"ဒီနှစ်တော့ နှစ်သစ်ကူးရင် အိမ်ပြန်ရမယ်။ ငါ အိမ်မပြန်ရတာ သုံးနှစ်ရှိပြီ။ ကျောင်းပြီးကတည်းက ဒီက Wang Group မှာ အလုပ်တန်းဝင်ရတာ"
"အင်း ပြန်လေ။ ငါ ရှိနေတာပဲကို"
"အဟဲ... ငါလည်း မင်းရှိနေလို့ ပြန်လို့ရတာ။ နို့မို့ဆို ပြန်လို့ရမှာ မဟုတ်ဘူး"
တရုတ်လူမျိုးတွေရဲ့ နှစ်သစ်ကူးနီးလာပြီ။ ဒါ့ကြောင့် ကျိုးချန်က အိမ်ပြန်ချင်တယ်။
ရှောင်းကျန့်ကတော့ ဦးလေးကလွဲလို့ ဆွေမျိုးမရှိတာကြောင့် ပြန်မနေတော့ဘူး။ ဦးလေးဆီပဲ ငွေလွှဲပေးလိုက်တော့မယ်။ ဝမ်ရိပေါ်ကရော သူ့အဖေဆီ ပြန်ဦးမှာလား???
ရေချိုး ၊ အဝတ်အစားလဲပြီး ထွက်လာတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့ ကျိုးချန် TV ကြည့်ရင်း စကားပြောနေတဲ့ ဧည့်ခန်းကိုရောက်လာတယ်။
"အစ်ကိုတို့ ဘာပြောနေကြတာလဲ?"
ဝမ်ရိပေါ်က ရှောင်းကျန့်ဘေး ကပ်ထိုင်ရင်း မေးလိုက်တယ်။
"ရိပေါ် ဟိုဘက်မှာ ထိုင်ခုံအလွတ်ကြီး...။ ရှောင်းကျန့် လွတ်လွတ်လပ်လပ်ထိုင်ပါစေ"
ကျိုးချန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
ဟုတ်တယ်လေ။ ဆိုဖာဆက်တီက ထိုင်ခုံတွေက ငါးလုံးတောင်ရှိတာကို... ။ ပြီးတော့ ရှောင်းကျန့်ထိုင်နေတဲ့ နှစ်ယောက်ထိုင် ဆိုဖာခုံက အကျယ်ကြီး................။
"ဟာာာာ .... အစ်ကိုကျိုးချန်ကလည်း ရာသီဥတုက ဒီလောက်အေးတာကို... အစ်ကိုရှောင်းကျန့်နား ကပ်ထိုင်တော့ နွေးတာပေါ့! ဟုတ်တယ်မလား? အစ်ကို ရှောင်းကျန့်ရော နွေးသွားတယ်မလား? နှစ်ဦးနှစ်ဘက် အကျိုးရှိတယ်လေ... နော့်!"
ဝမ်ရိပေါ်က ကျိုးချန်ကို မျက်စောင်းခဲ၍ ပြောရင်း ရှောင်းကျန့်ကိုပါ စစ်ကူခေါ်လိုက်တယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်ကို အပြုံးလေးနဲ့ ကြည့်လိုက်ပြီး...
"အင်း....."
ကျိုးချန်က သူ့ရှေ့က နှစ်ယောက်ကိုကြည့်ပြီး မျက်လုံးသာ လှိမ့်လိုက်မိတော့တယ်။ အပူပေးစက်ဖွင့်ထားတာ ဘာလုပ်ဖို့လဲ ? ? ? ? လို့သာ အော်မေးလိုက်ချင်တော့တယ်။
"ကျိုးချန်က နှစ်သစ်ကူး အိမ်ပြန်မလို့တဲ့။ ရိပေါ်ရော?"
"အမ်... မပြန်ပါဘူး။ ဒီရောက်တာ ဘာကြာသေးလို့လဲ? ပြီးတော့ လေယာဉ်ခက စျေးကြီးတယ်။ ပိုက်ဆံကုန်တယ်။ ပိုက်ဆံရှာရတာ လွယ်တာမှတ်လို့"
ကျိုးချန် ဝမ်ရိပေါ်ကို ပါးစပ်အဟောင်းသားနဲ့ကြည့်ရင်း....
*ဪ........ ဝမ်ရိပေါ်တို့ ဘယ်တုန်းက သိတတ်သွားရတာပါလိမ့်! မင်းအဖေကြားရင် သွေးတက်နေဦးမယ်နော်*
××××
"ရိပေါ်... ရှောင်းကျန့်ကို ငါမရှိဘူးဆိုပြီး အနိုင်ကျင့်မနေနဲ့ဦး!
... ရှောင်းကျန့်... မင်းလည်း ရိပေါ်ကို အရမ်းအလိုလိုက်မနေနဲ့!"
ကျိုးချန်က လေဆိပ်မှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကို မှာနေတာဖြစ်တယ်။
ဝမ်ရိပေါ်က ထုံးစံအတိုင်း စူပုပ်ပုပ်နဲ့ ကျိုးချန်ကိုမျက်စောင်းကြီးထိုးရင်း
" ဘာမှ အနိုင်မကျင့်ဘူး......"
ရှောင်းကျန့်က ဝမ်ရိပေါ်စကားမဆုံးခင်ဖြတ်ပြောရတယ်။ အဲလိုမှ မဟုတ်ရင် စကားတွေများတော့မှာ...။
"မင်းကလဲကွာ... ကလေးကို ပြောမယ်ဆိုတာကြီး... ရိပေါ်က လိမ္မာပါတယ်"
"ဟုတ်တယ်! ပြောပြလိုက်။ ဟွန့်!"
ကျိုးချန်က နှုတ်ခမ်းကို မဲ့ရွဲ့ပြီး ခေါင်းတညိတ်ညိတ်လုပ်ရင်း
"အေးပါ! ဒါဆို ငါသွားပြီ"
"ကိုကို! ကိုကို!"
"ဗျာဗျ!"
"အဟီး... ကိုကိုက ချစ်ဖို့ကောင်းတယ်"
"ဝမ်ဝမ်က ပိုချစ်ဖို့ကောင်း~"
ကျိုးချန်က မွေးရပ်မြေကို ခေတ္တပြန်သွားပြီဖြစ်လို့ ဝမ်ရိပေါ်တစ်ယောက် ရှောင်းကျန့်နဲ့ လွပ်လွပ်လပ်လပ်နေလို့ရပြီဖြစ်လို့ ပျော်ရွှင်မြူးတူးနေတယ်။
အခုလည်း ရှောင်းကျန့်နောက် တစ်ကောက်ကောက်။ ရှောင်းကျန့် ဟင်းချက်ရင်လည်း အနားမှာနေလို့ လိုအပ်တာ ကူပေးတယ်။ ရှောင်းကျန့် အိမ်သန့်ရှင်းရေးလုပ်ရင်လည်း သူပါအမှိုက်တွေသိမ်းကူပေးတယ်။
TV ကြည့်ရင်လည်း ရှောင်းကျန့်နားက အနားကမခွာ။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဂိမ်းအတူတူဆော့ပေးရင်လည်း ရှောင်းကျန့်နားကပ်လို့....။
ရှောင်းကျန့်က ရေချိုးခါနီး ဝမ်ရိပေါ်ကိုစချင်လာတာမို့...
"ဝမ်ဝမ်~ ကိုကိုနဲ့ ရေချိုးခန်းထဲ လိုက်ဦးမလား?"
ဒီလိုကျတော့ ဝမ်ရိပေါ်ရဲ့ မျက်နှာလေးက စတော်ဘယ်ရီသီးမှည့်လေးလို နီရဲသွားတယ်။ မျက်စောင်းလေးဝင့်လို့
"လိုက်ပါဘူး...."
ပြောပြီးတာနဲ့ သူ့အခန်းထဲ ပြေးဝင်သွားတော့တယ်။
"ဟား... ဟား... ဟား..."
ရှောင်းကျန့်က အားပါးတရ ရယ်မောမိတယ်။ ဒီကလေး ဒါကျတော့ ရှက်တတ်သား....။
ဝမ်ရိပေါ်ကတော့ သူ့အခန်းထဲမှာ အိပ်ရာပေါ်ထိုင်ရင်း တဒိန်းဒိန်းနဲ့ ရင်ခုန်နေတယ်။ မျက်ဆံလေး ဘယ်ရွေ့ညာရွေ့နဲ့ အတွေးတွေများနေတယ်...
*ကိုကိုက ငါ့ကို စကားခေါ်နေတာလား...?
ကိုကိုက ငါနဲ့ ရေချိုးချင်တာလား...?
ကိုကိုက ငါ့ကို ဘာလုပ်ချင်နေတာလဲ...?
အခုက အစ်ကိုကျိုးချန်လဲမရှိဘူးဆိုတော့....*
ဝမ်ရိပေါ်က တစ်ယောက်တည်း တွေးရင်းတွေးရင်း စိတ်လှုပ်ရှားလာပြီး မျက်နှာကပါ ပူလောင်လာတယ်။ အချိန်အတော်ကြာလို့ ပုံမှန်အခြေအနေပြန်ရောက်သွားမှ ဝမ်ရိပေါ်က ကုတင်ပေါ်ကဆင်းလိုက်ပြီး ရှောင်းကျန့်ကို ချောင်းကြည့်လိုက်တယ်။ ရှောင်းကျန့်က မီးဖိုဆောင်မှာ အေးဆေးစွာနဲ့ ညစာပြင်ဆင်နေတယ်။
အာ.... သူကသာ သူ့အတွေးနဲ့သူ ပူလောင်နေတာ ရှောင်းကျန့်က အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ပဲ။ ဝမ်ရိပေါ်က စိတ်ရှုပ်စွာနဲ့ပဲ ရေချိုးခန်းထဲဝင်လိုက်တော့တယ်။
ရှောင်းကျန့်က ညစာစားဖို့ပြင်ပြီးတဲ့အထိ ဝမ်ရိပေါ်က အခန်းထဲကထွက်မလာသေးတာမို့ ဝမ်ရိပေါ်ရဲ့ အခန်းဆီထွက်လာရတော့တယ်။ ဒီကလေး ဘာဖြစ်လို့ပါလိမ့်။ အရင်ဆို သူညစာပြင်ရင် ဝိုင်းကူနေကြကို...။ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ညစာစားရန် အခန်းတံခါးခေါက်လိုက်တယ်
!!ဒေါက်!! ဒေါက်!!
ဝမ်ရိပေါ် ထွက်မလာတော့မှ ရှောင်းကျန့်က တံခါးကိုဖွင့်လိုက်ရင်း ပြောလိုက်တယ်...
"ဝမ်ဝမ်... ညစာစားရအောင်"
ရှောင်းကျန့်က အခန်းထဲမှာ ဝမ်ရိပေါ်ကိုမတွေ့။ ရေချိုးခန်းထဲက ရေသံကြားလိုက်ရမှ ရှောင်းကျန့်က ရေချိုးခန်းတံခါးဝဆီသွားပြီး အသံကိုမြင့်လိုက်တယ်...
"ဝမ်ဝမ်!!! ရေမြန်မြန်ချိုး!!! အအေးမိမယ်!!!"
"ဟုတ်!!! ပြီးပြီ!!!"
×××
နစ်ယောက်သား ညစာစားပြီးလို့ TV ကြည့်ကြတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲမှီရင်းနဲ့ ဂိမ်းဆော့တယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ပခုံးကို သိုင်းဖက်ထားရတယ်။
ရှောင်းကျန့်က သူ့ရင်ခွင်ထဲမှာနေပြီး လှုပ်လှုပ် လှုပ်လှုပ်နဲ့ အငြိမ်မနေပဲ ဂိမ်းဆော့နေတဲ့ ဝမ်ရိပေါ်ကြောင့် ရင်ထဲမယ် ကလိကလိဖြစ်လာရတယ်။ ဝမ်ရိပေါ်ကို ကြည့်လိုက်ပြီး...
"ဝမ်ဝမ်~~"
" . . . . ."
ရှောင်းကျန့်က ညင်သာတဲ့အသံနဲ့ ဝမ်ရိပေါ်ကိုခေါ်လိုက်ပေမယ့် ဝမ်ရိပေါ်က ပြန်မထူးဘဲ ဂိမ်းကိုပဲ သဲကြီးမဲကြီး ဆော့နေကြောင့် စိတ်အလိုမကျဖြစ်သွားရတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်လက်ထဲက ဖုန်းကိုယူလိုက်ပြီး လေသံမာမာနဲ့...
"ဝမ်ဝမ်--- ကိုကို့ကိုကြည့်!"
အဲဒီအခါကြမှ ဝမ်ရိပေါ်က မျက်ခုံးလေးပင့်လို့ အထိတ်တလန့် မော့ကြည့်လာတယ်။
ရှောင်းကျန့်က ညည်းညူသံလေးနဲ့
"ကိုကိုက ဂိမ်းလောက်အရေးမပါပါလား~~~ "
"ကိုကိုက~ ဂိမ်းထက် အရေးပါတာပေါ့~~ကိုကိုက သတင်းနားထောင်နေလို့ ဝမ်ဝမ်က ဆော့နေတာပါနော်~~"
ဝမ်ရိပေါ်က ရှောင်းကျန့်ကို ခပ်ချွဲချွဲလေးပြောလိုက်တယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ မျက်နှာလေးကို ချစ်မဝစွာကြည့်ရင်းမှ ခေါင်းကိုတဖြည်းဖြည်းငုံ့လိုက်ပြီး ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းလေးကိုနမ်းလိုက်တယ်။
ဝမ်ရိပေါ်ကလည်း သူ့ရဲ့အနမ်းတွေကိုအလိုက်သင့် တုန့်ပြန်တယ်။ နမ်းရင်းနမ်းရင်းနဲ့ နူးညံ့တဲ့အနမ်းကနေ ပြင်းပြတဲ့အနမ်းတွေအဖြစ်ပြောင်းလဲလာရတယ်။ နှုတ်ခမ်းတွေပြင်းလွန်းလို့ အချင်းချင်းစုပ်ယူနေတဲ့ အသံတွေတောင်ထွက်လာတယ်။
"ပြွတ်စ်!"
"ပြွတ်စ်!"
ယောက်ျားသားနှစ်ဦးရဲ့ အနမ်းတိုက်ပွဲက ရှည်ကြာတယ်။ တစ်ဦးကိုတစ်ဦး အရှုံးမပေးချင်ကြဘူး။ ရှောင်းကျန့်ရဲ့ လက်တွေကလည်း ဝမ်ရိပေါ်ကိုတစ်ဖက်က ဖက်ထားပြီး တစ်ဖက်ကတော့ ဝမ်ရိပေါ်ရဲ့ ကိုယ်လုံးလေးကိုပွတ်သပ်နေတယ်။
ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ရဲ့ အထိအတွေ့တွေကြောင့် ကြက်သီးထလာရပြီး ရှောင်းကျန့်ကိုတိုးလို့ဖက်တွယ်လိုက်တယ်။ နှစ်ယောက်တည်းရှိတယ်ဆိုတဲ့ အသိကြောင့် နှစ်ဦးလုံးရဲ့ ရင်ထဲမှာ ဆန္ဒရမ္မက်တွေက လွတ်လပ်စွာ တောက်လောင်နေပြီ။
"အင်း..... ဟင်း....."
ဝမ်ရိပေါ်က နောက်ဆုံး အောက်ဆီဂျင်ပြတ်လပ်မှုကို တောင့်မခံနိုင်တော့လို့ ရှောင်းကျန့်ကို တွန်းထုတ်မိရတယ်။
ရှောင်းကျန့်လည်း အဲဒီတော့မှ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းလေးတွေကို လွတ်ပေးလိုက်ပြီး လည်တိုင်ကျော့ကျော့လေးဆီ ဦးတည်လိုက်တယ်။ အာဒံပန်းသီးလေးကို ခပ်ပြင်းပြင်းစုပ်ယူလိုက်တော့ ဝမ်ရိပေါ်ရဲ့ညည်းသံလေးထွက်လာတယ်...
"အ!... အင့်... ဟင့်...!"
ဝမ်ရိပေါ်ရဲ့ စိတ်ကြွစေတဲ့ အသံလေးကြောင့် ရှောင်းကျန့်ရဲ့ ရာဂမီးက ပိုမိုတောက်လောင်လာရတယ်။ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ လည်တိုင်ကနေ ညှပ်ရိုးလှလှလေးတွေဆီ နိမ့်ဆင်းလိုက်တယ်။
ဝမ်ရိပေါ်ကလည်း မရိုးမရွခံစားချက်ကြီးကြောင့် ခန္ဓာတစ်ခုလုံးမှာရှိတဲ့ သွေးတွေကလည်း ပွက်ပွက်ဆူလာရတယ်။ ရှောင်းကျန့်ရဲ့လက်က ဝမ်ရိပေါ်ရဲ့ ဘောင်းဘီထဲလျောဝင်လိုက်ပြီး တင်းပြည့်နေတဲ့ မက်မွန်သီးလေးတွေကို ခပ်ပြင်းပြင်းဆုပ်နယ်လိုက်တော့ ဝမ်ရိပေါ်က ထိတ်လန့်သွားရပြီး ရှောင်းကျန့်ရဲ့ လက်ကိုကိုင်ဆွဲမိတယ်။
ရှောင်းကျန့်လည်း သတိဝင်လာပြီး လှုပ်ရှားမှုတွေကို ချက်ချင်းရပ်လိုက်ပြီး ဝမ်ရိပေါ်ကိုတောင်းပန်လိုက်တယ်။
"အာာာာ.... ကိုယ်စိတ်လွတ်သွားတယ်"
"ကိုကို~~ ဟို~~"
ရှောင်းကျန့်က ဝမ်ရိပေါ်ပြောတာ နားမထောင်နိုင်တော့ပဲ သူ့အခန်းထဲကို အမြန်ပြေးဝင်သွားတော့တယ်။ ရှောင်းကျန့်က အခန်းထဲရောက်တာနဲ့ တံခါးကိုပိတ်လိုက်ပြီး နိမ်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ကိုဖိလိုက်ပြီး... ထကြွနေတဲ့ဆန္ဒကိုဖိနှိပ်နေရတယ်။ လေပူကိုမှုတ်ထုတ်လိုက်တယ်...
"ဟူးးးးးးးးးးးးးးးးးးး"
*တော်သေးတယ်... ငါ ဝမ်ဥက္ကဋ္ဌမှာထားတဲ့ စကားကို မေ့တော့မလို့..."
ဝမ်ရိပေါ်က ဧည့်ခန်းထဲမှာ မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်နဲ့ အူကြောင်ကြောင်လေးနဲ့ကျန်ခဲ့တယ်။ ရှောင်းကျန့်ရဲ့ အခန်းတံခါးပိတ်သံကြားမှ...
* သွားပြီ!!!!! ငါ့ကို ကိုကိုအထင်လွဲသွားပြီ...
ငါကလည်း ကိုကို့လက်ကိုဆွဲဖယ်မိသလိုဖြစ်သွား တော့ ကိုကိုကို့ လက်မခံနိုင်သလိုဖြစ်သွားတယ် ထင်တယ်*
အချိန်တော်တော်ကြာတော့မှ ဝမ်ရိပေါ်က ရှောင်းကျန့် အခန်းဆီသွားပြီး တံခါးရှေ့မှာရပ်လိုက်တယ်။
"ကိုကို ~~ ကိုကို~~"
"Good Night ဝမ်ဝမ်!"
ရှောင်းကျန့်ရဲ့ ယတိပြတ်နုတ်ဆက်လိုက်သံက ဝမ်ရိပေါ်ရဲ့ စိတ်နှလုံးသားကို ငိုကျွေးစေတယ်။ ဝမ်ရိပေါ်က ဝဲတက်လာတဲ့ မျက်ရည်စလေးတွေကို မကျအောင် ထိန်းရင်း သူ့အခန်းထဲပြေးဝင်လိုက်တော့တယ်။ သူက အိပ်ရာပေါ်ခုန်တက်လိုက်တယ်။ ခေါင်းအုံးပေါ် မျက်နှာကို မှောက်ချလိုက်ပြီး တသိမ့်သိမ့်နဲ့ ငိုချမိတယ်။ ဝမ်ရိပေါ်က သူ့ကိုသူအပြစ်တင်မိတယ်။
*ဒါတွေက ရည်းစားတွေရဲ့ ပုံမှန်အပြုအမူပဲလေ။
ငါက မိန်းကလေးလည်းမဟုတ်ပဲ ဘာလို့ကိုကို့ကို ငြင်းဆန်မိသလို လုပ်မိရတာလဲ...။
ကိုကို့အတွက် အဆင်သင့်ဖြစ်အောင် ငါ အမြဲ အသင့်ပြင်ထားခဲ့ရဲ့သားနဲ့...*
ရှောင်းကျန့်က စိတ်အခြေအနေကိုတည်ငြိမ်အောင်ထိန်းပြီးနောက် ရေချိုးခန်းဝင်ဖို့ အခန်းပြင်ကိုထွက်လာတော့ ဝမ်ရိပေါ်ရဲ့ အခန်းတံခါးက တစ်ဝက်ပွင့်နေတယ်။ ရှောင်းကျန့်က လှည့်မကြည့်တော့ပဲ ရေချိုးခန်းထဲပဲဝင်သွားလိုက်တော့တယ်။
ရှောင်းကျန့်က ရေချိုးခန်းထဲက ပြန်ထွက်လာတော့ သူ့ရဲ့မျက်လုံးတွေကမနေနိုင်စွာ ဝမ်ရိပေါ်ရဲ့အခန်းဘက်ဆီရောက်သွားရတယ်။ သူက အခန်းတံခါးပိတ်ပေးဖို့လုပ်ရင်း အခန်းထဲကိုအကြည့်တွေက ရောက်သွားရပြန်တယ်။ ကုတင်ပေါ်မှာ ခေါင်းအုံးပေါ် မျက်နှာအပ်လို့ တစ်သိမ့်သိမ့်တုန်နေတဲ့ ကျောပြင်လေးကြောင့် ဝမ်ရိပေါ်ငိုနေမှန်း ရှောင်းကျန့်သိလိုက်တယ်။ ဒီတော့လည်း သူရဲ့ခြေထောက်တွေက အလိုလို ဝမ်ရိပေါ်နား အသာလေးချဉ်းကပ်သွားပြန်တယ်။ ရှောင်းကျန့်က ကုတင်ပေါ် တင်ပါးလွှဲထိုင်လိုက်ပြီး ဝမ်ရိပေါ်ရဲ့ ကျောပြင်ကို အသာအယာပွတ်ပေးရင်း... တိုးညင်းတဲ့လေသံနဲ့
"ဝမ်ဝမ်~~ ကိုကို့ကြောင့်ငိုသွားရတာလား~~
ကိုကို တောင်းပန်ပါတယ်ကွာ~~
နောက်မဖြစ်စေရဘူးနော်~~"
ဝမ်ရိပေါ်က ရှောင်းကျန့်နေတာကို သည်းမခံနိုင်တော့တဲ့အတွက် ခေါင်းအုံးဆီက မျက်နှာကိုခွာလိုက်ပြီး ရှောင်းကျန့်လည်တိုင်ကို သိုင်းဖက် လိုက်ပြီးရှိုက်သံလေးနဲ့....
"ဝမ်ဝမ်က~ ဝမ်ဝမ်က~ ရွှတ်~ အဲ့သဘောမျိုးနဲ့ ~ရွှတ်~ လုပ်တာမဟုတ်~ ပါဘူး~~ ရုတ်တရက်ကြီး~အွတ်~ ဆိုတော့ ~ အွတ်~ လန့်သွားလို့ပါ~ အွတ်~"
ဝမ်ရိပေါ်က ပြောရင်းနဲ့ ကြို့ပါထိုးလာတယ်။
"အင်းပါ~ အင်းပါ~ ကိုကိုနားလည်ပါတယ်~
ကြည့်ပါဦး~ ကလေးလေးကျနေရော ငိုထားလိုက် တာ~ အဟင်းဟင်း~~~ ကြို့တွေတောင်ထိုးကုန်ပြီ
ကိုကိုရေသွားယူပေးမယ်နော်~"
ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့မျက်ရည်တွေကို သုတ်ပေးရင်း ချော့မော့လိုက်တယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်ကိုမလွှတ်ပေးဘဲ မျက်လုံးရွဲကြီးတွေနဲ့ ရှောင်းကျန့်ရဲ့မျက်ဝန်းညိုတွေကိုကြည့်လာပြီး ရှက်ဝဲဝဲအသံလေးနဲ့
"ကိုကို~~ ဝမ်ဝမ်တို့အတူတူအိပ်ရအောင်~~နော်~"
ရှောင်းကျန့်လည်း သက်ပြင်းကိုအသာချလို့
"ဟင်းးးးးးးးး..........
ကောင်းပြီလေ~ အိပ်ကြတာပေါ့~"
ရှောင်းကျန့်က ခေါင်းအုံးတစ်လုံးလှမ်းယူလိုက်ပြီး ဝမ်ရိပေါ်ရဲ့ခေါင်းအုံးဘေးမှာချလို့ ဝင်လှဲလိုက်တော့တယ်။
ဝမ်ရိပေါ်က မအိပ်နိုင်သေးဘဲ သူ့ဘေးမှာ ဗိုက်ပေါ်ကို လက်နှစ်ဖက်ကိုယှက်လို့ မျက်လုံးမှိတ်ထားတဲ့ ရှောင်းကျန့်ကိုကြည့်နေမိတယ်။ ရှောင်းကျန့်က ဒီအတိုင်းပဲ အိပ်တော့မှာလား။ သူ့ကို ဘာမှမလုပ်တော့ဘူးပေါ့။ သူက ရှောင်းကျန့်အထင်မလွဲရအောင်ရယ်... ရှောင်းကျန့်ဆန္ဒကိုလိုက်လျောချင်တာရယ်ကြောင့် ရှက်ရှက်နဲ့ သူနဲ့အတူတူအိပ်ဖို့ခေါ်ထားတာလေ။
ခဏကြာတော့ ရှောင်းကျန့်ရဲ့မျက်လုံးတွေက ပွင့်လာပြီး ဝမ်ရိပေါ်ဘက်ကို လှည့်ကြည့်လာတယ်။ ဝမ်ရိပေါ်ရဲ့ ပါးလေးကိုပွတ်သတ်ပေးရင်း...
"အိပ်တော့လေ~~
လာ~~ ကိုကိုဖက်ထားပေးမယ်"
"အင်း~~~"
ဝမ်ရိပေါ်လည်း ရှောင်းကျန့်နားတိုးကပ်လိုက်တယ်။ ရှောင်းကျန့်ရင်ခွင်ထဲ ခေါင်းလေးအပ်လို့ စိတ်ချလက်ချ မျက်ခွံလေးတွေကိုပိတ်ချလိုက်တော့တယ်။
ရှောင်းကျန့်က ဝမ်ရိပေါ် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမှ ဝမ်ရိပေါ်ရဲ့မျက်နှာလေးကိုကြည်နေမိတယ်။
"ချစ်တယ်~~ ဝမ်ဝမ်~~
ဝမ်ဝမ့်အဖေက ဝမ်ဝမ့်ကို မှဲ့တစ်ပေါက်မှ မစွန်းအောင် စောင့်ရှောက်ပေးပါလို့ မှာထားတယ်လေ~
ကိုကို့ကြောင့် စွန်းထင်းသွားလို့ ပိုလို့တောင် မဖြစ်ဘူးလေ"
ပြီးတော့ သူက ဝမ်ရိပေါ်ကို ခပ်တင်းတင်းလေးဖက်လိုက်ပြီး အိပ်လိုက်တော့တယ်။
ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ရဲ့စကားတွေကို မကြားတော့ပါဘူး။
_______________________TBC
Photos credit to original uploaders.