႔ရပါေတာ့သည္။ မဟုတ္လွ်င္ အရွင့္ေဒါသစက္ကြင္းက သူတို႔အကုန္ မီးပြားစင္ေတာ့မည္ပင္မဟုတ္လား။ ေႁမြေပါက္ကေလးအား ထိန္းေက်ာင္းနိုင္သူ အလပ္ပါယ်ဆရာႏွင့် လႊတ္ထားျခင္းသည္ အေကာင္းဆုံးပါပင္။

"အားနာေပမယ့္ မီးပုံးပြဲေတာ္ လိုက္မပို႔နိုင္ေတာ့ဘူးထင္တယ္ ဂ်ီဂ်ီ။ အရွင့္ေနာက္လိုက္ရမွာမို႔ေလ"

တားဆီးခ်ိန္ပင္ မရလိုက္ပဲ အရွင့္ေနာက္ ျမန္ျမန္ေျပးလိုက္သြားသူ alphaေၾကာင့္ မက္မြန္နံ႕သင္းေသာ omegaေလးသည္လည္း မ်က္ႏွာညွိုးလာေတာ့သည္။ ေမွ်ာ္လင့္သည့္အတိုင္းမျဖစ္ပဲ လြဲရျပန္သည္ မဟုတ္လား

"လာ သခင္ေလးပတ္ခ္ကိုက က်ဳပ္ပဲ မီးပုံးပြဲေတာ္ကို လိုက္ပို႔ပါမယ္"

သူ႕စကားေၾကာင့္ ထိုomegaလွလွက သူ႕အား လူထူးဆန္းသဖြယ္ ၾကည့္ေလေတာ့ သမားေတာ္မင္မွာ ေခါင္းတကုပ္ကုပ္။ အလစ္ဝင္လုသည့္ အႀကံသမားဟု ထင္ေနသည္မ်ားလား။

"က်ဳပ္က betaပါ သခင္ေလးပတ္ခ္ရယ္။ alphaျဖစ္တဲ့ ကိုယ္ရံေတာ္ကင္မ္ထက္ေတာင္ စိတ္ခ်ရပါေသးတယ္။ က်ဳပ္ကို စိတ္မခ်တာလား"

"အဲ့လို မဟုတ္ေပမယ့္..."

စကားပင္ မဆုံးနိုင္ပဲ alphaသြားရာလမ္းအား ခပ္ေတြေတြ ေငးေနသည္ေၾကာင့္ အားနာစြာ သက္ျပင္းခ်မိသည္။ လြတ္လြတ္ကင္းကင္း လူသာဆိုလွ်င္ ကိုယ္တိုင္ကူညီေပးခ်င္ပါေသာ္လည္း အရွင့္လူေပမို႔ သူလည္း မကယ္တင္နိုင္သည္ေလ။

"သခင္ေလး သူငယ္ခ်င္းက ဘုရင့္ကိုယ္ရံေတာ္ျဖစ္ေနၿပီေလ သခင္ေလးရဲ႕။ အရင္က အၿမဲတူတူရွိခဲ့တာမို႔ ခုလည္း သူငယ္ခ်င္းနဲ႕တူတူသြားခ်င္မွာကို နားလည္ေပမယ့္ အခုက် သူ႕အတြက္ အရွင္က ပိုအေရးႀကီးတာကို သခင္ေလးရဲ႕"

"ခင္ဗ်ားေျပာတာလဲ ဟုတ္ပါတယ္ေလ..."

"စိတ္မပူပါနဲ႕။ က်ဳပ္က ဒီကေဒသခံမို႔ သခင္ေလး ပိုၿပီးေတာင္ေပ်ာ္ရမွာပါ။ ဒါေၾကာင့္ က်ဳပ္ကိုယုံၿပီး လိုက္ခဲ့လိုက္။ ေနာ္"

စိတ္အေျပာင္းအလဲျဖစ္ရန္ အလို႔ငွာ မီးပုံးပြဲေတာ္ ဦးတည္ရာအရပ္သို႔ သြားရန္ သတိလက္လြတ္ျဖင့္ လက္ကို ဆြဲကိုင္လိုက္မိေတာ့ လန့္သြားသည္ထင္။ အလ်င္အျမန္ပုတ္ခ်ကာ...

"အို သမားေတာ္မင္"

"စိတ္မရွိပါနဲ႕ က်ဳပ္စိတ္ေလာသြားမိလို႔ပါ။ ေရွ႕ကသြားေနာ္ သခင္ေလး"

သခင္ေလးပတ္ခ္မွာ မ်ိဳးႏြယ္စုေခါင္းေဆာင္၏ တဦးတည္းေသာ omegaသားငယ္ျဖစ္သည္ေၾကာင့္ က်ိန္းေသေပါက္ ပိုးေမြးသကဲ့သို႔ ျပဳစိုပ်ိဳးေထာင္ခံခဲ့ရမည္ပင္။ ကိုယ္ရံေတာ္ကင္မ္ကဲ့သို႔ ငယ္သူငယ္ခ်င္းက အထူးအဆန္းမျဖစ္ေသာ္လည္း ရင္းႏွီးစသာ ျဖစ္ေသးေသာ မိမိႏွင့္ေတာ့ က်ိန္းေသေပါက္ အေနခက္မည္ပင္ မဟုတ္လား။

မိမိႏွင့္ ႏွစ္ဦးတည္း ပြဲေတာ္လည္ရမည္ကို တမ်ိဳးျဖစ္သည္ေၾကာင့္ သူငယ္ခ်င္းျဖစ္သူ alphaကိုပါ အကူအညီေတာင္းခဲ့ေသာ္လည္း အရွင့္လူျဖစ္ေနသည့္အခါ မူလအေျခအေနအတိုင္း ၂ဦးတည္းသာ ျဖစ္သြားသည္မို႔ အေနရခက္ေနေသာ္လည္း သမားေတာ္မင္၏ ရင္းႏွီးလြန္ အျပဳအမူေၾကာင့္ မီးပုံးပြဲေတာ္သို႔ သြားသည့္လမ္းကေလးမွာ တိတ္ဆိတ္မႈႀကီးစိုးသြားပါေတာ့သည္ေလ။

••••••

တဖက္တြင္ေတာ့...

"လာဗင္ဒါ~"

"ေစာင့္ပါဦး လာဗင္ဒါရဲ႕~ က်ဳပ္နဲ႕ တူတူသြားမယ္ေလ"

သူစကားအား မသိခ်င္ေယာင္ေဆာင္ကာ ေျခေဆာင့္၍ သြားေနသူ အရွင္။ ႀကံရာမရသည့္အဆုံး ေနာက္ဆုံးနည္းကိုသာ ထုတ္သုံးမည္ဟု ေတြးကာ ေပါင္ရင္းမွ မခ်ီ၍ ပုခုံးေပၚထမ္းလိုက္ေလေတာ့ ႐ုတ္တရက္လန့္သြားဟန္ သူ႕ပုခုံးႏွစ္ဖက္အား ခပ္တင္းတင္း ကိုင္ဆြဲလာသည္။

ထို႔ေနာက္တြင္ေတာ့ အသိစိတ္ဝင္လာေလဟန္ အရွင္ေလးက သူ႕ေက်ာျပင္အား တဘုံးဘုံး ထုရိုက္ေလေတာ့သည္။ ႏႈတ္မွလည္း တရစပ္ ေျပာဆိုကာ ေသာင္းက်န္းေနသည္မွာ စိတ္ဆိုးေနသည့္ ကေလးသဖြယ္။

"လႊတ္စမ္း! ခုလႊတ္! ခင္ဗ်ား alphaဆိုၿပီး အင္အား အားကိုးနဲ႕ အနိုင့္က်င့္တာလား ဟမ္! ခင္ဗ်ားေတာ့ အျပစ္ေပးခံရေတာ့မယ္!"

႐ုပ္ဖ်က္ထားသည့္အျပင္ လူလည္းရႈပ္ေနသည္ေၾကာင့္ လမ္းသြားလမ္းလာတို႔သည္လည္း သာမန္ စုံတြဲၾကား အခ်စ္စမ္းေနသည္ဟုသာ ထင္ၾကဟန္ေပၚသည္။ ရယ္ခိုးသူက တဝက္ ကြက္ၾကည့္ကြက္ၾကည့္လုပ္သူက တဝက္ျဖင့္ ဝင္ေရာက္ ႏွောင့္ယွက္ျခင္းအမႈကို မျပဳၾက။

လူအနည္းငယ္ရွင္းရာ ေနရာသို႔ေရာက္မွ သူ႕အားခ်ေပးကာ ခပ္ၿပဳံးၿပဳံး ၾကည့္ေနေလေတာ့ စိတ္အလိုမက်မႈက ပိုလာျပန္ေတာ့သည္။ ယခုထိပင္ ၿပဳံးေနရသည္အထိ အရိပ္အကဲမသိေသးသည္လား။

"ဘာလိုက္လုပ္တာလဲ။ ခင္ဗ်ားဘာသာ ခင္ဗ်ားရဲ႕ ဂ်ီဂ်ီနဲ႕ မီးပုံးပြဲေတာ္ကို သြားေလ။"

"ဂ်ီဂ်ီနဲ႕မသြားဘဲ အရွင္နဲ႕သြားဖို႔ကို ခုေရာက္လာတာေပါ့ အရွင္ရဲ႕။ လာပါ က်ဳပ္ကို ၾကည့္ပါဦး"

ေမးဖ်ားေလးမွ အသာယူကာ ဆြဲလွည့္မိေတာ့ တြန့္ခ်ိဳးထားေသာ မ်က္ခုံးတန္းတို႔ေၾကာင့္ အသည္းယားစြာ ရယ္မိသည္။ ထိုအခါတြင္ေတာ့ မ်က္ခုံးႏွစ္ခုပင္ ထိကပ္လုမတတ္ပို၍ တြ႕န္ခ်ိဳးလာေတာ့သည္။

"ဖယ္! ခင္ဗ်ားႀကီး အခု ကိုယ္ေတာ့္ကိုပါ ေလွာင္ေနတာ! ခုဖယ္!"

ထုရိုက္ကာ အတင္းတြန္းဖယ္ေနသည္က ဂ်စ္ကန္ကန္ႏွင့္ ခ်စ္စရာေကာင္းလွသည္။ ယခုမွသာ စုံတြဲႏွင့္ ပို၍ တူသလိုခံစားရသည္ေၾကာင့္ မိမိအား ထုရိုက္ေနသည္ကိုပင္ မမူ႕ပါေလ။ အရွင့္အင္အားမွာ မေသးသည့္တိုင္ ခ်စ္မိသူ alphaႀကီးအတြက္ေတာ့ ပန္းႏွင့္ေပါက္သေယာင္သာ ျဖစ္၍ေနေတာ့သည္။

"လာဗင္ဒါရယ္။ မင္းသဝန္တိုတာကို က်ဳပ္ျဖင့္ သိပ္ခ်စ္တာပဲ"

"ဘယ္သူက သဝန္တိုလို႔လဲ။ ခင္ဗ်ားဘာသာ ဘယ္သြားသြား ဘာလုပ္လုပ္ ကိုယ္ေတာ္နဲ႕မဆိုင္တဲ့ကိစၥမို႔ သြားခ်င္တဲ့ေနရာကိုသြားၿပီး လုပ္ခ်င္ရာသာလုပ္"

သူ႕အား မၾကည့္ပဲ စိတ္တိုတိုျဖင့္ တရစပ္ေျပာေနေသာ ႏႈတ္ခမ္းဖူးေလးအား ႏႈတ္ခမ္းထူထူတို႔ျဖင့္ ဖိကပ္လိုက္သည့္အခါမွ အရွင္ေလးမွာ စကားစ ျပတ္ေလေတာ့သည္။

"ဒီေလာက္ဆို ေတာင္းပန္တာကို လက္ခံၿပီလား။ က်ဳပ္မွာ မင္းတစ္ေယာက္ပဲရွိတာပါ လာဗင္ဒါရဲ႕။ က်ဳပ္ႏွလုံးသားကို မင္းမူထားတာလဲ မင္းတစ္ေယာက္တည္းပဲ"

"ေနာက္ၿပီး မေန႕ကတည္းက က်ဳပ္ေျပာခဲ့ၿပီးသားပါ။ က်ဳပ္က လာဗင္ဒါရွိရက္သားနဲ႕ ဘာလို႔အျခားomegaနဲ႕ ႏွစ္ေယာက္တည္း လည္ပတ္ရမွာလဲလို႔. ဟင္"

ႏႈတ္မွလည္း ယုံၾကည္ေစရန္ စကား အထပ္ထပ္ဆိုကာ ဖက္တြယ္ထားေသာ လက္ဝါးျပင္တို႔သည္လည္း အသာအယာပြတ္သပ္ေပးေနျခင္းျဖင့္ ယိမ္းယိုင္ေနေသာ အရွင့္စိတ္ကေလးကို တည္ၿငိမ္ေစျပန္သည္။ တကယ့္ကို ထိုalphaသည္ သူ႕အား ဘယ္လိုကိုင္တြယ္ရလဲ ေကာင္းေကာင္းသိဟန္ပါပင္။

"ထားလိုက္ေတာ့။ အေလွ်ာက္ေကာင္းလို႔ ဒီတခါေတာ့ ခြင့္လႊတ္ေပးလိုက္မယ္"

ထိုအခါမွ alpha၏ မ်က္ႏွာသည္လည္း ပို၍ ႏွစ္ႏွစ္ကာကာ ၿပဳံးလာေလေတာ့သည္။ လေရာင္ႏွင့္ မီးေရာင္ပ်ပ်ေအာက္ ထင္းလင္းေနေသာ အၿပဳံးျဖင့္ ထိုalphaမွာ သိပ္ၾကည့္ေကာင္းပါသည္ေလ။

တေမ့တေမာ ေငး၍ မဆုံးေသးခင္မွာပင္ လက္ကို ကိုင္ဆြဲကာ လူမျပတ္ေသာ ေဈးတန္းဘက္သို႔ ျပန္၍ ေခၚလာျပန္ေသာ ထိုalpha။ ႏြေးေထြးေသာ လက္ဝါးျပင္က်ယ္အတြင္း မိမိလက္တို႔က အံဝင္ခြင္က်ျဖစ္လြန္း၍ ၾကည္ႏူးမႈ ရိပ္ရိပ္ေလးပင္ ခံစားလိုက္ရေသးသည္။ သည္လိုက်ျပန္ေတာ့ သာမန္စုံတြဲမ်ားႏွင့္ေတာင္ အလားတူသည္ေလ။

"ဟိုမွာ.. လာဗင္ဒါပန္းနဲ႕ ခရမ္းစြဲေက်ာက္ေတြ...က်ဳပ္ဝယ္ေပးမယ္ေလ ယူမလား"

ခပ္လွမ္းလွမ္းမွ ေဈးတန္းအား လက္ညွိုးထိုးကာ ေျပာလာေလေတာ့ ႀကိတ္ၿပဳံးမိသည္။ တိုင္းျပည္အရွင္ျဖစ္ေသာ မိမိအား တစုံတရာဝယ္ေပးမည္ဆိုသည့္ စကားမွာ စိမ္းသက္သက္ စကားပင္မဟုတ္လား။

"ခင္ဗ်ားေျပာေနတဲ့သူက တိုင္းျပည္အရွင္ေနာ္ alpha"

"ခုခ်ိန္မွာေတာ့ ႐ုပ္ဖ်က္ထားတာမို႔ က်ဳပ္ရဲ႕ခ်စ္သူပဲေလ လာဗင္ဒါေလးရဲ႕။ ေနာက္ၿပီး က်ဳပ္ကဝယ္ေပးခ်င္တာမို႔ပါ။ တခုခုေ႐ြးၾကမယ္ လာ"

မျငင္းဆန္နိုင္ပဲ alphaေခၚရာေနာက္ပါသြားျပန္သည္။ ခရမ္းစြဲေက်ာက္ႏွင့္ လာဗင္ဒါပန္းတို႔ကို ခင္းက်င္းထားေသာ ဆိုင္အျပင္အဆင္မွာ ေသးငယ္ေသာ္လည္း ခမ္းနားသေယာင္ပါပင္။

"က်ဳပ္ဝယ္ေပးမွာမို႔ လိုခ်င္တာကို စိတ္ႀကိဳက္ေ႐ြးေနာ္ လာဗင္ဒါ"

လာဗင္ဒါပန္းခက္ပုံစံ ဖန္တီးထားေသာ ခရမ္းစြဲဘယက္ကဲ့သို႔ အႏုစိတ္ေသာ လက္ဝတ္ရတနာမ်ားမွအစ ခရမ္းစြဲေက်ာက္တလုံးတည္းအား ျမက္ႀကိဳးျဖင့္က်စ္ကာ လက္စြပ္သ႑ာန္လုပ္ထားသည့္ ေဈးသင့္ ပစၥည္းမ်ားအထိ ခင္းက်င္းထားသည္က လူကုံထံေကာ သာမန္လူတန္းစားကိုပါ ထိုဆိုင္သို႔ ဖိတ္ေခၚရန္ စိတ္ကူးထားပုံပါပင္။

သို႔ေသာ္ ဆိုင္ရွင္ျဖစ္ဟန္တူသည့္ မ်က္ႏွာရွည္ရွည္ႏွင့္ လူသည္ေတာ့ သူတို႔ႏွစ္ဦးအား အေသအခ်ာစိုက္ၾကည့္ေနဟန္ေပၚေလသည္။ တခဏလည္းမဟုတ္ ခပ္ၾကာၾကာ စိုက္ၾကည့္ေနျခင္းေၾကာင့္ ပစၥည္းပင္ မေ႐ြးနိုင္ကာ ေနရခက္ေနစဥ္..

"မ-မင္းသားငယ္"

Eldoraအရွင္ဘဝ မေရာက္ခင္က မိမိအား လူတကာ ေခၚဆိုခဲ့သည့္ အသုံးအႏႈန္းေၾကာင့္ မ်က္လုံးေလးမ်ားပင္ ျပဴးက်ယ္သြားရေတာ့သည္။ ကုန္သည္မ်ားအၾကားမိမိအား သိသည့္သူ ရွိေနသည္လား။ အရွင့္မွာ ရင္ထိတ္ရပါေတာ့သည္။

"လူ- လူမွားေနၿပီထင္တယ္။ သြားရေအာင္ a-alpha"

အလ်င္အျမန္ပင္ alphaအား ဆြဲကာ ထိုေနရာမွ ထြက္လာခဲ့လိုက္ေတာ့သည္။ ခါတိုင္း အေျခအေနမ်ားတြင္ မိမိအား သိသူ ရွိလွ်င္လည္း မသိဟန္ေဆာင္နိုင္ေသာ္လည္း ယခုအေျခအေနကား လူမိခဲ့ပါလွ်င္ ေျဖရွင္းရခက္ေခ်မည္ မဟုတ္လား။ alphaႏွင့္အတူ ႏွစ္ဦးတည္းသာ ရွိေနသည္မို႔ ေျဖေလွ်ာ့ထားေသာ စိတ္တို႔ေၾကာင့္ ပကတိအတိုင္း ေတာက္ပေနသည့္ ခရမ္းစြဲေရာင္ မ်က္ဝန္းတို႔ႏွင့္ လာဗင္ဒါရနံ႕သည္ လူမိ၍ မျဖစ္ေသာ အရာျဖစ္သည္ေလ။

သို႔ေသာ္ ထိုအသုံးအႏႈန္းသည္ မိမိအား သုံးႏႈန္း ေခၚေဝၚလိုက္ျခင္းမဟုတ္ေၾကာင္းသာ အရွင္လာဗင္ဒါေလး သိခဲ့မည္ဆိုပါလွ်င္...

"လာဗင္ဒါ.. ဘာလို႔လဲ လာဗင္ဒါရဲ႕"

"ကုန္သည္ထဲမွာ ကိုယ္ေတာ့္ကို မွတ္မိတဲ့သူရွိေနတယ္ alpha"

"ဟင္"

"ခုနကေဈးဆိုင္က ကုန္သည္က ကိုယ္ေတာ့္ကို မင္းသားငယ္ဆိုၿပီး ေခၚခဲ့တယ္... သိသြားၿပီလား မသိဘူး.. ဒီမွာ မလုံၿခဳံေတာ့ဘူး ထင္တယ္ alpha.. ကိုယ္ေတာ္တို႔ ျပန္ၾကရေအာင္"

စကားအဆုံး ေဈးဆိုင္ဘက္သို႔ လွမ္းၾကည့္ကာ alphaက မ်က္ႏွာပ်က္ယြင္းသည္။ သို႔ေသာ္လည္း သက္ျပင္းခ်ကာ မိမိစိတ္အား တည္ၿငိမ္ေစရန္ ကူညီျပန္သည္။

"က်ဳပ္ရွိပါတယ္ အရွင္ရဲ႕.. ဘယ္သူမွ မမိေစရဘူး... တခုခုရွိလာခဲ့ရင္လည္း က်ဳပ္ကာကြယ္ေပးမယ္"

လက္ကိုတင္းတင္းဆုပ္ကိုင္ကာ ေလးေလးနက္နက္ေျပာလာသည့္ alpha၏ ေလသံႏွင့္ စကားတို႔မွာ အားကိုးခ်င္ဖြယ္ျဖစ္သည္။ တသက္တာလုံး မိမိအား ကာကြယ္မည့္သူ မလိုအပ္ဆိုသည့္ စိတ္ေနစိတ္ထားႏွင့္သာ ေနခဲ့သည့္တိုင္ ယခုလို အေနအထားက်ျပန္ေတာ့လည္း alphaကေပးေသာ လုံၿခဳံမႈကို ႏွစ္သက္မိျပန္သည္။ သည္အခ်က္ကား alphaက မိမိအား ေျပာင္းလဲေစခဲ့ေသာ အခ်က္ပင္ ျဖစ္ေလာက္ပါမည္ေလ။

"ဒါေၾကာင့္ စိတ္ခ်လက္ခ်နဲ႕ ေပ်ာ္ပါ အရွင္။ မလိုအပ္တဲ့ စိတ္ရႈပ္မႈေတြ မျဖစ္ရေအာင္ က်ဳပ္က ကာကြယ္ေပးမွာမို႔"

စကားအဆုံး အရွင္က သူ႕အား ဖက္တြယ္လာသည္။ ထို႔ေနာက္ ၾကည္ၾကည္ႏူးႏူး အၿပဳံးျဖင့္ ခပ္တိုးတိုး စကားဆိုလာေလေတာ့သည္။

"အို alpha.. ခင္ဗ်ားနဲ႕ရွိေနရတာ သိပ္လုံၿခဳံတာပဲ"

ဂုဏ္ယူသည့္ ခံစားခ်က္ဟု ေျပာရမလား ၾကည္ႏူးသည့္ ခံစားခ်က္ဟုေျပာရမလား သူမသိေတာ့။ ေခါင္းထဲ ေရာပြၽမ္းေနေသာ အေတြးစုံသည္ပင္ အရွင့္၏ ထိုစကားေၾကာင့္ ၾကက္ေပ်ာက္ငွက္ေပ်ာက္ပါပင္။ အကာကြယ္မခံလိုေသာ အရွင့္ထံမွာ ထိုစကားမ်ိဳးၾကားရသည္မွာ သူ႕အား အားကိုးသည္ဟူေသာ သေဘာပင္ မဟုတ္လား။ alphaအေနျဖင့္ေကာ ကိုယ္ရံေတာ္အေနျဖင့္ေကာ အရွင့္ခ်စ္သူအေနျဖင့္ပါ ဂုဏ္ယူရပါသည္ေလ။

"ေရွ႕ေလွ်ာက္လည္း ဒီ့ထက္ပိုၿပီး လုံၿခဳံတယ္လို႔ ခံစားရေစမွာမို႔ အရွင့္ရဲ႕ ဘယ္လိုပုံစံကိုမဆို က်ဳပ္ကို ထုတ္ျပဖို႔ မစိုးပါနဲ႕။ အျခားအခ်ိန္မွာ တိုင္းျပည္အရွင္ဆိုရင္ေတာင္ က်ဳပ္နဲ႕ဆိုရင္ေတာ့ သဝန္တိုလို႔လည္း ရတယ္။ ကေလးလိုဆိုးရင္လည္း ရတာမို႔။"

"တကယ္ေျပာေနတာလား။ ကိုယ္ေတာ္ တကယ္ဆိုးရင္ ခင္ဗ်ားခံနိုင္မွာ မဟုတ္ဘူးေနာ္ alpha"

"အဲ့အခါက် က်ဳပ္ကလည္း တျခားနည္းလမ္းနဲ႕ ျပန္ဆိုးမွာေပါ့ လာဗင္ဒါ~"

"ဟာ~ ခင္ဗ်ားကေတာ့!"

"ဟဟ က်ဳပ္တို႔ မီးပုံးပြဲေတာ္ကို သြားၾကဦးမလား အရွင္"

"ဟင့္အင္း။ အဲ့မွာက လူရႈပ္တယ္ေလ။ ကိုယ္ေတာ္ ဒီလိုအေနအထားေလးကို ပိုသေဘာက်တယ္"

"သေဘာေတာ္အတိုင္းပါပဲအရွင္"

"အာ.. ဒါနဲ႕ အရွင့္အတြက္"

တလက္လက္ေတာက္ပေနေသာ ခရမ္းစြဲေက်ာက္တလုံးတည္းအား သာမန္ႀကိဳးျဖင့္ လည္ဆြဲအျဖစ္ ပုံေဖာ္ထားသည္မွာ ရိုးရွင္းေသာ္လည္း လွသည္။ ဘာေၾကာင့္ရယ္မသိ စိန္မ်ား စီျခယ္ထားသည့္ ဘယက္တို႔ထက္ပင္ သေဘာက်စရာေကာင္းေနျပန္ပါသည္။

"လွလိုက္တာ။ ခင္ဗ်ား ဝယ္ဖို႔မွီခဲ့တယ္ေပါ့"

"မမွီခဲ့ဘူးေလ။ အရွင္ဆြဲေခၚလာေတာ့ ၾကည့္ေနရင္း ဒီတိုင္းပါလာတာ။ ေနာက္ၿပီးရင္ သြားရွင္းရဦးမယ္"

"အို ခင္ဗ်ားကေတာ့ေလ။ အလကားေနရင္း သူခိုးစုံတြဲဆိုၿပီး အထင္ခံရေတာ့မွာပဲ"

"ရပါတယ္ အရွင္ရဲ႕။ က်ဳပ္ၾကည့္လုပ္လိုက္မယ္။ ေလာေလာဆယ္ အရွင့္ကို ဆြဲေပးမယ္ေလ။ အဲ့တိုင္းေလးေန"

လည္တိုင္ေက်ာ့ေက်ာ့တြင္ လက္ေဆာင္ လည္ဆြဲေလးအား ဆြဲေပးမိေတာ့ မ်က္ဝန္းဝိုင္းဝိုင္းတို႔က လည္ဆြဲမွ ေက်ာက္ႏွင့္အလားတူ ေတာက္ပသည္။ လည္ဆြဲထက္ အဖိုးထိုက္တန္ေသာ ပိုင္ဆိုင္မႈမ်ားစြာ၏ အရွင္ျဖစ္လင့္ကစား ခ်စ္ရသူေပးသည့္ လက္ေဆာင္မို႔ ပို၍ ႏွစ္ႏွစ္ကာကာ သေဘာက်ေနပုံ ေပၚပါေသးသည္။

ဤအခ်ိန္ေလးသည္ေတာ့ အရွင္သခင္ႏွင့္ ကိုယ္ရံေတာ္ဆိုသည့္ ဂုဏ္ပုဒ္အစား သာမန္စုံတြဲေလးႏွင့္သာ အလားတူသည္။ မိုးမခေတာအတြင္းမွ အခ်ိန္မ်ားအား သတိရေစေသာ အခ်ိန္လည္း ျဖစ္ေလသည္။

လည္ဆြဲအား သေဘာတက် ၿပဳံး၍ၾကည့္ေနၿပီးမွ အရွင္က တစုံတခုကို သတိရသြားေလဟန္ျဖင့္

"ဒါနဲ႕ ခင္ဗ်ားက ကိုယ္ေတာ့္ကို လက္ေဆာင္ေပးၿပီး ကိုယ္ေတာ္က လက္ဗလာနဲ႕ဆိုေတာ့ အားနာသြားၿပီ။ ဓေလ့အရဆို လက္ေဆာင္ လဲလွယ္ၾကတာကို.."

"အားမနာပါနဲ႕ အရွင္ရဲ႕။ အရွင္ရွိေနတာကိုက က်ဳပ္အတြက္လက္ေဆာင္ပဲေလ"

"ေတာ္ေတာ္တတ္ေန ခင္ဗ်ားကေတာ့... အာ ေနဦး ေပးလို႔ရတာ တခုေတာ့ရွိတယ္"

ေဆာင္ေလ့ရွိေသာ လက္ကိုင္ပဝါႏုႏုအား ကမ္းေပးသည္ေၾကာင့္ ထယ္ေဟ်ာင္းတေယာက္ လက္ခံရခက္ခဲေတာ့သည္။ ခ်စ္သူစုံတြဲၾကား လက္ကိုင္ပဝါေပးျခင္းသည္ ခြဲခြာရတတ္သည္ဟူေသာ အယူအဆရွိသည္ မဟုတ္လား။

"စိုး႐ြံ႕မိေပမယ့္ မယူေတာ့ပါဘူး အရွင္"

"ဟင္ ဘာလို႔လဲ.. ကိုယ္ေတာ့္ပစၥည္းဆိုေပမယ့္ ဟိုလိုသုံးထားတဲ့အရာ မဟုတ္ပါဘူး"

"လက္ကိုင္ပဝါေပးရင္ ကြဲတတ္တယ္တဲ့။ အဲ့ဒါေၾကာင့္ပါအရွင္"

"အာ.. ဒီလိုဟာေတြကို အယုံအၾကည္ရွိတာလား။ ခင္ဗ်ားကလည္း အယူသီးလိုက္တာ"

"ဒါေၾကာင့္မို႔ အရွင္မျဖစ္မေန ေပးခ်င္တယ္ဆိုရင္ အနမ္းေလးတပြင့္ဆိုရပါၿပီ။ က်ဳပ္ေက်နပ္တာမို႔"

*က်ဳပ္တို႔ရဲ႕ ဆက္ဆံေရးက ႀကိဳးတန္းေပၚ ေလွ်ာက္ေနရသလိုမို႔ အယူသီးမိတာ အျပစ္မယူပါနဲ႕အရွင္*

"ဒါက ခင္ဗ်ား ဆႏၵဆိုရင္လည္း..."

မ်က္ႏွာေခ်ာေခ်ာအား လက္ႏွစ္ဖက္ျဖင့္ ထိန္းကိုင္ကာ တျဖည္းျဖည္း အနားတိုးကပ္လာေတာ့ ၾကင္စဦးကဲ့သို႔ ရင္ခုန္သည္မွာ အထိန္းအကြပ္မဲ့ပင္။ အရွင့္ဘက္ကမွ စ အၾကင္နာေပးခဲ့ျခင္းမရွိသည္ မဟုတ္ေသာ္လည္း ယခုကဲ့သို႔ ၾကည္ၾကည္ႏူးႏူးျဖင့္ စသည္ကေတာ့ ပထမဆုံးေပမို႔ စိတ္လႈပ္ရွားရျပန္သည္။

ေလေျပေလညင္းေလးႏွင့္အတူ ႏႈတ္ခမ္းလႊာႏွစ္စုံသည္လည္း အလိုက္သင့္ယိမ္းႏြဲ႕ကာ စီးေမ်ာရင္း ေလာကႀကီးအား ေခတၱ ေမ့ေလ်ာ့ေနၾကဟန္တူသည္။ အရွင္သည္လည္း alphaထံ ပို၍ မွီတင္းကာ alphaသည္လည္း ထိကပ္ေနေသာ ခါးသြယ္သြယ္အား ခပ္ဖြဖြ ပြတ္သပ္ရင္း ထိန္းကိုင္ထားေပးလိုက္၍ ၾကည္ႏူးမႈကမၻာထဲသို႔ တိုးဝင္မိသည္။

အမ်ိဳးစုံေသာ အမူအက်င့္ေလးမ်ားကို စုစည္းထားဟန္ျဖစ္ေသာ အရွင့္ကို ျမတ္နိုးရျခင္းမွာ တေန႕တမ်ိဳးမရိုးရေလသည္ေၾကာင့္ အေၾကာင္း ပို၍သိရေလ ပိုျမတ္နိုးရေလပင္ျဖစ္သည္။ သိန္းသန္းခ်ီေသာ လူဦးေရႏွင့္ omegaမ်ားထဲမွ အရွင္၏ mateျဖစ္ရျခင္းသည္ သူဆုေတာင္းေကာင္းခဲ့ျခင္းသာ ျဖစ္ပါလိမ့္မည္။

ထို႔ေၾကာင့္ ဘယ္လို အေၾကာင္းကိစၥပင္ ရွိလင့္ကစား အရွင့္ကိုေတာ့ လုံၿခဳံနိုင္ေအာင္ ႀကိဳးစားပါလိမ့္မည္။ ဤကား ကိုယ္ရံေတာ္တဦးအေနျဖင့္ေကာ alphaတဦးအေနျဖင့္ေကာ အရွင့္၏ ခ်စ္သူ အရွင့္mateတဦး အေနျဖင့္ပါ ခိုင္မာစြာ ခ်မွတ္ထားသည့္ ဆုံးျဖတ္ခ်က္ပင္ ျဖစ္ပါသည္ေလ။

••••••

မီးပုံးပြဲေတာ္ ေနရာသို႔ေရာက္ေလေတာ့ လူတိုးမေပါက္လုနီး စည္ကားသည္။ လမ္းတေလွ်ာက္ တိတ္ဆိတ္ခဲ့သည္မို႔ ယခုမွသာ နည္းနည္း အေနေခ်ာင္သြားသည္ဟု သမားေတာ္မင္ ခံစားမိေတာ့သည္။

"သခင္ေလး ပတ္ခ္။ မီးပုံးခ်ိတ္ခ်င္လား"

လည္ပတ္သူတို႔ အသီးသီးကိုင္ေဆာင္ထားေသာ မီးပုံးေလးမ်ားကို ၾကည့္ကာ သေဘာက်ေနဟန္ေပၚေသာ သခင္ေလးေၾကာင့္ အေမးစကားျပဳမိေတာ့ အေစာကထိ သူ႕အား မသိဟန္ေဆာင္ေနေသာ သခင္ေလး၏ မ်က္လုံးတို႔က အေရာင္လက္လာကာ

"အဲ့လိုလုပ္လို႔ေကာ ရလား"

"ရတာေပါ့။ က်ဳပ္ဝယ္ေပးမယ္ ခဏ"

သည္လိုႏွင့္ မီးပုံးေရာင္းရာ ေဈးဆိုင္ဘက္သို႔ ေျခဦးတည္မိသည္။ အရွင္မွလြဲ၍ အျခားomegaကိုေရာ betaကိုပါ အေၾကာင္းမဲ့သက္သက္ သည္လို ျပဳမူဖူးျခင္းမရွိေသာ္လည္း သည္omegaႏွင့္မွာ သမားေတာ္မင္မွာ ဧည့္ဝတ္အေက်လြန္ေနရၿပီပင္။

"အေဒၚ။ မီးပုံးႏွစ္လုံးေပးပါ"

"လူမ်ားလို႔ ကုန္ၿပီ လူႀကီးမင္း။ ဒီ အျပာႏုေရာင္ေလး တလုံးပဲရွိေတာ့တယ္"

"အဲ့ဒါက စုံတြဲေတြ တူတူဆုေတာင္းတဲ့ မီးပုံးေလ အေဒၚရဲ႕"

"လူႀကီးမင္းတို႔လည္း စုံတြဲလိုက္လာတာပဲ မဟုတ္လား။ ဟိုးဘက္မွာ အဝါႏုေရာင္ ဝတ္စုံနဲ႕ ေစာင့္ေနတဲ့ omegaလွလွေလးက လူႀကီးမင္း ခ်စ္သူမဟုတ္လား"

"ဟာဗ်ာ ေပါက္ေပါက္ရွာရွာ။ အဲ့ဒါ က်ဳပ္မိတ္ေဆြဗ်"

"ဪ။ အဲ့ေလာက္ထိေတာ့ က်မတို႔လည္း မသိဘူးေလ လူႀကီးမင္းရယ္"

"တကယ္ပဲ ဒီတလုံးပဲရွိေတာ့တာလား အေဒၚ"

"ဟုတ္တယ္လို႔။ ဒီအထိလာၿပီးမွေတာ့ ဝယ္သြားလိုက္ပါ။ မိတ္ေဆြဆိုလည္း စိတ္သန့္သန့္နဲ႕ ဝယ္လို႔ရပါတယ္။ စုံတြဲေတြ အဝယ္မ်ားလို႔သာ စုံတြဲသီးသန့္ပစၥည္းလိုျဖစ္ေနတာ"

ဝယ္သင့္မဝယ္သင့္ အက်ပ္ရိုက္ေနစဥ္မွပင္ သူ႕ဘက္အား အရိပ္အကဲၾကည့္ေနေသာ သခင္ေလးပတ္ခ္ေၾကာင့္ ဝယ္ယူရန္သာ ဆုံးျဖတ္လိုက္ေတာ့သည္။ ဧည့္သည္အား အိမ္ရွင္ျဖစ္ေသာ သူက ဧည့္ဝတ္ေက်ရမည္ပင္ မဟုတ္လား။

"မီးပုံးရၿပီ သခင္ေလးပတ္ခ္"

"အျပာႏုေလးပဲ။ လွတယ္ သမားေတာ္မင္။ ခင္ဗ်ားက အျမင္ရွိလိုက္တာ။ ဒါနဲ႕ ဘာလို႔တလုံးတည္းလဲ"

"အာ...ဒီတလုံးပဲရွိေတာ့တယ္ဆိုလို႔ေလ"

"ဪ..."

ပတ္ဝန္းက်င္ကို မ်က္လုံးကစားမိေသာ သခင္ေလးက စုံတြဲမ်ားသာ ကိုင္ထားသည္ကို ျမင္သည္ေၾကာင့္ သူ႕အား သကၤါမကင္းျပန္ၾကည့္ေလေတာ့ အျမန္ပင္ ေျဖရွင္းခ်က္ေပးလိုက္ရေသးသည္။ မဟုတ္လွ်င္ သူ႕အား လူထူးဆန္းထင္ေနမွျဖင့္..

"ဆုေတာင္းျပည့္တဲ့ မီးပုံးတဲ့။ ဒီေပၚမွာ နာမည္ကိုေရးၿပီး လႊတ္တင္ရင္ ဆုေတာင္းျပည့္တယ္လို႔ ေျပာၾကတယ္။ သခင္ေလး အလိုရွိရာကို ဆုေတာင္းၿပီး ဒီသစ္ပင္မွာ ခ်ိတ္ခဲ့လို႔ရတယ္။ ဆုေတာင္းကို ခ်ေရးစရာေတာ့ မလိုဘူးေပါ့"

ၾကားဖူးသည့္အတိုင္း ရွင္းျပမိေတာ့ သခင္ေလးပတ္ခ္က ေခါင္းျငႇိမ့္သည္။ ထို႔ေနာက္တြင္ေတာ့ ဆုေတာင္းရန္ အမည္ေရးသည့္ေနရာကို သြားၾကေလေတာ့ တခါ အျငင္းပြားရျပန္သည္။

"သခင္ေလးက အကၤ်ီအေရာင္ႏု ဝတ္ထားတာ မွင္စြန္းလိမ့္မယ္။ က်ေနာ္ေရးေပးပါရေစ"

"သမားေတာ္မင္လည္း အေရာင္ႏုဝတ္ထားတာပဲေလ"

"ကဲ ကဲ က်ဳပ္ပဲ ေရးေပးပါမယ္ဗ်ာ ေပးေပး"

အခ်င္းခ်င္း ဦးစားေပးေနၾကသည့္ သူတို႔အား မၾကည့္နိုင္ေတာ့ဟန္ေပၚသည့္ ျဖတ္သြားျဖတ္လာ ဦးေလးႀကီးက ကူညီေရးေပးသည္ေၾကာင့္ အဆင္ေျပသြားပါသည္ေလ။

"နာမည္က "

"ဂ်ီ လို႔ပဲ တလုံးတည္းေရးေပးရင္ ရပါၿပီ"

"လူႀကီးမင္းကေရာ"

"က်ေနာ္က မေရးေတာ့ဘူးေလ။ သူ႕အတြက္ပဲ"

"ဟာ အဲ့လိုမရဘူးေလ ႏွစ္ေယာက္တူတူေတာင္းမွ ဆုေတာင္းျပည့္တာ ဒီမီးပုံးက"

အေနရခက္ပါသည္ဆိုကာမွ အေရာက္ပို႔ေနသကဲ့သို႔ပါပင္။ အရွင့္အား အတင္းတိုက္တြန္းခဲ့သည္မ်ားက ခုမွ သူ႕အား ဝဋ္လည္ေနဟန္ေပၚသည္။ ေသခ်ာသည္ကေတာ့ သခင္ေလးပတ္ခ္က က်ိန္းေသေပါက္ သူ႕အား လူထူးဆန္းဟု ထင္ေလာက္ၿပီျဖစ္သည္။

"ဟင္. အဲ့လိုအယူရွိျပန္တယ္လား။ နားမလည္နိုင္တာေတြမ်ားလိုက္တာ"

"ကဲပါ ျမန္ျမန္သာေျပာ လူႀကီးမင္း နာမည္ကို"

"က်ေနာ္က မင္ပါ"

"မင္ နဲ႕ ဂ်ီေပါ့။ ဟုတ္ပါၿပီ။ ႏွစ္ရွည္ၾကာေအာင္ ေပါင္းဖက္နိုင္ၾကပါေစဗ်ာ။ ေဟာဒီမွာ မီးပုံး"

ထင္ခ်င္ရာထင္ကာ ေျပာခ်င္ရာေျပာသြားသူ၏ အက်ိဳးဆက္မွာေတာ့ ပို၍ အေနခက္ကာ မ်က္ႏွာမ်ားနီရဲက်န္ရစ္ေသာ သူတို႔ႏွစ္ဦးပင္။

"ဟာ ဒီလူကေတာ့ ဘာမွမသိပဲ ေျပာခ်င္ရာ ေျပာသြားၿပီ"

အရွက္သည္းသြားဟန္ေပၚေသာ သခင္ေလးက မီးပုံးကို ယူကာ ခပ္သြက္သြက္ထြက္သြားသည္ေၾကာင့္ ေခါင္းကုပ္ရင္း အမွီလိုက္ရျပန္သည္။ ၾကည့္ရတာ omegaမ်ားအား ေခ်ာ့ေပါင္းရန္ ကံပါသည္ထင္ပါသည္ေလ။

"သခင္ေလး က်ဳပ္ကို ေစာင့္ဦးေလ"

အရွက္သည္းသည့္ အက်ိဳးဆက္ႏွင့္ လူထူထပ္သည့္ အက်ိဳးဆက္တို႔ေပါင္းကာ သပ္မွတ္ေနရာ ေရာက္လုနီးမွာပင္ ေျခေခ်ာ္ကာ ယိုင္သြားေသာ ထိုomega။ အမ်ိဳးေကာင္းသားပီသစြာျဖင့္ အလ်င္အျမန္ေျပး၍ ထိန္းေပးမိသည့္အခါ ခါးသြယ္သြယ္သည္ လက္ဝါးျပင္က်ယ္တြင္း အံဝင္ခြင္က်၍ မ်က္ဝန္း၂ခုသည္လည္း လ်က္တျပက္ ဆုံဆည္းသည္။

ထိုအခါမွသာ အနီးကပ္အေသအခ်ာၾကည့္မိေသာ သခင္ေလးပတ္ခ္၏ မ်က္ႏွာငယ္မွာ အလိုေလး... လွရက္ေလျခင္း။ ႏုငယ္ေသာ မ်က္ႏွာဝိုင္းဝိုင္းေဖာင္းေဖာင္းကေလးေပၚရွိ ႏွင္းဆီဖူးေလးကဲ့သို႔ေသာ ႏႈတ္ခမ္းဖူးဖူးက အနီးကပ္ျမင္ရသည့္အခါ သမားေတာ္မင္အား ေခြၽးေစးပင္ ျပန္ေစပါသည္ေလ။

မာန္ဝင့္ျခင္းအား ဖယ္လိုက္သည့္အခါ အရွင္က ႏုငယ္ေသာ အ႐ုပ္ေလးသဖြယ္ လွပျခင္းမ်ိဳးျဖစ္လွ်င္ သည္omegaက ဆြဲေဆာင္အားျပင္းသည့္ ပုံစံမ်ိဳးျဖစ္လိမ့္မည္။ အႏၱရာယ္မ်ားလြန္းပါဘိ။

"ေတာင္း-ေတာင္းပန္ပါတယ္။ သခင္ေလး ေခ်ာ္လဲမွာစိုးလို႔ က်ဳပ္---"

"ရ-ရပါတယ္ သမားေတာ္ မင္။ က်ေနာ္... က်ေနာ္သြားႏွင့္မယ္ေနာ္။ ေအးေဆးလိုက္လာခဲ့ပါ"

မေမွ်ာ္လင့္သည့္ အျဖစ္အပ်က္ေၾကာင့္ အရွက္သည္းကာ မူရင္းရည္႐ြယ္ခ်က္အား ေမ့ေလ်ာ့သြားဟန္တူေသာ သခင္ေလးမွာ မီးပုံးေလးကိုပင္ ပစ္ခ်ကာ လူအုပ္ထဲမွ အျမန္ေျပးထြက္သြားေလသည္။ သည္ေလာက္ထိ အရွက္ကြဲခံ လူပင္ပန္းခံၿပီးမွေတာ့ အခ်ည္းႏွီးမျဖစ္ရေလေအာင္ မီးပုံးေလးကိုေတာ့ သမားေတာ္မင္ ကိုယ္တိုင္သာ ခ်ိတ္ခဲ့ပါေတာ့သည္။ ေရာက္လာခဲ့စဥ္က ဆုေတာင္းမရွိခဲ့ေသာ္လည္း အျဖစ္အပ်က္အခ်ိဳ႕၏ေနာက္တြင္ေတာ့ သမားေတာ္မင္လည္း ဆုေတာင္းအခ်ိဳ႕ရွိလာခဲ့ပါသည္ေလ။

ထိုဆုေတာင္း ျပည့္မျပည့္သည္ေတာ့ ကံတရားသာမက သမားေတာ္မင္၏ အားထုတ္မႈအေပၚလည္း မူတည္ေနပါသည္ေလ။ ေသခ်ာသည္ကေတာ့ လျပည့္ပြဲေတာ္အတြက္ အမွတ္တရျဖစ္ခဲ့သည္မွာ အရွင္ႏွင့္ alphaတို႔ စုံတြဲသာ မဟုတ္ခဲ့ျခင္းပင္။

#Tbc

A/N: မူရင္းေရးထားတာက တပိုင္းစာအတြက္ အရမ္းရွည္သြားတာမို႔ ႏွစ္ပိုင္းခြဲၿပီး Yoonminပါ ထည့္လိုက္ပါတယ္ ဟီး >< ေနာက္အပိုင္းကိုေတာ့ မနက္ျဖန္ သို႔မဟုတ္ ဒီရက္ပိုင္း upေပးပါမယ္ရွင္. အၾကာႀကီးေပ်ာက္သြားမိလို႔ ေဆာဒီးပါေနာ္ 🥺

P.S: We're getting near to cliffhangers 🤫

- 해바라기

Continue Reading

You'll Also Like

119K 5.2K 27
Inspired by Arsenic Blues by 11QueenSupreme11 and Young Gods by phoenix1770, but with my own plot. This is a mix of reactions and story. What happens...
32.7K 1K 30
Following the many events of the second book, Emma finds herself split up from Clementine. It was a hard and torturous journey, but she finds a famil...
1.5K 110 10
ΨΈΩ†Ω†Ψͺُ Ψ§Ω†Ω†ΩŠ Ω†Ψ¬ΩˆΨͺ... Ψ¬ΩˆΩ†ΨΊ Ω‡ΩˆΨ³ΩˆΩƒ β€’Ψ±ΩˆΨ§ΩŠΨ© Ψ°Ψ§Ψͺ ΩΨ΅ΩˆΩ„ Ω‚Ψ΅ΩŠΨ±Ψ© "Ω…ΩƒΨͺΩ…Ω„Ψ© βœ”οΈ"