Unicode
ရန်ကုန်မြေကို ဆယ့်ငါးနှစ်ကြာပြီးမှ ပထမဆုံးအကြိမ် ပြန်လည်ခြေချရသောကြောင့် နေသစ် စိတ်လှုပ်ရှားမိတာအမှန်။
ငယ်ရွယ်တုန်းမှာ ဘာမဟုတ်တာလေးတွေကြောင့် ညီအစ်ကိုအချင်းချင်း စိတ်ဝမ်းကွဲမိပေမယ့် သူ့ရင်ထဲမုန်းနေတာမျိုးတော့မရှိပါ။
" သားငယ် "
လက်ကေ့စ်ကိုဆွဲပြီးထွက်လာစဥ္ သူ့ထံသို့ ပြုံးကြည့်ရင်း ခေါ်လာသော မေမေ့ကိုမြင်ရတာ စိတ်ကိုအေးချမ်းစေ၏။
မေမေ့ဘေးမှာတော့ ဖေဖေရယ်၊မော်ကွန်းရယ်ပါ မတ်တပ်ရပ်နေကြတာဖြစ်သည်။
" ဘာလို့လာကြိုရတာလဲ ... ပင်ပန်းတာပေါ့ဗျာ "
" အို ! မပင်ပန်းပါဘူးသားရယ် ၊သားပြန်လာမယ်ဆိုတည်းက မေမေတို့မှာမျှော်နေတာ "
ပျော်နေတဲ့မိခင်ကိုကြည့်ပြီး နေသစ်ပြုံးမိ၏။အဖေက ဟိုအရင်ကတည်းက သူ့ဘာသာအေးဆေးနေတက်သူမို့ စကားအများကြီးမပြောပေ။
နေသစ်တို့ အိမ်ကိုရောက်တော့ ညနေငါးနာရီနီးပါးလောက်ရှိနေပြီဖြစ်၏။
ရေမိုးချိုးပြီးနောက် အောက်ထပ်ဆင်းလာချိန် ဧည့်ခန်း၌လူစုံနေပြီဖြစ်သည်။
" သားငယ် ... ဗိုက်ဆာပြီလား "
" ဟင့်အင်း မဆာသေးပါဘူး "
" အင်း ... ဒီမှာ သားအစ်ကိုကို ဒီနေ့လူစုံအောင်လို့ခေါ်ထားရတယ် ... မဟုတ်ရင် သူကအလုပ်ထဲပဲ ခေါင်းပြန်စိုက်နေမှာ "
သားနှစ်ယောက်ကို ပြေလည်စေချင်သည့် မိဘတွေရဲ့စိတ်ကို သူနားလည်၏။ဒါ့ကြောင့် နေသစ် ခေါင်းငြိမ့်ပြလိုက်သည်။
" သားညီမလေးရော ငိုမှကျန်ခဲ့ရဲ့လား "
" ပထမနေ့ကတော့ငိုတယ် ... နောက်ရက်တော့မငိုတော့ဘူး "
" ကလေးတွေက ဒီလိုပါပဲ ... ဘာပဲဖြစ်ဖြစ် ဟိုမှာလည်း သူ့အဒေါ်တွေရှိတော့ စိတ်ချရပါတယ် "
" အင်း "
ညပိုင်းမှာတော့ စားကြသောက်ကြ၊စကားတွေပြောကြနဲ့အချိန်ကုန်သွားတယ်။ဆွေမျိုးအချို့ကလည်း သူပြန်ရောက်လာတာကို ဝမ်းသာကြောင်း လာပြောတယ်။
အချို့ကလည်း သူ့ပန်းချီပြခန်းအကြောင်းပြောပြီး ဂုဏ်ယူကြောင်းပြောကြတယ်။သူကတော့ လူရှုပ်တာမျိုးကို မကြိုက်သောကြောင့် စကားအနည်းငယ် လက်ခံပြောပြီးတာနဲ့ အားလုံးကို နှုတ်ဆက်လိုက်တယ်။
" ဆန်းနေ .."
နေသစ် အခန်းထဲဝင်ရန်ပြင်စဥ္မှာပဲ မော်ကွန်းက သူ့နာမည်အားခေါ်လာလေတယ်။
" အင်း "
" ငါတောင်းပန်ပါတယ် "
လှေကားလက်ရန်းကိုကိုင်ရင်း တောင်းပန်စကားဆိုလာတဲ့ မော်ကွန်းကို နေသစ်လှည့်ကြည့်လိုက်တယ်။
" မလိုဘူး မော်ကွန်း ... ဒါက ငယ်သေးတဲ့စိတ်နဲ့ဖြစ်သွားတဲ့ကိစ္စတွေ။ငါကအခု ကလေးမဟုတ်တော့ဘူး။ဟိုအရင်ကကိစ္စတွေကို ငါမေ့ပစ်လိုက်တာကြာပြီ "
" အဲ့ဒါဆို မင်းဘာလို့ပြန်မလာတာလဲ "
" ငါ့ဝါသနာကြောင့်ပေါ့ ... မင်းကိုတော့အားနာတယ်မော်ကွန်း .. ငါ့ကိုယ်စားပါ မိသားစုတာဝန်ကို ယူပေးထားလို့ "
" ဒါကလည်း ယာယီသဘောမျိုးလောက်ပဲဖြစ်လိမ့်မယ် ... မင်းတလှည့်အနားယူဖို့လိုမယ်ထင်လို့ ငါပြန်လာတာ ... မင်းစိတ်ချလက်ချနဲ့ နားလို့ရတယ် "
" အင်း .. ကျေးဇူး "
နေသစ်ကစကားနည်း၏။သို့သော် မော်ကွန်းနဲ့ဆို သူကစကားပိုပြော၏။အမွှာတွေမို့ တစ်ယောက်အတွေးကို တစ်ယောက်နားလည်နေတာလည်း ပါလိမ့်မည်။တစ်ချိန်တုန်းကတော့ အတွေးတွေမတူခဲ့သော်လည်းပဲပေါ့။
နေသစ်ခေါင်းငြိမ့်ကာ အခန်းထဲဝင်လာခဲ့လိုက်သည်။သူစိမ်းမိန်းကလေးတစ်ယောက်ကြောင့် ညီအစ်နှစ်ယောက် တစ်သက်လုံးစကားမပြောနိုင်တော့ဖို့ဆိုတာ မဖြစ်သင့်တဲ့ကိစ္စပဲမဟုတ်လား။သူကတော့ မိသားစုဆိုတဲ့အသိုက်အမြုံကို သူစိမ်းတွေကြောင့် ပြိုကွဲတာမျိုးမဖြစ်စေချင်ပါ။
•••••
" ဆိုရာ ငါမောနေပြီ မပြေးနဲ့တော့ "
ကြည့် ! သူပဲ မနက်စောစော အပြေးလေ့ကျင့်ချင်ပါသည်ဟုဆိုကာ ညွှန်းကိုမရမကခေါ်လာပြီး အခုကျမပြေးချင်ဖြစ်ရပြန်၏။
" ဘာဖြစ်ပြန်ပြီလဲ Bimbo ရာ ... မင်းပဲအမျိုးမျိုး "
" ဟ ! ငါမောနေပြီလေကွာ ... ငါကမင်းလို အားအင်ပြည့်ဝနေတာမှမဟုတ်တာ ... ငါ့ဦးလေးကလည်း မင်းကိုသာ ဘာလေးစား ညာလေးစားနဲ့ကျွေးတာ ငါ့ဆိုအသက်ရှိတယ်တောင်ထင်တာမဟုတ်ဘူး "
" အဲ့လိုလည်းမဟုတ်ပါဘူးကွာ ... ငါကဧည့်သည်ဆိုတော့ ဧည့်ဝတ်ကျေချင်လို့နေမှာပါ "
" ဘယ်ကသာ ဧည့်ဝတ်ကျေချင်လို့ရမှာလဲဘေဘီရာ ... ကိုယ်ကတာဝန်ကျေချင်တာ ..."
ညွှန်းတို့အနောက်ကနေ ဘွားကနဲပေါ်လာပြီး ပြောလိုက်တာကြောင့် သူတို့နှစ်ယောက်လုံး လန့်ပင်သွား၏။
" ဦးလေးက စောစောစီးစီးဘယ်လိုဖြစ်လို့ ကျွန်တော်တို့ရှိတဲ့နေရာရောက်လာပြန်တာလဲ "
" ဘယ်လိုရမှာလဲ ... မင်းအမေ ငါ့အစ်မကို ဖုန်းဆက်တုန်း သူပြောလို့သိပြီးရောက်လာတာပေါ့ "
" နောက်ဆို မာကတ်တင်းအလုပ်မလုပ်ဘဲ စုံထောက်လုပ်စား "
" ဒီကိစ္စလောက်လေးက စုံထောက်လုပ်ဖို့ထိမလိုပါဘူးငါ့တူရာ "
တွေ့တာနဲ့အထေ့အငေါ့လေးမှမပြောရရင် မနေနိုင်တဲ့ တူဝရီးတွေပါ။ညွှန်းနားကို အရမ်းကပ်လွန်းတဲ့ထိုလူကြီးကို ဘယ်လိုလုပ်ရမှန်းမသိတော့ပါ။
" ဘေဘီ ကိုယ်က နောက်နှစ်ပတ်လောက်နေရင် ဩစီသွားရမှာ ... ဘေဘီမပြန်ပါနဲ့ဦးလား "
" ဟင် ! အင်း ! မပြန်လို့ မရဘူးလေ ... ကျွန်တော်တို့က သင်တန်းတွေဆက်တက်ဖို့ရှိသေးတယ် "
" ကိုယ်တော့လွမ်းနေတော့မှာပဲ ... ဒါဆို ဘေဘီ ပြင်သစ်ရောက်ရင် ကိုယ်ဖုန်းဆက်မယ်နော် ... မကြာမကြာလည်း လာခဲ့မယ် "
Bimbo သူ့ဦးလေးကိုကြည့်ပြီး စိတ်ဆင်းရဲမိ၏။အခုမှ ဖောအင်လပ်ဖ်နေတာ မြင်လို့ပင်မကောင်းပေ။အဖွားနဲ့ကိုသွားတိုင်ပစ်ဦးမည်။အဖွားသား ကျွန်တော့်ဦးလေးက သူ့သားအရွယ်လေးကို ဖွန်ကြောင်နေပါတယ်ဆိုပြီးတော့။
အချစ်ကိုကြောက်လို့ ရေခြားမြေခြားထွက်ပြေးလာတဲ့သူကိုမှ သဲကဲနေတဲ့ဦးလေးကိုပဲသနားမိတော့သည်။
" ဘေဘီ ကိုယ့်ကိုစကားပြန်ပြောပါဦး "
" ကျွန်တော့်နှလုံးသားက အနာတရတွေနဲ့ BenSon ... အဲ့ဒီအနာကိုကုသဖို့ ကျွန်တော်အခုချိန်ထိအများကြီးမကြိုးစားရသေးဘူး .. ဘာလို့လဲ BenSon သိလား "
ညွှန်းမေးတော့ BenSon ကခေါင်းခါပြ၏။
" အဲ့ဒီ့အနာတွေအရှင်းပျောက်သွားရင် ကျွန်တော်ဆိုတာ မရှိနိုင်တော့လို့ပဲ။သူက ကျွန်တော့်အပေါ် အဲ့လောက်ထိလွှမ်းမိုးနိုင်တဲ့သူပါ။ကျွန်တော့်အပေါ် BenSon ဘယ်လိုသဘောထားလဲ ကျွန်တော်အတိအကျမသိပေမယ့် ... အချစ်ဆိုတာ ကျွန်တော့်အတွက် ကျိန်စာတစ်ခုလိုပဲ။ဒါ့ကြောင့် ကျွန်တော် ဘယ်သူ့ကိုမှထပ်ချစ်လာဖြစ်တော့မယ်မထင်ဘူး "
အချစ်က ညွှန်းအတွက် ကျိန်စာတစ်ခုလိုပဲ။ဦးမော်ကို မေ့နိုင်ဖို့ဘယ်လောက်ကြိုးစားပါစေ ညွှန်းမလုပ်နိုင်ဘူး။ဦးမော်ကို မပိုင်ဆိုင်ရရင်တောင် ညွှန်းတစ်ဖက်သတ်ချစ်နေနိုင်သေးတာပဲ။ညွှန်းရဲ့တစ်ဖက်သတ်အချစ်တွေကို ဘယ်သူမှတားဆီးလို့မရဘူးလေ။တနေ့နေ့တချိန်ချိန်မှာတော့ ဦးမော်ကို ညွှန်းမေ့နိုင်ကောင်းပါရဲ့။
" ဒါဆို ကိုယ့်ဘက်ကတော့ ဘေဘီ့ကိုချစ်လို့ရတယ်မလား။အချစ်ဆိုတာ အပြန်အလှန်ချစ်မှ အချစ်လို့ခေါ်တာမဟုတ်ဘူးဘေဘီ။ကိုယ်တို့ရင်ထဲမှာ အဲ့လူရှိနေရင်ကို ကိုယ်တို့က ချစ်သူတွေဖြစ်နေကြပြီ။ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ချစ်သူဖြစ်လိုက်လည်းရတာပဲလေ။အဲ့အပေါ်မှာ ကိုယ်မင်းကို မဲမဆွယ်ပါဘူး။ကိုယ်ကပူလောင်ရတဲ့အချစ်တွေကို မကြိုက်ဘူးဘေဘီ။ပိုင်ဆိုင်ရမှအချစ်လို့လည်းမသတ်မှတ်ဘူး။ကိုယ့်ရင်ထဲမှာ မင်းရှိနေရင်ကို မင်းကကိုယ့်ရဲ့ချစ်သူဖြစ်နေပြီ။မင်းရဲ့ချစ်သူက ကိုယ်မဟုတ်ပေမယ့်လည်းပေါ့ "
BenSon စကားကြောင့် ညွှန်းသက်ပြင်းတွေချမိ၏။
" BenSon ခဗျားလည်း ကျွန်တော့်လို ရူးမိုက်တာပဲ "
ညွှန်းရဲ့စကားကို BenSon ရယ်မိ၏။ညှိုးရော်နေတဲ့မျက်ဝန်းလေးတွေကိုမြင်လိုက်ရတည်းက ထိုကလေးကို သူစိတ်ဝင်စားသွားတာဖြစ်သည်။ထိုကလေးကိုပျော်စေချင်သည်။ထိုကလေးကို နွေးထွေးပေးချင်သည်။မျက်နှာလေးက ပြုံးနေပေမယ့် မျက်ဝန်းလေးတွေက မှိုင်းနေတာကို သူမသိခဲ့ပဲနေမတဲ့လား။သူဆိုတာ အလုပ်ကိစ္စနဲ့ နိုင်ငံတကာသွားပြီး လူအမျိုးမျိုးဆက်ဆံခဲ့ဖူးတဲ့လူလေ။
" ကိုယ့်ကြောင့် ဘေဘီပျော်ရင်ကျေနပ်ပြီ။ကျန်တာတွေကတော့ နောက်မှပေါ့ "
•••••••••
" ဆန်းနေသစ် နင်ပြန်လာပြီလား "
" အင်း "
" မော်ကွန်းနဲ့ငါ့အကြောင်း နင်သိပြီးပြီလား "
" စိတ်မဝင်စားဘူး "
စကားကပြတ်၏။ခင်လေးမေ နှုတ်ခမ်းကိုမဲ့ကာ ခပ်ရွတ်ရွတ်ပြုံးမိ၏။
" ဘာလည်း ငါ့ကိုစိတ်ဆိုးနေတုန်းလား "
" ခင်လေးမေ ကလေးမဆန်တော့နဲ့ ။ ဒီအရွယ်က ကလေးဆန်ဆန်လုပ်နေရမယ့်အရွယ်မဟုတ်ဘူး "
" ဟား ဟား နင်စကားတွေအများကြီးပြောလာပြီပဲ ... ငါထင်တာ နင်ငါ့ကို စကားတောင်လက်ခံပြောပါ့မလားလို့လေ "
" ငါတို့ကသူငယ်ချင်းဖြစ်ခဲ့ဖူးတာပဲ "
" ဟုတ်လား ... အဲ့ညကကိစ္စက မော်ကွန်းမဟုတ်ဘဲ နင်ဆိုတာကို အခုချိန်ထိ နင်မသိသေးဘူးလား "
" ဘာ "
" ဟား ဟား ... လန့်သွားတာလား ... မော်ကွန်းက နင့်ကိုတော့ တော်တော်ချစ်ရှာသားပဲ "
" မင်း ဘာမဟုတ်တာတွေပြောနေတာလဲ "
ဟုတ်တယ်။ကိုယ်က ဘာလို့ဒီလိုအမှားမျိုးလုပ်ရမှာလဲ။ငယ်ရွယ်တုန်းမှာ ဒီမိန်းကလေးကို ဘယ်လောက်ပဲသဘောကျခဲ့ပါစေ ကိုယ်က ဒီလိုလုပ်ခဲ့မှာမဟုတ်။
" မယုံရင် မော်ကွန်းကိုသွားမေးကြည့်လိုက်လေ "
" မဖြစ်နိုင်ဘူး ... မော်ကွန်းကိုယ်တိုင်က သူပါလို့ပြောခဲ့တာပဲ "
" အဲ့ဒါ ငါ့ကြောင့်လေ ... ငါကသူ့ကိုချစ်တယ် ။ဒါ့ကြောင့် ငါ့သဘောကိုသူလက်ခံခဲ့တာ။နင်ထွက်သွားတော့ ငါဘယ်လောက်ပျော်နေမိလဲသိရဲ့လား။ငါ့အနားမှာ မော်ကွန်းသစ်တည်မြဲနေဖို့ ငါကဘာမဆိုလုပ်ခဲ့တယ်။ဒါပေမယ့် အခု သူကအရူးလိုပဲ။ဘာမဟုတ်တဲ့အကောင်ကြောင့် ငါ့လိုမိန်းမမျိုးကို စွန့်ပစ်ချင်နေတာ "
ဝုန်း !
" ခင်လေးမေ "
တံခါးကိုဆောင့်တွန်းဖွင့်ရင်းဝင်လာတဲ့မော်ကွန်းပုံစံက မောကြီးပန်းကြီးနဲ့ဖြစ်၏။
" ဟွန်း ! နောက်ကျသွားပြီဟန်နီ "
" မင်းရူးနေတာလား ခင်လေးမေ ... မင်းက်ုယ်မင်းမိန်းကလေးဆိုတာရော နားလည်ရဲ့လား "
" နားလည်တယ် ။ငါ့ကိုယ်ငါမိန်းကလေးဆိုတာနားလည်တယ် မော်ကွန်း။ဒါပေမယ့် နားမလည်တာက နင်။နင့်ကြောင့် ငါ့ဘဝကရှုပ်ထွေးနေရတာ။နင့်ကိုချစ်မိလို့အခုလိုတွေဖြစ်ကုန်တာ "
ခင်လေးမေ မော်ကွန်းကို ထုရိုက်ပစ်၏။ဤယောကျ်ားကိုချစ်မိလို့ အချိန်အကြာကြီး ဤယောကျ်ားအနားမှာရှိနေခဲ့တာဖြစ်သည်။အချိန်တွေကြာလာရင် ပြန်ချစ်လာမှာပဲဆိုတဲ့မျှော်လင့်ချက်နဲ့နေခဲ့ပေမယ့် ပြန်ရတာက လမ်းခွဲမှုတဲ့။
ပိုပြီးရင်နာစရာကောင်းတာက ယောကျ်ားလေးတစ်ယောက်ကြောင့် သူမကိုလမ်းခွဲချင်တာဖြစ်၏။သူမလက်မခံချင်။
" ခင်လေး ... ငါမင်းအနားမှာ မင်းသတ်မှတ်ထားတဲ့အချိန်ထိနေပေးပြီးပြီလေ။ငါ့ဘဝကို ငါ့ဘာသာလွတ်လွတ်လပ်လပ်ပျံသန်းခွင့်ပေးလို့မရဘူးလား။ငါမင်းအပေါ်အပြစ်လုပ်မိပါတယ်။မင်းကိုချစ်နိုင်အောင်လည်း ငါကြိုးစားခဲ့တာပဲ။မင်းကလှတယ်။ထက်မြတ်တယ်။ငါ့ဘဝအတွက် မင်းကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် ငါ့ရင်ထဲမှာရှိတာက မင်းဟုတ်မနေခဲ့ဘူးလေ။ငါလည်း အဲ့ဒါကိုအချိန်နှောင်းမှသိခဲ့ရတာပါ။မင်းလိုပဲ ငါလည်းခံစားနေရတာပဲ။ဒါက မင်းအပေါ်လုပ်မိတဲ့အပြစ်ရယ်သူ့အပေါ်လုပ်မိတဲ့အပြစ်ရယ်အတွက် ငါပြန်ခံနေရတာပါ။ငါတောင်းပန်ပါတယ်။ဒီလောက်နဲ့ပဲ ငါတို့တော်လိုက်လို့မရဘူးလား "
" တော်မယ်။တော်မယ်ပေါ့ "
ခင်လေးမေ ချုံးပွဲချငိုမိသည်။ဘာလို့များ သူမတို့တွေက လိုတာမရ၊မရတာကိုပဲလိုချင်နေကြတာလဲ။စချစ်မိတည်းက ပင်ပန်းရတာ ဒီနေ့ထိပင်။လူတစ်ယောက်ကိုချစ်ရတာ ဘာလို့များ အရမ်းပင်ပန်းရတာလဲ။
" ငါ့ဘက်က လက်လျှော့မယ်ထင်နေလားမော်ကွန်း။ငါက နင်နဲ့အတူငရဲသွားရမယ်ဆိုရင်တောင် ပျော်ပျော်ကြီးသွားချင်နေတဲ့လူစားပါမော်ကွန်းရယ်။နင် မသိတက်လိုက်တာ "
ပိုက်ဆံအိတ်အနက်လေးကို ခပ်တင်းတင်းကိုက်ကာ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်၍ သူမလှည့်ထွက်လာမိ၏။
အချစ်က သိပ်ပင်ပန်းသည်။အချစ်ဆိုတာ သူမအတွက်တော့ အမှောင်ထဲ အပ်ပျောက်ရှာရသလို ခက်ခဲ၏။ထိုလူသား သူတစ်ပါးအပိုင်မဖြစ်သေးသရွေ့တော့ သူမမှာမျှော်လင့်ခွင့်ရှိပါသေးသည်။
ပထမဆုံးတွေ့ခဲ့တာကိုယ်ဆိုပေမယ့်
နောက်ဆုံးဖြစ်ခဲ့တာလည်းကိုယ်ပါပဲ
အားကိုးတကြီးနဲ့မြတ်တစ်ဆုပ်စာလေးဆွဲဖမ်းမိပေမယ့်
မျှော်လင့်ချက်ကတော့ ကြာလေဝေးလေပါပဲချစ်ရသူ။
8.2.2023
Ma Wai
A/N••• ဖိဘက်လေးတွေသိပ်မမြင်ရတော့ အားတောင်လျော့သွားတယ်ကွယ်။စာလုံးပေါင်းလေးတွေပြန်မစစ်ထားလို့ အမှားပါသွားရင်ထောက်ပြပေးကြပါဦး။နောက်ရက် ပုံမှန်းလေးပြန်တင်ပေးနိုင်အောင်ကြိုးစားပေးပါ့မယ်။နေကောင်းကျန်းမာပျော်ရွှင်ကြပါစေ 💛
Zawgyi
ep 12
ရန္ကုန္ေျမကို ဆယ့္ငါးႏွစ္ၾကာၿပီးမွ ပထမဆုံးအႀကိမ္ ျပန္လည္ေျခခ်ရေသာေၾကာင့္ ေနသစ္ စိတ္လႈပ္႐ွားမိတာအမွန္။
ငယ္႐ြယ္တုန္းမွာ ဘာမဟုတ္တာေလးေတြေၾကာင့္ ညီအစ္ကိုအခ်င္းခ်င္း စိတ္ဝမ္းကြဲမိေပမယ့္ သူ႕ရင္ထဲမုန္းေနတာမ်ိဳးေတာ့မ႐ွိပါ။
" သားငယ္ "
လက္ေက့စ္ကိုဆြဲၿပီးထြက္လာစဥ္ သူ႕ထံသို႔ ျပဳံးၾကည့္ရင္း ေခၚလာေသာ ေမေမ့ကိုျမင္ရတာ စိတ္ကိုေအးခ်မ္းေစ၏။
ေမေမ့ေဘးမွာေတာ့ ေဖေဖရယ္၊ေမာ္ကြန္းရယ္ပါ မတ္တပ္ရပ္ေနၾကတာျဖစ္သည္။
" ဘာလို႔လာႀကိဳရတာလဲ ... ပင္ပန္းတာေပါ့ဗ်ာ "
" အို ! မပင္ပန္းပါဘူးသားရယ္ ၊သားျပန္လာမယ္ဆိုတည္းက ေမေမတို႔မွာေမွ်ာ္ေနတာ "
ေပ်ာ္ေနတဲ့မိခင္ကိုၾကည့္ၿပီး ေနသစ္ျပဳံးမိ၏။အေဖက ဟိုအရင္ကတည္းက သူ႕ဘာသာေအးေဆးေနတက္သူမို႔ စကားအမ်ားႀကီးမေျပာေပ။
ေနသစ္တို႔ အိမ္ကိုေရာက္ေတာ့ ညေနငါးနာရီနီးပါးေလာက္႐ွိေနၿပီျဖစ္၏။
ေရမိုးခ်ိဳးၿပီးေနာက္ ေအာက္ထပ္ဆင္းလာခ်ိန္ ဧည့္ခန္း၌လူစုံေနၿပီျဖစ္သည္။
" သားငယ္ ... ဗိုက္ဆာၿပီလား "
" ဟင့္အင္း မဆာေသးပါဘူး "
" အင္း ... ဒီမွာ သားအစ္ကိုကို ဒီေန႔လူစုံေအာင္လို႔ေခၚထားရတယ္ ... မဟုတ္ရင္ သူကအလုပ္ထဲပဲ ေခါင္းျပန္စိုက္ေနမွာ "
သားႏွစ္ေယာက္ကို ေျပလည္ေစခ်င္သည့္ မိဘေတြရဲ႕စိတ္ကို သူနားလည္၏။ဒါ့ေၾကာင့္ ေနသစ္ ေခါင္းၿငိမ့္ျပလိုက္သည္။
" သားညီမေလးေရာ ငိုမွက်န္ခဲ့ရဲ႕လား "
" ပထမေန႔ကေတာ့ငိုတယ္ ... ေနာက္ရက္ေတာ့မငိုေတာ့ဘူး "
" ကေလးေတြက ဒီလိုပါပဲ ... ဘာပဲျဖစ္ျဖစ္ ဟိုမွာလည္း သူ႕အေဒၚေတြ႐ွိေတာ့ စိတ္ခ်ရပါတယ္ "
" အင္း "
ညပိုင္းမွာေတာ့ စားၾကေသာက္ၾက၊စကားေတြေျပာၾကနဲ႔အခ်ိန္ကုန္သြားတယ္။ေဆြမ်ိဳးအခ်ိဳ႕ကလည္း သူျပန္ေရာက္လာတာကို ဝမ္းသာေၾကာင္း လာေျပာတယ္။
အခ်ိဳ႕ကလည္း သူ႕ပန္းခ်ီျပခန္းအေၾကာင္းေျပာၿပီး ဂုဏ္ယူေၾကာင္းေျပာၾကတယ္။သူကေတာ့ လူ႐ႈပ္တာမ်ိဳးကို မႀကိဳက္ေသာေၾကာင့္ စကားအနည္းငယ္ လက္ခံေျပာၿပီးတာနဲ႔ အားလုံးကို ႏႈတ္ဆက္လိုက္တယ္။
" ဆန္းေန .."
ေနသစ္ အခန္းထဲဝင္ရန္ျပင္စၪၼွာပဲ ေမာ္ကြန္းက သူ႕နာမည္အားေခၚလာေလတယ္။
" အင္း "
" ငါေတာင္းပန္ပါတယ္ "
ေလွကားလက္ရန္းကိုကိုင္ရင္း ေတာင္းပန္စကားဆိုလာတဲ့ ေမာ္ကြန္းကို ေနသစ္လွည့္ၾကည့္လိုက္တယ္။
" မလိုဘူး ေမာ္ကြန္း ... ဒါက ငယ္ေသးတဲ့စိတ္နဲ႔ျဖစ္သြားတဲ့ကိစၥေတြ။ငါကအခု ကေလးမဟုတ္ေတာ့ဘူး။ဟိုအရင္ကကိစၥေတြကို ငါေမ့ပစ္လိုက္တာၾကာၿပီ "
" အဲ့ဒါဆို မင္းဘာလို႔ျပန္မလာတာလဲ "
" ငါ့ဝါသနာေၾကာင့္ေပါ့ ... မင္းကိုေတာ့အားနာတယ္ေမာ္ကြန္း .. ငါ့ကိုယ္စားပါ မိသားစုတာဝန္ကို ယူေပးထားလို႔ "
" ဒါကလည္း ယာယီသေဘာမ်ိဳးေလာက္ပဲျဖစ္လိမ့္မယ္ ... မင္းတလွည့္အနားယူဖို႔လိုမယ္ထင္လို႔ ငါျပန္လာတာ ... မင္းစိတ္ခ်လက္ခ်နဲ႔ နားလို႔ရတယ္ "
" အင္း .. ေက်းဇူး "
ေနသစ္ကစကားနည္း၏။သို႔ေသာ္ ေမာ္ကြန္းနဲ႔ဆို သူကစကားပိုေျပာ၏။အမႊာေတြမို႔ တစ္ေယာက္အေတြးကို တစ္ေယာက္နားလည္ေနတာလည္း ပါလိမ့္မည္။တစ္ခ်ိန္တုန္းကေတာ့ အေတြးေတြမတူခဲ့ေသာ္လည္းပဲေပါ့။
ေနသစ္ေခါင္းၿငိမ့္ကာ အခန္းထဲဝင္လာခဲ့လိုက္သည္။သူစိမ္းမိန္းကေလးတစ္ေယာက္ေၾကာင့္ ညီအစ္ႏွစ္ေယာက္ တစ္သက္လုံးစကားမေျပာႏိုင္ေတာ့ဖို႔ဆိုတာ မျဖစ္သင့္တဲ့ကိစၥပဲမဟုတ္လား။သူကေတာ့ မိသားစုဆိုတဲ့အသိုက္အျမဳံကို သူစိမ္းေတြေၾကာင့္ ၿပိဳကြဲတာမ်ိဳးမျဖစ္ေစခ်င္ပါ။
•••••
" ဆိုရာ ငါေမာေနၿပီ မေျပးနဲ႔ေတာ့ "
ၾကည့္ ! သူပဲ မနက္ေစာေစာ အေျပးေလ့က်င့္ခ်င္ပါသည္ဟုဆိုကာ ၫႊန္းကိုမရမကေခၚလာၿပီး အခုက်မေျပးခ်င္ျဖစ္ရျပန္၏။
" ဘာျဖစ္ျပန္ၿပီလဲ Bimbo ရာ ... မင္းပဲအမ်ိဳးမ်ိဳး "
" ဟ ! ငါေမာေနၿပီေလကြာ ... ငါကမင္းလို အားအင္ျပည့္ဝေနတာမွမဟုတ္တာ ... ငါ့ဦးေလးကလည္း မင္းကိုသာ ဘာေလးစား ညာေလးစားနဲ႔ေကြၽးတာ ငါ့ဆိုအသက္႐ွိတယ္ေတာင္ထင္တာမဟုတ္ဘူး "
" အဲ့လိုလည္းမဟုတ္ပါဘူးကြာ ... ငါကဧည့္သည္ဆိုေတာ့ ဧည့္ဝတ္ေက်ခ်င္လို႔ေနမွာပါ "
" ဘယ္ကသာ ဧည့္ဝတ္ေက်ခ်င္လို႔ရမွာလဲေဘဘီရာ ... ကိုယ္ကတာဝန္ေက်ခ်င္တာ ..."
ၫႊန္းတို႔အေနာက္ကေန ဘြားကနဲေပၚလာၿပီး ေျပာလိုက္တာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး လန္႔ပင္သြား၏။
" ဦးေလးက ေစာေစာစီးစီးဘယ္လိုျဖစ္လို႔ ကြၽန္ေတာ္တို႔႐ွိတဲ့ေနရာေရာက္လာျပန္တာလဲ "
" ဘယ္လိုရမွာလဲ ... မင္းအေမ ငါ့အစ္မကို ဖုန္းဆက္တုန္း သူေျပာလို႔သိၿပီးေရာက္လာတာေပါ့ "
" ေနာက္ဆို မာကတ္တင္းအလုပ္မလုပ္ဘဲ စုံေထာက္လုပ္စား "
" ဒီကိစၥေလာက္ေလးက စုံေထာက္လုပ္ဖို႔ထိမလိုပါဘူးငါ့တူရာ "
ေတြ႕တာနဲ႔အေထ့အေငါ့ေလးမွမေျပာရရင္ မေနႏိုင္တဲ့ တူဝရီးေတြပါ။ၫႊန္းနားကို အရမ္းကပ္လြန္းတဲ့ထိုလူႀကီးကို ဘယ္လိုလုပ္ရမွန္းမသိေတာ့ပါ။
" ေဘဘီ ကိုယ္က ေနာက္ႏွစ္ပတ္ေလာက္ေနရင္ ဩစီသြားရမွာ ... ေဘဘီမျပန္ပါနဲ႔ဦးလား "
" ဟင္ ! အင္း ! မျပန္လို႔ မရဘူးေလ ... ကြၽန္ေတာ္တို႔က သင္တန္းေတြဆက္တက္ဖို႔႐ွိေသးတယ္ "
" ကိုယ္ေတာ့လြမ္းေနေတာ့မွာပဲ ... ဒါဆို ေဘဘီ ျပင္သစ္ေရာက္ရင္ ကိုယ္ဖုန္းဆက္မယ္ေနာ္ ... မၾကာမၾကာလည္း လာခဲ့မယ္ "
Bimbo သူ႕ဦးေလးကိုၾကည့္ၿပီး စိတ္ဆင္းရဲမိ၏။အခုမွ ေဖာအင္လပ္ဖ္ေနတာ ျမင္လို႔ပင္မေကာင္းေပ။အဖြားနဲ႔ကိုသြားတိုင္ပစ္ဦးမည္။အဖြားသား ကြၽန္ေတာ္႕ဦးေလးက သူ႕သားအ႐ြယ္ေလးကို ဖြန္ေၾကာင္ေနပါတယ္ဆိုၿပီးေတာ့။
အခ်စ္ကိုေၾကာက္လို႔ ေရျခားေျမျခားထြက္ေျပးလာတဲ့သူကိုမွ သဲကဲေနတဲ့ဦးေလးကိုပဲသနားမိေတာ့သည္။
" ေဘဘီ ကိုယ့္ကိုစကားျပန္ေျပာပါဦး "
" ကြၽန္ေတာ္႕ႏွလုံးသားက အနာတရေတြနဲ႔ BenSon ... အဲ့ဒီအနာကိုကုသဖို႔ ကြၽန္ေတာ္အခုခ်ိန္ထိအမ်ားႀကီးမႀကိဳးစားရေသးဘူး .. ဘာလို႔လဲ BenSon သိလား "
ၫႊန္းေမးေတာ့ BenSon ကေခါင္းခါျပ၏။
" အဲ့ဒီ့အနာေတြအ႐ွင္းေပ်ာက္သြားရင္ ကြၽန္ေတာ္ဆိုတာ မ႐ွိႏိုင္ေတာ့လို႔ပဲ။သူက ကြၽန္ေတာ္႕အေပၚ အဲ့ေလာက္ထိလႊမ္းမိုးႏိုင္တဲ့သူပါ။ကြၽန္ေတာ္႕အေပၚ BenSon ဘယ္လိုသေဘာထားလဲ ကြၽန္ေတာ္အတိအက်မသိေပမယ့္ ... အခ်စ္ဆိုတာ ကြၽန္ေတာ္႕အတြက္ က်ိန္စာတစ္ခုလိုပဲ။ဒါ့ေၾကာင့္ ကြၽန္ေတာ္ ဘယ္သူ႕ကိုမွထပ္ခ်စ္လာျဖစ္ေတာ့မယ္မထင္ဘူး "
အခ်စ္က ၫႊန္းအတြက္ က်ိန္စာတစ္ခုလိုပဲ။ဦးေမာ္ကို ေမ့ႏိုင္ဖို႔ဘယ္ေလာက္ႀကိဳးစားပါေစ ၫႊန္းမလုပ္ႏိုင္ဘူး။ဦးေမာ္ကို မပိုင္ဆိုင္ရရင္ေတာင္ ၫႊန္းတစ္ဖက္သတ္ခ်စ္ေနႏိုင္ေသးတာပဲ။ၫႊန္းရဲ႕တစ္ဖက္သတ္အခ်စ္ေတြကို ဘယ္သူမွတားဆီးလို႔မရဘူးေလ။တေန႔ေန႔တခ်ိန္ခ်ိန္မွာေတာ့ ဦးေမာ္ကို ၫႊန္းေမ့ႏိုင္ေကာင္းပါရဲ႕။
" ဒါဆို ကိုယ့္ဘက္ကေတာ့ ေဘဘီ့ကိုခ်စ္လို႔ရတယ္မလား။အခ်စ္ဆိုတာ အျပန္အလွန္ခ်စ္မွ အခ်စ္လို႔ေခၚတာမဟုတ္ဘူးေဘဘီ။ကိုယ္တို႔ရင္ထဲမွာ အဲ့လူ႐ွိေနရင္ကို ကိုယ္တို႔က ခ်စ္သူေတြျဖစ္ေနၾကၿပီ။ကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ကိုယ္ ခ်စ္သူျဖစ္လိုက္လည္းရတာပဲေလ။အဲ့အေပၚမွာ ကိုယ္မင္းကို မဲမဆြယ္ပါဘူး။ကိုယ္ကပူေလာင္ရတဲ့အခ်စ္ေတြကို မႀကိဳက္ဘူးေဘဘီ။ပိုင္ဆိုင္ရမွအခ်စ္လို႔လည္းမသတ္မွတ္ဘူး။ကိုယ့္ရင္ထဲမွာ မင္း႐ွိေနရင္ကို မင္းကကိုယ့္ရဲ႕ခ်စ္သူျဖစ္ေနၿပီ။မင္းရဲ႕ခ်စ္သူက ကိုယ္မဟုတ္ေပမယ့္လည္းေပါ့ "
BenSon စကားေၾကာင့္ ၫႊန္းသက္ျပင္းေတြခ်မိ၏။
" BenSon ခဗ်ားလည္း ကြၽန္ေတာ္႕လို ႐ူးမိုက္တာပဲ "
ၫႊန္းရဲ႕စကားကို BenSon ရယ္မိ၏။ညိႇဳးေရာ္ေနတဲ့မ်က္ဝန္းေလးေတြကိုျမင္လိုက္ရတည္းက ထိုကေလးကို သူစိတ္ဝင္စားသြားတာျဖစ္သည္။ထိုကေလးကိုေပ်ာ္ေစခ်င္သည္။ထိုကေလးကို ေႏြးေထြးေပးခ်င္သည္။မ်က္ႏွာေလးက ျပဳံးေနေပမယ့္ မ်က္ဝန္းေလးေတြက မိႈင္းေနတာကို သူမသိခဲ့ပဲေနမတဲ့လား။သူဆိုတာ အလုပ္ကိစၥနဲ႔ ႏိုင္ငံတကာသြားၿပီး လူအမ်ိဳးမ်ိဳးဆက္ဆံခဲ့ဖူးတဲ့လူေလ။
" ကိုယ့္ေၾကာင့္ ေဘဘီေပ်ာ္ရင္ေက်နပ္ၿပီ။က်န္တာေတြကေတာ့ ေနာက္မွေပါ့ "
•••••••••
" ဆန္းေနသစ္ နင္ျပန္လာၿပီလား "
" အင္း "
" ေမာ္ကြန္းနဲ႔ငါ့အေၾကာင္း နင္သိၿပီးၿပီလား "
" စိတ္မဝင္စားဘူး "
စကားကျပတ္၏။ခင္ေလးေမ ႏႈတ္ခမ္းကိုမဲ့ကာ ခပ္႐ြတ္႐ြတ္ျပဳံးမိ၏။
" ဘာလည္း ငါ့ကိုစိတ္ဆိုးေနတုန္းလား "
" ခင္ေလးေမ ကေလးမဆန္ေတာ့နဲ႔ ။ ဒီအ႐ြယ္က ကေလးဆန္ဆန္လုပ္ေနရမယ့္အ႐ြယ္မဟုတ္ဘူး "
" ဟား ဟား နင္စကားေတြအမ်ားႀကီးေျပာလာၿပီပဲ ... ငါထင္တာ နင္ငါ့ကို စကားေတာင္လက္ခံေျပာပါ့မလားလို႔ေလ "
" ငါတို႔ကသူငယ္ခ်င္းျဖစ္ခဲ့ဖူးတာပဲ "
" ဟုတ္လား ... အဲ့ညကကိစၥက ေမာ္ကြန္းမဟုတ္ဘဲ နင္ဆိုတာကို အခုခ်ိန္ထိ နင္မသိေသးဘူးလား "
" ဘာ "
" ဟား ဟား ... လန္႔သြားတာလား ... ေမာ္ကြန္းက နင့္ကိုေတာ့ ေတာ္ေတာ္ခ်စ္႐ွာသားပဲ "
" မင္း ဘာမဟုတ္တာေတြေျပာေနတာလဲ "
ဟုတ္တယ္။ကိုယ္က ဘာလို႔ဒီလိုအမွားမ်ိဳးလုပ္ရမွာလဲ။ငယ္႐ြယ္တုန္းမွာ ဒီမိန္းကေလးကို ဘယ္ေလာက္ပဲသေဘာက်ခဲ့ပါေစ ကိုယ္က ဒီလိုလုပ္ခဲ့မွာမဟုတ္။
" မယုံရင္ ေမာ္ကြန္းကိုသြားေမးၾကည့္လိုက္ေလ "
" မျဖစ္ႏိုင္ဘူး ... ေမာ္ကြန္းကိုယ္တိုင္က သူပါလို႔ေျပာခဲ့တာပဲ "
" အဲ့ဒါ ငါ့ေၾကာင့္ေလ ... ငါကသူ႕ကိုခ်စ္တယ္ ။ဒါ့ေၾကာင့္ ငါ့သေဘာကိုသူလက္ခံခဲ့တာ။နင္ထြက္သြားေတာ့ ငါဘယ္ေလာက္ေပ်ာ္ေနမိလဲသိရဲ႕လား။ငါ့အနားမွာ ေမာ္ကြန္းသစ္တည္ၿမဲေနဖို႔ ငါကဘာမဆိုလုပ္ခဲ့တယ္။ဒါေပမယ့္ အခု သူကအ႐ူးလိုပဲ။ဘာမဟုတ္တဲ့အေကာင္ေၾကာင့္ ငါ့လိုမိန္းမမ်ိဳးကို စြန္႔ပစ္ခ်င္ေနတာ "
ဝုန္း !
" ခင္ေလးေမ "
တံခါးကိုေဆာင့္တြန္းဖြင့္ရင္းဝင္လာတဲ့ေမာ္ကြန္းပုံစံက ေမာႀကီးပန္းႀကီးနဲ႔ျဖစ္၏။
" ဟြန္း ! ေနာက္က်သြားၿပီဟန္နီ "
" မင္း႐ူးေနတာလား ခင္ေလးေမ ... မင္းက္ုယ္မင္းမိန္းကေလးဆိုတာေရာ နားလည္ရဲ႕လား "
" နားလည္တယ္ ။ငါ့ကိုယ္ငါမိန္းကေလးဆိုတာနားလည္တယ္ ေမာ္ကြန္း။ဒါေပမယ့္ နားမလည္တာက နင္။နင့္ေၾကာင့္ ငါ့ဘဝက႐ႈပ္ေထြးေနရတာ။နင့္ကိုခ်စ္မိလို႔အခုလိုေတြျဖစ္ကုန္တာ "
ခင္ေလးေမ ေမာ္ကြန္းကို ထု႐ိုက္ပစ္၏။ဤေယာက်္ားကိုခ်စ္မိလို႔ အခ်ိန္အၾကာႀကီး ဤေယာက်္ားအနားမွာ႐ွိေနခဲ့တာျဖစ္သည္။အခ်ိန္ေတြၾကာလာရင္ ျပန္ခ်စ္လာမွာပဲဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ေနခဲ့ေပမယ့္ ျပန္ရတာက လမ္းခြဲမႈတဲ့။
ပိုၿပီးရင္နာစရာေကာင္းတာက ေယာက်္ားေလးတစ္ေယာက္ေၾကာင့္ သူမကိုလမ္းခြဲခ်င္တာျဖစ္၏။သူမလက္မခံခ်င္။
" ခင္ေလး ... ငါမင္းအနားမွာ မင္းသတ္မွတ္ထားတဲ့အခ်ိန္ထိေနေပးၿပီးၿပီေလ။ငါ့ဘဝကို ငါ့ဘာသာလြတ္လြတ္လပ္လပ္ပ်ံသန္းခြင့္ေပးလို႔မရဘူးလား။ငါမင္းအေပၚအျပစ္လုပ္မိပါတယ္။မင္းကိုခ်စ္ႏိုင္ေအာင္လည္း ငါႀကိဳးစားခဲ့တာပဲ။မင္းကလွတယ္။ထက္ျမတ္တယ္။ငါ့ဘဝအတြက္ မင္းကိုေ႐ြးခ်ယ္ဖို႔ဆုံးျဖတ္ခဲ့ေပမယ့္ ငါ့ရင္ထဲမွာ႐ွိတာက မင္းဟုတ္မေနခဲ့ဘူးေလ။ငါလည္း အဲ့ဒါကိုအခ်ိန္ေႏွာင္းမွသိခဲ့ရတာပါ။မင္းလိုပဲ ငါလည္းခံစားေနရတာပဲ။ဒါက မင္းအေပၚလုပ္မိတဲ့အျပစ္ရယ္သူ႕အေပၚလုပ္မိတဲ့အျပစ္ရယ္အတြက္ ငါျပန္ခံေနရတာပါ။ငါေတာင္းပန္ပါတယ္။ဒီေလာက္နဲ႔ပဲ ငါတို႔ေတာ္လိုက္လို႔မရဘူးလား "
" ေတာ္မယ္။ေတာ္မယ္ေပါ့ "
ခင္ေလးေမ ခ်ံဳးပြဲခ်ငိုမိသည္။ဘာလို႔မ်ား သူမတို႔ေတြက လိုတာမရ၊မရတာကိုပဲလိုခ်င္ေနၾကတာလဲ။စခ်စ္မိတည္းက ပင္ပန္းရတာ ဒီေန႔ထိပင္။လူတစ္ေယာက္ကိုခ်စ္ရတာ ဘာလို႔မ်ား အရမ္းပင္ပန္းရတာလဲ။
" ငါ့ဘက္က လက္ေလွ်ာ့မယ္ထင္ေနလားေမာ္ကြန္း။ငါက နင္နဲ႔အတူငရဲသြားရမယ္ဆိုရင္ေတာင္ ေပ်ာ္ေပ်ာ္ႀကီးသြားခ်င္ေနတဲ့လူစားပါေမာ္ကြန္းရယ္။နင္ မသိတက္လိုက္တာ "
ပိုက္ဆံအိတ္အနက္ေလးကို ခပ္တင္းတင္းကိုက္ကာ မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္းသုတ္၍ သူမလွည့္ထြက္လာမိ၏။
အခ်စ္က သိပ္ပင္ပန္းသည္။အခ်စ္ဆိုတာ သူမအတြက္ေတာ့ အေမွာင္ထဲ အပ္ေပ်ာက္႐ွာရသလို ခက္ခဲ၏။ထိုလူသား သူတစ္ပါးအပိုင္မျဖစ္ေသးသေ႐ြ႕ေတာ့ သူမမွာေမွ်ာ္လင့္ခြင့္႐ွိပါေသးသည္။
ပထမဆုံးေတြ႕ခဲ့တာကိုယ္ဆိုေပမယ့္
ေနာက္ဆုံးျဖစ္ခဲ့တာလည္းကိုယ္ပါပဲ
အားကိုးတႀကီးနဲ႔ျမတ္တစ္ဆုပ္စာေလးဆြဲဖမ္းမိေပမယ့္
ေမွ်ာ္လင့္ခ်က္ကေတာ့ ၾကာေလေဝးေလပါပဲခ်စ္ရသူ။
8.2.2023
Ma Wai
A/N••• ဖိဘက္ေလးေတြသိပ္မျမင္ရေတာ့ အားေတာင္ေလ်ာ့သြားတယ္ကြယ္။စာလုံးေပါင္းေလးေတြျပန္မစစ္ထားလို႔ အမွားပါသြားရင္ေထာက္ျပေပးၾကပါဦး။ေနာက္ရက္ ပုံမွန္းေလးျပန္တင္ေပးႏိုင္ေအာင္ႀကိဳးစားေပးပါ့မယ္။ေနေကာင္းက်န္းမာေပ်ာ္႐ႊင္ၾကပါေစ 💛