Desharow's Merman
By Wine-Y
233K 25K 1.2K
Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More
My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန်း(၂) လျို့ဝှက်အစီအစဉ်
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)
6.5K 571 114
By Wine-Y
Chapter (30)
အဲ့ဒီလျှာက အက်ဂ်ရေ့စ်အခုလေးတင် ကုသပေးခဲ့တဲ့ ဒဏ်ရာတစ်ဝိုက်မှ ဖယ်ခွါခြင်းမရှိဘဲ ထပ်၍ လျက်နေခဲ့ပြီး ယင်းအပြုအမူကပင် ငြိမ်သက်နေသော ကျွန်တော့်ဦးနှောက်ကို တစ်ခါတည်း ပေါက်ကွဲသွားအောင် နှိုးဆွပေးခဲ့သည်။ ဆက်၍ ကျွန်တော့်အတွေးထဲ ပြန်လည်ထင်ဟပ်လာသော ရှက်စရာကောင်းလွန်းသည့် မှတ်ဉာဏ်ဆိုးတွေကြောင့် နားရွက်နှင့် လည်ပင်းပင် ရုတ်ချည်း ပူတက်သွားခဲ့သည်။
အက်ဂ်ရေ့စ်လျှာက ကျွန်တော့် ဒဏ်ရာနားတွင်ပင် မဟုတ်တော့ဘဲ ပြောရန်မသင့်သော နေရာတစ်ချို့အထိပင် နယ်ကျွံလာခဲ့၏။ ကျွန်တော့်တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့အား ပြင်းပြင်းထန်ထန်ပင် တွန်းထုတ်လိုက်သည်။ သို့ပေမဲ့ ထုံထိုင်းလေးလံနေသော ကျွန်တော့်လက်ကြောင့် တွန်းထုတ်ခြင်းမမည်ဘဲ သူ့ရင်ဘတ်ကို ပွတ်သပ်ပေးသကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။
အက်ဂ်ရေ့စ်က ကျွန်တော့်လက်ကို ဖမ်းဆွဲပြီး မျက်နှာကို လက်ဖဝါးထက်ထိကပ်ကာ ပြင်းပြင်းပြပြအသက်ရှူသွင်းခဲ့၏။ သိပ်ကိုမှ ပျော်ရွှင်နေဟန်ရှိသော အသွင်ဖြင့်။
"တော် တော့ " ကျွန်တော်လက်ကို ခပ်မြန်မြန်ပင် ပြန်ဆွဲယူခဲ့သည်။
"ငါ ကောင်းသွားပြီ။"
"မကောင်းဘူး"
အက်ဂ်ရေ့စ်က မျက်ဝန်းကို အောက်ချကာ ဒဏ်ရာကိုပြန်စိုက်ကြည့်လိုက်သည်။ နက်မှောင်သွားသော မျက်ဝန်းများဖြင့် သူက ခေါင်းကို တဖန်ပြန်ပြီး ငုံ့လိုက်ပြန်သည်။
"တော်ပြီ ... မလုပ်နဲ့တော့ ... ဟေး " ထိတ်ထိတ်ပျာပျာဖြင့် ကျွန်တော့် သူ့ခေါင်းကို တွန်းထားခဲ့သည်။
သို့သော် ကျွန်တော့်လက်နှစ်ဖက်က ကျွန်တော့်ပုခုံးအထက်၌ တင်းမြဲနေအောင် ဖမ်းဆုပ်ထားခြင်း ခံလိုက်ရပြီး ချောမွတ်စိုထိုင်းနေသော အက်ဂ်ရေ့စ်လျှာ၏ တတိတိနှင့် အသည်းယားဖွယ် ခံစားချက်တို့ ထပ်မံပေါ်လာခဲ့သည်။ ထိုအခါ နာကျင်မှုကြောင့် ငုပ်လျှိုးနေခဲ့သည့် အရှက်တရားက အတွေးအာရုံကြောများအထိ ပျံ့နှံ့သွားခဲ့၏။ ကတိုးရနံ့သင်းပျံ့လျက်ရှိသော သူ့ကိုယ်မှထွက်လာသည့် အမွှေးနံ့က ကျွန်တော့်အသက်ရှူနှုန်းကို ရုတ်ချည်းမြန်ဆန်စေခဲ့သည်။ အေးစက်လှသော ရေထဲ၌ နစ်မြှုပ်နေသည့် ကျွန်တော့်ကိုယ်မှာလည်း ချမ်းအေးနေခြင်းမရှိ ဤတစ်ကြိမ်တွင်တော့ အလုံးစုံမှာ ပူလောင်နေခဲ့၏။
ရှက်စိတ်ဖြင့်ပင် ကျွန်တော် အံကိုကြိတ်ထားရင်း အသက်ရှူသွင်း ရှူထုတ်ကို အကြိမ်အနည်းငယ်မျှ ပြင်းပြင်းပြပြ ပြုလုပ်လိုက်သည်။ စိတ်ထဲ၌ ပျာယာခတ်ခြင်းကို ထိန်းဖို့ကြိုးစားနေရင်း ပုံမှန်မဟုတ်သော အသက်ရှူခြင်းကြောင့် နှလုံးခုန်သံပင် စည်းချက် ပျောက်သွားခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်က အက်ဂ်ရေ့စ်ထိလိုက်သည့် အကြိမ်တိုင်း စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများဖြင့် ထူးထူးဆန်းဆန်းပြုမူနေသည်ကိုတော့ ကျွန်တော်ဝန်မခံနိုင်။ သူ့ရဲ့အပေါ်ပိုင်းကိုယ်ထည်လှုပ်ရှားမှုကြောင့် ကျွန်တော့် ပေါင်ကြားအတွင်း ရောက်နေသော ငါးမြီးက ကျွန်တော့်ညီငယ်ကို အလိုက်သင့် ပွတ်သပ်နေလေသည်။ ထိုအခြင်းအရာကြောင့် ထိန်းသိမ်းတားဆီးခြင်းမပြုနိုင်ဘဲ မာထန်လာသော ညီငယ်ကို အက်ဂ်ရေ့စ်ချက်ချင်းသိမည်ဖြစ်ကြောင်း ကျွန်တော် သိပေသည်။
ရှက်စိတ်တို့ မွှန်ထူ၍ အရေးပေါ်ဖြစ်သွားသော ထိုအချိန်၌ ကျွန်တော် အက်ဂ်ရေ့စ် ပုခုံးကို ဆွဲကိုင်ပြီး သူ့ငါးမြီးကို ခြေထောက်ဖြင့် ယက်ထုတ်ကာ အော်ပြောလိုက်သည်။
"အက်ဂ်ရေ့စ် ... အက်ဂ်ရေ့စ် ... ငါ့ကို အောက်ချပေး။ ငါ ကောင်းသွားပြီ "
သူ့အား အက်ဂ်ရေ့စ်ဟု ခေါ်ခြင်းက ဟေး' ဟုခေါ်ခြင်းထက် သက်ရောက်မှု ရှိနေခဲ့သည်။ ကျွန်တော့်ခါးကို ဆုပ်ကိုင်ထားသော သူ့လက်တို့ ပြေလျော့ပြီး ကျွန်တော့်ကိုပါ အောက်သို့ ချပေးခဲ့သည်။ ပေါင်ကြားအတွင်းရောက်နေသော ငါးမြီးမရှိတော့သည်နှင့် ကျွန်တော်က ခြေထောက်နှစ်ဖက်ကို စုံရပ်ပြီး လိမ်ထားလိုက်၏။ ထိုလှုပ်ရှားမှုကို အက်ဂ်ရေ့စ်မြင်သွားမှာကိုလည်း စိုးရသည်။
အက်ဂ်ရေ့စ်က ထူးထူးဆန်းဆန်းပြုမူခဲ့သော ကျွန်တော့်ပုံစံကို လုံးဝမမြင်ဘဲ တစ်ဖက်သို့လှည့်ကာ နံရံကို မှီပြီး စိတ်သက်သာပြေငြိမ်းမှုဖြင့် စိုထိုင်းသော လေကို ရှူထုတ်နေခဲ့သည်။ ပြီးကာမှ ခေါင်းငုံ့ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးခဲ့သည်။
ထိုအချိန်မှ သူ့ဝမ်းဗိုက်ရှိ ဖုထစ်နေသောအပေါက်ရာများစွာကို ကျွန်တော် သတိထားမိခဲ့သည်။ ထို့အပြင် အရေပြားအတွင်း နစ်ဝင်နေသော ကျည်ဆံထိပ်ဖူးကို ရေးရေးလေးမျှ ကျွန်တော် မြင်ခဲ့ရ၏။ အပေါ်ယံမှ ဖုံးလွှမ်းထားသော ပြောင်လက်သည့် အရေပြားက ထိုဒဏ်ရာများအပေါ်မှ အုပ်၍ ရှိနေသည်။ မည်သို့ပင် ကျည်ဆံက မာဆတ်သော အက်ဂ်ရေ့စ်အရေးပြားအတွင်း ဖောက်ဝင်နိုင်ခြင်း မရှိသော်ငြား အက်ဂ်ရေ့စ်၏ ကုသမှုလုပ်ငန်းကိုတော့ နှောင့်နှေးစေခဲ့သည်။
သည်းမခံနိုင်သော နာကျင်မှုများကြောင့်ဟု ထင်မိသည် ... အက်ဂ်ရေ့စ်က သူ့ရဲ့ချွန်မြသော လက်သည်းဖြင့်ပင် ကျည်ပေါက်ရာအပေါ် ပိတ်ကာနေသော အရေးပြားကို ဆွဲခွာခဲ့သည်။ သွေးပြာပြာတို့က ထိုနေရာမှ စီးကျလာပြီး ထိုမြင်ကွင်းကို ကြည့်နေရသည့် ကျွန်တော့် ရင်ဘတ်တစ်ခုလုံး တင်းကြပ်သွားရသည်။
"မလုပ်နဲ့ ... အဲ့ဒါက အနာကို ပိုကြီးအောင် လုပ်တာနဲ့တူတူပဲ။ ငါ .... " ကျွန်တော့် အက်ဂ်ရေ့စ်လက်ကို ဆွဲပြီး မတိမ်းစောင်း‌သော လေသံပြတ်ပြတ်ဖြင့် တားဆီးလိုက်သည်။
'ဒီအချိန်မှာ ကျွန်တော် သူ့ကို ကူညီသင့်သည်။' သို့ပေမဲ့ လက်ဖြင့် ကျည်ဆံကို ဆွဲထုတ်ခြင်းက ဒဏ်ရာကို ဆွဲဖြဲသလိုသာ ဖြစ်စေပြီး ပိုကောင်းသော အကောင်းဆုံးနည်းလမ်းမှာ ပါးစပ်ဖြင့် စုပ်ထုပ်ခြင်း ဖြစ်သည်။
'ဘုရားရေ ... အဲ့လိုစုပ်ထုတ်ဖို့ ဒဏ်ရာတွေက ... ဝမ်းဗိုက်အောက် တော်တော်လေး နိမ့်လွန်းနေတယ်'
ကျွန်တော် သူ့ရဲ့ ကျည်ဆံဝင်နေသော အပေါက်တွေကို ကြည့်ပြီး ထိုထဲမှ အက်ဂ်ရေ့စ် ညီငယ်ရှိရာ အပေါက်၏ အပေါ်နားလေးတွင် ရှိနေသော ကျည်ပေါက်ကိုကြည့်ကာ ထိုနေရာမှ ကျည်ကို စုပ်ထုတ်ပေးတဲ့အခါ မည်မျှ ရှက်ဖို့ကောင်းနေမလဲ'ဟု ပုံဖော်ကြည့်မိသည်။
ထိုသို့ ကျွန်တော် တွန့်ဆုတ်နေချိန်၌ အက်ဂ်ရေ့စ်က ကျွန်တော့်ကို မော့ကြည့်လာပြီး နက်နဲလှသော မျက်ဆံမျက်ဝန်းဖြင့် မျက်မှောင်ကြုပ်၍ ပြေသော လေသံကိုသုံးကာ အကူအညီတောင်းခံခဲ့သည်။
"Help me... desharow..."
ကျွန်တော် တကယ်ကို ထိတ်လန့်သွားခဲ့သည်။ ဆက်၍ ငြိမ်သက်သွားသော အခြေအနေပြီးနောက် သူ့မျက်ဝန်းတွေက ဝမ်းဗိုက်နေရာသို့ တစ်ဖန်ပြန်ရောက်သွားပြီး မှေးစင်းတော့မည့် မျက်ခွံကို အတင်းအားစိုက်၍ မမှိတ်သွားအောင် အံတုနေလေသည်။ ကျွန်တော် အခုထိ ရှက်နေတုန်းဖြစ်ပေမဲ့ ကျွန်တော့်အသက်ကို အက်ဂ်ရေ့စ်က ကယ်ပေးခဲ့ပြီး ဒဏ်ရာကိုလည်း သက်သာစေခဲ့တာကြောင့် ယခုကျွန်တော်လည်း သူ့ကို ပြန်ကူညီပေးသင့်သည်။ ထိုထက်ပို၍ ကျန်းမာကြံ့ခိုင်နေသော အက်ဂ်ရေ့စ်ထံ၌ အပေါ်က ပင်လယ်ဓားပြတွေထက် ပိုကောင်းတဲ့ မျှော်လင့်ချက်ကို သံသယမရှိ မျှော်ကိုးထားနိုင်ပေသည်။
'ဟျောင့် ဒက်ရှ်ရှဲရိုး ... မင်းက တိရစ္ဆာန်တစ်ကောင်ကို ကုသပေးဖို့ ကြိုးစားတာပဲ။ အဲ့တာထက် ပိုမတွေးနဲ့'
"ကောင်းပြီလေ .... ။ အဲ့ဒီတော့ တိရစ္ဆာန်ကောင် ... လျှောက်မလှုပ်ဘဲ ငြိမ်ငြိမ်နေ။ ငါ ကျည်ဆံတွေ ထုတ်ပေးမယ်"
ရှက်စိတ်ကို ဖုံးကွယ်ထားနိုင်ဖို့ ကျွန်တော် ဆူပုတ်ပုတ်နှင့် ပြန်ပြောခဲ့သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး အင်္ကျီလက်ကိုခေါက်တင်ကာ ဒူးထောက်ထိုင်လိုက်ပြီးနောက် အက်ဂ်ရေ့စ်ဗိုက်ပေါ်ရှိ ဒဏ်ရာနားသို့ ခေါင်းကို ဂရုတစိုက် တိုးကပ်ခဲ့၏။
ကျွန်တော့်နှုတ်ခမ်းက ဗိုက်သားထံထိကပ်၍ ဒဏ်ရာပေါ်ရောက်တဲ့အခါ အက်ဂ်ရေ့စ်ဗိုက်က ရုတ်တရက် တုန်ရီသွားပြီး လက်တစ်ဖက်ကလည်း ကျွန်တော့်ပုခုံးပေါ်သို့ မရိုးမသား ရောက်လာသည်။ သူ့ရင်ညွန့်ရိုးဆီသို့ တစ်စက်ချင်းစီ စီးကျလာသော ရေပေါက်က ကျွန်တော့်ကို ကြက်သီးပင် ထစေသည်။ သို့ပေမဲ့ ထိုအချိန်မှ နောက်ပြန်လှည့်၍မရနိုင်တော့သဖြင့် တည်ငြိမ်လှသော ဆရာဝန်တစ်ယောက်ပမာ ဟန်ဆောင်ရင်း သူ့အသားထဲ နစ်ဝင်နေသည့် ကျည်တောင့်တို့ကို စုပ်ထုတ်ပေးခဲ့သည်။
ကျွန်တော်က ပိုပိုပြီး ပြင်းထန်စွာ စုပ်ထုတ်လေ သူ့ရဲ့ မာတောင့်သော ဝမ်းဗိုက်ကြွက်သားတို့က အသက်ရှူခြင်းကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်၍ မီးတောင်ပေါ်က ကျောက်စိုင်ခဲတွေလို လှုပ်ရှားနေသည်။ ထိုသို့ဖြစ်ခြင်းက ကျည်ဆံတွေကို အသားထဲ ပိုနစ်ဝင်စေခဲ့တာကြောင့် ကျွန်တော်လည်း သူ့ခါးကို လက်နှစ်ဖက်ဖြင့် ညှစ်ထားလိုက်ပြီး လျှာကိုသုံးကာ ကျည်ဆံကို ထိုးကလော်ရင် စုပ်ထုတ်ပေးခဲ့သည်။
အတွေ့အကြုံများများရှိရန် လိုအပ်နေသည့်အတိုင်း ခက်ခဲလှသော ပထမဦးဆုံး ကျည်ဆံကို ထုတ်ပေးပြီးနောက်မှာ ကျွန်တော် နဖူးပေါ်က ချွေးတွေကို လက်ဖြင့် ပွတ်သုတ်လိုက်၏။ ကျည်ဆံကို စုပ်ထုတ်ခြင်းက ကျွန်တော့်ရဲ့ အဆုတ်အားကောင်းမှုကို စိန်ခေါ်နေရုံသာမက ထုတ်ပြောမသာသော အရှက်တရားကိုပါ စိန်ခေါ်နေခဲ့သည်။ ... ထို့နည်းတူ ကျွန်တော့်ကုသမှုကို စောင့်ဆိုင်းနေသော ကျည်ပေါက်များစွာလည်း ရှိနေသေးသည်။
ကျွန်တော်ရှက်နေတာကြောင့် အက်ဂ်ရေ့စ်ရဲ့ အမူအရာမည်သို့ ဖြစ်နေမည်ကိုလည်း မော့မကြည့်ရဲပေ။ ထို့ကြောင့် ကျွန်တော့်ပါးစပ်အတွင်းရှိ သွေးတစ်ချို့ကိုသာ‌ ထွေးထုတ်ပြီး နောက်ထပ်ကျည်ဆံတွေကို စုပ်ထုပ်ဖို့ ခေါင်းငုံ့လိုက်တော့၏။ ကျွန်တော် ကျည်ဆံများစွာကို ခပ်မြန်မြန်စုပ်ထုတ်ခဲ့ရာ နောက်ဆုံးတွင် အဓိကနေရာ၏ ဘယ်ဘက်နားလေးတွင်ရှိသော ကျည်တစ်ခုသာ ကျန်တော့၏။
ထိုကျည်ဆံကို ကျွန်တော် စိုက်ကြည့်နေခဲ့ပြီး လျှာဖြင့် ထိုးကလော်လိုက်သည်။ ဤအခြေအနေက အက်ဂ်ရေ့စ်ကို ကိုက်နေသကဲ့သို့ တူညီနေတာကြောင့် ကျွန်တော့်အတွက် စိတ်ခံစားချက်အပေါ် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့၏။
ထိုအတွေးတစ်ခု ကျွန်တော့်ခေါင်းထဲ ပေါ်လာသည်နှင့် အကြောက်အကန်အော်ဟစ်ပြီး အတွေးစတို့ လွင့်ပျံသွားအောင် ခေါင်းကို တွင်တွင်ခါလိုက်မိသည်။ အက်ဂ်ရေ့စ်၏လက်နှစ်ဖက်လုံးက ကျွန်တော့် ပုခုံးပေါ်ရှိနေပြီး အနည်းငယ်တုန်ရီနေကာ အသက်ရှူသံပင် လေးလံ၍ သိုသိပ်နေခဲ့သည်။ ဗိုက်ကြောများပင် ထောင်ထဖောင်းကြွလာလျက် ..
"help...me..."
'ဘော ပဲ'
ကျွန်တော် အံကိုကြိတ်လိုက်ပြီး မျက်လုံးမှိတ်ကာ ခေါင်းငုံ့၍ ဝမ်းဗိုက်အနားသို့ တိုးကပ်သွားလိုက်သည်။ အသက်ပြင်းပြင်းရှူပြီးနောက် ကျည်ဆံကို မြန်မြန်ဆန်ဆန်ထွက်လာစေဖို့ အားပါပါဖြင့် စုပ်ယူလိုက်သည်။ အက်ဂ်ရေ့စ်လက်က ကျွန်တော့်လည်ပင်းဆီသို့ ရွှေ့ပြောင်းလာသည်။ သူ့ဝမ်းဗိုက်က ရှေ့သို့ ကော့တက်လာပြီး ငါးမြီးကလည်း ကျွန်တော့်ဝမ်းဗိုက်နှင့် ရင်ဘတ်ကို အသက်ရှူသံအတိုင်း ညီညီညာညာထိခတ်ပွတ်တိုက်နေသည်။ ထိုမှတဆင့် ညစ်ပတ်လှသော လက်နှစ်ဖက်က အထိမခံနိုင်သော နေရာနှစ်ခုသို့ အချိန်တိုင်းလိုလို လာရောက်ထိနေပေသည်။
ကြက်သီးမွှေးညင်းက ကျွန်တော့်ကိုယ်တစ်လျှောက် ဖြစ်ပေါ်လာခဲ့ပြီး ကျည်ဆံကိုလည်း နောက်ဆုံး၌ စုပ်ထုတ်နိုင်ခဲ့၏။ ကျွန်တော့်အား ဖယ်ခွါခွင့် မပေးချင်သော လက်နှစ်ဖက်က ယင်းသို့နီးစပ်နေမှုကို ဆန့်ကျင်ရန် ကြိုးစားနေသော ကျွန်တော့်အား လည်ပင်းအနောက်မှနေ၍ ဖိတွန်းထားခဲ့၏။ ကျွန်တော့်မေးဖျားအောက်တွင် မာကျောသော အရာတစ်ခုလည်း ရှိနေခဲ့သည်။
ယုံကြည်ရန် ခဲယဉ်းနိုင်ပေမဲ့ ကျည်ဆံကို ပါးစပ်အတွင်း ငုံထားရင်း အက်ဂ်ရေ့စ် ဒဏ်ရာကို ကျွန်တော် ကိုက်ပစ်ခဲ့သည်။ တစ်ချိန်တည်း၌ ပါးစပ်အပြည့် စီးဝင်လာသော သွေးချိုချို တို့ကိုလည်း မြိုချခဲ့သည်။
'အကျင့်ယုတ်တဲ့ တိရစ္ဆာန်ကောင် ... သူ တမင်သက်သက် ကြံစည်လုပ်ခဲ့တာလား။'
ကျွန်တော် ရေထဲသို့ ပျာယာခတ်စွာထိုင်ချလိုက်ပြီး ကျည်ဆံကို ထွေးထုတ်ကာ ပါးစပ်အတွင်း ဝင်သွားသော အက်ဂ်ရေ့စ်သွေးတို့ကို အန်ထုတ်ခဲ့သည်။ မျက်လုံးအဝေ့တစ်ချက်ဖြင့် သူ့ဝမ်းဗိုက်သားအောက်ရှိ ကြီးမားသော ခရမ်းရောင်အရာတစ်ခုကိုလည်း ဖြတ်ကနဲ တွေ့လိုက်၏။ ကျွန်တော့်အတွေးအာရုံတစ်ခုလုံး တုန်လှုပ်သွားပြီး မောင်းချိန်ပြီးသားဖြစ်သော သေနတ်ရှည်၏ တိုက်ခိုက်မှုကိုပင် ရင်ဆိုင်ခဲ့ရသည်။ ပထမဦးဆုံးအကြိမ်အဖြစ် ဒီရေသူထီးရဲ့ လိင်တံမည်မျှကြီးမားကြောင်း ကျွန်တော်မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပင်။
'မဟုတ်တာပဲ'
ကျွန်တော့် အတွေးအာရုံတစ်ခုလုံး ရှုပ်ထွေးသွားပြီး ချက်ချင်း မတ်တပ်ရပ်ကာ အက်ဂ်ရေ့စ်အဝေးသို့ သွားလိုက်၏။ သို့သော် အက်ဂ်ရေ့စ်ရဲ့ ငါးအမြီးက ရေအောက်တွင်ရှိနေသော သားကောင်ကို ထပ်ကြပ်မကွာလိုက်နေသည့် ကြောင်အတိုင်း ကျွန်တော့်အနားသို့ တိုး၍ တိုး၍ လိုက်လာခဲ့သည်။ ထို့နောက် ကျွန်တော့် ခြေထောက်နှစ်ချောင်းကြားအရောက်မှာ ရွှေ့လျားမှုကိုရပ်ပြီး တစ်ကြိမ်တည်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို ရေပေါ်သို့ ပင့်တင်လိုက်သည်။
"အား ........ ကယ်ကြပါဦး ...."
လည်ပြွန်ကိုဖွင့်ဟ၍ အက်ရှနေသော အသံဖြင့် ကျွန်တော်အော်ဟစ်ပစ်ခဲ့သည်။
သူ့ရဲ့ငါးမြီးကို နောက်တစ်ကြိမ်ကျွန်တော့်ကို ပင့်မြှောက်လိုက်ရာ ဒီတစ်ခါတွင်တော့ သူ့လက်မောင်းအတွင်းသို့ ကျရောက်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားခြင်း ခံလိုက်ရ၏။
"desharow..."
ကျွန်တော့်လည်ပင်းနားသို့ရောက်နေသော အက်ဂ်ရေ့စ်၏ အေးစက်ပျော့ပျောင်းသော နှုတ်ခမ်းပါးကို ခံစားမိနေသည်။ သူ့နှာခေါင်းက ကျွန်တော့်ကိုယ်နံ့ကို ရှူရှိုက်နေပြီး လေးလံသော လေယူလေသိမ်းဖြင့် ရုရှားစကားလုံးတစ်ချို့ကို ထုတ်ဖော်လာပြန်သည်။
"ငါ့ကို ... မကြောက် နဲ့ ... မကြောက် နဲ့ "
ဒီစကားက ကျွန်တော့်တင်ပါးအတွင်း လှုပ်ရှားမှုပြုဖို့ သူ့လိင်တံက အဆင်သင့်မဖြစ်နေရင်တော့ ဘယ်လောက်ထိတောင် စစ်မှန်ကြောင်း ဘုရားသခင်ပင် သိနိုင်ပြီး ယခုတွင်တော့ သင့်ကို မတော်မတရားမပြုခင် အကြမ်းဖက်ကောင်ကို တောင်းပန်နေရသလိုသာ ဖြစ်နေသည်။ 
 ______tbc______
Chapter (30)
"ငါ ကောင်းသွားပြီ။"
"မကောင်းဘူး"
"Help me... desharow..."
"help...me..."
'ဘော ပဲ'
'မဟုတ်တာပဲ'
"အား ........ ကယ်ကြပါဦး ...."
"desharow..."
Continue Reading
You'll Also Like
309K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.2M 64.1K 50
897K 59.8K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)
399K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...