သည်မောင် လက်ခုပ် တီးပါ့မယ် (...

Por moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... Más

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ရေချိုးတဲ့အခါ)
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

ပေသလူးနဲ့ တို့များတစ်ခေတ်မောင်

929 96 53
Por moe_for_more

Unicode

"ကိုယ့်ရှူးကိုယ်ပတ်သည်" ဟူသော စကားသည် တစ်ခေတ်မောင်အတွက်များ ဖြစ်တည်လာလေသလားဟူ၍ အိမ်အောက်ထပ် ဝါးကုလားထိုင်တွင် အေးအေးလူလူထိုင်လျက် စဉ်းစားခန်းဖွင့်နေမိတော့သည်။

သူ့အဖြစ်က ရန်သူဖြစ်လာမဲ့သူကိုမှ အိမ်ပေါ်ခေါ်တင်လာမိခြင်း။

အဖြစ်က သည်လို...

လွန်ခဲ့တဲ့ သတင်းတစ်ပတ်လောက်ကပေါ့။ တစ်ခေတ်မောင်တစ်ယောက် ထုံးစံအတိုင်း သူ့ကလောခင်းဆီ သွားပြီး ပြန်အလာ လမ်းတစ်ဝက်က ဝါးရုံတောကို အဖြတ် စူးစူးဝါးဝါးအော်သံလေးကို ကြားလိုက်ရတော့သည်။ အသံက လူသံတော့မဟုတ်။ ငှက်တွေရဲ့အော်သံလိုပင်။ စူးစူးဝါးဝါးအော်နေပုံထောက်ရင်တော့ တစ်ခုခုနာကျင်နေသလိုလို။ တစ်ခေတ်မောင်ဆိုတာကလည်း ဖာသိဖာသာနေတတ်သူမဟုတ်လေတော့ သူ့မယ် ထိုအသံကို လျစ်လျူရှုမနေနိုင်။ ပေါက်တူးကို ပုခုံးပေါ်ထမ်းလို့ ဟိုဟိုသည်သည်ရှာကြည့်လိုက်ကာမှ ဝါးပင်ပေါက်တွေကြား ညပ်နေတဲ့ ခေါင်းပြာပြာနဲ့ ကြက်တူးရွေးတစ်ကောင်ကို တွေ့လိုက်ရသည်။ ကြက်တူရွေးလေးက ဆက်ပင်မအော်နိုင်တော့သည့်အခြေအနေ။ ထို့ကြောင့် တစ်ခေတ်မောင်လည်း ဝါးပင်ပေါက်နုနုတွေကြားက ကြက်တူရွေးလေးကို မနည်းဆွဲထုတ်ပြီး သူဆောင်းထားတဲ့ခမောက်ကို ချွတ်ကာ ခမောက်ထဲ ထည့်၍ သယ်လာခဲ့လိုက်သည်။

"သနားစရာလေးပါတကား" ဟူ၍ ဂရုဏာသက်မိကာ အိမ်သို့ခေါ်လာခဲ့လိုက်သည်။ ထိုအကောင်လေးက ဝါးပင်တွေကြားညပ်ကာ ဖုန်တွေသဲတွေနဲ့ ပေသလူးနေတာမို့ သူ့ကို ပေသလူးဟု နာမည်ပေးလိုက်သည်။ ပေသလူးက ညာဘက်အတောင်ပံထိခိုက်သွားတာမို့ မပျံနိုင်ရှာ။ သို့နှင့် တစ်ခေတ်မောင်တို့အိမ်တွင် သောင်တင်သွားတော့သည်။

ပေသလူးလေးက ချစ်ဖို့ကလည်းကောင်း၊ ဂရုဏာသက်စရာကလေးလည်းဖြစ်တော့ ဘယ်ပြောကောင်းမလဲ အစ်ကိုထွင်းတို့က လွှတ်ဂရုဏာပိုတော့တာပေါ့။ တစ်နေ့တစ်နေ့ ပေသလူးကို ဂရုစိုက်နေလိုက်တာဆိုတာ သည်ကလူ တစ်ခေတ်မောင်ကိုတောင် အကြင်နာပေးဖို့ မေ့သည်အထိ။

ဖြစ်သင့်သလား။ အဲ့တာဖြစ်သင့်သလား။

တစ်ခေတ်မောင် တွေးရင်းဖြင့် ရင်ထဲပူလာတော့သည်။ မီးဖိုထဲဝင်၍ ရေအိုးထဲမှ ရေတစ်ခွက်သောက်လိုက်ရသည်။

အခုက ပြောင်းဖူးရာသီဆိုလေတော့ အိမ်ခေါင်းရင်းခြံကွက်မှာတင် ပြောင်းတွေစိုက်ထားရင်း တစ်ခေတ်မောင်တို့ ဇိမ်ကျနေသည်။ ကလောခင်းဘက်ပင် သိပ်မသွားဖြစ်။ သူအိမ်ကပ်နေ​၏။ 

အစ်ကိုထွင်းကတော့ ယခုတလောအလုပ်ရှုပ်လှသည်။ အလုပ်ကြမ်းဆို ပေးမလုပ်သော တစ်ခေတ်မောင်ကြောင့် အစ်ကိုထွင်းက အပ်ချုပ်စက်ကလေးဝယ်ကာ အထည်တစ်ချို့ တစ်နိုင်တစ်ပိုင်ယူချုပ်တတ်သည်။ အစ်ကိုထွင်း​၏ စက်ချုပ်ခဖြင့် ထမင်းဖိုးလောက်ငသည်။ တစ်ခေတ်မောင် ရှာသမျှသည် ပိုလျှံနေသည်မို့ စုစုဆောင်းဆောင်းဖြစ်လာကာ အစ်ကိုထွင်းကိုပင် ရွှေဆွဲကြိုးအကျစ်ကလေးတစ်ကုံး ဆင်ပေးထားနိုင်လေပြီ။

ပြောရင်းဆိုရင်းဖြင့် အစ်ကိုထွင်းတစ်ယောက် တာ(တာလမ်း)ပေါ်သွား၍ ဈေးဝယ်ရာမှ ပြန်လာလေပြီ။ ခမောက်ဝိုင်းကြီးကိုချွတ်၍ အိမ်တိုင်က ချိတ်တွင် ချိတ်ထားလိုက်သည်။ ဈေးခြင်းတောင်းကိုလည်း စားပွဲပေါ်တင်လိုက်လေသည်။သူ့ပုခုံးပေါ်မှ ပေသလူးလေးကိုလည်း ထုတ်တန်းပေါ် ပြန်တင်ပေးလိုက်သည်။ အစ်ကိုထွင်းက မောပန်းလာဟန်ဖြင့် သူ့အား ခေါ်လေ​၏။

"မောင်ရေ..."

ဘယ်ရမလဲ တစ်ခေတ်မောင်တို့ကလည်း 'မောင်ရေ'လို့ခေါ်လိုက်တာနဲ့ ရေအဆင်သင့်ခပ်ပြီးသားဖြစ်နေတဲ့သူဆိုလေတော့ မီးဖိုထဲ ပုဆိုးမကျွတ်ကျရုံတမယ် ပြေးသွားပြီး ရေအိုးမှရေတစ်ခွက်ခပ်လာကာ အစ်ကိုထွင်းဆီ အပြေးသွားမိသည်။

"ရေရပါပြီခင်ဗျ..."

အစ်ကိုထွင်းက မနိုင်ဘူး ဟူသော သဘောပါသည့် အပြုံးကလေးပြုံး ခေါင်းကလေးခါကာ သူ့လက်ထဲမှ ရေခွက်ကိုယူလေသည်။

"မောင်ဟာလေ..."

အစ်ကိုထွင်း ရေသောက်နေသည်ကို တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။ ရေခွက်ကလေး နှုတ်ခမ်းနားတေ့လို့ မော့ကာ သောက်လိုက်သည်မှ လည်ဇလုပ်ရေးရေးလေး အထက်အောက်လှုပ်ရှားသွားသည်အထိ လွန်စွာ ကြည့်ကောင်းနေသည်။

ရေသောက်ပြီးသွားသော အစ်ကိုထွင်းထံမှ ရေခွက်ကိုပြန်ယူ၍ မီးဖိုထဲ အပြေးသွားထားလိုက်သည်။

"မောင်ပဲ ချက်လိုက်မယ်နော်..."

"နေပါမောင်ရယ်...ငါပဲချက်လိုက်ပါ့မယ်...မောင်က ပြောင်းတွေစိုက်တုန်းလေး အိမ်မှာနားရတာလေ..."

အစ်ကိုထွင်းက ပူလောင်လှသော ရာသီဥတုကြောင့် အနီးမှ ယပ်တောင်ကိုယူကာ ဆံပင်များကို လက်ဖြင့်သပ်၍ လည်ပင်းတစ်ဝိုက်ကိုတဖြတ်ဖြတ်ခပ်နေတော့​၏။

အလိုက်သိတတ်သော တစ်ခေတ်မောင်က သူဆောင်ထားနေကျ ဖဲကြိုးကိုယူ၍ ကုလားထိုင်ပေါ်ထိုင်နေသော အစ်ကိုထွင်းနောက်ကိုသွားလိုက်ကာ ဆံပင်များကို စုစည်းပေးလိုက်သည်။

"ယပ်တောင် မောင့်ကိုပေး..."

အစ်ကိုထွင်း ကမ်းပေးလာသော ယပ်တောင်ကိုယူ၍ အစ်ကိုထွင်း​၏ ချွေးစို့နေသော ဂုတ်သားဖွေးဖွေးအား ယပ်တောင်တဖြတ်ဖြတ်ခပ်ပေးလိုက်သည်။

"အစ်ကိုထွင်းက ဈေးလည်းသွားရသေးတယ်လေ...အစ်ကိုထွင်းပင်ပန်းလို့ဘယ်ဖြစ်ပါ့မလဲ....မောင်ပဲ ချက်လိုက်မယ်...ဘာတွေဝယ်လာတာလဲ အစ်ကိုထွင်း..."

"ခရမ်းသီးမီးဖုတ်ဖို့ ခရမ်းသီးတွေတောင်းလာခဲ့တယ်မောင်...သည်နေ့ ဈေးထဲမယ် လယ်ကြွက်သားလေးတွေတွေ့တာနဲ့ ဝယ်လာခဲ့လိုက်တယ်...စပ်စပ်ကလေးကြော်ရင်ကောင်းမလားလို့...အရည်သောက်အတွက်ကတော့ ကင်ပွန်းချဉ်ရွက်ချဉ်ရည်ချက်မယ်လေ မောင်..."

"ဟုတ်ပြီ...မောင် သွားချက်လိုက်မယ်နော်..."

"မောင့်ကို ကူချင်တယ်..."

တစ်ခေတ်မောင် ပြုံးလိုက်မိသည်။ အစ်ကိုထွင်းက အမြဲထိုသို့ပင်။ ဘယ်အလုပ်မှာမဆို ဒိုးတူဘောင်ဖက်လုပ်ကိုင်ချင်သည်။ ထို့ကြောင့် တစ်ခေတ်မောင်က စိုက်ခင်းလုပ်လျှင် အစ်ကိုထွင်းက သူတတ်သည့်ပညာလေးဖြင့် စက်ချုပ်သည်။ တစ်ခေတ်မောင်ကအပင်ရေလောင်းလျှင် အစ်ကိုထွင်းက ပေါင်းသင်ပေးသည်။ တစ်ခေတ်မောင်ဘာလုပ်လုပ် ကူညီထောက်ပံ့ပေးမည့် အစ်ကိုထွင်းက နံဘေးတွင် ပါစမြဲ။

"ကူချင်သပဆို လိုက်ခဲ့ဗျာ...မီးဖိုထဲက ခုံပုပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေပေး...မောင်က အမောပြေကြည့်မှာမို့..."

"မောင်ကလည်း..."

"အဲ့တာလည်း မောင့်ကိုကူတာပဲလေဗျာ...မောင် ဟင်းချက်ပြီး လွှတ်မောသွားရင်တော့ အစ်ကိုထွင်း ပါးကို လွှတ်နမ်းမှာဗျ..."

တစ်ခေတ်မောင်က အားကြီးနဲ့ပြောချလိုက်တော့ ထွင်းအက္ခရာ​၏ မျက်နှာကလေး ပန်းရောင်ပြောင်းသွားတော့သည်။ မောင်ကလေ သူ့ကိုဆို အမြဲ ရှက်အောင် လုပ်နိုင်တုန်း။ မောင်သာ သည်လို အညာလေသံနဲ့ အသည်းယားစရာစကားတွေပြောသည့်အချိန်ဆို ထွင်းအက္ခရာတစ်ယောက် မျက်နှာလေးပူတက်လာသည်အထိ ရှက်ရစမြဲ။

"မောင့်အစ်ကိုထွင်း ရှက်နေတာလေးက လှနေရောဗျာ...နံနက်ခင်း နေရောင်လွှမ်းတဲ့ စံပယ်တွေထက်ကို လှလွန်းတယ်..."

တစ်ခေတ်မောင် အစ်ကိုထွင်း​၏ မျက်နှာကလေးအား သူ့လက်ကြမ်းကြီးများဖြင့် တနုတယွ အုပ်ကိုင်လိုက်သည်။

"အစ်ကိုထွင်း သည်နေ့ မောင့်ကို အနမ်းမသေးရသေးဘူးနော်..."

ခဏနကလေးတင် မောင် ယက်ခပ်ပေးလို့ ချွေးတိတ်သွားသော်လည်း အခုတော့ ချွေးပြန်ထွက်ချင်လာလေပြီ။ မောင်နဲ့အတူနေသည်မှာ ကာလအားဖြင့် ကြာလှပြီဆိုသော်လည်း မောင်အနမ်းတောင်းလေးတိုင်းသူရှက်ရစမြဲပေ။ သို့ပေမဲ့ သူတစ်ခါမျှ မငြင်းဆန်ပါ။ သူလည်း နှစ်သက်သည်မို့။ မျက်ဝန်းများမှိတ်၍ ပါးလေးတစ်ခြမ်းထိုးပေးထားသော မောင့်ထံ အနမ်းခြွေဖို့ရာ ချည်းကပ်လိုက်သည်။

"ထွင်း....ထွင်း..."

စူးရှသော ထိုအသံကြောင့် တစ်ခေတ်မောင် ကျစ်စုပ်ကာ မျက်ဝန်းများဖွင့်လိုက်ရသည်။ ထင်သည့်အတိုင်း အစ်ကိုထွင်းက သူ့ထံ ချည်းကပ်မလာတော့။

"ထွင်း...ထွင်း..."

တထွင်းထွင်းနဲ့ တဂျီဂျီအော်နေသော ထုတ်တန်းပေါ်က ပေသလူးကို တစ်ခေတ်မောင် စူးစူးရဲရဲကြည့်လိုက်သည်။ ထိုအကောင်ကို အဖျက်သမားလေးဟုပင် နာမည်ပြောင်းပေးချင်လာလေပြီ။

"ထွင်း....ထွင်း..."

"တထွင်းထွင်းနဲ့ သည်အကောင်တော့..."

တစ်ခေတ်မောင် အင်္ကျီလက်ကိုမတင်ကာ ဟန်ရေးပြင်လိုက်သည်။ ထုံးစံအတိုင်း အစ်ကိုထွင်းက သူ့အား တားလာတော့သည်။

"မောင်ရယ် ပေသလူးလေးက ဗိုက်ဆာလို့နေမှာပါ..."

ပြောရင်းဆိုရင်းဖြင့် အစ်ကိုထွင်းက ထိုအကောင်ကို ပုခုံးပေါ် တင်လိုက်တော့သည်။ ပြီးနောက် နှုတ်သီးလေးကို လက်ညှိုးလေးဖြင့် တယုတယထိတွေ့ကာ ကလေးမြှူသကဲ့သို့ မြှူနေလေတော့သည်။

"ပေသလူးလေးက ဗိုက်ဆာနေလို့လား...ပြောင်းဖူးစေ့စားချင်လို့လား..."

ကြက်တူရွေးငလည်ကောင်က အစ်ကိုထွင်း​၏ လည်တိုင်ထဲ ခေါင်းတိုးလိုက် အစ်ကိုထွင်းပါးလေးကို ခေါင်းတိုးလိုက်နဲ့ ချွဲနေတော့သည်။

သူ့ခင်ဗျာမှာတော့ အစ်ကိုထွင်းနမ်းသည်ကိုပင် မခံယူရသေး။ သည်ကြက်တူလည်ကတော့ သူ့ကိုကြောကာ အစ်ကိုထွင်းအား ညာတာပါးတေးဖြင့် နမ်းနေတော့သည်။

တစ်ခေတ်မောင် မျက်နှာကြီး စူပုပ်ကာ မီးဖိုချောင်ထဲ ငရုတ်သီးထောင်းနေလေသည်။ ကြက်တူရွေးငလည်ကို ပြောင်းဖူးစေ့တွေကျွေးနေတဲ့ အစ်ကိုထွင်းကတော့ သူ့ဘက်ပင် လှည့်မကြည့်။ ပြောတော့ မောင့်ကို ကူမယ်တဲ့။ တကယ်လည်း လာမကူပေ။ တစ်ခေတ်မောင် မျက်နှာကြီး မဲကျနေတော့သည်။

အဲ့သည့်ပေသလူးဆိုသည့်အကောင်က လူလည် အဲလေ ကြက်တူရွေးလည်ပင်။ စကားကလည်းတတ်သေးသည်။ ကြည့်ရသည်မှာ ယခင်က သခင်ဟောင်းရှိခဲ့ဖူးလောက်မည်။ အစ်ကိုထွင်းဆီရောက်တော့လည်း ကြားသမျှ မှတ်ထားပြီး ပြန်ပြောတတ်သည့်ငလည်ကောင်ပင်။ တစ်ခေတ်မောင်နှင့်တော့တစ်စက်လေးမျှ အကြောမတည့်။ ဘယ့်နှယ်ကြောင့် အဲ့သည့်ငှက်လည်က အစ်ကိုထွင်းအနားမယ် တောက်တဲ့လိုကပ်နေရသလဲ။ ထိုကြက်တူရွေးက ပျံသာမပျံနိုင်တာ အိမ်လည်ရသည်ကို သိပ်သဘောတွေ့တာ။ တာပေါ်သွားမည်ဆိုလျှင်လည်းသူကအမြဲလိုက်ချင်တတ်သည်။ ဟိုဟိုသည်သည် သွားမယ်ဆိုလျှင်လည်း အစ်ကိုထွင်း ပုခုံးပေါ်ကနေ အခန့်သားတက်စီးပြီး လိုက်သွားတတ်သည်။

သည်ငှက် လည်တဲ့အကြောင်းတွေပြောနေတော့ ထိုနေ့ကိုတောင် သတိရသွားသည်။ ထိုနေ့က အစ်ကိုထွင်းက အပ်ထည်များသွားပို့နေချိန် ပေသလူးနဲ့ တစ်ခေတ်မောင် အိမ်တွင် နှစ်ယောက်တည်း ကျန်ခဲ့တော့သည်။ ဘယ်ပြောကောင်းမလဲ တစ်ခေတ်မောင်တစ်ယောက် အခွင့်ရတုန်း ပေသလူးကို လက်ညှိုးငေါက်ငေါက်ထိုးပြီးဆူတော့တာပေါ့။ ကိုယ့်စကားသူ နားလည်သလား နားမလည်သလား မသိပေမဲ့ အစ်ကိုထွင်းအနားမကပ်ရန် သတိပေးခြိမ်းခြောက်နေခဲ့သည်။

အစ်ကိုထွင်း ပြန်လာလေတော့ ပေသလူးဆိုတဲ့ ငှက်လည်က ကျွိစိကျွိစိနဲ့ တစ်ခေတ်မောင် အကြောင်းတိုင်တန်းတော့တာပဲ။ အလုံးစုံမပြောနိုင်ပေမဲ့ အဓိကစကားလုံးများကိုသာ ပြန်ပြောပြသည်မို့ အစ်ကိုထွင်းက နားလည်သွားကာ တစ်ခေတ်မောင်အားဆူလေတော့သည်။ ထိုနေ့ကတည်းက ပေသလူးသည် ဘယ်သောအခါမှ အိမ်တွင် တစ်ခေတ်မောင်နှင့် နှစ်ဦးတည်းကျန်မနေခဲ့တော့ပါ။ အစ်ကိုထွင်း ဘယ်သွားသွား လိုက်လေတော့သည်။ တစ်ခေတ်မောင်​၏ မြင်ပြင်းကပ်မှုဒီရေသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာတော့သည်။

"ကဲကွာ..."

တစ်ခေတ်မောင် စိတ်တိုတိုဖြင့် ငရုတ်သီးထောင်းချလိုက်ရာ သူ့မျက်လုံးထဲ ငရုတ်သီးဖတ် ဝင်သွားတော့သည်။

"အား..!..အစ်ကိုထွင်း...ကယ်ပါအုန်း...အား...စပ်တယ်...!"

တစ်ခေတ်မောင်တစ်ယောက်အော်ဟစ်နေတော့သည်။

"မောင် ဘယ်လိုဖြစ်တာလဲ.."

အစ်ကိုထွင်းကလည်း ငလည်ကောင်ကို ပစ်ပြီးနောက် ရိုးသားသည့် အညာသားလေးဆီ အပြေးရောက်ချလာတော့သည်။

တစ်ခေတ်မောင် အနည်းငယ်ပိုပြလိုက်သည်။

"အား....စပ်တယ်....မျက်လုံးထဲ ငရုတ်သီးဖတ် ဝင်သွားတာ...စပ်တယ်..."

"မောင်ရယ် နမောနမဲ့နဲ့..."

တစ်ခေတ်မောင်တစ်ယောက် အစ်ကိုထွင်း ဆွဲခေါ်ရာ ရေစဉ့်အိုးဆီရောက်လာ​၏။ အစ်ကိုထွင်းတစ်ယောက် ယောက်ယက်ခတ်နေကာ ရေတစ်ခွက် အမြန်ခပ်လိုက်သည်။

"မောင် ခါးကိုင်းပေးအုန်း..."

တစ်ခေတ်မောင် ခါးကိုင်းကာ အစ်ကိုထွင်းဆီ မျက်နှာတိုးသွားလိုက်သည်။

"ဘယ်လား ညာလားမောင်.."

"ဘယ်ဘက်အစ်ကိုထွင်း...စပ်တယ်...! မောင့်မျက်လုံးအတော်စပ်တယ်..."

အစ်ကိုထွင်းက သူ့လက်ခုပ်ထဲ ရေလေးအနည်းငယ်ထည့်ကာ တစ်ခေတ်မောင်​၏ ဘယ်ဘက်မျက်လုံးပေါ်လောင်းပေးနေ​၏။ အတင်းပိတ်ထားသော မျက်ခွံကို ခပ်ဖွဖွဖြဲကာ ရေလောင်းပေးနေ​၏။ ညင်ညင်သာသာလေးမို့ဘယ်ကဘယ်လို ငရုတ်သီးဖတ် ပြန်ထွက်သွားမှန်းတောင်မသိရ။

"သက်သာလားမောင်..."

စိုးရိမ်နေသော အစ်ကိုထွင်း​၏ နှုတ်ခမ်းလေးအား ဖြတ်ခနဲ ငုံ့နမ်းကာဖြေလိုက်သည်။

"သက်သာသွားပြီ အစ်ကိုထွင်း...."

ယနေ့အတွက် အနမ်းရသွားလေသော တစ်ခေတ်မောင်မှာပြုံးပျော်နေလျက်။ အနမ်းခံရသူမှာလည်း မျက်နှာလေးရဲနေလျက်။ ချောင်းကြည့်နေသူ အမောင် ပေသလူးမှာလည်း 'ငါ့နှယ် အံ့ပါရဲ့'ဟူသော ဈေးထဲမှ အဒေါ်ကြီးများပြောခဲ့သည့် စကားအား တတွတ်တွတ်ပြောကာ တစ်ဖက်သို့ လှည့်လိုက်ရသည်။

လူသားတွေက ဆန်းပြားပါတကား.....။

---------------

10.3.2023~ဆွေး~

သည်အပိုင်းလေးအတွက် လိုအပ်တဲ့အချက်တွေ စိတ်ရှည်ရှည်ပြောပြပေးတဲ့ ရှင်းငယ်ကို ကျေးဇူးတင်ပါတယ်ဗျ🖤
နောက်ထပ် extraတစ်ပိုင်း လာဖို့ရှိပါအုန်းမယ်။ တစ်ခါတည်းပေါင်းရေးလိုက်ရင် ရှည်သွားမှာစိုးလို့ပါ။ နောက်ထပ်တစ်ပိုင်းပြီးရင်တော့ မောင်တို့ကို extraရေးတာ ရပ်လိုက်ပါတော့မယ်နော်...

နောက်တစ်ပိုင်းမှာ ပြန်ဆုံပါမယ် ချစ်ရသူတို့🖤

Seguir leyendo

También te gustarán

608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
260K 6.9K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
326K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...