အချစ်လွန် သို့' အချစ်ကျွန် Co...

Nyothitwai द्वारा

24K 636 110

#extremely loveအ​ကြောင်းဖြစ်လို့ ဖြစ်နိုင်ပါ့မလားမ​တွေးထားတာ​တွေလည်း ဖတ်ရနိုင်ပါတယ် #punishment ပုံစံသ​ဘောမျ... अधिक

​အချစ်လွန် သို့' အချစ်ကျွန်(Extremely Love) R1
အချစ်လွန် သို့' အချစ်ကျွန် Extremely Love R2
အချစ်လွန် သို့ အချစ်ကျွန် Room3
Hello! Reader🤎
Good Night Reader🤎
အချစ် ''လွန် သို့ အချစ်''ကျွန် Room 4
အချစ်လွန် သို့' အချစ်ကျွန် Room 5 ​
အချစ်လွန် သို့' အချစ်ကျွန် Room6
အချစ်လွန် သို့ အချစ်ကျွန် Room 7
အချစ်လွန် သို့ အချစ်ကျွန် Room 8
အချစ်လွန် သို့ အချစ်ကျွန် Room9
အချစ်လွန်' သို့ အချစ်ကျွန် Room 10
အချစ်လွန်' သို့ အချစ်ကျွန်' Room11
အချစ်လွန်' သို့ အချစ်ကျွန်' Room 12
အချစ်လွန်' သို့ အချစ်ကျွန်' Room 13
အချစ်လွန် သို့ အချစ်ကျွန် Room14
အချစ်လွန် သို့ အချစ်ကျွန် Room15
အချစ်လွန်သို့အချစ်ကျွန် Room17
အချစ်လွန် သို့ အချစ်ကျွန် Room18
အချစ်လွန်သို့အချစ်ကျွန် Room 19
အချစ်လွန် သို့ အချစ်ကျွန် Room20
အချစ်လွန်သို့အချစ်ကျွန် Room21
အချစ်လွန်သို့အချစ်ကျွန် Room22
အချစ်လွန် သို့ အချစ်ကျွန် Room23
အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)
အချစ်လွန် သို့ အချစ်ကျွန် Final Room

အချစ်လွန် သို့" အချစ်ကျွန် Room 16

512 16 4
Nyothitwai द्वारा

အချစ်လွန် သို့ အချစ်ကျွန် (Extremely Love)
************************************
Room 16
********

သတိရလို့ နိုးလာတဲ့အခါ မောင်ရှိမနေသလို
အရာရာကသူစိမ်းဆန်ဆန်ပါဘဲ
ဒီနေရာဝန်းကျင်က ကျနော် မသိနေသော
တစ်စိမ်းတစ်နေရာပါဘဲ

"ကိုကောင်းလင်းပိုင် သတိရပြီလား"
"စစ်ရန်မှူး..."
"ဟုတ်တယ် ခင်ဗျားကိုကျနော့်အိမ်ခေါ်လာခဲ့တာ"

"မောင်.. မောင်ရော..
မောင် ဘယ်မှာလဲ"

"ဦးမောင်မောင်စိုးတို့ သူတို့သားကိုခေါ်သွားတယ်
ခင်ဗျားကိုတေ့ာ ကျနော်ခေါ်လာတာဘဲ"

"ကျနော် မောင့်ဆီသွားမှဖြစ်မယ်"

"ခုချိန်သွားဖို့အဆင်မပြေနိုင်လောက်ဘူး
ခဏနားပါဦး နောက်ပြီး ခင်ဗျားလွယ်လွယ်နဲ့
ဇေဝါမောင့်ဆီ
သွားလို့ရမယ်မထင်ဘူး"

"ခင်​ဗျားဘာသဘောနဲ့ ကျနော့်ကိုခေါ်လာတာလဲ"

"သူတို့ပစ်ထားခဲ့လို့ကောက်လာတာလေ
ဘာလို့လဲ
အဲ့လောက်တော့ ကျနော် စာနာတတ်ပါတယ်
အများကြီးမတွေးနဲ့ ကိုကောင်းလင်းပိုင်
ခင်ဗျားကြုံလာရမှာ အများကြီး
ခုမှ အစရှိသေးတယ်"

"ခုချိန်မှာ အိမ်ပြန်ပြီးစောင့်နေတာက
ခင်ဗျားအတွက်
ပိုအဆင်ပြေမယ်ထင်ပါတယ်
ကိုကောင်းလင်းပိုင်"

"မောင့်...အိမ်ကိုသိလား "

"ဇေဝါမောင့်ကို ဘယ်ခေါ်သွားလဲ
သိချင်တာလား
မစုံစမ်းရသေးဘူး ခင်ဗျား သိချင်လို့လား"

"နေပါစေ ကျနော်သွားဦးမယ်"

"ဟုတ်ပါပြီဗျာ ခင်ဗျား ကံကောင်းပါစေ"

မောင့်အိမ်ဆိုတာ ကျနော်မသိဘူး
မောင်တစ်ခါပြောပြဘူးတဲ့
မောင်တို့ငယ်ငယ်ကအိမ်ဆိုတာလည်း
ကျနော် မမှတ်မိဘူး သတိမထားမိဘူး

အိမ်မှာ မောင့်ကို ​ပြန်စောင့်နေမှ အဆင်ပြေမယ်
အနည်းဆုံးတော့ မောင်ပြန်လာရင်
ကျနော်ရှိနေမှဖြစ်မယ်

တံခါးလော့ပွင့်နေတော့ မောင်ရောက်နေပြီပေါ့
မောင်...""
ခွပ်.....
ရုတ်တရက် အငိုက်အရိုက်ခံရတော့ ခေါင်းမူးပြီး
လူက ယိုင်ထိုးကျသွားတယ်

မောင်...."""

ကျနော့်ရဲ့ မျက်နှာချင်းဆိုင်ကခုံပေါ်မှာ
မောင့်ဖေဖေက ထိုင်နေပြီး
မောင်က ကျနော့်ကိုကျောပေးပြီး
ဒူးထောက်လျှက်သား
ကျနော်က မျက်နှာကျက်ကနေ
တွဲလောင်းအချည်ခံရပြီးသား..

မောင့်ဖေဖေလက်ထဲမှာက
ခါးပတ်တစ်ခု...
><><><><><><><<

အခန်းကျယ်တစ်ခုရဲ့ အလယ်မှာ
ဒူးထောက်နေတဲ့ လူတစ်ယောက်ရဲ့
မျက်နှာက နာကျည်းချက်တွေထက်ပိုတဲ့
စိုးရိမ်စိတ်အပြည့်နဲ့အတူ
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ
အသက်ရှူ့သံတွေကလည်း
ကျယ်လောင်လို့နေပါတယ်

ဖျောင်း.."
အ.
ဖြေလေ ဇေဝါမောင်"

ပိုင့်ကို ဘာမှ မလုပ်ပါနဲ့ "
ဖျောင်း...

သားတာင်းပန်ပါတယ်"

သားလို့ မသုံးစမ်းနဲ့ ဇေဝါမောင်
မိဘတွေအတွက် အရှုံးတွေချည်းပေးတဲ့
လူတစ်ယောက်ကို သွေးအဖြစ်
မသတ်မှတ်နိုင်ဘူးကွ

ကြမ်းပြင်ပေါ် ကျတဲ့ မျက်ရည်စက်ကအစ
မောင့်ကိုလှောင်ပြောင်သလိုပါဘဲ

"ဖျောင်း...
ငါ့ကိုကြိုက်သလိုလုပ်ပါ
သတ်ပစ်လိုက်လည်းရတယ်
ငါချစ်တဲ့ လူအပေါ်ကိုတော့ ဘာမှမလုပ်ပါနဲ့"

"ဘာကွ
ငါ ဟုတ်လား"
ပြောရင်း မောင့်ဆံပင်ကိုဆွဲလှန်ချလိုက်တဲ့
အရင်းနှီးဆုံးမျက်နှာက
သိပ်ကြောက်ဖို့ကောင်းပါတယ်

"ငါ့ကို သားလို့ပြောဖို့ ဖေဖေမှ ခွင့်မပြုတာလေ"

"မင်းကြောင့်ငါ့သမီးလေးဘဝ ဆုံးရှုံးရသလို
မင်းသိပ်ချစ်တဲ့သူ ဆုံးရှုံးရတဲ့
ခံစားချက်ဘယ်လို​ဖြစ်မလဲ
သိစေချင်တာကွ"

"ဖေဖေ...
မမကိုသိပ်ချစ်တာဘဲလားဟင်"

တိုးလျစွာပေါ်လာတဲ့ မောင့်အသံဟာ
နာကျင်ခြင်းအပြည့်

"မမက ကျနော့်ကြောင့် သေခဲ့ရတာပါ
ကျနော့်ကို သတ်ပါ
ပိုင့်ကိုတော့ ဘာမှမလုပ်ပါနဲ့
ကျနော့်အပြစ်ပါ"

"မင်းအပေါ်အများကြီးမူတည်တယ် ဇေဝါမောင်"

"ဖေဖေ ပိုင့်ကို ဘာမှ မလုပ်ပါနဲ့
ကျနော့်အမှားကြောင့်ဖြစ်တာမို့
ကျနော်သေ​ပေးပါရစေ
ပိုင့်ကို ပိုင့်ကို လွှတ်ပေးပါနော် ဖေဖေ"

"မောင် ခင်ဗျားစောက်ရူးလား
ဘာလို့သေရမှာလဲ
သေသင့်တာ ခင်ဗျားအဖေဗျ
သားသမီးအတူတူကို
ခင်ဗျားက ဘာကြောင့် တစ်ဖက်သတ်.."

အွတ်.."

"ဖေဖေ မလုပ်ပါနဲ့ တားပေးပါဦး"

ပိုင့်ကို ထိုးလိုက်တဲ့ လူတွေကိုတားပေးဖို့
တောင်းဆိုနေတဲ့ မောင့်ကိုကြည့်ရတာ
အရူးတစ်ယောက်လို
ဘဝမှာ မျက်ရည်ကျတဲ့အထိ ဖြစ်ရတယ်

"ဆက်ပြောလေ ဟေ့ကောင်"

"ခင်ဗျားလိုလူက အဖေမဖြစ်ထိုက်..."
အွတ်..."

"မလုပ်ပါနဲ့... ကျနော်လိုက်ခဲ့ပါမယ်
တစ်ရက် တစ်ရက်လေး အချိန်ပေးပါ
ပိုင်နဲ့အတူ တစ်ရက်လေးဘဲ ကျနော် နေပါရစေ
ဒီနေ့လေးတင်ပါ မနက်ဖြန်
ကျနော်ဖေဖေ့ဆီလိုက်မှာပါ"

မောင်. ခင်ဗျား ဘာတွေပြောနေတာလဲ"

ဇေဝါမောင်"

ဟုတ် ဟုတ်ကဲ့ဖေဖေ"

"ရော့ အဲ့ဒီကောင်ကို ဒီခါးပတ်နဲ့
အချက်တစ်ရာရိုက်ရင်
ဒီတစ်ည ငါမင်းကို ဒီမှာပေးနေမယ်"

"ဟင့်အင်း...ဖေဖေ...ကျနော်မလုပ်နိုင်ဘူး
ကျနော်ချစ်တဲ့သူကို နာကျင်​ရမယ်ဆို
လက်ဖျားနဲ့တောင် မထိနိုင်ဘူး
မလုပ်ပါရစေနဲ့ ကျနော် တောင်းပန်ပါတယ်
ကျနော့်ကို ဖေဖေစိတ်ကြိုက်လုပ်ပါ
ဒီကိစ္စတွေက ပိုင်နဲ့မပတ်သတ်ပါဘူး"

"ကောင်းပြီလေ မင်းမရိုက်ဘူးမလား"

ခါးပတ်ကိုင်ပြီးရှေ့တိုးလာတဲ့ မောင့်ဖေဖေက
ကျနော့်ကို ရွယ်လိုက်ရင်ဘဲ
လက်နှစ်ဖက် ကြိုးတုပ်ပြီး
မျက်နှာကြက် မှာဆွဲထားပေမယ့်
ကျနော့်ခြေထောက်နဲ့ မောင့်ဖေဖေရင်ဝကို အားပါးတရ
ကန်လွှတ်လိုက်နိုင်တယ်

မထင်မှတ်ထားဘဲ ဖင်ထိုင်ကျသွားတဲ့
မောင့်ဖေဖေဟာ တဟားဟားအော်ရယ်ပြီးနောက်
မောင်..ဘက်လှည့်ကာ
မောင့်ကို တရစပ်ရိုက်ပါ​တေ့ာတယ်

"ခင်ဗျားတော်တော့ ခင်ဗျားရိုက်ချင်တာ
ကျုပ်ကိုမလား
မောင့်ကိုမထိနဲ့"

"ဟားဟား သိပ်ချစ်ပြနေကြတယ်ပေါ့ "

"ခင်ဗျားမှားနေပြီ
ကျုပ်အခုထိ မောင့်ကို ချစ်၏ မချစ်၏
မသေချာဘူး
ဒါပေမယ့် ကျုပ်သူ့ကို ကာကွယ်နှစ်သိမ့်ချင်တယ်
မောင့်အတိတ်တွေအတွက် ကျုပ်ရင်ဆိုင်ရဲတယ်
ခင်ဗျားက ကျုပ်ထပ်ပိုရင်ဆိုင်ရဲသင့်တာဗျ
နားလည်လား"

အွတ်..""

"ဖေဖေရယ် ကျနော် တောင်းပန်နေတာပါ
ဒီတစ်ညလေး ကျနော်တို့ကို..."

ဖျောင်း..."
ဒူးထောက် ထားတဲ့ မောင်ကလဲကျသွားတယ်"

"ခင်ဗျားတော်တော့
ခင်ဗျားစကားတည်ပါစေ"

"မောင် ကျုပ်ကိုရိုက်ရင်
ခင်ဗျား ဒီည မောင့်ကို
ကျနော့်လက်ထဲထားခဲ့မှာမလား"

"ဟားဟား အေးပေါ့ကွ "

ပိုင်.."
မောင့်အသံဖျော့ဖျော့လေးက
ရင်ထဲတိုက်ခိုက်ရပြန်တယ်

"မောင် ခင်ဗျားထစမ်း
ကျနော့်ကို ရိုက်စမ်း"

"မောင်...မောင်မလုပ်ဘူး ပိုင်"

"ခင်ဗျား ကျနော့်စကားကိုဆန့်ကျင်နေတာလား
ဇေ..ဝါ..မောင်"

"ပိုင့်.."
"ထစမ်းအခု...
ပျော့ညံ့မနေနဲ့ ကျနော့်စကားဆန့်ကျင်ရင်
ခင်ဗျားကို ကျနော် တစ်သက်လုံးစာ မုန်းပစ်မှာ"

မောင်က ထလာပြီး ခါးပတ်ကိုယူတယ်
​ပြီးတော့ ကျနော့်ကိုဖက်တယ် ပါးကိုနမ်းသလို
နှုတ်ခမ်းကိုပါနမ်းတယ်
ပိုင့်ကို အရမ်းချစ် တယ်လို့ တိုးတိုးပြောတယ်

မောင့်ဖေဖေက ကျနော့်ရှေ့တည့်တည့်က ခုံပေါ်မှာ ကျကျနနထိုင်လို့...

ဖျောင်း.,.
တစ်...
နှစ်...
.....
မောင့်ဖေဖေက မောင့်ကျောကို ကန်လိုက်တယ်
ငါရိုက်ပြမယ်ကြည့် ဇေဝါမောင်

"မလိုဘူး မောင်ကလွဲရင်
ဘယ်သူမှထိတာမလိုချင်ဘူး
ကျနော့်ရဲ့ နောက်ဆက်တွဲတွေက
ကြောက်ဖို့ကောင်းတယ်
ခင်ဗျားခံနိုင်ရည်ရှိပါစေ....

မောင်...
ခင်ဗျား ထမင်းမစားရလို့လား
အားကုန်သုံးပြီးရိုက်စမ်းပါ...
ကျနော့် စကားကို ခင်ဗျားသေချာလိုက်နာမယ်ယူဆတယ် မောင်"

သုံး..
လေး...
တစ်..ဆယ်..

အချက်ရေ သုံးဆယ်မှာ အရာရာက
ဝါးလာနေသလိုထင်စပြုလာတယ်

.....

ကိုယ့်လက်နဲ့ ကိုယ်ချစ်ရသူကို ရိုက်ရတယ်ဆိုတာ
ရင်တစ်ခုလုံး အစိမ်းခွဲပြီး ဆားသိပ်ရသလိုပါဘဲ
ဖေဖေ သိပ်ရက်စက်တာဘဲ.

အံကြိတ်ထားတဲ ပိုင့်နှုတ်ခမ်းက သွေးတွေက
မောင့်ရင်ကို မောင့်ခံစားချက်
မောင့်အသိတွေကို ထုံထိုင်းစေပါတယ်
""
ငါးဆယ်. ..ရှစ်

.....
ခုနှစ်ဆယ့်.တစ်...

ပိုင်က ဇက်နောက်လှန်ကျသွားတယ်
"ပိုင်..ပိုင်,. ဘာဖြစ်တာလဲ
ပိုင်.. ဘာမှမဖြစ်ရဘူးနော် ပိုင်..."

ဆက်ရိုက်လေကွာ..

"ဖေဖေ
....."

"ကောင်းပြီလေ မနက် ငါလာခေါ်မယ်
မလိုက်ရင် အကျိုးဆက်ကိုမင်းမှန်းမိမှာပါ"

><><><><>>>>><><

"ရန်ရန် ဘာတွေဖြစ်နေတာလဲ
ခ လုပ်တယ်ဆိုတဲ့အရာအားလုံးက
ရန်ရန့်အတွက်လေ"

"တော်တော့ မင်းခ
မင်းလုပ်ရပ်က အောက်တန်းကျလွန်းတယ်"

"ရန်ရန်ကြိုက်သလိုပြော ခကိုတော့
မခေါ်ဘဲမနေပါနဲ့ ရန်ရန်ရယ်
ခ တောင်းပန်ပါတယ်..."

"မတောင်းပန်နဲ့ မင်းခ
ငါလက်မခံဘူး
အထူးသဖြင့် ဒီကိစ္စကို တရားသောနည်းလို့
ငါ မသတ်မှတ်နိုင်ဘူး
ငါ့ဘက်က မဆက်သွယ်ဘဲ
မင်း ငါနဲ့မတွေ့မိပါစေနဲ့မင်းခ"

တီ..တီ...
ပြောချင်ရာပြောပြီးဖုန်းချသွားတဲ့
ကောင်ဆိုးလေးကြောင့်
ခ ရင်ကွဲရတယ်....
ခ ဘာဖြစ်နေနေ ရန်ရန့်ကျေနပ်စေချင်ပါတယ်

ခမှားခဲ့ရင်တောင် ရန့်ရန့်ကို ချစ်မိလို့ဆိုတာ
နည်းနည်းလေးတောင်မသိဘူးလား ရန်ရန်ရယ်

NyoThitWai
6 Feb 2023
12:45am Mon
🏳️‍🌈🖤🏳️‍🌈

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

11.4K 2.1K 50
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
39.2K 6.9K 42
"කවුරු හරි මගෙන් ඇහෙව්වොත් මන් ඔයාගේ කව්ද කියලා මන් දෙන්න ඕන උත්තරය මොකක්ද ජන්ග්කුක් " "කියන්න ඩෝල් ඔයා තමයි ජන්ග්කුක් ගේ හැමදේයක්ම කියලා "
131K 10.5K 33
ကျိန်စာဆိုးများနှင့်ပြည့်နှက်နေသော ကြောက်မက်ဖွယ်ဝိညာဉ်ဆိုးများဖြင့် ဆာလောင်မွတ်သိပ်နေသော "မြနန်းစံတော်" အတိတ်ဘဝရန်ငြိုးတွေနှင့်.. အမုန်းတရားတွေပြည့်...
277K 43.6K 122
Our S.C.I leader Mouse Xiao Bai and Cute Psychologist Cat Zhan Zhao's love story