ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

Από Jiji_laura

465K 79.7K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... Περισσότερα

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။

2.4K 396 8
Από Jiji_laura

Unicode

အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း

[သူကူအဆိပ်ကို တွန်းထုတ်ဖို့ သူ့ကိုယ်သူသာ အားကိုးနိုင်လိမ့်မယ်]

စုယန်နှင့် ကုဖေးတိတို့သည် ကူအဆိပ်ကို ဖယ်ရှားရန်သာ လုံးလုံးလျားလျား စိတ်နှစ်ခဲ့ကြပြီး တခြားဘာကိုမှ ဂရုမစိုက်နိုင်ခဲ့ကြပေ။ ထို့အပြင် လော့ယွီကလဲ ပြဿနာများကို သူတို့ထံမှ ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားခဲ့ပြီး သူတို့နှစ်ဦးစလုံးကို အမှောင်ထဲတွင်သာ လုံးလုံးလျားလျား ထိန်းသိမ်းထားခဲ့သည်။

ချင်ကျန်းယွဲ့ကမူ ယွီချုံးတောင်မှ နောက်တစ်ကြိမ် ခရီးထွက်ခဲ့သည်။

သို့သော် ထန်းယွင်စံအိမ်သို့ သူကိုယ်တိုင် သွားခဲ့သော်လည်း ကုရော့ဟိုင်နှင့် မတွေ့ဆုံနိုင်ခဲ့ပါ။
နောက်ဆုံးတွင် ကုရော့ဟိုင် ခရီးရှည်ကြီး ထွက်သွားသည်ဟူသော သတင်းကိုသာ သူရရှိခဲ့၏။

ကူအဆိပ်ကို မဖယ်ရှားမီ ကာလအတွင်း စုယန်၏ ခန္ဓာကိုယ်ကို အကောင်းဆုံးအခြေအနေသို့ ရောက်နေစေရန် လော့ယွီသည် အပ်စိုက်ကုထုံးကို တစ်ရက်တစ်ခါ ပြုလုပ်ရုံသာမက ဆေးတိုက်ကျွေးခြင်းနှင့် ဆေးဖက်ဝင်အပင်များနှင့် ညစဉ် ရေချိုးစေခြင်းများကို ပြုလုပ်စေသည်။

စုယန်သည် ဆေးဖက်ဝင်အပင်များနှင့် ဖော်စပ်ထားသော ဆေးရည်ကို သောက်ရသည်မှာ သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏လျှာက ဆေးရည်ကို ထိလိုက်သည်နှင့် အလိုလို ထွေးထုတ်မိတော့၏။

"ဒီဆေးရည်က လူသောက်ဖို့တောင် ဟုတ်ရဲ့လား?"
စုယန်က နှာခေါင်းရှုံ့ကာ သောက်ရန် ငြင်းဆန်လိုက်၏။

"ဆေးလုံးအဖြစ် ပြောင်းလုပ်လို့ မရဘူးလား။ အဲဒါတွေကို တစ်ခါတည်းမျိုချလိုက်တာ ပိုကောင်းလိမ့်မယ်ထင်တယ်။ ဒီလိုမျိုး အရည်သောက်ရတာကြီးကို ဘယ်သူက သည်းခံနိုင်မှာလဲ?"

လော့ယွီက ဆေးပန်းကန်လုံးကို စားပွဲပေါ်တင်လိုက်ပြီး ရွဲ့စောင်းစွာ ပြုံးလိုက်သည်။

"ဒီရက်ပိုင်းမှာ မင်းရဲ့ ကျန်းမာရေးကို ငါအရမ်းဂရုစိုက်ပေးခဲ့ပြီး မင်းကို ကြမ်းတမ်းတဲ့ စကားတစ်ခွန်းတောင် မပြောခဲ့ဖူးဘူးနော်။ ဆေးလုံးလုပ်ပေးရမယ် ဟုတ်လား? မင်းအတွက် ဆေးမှုန့်ကို ကြိတ်ပြီး ဆေးလုံးအဖြစ် လုပ်ပေးနေဖို့ ဘယ်သူက အချိန်ရှိမှာလဲ?"

စုယန်က နှုတ်ခမ်းစူလိုက်ပြီး ကုဖေးတိကို တစ်ချက် ကြည့်လိုက်သည်။

ကုဖေးတိက ချက်ချင်း နားလည်လိုက်၏။

"မင်းလိုရင်......"

"မလိုပါဘူး" လော့ယွီက မျက်လုံး လှန်လိုက်ပြီး ဆိုသည်။

"မင်းကလွဲပြီး ဘယ်သူ့အတွက်မဆို ဒီဆေးကို ဆေးလုံးအဖြစ် လုပ်ပေးနိုင်တယ်။ ဒီထဲက ဆေးဖတ်ဝင်အပင်တချို့က ရေနဲ့ပဲပြုတ်နိုင်တာ။ သူတို့ကို အမှုန့်ကြိတ်လိုက်ရင် ဆေးစွမ်းက ပိုပြင်းသွားမှာ ဖြစ်တဲ့အတွက် မင်းရဲ့အတွင်းအားကို လှုံ့ဆော်မိပြီး အခြေအနေတွေ ပိုဆိုးသွားမှာစိုးရိမ်ရတယ်"

ထိုစကားကိုကြားတော့ ကုဖေးတိက တိတ်တဆိတ် ပါးစပ်ပိတ်နေလိုက်သည်။

လော့ယွီက နှာခေါင်းရှုံ့လိုက်ပြီး စုယန်အား အထင်အမြင်သေးစွာ ကြည့်လိုက်၏။

"မင်းအသက်ဘယ်လောက်ရှိနေပြီလဲ? ကလေးလဲ မဟုတ်တော့တာကို ဆေးသောက်ရတာ ကြောက်နေသေးတယ်။ ကုဖေးတိ.. သူ ဒီဆေးရည်ကို ကုန်အောင်သောက်ပစေနော်။ မသောက်ရင် ပါးစပ်ဟပြီး လည်ချောင်းထဲကိုသာ အတင်းလောင်းချပစ်လိုက်"

ထိုသို့ပြောပြီးသည်နှင့် သူက သတိဆက်ပေးလာသည်။

"အိုး.. ပြီးတော့ ဒီဆေးမှာ ထူးခြားတဲ့ ဂုဏ်သတ္တိတစ်ခု ရှိသေးတယ်။ သောက်ပြီးရင် အချိုစားလို့မရဘူး၊ နှစ်နာရီအတွင်း ရေလဲသောက်လို့မရဘူး။ မဟုတ်ရင် အာနိသင် ပျက်သွားလိမ့်မယ်။ မင်းငါ့စကား နားမထောင်ရင်တော့ ကူအဆိပ်ထုတ်တဲ့အခါမှ ဒုက္ခလှလှ တွေ့လိမ့်မယ်နော်"

သူက ပြောပြီးသည်နှင့် လှည့်ထွက်သွားတော့၏။ ဒါက နောက်ပြောင်ခြင်းတစ်ခု ဟုတ်မဟုတ် မည်သူမှ မသိ‌နိုင်ပေ။

စုယန်သည် အနက်ရောင်ဆေးရည််ပန်းကန်လုံးကို
စိုက်ကြည့်နေပြီး အတွင်းစိတ်ထဲ၌ တကယ်ကို ရုန်းကန်နေရ၏။

တကယ်ပဲ သူက အလိုလိုက်၊အကြိုက်ဆောင်ခြင်းကို ခံခဲ့ရသော ကလေးတစ်ယောက်တော့ မဟုတ်ပါချေ။ သို့သော် သူ့ရှေ့ရှိ ဆေးပန်းကန်လုံးထဲမှ တစ်ငုံကို သောက်ပြီးသည်နှင့် လုံးဝကို ထပ်ထိချင်စိတ်မရှိတော့ပေ။

သူဟာ ဘလက်ကော်ဖီစစ်စစ်ကို သောက်လေ့ရှိသူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ဤဆေးသည် ခါးသီးမှုသက်သက်ပင် မဟုတ်ခဲ့ပါ။ အဓိကပြသနာမှာ ဒီဆေးရည်အတွင်း၌ ထူးထူးဆန်းဆန်း အရသာမျိုးစုံ ရောစပ်ထားခြင်းပင်... သူ အတိအကျ ဖော်ပြရမည်ဆိုလျှင် ဤဆေးကိုသောက်သုံးခြင်းက သူ၏ အရသာခံနိုင်မှုကိုပါ ပျက်စီးသွားစေနိုင်သည်။

သည့်အပြင် သမားတော်၏ ညွှန်ကြားချက်အရ ဆေးသောက်ပြီးနောက် အချိုများကို မစားနိုင်သည့်အပြင် လည်ချောင်းအတွင်း ဆိုးရွားလှသောအရသာကို မှေးမှိန်စေရန် တံတွေးကိုပင် မျိုမချနိုင်ပေ။

စုယန်ခမျာ အသက်ရှင်ဖို့ရာ ဘာမှ မကျန်ပါတော့ချေ။

ကုဖေးတိက မကျေမချမ်းဖြစ်နေသော စုယန်ကို မြင်သောအခါ ဆေးပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး အနားမှာ ထိုင်ချလိုက်သည်။

"ဆေးကောင်းတိုင်းက ခါးတယ်။ ဒါက ကူအဆိပ်ကို ဖယ်ရှားဖို့ ကြိုတင်ပြင်ဆင်မှုတစ်ခု‌ဖြစ်တာကြောင့် မင်းသောက်ကိုသောက်ရမယ်နော်"

စုယန် အနည်းငယ် ရုန်းကန်နေပြီးနောက် ကုဖေးတိ၏ လက်ထဲမှ ဆေးရည်ပန်းကန်ကို ယူလိုက်တော့သည်။ ထိုထူးဆန်းသည့် အရသာကြီးကို ထပ်မံမြည်းစမ်းကြည့်လိုက်သော်လည်း ယခုအချိန်ထိ မသောက်နိုင်သေးပေ။

ကုဖေးတိက ပြုံးလိုက်ပြီး ဆို၏။

"မင်းငါ့ကို နှုတ်ခမ်းချင်းတေ့ပြီး တိုက်စေချင်တာလား?"

စုယန်က မျက်ခုံးပင့်လိုက်ပြီး သူကိုင်ထားသည့် ဆေးရည်ပန်းကန်ကို ချက်ချင်း ထိုးပေးလိုက်သည်။

"ငါ့ကိုမတိုက်ခင် မင်းအရင် သောက်ကြည့်လိုက်စမ်းပါအုံး"

ကုဖေးတိက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ဆေးရည်ပန်းကန်ကိုယူကာ တစ်ငုံသောက်လိုက်လေ၏။

အစပိုင်း၌ တည်ငြိမ်နေသော သူ၏အမူအရာမှာ လုံးဝ ပျောက်ကွယ်သွားပြီး အံ့အားသင့်မှုများ အစားထိုး ဝင်ရောက်လာသည်။

"အတော်သောက်ရခက်တာပဲ"

ကုဖေးတိသည် ပါးစပ်ထဲရှိ ဆေးရည်တစ်ငုံကို အစွမ်းကုန် ကြိုးစားမျိုချလိုက်ရ၏။

စုယန်က ရယ်မောလေတော့သည်။

ကုဖေးတိက ကူကယ်ရာမဲ့ ပြုံးလိုက်ပြီး ဆေးရည်ပန်းကန်ကို နောက်တစ်ကြိမ် နှုတ်ခမ်းနား တေ့လိုက်၏။

စုယန်က အမြန် လက်ဆန့်ထုတ်လိုက်ပြီး သူ့အား တားလိုက်သည်။

"ငါ့ကို ပေးပါ.... ဒီလို ဆေးမျိုးကို တစ်ကြိမ်ဆီ နှုတ်ခမ်းချင်းတေ့ တိုက်နေမယ့်အစား တစ်ကြိုက်တည်း မော့သောက်လိုက်တာ ပိုကောင်းလိမ့်မယ်"

စုယန်က ကုဖေးတိထံမှ ဆေးရည်ပန်းကန်ကိုယူကာ အထဲမှ အနက်ရောင် ဆေးရည်များကို စိုက်ကြည့်လိုက်သည်။ ပြီးနောက် အသက်ပြင်းပြင်း တစ်ကြိမ်ရှူကာ နှာခေါင်းကိုပိတ်လိုက်ပြီး အကုန် မော့ချပစ်လိုက်တော့၏။

ပြီးသည်နှင့် ပန်းကန်ကို ဖယ်ချလိုက်ပြီး အလွန်
စက်ဆုပ်သော အမူအရာဖြင့် ဖော်မပြနိုင်အောင်
ဆိုးရွားသောအရသာကို မျိုချရန် ကြိုစားလိုက်သည်။

ကုဖေးတိက စုယန်၏လည်ပင်းနောက်ဘက်ကို ကိုင်ကာ ရှေ့သို့ဆွဲလိုက်ပြီး ခါးသက်သော အရသာ စွဲကပ်နေသည့် နှုတ်ခမ်းများကို နမ်းလိုက်လေသည်။ သူသည် လျှာဖျားအား
စုယန်၏ခံတွင်းထဲသို့ တိုးဝင်ပြီး ညင်သာစွာ
မွှေနောက်လိုက်သည်။ အချိန်အတန်ကြာ နက်နက်ရှိုင်းရှိုက် စုပ်ယူနမ်းရှိုက်ပြီးနောက် နောက်ဆုံးအကြိမ်အဖြစ် စုယန်၏နှုတ်ခမ်းများကို ခပ်ဖွဖွ နမ်းလိုက်လေ၏။

ပြီးနောက် အနည်းငယ် ခွာလိုက်ပြီး ခါးသက်သော အသက်ရှူသံနှင့်အတူ ခပ်ဟဟ ရယ်မောလိုက်လေ၏။

"အချိုစားလို့မရတော့ ဗိုက်ထဲထည့်စရာမလိုတဲ့ တစ်ခုခုကို စားရမှာပေါ့"

စကားဆုံးသည်နှင့် မျက်လုံးများကိုမှိတ်ကာ ထပ်မံနမ်းပြန်သည်။

ရှည်လျားထွေပြားသော အနမ်းတစ်ခုပြီးဆုံးပြီးနောက် စုယန် အနည်းငယ်မူးဝေသွားသလို ခံစားလိုက်ရပြီး ခေါင်းအုံးပေါ်၌ လဲလျောင်းနေလိုက်သည်။ သူ၏ မှိန်းနေသော မျက်လုံးများက ကုဖေးတိအား စိုက်ကြည့်နေ၏။

‌ကုဖေးတိကာ ပြုံးကာ မေးလာသည်။

"ချိုလား?"

စုယန် "....."

ဒီလူက တစ်နေ့တစ်ခြား ပိုပို အရှက်မဲ့ပြီး ဘဝင်မြင့်လာတာပဲ။ ဘယ်သူ့ဆီကနေများ သင်ယူခဲ့တာပါလိမ့်။

ကုဖေးတိက အနည်းငယ် တိုးကပ်လာပြီး လေသံကို လျှော့ကာ မေးသည်။

"ချိုတယ်မဟုတ်လားလို့?"

စုယန်က ကူကယ်ရာမဲ့ ရယ်မောပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါပြီ.. ချိုတယ်၊ ချိုတယ်။ မင်းက အချိုမြိန်ဆုံးပဲ..."

ကု‌ဖေးတိက စုယန်၏နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ပြုံးလိုက်သည်။

"အခုကစပြီး မင်းဆေးကို လိမ်လိမ်မာမာ သောက်ရမယ်နော်။ ဒါမှ မြန်မြန်နေကောင်းလာမှာ"

စုယန်က မျက်လုံးများကို မှိတ်လိုက်ပြီး အလွန်ပေါ့ပါးသော သက်ပြင်းတစ်ခုကို ချလိုက်လေ၏။

"...ကောင်းပါပြီ"

****

အပ်စိုက်ကုထုံးနှင့် ဆေးကုသမှုကို ဆယ်ရက်ကြာ ခံယူပြီးနောက် လော့ယွီသည် နောက်ဆုံးတွင် ကူအဆိပ်ကို ဖယ်ရှားရန်အတွက် ရက်ချိန်းသတ်မှတ်ခဲ့လေသည်။

ညဆယ့်တစ်နာရီမှ တစ်နာရီကြား သန်းခေါင်ယံ ကာလသည် ကူအဆိပ်ကို ဖယ်ရှားရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။

ထိုနေ့သည် နဝမလ၏ သုံးဆယ်ရက်၊ ဒသမလ၏ ပထမလဆန်းပိုင်းနှင့် တိုက်ဆိုင်နေပြီး ညကောင်းကင်ယံ အလင်းရောင်မှာ မှိန်ဖျော့ကာ ကူအဆိပ်ကို ထုတ်ယူရန် သင့်တော်သည်။

သို့သော် ထိုအချိန်တွင် ပတ်ဝန်းကျင်သည် အမှောင်ဖုံးနေမည်ဖြစ်သောကြောင့် အအေးဓာတ်မှာ အပြင်းထန်ဆုံးဖြစ်ပြီး စုယန်၏ ခန္ဓာကိုယ်ရှိ ရေခဲဝိညာဉ်ကို ဖိနှိပ်ရန် ပို၍ပင် ခက်ခဲနေပေလိမ့်မည်။

စုယန်သည် ကူအဆိပ်ဖယ်ထုတ်ခြင်း လုပ်ငန်းစဉ်ကို ကုဖေးတိအား မကြည့်စေလိုသော်လည်း လော့ယွီပေးသော အကြောင်းပြချက်မှာ ငြင်း၍မရနိုင်ပါချေ --- ကုဖေးတိသည် ဤနေရာ၌ ယန်ဓာတ်၊ အပူပိုင်းဆိုင်ရာကျင့်စဉ်ကို ကျင့်သုံးသော တစ်ဦးတည်းသောလူဖြစ်ပေသည်။ ဆိုလိုသည်မှာ စုယန်၏ ရေခဲဝိညာဉ် ထကြွလာသည်နှင့် သူ့အား သေမင်းလက်မှ ဆွဲထုတ်နိုင်သည့် တစ်ဦးတည်းသောလူပင်ဖြစ်သည်။

ဤသို့ဖြင့် ကုဖေးတိသည် ကူအဆိပ်ဖယ်ရှားခြင်း လုပ်ငန်းစဉ်ကို ကူညီဆောင်ရွက်ပေးရန်အတွက် စုယန်၊ လော့ယွီတို့နှင့်အတူ ရေပူစမ်းထဲသို့ ဆင်းခဲ့တော့၏။ ချင်ကျန်းယွဲ့ကမူ ကမ်းစပ်၌နေကာ သူတို့ သုံးဦးအား စောင့်ကြပ်ပေးခဲ့သည်။

"စုယန်.. မင်း ကုဖေးတိဆီကနေ ကူအဆိပ်ကို လွှဲပြောင်းယူဖူးတယ်မလား? ဒါဆို ကူသွေးကို အတင်းအကြပ်ဆွဲထုတ်ဖို့အတွက် အထက်ပိုင်းယန် လျှာလမ်းကြောင်းကိုပဲ သုံးနိုင်မယ်ဆိုတာ မင်းသိထားမှာပေါ့" လော့ယွီက ဆို၏။

"မင်းရဲ့ခန္ဓာကိုယ်ထဲက ကူသွေးတွေကို လုံးလုံးထုတ်ချင်တယ်ဆိုရင် ဒါက တူညီတဲ့သဘောတရားတစ်ခုပဲ။ဒါ‌ပေမယ့် မင်း အထူးပစ္စည်းအချို့ကိုတော့ သုံးဖို့လိုတယ်"

ထိုသို့ပြောပြီးသည်နှင့် သူက လက်သီးဆုပ်အရွယ် အနက်ရောင်ကြွေပုလင်းတစ်ခုကို ထုတ်လိုက်သည်။

"ဒါက ကူသွေးကို ထုတ်ယူဖို့ လိုအပ်တဲ့ ငါးစာပဲ။ အရသာက နည်းနည်းပြင်းတယ်ဆိုပေမယ့် ကူသွေးကို ဆွဲဆောင်ဖို့ မင်းပါးစပ်ထဲမှာ ငုံထားရမယ်"

စုယန်က ကြွေပုလင်းကိုယူကာ အထဲရှိအရာကို ဖွင့်ကြည့်လိုက်သည်။ သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး နှာခေါင်းရှုံ့ကာ မေးလိုက်လေ၏။

"ဒါကဘာကြီးလဲ?!"

"ဒါက ရာနဲ့ချီတဲ့ အဆိပ်ပင်တွေနဲ့ ကူကောင်တွေကနေ ထုတ်လုပ်ထားတဲ့ အဲ့လော့ကွေးရဲ့အဆိပ်တစ်မျိုးပဲ။ အဲဒါကသာ လူ့ခန္ဓာကိုယ်ထဲက ကူသွေးအဆိပ်ကို ဆွဲဆောင်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ"

လော့ယွီက ဓားမြှောင်အသေးလေးတစ်ခုကို ထုတ်ယူလိုက်ပြီး ဆက်ပြောသည်။

"ဒါပေမယ့် ဒါကိုမသုံးခင် နောက်ဆုံးအနေနဲ့ လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတစ်ခုလိုသေးတယ်"

ထိုသို့ပြောရင်း လော့ယွီသည် ဓားမြှောင်ဖြင့် ကိုယ့် လက်ကောက်ဝတ်ကိုယ် လှီးဖြတ်လိုက်လေ၏။ ပြီးနောက် အနီရောင် တောက်တောက်သွေးများအား ကြွေပုလင်းထဲသို့ စီးဝင်စေပြီး ရာချီအဆိပ်အား ထူထဲပျစ်နှစ်သော အရည်အဖြစ်သို့ ကူးပြောင်းသွားစေသည်။

"မင်း ကူအဆိပ်ကို လွှဲယူခဲ့တုန်းကအတိုင်း မင်းရဲ့ လျှာဖျားကို ကိုက်လိုက်" လော့ယွီက စုယန်အား စတင်ညွှန်ကြားခဲ့သည်။

"ပြီးရင် ဒီရာချီအဆိပ်ကိုငုံထား.. မျိုမချမိစေနဲ့။ ကူသွေးအဆိပ်ကို ရာချီအဆိပ်ဆီရောက်လာအောင် မင်းရဲ့ အတွင်းအားကိုသုံးပြီး တွန်းပို့လိုက်"

စုယန်သည် ညွှန်ကြားချက်အတိုင်း လျှာဖျားကို ကိုက်လိုက်ပြီး ရာချီအဆိပ်ကို ငုံရန် နှုတ်ခမ်းနား တေ့လိုက်သည်။ သို့သော် မသိစိတ်က ရပ်တန့်သွားလေ၏။

လော့ယွီက အလျင်စလို တိုက်တွန်းလာသည်။

"မြန်မြန်လုပ်.. အဆိပ်ထဲမှာ သွေးပါနေတယ်။ အချိန်မဖြုန်းနဲ့"

စုယန်လဲ သူ၏သတ္တိကို ကြိုးစားစုစည်းလိုက်ပြီး ကြွေပုလင်းထဲမှ သွေးရောနှောထားသော အဆိပ်ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေ၏။

ချက်ချင်းပင် ဖော်မပြနိုင်သော ရနံ့တစ်ခုက သူ့ပါးစပ်အတွင်း ပျံ့နှံ့သွားပြီး သွေးနံ့နှင့် ရောနှောကာ စုယန်အား အနည်းငယ် မူးဝေသွားစေသည်။ သူသည် ပါးစပ်ကို တင်းတင်းစေ့ထားကာ အန်မထုတ်မိစေရန် မနည်း ထိန်းချုပ်ထားရ၏။

လော့ယွီက သက်ပြင်းချပြီး လေးလေးနက်နက်
ပြောလာသည်။

"ကောင်းပြီ၊ အခု ကူသွေးအဆိပ်ကို လျှာလမ်းကြောင်းဆီ တွန်းပို့ဖို့ မင်းရဲ့အတွင်းအားနဲ့ 'ကြက်သွေးနီ ညှိုးနွမ်းခြင်း'ကို သုံးလိုက်တော့"

စုယန်သည် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ပြီး သူ၏ အတွင်းအားကို ထိန်းကျောင်းခဲ့သည်။ 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကျင့်စဉ် စတင်အသက်ဝင်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်ထဲမှ ရေခဲဝိညာဉ်သည် ချက်ချင်း ထကြွလာခဲ့သည်။

အအေးဓာတ်က ရုတ်တရတ် ပျံ့နှံ့လာပြီး ခြေလက်နှင့် အရိုးများအထိ ခိုက်ခိုက်တုန်နေစေ၏။ ရေပူစမ်း ရေကန်ထဲ၌ ရှိနေသော်လည်း စုယန် မတုန်လှုပ်ဘဲ မနေနိုင်ပါချေ။

ကုဖေးတိက ရှေ့သို့တိုးကာ စုယန်အား ပွေ့ဖက်ပေးချင်သော်လည်း လော့ယွီက တားဆီးလိုက်လေသည်။

"သူ့ကို မနှောင့်ယှက်နဲ့.. သူကူအဆိပ်ကို တွန်းထုတ်ဖို့ သူ့ကိုယ်သူပဲ အားကိုးနိုင်လိမ့်မယ်"

စုယန် မျက်လုံးတွေကိုမှိတ်ထားရင်း ကူအဆိပ်
သူ့ခန္ဓာကိုယ်ထဲရှိ မယ်ရီဒီယန်တစ်လျှောက် တဖြည်းဖြည်းတက်လာသည်ကို ခံစားလိုက်ရသည်။ အလွန်အေးခဲသော အတွင်းအားနှင့် ရေခဲဝိညာဉ်၏ အကျိုးသက်ရောက်မှုကြောင့် နာကျင်မှုကိုတော့ ခံစားရခြင်းမရှိပေ။ ယင်းအစား သူ့ခန္ဓာကိုယ်ထဲရှိ အအေးဓာတ်မှာ ပို၍ပို၍ ပြင်းထန်လာသည်ကို ခံစားနေရသည်။

အအေးဓာတ်သည် ရေခဲချွန်များအဖြစ်သို့ ပြောင်းလဲသွားပုံရပြီး သူ့ကျောရိုးတစ်လျှောက် အပေါ်သို့ တက်လာကာ သူ့နှလုံးသားကို ထပ်ခါထပ်ခါ ပြင်းပြင်းထန်ထန် ထိုးဖောက်နေသလို ခံစားနေရ၏။

စုယန်၏ အသိစိတ်သည် တဖြည်းဖြည်း မှုန်ဝါးလာပြီး သူ့ပတ်ဝန်းကျင်ကိုပင် သတိမထားမိတော့ပေ။ သူ့ခန္ဓာကိုယ်သည် အလေးချိန်လုံးဝမရှိတော့ဘဲ လေဟာနယ်၌ လွင့်မျောနေပုံရလေ၏။ ခြေဖဝါးအောက်ရှိရွှံ့ကြမ်းပြင်နှင့် သူ့ခန္ဓာကိုယ်ပေါ် ထိတွေ့နေသော ရေပူစမ်းရေများကိုပင် မခံစားမိတော့ပါချေ။

သူခံစားနိုင်သမျှမှာ 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကျင့်စဉ်သည် သူ့ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေဆဲဖြစ်ကြောင်းနှင့် သူ၏ မယ်ရီဒီယန်တစ်လျှောက် ‌ပြေးလွှာလာသော ကူသွေးအဆိပ်မှ သယ်ဆောင်လာသည့် အရိုးခိုက်အောင် အေးစိမ့်မှုပင်။

ကူသွေးအဆိပ် သူ၏လျှာဖျားသို့ ရောက်ရှိလာပြီး သွေးကြောထဲမှ စတင်စိမ့်ထွက်လာသည့်အခါ စုယန် ပထမဆုံးအကြိမ်အဖြစ် နာကျင်မှုကို ခံစားလိုက်ရသည်။

ယင်းက စုယန်၏ ခေါင်းကို အနည်းငယ် ကြည်လင်သွားစေ၏။ သူသည် မျက်လုံးကို အနည်းငယ်ဖွင့်ကာ သူ့ရှေ့ရှိ အမှောင်ထုကို ကြိုးစားပြီး ဖောက်ထွင်းကြည့်ရှုလိုက်သည်။ သူ့မျက်စိရှေ့၌ ကိုင်ဆောင်ထားသည့် ကြွေပုလင်းကို တွေ့လိုက်ရသောအခါ သူသတိ ပြန်ဝင်လာ၏။ ကူသွေးအဆိပ် ရာချီအဆိပ်ထဲသို့ စိမ့်ဝင်‌ပြီးသောအခါ ၎င်းတို့ကို ထွေးထုတ်ပစ်ရမည်ဖြစ်ပြီး သူသတိလွတ်သွားလို့မဖြစ်ပေ။

သို့သော်လည်း သူဆက်မတောင့်ခံနိုင်တော့ဘဲ အနည်းငယ် ယိမ်းယိုင်သွားကာ ရေထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

ကုဖေးတိသည် စုယန်အား အမြန်ဖမ်းဆွဲထားခဲ့သော်လည်း စုယန်၏ခန္ဓာကိုယ်ရှိ အရိုးခိုက်မတတ် အေးစက်မှုကြောင့် ထိတ်လန့်သွားခဲ့သည်။

သူက လော့ယွီအား ထိတ်လန့်တကြား ကြည့်လိုက်၏။

လော့ယွီက သူ့အတွေးကို မှန်းဆမိပြီး ပြောလိုက်သည်။

"မင်းသူ့ကို အတွင်းအား လွှဲပြောင်းပြီး ကူညီပေးလို့မရဘူး။ စိတ်လိုက်မာန်ပါ လုပ်လိုက်ရင် သူ့ကို
ပိုဒုက္ခပေးသလို ဖြစ်သွားလိမ့်မယ်"

ကုဖေးတိသည် အံကိုကြိတ်ပြီး စုယန်၏ ပုခုံးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူက စုယန်အား ရင်ခွင်ထဲ၌ မှီစေကာ တည်ငြိမ်စေသည်။

ကုဖေးတိသည် စုယန်၏ နာကျင်ခြင်းနှင့် အေးစက်ခြင်းတို့မှ တုန်ယင်မှုကို ခံစားနေရပြီး သူ့အား တင်းတင်းကျပ်ကျပ် မပွေ့ဖက်ထားဘဲ မနေနိုင်ပေ။ သူက မျက်လုံးများကိုမှိတ်ထားပြီး စုယန်၏ခေါင်းကို သူ့နဖူးဖြင့် ညင်သာစွာ ဖိကပ်ထားလိုက်လေ၏။

လွန်စွာမှဖျော့တော့လှသော ပန်းရနံ့လေးတစ်ခုသည် စုယန်၏နှာခေါင်းထဲသို့ စိမ့်ဝင်သွားပြီး တွင်းနက်ကြီးထဲသို့ လုံးဝနစ်မြုပ်သွားလုဆဲဆဲ ဖြစ်နေသော သူ၏အသိစိတ်ကို ပြန်ဆွဲထုတ်လိုက်သည်။

စုယန်သည် သူ၏နောက်ဆုံးခွန်အားများကို စုစည်းလိုက်ပြီး သူ၏ လျှာဖျားမှ ကူသွေးများကို အပြည့်အ၀ တွန်းထုတ်ရန် စိတ်အားထက်သန်လာခဲ့သည်။

ကူသွေးအဆိပ်က ရာချီအဆိပ်ထဲသို့ စိမ့်ဝင်သွားသည်နှင့် အပြင်းအထန် တုံ့ပြန်လာလေ၏။ စုယန်သည် ချက်ချင်းပင် လော့ယွီ၏လက်ကို ဆွဲကိုင်လိုက်ပြီး ကြွေပုလင်းထဲသို့ အဆိပ်အားလုံးကို ထွေးထုတ်ပစ်လိုက်သည်။

နောက်တော့ သူ ဆက်မတောင့်ခံနိုင်ပါတော့ချေ။

သူမျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး
ကုဖေးတိ၏လက်ထဲသို့ အားနည်းစွာ လဲကျသွားတော့၏။

"သူ့လည်ချောင်းကို ထိန်းထား!"

လော့ယွီသည် ကြွေပုလင်းအဖုံးကို တင်းကြပ်စွာ
ပိတ်ရင်း ချက်ချင်း အမိန့်ပေးလိုက်သည်။

"သူ့ပါးစပ်ထဲမှာကျန်နေသေးတဲ့ အဆိပ်တွေကို မျိုချခွင့်မပြုနဲ့။ မဟုတ်ရင် ရေခဲဝညာဉ်ရဲ့ တုံ့ပြန်မှုက ပိုပြင်းထန်လာပြီး သူလုံးဝခံနိုင်ရည်ရှိနိုင်မှာ မဟုတ်ဘူး"

‌ကုဖေးတိက စုယန်၏လည်ပင်းကို ထိန်းထားလိုက်သောကြောင့် မျိုမချနိုင်တော့ပေ။ လော့ယွီသည် စုယန်၏ပါးစပ်ကို သန့်ရှင်းရေးလုပ်ရန် ချင်ကျန်းယွဲ့ထံမှ ရေနှင့်ကိရိယာများကို တောင်းယူလိုက်သည်။

"အခု မင်းရဲ့အတွင်းအားကိုသုံးပြီး သူ့ရဲ့ခန္ဓာကိုယ် အပူချိန်ကို မြှင့်ပေးလို့ရပြီ" လော့ယွီက မှာကြားလိုက်၏။

"သူ့ရဲ့အပူချိန် တည်ငြိမ်သွားတဲ့အခါ သူ့ကို ရေပူစမ်းထဲက ခေါ်ထုတ်နိုင်ပြီ။ ငါ ဒီကူသွေးကို အရင်ဖြေရှင်းလိုက်အုံးမယ်။ သူ့ခန္ဓာကိုယ်မှာ ထူးထူးခြားခြား တစ်ခုခုရှိလာခဲ့ရင် လှမ်းသာအော်လိုက်။ ဦးလေးယွဲ့ ကြားနိုင်လိမ့်မယ်"

ကုဖေးတိက စုယန်ကို သေချာပွေ့ဖက်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။

လော့ယွီ ကမ်းပေါ်တက်ပြီးသည်နှင့် ကုဖေးတိက ရုတ်တရက် လှမ်းခေါ်လိုက်လေ၏။

ကုဖေးတိက ခဏတာ စဉ်းစားပြီးနောက် တုန်လှုပ်နေသော အသံဖြင့် မေးလာသည်။

"အကြီးအကဲလော့.. အကြီးအကဲလော့မှာ ရေခဲဝိညာဉ်အကြောင်းပြောတိုင်း လေးနက်တဲ့ အမူအရာ ရှိနေခဲ့တယ်။ ကျွန်တော် တစ်ခုလောက်မေးပါရစေ.. လက်ရှိမှာ သူ့ခန္ဓာကိုယ် အားနည်းလာပြီး အအေးဒဏ်ကို ခံနိုင်ရည်မရှိတော့တာက ​ကူသွေး​အဆိပ်နဲ့ ကြက်သွေးနီ ညှိုးနွမ်းခြင်းကြောင့်ဖြစ်တာလား? ဒါမှမဟုတ်...
ရေခဲဝိညာဉ်ကြောင့်လား?"

_5.2.23

Thanks for reading ❣️

Zawgyi

အခန္း-၈၃ ကူဆိပ္ကို ဖယ္ရွားျင္းႏွင့္နာက္က္တြဲေမးခြန္း

[သူကူဆိပ္ကို တြန္းထုတ္ဖို႔ သူ႕ကိုယ္သူသာ အားကိုးနိုင္လိမ့္မယ္]

စုယန္ႏွင့္ ကုေဖးတိတို႔သည္ ကူအဆိပ္ကို ဖယ္ရွားရန္သာ လုံးလုံးလ်ားလ်ား စိတ္ႏွစ္ခဲ့ၾကၿပီး တျခားဘာကိုမွ ဂ႐ုမစိုက္နိုင္ခဲ့ၾကေပ။ ထို႔အျပင္ ေလာ့ယြီကလဲ ျပႆနာမ်ားကို သူတို႔ထံမွ ရည္႐ြယ္ခ်က္ရွိရွိ ဖုံးကြယ္ထားခဲ့ၿပီး သူတို႔ႏွစ္ဦးစလုံးကို အေမွာင္ထဲတြင္သာ လုံးလုံးလ်ားလ်ား ထိန္းသိမ္းထားခဲ့သည္။

ခ်င္က်န္းယြဲ႕ကမူ ယြီခ်ဳံးေတာင္မွ ေနာက္တစ္ႀကိမ္ ခရီးထြက္ခဲ့သည္။

သို႔ေသာ္ ထန္းယြင္စံအိမ္သို႔ သူကိုယ္တိုင္ သြားခဲ့ေသာ္လည္း ကုေရာ့ဟိုင္ႏွင့္ မေတြ႕ဆုံနိုင္ခဲ့ပါ။ေနာက္ဆုံးတြင္ ကုေရာ့ဟိုင္ ခရီးရွည္ႀကီး ထြက္သြားသည္ဟူေသာ သတင္းကိုသာ သူရရွိခဲ့၏။

ကူအဆိပ္ကို မဖယ္ရွားမီ ကာလအတြင္း စုယန္၏ ခႏၶာကိုယ္ကို အေကာင္းဆုံးအေျခအေနသို႔ ေရာက္ေနေစရန္ ေလာ့ယြီသည္ အပ္စိုက္ကုထုံးကို တစ္ရက္တစ္ခါ ျပဳလုပ္႐ုံသာမက ေဆးတိုက္ေကြၽးျခင္းႏွင့္ ေဆးဖက္ဝင္အပင္မ်ားႏွင့္ ညစဥ္ ေရခ်ိဳးေစျခင္းမ်ားကို ျပဳလုပ္ေစသည္။

စုယန္သည္ ေဆးဖက္ဝင္အပင္မ်ားႏွင့္ ေဖာ္စပ္ထားေသာ ေဆးရည္ကို ေသာက္ရသည္မွာ သူ႕ဘဝတြင္ ပထမဆုံးအႀကိမ္ျဖစ္သည္။ သူ၏လွ်ာက ေဆးရည္ကို ထိလိုက္သည္ႏွင့္ အလိုလို ေထြးထုတ္မိေတာ့၏။

"ဒီေဆးရည္က လူေသာက္ဖို႔ေတာင္ ဟုတ္ရဲ႕လား?"
စုယန္က ႏွာေခါင္းရႈံ႕ကာ ေသာက္ရန္ ျငင္းဆန္လိုက္၏။

"ေဆးလုံးအျဖစ္ ေျပာင္းလုပ္လို႔ မရဘူးလား။ အဲဒါေတြကို တစ္ခါတည္းမ်ိဳခ်လိဳက္တာ ပိုေကာင္းလိမ့္မယ္ထင္တယ္။ ဒီလိုမ်ိဳး အရည္ေသာက္ရတာႀကီးကို ဘယ္သူက သည္းခံနိုင္မွာလဲ?"

ေလာ့ယြီက ေဆးပန္းကန္လုံးကို စားပြဲေပၚတင္လိုက္ၿပီး ႐ြဲ႕ေစာင္းစြာ ၿပဳံးလိုက္သည္။

"ဒီရက္ပိုင္းမွာ မင္းရဲ႕ က်န္းမာေရးကို ငါအရမ္းဂ႐ုစိုက္ေပးခဲ့ၿပီး မင္းကို ၾကမ္းတမ္းတဲ့ စကားတစ္ခြန္းေတာင္ မေျပာခဲ့ဖူးဘူးေနာ္။ ေဆးလုံးလုပ္ေပးရမယ္ ဟုတ္လား? မင္းအတြက္ ေဆးမႈန႔္ကို ႀကိတ္ၿပီး ေဆးလုံးအျဖစ္ လုပ္ေပးေနဖို႔ ဘယ္သူက အခ်ိန္ရွိမွာလဲ?"

စုယန္က ႏႈတ္ခမ္းစူလိုက္ၿပီး ကုေဖးတိကို တစ္ခ်က္ ၾကည့္လိုက္သည္။

ကုေဖးတိက ခ်က္ခ်င္း နားလည္လိုက္၏။

"မင္းလိုရင္......"

"မလိုပါဘူး" ေလာ့ယြီက မ်က္လုံး လွန္လိုက္ၿပီး ဆိုသည္။

"မင္းကလြဲၿပီး ဘယ္သူ႕အတြက္မဆို ဒီေဆးကို ေဆးလုံးအျဖစ္ လုပ္ေပးနိုင္တယ္။ ဒီထဲက ေဆးဖတ္ဝင္အပင္တခ်ိဳ႕က ေရနဲ႕ပဲျပဳတ္နိုင္တာ။ သူတို႔ကို အမႈန႔္ႀကိတ္လိုက္ရင္ ေဆးစြမ္းက ပိုျပင္းသြားမွာ ျဖစ္တဲ့အတြက္ မင္းရဲ႕အတြင္းအားကို လႈံ႕ေဆာ္မိၿပီး အေျခအေနေတြ ပိုဆိုးသြားမွာစိုးရိမ္ရတယ္"

ထိုစကားကိုၾကားေတာ့ ကုေဖးတိက တိတ္တဆိတ္ ပါးစပ္ပိတ္ေနလိုက္သည္။

ေလာ့ယြီက ႏွာေခါင္းရႈံ႕လိုက္ၿပီး စုယန္အား အထင္အျမင္ေသးစြာ ၾကည့္လိုက္၏။

"မင္းအသက္ဘယ္ေလာက္ရွိေနၿပီလဲ? ကေလးလဲ မဟုတ္ေတာ့တာကို ေဆးေသာက္ရတာ ေၾကာက္ေနေသးတယ္။ ကုေဖးတိ.. သူ ဒီေဆးရည္ကို ကုန္ေအာင္ေသာက္ပေစေနာ္။ မေသာက္ရင္ ပါးစပ္ဟၿပီး လည္ေခ်ာင္းထဲကိုသာ အတင္းေလာင္းခ်ပစ္လိုက္"

ထိုသို႔ေျပာၿပီးသည္ႏွင့္ သူက သတိဆက္ေပးလာသည္။

"အိုး.. ၿပီးေတာ့ ဒီေဆးမွာ ထူးျခားတဲ့ ဂုဏ္သတၱိတစ္ခု ရွိေသးတယ္။ ေသာက္ၿပီးရင္ အခ်ိဳစားလို႔မရဘူး၊ ႏွစ္နာရီအတြင္း ေရလဲေသာက္လို႔မရဘူး။ မဟုတ္ရင္ အာနိသင္ ပ်က္သြားလိမ့္မယ္။ မင္းငါ့စကား နားမေထာင္ရင္ေတာ့ ကူအဆိပ္ထုတ္တဲ့အခါမွ ဒုကၡလွလွ ေတြ႕လိမ့္မယ္ေနာ္"

သူက ေျပာၿပီးသည္ႏွင့္ လွည့္ထြက္သြားေတာ့၏။ ဒါက ေနာက္ေျပာင္ျခင္းတစ္ခု ဟုတ္မဟုတ္ မည္သူမွ မသိ‌နိုင္ေပ။

စုယန္သည္ အနက္ေရာင္ေဆးရည္္ပန္းကန္လုံးကို
စိုက္ၾကည့္ေနၿပီး အတြင္းစိတ္ထဲ၌ တကယ္ကို ႐ုန္းကန္ေနရ၏။

တကယ္ပဲ သူက အလိုလိုက္၊အႀကိဳက္ေဆာင္ျခင္းကို ခံခဲ့ရေသာ ကေလးတစ္ေယာက္ေတာ့ မဟုတ္ပါေခ်။ သို႔ေသာ္ သူ႕ေရွ႕ရွိ ေဆးပန္းကန္လုံးထဲမွ တစ္ငုံကို ေသာက္ၿပီးသည္ႏွင့္ လုံးဝကို ထပ္ထိခ်င္စိတ္မရွိေတာ့ေပ။

သူဟာ ဘလက္ေကာ္ဖီစစ္စစ္ကို ေသာက္ေလ့ရွိသူတစ္ေယာက္ ျဖစ္သည္ဆိုေသာ္လည္း ဤေဆးသည္ ခါးသီးမႈသက္သက္ပင္ မဟုတ္ခဲ့ပါ။ အဓိကျပသနာမွာ ဒီေဆးရည္အတြင္း၌ ထူးထူးဆန္းဆန္း အရသာမ်ိဳးစုံ ေရာစပ္ထားျခင္းပင္... သူ အတိအက် ေဖာ္ျပရမည္ဆိုလွ်င္ ဤေဆးကိုေသာက္သုံးျခင္းက သူ၏ အရသာခံနိုင္မႈကိုပါ ပ်က္စီးသြားေစနိုင္သည္။

သည့္အျပင္ သမားေတာ္၏ ၫႊန္ၾကားခ်က္အရ ေဆးေသာက္ၿပီးေနာက္ အခ်ိဳမ်ားကို မစားနိုင္သည့္အျပင္ လည္ေခ်ာင္းအတြင္း ဆိုး႐ြားလွေသာအရသာကို ေမွးမွိန္ေစရန္ တံေတြးကိုပင္ မ်ိဳမခ်နိဳင္ေပ။

စုယန္ခမ်ာ အသက္ရွင္ဖို႔ရာ ဘာမွ မက်န္ပါေတာ့ေခ်။

ကုေဖးတိက မေက်မခ်မ္းျဖစ္ေနေသာ စုယန္ကို ျမင္ေသာအခါ ေဆးပန္းကန္လုံးကို ေကာက္ကိုင္လိုက္ၿပီး အနားမွာ ထိုင္ခ်လိဳက္သည္။

"ေဆးေကာင္းတိုင္းက ခါးတယ္။ ဒါက ကူအဆိပ္ကို ဖယ္ရွားဖို႔ ႀကိဳတင္ျပင္ဆင္မႈတစ္ခု‌ျဖစ္တာေၾကာင့္ မင္းေသာက္ကိုေသာက္ရမယ္ေနာ္"

စုယန္ အနည္းငယ္ ႐ုန္းကန္ေနၿပီးေနာက္ ကုေဖးတိ၏ လက္ထဲမွ ေဆးရည္ပန္းကန္ကို ယူလိုက္ေတာ့သည္။ ထိုထူးဆန္းသည့္ အရသာႀကီးကို ထပ္မံျမည္းစမ္းၾကည့္လိုက္ေသာ္လည္း ယခုအခ်ိန္ထိ မေသာက္နိုင္ေသးေပ။

ကုေဖးတိက ၿပဳံးလိုက္ၿပီး ဆို၏။

"မင္းငါ့ကို ႏႈတ္ခမ္းခ်င္းေတ့ၿပီး တိုက္ေစခ်င္တာလား?"

စုယန္က မ်က္ခုံးပင့္လိုက္ၿပီး သူကိုင္ထားသည့္ ေဆးရည္ပန္းကန္ကို ခ်က္ခ်င္း ထိုးေပးလိုက္သည္။

"ငါ့ကိုမတိုက္ခင္ မင္းအရင္ ေသာက္ၾကည့္လိုက္စမ္းပါအုံး"

ကုေဖးတိက ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ၿပီး ေဆးရည္ပန္းကန္ကိုယူကာ တစ္ငုံေသာက္လိုက္ေလ၏။

အစပိုင္း၌ တည္ၿငိမ္ေနေသာ သူ၏အမူအရာမွာ လုံးဝ ေပ်ာက္ကြယ္သြားၿပီး အံ့အားသင့္မႈမ်ား အစားထိုး ဝင္ေရာက္လာသည္။

"အေတာ္ေသာက္ရခက္တာပဲ"

ကုေဖးတိသည္ ပါးစပ္ထဲရွိ ေဆးရည္တစ္ငုံကို အစြမ္းကုန္ ႀကိဳးစားမ်ိဳခ်လိဳက္ရ၏။

စုယန္က ရယ္ေမာေလေတာ့သည္။

ကုေဖးတိက ကူကယ္ရာမဲ့ ၿပဳံးလိုက္ၿပီး ေဆးရည္ပန္းကန္ကို ေနာက္တစ္ႀကိမ္ ႏႈတ္ခမ္းနား ေတ့လိုက္၏။

စုယန္က အျမန္ လက္ဆန႔္ထုတ္လိုက္ၿပီး သူ႕အား တားလိုက္သည္။

"ငါ့ကို ေပးပါ.... ဒီလို ေဆးမ်ိဳးကို တစ္ႀကိမ္ဆီ ႏႈတ္ခမ္းခ်င္းေတ့ တိုက္ေနမယ့္အစား တစ္ႀကိဳက္တည္း ေမာ့ေသာက္လိုက္တာ ပိုေကာင္းလိမ့္မယ္"

စုယန္က ကုေဖးတိထံမွ ေဆးရည္ပန္းကန္ကိုယူကာ အထဲမွ အနက္ေရာင္ ေဆးရည္မ်ားကို စိုက္ၾကည့္လိုက္သည္။ ၿပီးေနာက္ အသက္ျပင္းျပင္း တစ္ႀကိမ္ရႉကာ ႏွာေခါင္းကိုပိတ္လိုက္ၿပီး အကုန္ ေမာ့ခ်ပစ္လိုက္ေတာ့၏။

ၿပီးသည္ႏွင့္ ပန္းကန္ကို ဖယ္ခ်လိဳက္ၿပီး အလြန္
စက္ဆုပ္ေသာ အမူအရာျဖင့္ ေဖာ္မျပနိုင္ေအာင္
ဆိုး႐ြားေသာအရသာကို မ်ိဳခ်ရန္ ႀကိဳစားလိုက္သည္။

ကုေဖးတိက စုယန္၏လည္ပင္းေနာက္ဘက္ကို ကိုင္ကာ ေရွ႕သို႔ဆြဲလိုက္ၿပီး ခါးသက္ေသာ အရသာ စြဲကပ္ေနသည့္ ႏႈတ္ခမ္းမ်ားကို နမ္းလိုက္ေလသည္။ သူသည္ လွ်ာဖ်ားအား
စုယန္၏ခံတြင္းထဲသို႔ တိုးဝင္ၿပီး ညင္သာစြာ
ေမႊေနာက္လိုက္သည္။ အခ်ိန္အတန္ၾကာ နက္နက္ရွိုင္းရွိုက္ စုပ္ယူနမ္းရွိုက္ၿပီးေနာက္ ေနာက္ဆုံးအႀကိမ္အျဖစ္ စုယန္၏ႏႈတ္ခမ္းမ်ားကို ခပ္ဖြဖြ နမ္းလိုက္ေလ၏။

ၿပီးေနာက္ အနည္းငယ္ ခြာလိုက္ၿပီး ခါးသက္ေသာ အသက္ရႉသံႏွင့္အတူ ခပ္ဟဟ ရယ္ေမာလိုက္ေလ၏။

"အခ်ိဳစားလို႔မရေတာ့ ဗိုက္ထဲထည့္စရာမလိုတဲ့ တစ္ခုခုကို စားရမွာေပါ့"

စကားဆုံးသည္ႏွင့္ မ်က္လုံးမ်ားကိုမွိတ္ကာ ထပ္မံနမ္းျပန္သည္။

ရွည္လ်ားေထြျပားေသာ အနမ္းတစ္ခုၿပီးဆုံးၿပီးေနာက္ စုယန္ အနည္းငယ္မူးေဝသြားသလို ခံစားလိုက္ရၿပီး ေခါင္းအုံးေပၚ၌ လဲေလ်ာင္းေနလိုက္သည္။ သူ၏ မွိန္းေနေသာ မ်က္လုံးမ်ားက ကုေဖးတိအား စိုက္ၾကည့္ေန၏။

‌ကုေဖးတိကာ ၿပဳံးကာ ေမးလာသည္။

"ခ်ိဳလား?"

စုယန္ "....."

ဒီလူက တစ္ေန႕တစ္ျခား ပိုပို အရွက္မဲ့ၿပီး ဘဝင္ျမင့္လာတာပဲ။ ဘယ္သူ႕ဆီကေနမ်ား သင္ယူခဲ့တာပါလိမ့္။

ကုေဖးတိက အနည္းငယ္ တိုးကပ္လာၿပီး ေလသံကို ေလွ်ာ့ကာ ေမးသည္။

"ခ်ိဳတယ္မဟုတ္လားလို႔?"

စုယန္က ကူကယ္ရာမဲ့ ရယ္ေမာၿပီး ေခါင္းညိတ္ျပလိုက္သည္။

"ဟုတ္ပါၿပီ.. ခ်ိဳတယ္၊ ခ်ိဳတယ္။ မင္းက အခ်ိဳၿမိန္ဆုံးပဲ..."

ကု‌ေဖးတိက စုယန္၏နဖူးကို ညင္သာစြာ ပြတ္သပ္လိုက္ၿပီး ၿပဳံးလိုက္သည္။

"အခုကစၿပီး မင္းေဆးကို လိမ္လိမ္မာမာ ေသာက္ရမယ္ေနာ္။ ဒါမွ ျမန္ျမန္ေနေကာင္းလာမွာ"

စုယန္က မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး အလြန္ေပါ့ပါးေသာ သက္ျပင္းတစ္ခုကို ခ်လိဳက္ေလ၏။

"...ေကာင္းပါၿပီ"

****

အပ္စိုက္ကုထုံးႏွင့္ ေဆးကုသမႈကို ဆယ္ရက္ၾကာ ခံယူၿပီးေနာက္ ေလာ့ယြီသည္ ေနာက္ဆုံးတြင္ ကူအဆိပ္ကို ဖယ္ရွားရန္အတြက္ ရက္ခ်ိန္းသတ္မွတ္ခဲ့ေလသည္။

ညဆယ့္တစ္နာရီမွ တစ္နာရီၾကား သန္းေခါင္ယံ ကာလသည္ ကူအဆိပ္ကို ဖယ္ရွားရန္ အေကာင္းဆုံးအခ်ိန္ပင္ျဖစ္သည္။

ထိုေန႕သည္ နဝမလ၏ သုံးဆယ္ရက္၊ ဒသမလ၏ ပထမလဆန္းပိုင္းႏွင့္ တိုက္ဆိုင္ေနၿပီး ညေကာင္းကင္ယံ အလင္းေရာင္မွာ မွိန္ေဖ်ာ့ကာ ကူအဆိပ္ကို ထုတ္ယူရန္ သင့္ေတာ္သည္။

သို႔ေသာ္ ထိုအခ်ိန္တြင္ ပတ္ဝန္းက်င္သည္ အေမွာင္ဖုံးေနမည္ျဖစ္ေသာေၾကာင့္ အေအးဓာတ္မွာ အျပင္းထန္ဆုံးျဖစ္ၿပီး စုယန္၏ ခႏၶာကိုယ္ရွိ ေရခဲဝိညာဥ္ကို ဖိႏွိပ္ရန္ ပို၍ပင္ ခက္ခဲေနေပလိမ့္မည္။

စုယန္သည္ ကူအဆိပ္ဖယ္ထုတ္ျခင္း လုပ္ငန္းစဥ္ကို ကုေဖးတိအား မၾကည့္ေစလိုေသာ္လည္း ေလာ့ယြီေပးေသာ အေၾကာင္းျပခ်က္မွာ ျငင္း၍မရနိုင္ပါေခ် --- ကုေဖးတိသည္ ဤေနရာ၌ ယန္ဓာတ္၊ အပူပိုင္းဆိုင္ရာက်င့္စဥ္ကို က်င့္သုံးေသာ တစ္ဦးတည္းေသာလူျဖစ္ေပသည္။ ဆိုလိုသည္မွာ စုယန္၏ ေရခဲဝိညာဥ္ ထႂကြလာသည္ႏွင့္ သူ႕အား ေသမင္းလက္မွ ဆြဲထုတ္နိုင္သည့္ တစ္ဦးတည္းေသာလူပင္ျဖစ္သည္။

ဤသို႔ျဖင့္ ကုေဖးတိသည္ ကူအဆိပ္ဖယ္ရွားျခင္း လုပ္ငန္းစဥ္ကို ကူညီေဆာင္႐ြက္ေပးရန္အတြက္ စုယန္၊ ေလာ့ယြီတို႔ႏွင့္အတူ ေရပူစမ္းထဲသို႔ ဆင္းခဲ့ေတာ့၏။ ခ်င္က်န္းယြဲ႕ကမူ ကမ္းစပ္၌ေနကာ သူတို႔ သုံးဦးအား ေစာင့္ၾကပ္ေပးခဲ့သည္။

"စုယန္.. မင္း ကုေဖးတိဆီကေန ကူအဆိပ္ကို လႊဲေျပာင္းယူဖူးတယ္မလား? ဒါဆို ကူေသြးကို အတင္းအၾကပ္ဆြဲထုတ္ဖို႔အတြက္ အထက္ပိုင္းယန္ လွ်ာလမ္းေၾကာင္းကိုပဲ သုံးနိုင္မယ္ဆိုတာ မင္းသိထားမွာေပါ့" ေလာ့ယြီက ဆို၏။

"မင္းရဲ႕ခႏၶာကိုယ္ထဲက ကူေသြးေတြကို လုံးလုံးထုတ္ခ်င္တယ္ဆိုရင္ ဒါက တူညီတဲ့သေဘာတရားတစ္ခုပဲ။ဒါ‌ေပမယ့္ မင္း အထူးပစၥည္းအခ်ိဳ႕ကိုေတာ့ သုံးဖို႔လိုတယ္"

ထိုသို႔ေျပာၿပီးသည္ႏွင့္ သူက လက္သီးဆုပ္အ႐ြယ္ အနက္ေရာင္ေႂကြပုလင္းတစ္ခုကို ထုတ္လိုက္သည္။

"ဒါက ကူေသြးကို ထုတ္ယူဖို႔ လိုအပ္တဲ့ ငါးစာပဲ။ အရသာက နည္းနည္းျပင္းတယ္ဆိုေပမယ့္ ကူေသြးကို ဆြဲေဆာင္ဖို႔ မင္းပါးစပ္ထဲမွာ ငုံထားရမယ္"

စုယန္က ေႂကြပုလင္းကိုယူကာ အထဲရွိအရာကို ဖြင့္ၾကည့္လိုက္သည္။ သူ႕အမူအရာက ခ်က္ခ်င္း ေျပာင္းလဲသြားၿပီး ႏွာေခါင္းရႈံ႕ကာ ေမးလိုက္ေလ၏။

"ဒါကဘာႀကီးလဲ?!"

"ဒါက ရာနဲ႕ခ်ီတဲ့ အဆိပ္ပင္ေတြနဲ႕ ကူေကာင္ေတြကေန ထုတ္လုပ္ထားတဲ့ အဲ့ေလာ့ေကြးရဲ႕အဆိပ္တစ္မ်ိဳးပဲ။ အဲဒါကသာ လူ႕ခႏၶာကိုယ္ထဲက ကူေသြးအဆိပ္ကို ဆြဲေဆာင္နိုင္တဲ့ တစ္ခုတည္းေသာအရာပဲ"

ေလာ့ယြီက ဓားျမႇောင္အေသးေလးတစ္ခုကို ထုတ္ယူလိုက္ၿပီး ဆက္ေျပာသည္။

"ဒါေပမယ့္ ဒါကိုမသုံးခင္ ေနာက္ဆုံးအေနနဲ႕ လတ္ဆတ္တဲ့ ပါဝင္ပစၥည္းတစ္ခုလိုေသးတယ္"

ထိုသို႔ေျပာရင္း ေလာ့ယြီသည္ ဓားျမႇောင္ျဖင့္ ကိုယ့္ လက္ေကာက္ဝတ္ကိုယ္ လွီးျဖတ္လိုက္ေလ၏။ ၿပီးေနာက္ အနီေရာင္ ေတာက္ေတာက္ေသြးမ်ားအား ေႂကြပုလင္းထဲသို႔ စီးဝင္ေစၿပီး ရာခ်ီအဆိပ္အား ထူထဲပ်စ္ႏွစ္ေသာ အရည္အျဖစ္သို႔ ကူးေျပာင္းသြားေစသည္။

"မင္း ကူအဆိပ္ကို လႊဲယူခဲ့တုန္းကအတိုင္း မင္းရဲ႕ လွ်ာဖ်ားကို ကိုက္လိုက္" ေလာ့ယြီက စုယန္အား စတင္ၫႊန္ၾကားခဲ့သည္။

"ၿပီးရင္ ဒီရာခ်ီအဆိပ္ကိုငုံထား.. မ်ိဳမခ်မိေစနဲ႕။ ကူေသြးအဆိပ္ကို ရာခ်ီအဆိပ္ဆီေရာက္လာေအာင္ မင္းရဲ႕ အတြင္းအားကိုသုံးၿပီး တြန္းပို႔လိုက္"

စုယန္သည္ ၫႊန္ၾကားခ်က္အတိုင္း လွ်ာဖ်ားကို ကိုက္လိုက္ၿပီး ရာခ်ီအဆိပ္ကို ငုံရန္ ႏႈတ္ခမ္းနား ေတ့လိုက္သည္။ သို႔ေသာ္ မသိစိတ္က ရပ္တန႔္သြားေလ၏။

ေလာ့ယြီက အလ်င္စလို တိုက္တြန္းလာသည္။

"ျမန္ျမန္လုပ္.. အဆိပ္ထဲမွာ ေသြးပါေနတယ္။ အခ်ိန္မျဖဳန္းနဲ႕"

စုယန္လဲ သူ၏သတၱိကို ႀကိဳးစားစုစည္းလိုက္ၿပီး ေႂကြပုလင္းထဲမွ ေသြးေရာေႏွာထားေသာ အဆိပ္ကို ပါးစပ္ထဲသို႔ ေလာင္းထည့္လိုက္ေလ၏။

ခ်က္ခ်င္းပင္ ေဖာ္မျပနိုင္ေသာ ရနံ႕တစ္ခုက သူ႕ပါးစပ္အတြင္း ပ်ံ့ႏွံ႕သြားၿပီး ေသြးနံ႕ႏွင့္ ေရာေႏွာကာ စုယန္အား အနည္းငယ္ မူးေဝသြားေစသည္။ သူသည္ ပါးစပ္ကို တင္းတင္းေစ့ထားကာ အန္မထုတ္မိေစရန္ မနည္း ထိန္းခ်ဳပ္ထားရ၏။

ေလာ့ယြီက သက္ျပင္းခ်ၿပီး ေလးေလးနက္နက္
ေျပာလာသည္။

"ေကာင္းၿပီ၊ အခု ကူေသြးအဆိပ္ကို လွ်ာလမ္းေၾကာင္းဆီ တြန္းပို႔ဖို႔ မင္းရဲ႕အတြင္းအားနဲ႕ 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း'ကို သုံးလိုက္ေတာ့"

စုယန္သည္ ၫႊန္ၾကားသည့္အတိုင္း လုပ္ေဆာင္ၿပီး သူ၏ အတြင္းအားကို ထိန္းေက်ာင္းခဲ့သည္။ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' က်င့္စဥ္ စတင္အသက္ဝင္လာသည္ႏွင့္အမွ် သူ႕ခႏၶာကိုယ္ထဲမွ ေရခဲဝိညာဥ္သည္ ခ်က္ခ်င္း ထႂကြလာခဲ့သည္။

အေအးဓာတ္က ႐ုတ္တရတ္ ပ်ံ့ႏွံ႕လာၿပီး ေျခလက္ႏွင့္ အရိုးမ်ားအထိ ခိုက္ခိုက္တုန္ေနေစ၏။ ေရပူစမ္း ေရကန္ထဲ၌ ရွိေနေသာ္လည္း စုယန္ မတုန္လႈပ္ဘဲ မေနနိုင္ပါေခ်။

ကုေဖးတိက ေရွ႕သို႔တိုးကာ စုယန္အား ေပြ႕ဖက္ေပးခ်င္ေသာ္လည္း ေလာ့ယြီက တားဆီးလိုက္ေလသည္။

"သူ႕ကို မေႏွာင့္ယွက္နဲ႕.. သူကူအဆိပ္ကို တြန္းထုတ္ဖို႔ သူ႕ကိုယ္သူပဲ အားကိုးနိုင္လိမ့္မယ္"

စုယန္ မ်က္လုံးေတြကိုမွိတ္ထားရင္း ကူအဆိပ္
သူ႕ခႏၶာကိုယ္ထဲရွိ မယ္ရီဒီယန္တစ္ေလွ်ာက္ တျဖည္းျဖည္းတက္လာသည္ကို ခံစားလိုက္ရသည္။ အလြန္ေအးခဲေသာ အတြင္းအားႏွင့္ ေရခဲဝိညာဥ္၏ အက်ိဳးသက္ေရာက္မႈေၾကာင့္ နာက်င္မႈကိုေတာ့ ခံစားရျခင္းမရွိေပ။ ယင္းအစား သူ႕ခႏၶာကိုယ္ထဲရွိ အေအးဓာတ္မွာ ပို၍ပို၍ ျပင္းထန္လာသည္ကို ခံစားေနရသည္။

အေအးဓာတ္သည္ ေရခဲခြၽန္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားပုံရၿပီး သူ႕ေက်ာရိုးတစ္ေလွ်ာက္ အေပၚသို႔ တက္လာကာ သူ႕ႏွလုံးသားကို ထပ္ခါထပ္ခါ ျပင္းျပင္းထန္ထန္ ထိုးေဖာက္ေနသလို ခံစားေနရ၏။

စုယန္၏ အသိစိတ္သည္ တျဖည္းျဖည္း မႈန္ဝါးလာၿပီး သူ႕ပတ္ဝန္းက်င္ကိုပင္ သတိမထားမိေတာ့ေပ။ သူ႕ခႏၶာကိုယ္သည္ အေလးခ်ိန္လုံးဝမရွိေတာ့ဘဲ ေလဟာနယ္၌ လြင့္ေမ်ာေနပုံရေလ၏။ ေျခဖဝါးေအာက္ရွိ႐ႊံ႕ၾကမ္းျပင္ႏွင့္ သူ႕ခႏၶာကိုယ္ေပၚ ထိေတြ႕ေနေသာ ေရပူစမ္းေရမ်ားကိုပင္ မခံစားမိေတာ့ပါေခ်။

သူခံစားနိုင္သမွ်မွာ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' က်င့္စဥ္သည္ သူ႕ခႏၶာကိုယ္ထဲတြင္ လည္ပတ္ေနဆဲျဖစ္ေၾကာင္းႏွင့္ သူ၏ မယ္ရီဒီယန္တစ္ေလွ်ာက္ ‌ေျပးလႊာလာေသာ ကူေသြးအဆိပ္မွ သယ္ေဆာင္လာသည့္ အရိုးခိုက္ေအာင္ ေအးစိမ့္မႈပင္။

ကူေသြးအဆိပ္ သူ၏လွ်ာဖ်ားသို႔ ေရာက္ရွိလာၿပီး ေသြးေၾကာထဲမွ စတင္စိမ့္ထြက္လာသည့္အခါ စုယန္ ပထမဆုံးအႀကိမ္အျဖစ္ နာက်င္မႈကို ခံစားလိုက္ရသည္။

ယင္းက စုယန္၏ ေခါင္းကို အနည္းငယ္ ၾကည္လင္သြားေစ၏။ သူသည္ မ်က္လုံးကို အနည္းငယ္ဖြင့္ကာ သူ႕ေရွ႕ရွိ အေမွာင္ထုကို ႀကိဳးစားၿပီး ေဖာက္ထြင္းၾကည့္ရႈလိုက္သည္။ သူ႕မ်က္စိေရွ႕၌ ကိုင္ေဆာင္ထားသည့္ ေႂကြပုလင္းကို ေတြ႕လိုက္ရေသာအခါ သူသတိ ျပန္ဝင္လာ၏။ ကူေသြးအဆိပ္ ရာခ်ီအဆိပ္ထဲသို႔ စိမ့္ဝင္‌ၿပီးေသာအခါ ၎တို႔ကို ေထြးထုတ္ပစ္ရမည္ျဖစ္ၿပီး သူသတိလြတ္သြားလို႔မျဖစ္ေပ။

သို႔ေသာ္လည္း သူဆက္မေတာင့္ခံနိုင္ေတာ့ဘဲ အနည္းငယ္ ယိမ္းယိုင္သြားကာ ေရထဲသို႔ ျပဳတ္က်လဳနီးပါး ျဖစ္သြားရသည္။

ကုေဖးတိသည္ စုယန္အား အျမန္ဖမ္းဆြဲထားခဲ့ေသာ္လည္း စုယန္၏ခႏၶာကိုယ္ရွိ အရိုးခိုက္မတတ္ ေအးစက္မႈေၾကာင့္ ထိတ္လန႔္သြားခဲ့သည္။

သူက ေလာ့ယြီအား ထိတ္လန႔္တၾကား ၾကည့္လိုက္၏။

ေလာ့ယြီက သူ႕အေတြးကို မွန္းဆမိၿပီး ေျပာလိုက္သည္။

"မင္းသူ႕ကို အတြင္းအား လႊဲေျပာင္းၿပီး ကူညီေပးလို႔မရဘူး။ စိတ္လိုက္မာန္ပါ လုပ္လိုက္ရင္ သူ႕ကို
ပိုဒုကၡေပးသလို ျဖစ္သြားလိမ့္မယ္"

ကုေဖးတိသည္ အံကိုႀကိတ္ၿပီး စုယန္၏ ပုခုံးကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္ထားရန္မွတပါး ေ႐ြးခ်ယ္စရာမရွိေပ။ သူက စုယန္အား ရင္ခြင္ထဲ၌ မွီေစကာ တည္ၿငိမ္ေစသည္။

ကုေဖးတိသည္ စုယန္၏ နာက်င္ျခင္းႏွင့္ ေအးစက္ျခင္းတို႔မွ တုန္ယင္မႈကို ခံစားေနရၿပီး သူ႕အား တင္းတင္းက်ပ္က်ပ္ မေပြ႕ဖက္ထားဘဲ မေနနိုင္ေပ။ သူက မ်က္လုံးမ်ားကိုမွိတ္ထားၿပီး စုယန္၏ေခါင္းကို သူ႕နဖူးျဖင့္ ညင္သာစြာ ဖိကပ္ထားလိုက္ေလ၏။

လြန္စြာမွေဖ်ာ့ေတာ့လွေသာ ပန္းရနံ႕ေလးတစ္ခုသည္ စုယန္၏ႏွာေခါင္းထဲသို႔ စိမ့္ဝင္သြားၿပီး တြင္းနက္ႀကီးထဲသို႔ လုံးဝနစ္ျမဳပ္သြားလုဆဲဆဲ ျဖစ္ေနေသာ သူ၏အသိစိတ္ကို ျပန္ဆြဲထုတ္လိုက္သည္။

စုယန္သည္ သူ၏ေနာက္ဆုံးခြန္အားမ်ားကို စုစည္းလိုက္ၿပီး သူ၏ လွ်ာဖ်ားမွ ကူေသြးမ်ားကို အျပည့္အ၀ တြန္းထုတ္ရန္ စိတ္အားထက္သန္လာခဲ့သည္။

ကူေသြးအဆိပ္က ရာခ်ီအဆိပ္ထဲသို႔ စိမ့္ဝင္သြားသည္ႏွင့္ အျပင္းအထန္ တုံ႕ျပန္လာေလ၏။ စုယန္သည္ ခ်က္ခ်င္းပင္ ေလာ့ယြီ၏လက္ကို ဆြဲကိုင္လိုက္ၿပီး ေႂကြပုလင္းထဲသို႔ အဆိပ္အားလုံးကို ေထြးထုတ္ပစ္လိုက္သည္။

ေနာက္ေတာ့ သူ ဆက္မေတာင့္ခံနိုင္ပါေတာ့ေခ်။

သူမ်က္လုံးမ်ားကို ျဖည္းညွင္းစြာမွိတ္လိုက္ၿပီး
ကုေဖးတိ၏လက္ထဲသို႔ အားနည္းစြာ လဲက်သြားေတာ့၏။

"သူ႕လည္ေခ်ာင္းကို ထိန္းထား!"

ေလာ့ယြီသည္ ေႂကြပုလင္းအဖုံးကို တင္းၾကပ္စြာ
ပိတ္ရင္း ခ်က္ခ်င္း အမိန႔္ေပးလိုက္သည္။

"သူ႕ပါးစပ္ထဲမွာက်န္ေနေသးတဲ့ အဆိပ္ေတြကို မ်ိဳခ်ခြင့္မျပဳနဲ႕။ မဟုတ္ရင္ ေရခဲဝညာဥ္ရဲ႕ တုံ႕ျပန္မႈက ပိုျပင္းထန္လာၿပီး သူလုံးဝခံနိုင္ရည္ရွိနိုင္မွာ မဟုတ္ဘူး"

‌ကုေဖးတိက စုယန္၏လည္ပင္းကို ထိန္းထားလိုက္ေသာေၾကာင့္ မ်ိဳမခ်နိဳင္ေတာ့ေပ။ ေလာ့ယြီသည္ စုယန္၏ပါးစပ္ကို သန႔္ရွင္းေရးလုပ္ရန္ ခ်င္က်န္းယြဲ႕ထံမွ ေရႏွင့္ကိရိယာမ်ားကို ေတာင္းယူလိုက္သည္။

"အခု မင္းရဲ႕အတြင္းအားကိုသုံးၿပီး သူ႕ရဲ႕ခႏၶာကိုယ္ အပူခ်ိန္ကို ျမႇင့္ေပးလို႔ရၿပီ" ေလာ့ယြီက မွာၾကားလိုက္၏။

"သူ႕ရဲ႕အပူခ်ိန္ တည္ၿငိမ္သြားတဲ့အခါ သူ႕ကို ေရပူစမ္းထဲက ေခၚထုတ္နိုင္ၿပီ။ ငါ ဒီကူေသြးကို အရင္ေျဖရွင္းလိုက္အုံးမယ္။ သူ႕ခႏၶာကိုယ္မွာ ထူးထူးျခားျခား တစ္ခုခုရွိလာခဲ့ရင္ လွမ္းသာေအာ္လိုက္။ ဦးေလးယြဲ႕ ၾကားနိုင္လိမ့္မယ္"

ကုေဖးတိက စုယန္ကို ေသခ်ာေပြ႕ဖက္ထားရင္း ေခါင္းညိတ္ျပလိုက္သည္။

ေလာ့ယြီ ကမ္းေပၚတက္ၿပီးသည္ႏွင့္ ကုေဖးတိက ႐ုတ္တရက္ လွမ္းေခၚလိုက္ေလ၏။

ကုေဖးတိက ခဏတာ စဥ္းစားၿပီးေနာက္ တုန္လႈပ္ေနေသာ အသံျဖင့္ ေမးလာသည္။

"အႀကီးအကဲေလာ့.. အႀကီးအကဲေလာ့မွာ ေရခဲဝိညာဥ္အေၾကာင္းေျပာတိုင္း ေလးနက္တဲ့ အမူအရာ ရွိေနခဲ့တယ္။ ကြၽန္ေတာ္ တစ္ခုေလာက္ေမးပါရေစ.. လက္ရွိမွာ သူ႕ခႏၶာကိုယ္ အားနည္းလာၿပီး အေအးဒဏ္ကို ခံနိုင္ရည္မရွိေတာ့တာက ​ကူေသြး​အဆိပ္နဲ႕ ၾကက္ေသြးနီ ညွိုးႏြမ္းျခင္းေၾကာင့္ျဖစ္တာလား? ဒါမွမဟုတ္...
ေရခဲဝိညာဥ္ေၾကာင့္လား?"

_5.2.23

Thanks for reading ❣️

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

184K 20.2K 100
ဘာသာပြန်သူ - စွဲညို့အသင်း
91.7K 8.2K 65
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
112K 13.5K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
59K 4.1K 50
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.