မူပိုင် [အတွဲ တစ်]

By ANyo_097

178K 13.3K 354

⁽⁠⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာ‌ပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁠⁾ More

မူပိုင်
အပိုင်း (၁/u)
အပိုင်း (၁/z)
အပိုင်း (၂/u)
အပိုင်း (၂/z)
အပိုင်း (၃/u)
အပိုင်း (၃/z)
အပိုင်း (၄/u)
အပိုင်း (၄/z)
အပိုင်း (၅/u)
အပိုင်း (၅/z)
အပိုင်း (၆/u)
အပိုင်း (၆/z)
အပိုင်း (၇/u)
အပိုင်း (၇/z)
အပိုင်း (၈/u)
အပိုင်း (၈/z)
အပိုင်း (၉/u)
အပိုင်း (၉/z)
အပိုင်း (၁၀/u)
အပိုင်း (၁၀/z)
အပိုင်း (၁၁/z)
အပိုင်း (၁၂/u)
အပိုင်း (၁၂/z)
အပိုင်း (၁၃/u)
အပိုင်း (၁၃/z)
အပိုင်း (၁၄/u)
အပိုင်း (၁၄/z)
အပိုင်း (၁၅/u)
အပိုင်း (၁၅/z)
အပိုင်း (၁၆/u)
အပိုင်း (၁၆/z)
အပိုင်း (၁၇/u)
အပိုင်း (၁၇/z)
အပိုင်း (၁၈/u)
အပိုင်း (၁၈/z)
အပိုင်း (၁၉/u)
အပိုင်း (၁၉/z)
အပိုင်း (၂၀/u)
အပိုင်း (၂၀/z)
မူပိုင်
အပိုင်း (၂၁/u)
အပိုင်း (၂၁/z)
မူပိုင် [အတွဲ နှစ်]
စာအုပ်ထုတ်ဝေခြင်း

အပိုင်း (၁၁/u)

5.4K 552 12
By ANyo_097

မူပိုင် အပိုင်းတစ်ဆယ့်တစ်။    ။

အိပ်ခန်းသို့ဦးတည်ဝင်ရောက်ခဲ့သော်လည်း ထင်မှတ်ထားသလိုမျိုး ဒေါ်ဒေါ်အိပ်မနေပေ။ လုံးဝမရှိဘူးဟုပြောလျှင် ပို၍မှန်မည်။

" ဒေါ်ဒေါ် "

အော်ခေါ်ကြည့်လိုက်ပေမယ့် ပြန်ထူးသံအား မကြားရပါ။ မေပုံ့ကိုမေးတော့လည်း မရေမရာမို့ အနည်းငယ်စိတ်ပူလာမိသည်။ ဒေါ်ဒေါ်က လမ်းပျောက်တတ်သော ဆယ်ကျော်သက်လေးမဟုတ်ပါ။ ပျောက်ကွယ်သွားတတ်သည့် အရွယ်ကောင်းသာဖြစ်သည်။

" ကျုပ်အနားကနေ ပျောက်ကွယ်ရဲပျောက်ကွယ်ကြည့်။ ခင်ဗျားကို ကျုပ်သတ်မှာ ဒေါ်ဒေါ် "

ကျိန်းမောင်းပြောဆိုလို့ အောက်ထပ်သို့အပြေးပြန်ဆင်းလာ၏။ လက်ရှိ၌ မူပိုင့်ပုံစံသည် အတော်လေးဖရိုဖရဲဖြင့်ပင်။ အတွင်းရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး ကြယ်သီးနှစ်လုံးအထိ ဖြုတ်လို့ထား၏။ ဖားလျားချထားသော ဆံနွယ်မှာလည်း ထိုးဖွခြင်းခံရသဖြင့် ရှုပ်ပွလျက်။

" သခင်မလေး "

" ကိုဘသောင်းနဲ့ အစ်မရီဆိုတဲ့သူ ဘယ်သွားကြလဲ မေပုံ့။ မသိလို့ကတော့ မင်းကိုအလုပ်ထုတ်ပြစ်မယ် "

" ရှင် "

" ဖြေလေ "

" ဗိုလ်ချုပ်ဈေးသွားကြတာပါ သခင်မလေး "

" အိမ်ကတစ်ယောက်ပါသွားလား "

" အဲ့တာ .. အဲ့တာကိုတော့ မေပုံ့လည်းမမြင်မိပါဘူး "

တောက်ခေါက်သံသည် ဟိန်းခနဲထွက်ပေါ်လာ၏။ မေပုံ့ကိုယ်လုံးလေး တုန်တက်သွားရသည်အထိ ကျယ်လောင်လွန်း၏။

" အိမ်မှာနေပြီး ဘာမှကိုအသုံးမကျဘူး "

" တောင်း .. တောင်းပန်ပါတယ် သခင်မလေး "

မေပုံ့ခင်ဗျာလည်း အတော်လေးကြောက်လန့်နေရှာပြီ။ အသက်ပြင်းပြင်းပင် မရှူရဲတော့ပေ။

" အယ် ပြန်ရောက်နေပြီလား မူပိုင် "

ပြစ်ထားတာကြာပြီဖြစ်သော စတိုခန်းထဲမှ ထွက်လာသည့်ဒေါ်ဒေါ်။ မြင်လျှင်မြင်ချင်းမှာပဲ ကိုယ်လုံးငယ်လေးအား ရင်ခွင်ထဲသို့ ဆွဲယူပွေ့ထားလိုက်သည်။

" မူပိုင် "

" ငြိမ်ငြိမ်နေ ခင်ဗျား "

ပျောက်ကွယ်သွားတော့မယ်ထင်နေခဲ့တာ။ မနေ့တစ်နေ့ကမှ ရရှိလာတဲ့ ကံကောင်းခြင်းလေးတွေအားလုံး အဝေးကိုအပြေးထွက်သွားတော့မယ် ထင်နေခဲ့တာ ဒေါ်ဒေါ်ရယ်။ သိပါရဲ့လား ကျုပ်သိပ်ကြောက်နေတယ်ဆိုတာကိုလေ။

" ဒါလင် "

" ချစ်တယ် "

" သိတာပေါ့ အဆိုးလေးရဲ့ "

ရုတ်တရက်အခြေအနေအား နားမလည်သော်လည်း မူပိုင်ပြောသလို ငြိမ်ငြိမ်လေးနေပေးလိုက်သည်။ ဖက်တွယ်ထားသူ၏ ကျောပြင်လေးအား ခပ်ဖွဖွပုတ်ပေးရင်းဖြင့်။

ချစ်တယ်။
အပြောသပ်သပ်မဟုတ်ပဲ ကျုပ်လက်တွေ့ပြဦးမှာပါ ဒေါ်ဒေါ်။ ဒါပေမယ့်လည်း ချစ်တယ်ဆိုတဲ့စကားကို အခွင့်ရှိတိုင်း ပြောနေချင်ပါသေးရဲ့။ ထာဝရဆိုတာဟာ အတိသယဝုတ္တိအလင်္ကာတွေပါ ဒေါ်ဒေါ်ရယ်။ ကျုပ်အရှိကိုအရှိတိုင်းပဲပြောမယ်လေ။ မသေခင်အချိန်ထိ၊ တစ်နည်းဆိုရရင် ခင်ဗျားကို ချစ်နေသေးသည်အထိပေါ့။ ကျုပ်ပြောပြနေဦးမှာပါ ချစ်တယ် ခင်ဗျားရယ်။

" ဘာလုပ်နေလို့ ကျုပ်ခေါ်တာကို မကြားတာတုန်း "

" အခုကဆူနေတာလား "

" ဟမ် ကျုပ်ကဘယ်မှာဆူလို့လဲ "

" အခုဆူနေတာလေ မူပိုင်။ မြကိုအော်ပြီး ပြောနေတာက ဆူတာမဟုတ်လို့ ဘာတုန်း "

" ဟာ ခင်ဗျား "

ကြည့်ကြပါဦး အရပ်ကတို့ရေ .. ကျုပ်ရှေ့က လေးဆယ့်နှစ်နှစ်ကိုဆိုပြီး အော်ဟစ်လို့ပြောလိုက်ချင်ပါ၏။ စိတ်ပူပန်နေတာ ပျောက်ကာစမို့ လေသံအနည်းငယ်မာသွားခြင်းကို သူ့ကိုဆူသည်တဲ့လား။

" ဆူတာမဟုတ်ဘူးလေ။ ကဲ ပြောပါဦး၊ ဟိုအခန်းထဲ ဘာဝင်လုပ်နေတာလဲ "

" မူပိုင်ပေးခဲ့ဖူးတဲ့ စာအိတ်လေးတွေကို ပြန်ရှာကြည့်နေတာ "

" ရှာနေတာဆိုတော့ တွေ့ကောတွေ့ရဲ့လား ဒေါ်ဒေါ် "

" ဟင့်အင်း "

ဒေါ်ဒေါ်ရဲ့မျက်နှာလေး အနည်းငယ်ပျက်ယွင်းသွားသလို ကျုပ်လည်းစိတ်ထဲမကောင်း။ အတ္တကြီးသူပီပီ အကုန်မဟုတ်ရင်တောင် တစ်စောင်၊နှစ်စောင်လောက်တော့ ရှိစေချင်သည်။

" ထားပါတော့ ကျုပ်နောက်မှ ပြန်ရေးပေးမယ် "

" တစ်ပတ်ကို တစ်စောင်နှုန်းနဲ့ရေးပေးနော် ဒါလင် "

" ဒေါ်ဒေ့ါ်သဘော "

" ဒါဆို သံပုရာရည်လေးဖျော်ပေးပါဦး "

" ဘာ "

" မဘာနဲ့လေ သံပုရာရည်သောက်ချင်လွန်းလို့ စောင့်နေခဲ့တာကို။ မြန်မြန်ပြန်လာပါဆို နောက်ကျဖြစ်အောင် နောက်ကျသေးတယ် "

သံပုရာရည်သောက်ချင်လို့ အလုပ်တစ်ဖက်နဲ့လူကို စောစောပြန်လာခိုင်းသည်တဲ့လား ဒေါ်မြရံခြယ်ရယ်။ ကျုပ်ကတော့ စိတ်တွေတိုလိုက်၊ စိတ်တွေပူလိုက်နဲ့ ရူးတော့မလို့။

" အခုဖျော်ပေးမှာမို့ ခဏစောင့်ဦး "

" အိပ်ခန်းထဲမှာပဲစောင့်နေမယ်ကွယ် "

" သဘောပါ "

လက်စားချေမယ်ဆိုပြီး ကြုံးဝါးခဲ့သမျှ အခုတော့ သံပုရာသီးကို ကိုယ်တိုင်လက်နဲ့ညစ်ပေးနေရပြီ။ ဒီပုံစံကိုသာ တစ်စုံတစ်ယောက်မြင်ရင် သေချာပေါက်စိတ်ဆိုးမှာ။ သို့ပေမယ့်လည်း ကျုပ်မမှုပါ။ ကျုပ်အတွက်က ဒေါ်ဒေါ်ဟာ ပထမဆုံးပဲ။ ဒေါ်ဒေါ်ကသာ ကျုပ်ဘဝရဲ့ အရေးပါဆုံးသောသူတစ်ယောက်။

" ခင်ဗျားကို ကျုပ်မေးဦးမယ် ဒေါ်ဒေါ် "

" အင်း မေးလေ "

" ဘာလို့အမြဲတမ်း ဒါလင်လို့မခေါ်ပဲ စိတ်ကူးပေါက်မှ ထထခေါ်နေရတာလဲ "

ရေချိုးပြီးကာစမို့ မူပိုင့်မျက်နှာလေးဟာ ကြည်လင်လွန်းနေ၏။ အသင့်ယူဆောင်ထားသော တဘက်ဖြင့် ရေစိုနေသည့်ဆံနွယ်လေးများအား အရင်သုတ်ပေးလိုက်သည်။

" ရှက်လို့ပေါ့ "

" ရှက်ရအောင် ကျုပ်ကသူစိမ်းလား "

" ဘေးလူတွေကိုရှက်တာပါ မူပိုင့်ကိုမရှက်ဘူး "

" ခင်ဗျားကြည့်ရမှာ ကျုပ်တစ်ယောက်တည်းကိုပဲ ဒေါ်ဒေါ်။ ခင်ဗျားယူထားတာက ကျုပ်ကို၊ အဲ့ဘေးလူတွေကို မဟုတ်ဘူး။ နောက်ဆိုရှက်မနေပဲ ဒါလင်လို့အမြဲခေါ် "

" မူပိုင်ကလည်းကွာ "

" ဘာကိုမူပိုင်လဲ "

" ဒါလင်နော် "

တသောသောရယ်မောသံလေးများသည် အခန်းငယ်အတွင်း ပဲ့တင်ထပ်လို့နေ၏။ ချစ်ခြင်းမေတ္တာဟာ လူတိုင်းကို စိတ်ကြည်နူးစေသည်ဆိုတာ ဧကန်အမှန်ပင်။

" ပိုင်ပိုင်တို့အခြေအနေ ဘယ်လိုရှိလဲ "

" သာမန်ပါပဲ သခင်ကြီး "

" သေချာရဲ့လား မေပုံ့ "

" သေ .. သေချာပါတယ် "

မေပုံ့အား လူယုံအဖြစ်ထားလို့မရတော့ပေ။ အဘယ်ကြောင့်ဆို ပိုင်ပိုင်အပေါ် သူကသိပ်သံယောဇဉ်ကြီးတာ။ အဘယ်လိုနည်းနဲ့မှတော့ အထိအခိုက်ခံမည်မဟုတ်။

" အေး ပြီးတာပဲ "

တစ်ဖက်မှတိတ်ဆိတ်သွားသောအခါ ကြိုးဖုန်းလေးအား သူ့နေရာသူသို့ ပြန်ထားလိုက်သည်။ သက်ပြင်းသဲ့သဲ့ချလို့ ထိုနေရာမှ မရွေ့နိုင်သေးပေ။ လေးလံနေသော စိတ်အစဉ်ကြောင့် ဘုရားစာကိုသာ ခပ်တိုးတိုးရေရွတ်နေမိသည်။

ဘုရားသိကြားမလို့ သခင်မလေးအပေါ် မကောင်းတဲ့အရာတွေ ကျရောက်မလာပါစေနဲ့။

" ဒေါ်ဒေါ်အရင်အိပ်နှင့်နော်။ ကျုပ်ကိစ္စလေးပေါ်လာလို့ အပြင်ခဏသွားဦးမယ် "

" ဘယ်ကိုလဲဟင် "

" ရိုဘင့်ဆီပါ။ သူဆေးရုံတင်ထားရတယ်ဆိုလို့ သတင်းသွားမေးလို့ "

" ညဘက်ကြီးသွားမှဖြစ်မှာလား မူပိုင် "

" မရစ်စမ်းပါနဲ့ ခင်ဗျားရယ်။ ကျုပ်အားတုန်းလေး သွားတွေ့ရတာမို့ပါ "

သိမ်ငယ်စိတ် .. ချက်ချင်းဆိုသလို သိမ်ငယ်စိတ်လေးဟာ မြအပေါ်ကြီးစိုးလို့သွားခဲ့၏။ မျက်စိရှေ့ရှိလူအား ကျောခိုင်းကာ ဝရံတာဘက်သို့ လျှောက်လာလိုက်တော့သည်။ မြရဲ့ရွေးချယ်မှုကို မှားယွင်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ထဲရောက်အောင် တွန်းမပို့ပါနဲ့လား ဒါလင်ရယ်။

စီးကရက်ကုန်နေပြီမို့ ခပေါင်းတစ်လိပ်ကိုသာ သောက်ဖို့ရန်ဆုံးဖြတ်လိုက်သည်။ အရသာဟာ ပြင်းရှရှမို့ မြသိပ်မကြိုက်သော်လည်း အခုအချိန်၌ မြအတွက် သိပ်လိုအပ်နေလေပြီ။ ထိပ်ဖျားလောက်အား မီးစွဲစေပြီးနောက်တွင်တော့ ရီဝေဝေခံစားချက်နှင့်အတူ အငွေ့တစ်ချို့ကို လွှတ်ထုတ်လိုက်သည်။

" ဒေါ်ဒေါ် "

နောက်ကျောဘက်မှ အထိအတွေ့ကြောင့် မြ နှလုံးသားလေးဟာ သိမ့်ခနဲဖြစ်သွားရ၏။ ကျောပြင်သို့ထိကပ်ထားသော မူပိုင်ရဲ့ရင်ခွင်ကျယ်ကျယ်။ ထို့ပြင် လည်ပင်းတစ်လျှောက် ပြေးလွှားနေကြသည့် လေငွေ့နွေးနွေး။ မြ အတိုင်းသားခံစားရနေသည်။

" ချစ်တယ် "

" အဲ့စကားက မြတစ်ယောက်တည်းအတွက်ပဲ ဖြစ်ပါစေ ဒါလင်ရယ် "

" ကျုပ်အပေါ်သံသယမထားနဲ့ ဒေါ်ဒေါ်။ ကျုပ်ကိုယုံ၊ ကျုပ်မျက်နှာကိုပဲကြည့်ပါ။ ဒီကမ္ဘာမှာ ခင်ဗျားကိုပိုင်တာ ကျုပ်အပြင် ဘယ်သူမှမရှိတော့ဘူး "

" မသွားနဲ့ "

" ကျုပ်လူလွှတ်ပြီးပဲ သတင်းမေးခိုင်းလိုက်ပါ့မယ် "

ကျုပ်လက်ကိုသာ ခင်ဗျားတွဲထားမယ်ဆိုရင် တာဝတိံသာပဲတက်ရတက်ရ၊ အသူရာချောက်နက်ထဲပဲ ခုန်ဆင်းရခုန်ဆင်းရပါလေ။ ကျုပ်ကတုန်လှုပ်နေမယ့်သူ မဟုတ်ဘူး ဒေါ်ဒေါ်။

ကျုပ်ကိုကြည့်၊ ကျုပ်မျက်လုံးတွေထဲကို မြင်အောင်ကြည့်စမ်းပါ။ တစ်ဦးတည်းသောဖြစ်တဲ့ ခင်ဗျားရဲ့ပုံရိပ်လေး ထင်နေတာကို မြင်ရလိမ့်မယ်။ လောကမှာ ရွေးချယ်စရာ လူတွေအများကြီးရှိမှန်း ကျုပ်သိတယ် ဒေါ်ဒေါ်။ ဒါပေမယ့် ကျုပ်ကအမြဲတမ်း ဒေါ်ဒေ့ါ်ကိုပဲ ရွေးမယ်ဆိုတာကိုလည်း ထိုလောကကြီးသိသင့်တယ်။

ကျုပ်အပေါ် သံသယမထားနဲ့ ဒေါ်ဒေါ်။ ခင်ဗျားအပိုင်ကို ခင်ဗျားယုံကြည်သင့်တယ်။ ကျုပ်အသက်နဲ့ ခန္ဓာက ဒေါ်ဒေါ်အပိုင်ပါပဲ။ ကျုပ်စတေးပြီးပြီ။

~~ သူသာလေညှင်းလေးဆို၊
ကိုယ်ဟာ လေညှင်းအထိအတွေ့ကို၊
ခံစားခွင့်ရှိတဲ့ ပန်းကလေးဖြစ်ချင်ခဲ့။ ~~

ချစ်တယ်ဆိုတဲ့ စကားလေးကြားရတိုင်း ရင်ထဲနွေးပါရဲ့။ ထားမသွားဘူးဆိုတာ သေချာနေလည်း ကျန်ရစ်ခဲ့ရမှာကို အိမ်မက်ဆိုးထက် ပိုကြောက်မိပါသည်။ တစ်ဘဝမှာ တစ်ခါတည်းဖြစ်တည်‌သော ချစ်ခြင်းတရားတွေပါ ဒါလင်။

~~ မင်းလေးယူနိုင်တယ် ဒါမင်းအတွက်သီးသန့်ပဲ ~~

မြရံခြယ်ဆိုတဲ့မိန်းမရဲ့ မာနတွေ၊အတ္တတွေအကုန်လုံးကို မူပိုင့်ဆီအပ်နှင်းပါသည်။ မြရဲ့အချစ်တွေအားလုံးကို မင်းပိုင်ပါတယ် မူပိုင်။ ပြီးတော့ ဒီပွဲမှာလည်း မင်းနိုင်ပါတယ်။     ။

_____
(အညို)

သာယာလှပတဲ့နေ့ရက်လေးဖြစ်ပါစေရှင်။
ဖတ်ရတာ အဆင်ပြေမပြေလေးလည်း ပြောပေးကြပါဦးနော်။

Continue Reading