Burmese Translation of "Doomed to be Cannon Fodder".
Translator - ဂွေ့
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
လင်ချန်းဇီက လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလေတယ်။ သူမကိုအတတ်နိုင်ဆုံးစိတ်ငြိမ်အောင်လုပ်ပေးနေတဲ့ ဘေးကသူမအမေကိုတောင်မမြင်တော့ဘူး။ လင်ချန်းဇီကဒေါသတကြီးထအော်တော့တယ်။
"နင်က သူ့အကြောင်းကိုဂရုမစိုက်ပေမယ့် စိုက်တဲ့သူကရှိတယ်။ လုံဟန့်က လူသတ်သမားဟဲ့!!!"
"ရန်ဖက်နိုင်ငံက သူလျှိုကိုသတ်တာနဲ့ ငါက လူသတ်သမားဖြစ်သွားရောတဲ့လား။ လင်မိန်းကလေးမှာ အဲ့ဒီလူနဲ့ဘယ်လိုဆက်ဆံရေးရှိလဲဆိုတာ သိချင်လှပါဘိ"
ဘယ်သူမှလုံဟန့်ရောက်လာလိမ့်မယ်လို့ထင်မထားဘူး။ သူက တည့်တည့်မတ်မတ်ပဲလျောက်လာပြီး ချော်ရည်တွေတောင်ခဲသွားနိုင်နဲ့ အသံမျိုးနဲ့ တွမ့်ယွင်ရင်ရဲ့ ဇစ်မြစ်အစစ်ကိုဖော်တော့တာပဲ။ သူ့သမီးပြဿနာရှာနေတယ်ကြားလို့ ပြေးလာတဲ့ အမတ်ချုပ်လင်တောင် အဲ့စကားကိုလည်းကြားရောအတော်လေး လန့်ဖြန့်သွားတယ်။ အဲ့ဒီဆရာတွမ့်ဆိုတဲ့လူက ရန်ဖက်နိုင်ငံက သူလျှိုဆိုတာ အမှန်ပဲဆိုရင် လင်ချန်းဇီက လင်မိသားစုတစ်ခုလုံးကို လက်တစ်ဖက်တည်းနဲ့ကို ချေမွပစ်လိုက်တာပဲ။
သူချက်ချင်းပဲ လင်ချန်းဇီဆီကိုလျောက်သွားပြီး ပါးကိုရိုက်ချပစ်လိုက်တယ်။ အရိုက်ခံရတဲ့သူက တစ်ပတ်ကိုလည်ထွက်သွားတာ။
"လာခဲ့စမ်း ဒီမမလေးကိုအိမ်တော်ခေါ်သွားပြီး မင်္ဂလာဆောင်ဖို့ပြင်ခိုင်းထားလိုက်ကြ"
အရင်တစ်ခါကိစ္စမှာ လင်ချန်းဇီကို လွှတ်ပေးဖို့ အမတ်ချုပ်လင်တွေးထားပေမယ့် သမီးမိုက်က ပြန်ပေါ်လာပြီး ရန်သူနိုင်ငံက လူအတွက် လက်စားချေပေးမယ်ဆိုပြီးလုပ်မယ်လို့ သူလုံး၀ထင်မထားမိဘူး။ အမတ်ချုပ်လင်တစ်ယောက် နှလုံးကွဲသလိုမျိုး ဆတ်ဆတ်ခါအောင်နာလှတယ်။
လင်ချန္းဇီက အရူးမတော့မဟုတ်ဘူး။ အခြေအနေတင်းမာသွားတာကိုသိတာနဲ့ အသာလေးပဲ ဆွဲခေါ်သွားတာခံပြီးရှောင်ထွက်သွားတော့တယ်။ ပိုင်ရှန်းရှို့ကလည်း ပါးစပ်ပိတ်ထားမှ အဆင်ပြေမယ်ဆိုတာ သိတယ်လေ။ ဒီအချိန်က ကုပ်ကုပ်လေးနေဖို့အကောင်းဆုံးပဲ။ မဟုတ်ရင် ဇက်ပြတ်သွားလိမ့်မယ်။ လုံဟန့်က အမတ်ချုပ်လက် ဖက်ကိုလှည့်ကြည့်ပြီးမေးလေတယ်။
"လင်အမတ်ချုပ် ခင်ဗျားရဲ့လင်အိမ်တော်နဲ့ တွမ့်ယွင်ရင်နဲ့ဘယ်လိုပတ်သတ်မှုရှိလဲဆိုတာ ကျုပ်သိချင်တယ်။"
"မရှိပါဘူး။ ဘာမှကိုမရှိတာပါ...."
"ဒါဆိုအကောင်းဆုံးပေါ့။ ဘာလို့ဆို ကျုပ်က ဒီကိစ္စကို ဘုရင်မင်းမြတ်ဆီတင်ပြတော့မှာ။ ရန်ဖက်နိုင်ငံက သူလျှိုက ရာထူးမြင့်တဲ့ရုံးတော်အမှုထမ်းတွေကို လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့။ ကျုပ်တို့သိထားသလိုပဲ လင်အမတ်ချုပ်ကလည်း သူ့ရဲ့ပစ်မှတ်တွေထဲကတစ်ခုဖြစ်နိုင်တယ်။ အရှင် ဒီကိစ္စကိုမေးတဲ့အခါ အားလုံးကို မခြွင်းမချန်ပြောပြဖို့မျှော်လင့်ပါတယ်"
"တွမ့်ယွင်ရင်က သူလျှိုဆိုတာ အရှင်မင်းသားက ဘယ်လိုလုပ်အတပ်ပြောနိုင်ရသလဲ"
"ကျုပ်မှာ လက်ဆုပ်လက်ကိုင်ပြစရာသက်သေတွေရှိတယ်"
လင်အမတ်ချုပ်တစ်ယောက် ချွေးစေးတွေပြန်သွားတာပဲ။ သူအိမ်တော်ကိုရောက်တာနဲ့ လင်ဖူးရန်ကို ပါးနှစ်ချက်လောက်ဆင့်ကျွေးပစ်လိုက်တယ်။ သူ့မိန်းမနဲ့ သူ့သမီးက တကယ့်ကို ဒုက္ခပေးတာပဲ။ သူ့ရဲ့သိက္ခာရော ဂုဏ်တွေရောကို ဖျက်စီးပစ်လုနီးပါး။ သူ့ကိုနာမည်လိုက်ဖျက်နေတာ သူသည်းမခံနိုင်တော့ဘူး။ အဲ့ဒါကြောင့် ကျီကျန်းရှုကို သူ့သမီးကိုယူမလားလို့ မေးဖို့ တစ်ယောက်ကိုလွှတ်လိုက်တော့တယ်။
ကျီးကျန်းရှုကတော့ သိပ်ကိုသဘောကျတာပေါ့။ အရင်ကတည်းက သူ့၀မ်းကွဲညီမလေးကို သူကကြိတ်ကြိုက်ခဲ့ရတာလေ။ ပျံ့နေတဲ့ကောလဟာလတွေကိုလည်း ကောလဟာလလို့ပဲ သူထင်တာ။ သူ့ညီမလေးက ဘယ်တော့မှဒီလို လျှပ်ပေါ်လော်လီတဲ့မိန်းကလေူမျိုးမဟုတ်ဘူး။ ဒီကမ်းလှမ်းမှုကိုပျော်ပျော်ကြီးကိုလက်ခံတယ်။ သူ့မိသားစု ဘယ်လိုတားတား သူကတော့ဆုံးဖြတ်ချက်ပြောင်းမှာမဟုတ်ဘူး။
ကျီကျန်းရှုက လင်ချန်းဇီနဲ့လက်ထပ်ပွဲအတွက် လ၀က်လောက်ကတည်းက ပြင်ဆင်နေခဲ့တာ။ လင်ချန်းဇီငြင်းချင်ပေမယ့်လည်း ဘာမှမပြောရဲဘူး။ လက်ထပ်တယ်ဆိုရင်တောင် စိတ်ပါလွန်းလို့တော့မဟုတ်ဘူး။ အံ့သြစရာကောင်းအောင်ပဲ မင်္ဂလာပွဲက ချောချောမွေ့မွေ့ပြီးသွားခဲ့တယ်။ ဘယ်သူမှလည်းလာမနှောကိယှက်ကြဘူး။ အဲ့အစား ပိုင်ရှန်းရှို့ဆီကိုပဲ နှောက်ယှက်မယ့်တစ်ကောင်ရောက်လာလေတယ်။
အဲ့လူက ရှောင်ရှီကို အကြောပိတ်ထားခဲ့ပြီး ကုလားထိုင်ပေါ်လာထိုင်နေတာ။ ပြီးတော့ မူးနေရော။
"ယောကျာ်းဘယ်နှယောက်လောက်က မိန်းမတစ်ယောက်တည်းကို တစ်ချိန်တည်းမှာကြိုက်နေနိုင်သလဲဟမ်!ငါ သူ့အတွက်အများကြီးလုပ်ပေးခဲ့ရတာ။ သူကတော့ တခြားကောင်တွေကိုပဲ စိတ်ထဲထည့်နေတယ်။ သူ့ကလေးက တစ်ခြားကောင်နဲ့ရတဲ့ကလေးလို့တောင် ငါ့ကိုပြောသေး"
"အော် လော့ယွင်ကျန်းရယ် ရှင်က ကျွန်မဆီကို အသည်းကွဲတာတွေပြောပြပြိးငိုဖို့လာတာလား?"
ဒင်းကလုံဟန့်မရှိတဲ့အချိန်ကိုရွေးပြီးတောင်လာတာနော်။
"မင်းက သူနဲ့ရင်းနှီးတယ်မလား။ အဲ့ဒါကြောင့်သူ့အတွေးတွေကို ငါသိချင်တာ"
သူ့ဆီက သတ်ချင်ဖြတ်ချင်စိတ်ကို ပိုင်ရှန်းရှိုမခံစားရဘူး။ အဲ့ဒါကြောင့် စိတ်ကိုအေးအေးထားပြီး သူ့နားကိုလျောက်သွားလိုက်တယ်။ လက်ကတော့ ဗိုက်ကလေးကိုကိုင်ပြီး ပြောတာပေါ့။
"ကျွန်မက သူနဲ့မရင်းနှီးပါဘူး။ ဒါကလမ်းခွဲတာလေးပဲမဟုတ်ဘူးလား။ လမ်းခွဲရုံနဲ့ ကျွန်မဆီအထိကို လာပြီးငိုဖို့ လိုလို့လား"
"လမ်းခွဲတာတဲ့လား?"
"ဟုတ်တယ်လေ။ ရှင်တို့နှစ်ယောက်က အခုထ် လမ်းမခွဲရသေးလို့လား ဘာလား?"
"ဟားဟား! အမှန်ပဲထင်တယ်"
လူတစ်ယောက်အရက်မသောက်စဖူးသောက်တာက ရည်းစားနဲ့ပြတ်တာကလွဲပြီးဘာရှိသေးလို့လဲ။ လော့ယွင်ကျန်းကတော့မူးရူးပြီး သူနဲ့လင်ချန်းဇီအကြောင်းတွေကို နောက်ကြောင်းပြန်ပြနေလေရဲ့။ ပိုင်ရှန်းရှို့ကတော့ ၀တ္ထုထဲဖတ်ပြီးသားအကြောင်းအရာတွေကို လူအရှင်လတ်လတ်ကြီးက ပြန်ပြောပြတာကို ထပ်နားထောင်နေရရှာတယ်။ သည်းမခံနိုင်တော့ဘူး။
အခန်းအပြင်ဖက်မှာတော့ လုံဟန့်တစ်ယောက်ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်နေတယ်။ လက်တွေတောင်ချွေးတွေထွက်လို့။ သူရုတ်တရက်၀င်သွားလိုက်ရင် လော့ယွင်ကျန်းက ပိုင်ရှန်းရှို့ကိုတစ်ခုခုထလုပ်မှာစိုးရသေးတယ်။ ဗိုက်ကလေးက ပူလာပြီလေ။ သူ့ကလေးလေးက သူမရဲ့ ဗိုက်ထဲမှာ တဖြည်းဖြည်းနဲ့ကြီးလာနေပြီ။ အဲ့ဒီလော့ယွင်ကျန်းက အရူးနေမှာ။ ဘာကိစ္စ သူအသဲကွဲတာကို မူးရူးပြီး ဒီအထိလာငိုပြနေရတာလဲ?
ပြောရင်းဆိုရင်းပဲ လော့ယွင်ကျန်းတစ်ယောက် မြေကြီးပေါ်ကိုဗိုင်းခနဲပစ်လဲသွားတယ်။ အဲ့ကျမှ လုံဟန့်တစ်ယောက်အခန်းထဲပြေး၀င်ရတယ်။ လော့ယွင်ကျန်းကိုကြည့်နေတဲ့ပိုင်ရှန်းရှို့ကိုမြင်မှ သူ့ခမျာမေးရတယ်။
"မင်းအဆင်ပြေရဲ့လား?"
ပိုင်ရှန်းရှို့က ခေါင်းလေးကိုငြိမ့်ပြတယ်။ အဆင်ပြေတယ်သေချာမှ လုံဟန့်က အော်လိုက်တာပေါ့။
"လာကြစမ်း ဒီကောင်ကို မြေတိုက်ခန်းထဲ ပိတ်ထားလိုက်"
"နားလည်ပါပြီ။"
အရိပ်သက်တော်စောင့်တစ်ယောက်က ထွက်လာပြီး လော့ယွင်ကျန်းကို လာသယ်သွားတယ်။
ပိုင်ရှန်းရှို့က ရပ်ကြည့်ရင်းပဲမေးမိတယ်။
"ရှင်တစ်ချိန်လုံး အပြင်မှာရပ်နေတာလား'
"ကိုယ်မင်းကိုစိတ်ပူနေတာ။ သူ၀င်လာကတည်းကကိုယ်သိတယ်။ ရှို့အာ ကိစ္စအကြီးကြီးတစ်ခုဖြစ်လာတော့မယ်။ မင်းဘေးမှာ အရိပ်သက်တော်စောင့်တွေကို ကိုယ်ထားပေးထားတယ်။ တစ်ချိန်လုံးသတိနဲ့နေနော် နားလည်တယ်မလား?"
"ဘာပြောချင်တာလဲဟင်"
တစ်ခုခုဖြစ်တော့မယ်ဆိုတာ ပိုင်ရှန်းရှို့လည်းခံစားမိတယ်။ သူမ လုံဟန့်ကို သိချင်စိတ်အပြည့်မဲ့ကြည့်လိုက်တာပေါ့။ နောက်ပိုင်းသူအရမ်းလျှို့၀ှက်နေတာမဆန်းပါဘူး။
"တစ်ဖက်နိုင်ငံက တွမ့်ယွင်ရင်ကိုသတ်လို့ အပြစ်တင်နေတာလားဟင်"
မိန်းမတွေရဲ့ ပင်ကိုယ်သိဆိုတာ ဒီလိုမျိုးအချိန်တွေဆို အရမ်းမှန်တယ်။
"အဲ့ဟာကပြဿနာမဟုတ်ပါဘူး။ ကိုယ့်ကိုနိုင်တာတွေလည်းမဟုတ်ဘူး။ အဓိက က ကိုယ်စစ်ထွက်ရလိမ့်မယ်"
"စစ်ပြန်ထွက်ရမယ်?"
ဇာတ်ကြောင်းကအရှေ့ကိုအရမ်းရောက်လွန်းနေတာမဟုတ်ဘူးလား။ တကယ်ဆို ငါ့ကိုရိုက်သတ်ပြီးမှ စစ်ပြန်ထွက်ရမှာလေ။ဘောက်မဲ့ကြောင့် သိပ်မကြာခင်ပဲ စစ်တလင်းကိုပြန်မရတော့မလိုပြောနေရတာလဲ?"
"စိတ်မပူပါနဲ့။ အခုချက်ချင်းမသွားရသေးပါဘူး။ အနည်းဆုံးတော့ ကိုယ်တို့ကလေးမမွေးရသေးခင်ကို မဖြစ်သေးဘူး"
ရှင်လာနောက်နေတာလား။ကလေးမွေးပြီးတာနဲ့ ကျွန်မက မော်ဒန်ခေတ်ကိုပြန်မှာလေ။ ရှင်က စစ်ထွက်သွားရင် ကလေးကိုဘယ်သူကစောင့်ရှောက်မှာလဲ? ပိုင်ရှန်းရှို့ခေါင်းထဲရှုပ်ထွေးနေပြီ။ သူမစိတ်ရှုပ်နေတုန်းမှာပဲ သူက ရုတ်တရက်ဖက်လိုက်တယ်။
"အရမ်းမတွေးပါနဲ့။ မင်းအနားယူသင့်ပြီ"
"ဒါပေမယ့်....ရှင်က လာဖက်စရာမှမလိုတာကို"
"ကိုယ်တို့ ဟိုဟာ.....လုပ်ရင်...အဆင်ပြေမလား?"
"ဟု...ဟုတ်"
အစကတော့ပိုင်ရှန်းရှို့ငြင်းမလို့ပဲ။ ဒါပေမယ့် လုံဟန့်ကသိပ်မကြာခင် စစ်ပြန်ထွက်ရတော့မှာမလား။ ဒါပေမယ့် အဲ့သနားစိတ်ကပဲ သူမကို အနိုင်ယူသွားတာ။ လုံဟန့်က သူစစ်ပြန်တိုက်ရမယ့်နေ့ကိုခန့်မှန်းရုံပဲရှိသေးတာ။ မနက်ဖြန်သွားရမယ်လို့မှ မဆိုလိုတာ။ အကောင်းဖက်ကကြည့်ရင်တော့ နောက်ပိုင်းညင်သာလာပါတယ်။ ဆိုပေမယ့်လည်း တစ်ရက်တစ်နေ့တော့ အိပ်ဖြစ်နေကြတုန်းပဲ။
လော့ယွင်ကျန်းကတော့ မြေတိုက်ထဲနှိပ်စက်ခံလိုက်ရပေမယ့် အဆုံးမှာတော့ လွှတ်ပေးလိုက်တာပါပဲ။ စစ်မတိုက်ခင် ၀ူးလင်နဲ့ပြဿနာမတက်ချင်ဘူးလေ။ မဟုတ်ရင် ပြည်တွင်းရန်ရော ပြည်ပရန်ရော နှစ်ဖက်ညပ်သွားလိမ့်မယ်။
လက်ရှိတော့ ဧကရာဇ်က မင်းသားလီအိမ်တော်အပေါ်တအားရက်ရောနေတယ်။ တကယ်တော့ သူ့စစ်သူကြီးကိုဂရုစိုက်ပေးထားမှ စစ်ပွဲကိုအေးအေးဆေးဆေးသွားလို့ရမှာမလား။ လုံဟန့်က တစ်ဖက်နိုင်ငံကမင်းသားကိုသတ်လိုက်တယ်ဆိုရင်တောင် တစ်ဖက်နိုင်ငံနဲ့ သဘောတူညီမှုယူနိုင်တာ သူပဲရှိတယ်။ ပြီးတော့ နိုင်ငံထဲသူလျှိုတွေကိုလည်း သူမထားရဲဘူး။ ကံကောင်းလို့သူလျှိုကောင်က လုံဟန့်ကိုလုပ်တဲ့အဆိပ်မျိုးတွေနဲ့ အဆိပ်မျိုးတွေနဲ့ လာမလုပ်ကြံတာ။
အခြေအနေတွေကြောင့် ဧကရာဇ်ကနန်းတော်အတွင်းမှာ သူလျှိုတွေကိုရှင်းဖို့တာ၀န်ကို လုံဟန့်ဆီပေးလိုက်တယ်။ လူတိုင်းလည်းမျက်ခုံးလှုပ်နေကြရတော့တာပေါ့။ လုံဟန့်အပြင်ယုံရတဲ့သူလည်း ဧကရာဇ်မှာမရှိဘူးကိုး။ အဲ့ဒါကြောင့်လုံဟန့်က အတွင်းဆောင်ကိုရော နန်းတော်ထဲကိုရော ရှင်းလင်းရေးလုပ်တော့တာပဲ။ဒီလိုနဲ့လတွေက မျက်စိတစ်မှိတ်အတွင်းမှာ ကုန်လွန်သွားတယ်။
______
[Zawgyi]
Burmese Translation of "Doomed to be Cannon Fodder".
Translator - ေဂြ့
(၁၉၂) လင္အိမ္ေတာ္ရဲ့သမီးလက္ထပ္ေလၿပီ
လင္ခ်န္းဇီက လက္ကိုက်စ္က်စ္ပါေအာင္ဆုပ္ထားေလတယ္။ သူမကိုအတတ္ႏိုင္ဆံုးစိတ္ၿငိမ္ေအာင္လုပ္ေပးေနတဲ့ ေဘးကသူမအေမကိုေတာင္မျမင္ေတာ့ဘူး။ လင္ခ်န္းဇီကေဒါသတႀကီးထေအာ္ေတာ့တယ္။
"နင္က သူ႔အေၾကာင္းကိုဂရုမစိုက္ေပမယ့္ စိုက္တဲ့သူကရိွတယ္။ လံုဟန္႔က လူသတ္သမားဟဲ့!!!"
"ရန္ဖက္ႏိုင္ငံက သူလ်ိႈကိုသတ္တာနဲ႔ ငါက လူသတ္သမားျဖစ္သြားေရာတဲ့လား။ လင္မိန္းကေလးမွာ အဲ့ဒီလူနဲ႔ဘယ္လိုဆက္ဆံေရးရိွလဲဆိုတာ သိခ်င္လွပါဘိ"
ဘယ္သူမွလံုဟန္႔ေရာက္လာလိမ့္မယ္လို႔ထင္မထားဘူး။ သူက တည့္တည့္မတ္မတ္ပဲေလ်ာက္လာၿပီး ေခ်ာ္ရည္ေတြေတာင္ခဲသြားႏိုင္နဲ႔ အသံမ်ိဳးနဲ႔ တြမ့္ယြင္ရင္ရဲ့ ဇစ္ျမစ္အစစ္ကိုေဖာ္ေတာ့တာပဲ။ သူ႔သမီးျပႆနာရွာေနတယ္ၾကားလို႔ ေျပးလာတဲ့ အမတ္ခ်ဳပ္လင္ေတာင္ အဲ့စကားကိုလည္းၾကားေရာအေတာ္ေလး လန္႔ျဖန္႔သြားတယ္။ အဲ့ဒီဆရာတြမ့္ဆိုတဲ့လူက ရန္ဖက္ႏိုင္ငံက သူလ်ိႈဆိုတာ အမွန္ပဲဆိုရင္ လင္ခ်န္းဇီက လင္မိသားစုတစ္ခုလံုးကို လက္တစ္ဖက္တည္းနဲ႔ကို ေခ်မြပစ္လိုက္တာပဲ။
သူခ်က္ခ်င္းပဲ လင္ခ်န္းဇီဆီကိုေလ်ာက္သြားၿပီး ပါးကိုရိုက္ခ်ပစ္လိုက္တယ္။ အရိုက္ခံရတဲ့သူက တစ္ပတ္ကိုလည္ထြက္သြားတာ။
"လာခဲ့စမ္း ဒီမမေလးကိုအိမ္ေတာ္ေခၚသြားၿပီး မဂၤလာေဆာင္ဖို႔ျပင္ခိုင္းထားလိုက္ၾက"
အရင္တစ္ခါကိစၥမွာ လင္ခ်န္းဇီကို လႊတ္ေပးဖို႔ အမတ္ခ်ဳပ္လင္ေတြးထားေပမယ့္ သမီးမိုက္က ျပန္ေပၚလာၿပီး ရန္သူႏိုင္ငံက လူအတြက္ လက္စားေခ်ေပးမယ္ဆိုၿပီးလုပ္မယ္လို႔ သူလံုး၀ထင္မထားမိဘူး။ အမတ္ခ်ဳပ္လင္တစ္ေယာက္ ႏွလံုးကြဲသလိုမ်ိဳး ဆတ္ဆတ္ခါေအာင္နာလွတယ္။
လင္ခ်န္းဇီက အရူးမေတာ့မဟုတ္ဘူး။ အေျခအေနတင္းမာသြားတာကိုသိတာနဲ႔ အသာေလးပဲ ဆြဲေခၚသြားတာခံၿပီးေရွာင္ထြက္သြားေတာ့တယ္။ ပိုင္ရွန္းရိႈ႔ကလည္း ပါးစပ္ပိတ္ထားမွ အဆင္ေျပမယ္ဆိုတာ သိတယ္ေလ။ ဒီအခ်ိန္က ကုပ္ကုပ္ေလးေနဖို႔အေကာင္းဆံုးပဲ။ မဟုတ္ရင္ ဇက္ျပတ္သြားလိမ့္မယ္။ လံုဟန္႔က အမတ္ခ်ဳပ္လက္ ဖက္ကိုလွည့္ၾကည့္ၿပီးေမးေလတယ္။
"လင္အမတ္ခ်ဳပ္ ခင္ဗ်ားရဲ့လင္အိမ္ေတာ္နဲ႔ တြမ့္ယြင္ရင္နဲ႔ဘယ္လိုပတ္သတ္မႈရိွလဲဆိုတာ က်ဳပ္သိခ်င္တယ္။"
"မရိွပါဘူး။ ဘာမွကိုမရိွတာပါ...."
"ဒါဆိုအေကာင္းဆံုးေပါ့။ ဘာလို႔ဆို က်ဳပ္က ဒီကိစၥကို ဘုရင္မင္းျမတ္ဆီတင္ျပေတာ့မွာ။ ရန္ဖက္ႏိုင္ငံက သူလ်ိႈက ရာထူးျမင့္တဲ့ရံုးေတာ္အမႈထမ္းေတြကို လုပ္ႀကံဖို႔ႀကိဳးစားခဲ့တယ္လို႔။ က်ဳပ္တို႔သိထားသလိုပဲ လင္အမတ္ခ်ဳပ္ကလည္း သူ႔ရဲ့ပစ္မွတ္ေတြထဲကတစ္ခုျဖစ္ႏိုင္တယ္။ အရွင္ ဒီကိစၥကိုေမးတဲ့အခါ အားလံုးကို မႁခြင္းမခ်န္ေျပာျပဖို႔ေမ်ွာ္လင့္ပါတယ္"
"တြမ့္ယြင္ရင္က သူလ်ိႈဆိုတာ အရွင္မင္းသားက ဘယ္လိုလုပ္အတပ္ေျပာႏိုင္ရသလဲ"
"က်ဳပ္မွာ လက္ဆုပ္လက္ကိုင္ျပစရာသက္ေသေတြရိွတယ္"
လင္အမတ္ခ်ဳပ္တစ္ေယာက္ ေခြၽးေစးေတျြပန္သြားတာပဲ။ သူအိမ္ေတာ္ကိုေရာက္တာနဲ႔ လင္ဖူးရန္ကို ပါးႏွစ္ခ်က္ေလာက္ဆင့္ေကြၽးပစ္လိုက္တယ္။ သူ႔မိန္းမနဲ႔ သူ႔သမီးက တကယ့္ကို ဒုကၡေပးတာပဲ။ သူ႔ရဲ့သိကၡာေရာ ဂုဏ္ေတြေရာကို ဖ်က္စီးပစ္လုနီးပါး။ သူ႔ကိုနာမည္လိုက္ဖ်က္ေနတာ သူသည္းမခံႏိုင္ေတာ့ဘူး။ အဲ့ဒါေၾကာင့္ က်ီက်န္းရႈကို သူ႔သမီးကိုယူမလားလို႔ ေမးဖို႔ တစ္ေယာက္ကိုလႊတ္လိုက္ေတာ့တယ္။
က်ီးက်န္းရႈကေတာ့ သိပ္ကိုသေဘာက်တာေပါ့။ အရင္ကတည္းက သူ႔၀မ္းကြဲညီမေလးကို သူကႀကိတ္ႀကိဳက္ခဲ့ရတာေလ။ ပ်ံ့ေနတဲ့ေကာလဟာလေတြကိုလည္း ေကာလဟာလလို႔ပဲ သူထင္တာ။ သူ႔ညီမေလးက ဘယ္ေတာ့မွဒီလို လ်ွပ္ေပၚေလာ္လီတဲ့မိန္းကေလူမ်ိဳးမဟုတ္ဘူး။ ဒီကမ္းလွမ္းမႈကိုေပ်ာ္ေပ်ာ္ႀကီးကိုလက္ခံတယ္။ သူ႔မိသားစု ဘယ္လိုတားတား သူကေတာ့ဆံုးျဖတ္ခ်က္ေျပာင္းမွာမဟုတ္ဘူး။
က်ီက်န္းရႈက လင္ခ်န္းဇီနဲ႔လက္ထပ္ပြဲအတြက္ လ၀က္ေလာက္ကတည္းက ျပင္ဆင္ေနခဲ့တာ။ လင္ခ်န္းဇီျငင္းခ်င္ေပမယ့္လည္း ဘာမွမေျပာရဲဘူး။ လက္ထပ္တယ္ဆိုရင္ေတာင္ စိတ္ပါလြန္းလို႔ေတာ့မဟုတ္ဘူး။ အံ့ၾသစရာေကာင္းေအာင္ပဲ မဂၤလာပြဲက ေခ်ာေခ်ာေမြ့ေမြ့ၿပီးသြားခဲ့တယ္။ ဘယ္သူမွလည္းလာမေနွာကိယွက္ၾကဘူး။ အဲ့အစား ပိုင္ရွန္းရိႈ႔ဆီကိုပဲ ေနွာက္ယွက္မယ့္တစ္ေကာင္ေရာက္လာေလတယ္။
အဲ့လူက ေရွာင္ရွီကို အေၾကာပိတ္ထားခဲ့ၿပီး ကုလားထိုင္ေပၚလာထိုင္ေနတာ။ ၿပီးေတာ့ မူးေနေရာ။
"ေယာက်ာ္းဘယ္ႏွေယာက္ေလာက္က မိန္းမတစ္ေယာက္တည္းကို တစ္ခ်ိန္တည္းမွာႀကိဳက္ေနႏိုင္သလဲဟမ္!ငါ သူ႔အတြက္အမ်ားႀကီးလုပ္ေပးခဲ့ရတာ။ သူကေတာ့ တျခားေကာင္ေတြကိုပဲ စိတ္ထဲထည့္ေနတယ္။ သူ႔ကေလးက တစ္ျခားေကာင္နဲ႔ရတဲ့ကေလးလို႔ေတာင္ ငါ့ကိုေျပာေသး"
"ေအာ္ ေလာ့ယြင္က်န္းရယ္ ရွင္က ကြၽန္မဆီကို အသည္းကြဲတာေတြေျပာျပၿပိးငိုဖို႔လာတာလား?"
ဒင္းကလံုဟန္႔မရိွတဲ့အခ်ိန္ကိုေရြးၿပီးေတာင္လာတာေနာ္။
"မင္းက သူနဲ႔ရင္းႏွီးတယ္မလား။ အဲ့ဒါေၾကာင့္သူ႔အေတြးေတြကို ငါသိခ်င္တာ"
သူ႔ဆီက သတ္ခ်င္ျဖတ္ခ်င္စိတ္ကို ပိုင္ရွန္းရိႈမခံစားရဘူး။ အဲ့ဒါေၾကာင့္ စိတ္ကိုေအးေအးထားၿပီး သူ႔နားကိုေလ်ာက္သြားလိုက္တယ္။ လက္ကေတာ့ ဗိုက္ကေလးကိုကိုင္ၿပီး ေျပာတာေပါ့။
"ကြၽန္မက သူနဲ႔မရင္းႏွီးပါဘူး။ ဒါကလမ္းခြဲတာေလးပဲမဟုတ္ဘူးလား။ လမ္းခြဲရံုနဲ႔ ကြၽန္မဆီအထိကို လာၿပီးငိုဖို႔ လိုလို႔လား"
"လမ္းခြဲတာတဲ့လား?"
"ဟုတ္တယ္ေလ။ ရွင္တို႔ႏွစ္ေယာက္က အခုထ္ လမ္းမခြဲရေသးလို႔လား ဘာလား?"
"ဟားဟား! အမွန္ပဲထင္တယ္"
လူတစ္ေယာက္အရက္မေသာက္စဖူးေသာက္တာက ရည္းစားနဲ႔ျပတ္တာကလြဲၿပီးဘာရိွေသးလို႔လဲ။ ေလာ့ယြင္က်န္းကေတာ့မူးရူးၿပီး သူနဲ႔လင္ခ်န္းဇီအေၾကာင္းေတြကို ေနာက္ေၾကာင္းျပန္ျပေနေလရဲ့။ ပိုင္ရွန္းရိႈ႔ကေတာ့ ၀တၴုထဲဖတ္ၿပီးသားအေၾကာင္းအရာေတြကို လူအရွင္လတ္လတ္ႀကီးက ျပန္ေျပာျပတာကို ထပ္နားေထာင္ေနရရွာတယ္။ သည္းမခံႏိုင္ေတာ့ဘူး။
အခန္းအျပင္ဖက္မွာေတာ့ လံုဟန္႔တစ္ေယာက္ေျခမကိုင္မိ လက္မကိုင္မိေတျြဖစ္ေနတယ္။ လက္ေတြေတာင္ေခြၽးေတြထြက္လို႔။ သူရုတ္တရက္၀င္သြားလိုက္ရင္ ေလာ့ယြင္က်န္းက ပိုင္ရွန္းရိႈ႔ကိုတစ္ခုခုထလုပ္မွာစိုးရေသးတယ္။ ဗိုက္ကေလးက ပူလာၿပီေလ။ သူ႔ကေလးေလးက သူမရဲ့ ဗိုက္ထဲမွာ တျဖည္းျဖည္းနဲ႔ႀကီးလာေနၿပီ။ အဲ့ဒီေလာ့ယြင္က်န္းက အရူးေနမွာ။ ဘာကိစၥ သူအသဲကြဲတာကို မူးရူးၿပီး ဒီအထိလာငိုျပေနရတာလဲ?
ေျပာရင္းဆိုရင္းပဲ ေလာ့ယြင္က်န္းတစ္ေယာက္ ေျမၾကီးေပၚကိုဗိုင္းခနဲပစ္လဲသြားတယ္။ အဲ့က်မွ လံုဟန္႔တစ္ေယာက္အခန္းထဲေျပး၀င္ရတယ္။ ေလာ့ယြင္က်န္းကိုၾကည့္ေနတဲ့ပိုင္ရွန္းရိႈ႔ကိုျမင္မွ သူ႔ခမ်ာေမးရတယ္။
"မင္းအဆင္ေျပရဲ့လား?"
ပိုင္ရွန္းရိႈ႔က ေခါင္းေလးကိုၿငိမ့္ျပတယ္။ အဆင္ေျပတယ္ေသခ်ာမွ လံုဟန္႔က ေအာ္လိုက္တာေပါ့။
"လာၾကစမ္း ဒီေကာင္ကို ေျမတိုက္ခန္းထဲ ပိတ္ထားလိုက္"
"နားလည္ပါၿပီ။"
အရိပ္သက္ေတာ္ေစာင့္တစ္ေယာက္က ထြက္လာၿပီး ေလာ့ယြင္က်န္းကို လာသယ္သြားတယ္။
ပိုင္ရွန္းရိႈ႔က ရပ္ၾကည့္ရင္းပဲေမးမိတယ္။
"ရွင္တစ္ခ်ိန္လံုး အျပင္မွာရပ္ေနတာလား'
"ကိုယ္မင္းကိုစိတ္ပူေနတာ။ သူ၀င္လာကတည္းကကိုယ္သိတယ္။ ရိႈ႔အာ ကိစၥအႀကီးႀကီးတစ္ခုျဖစ္လာေတာ့မယ္။ မင္းေဘးမွာ အရိပ္သက္ေတာ္ေစာင့္ေတြကို ကိုယ္ထားေပးထားတယ္။ တစ္ခ်ိန္လံုးသတိနဲ႔ေနေနာ္ နားလည္တယ္မလား?"
"ဘာေျပာခ်င္တာလဲဟင္"
တစ္ခုခုျဖစ္ေတာ့မယ္ဆိုတာ ပိုင္ရွန္းရိႈ႔လည္းခံစားမိတယ္။ သူမ လံုဟန္႔ကို သိခ်င္စိတ္အျပည့္မဲ့ၾကည့္လိုက္တာေပါ့။ ေနာက္ပိုင္းသူအရမ္းလ်ိႈ႔၀ွက္ေနတာမဆန္းပါဘူး။
"တစ္ဖက္ႏိုင္ငံက တြမ့္ယြင္ရင္ကိုသတ္လို႔ အျပစ္တင္ေနတာလားဟင္"
မိန္းမေတြရဲ့ ပင္ကိုယ္သိဆိုတာ ဒီလိုမ်ိဳးအခ်ိန္ေတြဆို အရမ္းမွန္တယ္။
"အဲ့ဟာကျပႆနာမဟုတ္ပါဘူး။ ကိုယ့္ကိုႏိုင္တာေတြလည္းမဟုတ္ဘူး။ အဓိက က ကိုယ္စစ္ထြက္ရလိမ့္မယ္"
"စစ္ျပန္ထြက္ရမယ္?"
ဇာတ္ေၾကာင္းကအေရ႔ွကိုအရမ္းေရာက္လြန္းေနတာမဟုတ္ဘူးလား။ တကယ္ဆို ငါ့ကိုရိုက္သတ္ၿပီးမွ စစ္ျပန္ထြက္ရမွာေလ။ေဘာက္မဲ့ေၾကာင့္ သိပ္မၾကာခင္ပဲ စစ္တလင္းကိုျပန္မရေတာ့မလိုေျပာေနရတာလဲ?"
"စိတ္မပူပါနဲ႔။ အခုခ်က္ခ်င္းမသြားရေသးပါဘူး။ အနည္းဆံုးေတာ့ ကိုယ္တို႔ကေလးမေမြးရေသးခင္ကို မျဖစ္ေသးဘူး"
ရွင္လာေနာက္ေနတာလား။ကေလးေမြးၿပီးတာနဲ႔ ကြၽန္မက ေမာ္ဒန္ေခတ္ကိုျပန္မွာေလ။ ရွင္က စစ္ထြက္သြားရင္ ကေလးကိုဘယ္သူကေစာင့္ေရွာက္မွာလဲ? ပိုင္ရွန္းရိႈ႔ေခါင္းထဲရႈပ္ေထြးေနၿပီ။ သူမစိတ္ရႈပ္ေနတုန္းမွာပဲ သူက ရုတ္တရက္ဖက္လိုက္တယ္။
"အရမ္းမေတြးပါနဲ့။ မင္းအနားယူသင့္ၿပီ"
"ဒါေပမယ့္....ရွင္က လာဖက္စရာမွမလိုတာကို"
"ကိုယ္တို႔ ဟိုဟာ.....လုပ္ရင္...အဆင္ေျပမလား?"
"ဟု...ဟုတ္"
အစကေတာ့ပိုင္ရွန္းရိႈ႔ျငင္းမလို႔ပဲ။ ဒါေပမယ့္ လံုဟန္႔ကသိပ္မၾကာခင္ စစ္ျပန္ထြက္ရေတာ့မွာမလား။ ဒါေပမယ့္ အဲ့သနားစိတ္ကပဲ သူမကို အႏိုင္ယူသြားတာ။ လံုဟန္႔က သူစစ္ျပန္တိုက္ရမယ့္ေန့ကိုခန္႔မွန္းရံုပဲရိွေသးတာ။ မနက္ျဖန္သြားရမယ္လို႔မွ မဆိုလိုတာ။ အေကာင္းဖက္ကၾကည့္ရင္ေတာ့ ေနာက္ပိုင္းညင္သာလာပါတယ္။ ဆိုေပမယ့္လည္း တစ္ရက္တစ္ေန့ေတာ့ အိပ္ျဖစ္ေနၾကတုန္းပဲ။
ေလာ့ယြင္က်န္းကေတာ့ ေျမတိုက္ထဲႏိွပ္စက္ခံလိုက္ရေပမယ့္ အဆံုးမွာေတာ့ လႊတ္ေပးလိုက္တာပါပဲ။ စစ္မတိုက္ခင္ ဝူးလင္နဲ႔ျပႆနာမတက္ခ်င္ဘူးေလ။ မဟုတ္ရင္ ျပည္တြင္းရန္ေရာ ျပည္ပရန္ေရာ ႏွစ္ဖက္ညပ္သြားလိမ့္မယ္။
လက္ရိွေတာ့ ဧကရာဇ္က မင္းသားလီအိမ္ေတာ္အေပၚတအားရက္ေရာေနတယ္။ တကယ္ေတာ့ သူ႔စစ္သူႀကီးကိုဂရုစိုက္ေပးထားမွ စစ္ပြဲကိုေအးေအးေဆးေဆးသြားလို႔ရမွာမလား။ လံုဟန္႔က တစ္ဖက္ႏိုင္ငံကမင္းသားကိုသတ္လိုက္တယ္ဆိုရင္ေတာင္ တစ္ဖက္ႏိုင္ငံနဲ႔ သေဘာတူညီမႈယူႏိုင္တာ သူပဲရိွတယ္။ ၿပီးေတာ့ ႏိုင္ငံထဲသူလ်ိႈေတြကိုလည္း သူမထားရဲဘူး။ ကံေကာင္းလို႔သူလ်ိႈေကာင္က လံုဟန္႔ကိုလုပ္တဲ့အဆိပ္မ်ိဳးေတြနဲ႔ အဆိပ္မ်ိဳးေတြနဲ႔ လာမလုပ္ႀကံတာ။
အေျခအေနေတြေၾကာင့္ ဧကရာဇ္ကနန္းေတာ္အတြင္းမွာ သူလ်ိႈေတြကိုရွင္းဖို႔တာ၀န္ကို လံုဟန္႔ဆီေပးလိုက္တယ္။ လူတိုင္းလည္းမ်က္ခံုးလႈပ္ေနၾကရေတာ့တာေပါ့။ လံုဟန္႔အျပင္ယံုရတဲ့သူလည္း ဧကရာဇ္မွာမရိွဘူးကိုး။ အဲ့ဒါေၾကာင့္လံုဟန္႔က အတြင္းေဆာင္ကိုေရာ နန္းေတာ္ထဲကိုေရာ ရွင္းလင္းေရးလုပ္ေတာ့တာပဲ။ဒီလိုနဲ႔လေတြက မ်က္စိတစ္မိွတ္အတြင္းမွာ ကုန္လြန္သြားတယ္။