Part 7

148 26 15
                                    

Unicode

" ရာရာ ... ထူးထူးခြားခြား ဆိုင်ကိုလာလို့ပါလား ..."

     ညွှန်းဆိုင်ထဲ ခြေတစ်ဖက်လှမ်းရုံရှိသေး ချယ်ရီမိုးက သူ့ထံအပြေးရောက်လာ၏။သူခေါင်းငြိမ့်ပြရင်း ကောင်တာအနားသို့သွားလိုက်သည်။

" ဘာစိတ်ကူးပေါက်သွားတာလဲ ... ဆိုင်မှာပြန်ထိုင်တော့မှာလား ..."

  ဟန်နေစံက ညွှန်းအနားလာကာ ကောင်တာပေါ်လက်တစ်ဖက်ထောက်၍မေး၏။

" အမြဲတမ်းတော့မဟုတ်ပါဘူး ... ငါ အခု ဓါတ်ပုံရိုက်တာနဲ့ပတ်သတ်ပြီးလေ့လာနေတာ ... ဝါသနာလည်းပါတော့ အဲ့ဘက်ကိုအချိန်ပေးနေတာ ... အခုလည်း ငါတို့ဆိုင်လေးကို ဓါတ်ပုံရိုက်မလို့ "

" ဆိုင်ကို ကြော်ငြာတော့မယ်ဆိုပါတော့ ..."

" အဲ့လိုလည်းမဟုတ်ပါဘူးကွာ ... ငါ Page တစ်ခုထောင်ထားတယ် ... အဲ့မှာ ငါရိုက်ထားတဲ့ဓါတ်ပုံလေးတွေတင်နေတာ ... Youtube Channel တစ်ခုလည်းဖွင့်ထားတယ် ... ရတနာကူညီပေးတာ ..."

" အဆက်အသွယ်ပြန်လုပ်နေပြီပေါ့လေ ..."

" အင်း ... မင်းတို့လည်းသိတာပဲ ... ရတနာက အရမ်းခေါင်းမာတာ ... အဲ့တုန်းက ငါသာ သူနဲ့အဆက်အသွယ်လုပ်ဖြစ်ရင် သူကျောင်းသွားတက်ဖို့ကို ကလန်ကဆန်လုပ်နေဦးမှာ ... အခုတော့ သူလည်း ဟိုမှာအဆင်ပြေနေပြီမို့ ပြန်ဆက်သွယ်ဖြစ်သွားတယ် ... ငါမမှားဘူးမလား "

     သူပြောတော့ ချယ်ရီနဲ့ဟန်နေက ထောက်ခံ၏။

" မင်းလုပ်တာကောင်းတယ် ... ဆိုင်လေးက အခုဆို ရောင်အားလေးတော်တော်ကောင်းလာပြီ ... မင်း ဆိုင်ကိုပြန်လာရင်တော့ပိုကောင်းတာပေါ့ ... ငါတို့ဆိုတာက မင်းရဲ့ဝန်ထမ်းတွေပဲ ... တစ်ခုခုဆို အလုပ်နဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချရမယ့်ကိစ္စတွေကို ချက်ခြင်းမလုပ်နိုင်ဘူးလေ ..."

" ငါဆိုင်ကိုမလာပေမယ့် အချိန်မရွေးဖုန်းဆက်လို့ရတာပဲ ... အရမ်းအရေးမကြီးတဲ့ကိစ္စမျိုးဆို မင်းတို့အဆင်ပြေအောင်ကြည့်လုပ်လိုက်ပါလို့ပြောထားသားပဲ ... ငါကနောက်ပိုင်း ငါဝါသနာပါတဲ့ ဓါတ်ပုံဆရာ
အလုပ်ကို ပိုလေ့လာပြီးလုပ်ဖြစ်ဖို့များတယ် ... အပျော်တမ်းမဟုတ်ဘဲ ပရော်ဖက်ရှင်နယ်ကျကျလုပ်ဖို့ထိတွေးထားတာ ... ငါ့ကိုကူညီပေးမယ့်သူလည်းရှိနေတုန်းမို့ အဲ့ဘက်ကိုပိုအားစိုက်ချင်တာ ..."

ကြွေလွင့်သွားသော/ေႂကြလြင့္သြားေသာWhere stories live. Discover now