Par 13

141 22 17
                                    

Unicode

" ဟဲ့ ... အဲ့ဒါ နင့်အဒေါ်ပြောတဲ့ ဟိုအမွှာ ညီအစ်ကိုဆိုတာလား "

" အေး ... ချောတယ်မလား "

" ချောတာပေါ့ဟ ... အရပ်ကြီးတွေကလည်းအရှည်ကြီး ... ခန္ဓာကိုယ်ကလည်းအမိုက်စားတွေ ... ကြည့်ရတာ မျက်စိအရသာရှိလိုက်တာ "

" ဟဲ့ကောင်မရေ ... ငါတော့ သူတို့ကိုရုပ်မခွဲတက်ဘူး။နင်တို့ရောခွဲတက်လား "

နွယ်နွယ်အသံကအနည်းငယ်ကျယ်သွားသောကြောင့် ဇင်မာ မနည်းဘရိတ်အုပ်ရ၏။

" တိုးတိုးပြောပါဟ ... တော်ကြာငါတို့ပြောနေတာကြားသွားဦးမယ် "

" မကြားပါဘူးဟယ် ... ဒီလောက်ဝေးနေတာကို "

" ဟုတ်ပါပြီအေ "

" ပြောစမ်းပါ ... နင်ရောခွဲတက်လား "

" ငါ့အဒေါ်ပြောထားလို့ ငါတော့ခွဲတက်တယ် "

" ဟုတ်လား .. ဘယ်လိုခွဲတာလဲ "

" ငါတို့ကို ကျောခိုင်းထားတဲ့တစ်ယောက်က အကြီး ၊ သူ့မှာက စံပယ်တင်မှဲ့လေးရှိတယ် ။အဲ့မှည့်လေးက တော်တော်ကြည့်ကောင်းတယ်။ငါတို့နဲ့မျက်နှာချင်းဆိုင်ကတစ်ယောက်က အငယ်။သူ့မှာကကျတော့ နှာခေါင်းထိပ်ဖျားလေးမှာ ထင်းနေတဲ့မှည့်လေးရှိတယ်။မြင်နေကျလူတွေကတော့ ကြည့်လိုက်ရုံနဲ့အကြီးလား အငယ်လားဆိုတာသိတယ်တဲ့ "

" ငါတော့ သေချာမမြင်ရဘူး "

" ဝေးနေတာ ဘယ်လိုမြင်ရမလဲ "

ခိုးကြောင်ခိုးဝှက်လှမ်းကြည့်နေရမှတော့ ဘယ်လိုလုပ်မြင်နိုင်ပါ့မလဲ။

" ငါ့အဒေါ်တွေငယ်ငယ်ကဆို သူတို့ကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးတွေတဲ့ ။ အနေကတည်တည်ကြီးတွေနဲ့ဆိုပဲ "

" ဟုတ်လား "

" အေး "

" နောက်တစ်ယောက်ရှိသေးတယ် .. သူတို့လိုပဲ ပိုက်ဆံလည်းချမ်းသာတယ်။ရုပ်ရည်လည်းရှိတယ်တဲ့။ဒါပေမယ့် သူတို့ညီအစ်ကိုလောက်တော့ပေါ်ပြူလာသိပ်မဖြစ်ဘူးတဲ့။ရည်းစားတွေကတော့ မှိုလိုပေါက်နေတာတဲ့ "

" အဲ့လူကိုရော နင်မြင်ဖူးလား "

" အေး ငါ့အဒေါ်ပြဖူးတဲ့ဓါတ်ပုံတော့ရှိတယ် "

ကြွေလွင့်သွားသော/ေႂကြလြင့္သြားေသာWhere stories live. Discover now