ကြွေလွင့်သွားသော/ေႂကြလြင့္သြာ...

By _MaWai_

3.6K 339 279

ကြွေလွင့်သွားပြီးပြီပဲ ... ဘာလိုချင်သေးလို့လဲ ...၊ ေႂကြလြင့္သြားၿပီးၿပီပဲ ... ဘာလိုခ်င္ေသးလို႔လဲ ...၊ More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Not Update
Part 9
Part 10
Part 11
Part 12
Par 13
Part 14
Part 15

Part 6

152 23 11
By _MaWai_

Unicode

​         ခြေလှမ်းတွေက မူမမှန်ချင်။ဒီလူတွေဟာ ညွှန်းကိုဆို နယ်ရုပ်ကလေးလို ပြောချင်ရာပြော၊လုပ်ချင်ရာလုပ်မယ်လို့တွေးထားပုံရ၏။

           တုန်တုန်ချိချိဖြစ်နေသော ရင်အစုံကို မသိမသာခိုးရှိုက်ရင်း ပူတူးလေးရဲ့လက်ကို ခပ်တင်းတင်းလေးဆုပ်မိ၏။

             သူအဆင်မပြေမှန်းသိတဲ့ ပူတူးလေးက သူ့မျက်နှာကိုပဲ ခဏခဏလိုက်ကြည့်နေတာမို့ ပျက်ယွင်းနေတဲ့မျက်နှာကို ပြန်ပြင်လိုက်သည်။

" ပူတူးလေး ... ဘာစားချင်လဲ ... အိုက်စ်ဘယ်ရီမှာ ရေခဲမုန့်ဝင်စားချင်သေးလား "

" ဟင့်အင်း ... အိမ်ပဲပြန်မယ်လေကိုကို ... သမီးဘာမှမစားချင်တော့ဘူး ..."

" အင်း ... ဒါဆို ကိုကို ကားကိုအိမ်ပဲမောင်းလိုက်မယ်နော် ..."

" ဟုတ်ကဲ့ ..."

     ကားပါကင်ကနေ လမ်းမကြီးဘက် ဦးတည်ကာ သူ့ရဲ့အာတီကာ ကားလေးကိုမောင်းလိုက်၏။

       အလုပ်ပိတ်ရက်မို့ လမ်းပေါ်မှာ လူသွား လူလာမပြတ်သလို ကားတွေလည်းပိတ်၏။

       ဦးမော်သူငယ်ချင်းပြောမည့် စိတ်ဝင်စား စရာကိစ္စကိုသိချင်သော်လည်း ပတ်ပတ်သတ်သတ်တော့မလုပ်ချင်။ထိုပတ်ဝန်းကျင်ကလူတွေကို သူတက်နိုင်သမျှ ရှောင်ရမည်ဟုတွေးထား၏။

         ကားလေးကခြံထဲအဝင်မှာ ပန်းပင်တွေရေလောင်းနေသော အန်တီလေးက သူတို့ကိုလှမ်းကြည့်လာ၏။ပူတူးလေး ကားပေါ်ကနေပြေးဆင်းကာ အန်တီလေးထံသွားစဥ္ ညွှန်း ကားကိုပါကင်ထိုးလိုက်သည်။

" အမလေး ဘယ်လိုကြောင့်ပြေးလာတာလဲ ပူတူးလေးရယ် ... ချော်လဲမှဖြင့် .."

" အန်တီလေးကလည်း သမီးက ကလေးလေးမဟုတ်တော့ပါဘူးနော် ..."

" ဟုတ်ပါပြီလူကြီးလေးရယ် ... ဘယ်လိုလဲ ကိုကိုနဲ့ဘုရားဖူးသွားတာ ပျော်ခဲ့ရဲ့လား .."

        သူမမေးလိုက်တော့ ပူတူးလေးက ခေါင်းလေးကို တဆက်ဆက်ညိတ်ပြ၏။လူဆိုးလေးကနေ နေ့ချင်းညချင်း လူကြီးလေးတစ်ယောက်လို ပြောင်းလဲသွားသော တူလေးကို သူမသနားလည်းသနား၊အားလည်းကိုးမိသည်။
 
          မမတို့ကိုလည်း တူလေးရဲ့ လူကြီးဆန်လာပုံလေးကိုမြင်စေချင်မိသည်။သူများတွေအတွက် ယခုသူမတို့နေရတဲ့ဘဝက အဆင် ပြေကောင်းပြေလိမ့်မည်။သို့သော် ဘာဆိုဘာမှလိုလေးသေးမရှိခဲ့တဲ့ဘဝကနေ ငွေကိုခြွေတာသုံးနေရတဲ့ဘဝကို ချက်ခြင်းရောက်သွားရတဲ့ သူမတူလေးအတွက်ကတော့ ဒုက္ခဆင်းရဲတစ်မျိုးပင်။

" တီလေး ... ဆိုင်အစောကြီးပိတ်လိုက်တာလား ..."

" မပိတ်ပါဘူးသားရယ် ... ဝယ်သူမကျတုန်းလေး ပန်းပင်လေးတွေအပြေးအလွှားရေလောင်းနေတာ ..."

" ပန်းပင်ရေလောင်းတာက ကျွန်တော်ပြန်လာမှလုပ်လည်းရပါတယ် ... တီလေးအပင်ပန်းခံစရာမလိုပါဘူး ..."

" မပင်ပန်းပါဘူးတော် ... ဒီလိုလုပ်နေရမှ တီလေးက စိတ်ချမ်းသာတာ ... ပြီးတော့ ဆိုင်ကလည်း မိဖြူလေးရိှနေတာပဲ တီလေးပင်ပန်းတာမှမဟုတ်ဘဲ ..."

" အင်းပါ ... တီလေးအဆင်ပြေရင်ပြီးတာပါပဲဗျာ ..."

" သွား သွား ... ပင်ပန်းနေကြရောပေါ့ ... ရေလေးတစ်ခွက်စီသောက်ပြီး ခဏသွားနားကြ .. ပြီးမှ ရေချိုး "

    တီလေးကို ခေါင်းငြိမ့်ပြရင်း ပူတူးလေးကို သူနဲ့အတူခေါ်ကာ အိမ်ထဲဝင်ခဲ့လိုက်သည်။စျေးဆိုင်က အိမ်နှင့်တွဲရက်ဟုဆိုသော်လည်း အရမ်းဆူတူညံညံတော့မရှိပေ။

      အိမ်မှာနေရင်း အပိုဝင်ငွေလေးရချင်တာကြောင့် တီလေးက စျေးဆိုင်လေးဖွင့်ထားခြင်းပင်။စီးပွားဖြစ်အကြီးကြီးတော့မဟုတ်ပါ။

          နှစ်ထပ်အိမ်လေးကိုမှ ခေါင်းမိုးထပ်မှာ ညဘက်တွေ လေညှင်းခံလို့ရအောင် ဝရံတာ သဘောမျိုးလေးလုပ်ထားဖြစ်၏။ပန်းအိုးအသေးလေးတွေနှင့် ထိုင်ခုံလေးအချို့ကိုလည်းပြင်ဆင်ထား၏။

              စိတ်ထဲ အထီးကျန်သလို၊တာဝန်တွေပိနေသလိုခံစားရတဲ့အခါမျိုးဆို ထို ခေါင်မိုးထပ်လေးပေါ်တက်ပြီး ဂစ်တာတီးကာသီချင်းဆိုတက်၏။ဒါဟာ သူ့အတွက် စိတ်အပန်းဖြေနည်း တစ်မျိုးပင်။

.......၊

" ဆရာ ... ဒီအိမ်က အစ်ကိုလေးညွှန်းဆိုရာတို့အိမ် ..."

    မီးရောင်မှိန်ပြပြအိမ်လေးကိုလက်ညှိုးထိုးပြလာသော လွန်းဒီကြောင့် မော်ကွန်းသေချာကြည့်မိ၏။

" ရပြီ ... မင်း ကားငှားပြီးပြန်လိုက်တော့ .."

" ဆရာ ပြန်ဖို့အဆင်ပြေလား "

" ပြေတယ် "

       ဆရာ့စကားဆုံးသည်နှင့် လွန်းဒီ ကားသော့ကို ဆရာ့ထံပေးလိုက်၏။ထူးထူးဆန်းဆန်း ဒီနေ့မှ အစ်ကိုလေးညွှန်းဆိုရာတို့အိမ်ကို လိုက်ပို့ခိုင်းလာသော ဆရာ့ကြောင့် လွန်းဒီမျက်ခုံးခတ်လှုပ်လှုပ်ဖြစ်နေမိ၏။

        တခါတလေ ဆရာ့အတွေးတွေကို လွန်းဒီလိုက်မမှီတော့ပါ။အစ်ကိုလေးညွှန်းဆိုရာကို မကြိုက်ပါဘူး၊မကြည့်ချင်ပါဘူးဟုဆိုတာလည်းသူကိုယ်တိုင်ပင်။အခုကြတော့လည်း အစ်ကိုလေးညွှန်းဆိုရာနှင့်ပတ်သတ်သမျှကို အကုန်သိချင်နေပြန်၏။စဥ္းစားရခတ်သည့်ပုစ္ဆာတစ်ပုဒ်လိုပင်။

 
~ ဘယ်ကိုသွားမလဲ တွေးမရတယ် •••

အိုကမ္ဘာရယ် အဆွေးရိပ်များနဲ့ လွင့်လာတယ် •••

မျှော်လင့်ခြင်းတို့လမ်းပြကွယ် •••

အေးချမ်းတဲ့ နေရာလေးတစ်ခုရောက်ချင်တယ် •••

ဝေဒနာလူ °°° အတွေးလေမှာနှင် °°° မသေခင်တုန်း အေးချမ်းသွားပါရစေ ••••

အဆွေးသမားရယ် °°° ဝေဒနာ ကမ္ဘာကြီးရယ် ••••

အေးချမ်းတဲ့နေရာ °°° မမောတမ်းသွားမယ် •••

• ° • ° •° •)(

ဒီကမ္ဘာကြီးရဲ့နောက်ကကွယ် °°°

ဝေဒနာလူ ခြေသံနားစွင့်လိုက်ခဲ့တယ်မေရယ် •••

မျှော်လင့်ခြင်းနဲ့သွေးဆက်သွယ် °°°

အေးချမ်းတဲ့ နေရာလေးတစ်ခုရောက်ချင်တယ် •••

   မော်ကွန်း အချိန်အကြာကြီး ကားထဲထိုင်နေစဥ္မှာပဲ ပြန့်လွင့်လာသော သီချင်းသံလေးကြောင့် အသံလာရာဆီလှမ်းကြည့်မိ၏။

     ဝါကျင့်ကျင့်မီးရောင်အောက်မှာ ဂစ်တာတီးပြီးသီချင်းဆိုနေတဲ့ကောင်လေး။အရင်လို ဟေးလားဝါးလား အုပ်စုဖွဲ့သီဆိုနေတဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ သီးသီးသန့်သန့်အေးအေးငြိမ့်ငြိမ့်လေးဆိုနေတာ။သူ့မျက်စိရှေ့မှာတင် ဒီကလေးက အများကြီးအရွယ်ရောက်လာခဲ့တာ။

         ကိုယ်ကိုယ်တိုင်တွန်းလွှတ်ခဲ့မိတာက မဖြစ်သင့်တဲ့အကြောင်းကြောင်းတွေကြောင့်။ပြီးတော့ ထိုကောင်လေးကို သူဘယ်တုန်းကမှ သူ့ရဲ့လက်တွဲဖော်ဖြစ်လာမယ့်သူလို့မတွေးခဲ့ဖူးဘူး။ဒါ့ကြောင့် သူတို့ လက်တွဲဖို့အကြောင်းတွေဖန်လာချိန်မှာ လက်မခံနိုင်ခဲ့တာ။ဒီထက်ဆိုးတာက ထိုကလေးက သူ့ကို ချိန်းခြောက်အကြပ်ကိုင်ခဲ့တာပဲ။

ဟူး •••

   သက်ပြင်းတွေချမိပြန်ပြီ။သာယာငြိမ့်ညောင်းတဲ့အသံလေးကတော့ သူ့နားထဲ တိုးဝင်နေတုန်း။ဘာရယ်မဟုတ် အရင်ကအကြောင်းတွေပြန်သတိရမိတော့ သူ့နှုတ်ခမ်းတွေဟာ ညွတ်ကျသွားတယ်။

" ဦးမော် ... သားက ဦးမော်နဲ့ဆော့မှာနော် .."

" ဦးမော်က ဘောလုံးသွားကန်မှာလေ ... ရာရာက ငယ်သေးလို့ ဘောလုံးကန်လို့မရဘူးလေကွာ ..."

" ဟင့်အင်း ဟင့်အင်း သားက ဦးမော်နဲ့ပဲဆော့ချင်တာပါဆို ဟင့် ! "

               ငိုမဲ့မဲ့ဖြစ်သွားတဲ့ဟာလေးကြောင့် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်မယ့်အစီအစဥ္ကိုဖြတ်လိုက်ရတယ်။

         ဒါနဲ့ပဲ သူကြိုက်တဲ့ အရုပ်ဆက်နည်းလေးတွေကို မော်ကွန်းလိုက်ကစားပေးရတော့တယ်။ထိုအခါမှ ရာရာက စိတ်ကြည်လာတာ။

" ဦးမော် ... သား Ocean က ရေခဲမုန့်စားချင်တယ် ..."

" ရာရာလေးကကွာ ... ဦးမော်တို့ ဒီအရှေ့နားကဆိုင်လေးမှာ ရေခဲမုန့်တွေအများကြီးရှိတယ်လေ ... အဲ့ကရေခဲမုန့်နဲ့ Ocean ကရေခဲမုန့်ကအတူတူပဲ ... ဒီရှေ့ဆိာင်ကပဲ ဝယ်ပေးမယ်လေ ..."

" ဟင့်အင်း ဟင့်အင်း သားက Ocean ကရေခဲမုန့်ပဲစားချင်တာ ... ဦးမော်ဝယ်ကျွေးတဲ့ Ocean ကရေခဲမုန့်က အကောင်းဆုံးပါဆို ...ဟင့် ! "

" ဟိတ် ! တိတ် ! မငိုနဲ့ ... လုံးဝမျက်ရည်မကျနဲ့  ... Ocean ကရေခဲမုန့်အခုပဲသွားဝယ်မယ် ... ထ ! ဦးမော်နဲ့ရာရာအခုရေခဲမုန့်သွားဝယ်မယ် အိုခေ ! "

" Yes ! Ok ! "

    အဲ့အကောင်ပေါက်လေး မငိုရင်ပြီးရော ... ဘာဖြစ်ဖြစ် သူလုပ်ပေးဖြစ်၏။မျက်လုံးရွဲရွဲကြီးတွေနဲ့ သူ့ကိုကြည့်ပြီး ငိုလာမှာမျိုး သူလုံးဝမကြိုက်။

      စိတ်ကောက်ရင် နှုတ်ခမ်းကို စုလုံးနေအောင်ထော်တက်တဲ့ အဲ့အကောင်ပေါက်လေးကို သူအသည်းယားလွန်းလို့ ခဏခဏ ပါးကြီးတွေကို ကိုက်တက်၏။ဖောင်းအိနေတဲ့ ပါးတွေဟာ ဂျယ်လီလေးတွေလို အိစက်နေတာ။မျက်ဝန်းနက်နက်လေးတွေကတော့ ဘယ်ဘဝရဲ့ဆုတောင်းကောင်းမှုကြောင့်မှန်းမသိ လပြည့်ဝန်းလေးလို ဝိုင်းစက်နေကာ အတော်လေးလှ၏။ဒါ့ကြောင့် သူတို့အိမ်သားတွေက ထိုကောင်လေးကိုဆို သိပ်ချစ်ကြသည်။

" ဦးမော် ... နာနာက သားကို ရိုက်တယ် အီး ! "

" ကိုကိုကြီး ... သမီး မရိုက်ဘူးနော် ... ရာရာကသာ သမီးကိုရိုက်တာ ..."

" နာနာ သားကိုရိုက်တာ ... ဦးမော် သားရဲ့လက်ကိုကြည့် နာနာသားကိုရိုက်တာ ... နာနာ လူကြီးကို မလိမ်ရဘူးလေ ..."

     နှစ်ယောက်သားအတိုင်အတောထူပုံကတော့ တစ်ပုံစံတည်းပင်။ဒါတောင် ခုနစ်နှစ်အရွယ်လေးတွေပဲရှိသေးလို့။အဲ့ထက်များကြီးလာရင် သူ့ဘဝကမတွေးရဲစရာပင်။

" ကဲ တော်ပြီ တော်ပြီ ငြင်းခုံမနေကြနဲ့တော့ ... ဒီညစောစောအိပ်ရမယ် ... မနက်ဖြန်ကျရင် ကျောင်းသွားရမှာ ..."

" သားက ဦးမော်နဲ့အိပ်မှာ ..."

" သမီးလည်း ကိုကိုကြီးနဲ့အိပ်မှာ .."

     မော်ကွန်းသက်ပြင်းသာချနိုင်တော့၏။လူကြီးတွေ ခရီးထွက်တုန်း သူကအိမ်မှာကလေးထိန်းကိုဖြစ်လို့ ။သမီးလေးတစ်ယောက်လောက် ထပ်လိုချင်သည်ဟုဆိုကာ အသက်ကြီးမှ ဖန်ပြွန်သန္ဓေနဲ့မွေးထားတဲ့ ညီမလေးကလည်း ကိုယ့်သမီးလေးလိုဖြစ်နေ၏။

      အမွှာညီလေးရှိပေမယ့် နားလည်မှုတွေလွဲမှားကာ မျက်နှာချင်းမဆိုင်ချင်ပါဘူးဆိုပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်တာ ပြန်ပင်မလာ။ဒါ့ကြောင့် မော်ကွန်းမှာ ပြေးကြည့်မှ ချစ်ရတာဆိုလို့ ဤကလေးနှစ်ယောက်သာရှိ၏။ထိုကလေးနှစ်ယောက်ကို သူ့ကလေးလေးတွေလို အလိုလိုက်ခဲ့၏။သူသွားလေရာတကောက်ကောက်လိုက်တက်တဲ့ကလေးကတော့ ညွှန်းဆိုရာပင်ဖြစ်၏။

         ရတာနာလေးကတော့ မိန်းကလေးမို့ သူနေရာတကာမခေါ်ဖြစ်ပေ။ညွှန်းဆိုရာကတော့ မခေါ်လို့မရအောင်ကို ဂျစ်တိုက်လွန်းသောကြောင့် သွားလေရာ ခေါ်ရတာပင်။

      အရင်အကြောင်းတွေ ပြန်တွေးမိတော့ ညွှန်းဆိုရာကို ကလေးအရွယ်လေး ပြန်ဖြစ်စေချင်မိသည်။ဒါဆို အခုလိုမျိုး အမုန်းပွားစရာကိစ္စတွေမရှိနိုင်ပေ။

        သူညွှန်းဆိုရာကို မမုန်းပါ။စိတ်ဆိုးဒေါသထွက်မိတယ်ဆိုပေမယ့် မုန်းနေတာမျိုးတော့မဟုတ်ပါ။သို့သော် ညွှန်းဆိုရာကတော့ သူ့ကိုမုန်းနေမှာသေချာ၏။မုန်းလည်းမုန်းသင့်ပါ၏။သူ့ကြောင့်သာ ထိုကလေး၏မိဘတွေ သေဆုံးရတာ။သူ့မှာအပြစ်ရှိ၏။ဒါပေမယ့် ထိုအပြစ်ကို သူဝန်မခံချင်။ဝန်ခံရမှာ ကြောက်တာလည်းပါ၏။

          ကိုယ်ကိုယ်တိုင်ကန်ထုတ်ပြီးမှ ဘာလို့ အခုလိုတွေလုပ်နေမိတာလည်းမသိပေ။

           စည်းစိမ်ပြောတဲ့စကားတွေကိုလည်း သူလက်မခံနိုင်ပါ။စည်းစိမ်က သူ့ရဲ့သူငယ်ချင်းအရင်းကြီးပင်။ဂေးတစ်ယောက်လည်းဖြစ်၏။ဒါပေမယ့် ညွှန်းဆိုရာနဲ့ပတ်သတ်သွားမှာကို သူအရမ်းစိုးရိမ်နေမိသည်။

           ညွှန်းဆိုရာက ငယ်သေးသည်။ဒီအရွယ်က အချစ်တစ်ခုတည်းအပေါ်မှာပဲ
စွဲလန်းတက်တဲ့အရွယ်ဖြစ်၏။စိတ်ကစားတဲ့အရွယ်မို့ အချစ်ဆိုတဲ့အရာကို သေသေချာချာ ဝေဖန်ပိုင်းခြားတက်မှာမဟုတ်သေးပေ။

             အဲ့လိုအရွယ်လေးက ရူးရူးမိုက်မိုက်နှင့် လုပ်ချင်ရာလုပ်လိုက်မှာကို သူတွေးပူမိသည်။သေချာဝေဖန်ပိုင်းခြားတက်တဲ့အချိန်ကြမှ နောင်တရမှာမျိုးကို သူမမြင်ချင်ပါ။

ဒေါက် ! ဒေါက် !

      မှန်တံခါးကိုလာခေါက်သောအသံကြောင့် မော်ကွန်းတစ်ချက်တွန့်ခနဲဖြစ်သွား၏။ကားအတွင်းမှန်ပိတ်ထားသောကြောင့် ကားထဲကသူ့ကို အပြင်ရှိ လူက မြင်နိုင်မည်မဟုတ်ပေ။

ဒေါက် ! ဒေါက် !

       နောက်တစ်ခါ ထပ်ခေါက်လာသဖြင့် မော်ကွန်း ရှောင်လွှဲမရစွာဖြင့် ကားတံခါးဖွင့်၍ အပြင်ထွက်လိုက်၏။

" ဦးမော် ! "

       သူ့ကိုမြင်လိုက်လို့  ညွှန်းဆိုရာက အံ့ဩသွားပုံရ၏။သူ မှင်သေသေဖြင့် ထိုကောင်လေးကိုကြည့်လိုက်သည်။

        မော်ကွန်းနှင့်အကြည့်ချင်းဆုံပြီးနောက် ညွှန်းဆိုရာက လှည့်ထွက်ရန်ပြင်၏။

         မော်ကွန်း လှည့်ထွက်သွားတော့မည့် ညွှန်းဆိုရာကို ပုခုံးကနေအားနဲ့ ဖမ်းဆွဲလိုက်သည်။

            မထင်မှတ်ထားသောအခြေအနေကြောင့် အရှိန်ပါကာ ညွှန်း ဦးမော်ရင်ခွင်ထဲရောက်သွား၏။ကိုယ့်ကိုယ်ကိုယ်အသိကပ်ကာ ထိုရင်ခွင်ထဲမှ ချက်ခြင်းထွက်ရန်ပြင်သော်လည်း ဦးမော်က လွှတ်မပေးပါ။

" ဦးမော် ! "

ခဏလေး !

      ကိုယ့်ကိုပြောတာလား။သူ့ကိုယ်သူပြောနေတာလားမသိစွာ ဦးမော်ကဆိုလာ၏။

" အခုအချိန်မှာ မင်းသာ ဟိုးအရင်ကလို ငါ့ကိုနားပူနားဆာလုပ်တက်တဲ့အရွယ်လေးဆိုသိပ်ကောင်းမှာပဲ ရာရာ ... ဒါဆို ငါတို့ အခုလို စိတ်ပျက်စရာကောင်းတဲ့အခြေအနေတွေရှိမယ်မထင်ဘူး။ဘာလို့ ငါတို့ကြမှ ဒီလိုဖြစ်နေရတာလဲ။ဘာလို့ မင်းရဲ့စိတ်ကစားတက်တဲ့အရွယ်မှာချစ်တဲ့လူက ကိုယ်ဖြစ်နေရတာလဲ။ဒါက ကိုယ်တို့ အရမ်းအနေနီးခဲ့လို့ ထင်ယောင်ထင်မှားဖြစ်စေမိတာထင်ပါတယ်"

ဟား ! ဦးမော်က ညွှန်းအချစ်တွေကို အထင်သေးနေခဲ့တာပဲ။အနေနီးလို့ ထင်ယောင်ထင်မှားဖြစ်တာတဲ့လား။သူမချစ်နိုင်တိုင်း ညွှန်းအချစ်တွေကို အထင်သေးစော်ကားတာ လွန်လွန်းလိုက်တာ။

1.2.2023

Ma Wai

A/N °°° နောက်ကျသွားလား။အလုပ်ကပြန်ရတာနောက်ကျသွားတာရယ်၊မျက်နှာအဆိပ်ထုတ်နေတာရယ်ကြောင့် နောက်ကျသွားတာပါ။☺️ မှတ်ချက်လေးတွေကြောင့် update လေးပေးနိုင်ဖို့ မိုတီလေးတွေရ။နေကောင်းကျန်းမာကြပါစေနော် 💛














Zawgyi
  
ep 6

​         ေျခလွမ္းေတြက မူမမွန္ခ်င္။ဒီလူေတြဟာ ၫႊန္းကိုဆို နယ္႐ုပ္ကေလးလို ေျပာခ်င္ရာေျပာ၊လုပ္ခ်င္ရာလုပ္မယ္လို႔ေတြးထားပုံရ၏။

           တုန္တုန္ခ်ိခ်ိျဖစ္ေနေသာ ရင္အစုံကို မသိမသာခိုး႐ိႈက္ရင္း ပူတူးေလးရဲ႕လက္ကို ခပ္တင္းတင္းေလးဆုပ္မိ၏။

             သူအဆင္မေျပမွန္းသိတဲ့ ပူတူးေလးက သူ႕မ်က္ႏွာကိုပဲ ခဏခဏလိုက္ၾကည့္ေနတာမို႔ ပ်က္ယြင္းေနတဲ့မ်က္ႏွာကို ျပန္ျပင္လိုက္သည္။

" ပူတူးေလး ... ဘာစားခ်င္လဲ ... အိုက္စ္ဘယ္ရီမွာ ေရခဲမုန္႔ဝင္စားခ်င္ေသးလား "

" ဟင့္အင္း ... အိမ္ပဲျပန္မယ္ေလကိုကို ... သမီးဘာမွမစားခ်င္ေတာ့ဘူး ..."

" အင္း ... ဒါဆို ကိုကို ကားကိုအိမ္ပဲေမာင္းလိုက္မယ္ေနာ္ ..."

" ဟုတ္ကဲ့ ..."

     ကားပါကင္ကေန လမ္းမႀကီးဘက္ ဦးတည္ကာ သူ႕ရဲ႕အာတီကာ ကားေလးကိုေမာင္းလိုက္၏။

       အလုပ္ပိတ္ရက္မို႔ လမ္းေပၚမွာ လူသြား လူလာမျပတ္သလို ကားေတြလည္းပိတ္၏။

       ဦးေမာ္သူငယ္ခ်င္းေျပာမည့္ စိတ္ဝင္စား စရာကိစၥကိုသိခ်င္ေသာ္လည္း ပတ္ပတ္သတ္သတ္ေတာ့မလုပ္ခ်င္။ထိုပတ္ဝန္းက်င္ကလူေတြကို သူတက္ႏိုင္သမွ် ေ႐ွာင္ရမည္ဟုေတြးထား၏။

         ကားေလးကျခံထဲအဝင္မွာ ပန္းပင္ေတြေရေလာင္းေနေသာ အန္တီေလးက သူတို႔ကိုလွမ္းၾကည့္လာ၏။ပူတူးေလး ကားေပၚကေနေျပးဆင္းကာ အန္တီေလးထံသြားစဥ္ ၫႊန္း ကားကိုပါကင္ထိုးလိုက္သည္။

" အမေလး ဘယ္လိုေၾကာင့္ေျပးလာတာလဲ ပူတူးေလးရယ္ ... ေခ်ာ္လဲမွျဖင့္ .."

" အန္တီေလးကလည္း သမီးက ကေလးေလးမဟုတ္ေတာ့ပါဘူးေနာ္ ..."

" ဟုတ္ပါၿပီလူႀကီးေလးရယ္ ... ဘယ္လိုလဲ ကိုကိုနဲ႔ဘုရားဖူးသြားတာ ေပ်ာ္ခဲ့ရဲ႕လား .."

        သူမေမးလိုက္ေတာ့ ပူတူးေလးက ေခါင္းေလးကို တဆက္ဆက္ညိတ္ျပ၏။လူဆိုးေလးကေန ေန႔ခ်င္းညခ်င္း လူႀကီးေလးတစ္ေယာက္လို ေျပာင္းလဲသြားေသာ တူေလးကို သူမသနားလည္းသနား၊အားလည္းကိုးမိသည္။
 
          မမတို႔ကိုလည္း တူေလးရဲ႕ လူႀကီးဆန္လာပုံေလးကိုျမင္ေစခ်င္မိသည္။သူမ်ားေတြအတြက္ ယခုသူမတို႔ေနရတဲ့ဘဝက အဆင္ ေျပေကာင္းေျပလိမ့္မည္။သို႔ေသာ္ ဘာဆိုဘာမွလိုေလးေသးမ႐ွိခဲ့တဲ့ဘဝကေန ေငြကိုေႁခြတာသုံးေနရတဲ့ဘဝကို ခ်က္ျခင္းေရာက္သြားရတဲ့ သူမတူေလးအတြက္ကေတာ့ ဒုကၡဆင္းရဲတစ္မ်ိဳးပင္။

" တီေလး ... ဆိုင္အေစာႀကီးပိတ္လိုက္တာလား ..."

" မပိတ္ပါဘူးသားရယ္ ... ဝယ္သူမက်တုန္းေလး ပန္းပင္ေလးေတြအေျပးအလႊားေရေလာင္းေနတာ ..."

" ပန္းပင္ေရေလာင္းတာက ကြၽန္ေတာ္ျပန္လာမွလုပ္လည္းရပါတယ္ ... တီေလးအပင္ပန္းခံစရာမလိုပါဘူး ..."

" မပင္ပန္းပါဘူးေတာ္ ... ဒီလိုလုပ္ေနရမွ တီေလးက စိတ္ခ်မ္းသာတာ ... ၿပီးေတာ့ ဆိုင္ကလည္း မိျဖဴေလးရိွေနတာပဲ တီေလးပင္ပန္းတာမွမဟုတ္ဘဲ ..."

" အင္းပါ ... တီေလးအဆင္ေျပရင္ၿပီးတာပါပဲဗ်ာ ..."

" သြား သြား ... ပင္ပန္းေနၾကေရာေပါ့ ... ေရေလးတစ္ခြက္စီေသာက္ၿပီး ခဏသြားနားၾက .. ၿပီးမွ ေရခ်ိဳး "

    တီေလးကို ေခါင္းၿငိမ့္ျပရင္း ပူတူးေလးကို သူနဲ႔အတူေခၚကာ အိမ္ထဲဝင္ခဲ့လိုက္သည္။ေစ်းဆိုင္က အိမ္ႏွင့္တြဲရက္ဟုဆိုေသာ္လည္း အရမ္းဆူတူညံညံေတာ့မ႐ွိေပ။

      အိမ္မွာေနရင္း အပိုဝင္ေငြေလးရခ်င္တာေၾကာင့္ တီေလးက ေစ်းဆိုင္ေလးဖြင့္ထားျခင္းပင္။စီးပြားျဖစ္အႀကီးႀကီးေတာ့မဟုတ္ပါ။

          ႏွစ္ထပ္အိမ္ေလးကိုမွ ေခါင္းမိုးထပ္မွာ ညဘက္ေတြ ေလညႇင္းခံလို႔ရေအာင္ ဝရံတာ သေဘာမ်ိဳးေလးလုပ္ထားျဖစ္၏။ပန္းအိုးအေသးေလးေတြႏွင့္ ထိုင္ခုံေလးအခ်ိဳ႕ကိုလည္းျပင္ဆင္ထား၏။

              စိတ္ထဲ အထီးက်န္သလို၊တာဝန္ေတြပိေနသလိုခံစားရတဲ့အခါမ်ိဳးဆို ထို ေခါင္မိုးထပ္ေလးေပၚတက္ၿပီး ဂစ္တာတီးကာသီခ်င္းဆိုတက္၏။ဒါဟာ သူ႕အတြက္ စိတ္အပန္းေျဖနည္း တစ္မ်ိဳးပင္။

.......၊

" ဆရာ ... ဒီအိမ္က အစ္ကိုေလးၫႊန္းဆိုရာတို႔အိမ္ ..."

    မီးေရာင္မွိန္ျပျပအိမ္ေလးကိုလက္ညိႇဳးထိုးျပလာေသာ လြန္းဒီေၾကာင့္ ေမာ္ကြန္းေသခ်ာၾကည့္မိ၏။

" ရၿပီ ... မင္း ကားငွားၿပီးျပန္လိုက္ေတာ့ .."

" ဆရာ ျပန္ဖို႔အဆင္ေျပလား "

" ေျပတယ္ "

       ဆရာ့စကားဆုံးသည္ႏွင့္ လြန္းဒီ ကားေသာ့ကို ဆရာ့ထံေပးလိုက္၏။ထူးထူးဆန္းဆန္း ဒီေန႔မွ အစ္ကိုေလးၫႊန္းဆိုရာတို႔အိမ္ကို လိုက္ပို႔ခိုင္းလာေသာ ဆရာ့ေၾကာင့္ လြန္းဒီမ်က္ခုံးခတ္လႈပ္လႈပ္ျဖစ္ေနမိ၏။

        တခါတေလ ဆရာ့အေတြးေတြကို လြန္းဒီလိုက္မမွီေတာ့ပါ။အစ္ကိုေလးၫႊန္းဆိုရာကို မႀကိဳက္ပါဘူး၊မၾကည့္ခ်င္ပါဘူးဟုဆိုတာလည္းသူကိုယ္တိုင္ပင္။အခုၾကေတာ့လည္း အစ္ကိုေလးၫႊန္းဆိုရာႏွင့္ပတ္သတ္သမွ်ကို အကုန္သိခ်င္ေနျပန္၏။စဥ္းစားရခတ္သည့္ပုစၧာတစ္ပုဒ္လိုပင္။

 
~ ဘယ္ကိုသြားမလဲ ေတြးမရတယ္ •••

အိုကမ႓ာရယ္ အေဆြးရိပ္မ်ားနဲ႔ လြင့္လာတယ္ •••

ေမွ်ာ္လင့္ျခင္းတို႔လမ္းျပကြယ္ •••

ေအးခ်မ္းတဲ့ ေနရာေလးတစ္ခုေရာက္ခ်င္တယ္ •••

ေဝဒနာလူ °°° အေတြးေလမွာႏွင္ °°° မေသခင္တုန္း ေအးခ်မ္းသြားပါရေစ ••••

အေဆြးသမားရယ္ °°° ေဝဒနာ ကမ႓ာႀကီးရယ္ ••••

ေအးခ်မ္းတဲ့ေနရာ °°° မေမာတမ္းသြားမယ္ •••

• ° • ° •° •)(

ဒီကမ႓ာႀကီးရဲ႕ေနာက္ကကြယ္ °°°

ေဝဒနာလူ ေျခသံနားစြင့္လိုက္ခဲ့တယ္ေမရယ္ •••

ေမွ်ာ္လင့္ျခင္းနဲ႔ေသြးဆက္သြယ္ °°°

ေအးခ်မ္းတဲ့ ေနရာေလးတစ္ခုေရာက္ခ်င္တယ္ •••

   ေမာ္ကြန္း အခ်ိန္အၾကာႀကီး ကားထဲထိုင္ေနစၪၼွာပဲ ျပန္႔လြင့္လာေသာ သီခ်င္းသံေလးေၾကာင့္ အသံလာရာဆီလွမ္းၾကည့္မိ၏။

     ဝါက်င့္က်င့္မီးေရာင္ေအာက္မွာ ဂစ္တာတီးၿပီးသီခ်င္းဆိုေနတဲ့ေကာင္ေလး။အရင္လို ေဟးလားဝါးလား အုပ္စုဖြဲ႕သီဆိုေနတဲ့ပုံစံမ်ိဳးနဲ႔မဟုတ္ဘဲ သီးသီးသန္႔သန္႔ေအးေအးၿငိမ့္ၿငိမ့္ေလးဆိုေနတာ။သူ႕မ်က္စိေ႐ွ႕မွာတင္ ဒီကေလးက အမ်ားႀကီးအ႐ြယ္ေရာက္လာခဲ့တာ။

         ကိုယ္ကိုယ္တိုင္တြန္းလႊတ္ခဲ့မိတာက မျဖစ္သင့္တဲ့အေၾကာင္းေၾကာင္းေတြေၾကာင့္။ၿပီးေတာ့ ထိုေကာင္ေလးကို သူဘယ္တုန္းကမွ သူ႕ရဲ႕လက္တြဲေဖာ္ျဖစ္လာမယ့္သူလို႔မေတြးခဲ့ဖူးဘူး။ဒါ့ေၾကာင့္ သူတို႔ လက္တြဲဖို႔အေၾကာင္းေတြဖန္လာခ်ိန္မွာ လက္မခံႏိုင္ခဲ့တာ။ဒီထက္ဆိုးတာက ထိုကေလးက သူ႕ကို ခ်ိန္းေျခာက္အၾကပ္ကိုင္ခဲ့တာပဲ။

ဟူး •••

   သက္ျပင္းေတြခ်မိျပန္ၿပီ။သာယာၿငိမ့္ေညာင္းတဲ့အသံေလးကေတာ့ သူ႕နားထဲ တိုးဝင္ေနတုန္း။ဘာရယ္မဟုတ္ အရင္ကအေၾကာင္းေတြျပန္သတိရမိေတာ့ သူ႕ႏႈတ္ခမ္းေတြဟာ ၫြတ္က်သြားတယ္။

" ဦးေမာ္ ... သားက ဦးေမာ္နဲ႔ေဆာ့မွာေနာ္ .."

" ဦးေမာ္က ေဘာလုံးသြားကန္မွာေလ ... ရာရာက ငယ္ေသးလို႔ ေဘာလုံးကန္လို႔မရဘူးေလကြာ ..."

" ဟင့္အင္း ဟင့္အင္း သားက ဦးေမာ္နဲ႔ပဲေဆာ့ခ်င္တာပါဆို ဟင့္ ! "

               ငိုမဲ့မဲ့ျဖစ္သြားတဲ့ဟာေလးေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ ေဘာလုံးကန္မယ့္အစီအစၪၠိဳျဖတ္လိုက္ရတယ္။

         ဒါနဲ႔ပဲ သူႀကိဳက္တဲ့ အ႐ုပ္ဆက္နည္းေလးေတြကို ေမာ္ကြန္းလိုက္ကစားေပးရေတာ့တယ္။ထိုအခါမွ ရာရာက စိတ္ၾကည္လာတာ။

" ဦးေမာ္ ... သား Ocean က ေရခဲမုန္႔စားခ်င္တယ္ ..."

" ရာရာေလးကကြာ ... ဦးေမာ္တို႔ ဒီအေ႐ွ႕နားကဆိုင္ေလးမွာ ေရခဲမုန္႔ေတြအမ်ားႀကီး႐ွိတယ္ေလ ... အဲ့ကေရခဲမုန္႔နဲ႔ Ocean ကေရခဲမုန္႔ကအတူတူပဲ ... ဒီေ႐ွ႕ဆိာင္ကပဲ ဝယ္ေပးမယ္ေလ ..."

" ဟင့္အင္း ဟင့္အင္း သားက Ocean ကေရခဲမုန္႔ပဲစားခ်င္တာ ... ဦးေမာ္ဝယ္ေကြၽးတဲ့ Ocean ကေရခဲမုန္႔က အေကာင္းဆုံးပါဆို ...ဟင့္ ! "

" ဟိတ္ ! တိတ္ ! မငိုနဲ႔ ... လုံးဝမ်က္ရည္မက်နဲ႔  ... Ocean ကေရခဲမုန္႔အခုပဲသြားဝယ္မယ္ ... ထ ! ဦးေမာ္နဲ႔ရာရာအခုေရခဲမုန္႔သြားဝယ္မယ္ အိုေခ ! "

" Yes ! Ok ! "

    အဲ့အေကာင္ေပါက္ေလး မငိုရင္ၿပီးေရာ ... ဘာျဖစ္ျဖစ္ သူလုပ္ေပးျဖစ္၏။မ်က္လုံး႐ြဲ႐ြဲႀကီးေတြနဲ႔ သူ႕ကိုၾကည့္ၿပီး ငိုလာမွာမ်ိဳး သူလုံးဝမႀကိဳက္။

      စိတ္ေကာက္ရင္ ႏႈတ္ခမ္းကို စုလုံးေနေအာင္ေထာ္တက္တဲ့ အဲ့အေကာင္ေပါက္ေလးကို သူအသည္းယားလြန္းလို႔ ခဏခဏ ပါးႀကီးေတြကို ကိုက္တက္၏။ေဖာင္းအိေနတဲ့ ပါးေတြဟာ ဂ်ယ္လီေလးေတြလို အိစက္ေနတာ။မ်က္ဝန္းနက္နက္ေလးေတြကေတာ့ ဘယ္ဘဝရဲ႕ဆုေတာင္းေကာင္းမႈေၾကာင့္မွန္းမသိ လျပည့္ဝန္းေလးလို ဝိုင္းစက္ေနကာ အေတာ္ေလးလွ၏။ဒါ့ေၾကာင့္ သူတို႔အိမ္သားေတြက ထိုေကာင္ေလးကိုဆို သိပ္ခ်စ္ၾကသည္။

" ဦးေမာ္ ... နာနာက သားကို ႐ိုက္တယ္ အီး ! "

" ကိုကိုႀကီး ... သမီး မ႐ိုက္ဘူးေနာ္ ... ရာရာကသာ သမီးကို႐ိုက္တာ ..."

" နာနာ သားကို႐ိုက္တာ ... ဦးေမာ္ သားရဲ႕လက္ကိုၾကည့္ နာနာသားကို႐ိုက္တာ ... နာနာ လူႀကီးကို မလိမ္ရဘူးေလ ..."

     ႏွစ္ေယာက္သားအတိုင္အေတာထူပုံကေတာ့ တစ္ပုံစံတည္းပင္။ဒါေတာင္ ခုနစ္ႏွစ္အ႐ြယ္ေလးေတြပဲ႐ွိေသးလို႔။အဲ့ထက္မ်ားႀကီးလာရင္ သူ႕ဘဝကမေတြးရဲစရာပင္။

" ကဲ ေတာ္ၿပီ ေတာ္ၿပီ ျငင္းခုံမေနၾကနဲ႔ေတာ့ ... ဒီညေစာေစာအိပ္ရမယ္ ... မနက္ျဖန္က်ရင္ ေက်ာင္းသြားရမွာ ..."

" သားက ဦးေမာ္နဲ႔အိပ္မွာ ..."

" သမီးလည္း ကိုကိုႀကီးနဲ႔အိပ္မွာ .."

     ေမာ္ကြန္းသက္ျပင္းသာခ်ႏိုင္ေတာ့၏။လူႀကီးေတြ ခရီးထြက္တုန္း သူကအိမ္မွာကေလးထိန္းကိုျဖစ္လို႔ ။သမီးေလးတစ္ေယာက္ေလာက္ ထပ္လိုခ်င္သည္ဟုဆိုကာ အသက္ႀကီးမွ ဖန္ႁပြန္သေႏၶနဲ႔ေမြးထားတဲ့ ညီမေလးကလည္း ကိုယ့္သမီးေလးလိုျဖစ္ေန၏။

      အမႊာညီေလး႐ွိေပမယ့္ နားလည္မႈေတြလြဲမွားကာ မ်က္ႏွာခ်င္းမဆိုင္ခ်င္ပါဘူးဆိုၿပီး ႏိုင္ငံျခားမွာ ေက်ာင္းသြားတက္တာ ျပန္ပင္မလာ။ဒါ့ေၾကာင့္ ေမာ္ကြန္းမွာ ေျပးၾကည့္မွ ခ်စ္ရတာဆိုလို႔ ဤကေလးႏွစ္ေယာက္သာ႐ွိ၏။ထိုကေလးႏွစ္ေယာက္ကို သူ႕ကေလးေလးေတြလို အလိုလိုက္ခဲ့၏။သူသြားေလရာတေကာက္ေကာက္လိုက္တက္တဲ့ကေလးကေတာ့ ၫႊန္းဆိုရာပင္ျဖစ္၏။

         ရတာနာေလးကေတာ့ မိန္းကေလးမို႔ သူေနရာတကာမေခၚျဖစ္ေပ။ၫႊန္းဆိုရာကေတာ့ မေခၚလို႔မရေအာင္ကို ဂ်စ္တိုက္လြန္းေသာေၾကာင့္ သြားေလရာ ေခၚရတာပင္။

      အရင္အေၾကာင္းေတြ ျပန္ေတြးမိေတာ့ ၫႊန္းဆိုရာကို ကေလးအ႐ြယ္ေလး ျပန္ျဖစ္ေစခ်င္မိသည္။ဒါဆို အခုလိုမ်ိဳး အမုန္းပြားစရာကိစၥေတြမ႐ွိႏိုင္ေပ။

        သူၫႊန္းဆိုရာကို မမုန္းပါ။စိတ္ဆိုးေဒါသထြက္မိတယ္ဆိုေပမယ့္ မုန္းေနတာမ်ိဳးေတာ့မဟုတ္ပါ။သို႔ေသာ္ ၫႊန္းဆိုရာကေတာ့ သူ႕ကိုမုန္းေနမွာေသခ်ာ၏။မုန္းလည္းမုန္းသင့္ပါ၏။သူ႕ေၾကာင့္သာ ထိုကေလး၏မိဘေတြ ေသဆုံးရတာ။သူ႕မွာအျပစ္႐ွိ၏။ဒါေပမယ့္ ထိုအျပစ္ကို သူဝန္မခံခ်င္။ဝန္ခံရမွာ ေၾကာက္တာလည္းပါ၏။

          ကိုယ္ကိုယ္တိုင္ကန္ထုတ္ၿပီးမွ ဘာလို႔ အခုလိုေတြလုပ္ေနမိတာလည္းမသိေပ။

           စည္းစိမ္ေျပာတဲ့စကားေတြကိုလည္း သူလက္မခံႏိုင္ပါ။စည္းစိမ္က သူ႕ရဲ႕သူငယ္ခ်င္းအရင္းႀကီးပင္။ေဂးတစ္ေယာက္လည္းျဖစ္၏။ဒါေပမယ့္ ၫႊန္းဆိုရာနဲ႔ပတ္သတ္သြားမွာကို သူအရမ္းစိုးရိမ္ေနမိသည္။

           ၫႊန္းဆိုရာက ငယ္ေသးသည္။ဒီအ႐ြယ္က အခ်စ္တစ္ခုတည္းအေပၚမွာပဲ
စြဲလန္းတက္တဲ့အ႐ြယ္ျဖစ္၏။စိတ္ကစားတဲ့အ႐ြယ္မို႔ အခ်စ္ဆိုတဲ့အရာကို ေသေသခ်ာခ်ာ ေဝဖန္ပိုင္းျခားတက္မွာမဟုတ္ေသးေပ။

             အဲ့လိုအ႐ြယ္ေလးက ႐ူး႐ူးမိုက္မိုက္ႏွင့္ လုပ္ခ်င္ရာလုပ္လိုက္မွာကို သူေတြးပူမိသည္။ေသခ်ာေဝဖန္ပိုင္းျခားတက္တဲ့အခ်ိန္ၾကမွ ေနာင္တရမွာမ်ိဳးကို သူမျမင္ခ်င္ပါ။

ေဒါက္ ! ေဒါက္ !

      မွန္တံခါးကိုလာေခါက္ေသာအသံေၾကာင့္ ေမာ္ကြန္းတစ္ခ်က္တြန္႔ခနဲျဖစ္သြား၏။ကားအတြင္းမွန္ပိတ္ထားေသာေၾကာင့္ ကားထဲကသူ႕ကို အျပင္႐ွိ လူက ျမင္ႏိုင္မည္မဟုတ္ေပ။

ေဒါက္ ! ေဒါက္ !

       ေနာက္တစ္ခါ ထပ္ေခါက္လာသျဖင့္ ေမာ္ကြန္း ေ႐ွာင္လႊဲမရစြာျဖင့္ ကားတံခါးဖြင့္၍ အျပင္ထြက္လိုက္၏။

" ဦးေမာ္ ! "

       သူ႕ကိုျမင္လိုက္လို႔  ၫႊန္းဆိုရာက အံ့ဩသြားပုံရ၏။သူ မွင္ေသေသျဖင့္ ထိုေကာင္ေလးကိုၾကည့္လိုက္သည္။

        ေမာ္ကြန္းႏွင့္အၾကည့္ခ်င္းဆုံၿပီးေနာက္ ၫႊန္းဆိုရာက လွည့္ထြက္ရန္ျပင္၏။

         ေမာ္ကြန္း လွည့္ထြက္သြားေတာ့မည့္ ၫႊန္းဆိုရာကို ပုခုံးကေနအားနဲ႔ ဖမ္းဆြဲလိုက္သည္။

            မထင္မွတ္ထားေသာအေျခအေနေၾကာင့္ အ႐ွိန္ပါကာ ၫႊန္း ဦးေမာ္ရင္ခြင္ထဲေရာက္သြား၏။ကိုယ့္ကိုယ္ကိုယ္အသိကပ္ကာ ထိုရင္ခြင္ထဲမွ ခ်က္ျခင္းထြက္ရန္ျပင္ေသာ္လည္း ဦးေမာ္က လႊတ္မေပးပါ။

" ဦးေမာ္ ! "

ခဏေလး !

      ကိုယ့္ကိုေျပာတာလား။သူ႕ကိုယ္သူေျပာေနတာလားမသိစြာ ဦးေမာ္ကဆိုလာ၏။

" အခုအခ်ိန္မွာ မင္းသာ ဟိုးအရင္ကလို ငါ့ကိုနားပူနားဆာလုပ္တက္တဲ့အ႐ြယ္ေလးဆိုသိပ္ေကာင္းမွာပဲ ရာရာ ... ဒါဆို ငါတို႔ အခုလို စိတ္ပ်က္စရာေကာင္းတဲ့အေျခအေနေတြ႐ွိမယ္မထင္ဘူး။ဘာလို႔ ငါတို႔ၾကမွ ဒီလိုျဖစ္ေနရတာလဲ။ဘာလို႔ မင္းရဲ႕စိတ္ကစားတက္တဲ့အ႐ြယ္မွာခ်စ္တဲ့လူက ကိုယ္ျဖစ္ေနရတာလဲ။ဒါက ကိုယ္တို႔ အရမ္းအေနနီးခဲ့လို႔ ထင္ေယာင္ထင္မွားျဖစ္ေစမိတာထင္ပါတယ္"

ဟား ! ဦးေမာ္က ၫႊန္းအခ်စ္ေတြကို အထင္ေသးေနခဲ့တာပဲ။အေနနီးလို႔ ထင္ေယာင္ထင္မွားျဖစ္တာတဲ့လား။သူမခ်စ္ႏိုင္တိုင္း ၫႊန္းအခ်စ္ေတြကို အထင္ေသးေစာ္ကားတာ လြန္လြန္းလိုက္တာ။

1.2.2023

Ma Wai

A/N °°° ေနာက္က်သြားလား။အလုပ္ကျပန္ရတာေနာက္က်သြားတာရယ္၊မ်က္ႏွာအဆိပ္ထုတ္ေနတာရယ္ေၾကာင့္ ေနာက္က်သြားတာပါ။☺️ မွတ္ခ်က္ေလးေတြေၾကာင့္ update ေလးေပးႏိုင္ဖို႔ မိုတီေလးေတြရ။ေနေကာင္းက်န္းမာၾကပါေစေနာ္ 💛

Continue Reading

You'll Also Like

434K 13K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
816K 18.6K 47
In wich a one night stand turns out to be a lot more than that.
175K 8K 29
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
940K 57.7K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...