"ချစ်မိခဲ့သော"(Short Story)

By Hay_71

13.9K 814 57

ဟိုတယ်ပိုင်ရှင်ကောင်မလေးနဲ့ ဟိုတယ်မန်နေဂျာ အန်တီတို့ရဲ့ ဇာတ်လမ်းလေးပါ.. More

One(Zawgyi)
One(Unicode)
Two(Zawgyi)
Two(Unicode)
Three(Zawgyi)
Three(Unicode)
Four(Zawgyi)
Five(Zawgyi)
Five(Unicode)

Four(Unicode)

1.3K 119 10
By Hay_71

"အန်တီ"  

    မနည်းပင်အားယူပြီးခေါ်လိုက်ရတဲ့နာမ်စားငယ်ရဲ့ခေါ်သံကတိုး
ဖွစွာပင်။

"တို့က အပျိုစင်တစ်ယောက်မဟုတ်ဘူး တို့က ယောက်ျားတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းကိုခံလိုက်ရတဲ့ မိန်းမတစ်ယောက်ဆိုတာ မင်းမသိဘူးမလား ရိုင်းရိုင်းပြောရရင် တို့က ယောက်ျားမရှိတော့တဲ့တစ်ခုလပ်ပေါ့"

       သူမပြောနေသည့်စကားတွေကို နားထောင်ရန် သွန်းခံနိုင်ရည်ပင်မရှိ။သွန်းနားတွေသာပိတ်ထားလိုက်ချင်တော့သည်။သူမစကားတွေကို သွန်းမယုံကြည်နိုင်တာ အမှန်ပင်။သွန်းချစ်ခဲ့မိတဲ့ အမျိုးသမီးက သက်ဆိုင်သူရှိနေခဲ့သည်ခဲ့လား။သူမရှေ့မှာ မကျချင်ခဲ့တဲ့ မျက်ရည်စက်တွေက  မထိန်းနိုင်ပဲ တရစပ်ကျလာခဲ့သည်။သွန်းရှုံးခဲ့ပြီ။အချစ်တွေတင်မကပဲ မျက်ရည်တွေပါ ဆုံးရှုံးခဲ့ပြီ။

"အန်တီညာနေတာမဟုတ်လား အန်တီပြောတာတွေက တကယ်မဟုတ်ဘူးမလား"

       ထိုအချိန်မှသွန်းဘက်ကို မျက်နှာလှည့်လာခဲ့တဲ့ သူမ။သွန်းမျက်ရည်တွေကို သူမမြင်ခဲ့ပြီ။မမြင်ချင်ခဲ့တဲ့ မျက်ရည်စက်တွေကိုသူမမြင်သွားခဲ့ပြီ။

"တို့တကယ်ပြောနေတာ သွန်းအက္ခရာ နောက်ပြီးတို့ မင်းကိုမချစ်ဘူး"

       ရက်ရက်စက်စက်ပြောလာတဲ့စကားလုံးက သူမနှုတ်ခမ်းပါးမှဖြစ်တည်လာတာတဲ့လား။သွန်းကို မချစ်တာဟာ ဟိုအမျိုးသားကြောင့်လားဟု သွန်းတွေးမိလိုက်သည်။

"သွန်းကိုမချစ်ဘူးဆိုတာ ဟိုလူကြောင့်လား "

"သူဟာ တို့သူငယ်ချင်း တို့နဲ့ဘာပတ်သက်မှုမှမရှိဘူး မင်းလည်းအခု တို့အကြောင်းကိုသိသွားပြီမလား အဲ့တော့ မင်းပြောခဲ့တဲ့စကားကို မေ့လိုက်တော့ ရောက်လာမဲ့မနက်ဖြန်မှာ ဒီကိစ္စတွေကို မသယ်သွားနဲ့သွန်းအက္ခရာ တို့လည်း မင်းပြောတာကို မကြားလိုက်ဘူးဟုတ်ပြီလား"

"အန်တီဘာပဲဖြစ်ဖြစ်သွန်းချစ်တယ်ဆိုတာ သိရဲ့လား"

"တို့မသိဘူး"

      သွန်းနဲ့သူမစကားပြောနေသည်များကို လူတစ်ယောက်ကြားသွားသည်ဆိုတာတော့ သူမတို့နှစ်ဦးလုံးမသိလိုက်ပေ။ထိုလူထွက်သွားသည်ဆိုတာကိုလည်း သူမတို့မသိလိုက်ပေ။

"အန်တီ"

        ငိုယိုပြီးပြောဆိုနေတဲ့ သွန်းကိုပင် ဂရုမစိုက်ပါပဲ ထွက်သွားတဲ့ သူမ။သွန်းရဲ့အချစ်တွေကို မယုံကြည်ပဲ မျက်ကွယ်ပြုသွားတဲ့သူမ။သွန်းဟာ သူမရဲ့ဖြစ်တည်မှုတိုင်းကို ချစ်တဲ့သူဆိုတာ သူမမသိလေသလား။သွန်းရင်ထဲက ဒဏ်ရာတွေကို တစ်စက်ကလေးမှမကြည့်ပါပဲ ကျောခိုင်းထွက်ခွာသွားတဲ့သူမ။သွန်းရင်တွေကွဲမတက်ပင်ခံစားရသည်ကို မသိချင်ယောင်ဆောင်သွားခဲ့တဲ့ အမျိုးသမီး။သွန်းမြတ်မြတ်နိုးနိုးချစ်ခဲ့ရတဲ့ အမျိုးသမီးကမှ သွန်းကိုရက်စက်သွားခဲ့သည်။ထိုသို့ရက်စက်တဲ့အမျိုးသမီးကိုမှ မုန်းမရနိုင်အောင် ရူးရူးမူးမူးချစ်ခဲ့မိသည်ဟာ သွန်းရဲ့အပြစ်ဖြစ်နေမလား။သွန်းရဲ့ အသည်းနှလုံးတွေ တစ်စစီကြေမွခဲ့ရပြီ။သွန်းတယုတယ ပျိုးထောင်ချင်သည့် ပန်းပွင့်လေးဟာ ပျိုးရခက်သည့်ပန်းပွင့်လေးဆိုတာကို သွန်းသိခဲ့ရပြီ။

*

      ဟိုတယ်ကိုခြေချလိုက်သည်နဲ့ ကြားရသည့်စကားက သွန်းရင်ကိုပင်ပူလောင်စေခဲ့သည်။ထိုသည်ကား...

"မမခက် အလုပ်ထွက်စာတင်သွားပြီသွန်း"

      ထိုစကားက သွန်းနှလုံးသားတစ်ခုကို မီးလောင်မြိုက်သွားသကဲ့သို့ပင်။သူမဟာ သွန်းရှိတဲ့ ရပ်ဝန်းကနေ ထွက်သွားပြီတဲ့လား။

"ဘယ်ချိန်ကလဲ မချမ်း"

"အခုမနက်စောစောကပဲ ဘာလို့လဲမသိဘူး ဘာမှလည်းပြောမသွားဘူး"

       သူမအခုလိုလုပ်လိမ့်မည်ဟု သွန်းမတွေးထားမိသည်မှာ အမှန်။ဘာကြောင့်များ သွန်းကို ရက်စက်သွားရတာလဲ။သွန်းအချစ်တွေကို လက်မခံတာမှ ခံနိုင်ရည်ရှိဦးမည်။အခုလိုထွက်သွားတာကိုတော့ သွန်းမည်သို့မျှ ခံနိုင်ရည်မရှိ။သူမမရှိပဲမနေနိုင်တာကို သူမမသိလေသလား။

"သွန်း အန်တီ့ဆီကိုသွားမယ်"

       ထွက်ခွာလာတဲ့ ခြေလှမ်းတွေက ခပ်မြန်မြန်သာ။တရစပ်ခုန်နေတဲ့ ရင်ခုန်သံကလည်း ရပ်တန့်တော့မည့်အလား။တည်ငြိမ်နိုင်စွမ်းမရှိတဲ့ စိတ်ကို ထိန်းချုပ်ကာ သူမရှိရာကို ဦးတည်လာခဲ့သည်။သူမရှိသည့်နေရာကို ရောက်ခဲ့သော်လည်း မြင်ရသည့်မြင်ကွင်းက သွန်းရင်တွေကွဲစေနိုင်သည်။သော့ခတ်ထားတဲ့ အစိမ်းရောင်သံတံခါးကို မြင်ရသည်က သွန်းမျှော်လင့်ချက်တွေ မဲ့သွားသယောင်။သူမရှိသည့်နေရာကို လာခဲ့ပေမဲ့ သူမအရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။သူမတကယ်ပဲထွက်သွားခဲ့ပြီလား။သွန်းအချစ်တွေကို မျက်ကွယ်ပြုပြီး ထွက်သွားခဲ့ပြီလား။သူမထွက်သွားသည်ဆိုတာကို အလုပ်ထွက်စာက သက်သေတည်လို့နေသည်။သူတကယ်ပဲ ထွက်သွားခဲ့ပြီလား။နာကျင်ရသည်..သွန်းချစ်ရတဲ့အမျိုးသမီးရဲ့ ရက်စက်သွားမှုကြီးက သွန်းကို သေလောက်အောင်နာကျင်စေသည်။သွန်းရင်ထဲကခံစားချက်တွေကို အရေးမစိုက်ပါပဲ ထွက်သွားခဲ့ပြီလား။ချစ်တယ်ဆိုသည့်စကားကို သူမကို ပြောလိုက်တာ သွန်းမှားသွားခဲ့ပြီလား။သွန်းကို နှုတ်မဆက်ပါပဲ ထွက်ခွာသွားတဲ့ အမျိုးသမီးအား သွယ်ဘယ်လိုရှာရပါ့။စီးကျလာတဲ့ မျက်ရည်တွေကိုလည်း တစ်စက်ကလေးမှ သွန်းမသုတ်ပေ။သူမကြောင့် ဖြစ်လာရတဲ့ ထိုမျက်ရည်စက်တွေဟာ သွန်းရဲ့ဝမ်းနည်းမှုမှတဆင့်ဖြစ်လာရသည့်အရည်ကြည်တွေသာ။သူမရဲ့အငွေ့အသက်တွေရှိခဲ့သည့် ထိုအိမ်လေးကို ငေးကြည့်ရင်း မျက်ဝန်းမှမျက်ရည်စက်တွေဟာ အတားအဆီးမရှိပါပဲ ကျခဲ့ရတော့သည်။

*

"ပျိုးခက်သွင် အလုပ်ထွက်သွားတာ သမီးနဲ့ ဆိုင်နေသလား"

      ဖခင်ဖြစ်သူ၏အသံက သွန်းကို တုန်လှုပ်စေသည်။ဒီကိစ္စတွေကိုသိသွားပြီလား။ဘယ်သူပြောတာပါလိမ့်။သွန်းတို့ကိစ္စကို ဖခင်သိသွားရင်တောင် သွန်းရင်ဆိုင်ဖို့အင်အားတွေမွေးထားပြီးသားပင်။

"သမီးကြောင့်လို့ပြောရင် ပိုမှန်တယ်ဖေဖေ"

"သမီး သူ့ကိုချစ်နေတယ်ဆိုတာ ဟုတ်လား"

       ခပ်မာမာအသံကြောင့် သွန်းအနည်းငယ်တော့ လန့်မိသည်။သို့ပေမဲ့ သွန်းမကြောက်ပါ။သွန်းဘာမဆို ရင်ဆိုင်မယ်လို့ စိတ်ဆုံးဖြတ်ထားပြီးသားပဲလေ။

"ဟုတ်တယ်ဖေဖေ သမီး သူ့ကိုချစ်တယ် ဒါပေမဲ့ သူကတော့ သမီးအချစ်ကိုလက်မခံပဲထွက်သွားခဲ့ပြီ သမီးကို ဖေဖေရော မေမေပါ ကြိုက်သလိုအပြစ်ပေးနိုင်ပါတယ်"

"သမီးကို ဖေဖေတို့ ဘာအပြစ်မှမပေးဘူး သမီးဖြစ်ချင်တာမှန်သမျှကို ဖေဖေတို့အမြဲလိုက်လျောခဲ့တယ်ဆိုတာ သမီးသိတယ်နော်"

"ဟုတ် သမီးသိပါတယ်"

"အခုကိစ္စမှာလည်း သမီးဆန္ဒကိုပဲ ဖေဖေတို့ လိုက်လျောပေးမှာ ဒါပေမဲ့ တစ်ခုတော့ရှိတယ် သူ့ရဲ့အကြောင်းကိုလည်း သမီးသိပြီးလောက်ရောပေါ့ သူ့ကိုသမီးလက်ခံနိုင်လို့လား သူ့ရဲ့အတိတ်ကို သမီး နားလည်မှုပေးနိုင်လို့လား သေချာစဉ်းစား သမီး"

     ဖခင်ဖြစ်သူရဲ့မေးခွန်းကို သွန်းဖြေဖို့အသင့်ပင်။သူမရဲ့ ဖြစ်တည်မှုအလုံးစုံကိုသွန်းနားလည်နိုင်သည်။သွန်းသူမကိုချစ်သလို သူမရဲ့ ဘဝလေးကိုလည်းသွန်းမြတ်နိုးသည်။သူမဟာ ဘာပဲဖြစ်နေပါစေ...သွန်း သူမကိုချစ်သည်။သူမကို ချစ်သည့်အချစ်တွေက နည်းနည်းလေးမျှ လျော့မည်မဟုတ်။

"သမီး သူ့ကိုချစ်တယ် သူ့ရဲ့ အတိတ်တွေကိုလည်း နားလည်ပေးနိုင်တယ် သမီးဘယ်လောက်ပဲ နားလည်ပေးတယ်ပြောပြော အခု သူကသမီးဘေးမှာ မရှိတော့ဘူးလေ သမီးရဲ့ အဝေးကြီးကို ထွက်သွားပြီ"

      ပြောရင်းနဲ့ပင် စိတ်မထိန်းနိုင်ပဲ ငိုမိတော့သည်။သူမထွက်သွားကတည်းက သွန်းငိုခဲ့ရတာ မနည်းပါဘူးလေ။

"မေမေ့သမီးလေးရယ်"

       ငိုနေရှာတဲ့သွန်းကို မိခင်ဖြစ်သူဒေါ်သီတာခိုင်မှ ထွေးပွေ့ထားလိုက်သည်။သွန်းဖြစ်နေတဲ့ ပုံစံကို သွန်းမိဘနှစ်ပါးလုံးမကြည့်ရက်ပေ။သို့ပေမဲ့ အခုလိုဖြစ်နေတာတွေကိုလည်းသွန်းဘာမှမှမတတ်နိုင်ခဲ့ပဲ။
အခုလို ဖြစ်နေချိန်မှာ သူမရင်ခွင်ထဲမှာ ခိုလှုံလိုက်ချင်ပေမဲ့ မဖြစ်နိုင်ပါ။ထားသွားသည့်သူကို သွန်းလွမ်းဆွတ်နေမိသည်။သူမကတော့ သွန်းကိုသတိရလားမသိပေမဲ့ သွန်းကတော့ သူမကိုစက္ကန့်နဲ့အမျှ သတိရလို့နေသည်။ရပ်တန့်သွားခြင်းမရှိတဲ့ မျက်ရည်တွေဟာ သွန်းမျက်ဝန်းမှကျနေဆဲပင်။

*

       ထားသွားခဲ့သည့် လူတစ်ယောက်ကို သွန်းမတွေ့မချင်းလိုက်ရှာနေသော်လည်း မည်သို့မျှမတွေ့။အချိန်ရှိတိုင်းလိုက်ရှာခဲ့သော်လည်း ဘယ်လိုမှမတွေ့ပေ။သူမကပဲ ပုန်းတတ်လွန်းနေသည်လား။သွန်းကပဲ မရှာတတ်လို့လား။

"နင်အဆင်ပြေရဲ့လား"

      မေ့ရဲ့မေးခွန်းကို သွန်းဘယ်လိုဖြေရမည်လဲ။သူမမရှိကတည်းက သွန်းအဆင်မပြေတော့ဘူးဆိုတာ မည်သူမျှမသိလေသလား။

"ဟင့်အင်း ငါလုံးဝအဆင်မပြေဘူး ဖြစ်နိုင်ရင် ငါလေ အသက်ပါ မဲ့သွားချင်ပြီ"

"သွန်းရယ် အဲ့လိုတွေမပြောပါနဲ့ တစ်နေ့ကျရင် အားလုံးအဆင်ပြေသွားမှာပါ"

        နှင်းရဲ့အားပေးစကားကိုလည်း သွန်းဂရုမစိုက်နိုင်တော့ပေ။အသက်သာရှင်နေပေမဲ့ ဖမ်းဆုပ်မရတဲ့ စိတ်အစုံကတော့ သူမဆီ အမြဲရောက်လို့နေသည်။

"အဲ့နေ့ကို ငါစောင့်ရမှာပေါ့"

        အသက်မပါသည့်အပြုံးတစ်ခုနဲ့ သွန်းပြောလိုက်သည်။သွန်းအခုလိုတွေဖြစ်နေသည်ကို သူမကတော့ နည်းနည်းလေးမျှသိမည်မထင်။သွန်းခံစားရသည့်ဒဏ်ရာတွေက တစ်နေ့ထက်တစ်နေ့ ပို၍ဆိုးလာခဲ့သည်ကို သူမမသိ။သွန်းမသိနိုင်တဲ့ ရပ်ဝန်းလေးမှာနေပြီး ဘာတွေများလုပ်နေမလဲဟု သွန်းတွေးနေမိသည်။

*

  သွန်းခံစားနေရတာတွေကို ကြည့်ပြီး ချမ်းလည်းစိတ်မကောင်းဖြစ်လို့နေသည်။ဒီကိစ္စတွေကိုလည်း ချမ်းသိနေတာကြောင့် သူမတို့နှစ်ဦးလုံးကို သနားနေမိသည်။အလုပ်ခွင်မှာ အမြဲမှိုင်နေတဲ့ သွန်းကိုကြည့်ရတာ စိတ်မချမ်းမြေ့ပေ။

"သွန်း မမခက်အကြောင်း ဘာကြားသေးလဲ"

"ဘာမှမကြားဘူး မချမ်း"

"သွန်းခံစားနေရတာတွေကို အစ်မနားလည်ပါတယ်"

"ဘယ်လို မချမ်း"

      သွန်းအနည်းငယ်တော့ အံ့သြသွားသည်။ချမ်းပါ ဒီကိစ္စတွေကိုသိနေတာလားဟု သွန်းတွေးမိလိုက်သည်။

"မမခက်နဲ့ သွန်းရဲ့ အကြောင်းကို အစ်မသိပါတယ် မမခက်ကို သွန်းဖွင့်ပြောလိုက်တဲ့ အချိန်က အဲ့နေရာမှာ အစ်မလည်းရှိတယ် မမခက်ကို အလုပ်ကိစ္စရှိလို့ လာခေါ်တာ အဲ့ဒါကြောင့် သွန်းတို့အကြောင်းကို အစ်မသိတာ"

"ဒါဆို ဖေဖေ့ကိုပြောခဲ့တာလည်း မချမ်းလား"

"ဟုတ်ပါတယ် အစ်မက မကောင်းပြောတာမဟုတ်ပါဘူး သွန်းတို့အကြောင်းကို လူကြီးတွေသိသင့်မယ်ထင်လို့ပါ အစ်မကိုနားလည်ပေးပါနော်"

"သွန်းနားလည်ရမှာပေါ့"

"မမခက်က ဘာလို့အခုလိုလုပ်သွားတာလဲ မသိဘူး ဘာလို့အခုလိုထွက်သွားရတာလဲစဉ်းစားလို့မရဘူး"

       သူမဘာကြောင့်ထွက်သွားလည်းဆိုတာ သွန်းကိုယ်တိုင်ပင်စဉ်းစားလို့မရပေ။သွန်းကို မချစ်ရင်တောင် အခုလိုတော့ မလုပ်သင့်ပါလေ။

"သွန်းအချစ်တွေကို လက်မခံရင်တောင် အခုလိုတော့ မလုပ်သင့်ပါဘူး"

"မမခက်က ဒီမြို့မှာတော့ ရှိမယ်မထင်ဘူး ဒီမြို့မှာဆို တစ်ယောက်ယောက်နဲ့တော့ တွေ့မှာပဲလေ"

"သွန်းရှာပေမဲ့ မတွေ့ဘူး အန်တီသိပ်ရက်စက်တာပဲ"

"မမခက်ရဲ့ဇာတိမြို့မှာများ ရှိနေမလားမသိဘူး"

"အန်တီ့ဇာတိမြို့က ဘယ်မြို့လဲ"

"မကွေးမြို့လို့တော့ မမခက်ကပြောတာပဲ အစ်မလည်း မကွေးဆိုတာပဲသိတာ  ကျန်တာတော့ မသိဘူး"

       မကွေးဆိုသည့်မြို့ကလည်း ကျဉ်းမှမကျဉ်းပဲ။မြို့နယ်မသိ၊လိပ်စာမသိပါပဲ သွန်းရှာဖို့ မဖြစ်နိုင်ပေ။

"သွန်းတော့ကြာရင် ရူးတော့မှာ မချမ်းရယ်"

       သူမသာအကြာကြီးပြစ်ထားရင် သွန်းရူးသွားမည်ဆိုတာအသေအချာပင်။သူမမရှိတဲ့ ရပ်ဝန်းမှာ အချိန်ကြာကြာရှင်သန်ဖို့ဟာ သွန်းအတွက်မလွယ်ကူလှပေ။သူမကိုလွမ်းဆွတ်မှုတွေ၊တမ်းတမှုတွေကို ရင်မှာပိုက်ကာ သူမကို ရှာတွေ့မည့်နေ့ကိုရင်နာနာနဲ့သာ စောင့်နေရဦးမည်...

*

    ကားတံခါးဖွင့်ပြီးခြေချလိုက်သည်နဲ့တစ်ပြိုင်နက် အိမ်ထဲမှကြားရသည့်သီချင်းသံခပ်သဲ့သဲ့က ရပ်နေတဲ့ သွန်းခြေထောက်တွေပင် မခိုင်ချင်တော့ပေ။

အတိတ်တွေက မှုန်ဝါးပေမယ့်×××ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တစ်ချို့နေရာက အကောင်းအတိုင်းရှိနေဆဲပါပဲ×××ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်×××အရင်လိုကြည့်မကောင်းပေမဲ့ မြင်ရတယ်×××အဓိပ္ပါယ်မရှိတာ သိပေမဲ့ တစ်ခါတစ်လေတိုက်ဆိုင်မှုတွေရှိလာတော့လဲ×××အမှတ်တမဲ့မင်းကိုလွမ်းပါတယ်×××အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ ငါမေ့မရဘူးကွယ်×××တွေ့ရင်မှတ်မိဦးမယ်ထင်ပါတယ်×××နှစ်တွေလတွေကအတော်ကြာပြီပဲ×××ဘယ်ဆီကိုမင်းရောက်နေမလဲ×××ဘာတွေကိုမင်းလုပ်နေမလဲ×××ဘယ်သူနဲ့မင်းရှိနေမယ်×××တွေးမိပါတယ်×××ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်×××

     ထိုသီချင်းတွေသည် သွန်းရင်ဘတ်တစ်ခုလုံးကို မီးစနဲ့ ထိုးနေသယောင်။ရင်ထဲမှနာကျင်မှုက လှိုက်တက်လာခဲ့သည်။ထိုသီချင်းကို ဖခင်ဖွင့်တိုင်းကြာဖူးနေပေမဲ့ ဒီတစ်ခါမှာတော့ သွန်းဖြစ်နေသည်နဲ့ တိုက်ဆိုင်နေသလို။ထိုသီချင်းကို သွန်းနားထောင်ဖို့ အင်အားပင်မရှိတော့သလိုခံစားရသည်။လေးလံတဲ့ခြေလှမ်းတွေကို အားယူလျှောက်ကာ အိမ်ထဲကိုဝင်လာခဲ့တော့ဖခင်ရဲ့စကားသံက သွန်းကို ဝမ်းနည်းစေခဲ့သည်။

"သမီး သူ့ကို ရှာတွေ့ပြီလား"

      သွန်းဖြေဖို့ပင်အင်အားမရှိတော့ပါ။မတွေ့ချင်တော့လို့ ထားသွားသည့်သူကို သွန်းရှာဖို့ မလွယ်ပေ။

"ထားသွားခဲ့တဲ့ လူတစ်ယောက်ကို ရှာရတာ အတော်ခက်တယ်ဖေဖေ ရူးမိုက်ပြီးလိုက်ရှာခဲ့ပေမဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ပါဘူး"

"သမီးအခုလိုဖြစ်နေတာတွေကို ဖေဖေတို့လည်း မကြည့်ရက်ဘူး ဖေဖေတို့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး"

"သမီးရဲ့အခုလိုပုံစံကို ဖေဖေနဲ့မေမေ့ကို မြင်စေမိလို့ တကယ်တောင်းပန်ပါတယ်"

"တောင်းပန်စရာမလိုပါဘူးသမီးရယ် သမီးချစ်ရတဲ့သူကို အမြန်ဆုံးရှာတွေ့ပါစေကွယ်"

        မိခင်ဖြစ်သူပြောသည်ကို ဘာမှပြန်မပြောပဲသွန်းပြုံးရုံသာပြုံးလိုက်သည်။သူမထွက်သွားပြီးကတည်းက နှစ်နှစ်ခြိုက်ခြိုက်ပြုံးတဲ့ အပြုံးမျိုး သွန်းမှာမရှိတော့ပေ။သွန်းအတွက်မဟုတ်ပဲ တစ်ခြားသူအတွက် လိုလိုလားလားပြုံးပြတဲ့ သူမကပဲ သွန်းကို အခုလိုတွေဖြစ်အောင် လုပ်ခဲ့သည်လေ။ရှာနေသော်လည်း မတွေ့တဲ့ သူမကို သွန်းရူးရူးမိုက်မိုက် လိုက်ရှာနေမိသည်မှာ သူမထွက်သွားကတည်းကပင်။တစ်နေ့နေ့တစ်ချိန်မှာ သူမကို ပြန်တွေ့မည်လားဆိုတာကို သွန်းစိတ်ကမယုံကြည်ရဲတော့ပေ။

ဘယ်ဆီကိုမင်းရောက်နေမလဲ×××ဘာတွေကိုမင်းလုပ်နေမလဲ×××ဘယ်သူနဲ့မင်းရှိနေမယ်×××တွေးမိပါတယ်×××ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ ငါသတိရပါတယ်×××

*

      အိမ်မက်ထဲမှာ အမြဲစိုးမိုးလွန်းတဲ့ သူမကြောင့် သွန်းအိပ်ရေးပျက်ရသည့်ညတွေမှာလည်းမနည်းတော့ပေ။အိပ်မရသည့်ညတွေများနေခဲ့ပြီ၊သွန်းဖြစ်နေတာ မှန်သမျှကို သူမကတော့ မသိပေ။ဒီညတွေကို သွန်းဘယ်ချိန်ထိဖြတ်သန်းနေရဦးမည်ဆိုတာကို သွန်းကိုယ်တိုင်ပင်မသိ။ဖုန်းရဲ့တေးသံစဉ်တစ်ခုကြောင့်နိုးသွားခဲ့သည်။ဖုန်းဝင်နေတာကြောင့် ကြည့်မိတော့ နှင်းပင်။ဖုန်းကိုင်မည့်လက်တွေကအစ တုန်ယင်လို့နေသည်။အားယူကာကိုင်လိုက်ပြီး

"ဟယ်လို"

"ဟယ်လိုသွန်း မကွေးက ငါ့အသိတွေကို ရှာခိုင်းထားပေမဲ့ သူတို့ကလည်း မြို့နယ်၊ဒေသသေချာမသိတော့ ရှာရလွယ်မယ်မထင်ဘူးတဲ့"

       နားထောင်နေတဲ့ သွန်းမှာတော့ အသိစိတ်ပျောက်နေတဲ့ လူတစ်ယောက်ပမာ။

"ဟုတ်ပါတယ်လေ အင်းပါ ဘာတတ်နိုင်မှာလဲ"

"ရှာတော့ကြည့်ခိုင်းထားတာပဲ တွေ့တော့လည်းတွေ့ပေါ့"

"တွေ့မယ်မထင်ပါဘူးဟာ"

"ဟာ တွေ့မှာပါဟာ ဘာမှစိတ်မပူနဲ့"

"ငါစိတ်အလုံးစုံက သူ့ဆီမှာပဲ နှင်းရယ်"

"ငါသိပါတယ်ဟာ နင်အဆင်ပြေမှာပါ သူ နင့်ဆီကို ပြန်လာမှာပါဟာ"

"အဲ့နေ့က ငါအသက်မမဲ့ခင်တော့ ရောက်လာဦးမယ်ထင်တာပဲ"

       စိတ်မပါပဲ ဆိုလိုက်သည့်စကားလုံးတွေက သွန်းရင်ထဲကလာသည့်စကားတွေပင်။သူမမရှိပဲ သွန်းအသက်ရှင်ဖို့ဆိုတာ သွန်းအတွက်အခက်ခဲဆုံးအရာဟုပင် ဆိုလို့ရသည်။မတွေ့ချင်လို့ထားသွားခဲ့တဲ့လူကဘာမှမဖြစ်ပေမဲ့ တွေ့ချင်လို့ အမြဲလိုက်ရှာနေတဲ့ သွန်းကတော့ အသိစိတ်မရှိတော့သည့် အရူးတစ်ယောက်လိုပင်။လာမည်မဟုတ်တဲ့ သူမကိုလည်း အချိန်တိုင်း မျှော်နေမိတာဟာ သွန်းမမှားဘူးမဟုတ်လား။မျှော်နေရဦးမည်၊လွမ်းဆွတ်ရဦးမည်၊သတိရဦးမည်၊ချစ်နေဦးမည်။မိမိကို ရက်ရက်စက်စက်ထားခဲ့တဲ့ ထိုအမျိုးသမီးကို သွန်းမျှော်နေမိဦးမည်...

အပိုင်း.5ဆက်ရန်






       

Continue Reading

You'll Also Like

79.2K 6.1K 27
"𝚆𝚑𝚎𝚗 𝚠𝚒𝚕𝚕 𝚝𝚑𝚎𝚢 𝚜𝚝𝚘𝚙 𝚑𝚊𝚝𝚒𝚗𝚐 𝚖𝚎 ?" 𝟷𝟻 𝚢𝚎𝚊𝚛 𝚘𝚕𝚍 𝚅𝚒𝚜𝚑𝚗𝚞 𝚊𝚜𝚔𝚎𝚍 𝚌𝚛𝚢𝚒𝚗𝚐 𝚑𝚒𝚜 𝚑𝚎𝚊𝚛𝚝 𝚘𝚞𝚝. "𝚆𝚑𝚎...
34.9K 3.4K 48
. .
12.1K 1.3K 9
This is a short story on TejRan. Recently TejRan were in Laughter chef. so I thought to write a story on it. I have added some my imagination with th...
9K 663 34
~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~