Desharow's Merman

By Wine-Y

233K 25K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... More

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန္း(၂) လ်ိဳ႕ဝွက္အစီအစဥ္
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန္း(၃) အႏၲရာယ္ႏွင့္ စပ္လ်ဥ္းေနေသာ စူးစမ္းစစ္ေဆးျခင္း။
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန္း(၄) ဘယ္သူက သားေကာင္လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter (30)

Chapter(29)

3K 444 16
By Wine-Y


Chapter(29)

ကျွန်တော် အက်ဂ်ရေ့စ်ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ လူ သုံးလေးယောက်က အလွန်ကြီးမားသော ချိန်းကြိုးကို ကိုင်ထားကြပြီး အက်ဂ်ရေ့စ်၏ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံမှ ချည်နှောင်နေကြရာ ခန္ဓာကိုယ်တစ်ခုလုံး၌ အမြီးသာ လှုပ်ရှားနိုင်သည်အထိ၊ သူ့ရဲ့ လက်သည်းများက သူ့ကိုတင်းတင်းကြပ်ကြပ်တုပ်နှောင်နေသော ချိန်းကြိုးကို ကုပ်ခဲထားပြီး ချုပ်တည်းမှုအောက်မှ ထွက်ပေါ်လာသော အသံသဲ့သဲ့ဖြင့် ညည်းထွားနေခဲ့သည်။

အက်ဂ်ရေ့စ်က သေနတ်ဖြင့် အပစ်ခံထားရပြီး သွေးပြာပြာတို့က ရှည်လျားသော ငါးမြီးတစ်လျှောက်မှ ကုန်းပတ်ပေါ်သို့ အိုင်ကျနေသည်။ သို့ပေမယ့် သူက ပင်လယ်ဓားပြတွေနှင့် သားရေကျနေသည့် အနေအထားတွင်ရှိပြီး ပြန်လည်တိုက်ခိုက်ဖို့ ဆန္ဒလုံးဝမရှိပါလေ။ လှိုင်းထန်နေသော ပင်လယ်ကြီးပင် ငြိမ်ဝပ်လို့ ... အုံ့ဆိုင်းလျက်ရှိသည့် မြူနှင်းတို့လည်း ပျောက်ကွယ်သွားသည်မှာ အလိုအလျောက်ပင်။

ထိုအချိန်အခိုက်အတန့်လေး၌ မလှမ်းမကမ်း အဝေးတစ်နေရာမှ သင်္ဘောတစ်စင်းကို ကျွန်တော်မြင်လိုက်ရသည်။ မှားယွင်းမြင်သည်ဟု တွေးမိသော်ငြား အချိန်ခနလေးအတွင်း၌ပင် သူဟာ သင်္ဘောစစ်စစ်ဖြစ်ကြောင်း ပေါ်ပေါ်လွင်လွင် ပြသလာခဲ့သည်။ __

ထိုသင်္ဘောပေါ်၌ ရှည်မျောသော ပိတ်ထူစအပြဲ များစွာရှိနေပြီး သင်္ဘောဧရာထက် အရာထင်နေသည့် ခြစ်ရာ ပဲ့ရာများစွာလည်း ရှိပေသည်။ သေချာသည်မှာ ထိုသင်္ဘောက မုန်တိုင်းကြောင့် ပျက်စီးခဲ့ခြင်းပင်။ သို့ပေမယ့် ထိုသင်္ဘော၏ သုံးထပ်မြောက်၌ လောင်ချာသုံးခု ချခင်းထားပြီး ထိုမျှမကသေး ဆယ်ယောက်မျှရှိသော ပင်လယ်ဓားပြတွေက လက်ထဲကိုင်ထားသည့် စက်သေနတ်များဖြင့် ကျွန်တော့်တို့ကို ချိန်ထားပေသည်။ ရှင်းရှင်းလင်းလင်းကြီးကို သူတို့က ကျွန်တော်တို့မှာ ရှိတဲ့ လက်နက်အင်အားထက် နှစ်ဆလောက် သာနေတာပင်။

'ကျွန်တော့်ခေါင်းတည့်တည့် မိုးကြိုးပစ်ချခံလိုက်ရသလို အသိမျိုးဖြင့် မေ့မျောသွားတော့မတတ် ဖြစ်ခဲ့သည်။ ဘယ့်နှယ့်မို့ ကျွန်တော်တို့မှ ဒီလောက်ဆိုးတဲ့ ကံတရားမျိုးနဲ့ ကြုံဆုံရတာလဲ။... သေလိုက်ပါတော့ ကွာ ...'

"ရိုင်း .. သေနတ်ချပြီး အညံ့ခံလိုက်တော့။ ပင်လယ်ထဲပစ်ချခံပြီး ငါးစာဖြစ်မယ့်အစား ဓားစာခံလုပ်လိုက်တာက ပိုကောင်းတယ်။ မဟုတ်ရင် မင်း ကြည့်လိုက် ... ဒက်ရှ်ရှဲရိုး အသက်ပျောက်ပြီ " ဟင်နရီက သေနတ်ကို ကျွန်တော့်လည်ပင်းထဲ ပိုနစ်ဝင်အောင် တွန်းထည့်လိုက်ရာ ထိုမှရလာသည့် နာကျင်မှုက လည်ပင်းကို ကိုက်ခဲသွားစေသည်အထိ ပြင်းထန်ခဲ့သည်။ ကျွန်တော့်အမြင်အာရုံက မှုန်ဝါးနေခဲ့ပြီး ရိုင်းသေနတ်ချပြီး အညံ့ခံလိုက်မလား' သေချာမသိပေမယ့် သူဆက်၍ မပစ်တော့မှာက သေချာသည်။

ကျွန်တော်တို့ရင်ဆိုင်နေရသော ရန်သူနှင့် ကျွန်တော်တို့အကြား၌ ကွာခြားချက်ကြီးကြီး ရှိနေသည့် ဤအခြေအနေ၌ အသက်ရှင်ကျန်ရစ်ခြင်းက တစ်ခုတည်းသော ရရှိမည့်အကျိုးဆက်မဟုတ်ဘဲ စစ်ပွဲနှင့် ကျရှုံးခြင်းကိုပါ ယူဆောင်လာပေးမှာ မြေကြီးလက်ခတ်မလွဲ သေချာနေသည်။

ထို့အပြင် သူတို့က ကျွန်တော် နှင့် အက်ဂ်ရေ့စ်ကို အသက်ရှင်လျက် လိုအပ်နေသည်။ ကြည့်ရသည်မှာ ဒီဓားပြအုပ်စုက ရိုးရိုးသာမန် ဓားပြတွေမဟုတ်ဘဲ တစ်ခြားသော ရည်ရွယ်ချက်ရှိသည်မှာ သေချာနေသည်။ မဟုတ်လျှင် ကျွန်တော်တို့ သင်္ဘောပေါ် အချိန်အကြာကြီး ပုန်းလျှိုးကွယ်လျှိုးနေနေခဲ့သည့် ဟင်နရီလို သ‌င်္ဘသေားမျိုး ရှိနေမှာလဲ။

ထို့ကြောင့် နောက်ဆုံးအနေဖြင့် အသက်ရှင်နေဖို့ပါပဲ။ အကယ်၍ ကျွန်တော်တို့သာ အသက်ရှင်နေရင် သူတို့ကို ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးလည်း ရှိလာမှာပဲလေ။

ပြင်းထန်သော နာကျင်မှုနှင့် သွေးထွက်လွန်နေခြင်းက ကျွန်တော့်ရဲ့ တွေးတောနိုင်စွမ်းကို လျော့နည်းသွားအောင် စွမ်းဆောင်ထားပေသည်။ ကျွန်တော့်ခန္ဓာကိုယ်က ဟင်နရီ၏ ဆွဲခေါ်သွားမှုဖြင့် ကုန်းပတ်၏အစွန်းသို့ တစ်လှမ်းပြီးတစ်လှမ်း တိုးကပ်သွားနေသည်။ ကြီးမားသော သင်္ဘောက ခြေလှမ်းအနည်းငယ်အကွာတွင်ရှိနေပြီး ကျွန်တော်တို့ သင်္ဘောကုန်းပတ်ပေါ်သို့ ပင်လယ်ဓားပြတို့ ပစ်ချလိုက်သော စတီးတံတား၏ ရိုက်ခတ်မှုပြင်းပြင်းကြောင့် ရေများပင် ကုန်းပတ်ပေါ်သို့ လွင့်စင်လာခဲ့သည်။

ပြင်းရှသော သွေးနံ့က ကျွန်တော့်မျက်နှာထံသို့ တိုးဝှေ့လာပြီး ကျွန်တော့်အနောက်ဘက်မှ အက်ဂ်ရေ့စ်ကိုဆွဲလာသည့် ချိန်းကြိုးပွတ်တိုက်သံကိုလည်း ကြားလာရသည်။ ကျွန်တော့်မသိစိတ်က ကျွန်တော့်ကို အနောက်ဘက်သို့ လှည့်ကြည့်ရန် စေ့ဆော်နေခဲ့ပြီး စုပြုံဖြစ်တည်လာသည့် နာကျင်မှုအလုံးစုံက ကျွန်တော့်မျက်လုံးအတွင်းသို့ သွေးများစီးဆင်းမှုကို ပိုတိုးစေခဲ့ကာ နီရဲနေသော နှင်းထုအလွှာတစ်ခုအဖြစ်သာ ဝိုးတဝါးမြင်တွေ့စေခဲ့သည်။

မထင်မရှားနှင့် ရှေ့သို့ ဖြည်းညင်းစွာ တိုးလာနေသော အက်ဂ်ရေ့စ်၏ ပုံရိပ်ကိုသာ ကျွန်တော် မြင်နေရသည်။ များစွာသော ချိန်းကြိုးများဖြင့် တုပ်နှောင်ခံထားရပြီး ဘေးတွင်ရှိသော ပင်လယ်ဓားပြဆယ်ယောက်၏ အော်ဟစ်နေမှုနှင့် အက်ဂ်ရေ့စ်က လေးလံလှသော သူ့အမြီးကို တံတားတစ်လျှောက် ပွတ်ဆွဲ၍ သွားနေပေသည်။ တကယ်ကိုပင် သူတို့က ဆပ်ကပ်ပွဲအတွင်း ဖမ်းဆီးထားသော သားရဲကို ဆက်ဆံနေသည့်ပုံဖြင့် ရေသူထီးကို ဆက်ဆံနေလေသည်။

သိပ်ကို မာန်ဝင့်ထောင်လွှား၍ ရက်စက်ကြမ်းကြုတ်လှပါသော သက်ရှိတစ်ကောင်က ကျွန်တစ်ကောင်လို ချိန်းကြိုးများဖြင့် တုပ်နှောင်ခြင်း ခံထားရချေသည်။ သူ့လိုသားရဲက ဤတုပ်နှောင်မှုကို လွယ်လင့်တကူဖျက်စီးပစ်လိုက်ဖို့ စွမ်းပကားရှိနေနိုင်သော်ငြား အခုတွင်တော့ ဖမ်းဆီးခံခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

ကျွန်တော့်နှလုံးသားကို လာရောက်ဖိနှိပ်နေသည့် လေးလံလှသော ခံစားမှုကြီးကို ကျွန်တော် ခံစားနေရသည်။ __ အကူအညီပေးဖို့အတွက် ကျွန်တော် အက်ဂ်ရေ့စ်ကို တွန်းအားမပေးခဲ့သင့်ဘူး။ သူ့မှာ လူသားတစ်ယောက်ရဲ့ အကျင့်နဲ့ အပြုအမူတွေ ဘယ်လောက်ပင် ဆင်တူရှိနေပါစေ .. အဆုံးသတ်မှာ သူက သားရဲတစ်ကောင်သာ ဖြစ်ပြီး ကျွန်တော်တို့က မတူညီတဲ့ ကမ္ဘာနှစ်ခုက ဖန်တီးထားတဲ့ သက်ရှိသာ ဖြစ်တော့သည်။ ကျွန်တော် ဘယ်လိုများ လူအချင်းချင်းရဲ့ ရန်ပွဲကိစ္စတွေမှာ သူ့ကို ပါဝင်စေခဲ့ရတာလဲ။ ကျွန်တော်တကယ်ကို ရူးနေပြီ ၊ အခုလိုလုပ်လိုက်ပုံမျိုးက ကျွန်တော်ဟာ သူ့ရဲ့ တွဲဖက်ဖြစ်တယ်လို့ အက်ဂ်ရေ့စ်ကို သိစေပြီး သူက သေချာပေါက် ထိုအတိုင်း ယုံကြည်နေတော့မှာပင်။ ကျွန်တော် ဘာလုပ်ခဲ့တာလဲ။ ဒါက အရည်အချင်းပြည့်ဝတဲ့ သုတေသီတစ်ယောက် လုပ်ရမယ့် အရာမျိုး မဟုတ်ဘူး လေ ...!

သို့ပေမယ့် ... အကယ်၍များ ကျွန်တော့်၌ အရာအားလုံးအတွက် ပြန်ပြီး ရွေးချယ်နိုင်ခွင့် ရှိအုံးမယ်ဆိုရင်တောင် ယခုအတိုင်း ရွေးချယ်ခဲ့အုံးမှာ သေချာသည်။ အဘယ့်ကြောင့်ဆို __ လူတွေက ယခုလို အခက်အခဲကြုံတွေ့ရတဲ့ အချိန်မျိုးမှာ ပိုပြီး သန်မာတဲ့ အပေါ်ပဲ မှီခိုတတ်ကြတယ် မဟုတ်လား။ ယောက်ျားတစ်ယောက် ဖြစ်နေသည့် တိုင်အောင်လေ။

ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ပျက်ရယ်ပြုတွေးတောရင်း ကွဲလွဲလာသည့်အခြေအနေကြားမှာ လက်သီးဆုပ်ထားခဲ့သည်။ ကျွန်တော့်ဦးနှောက်က မုန်တိုင်းထန်နေသည့်အလား အတွေးများစွာဖြင့် ရှုပ်ထွေးပွေလီနေသည်။ သို့ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ နာကျင်မှုကတော့ တစ်ခြားအကြောင်းတို့ တွေးတောနေဖို့ အချိန်မရှိအောင်ကို ပြင်းထန်နေခဲ့ပြီး မပင်ပန်းလှသည့်အသက်ရှူခြင်းပင် အသုံးမပြုနိုင်သည့် ဇိမ်ခံပစ္စည်းတစ်ခုလို ဖြစ်လာသည်။

ကျွန်တော့်သူငယ်အိမ်က အပေါ်သို့ အလိုအလျောက်တက်နေပြီး ကျွန်တော့်အသိစိတ်က အပိုင်းအစတစ်ခုလို သေးငယ်လာခဲ့သည်။ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်ထက် မျောလွင့်နေသော တိမ်တိုက်တွေပေါ် လျှောက်လှမ်းတက်နေသလို၊ ဘေးပတ်ပတ်လည်တွင်ရှိသော အရာအားလုံးက အစီအငေါ်မတည့် ဖရိုဖရဲဖြစ်လာခဲ့သည်။ ကျွန်တော့်အကြားအာရုံက ကျွန်တော့်ခန္ဓာကိုယ်မှ စွန့်ခွာသွားပြီထင်ရကာ ကျွန်တော်ဟာလည်း အသံတိတ်အဖြူအမဲရုပ်ရှင်၏ ပရိတ်သတ်တစ်ယောက် ဖြစ်လာခဲ့သည်။

ကျွန်တော် သေတော့မှာကို ကျွန်တော်သိနေသည်။ ရုတ်တရက် သင်္ဘောက ပြင်းပြင်းထန်ထန်လှုပ်ခါသွားပြီး ကျွန်တော်လည်း ဟင်နရီလက်ထဲမှ လွတ်ထွက်သွားသည် ထင်သည်.... ကိုယ့်ကိုယ်ကိုပင် မထိန်းလိုက်နိုင်ဘဲ ကုန်းပတ်ပေါ်သို့ ပြုတ်ကျသွားခဲ့ရာ ဦးခေါင်းကို အရှိန်ဖြင့် ဆောင့်မိခဲ့ပြီး ထိုမှရသည့် နာကျင်မှုက ကျွန်တော့်ကို မျက်လုံးဖွင့်စေဖို့ လှုံ့ဆော်ပေးခဲ့သည်။ ကျွန်တော့်အမြင်အာရုံထဲ၌ လွန်ဆွဲသလို ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် လူတစ်ချို့ကို ဝိုးတဝါးမြင်ခဲ့သည်။ သူတို့ပုံစံက အက်ဂ်ရေ့စ်ကို ဦးတည်ရာတစ်ဖက်သို့ ဆွဲနေကြသလို ထင်ရပြီး ရှည်လျားလွန်းသော အက်ဂ်ရေ့စ်အမြီးက လွန်းပျံယာဉ်လို ဟိုဒီဝဲနေရင်းမှ ကျွန်တော့်ရှေ့သို့ ရောက်လာခဲ့သည်။

စိတ်ဆန္ဒ၏အလိုလို လှုံ့ဆော်မှုကြောင့် နောက်ဆုံးသော လက်ကျန်အင်အားလေးဖြင့် ကျွန်တော်လက်ကို ဆန့်ထုတ်ပြီး အက်ဂ်ရေ့စ်၏ ငါးအမြီးဆူးတောင်ကို ဆုပ်ကိုင်ခဲ့သည်။

"ဒီမကောင်းဆိုးဝါးကို သင်္ဘောရဲ့ အောက်ခြေအခန်းထဲပစ်ချလိုက် ၊ မြန်မြန်လုပ် " အသံတစ်ချို့ကို ကျွန်တော် ရုတ်တရက် ကြားလိုက်ရပြန်သည်။ ပင်လယ်ဓားပြတွေက ကျယ်ကျယ်လောင်လောင် အော်ဟစ်ခဲ့ကြပြီး အက်ဂ်ရေ့စ်ရဲ့ ပုံရိပ်မှာ ကုန်းပတ်ပေါ်မှ ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်သော တစ်စက္ကန့်၌ ကျွန်တော့်ခန္ဓာကိုယ်က မြောက်တက်သွားသလို ခံစားလိုက်ရပြီး မှောင်မဲနေသော အတွင်းတစ်ခုထဲသို့ မမျှော်လင့်ဘဲ ပြုတ်ကျသွားခဲ့ကာ ခါးလောက်ထိနက်သော ရေထဲသို့ နစ်ဝင်သွားခဲ့သည်။ စုပြုံ၍ ဖြစ်တည်လာသော နာကျင်မှုအမြောက်အများက ကျွန်တော့်ကို ခေတ္တမျှ မူးဝေသွားစေပြီး တစ်ဟုန်ထိုး ရွှေ့လျားနေသော ရေလှိုင်းငယ်တို့က ကျွန်တော့်ခန္ဓာကိုယ်ကို နံရံနားသို့ ဆောင်ယူတွန်းပို့နေခဲ့သည်။

အေးစက်နေသော ရေက ဒဏ်ရာကို တွန်းထိုးလှုံ့ဆော်နေပြီး နှလုံးသားကိုလှီးဖြတ်နေသလို နာကျင်မှုမျိုး ပေးနေသည်။ သို့ပေမယ့် ထိုကဲ့သို့လှုံ့ဆော်မှုက ကျွန်တော့်ကို သေခြင်းမှ ဝေးရာသို့ ပို့ဆောင်ပေးခဲ့သည်။ ကျွန်တော် နံရံကို ကုပ်တွယ်ပြီး ခန္ဓာကိုယ်ကို မှီထားရုံလေးဖြင့် အပေါ်ဘက်သို့ မော့ကြည့်လိုက်သည်။ ထိုအခါ ကျွန်တော်ရှိရာသို့ ကုန်းကွပြီးကြည့်နေကြသည့် လူတစ်ချို့၏ပုံရိပ်ကို မှုန်မှုန်ဝါးဝါးမြင်လိုက်ရသည်။

"ဟေး ... သူတို့ကို အတူပိတ်ထားလို့ အဆင်ပြေပါ့မလား။ !"

"ပြေတယ်။ အဲ့ဒီကောင်လေးက ဟိုမကောင်းဆိုးဝါးရဲ့ အထိန်းပဲ။ သူ အနားမှာရှိနေရင် မကောင်းဆိုးဝါးကောင်လည်း ရူးကြောင်ကြောင်တွေ လုပ်တော့မှာမဟုတ်ဘူး။ သူ့ပုံစံက ဘယ်လိုပဲဖြစ်ဖြစ် သေတော့မယ့် ပုံစံကြီး။ ဒါပေမယ့်လည်း အဆင်ပြေပါတယ် ... နောက်ထပ်နှစ်နာရီလောက်အထိ သူတောင့်မခံနိုင်ရင် ဟိုမကောင်းဆိုးဝါးရဲ့ အစာလုပ်ပေးလိုက်လို့ ရတာပေါ့။ "

"သွားစို့ ... သင်္ဘောပေါ်က သုံးစားမရတဲ့ကောင်တွေနဲ့ ဆွေးနွေးစရာတွေ ရှိသေးတယ် !"

အောက်ခြေသင်္ဘောခန်း၏ တံခါးမှာ ဒုန်းခနဲမြည်သံဖြင့် ပိတ်သွားခဲ့သည်။ ဘေးပတ်ပတ်လည်နေရာအားလုံးက မှောင်မိုက်သွားပြီး ကုန်းပတ်အက်ကွဲကြောင်းများမှ တိုးဝင်လာသည့် အလင်းရောင်လေးသာ ရှိနေသည်။ ဒီလိုနေရာ ဒီလိုအခြေအနေနဲ့ အသားကျအောင် ကျွန်တော်အကြာကြီး အချိန်ယူခဲ့ရသည်။ ထိုမှောင်မိုက်နေသော အခန်းထဲ၌ နောက်ထပ်လှုပ်ရှားနေသောအရိပ်တစ်ခု ရှိနေပြီး ချိန်းကြိုးပွတ်တိုက်ရာမှ ထွက်ပေါ်လာသည့် တချွင်ချွင်အသံအပြင် ရေ၏လှုပ်ရှားမှုတို့လည်း ရှိနေသည်။

'တခြားမဟုတ်ဘဲ အက်ဂ်ရေ့စ်သာဖြစ်ကြောင်း ကျွန်တော် သိလိုက်သည်။' ပင်လယ်ဓားပြတွေက ကျွန်တော်တို့ကို အတူတူပိတ်နှောင်ခဲ့တာပင်။

"ဒက် ... ရှဲရိုး ..."

ရင်နှီးပြီးသား အသံတိမ်တိမ်လေးတစ်ခုနှင့်အတူ အက်ဂ်ရေ့စ်အမြီး၏ရှည်လျားသော အရိပ်မှာ ရေထဲမှ ထွက်ပေါ်လာခဲ့ပြီး လှုပ်ခါမှုကြောင့် ထွက်ပေါ်လာသည့် လှိုင်းဂယက်တို့က ကျွန်တော့်ကို လာရောက် ပုတ်ခတ်နေပေသည်။ ကျွန်တော့်၌ မျက်တောင်ခတ်ချိန်ပင် မရှိလိုက်ဘဲ ကြီးမားသော ပင်လယ်ရေမှော်ကဲ့သို့ အရိပ်တစ်ခုကို ကျွန်တော် တွေ့လိုက်ရသည်။ ဆက်၍ အလင်းပြောက်များ ဟိုဒီကျရောက်နေသည့် ရေထဲမှ အက်ဂ်ရေ့စ်ဦးခေါင်းထွက်ပေါ်လာပြီး ထို့နောက် အပေါ်ပိုင်းခန္ဓာကိုယ်မှာ သရဲတစ်ကောင်လို ထွက်ပေါ်လာခဲ့သည်။

သူ့ရဲ့ ဝမ်းဗိုက်နှင့် ရင်ဘတ်ပေါ်၌ တင်းတင်းကြပ်ကြပ်ညှစ်ထားရာမှ ဖြစ်ပေါ်လာသည့် ညှစ်ရာများစွာရှိနေပြီး သူ့အားတုပ်နှောင်ထားသည့် ချိန်းကြိုးမှာတော့ ယခုတွင်မရှိတော့။ ထိုအစား လက်မောင်းလောက်အရွယ်အစားရှိသည့် သံမဏိကြိုးဖြင့် သူ့ခါးကို ထိန်းချုပ်ထားပြီး သံမဏိသော့ခလောက်ဖြင့် ခတ်ထားသည်။ သို့ပေမဲ့ ထိုသို့ သံမဏိကြိုးဖြင့် နှောင်တုပ်ထားခြင်းက အက်ဂ်ရေ့စ့်အတွက် ပြီးပြည့်စုံတဲ့ ချုပ်နှောင်ခြင်းကို မဖြစ်စေသလို သူ့ရဲ့လှုပ်ရှားမှုကိုလည်း ဟန့်တားထားနိုင်ခြင်း မရှိချေ။

ကျွန်တော့်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းလှုပ်ရှားလိုက်ပေမယ့် တကယ်တမ်း လက်လေးမြှောက်ဖို့ပင် အင်အားမရှိနေပေ။ ထို့ကြောင့် သူ့ရဲ့ လက်ချောင်းတွေဖြင့် ထူမပေးခြင်းကိုသာ လက်ခံခဲ့လိုက်သည်။ အက်ဂ်ရေ့စ်က ခါးကိုင်းလိုက်ပြီး ကျွန်တော့် ဝမ်းဗိုက်ရှိဒဏ်ရာကို ငုံ့ကြည့်ခဲ့သည်။ ဆက်၍ အက်ဂ်ရေ့စ် ပြုလုပ်တော့မည့် အမှုကိုလည်း ကျွန်တော် ချက်ချင်း သဘောပေါက်ခဲ့သည်။ ကြောက်ရွံ့မှုများနှင့် သေမတတ်ဖြစ်ပေါ်နေသည့် နာကျင်မှုတွေသာ စွန်းထင်းနေသော ကျွန်တော့်မျက်နှာထက်၌ အရှက်တရားဆိုသည် ထိုးဖောက်၍ မဝင်နိုင်သကဲ့သို့ ပေါ်လွင်ခြင်းမရှိဖြစ်နေသည်။ ထိုအချိန်၌ ကျွန်တော့်စိတ်ထဲ တွေးမိသည်မှာ အက်ဂ်ရေ့စ်က ကျွန်တော့်ကို အသက်ရှင်အောင် လုပ်ပေးနိုင်ပြီး ထိုသို့ လုပ်နိုင်သည့် အစွမ်းအစလည်း ရှိသည်' ဟူ၍ ဖြစ်သည်။

ထို့ကြောင့် သူ့ရဲ့သွားဖြင့် ကျွန်တော့်အင်္ကျီကို ကိုက်ဖြဲနေချိန်၌ ကျွန်တော်ကလည်း တုန်ရီနေသောလက်ဖြင့် အင်္ကျီအရှေ့ပိုင်းကို လှစ်ဟပေး၍ ပူးပေါင်းခဲ့ကာ သွေးများစီးကျနေသော ရင်ဘတ်သားကို ပေါ်လွင်စေခဲ့သည်။ ထိုအခိုက်အတန့်၌ ပြန်လည်မွေးဖွားခြင်းကို စတင်ဖို့ ကျွန်တော့်ကိုယ်ကို မကောင်းဆိုးဝါးထံ ယစ်ပူဇော်လိုက်သည့်ဟုပင် အတွေးအာရုံထွေပြားသွားခဲ့သည်။

ကျွန်တော့်ကျောပြင်တစ်လျှောက် ပွတ်သပ်နေသော အက်ဂ်ရေ့စ်၏ လက်ဖဝါးကို ခံစားမိနေပြီး သူ့ရဲ့ လိုသလို ကွေးကောက်နိုင်သော အမြီးက ‌ရေထဲမှထွက်ပေါ်လာကာ ကျွန်တော့်ခြေထောက်နှစ်ဖက်ကို ဝေးကွာသွားအောင် တိုးဝင်လာနေသည်။ ကျွန်တော့်ပေါင်ခြံခွနေရာကို ထောက်ပံ့၍ အပေါ်ပိုင်းကိုယ်ထည်တစ်ခုလုံး ရေအပေါ်ရှိနေစေရန် မ'ထားပေးခဲ့သည်။ ကျွန်တော့်အဖို့ ဧရာမစပါးကြီးမြွေကို စီးနှင်းနေရသကဲ့သို့ ကြောက်လန့်စိတ်ကို ဖြစ်ပေါ်စေသည်။ ထိုအခြေအနေမျိုးနှင့် ကျွန်တော်က မိတ်လိုက်နေသည့် အနေအထားအတိုင်း အက်ဂ်ရေ့စ်အမြီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရပြီး တင်ပါးတို့မှာ အက်ဂ်ရေ့စ်လက်ဖဝါး၏ ဆွဲမခြင်းဖြင့် နံရံပေါ်သို့ ထောက်တိုင်သဖွယ် အမှီပြုရန် ရောက်ရှိသွားခဲ့သည်။

ထို့နောက် စကားတစ်ခွန်းပင် ဖွင့်ဟပြောဆိုလာခြင်း မရှိဘဲ အက်ဂ်ရေ့စ်က ခေါင်းငုံ့ပြီး ကျွန်တော့်ဝမ်းဗိုက်နားသို့ တိုးကပ်သွားသည်။ ထိုအခါ ကျွန်တော့်လက်နှစ်ဖက်က ခန္ဓာကိုယ်ကို အတိမ်းအစောင်းမဖြစ်စေဖို့ အက်ဂ်ရေ့စ်လည်ပင်းကို အလိုအလျောက်သိုင်းဖက်ထားမိ၏။ ကျွန့်တော့်စိတ်ထဲ လျှာကိုထုတ်ပြီး ဖြည်းဖြည်းချင်း လျက်ပေးနေသည့် အက်ဂ်ရေ့စ် အထိအတွေ့က ဓားဖြင့် တတိတိလှီးဖြတ်နေသလို ခံစားမှုမျိုး ရစေသည်။ သူ့ရဲ့ လျှာထိပ်ဖျားက ကျွန်တော့်ရဲ့ လတ်လတ်ဆတ်ဆတ်ရှိနေသော အက်ကွဲနေရာအသားအတွင်းကြားထဲသို့ တိုးဝင်နေပေသည်။

"ဟင်း ....."

ခန္ဓာကိုယ်တစ်လျှောက် နာကျင်မှုတို့ လှိုင်လှိုင်ထနေသော အခြေအနေကြောင့် ထိန်းချုပ်ထားနိုင်စွမ်းမရှိဘဲ ကျွန်တော် ညည်းညူလိုက်မိ၏။ အော်ဟစ်မိခြင်းကို တားဆီးရန်တော့ ကျွန်တော့်နှုတ်ခမ်းတွေကို ကိုက်ထားခဲ့သည်။ သို့ပေမဲ့ မကြာခင်မှာပဲ အံ့ဖွယ်ပေါင်းစပ်မှုတို့ ပါဝင်သော ရေသူထီး၏ တံတွေးရည်မှ အစွမ်းပြကာ စူးရှသော နာကျင်မှုက အနည်ကျ၍ ပုရွက်ဆိတ်ကိုက်သလို နာကျင်မှုအသေးလေးသာ ပြောင်းလဲ ဖြစ်တည်သွားခဲ့၏။ ယခင်ကရှိသော အနာ၏နာကျင်မှုလို မသက်မသာမဖြစ်တော့ဘဲ နေထိုင်ရကောင်းမွန်သက်သာလာခြင်းကို ရိုးရှင်းစွာပင် ခံစားလာရသည်။

ကျွန်တော့်ခန္ဓာကိုယ်က တဖြည်းဖြည်း သက်သာလာပြီး မျက်ခွံတို့လေးလံလာရာနောက် ကျွန်တော့်အသိတို့ပါလိုက်၍ တိတ်ဆိတ်သော သမုဒ္ဒရာကြီးထဲ ငြိမ်ဝမ်သွားတော့၏။ လှုပ်လိလှုပ်လဲ့ရွေ့လျားနေသော လှိုင်းငယ်တို့ကို ကျွန်တော့်ခန္ဓာကိုယ်အား ရိုက်ပုတ်စေ၍ ဖြည်းဖြည်းချင်းပင် ကျွန်တော် အိပ်မောကျသွားခဲ့သည်။

......

ထိုမျှနက်ရှိုင်းသော အိပ်စက်မှုမှာ ကျွန်တော်ပြန်နိုးလာချိန်တွင် ရာစုနှစ်တစ်ခုအလား ကြာမြင့်သည် ထင်ရ၏။ အနာကိုကုသမှုပေးနေသော အက်ဂ်ရေ့စ်က ရပ်နားခြင်းမရှိသေးပေ။ ကျွန်တော် သတိမေ့သွားသလို အတွေးအသိတို့ ဝေးဝါးနေပေမယ့် ခန္ဓာကိုယ်ကတော့ အရင်ရက်တွေနှင့်မတူဘဲ အားအင်အသစ်ဖြင့် သန်စွမ်းနေကာ စိတ်သည်ပင် ကြည်လင်နေ၏။ ထို့နောက် အံ့ဖွယ်တစ်ပါးလို ဖြစ်တည်သော ရေသူထီး၏ ကုသမှုအစွမ်းကို မနေနိုင်စွာ တိတ်တဆိတ် ချီးကျူးမိတော့သည်။

ကျွန်တော့် ဗိုက်ကဒဏ်ရာကို ငုံ့ကြည့်လိုက်တဲ့အခါ ရှည်လျားတိကျသော မျက်ခုံးရိုးနှင့် အက်ဂ်ရေ့စ်၏နှာတံကိုသာ မြင်ရသည်။ ထိုမြင်ကွင်အနေအထားမှကြည့်ပြီး ရှည်လျားသော မျက်တောင်တို့က မှေးမှိန်ကာ ကြောက်စရာကောင်းသော မျက်ဝန်းနက်နက်ကို ဖုံးကာထားသည်ကို မြင်ရသည်။ ထပ်၍ မျက်ခွံအောက်၌ တိမ်တိုက်နှင့်တူသော အရိပ်တစ်ခု ဖြစ်တည်နေရာ တိကျပြတ်သားသော အနားသတ်လိုင်းတို့ကို ပေါ်လွင်စေ၍ အမူအရာတို့မှာ နူးညံ့သည့် ဘက်သို့ ... ကူးပြောင်းနေခဲ့၏။

'သေလောက်အောင် နူးညံ့နေသည်က အပြင်းအထန် ဆွဲဆောင်မှုရှိနေတာကြောင့် ကျွန်တော်ခနမျှ မိန်းမောသွားခဲ့သည်။'

သို့ပေမယ့် ရုတ်တရက် မော့ကြည့်လာသော သူ့ဦးခေါင်းကြောင့် ကျွန်တော်တို့ချင်း အကြည့်ဆုံကာ ဒိတ်ကနဲအခုန်မြန်သွားသော နှလုံးသားက လည်ချောင်းဝအထိပင် ခုန်ပျံတက်လာခဲ့သည်။

'သေလိုက်ပါတော့ ... ငါ ဘယ်လိုများ ဒီစက်ဆုတ်စရာကောင်းလွန်းတဲ့ သားရဲကို ဆွဲဆောင်မှုရှိတယ်ဆိုပြီး တွေးလိုက်မိတာလဲ။'

ကျွန်တော်ကိုယ်တိုင်တွေးလိုက်မိသော အတွေးကြောင့် တကယ်ကို ထိတ်လန့်သွားရသည်။

'မဟုတ်ဘူး ... မဟုတ်ဘူး .. ဒါက ခေါင်းမကြည်လို့ ထင်ယောင်ထင်မှားဖြစ်နေတာပဲ နေမယ်'

သူခိုးလူမိသွားသည့်နှယ် ကျွန်တော် အက်ဂ်ရေ့စ်ကို အဝေးသို့ တွန်းထုတ်လိုက်မိသည်။ အကြောင်းမှာ အက်ဂ်ရေ့စ်က ကျွန်တော့်ရဲ့ အတွေးကို ထိုးဖောက်သိသွားသကဲ့သို့ မျက်ဝန်းကို မှေးကျဉ်း၍ စူးစိုက်ကြည့်နေသောကြောင့်ဖြစ်သည်။

ထိုအခါ စိတ်ထဲ ပူပန်ရှုပ်ထွေးသွားရသော ကျွန်တော့်အဖြစ်ကို ကြည့်ပြီး အောင်မြင်သူတစ်ယောက်လို ဂုဏ်ဝင့်သွားသည့် ထိုအက်ဂ်ရေ့စ်က နှုတ်ခမ်းကို မသိမသာကွေးတက်စေ၍ ပြုံးနေပေသည်။

သူက ကျွန်တော့်ဒဏ်ရာနားမှ ဦးခေါင်းကို မဖယ်ခွါခဲ့ဘဲ နှုတ်ခမ်းကိုသာ ဖယ်ခွါ၍ ကလူကာမြူကာ လှုပ်ရှားနေသည်။ နီရဲနေသော သူ့လျှာဖျားက ဒဏ်ရာပတ်ပတ်လည်ကို လျက်နေပြီး အချိန်တိုင်းလိုလို ဒဏ်ရာအတွင်းသို့ ထိုးဖောက်ဝင်လာလိုက် နှုတ်ခမ်းနှစ်လွှာအတွင်းသို့ တိုးလျှိုပြန်ဝင်သွားလိုက် လုပ်နေခဲ့သည်။

'ရမ္မက်လိုလို ကျီစယ်မှုလိုလို မရေရာခြင်း အပြည့်ဖြင့်'

_______________


Chapter(29)

ကြၽန္ေတာ္ အက္ဂ္ေရ႕စ္ဆီသို႔ ခ်က္ခ်င္း လွည့္ၾကည့္လိုက္သည္။ လူ သုံးေလးေယာက္က အလြန္ႀကီးမားေသာ ခ်ိန္းႀကိဳးကို ကိုင္ထားၾကၿပီး အက္ဂ္ေရ႕စ္၏ခႏၶာကိုယ္ကို ဘက္ေပါင္းစုံမွ ခ်ည္ေႏွာင္ေနၾကရာ ခႏၶာကိုယ္တစ္ခုလုံး၌ အၿမီးသာ လႈပ္ရွားႏိုင္သည္အထိ၊ သူ႔ရဲ႕ လက္သည္းမ်ားက သူ႔ကိုတင္းတင္းၾကပ္ၾကပ္တုပ္ေႏွာင္ေနေသာ ခ်ိန္းႀကိဳးကို ကုပ္ခဲထားၿပီး ခ်ဳပ္တည္းမႈေအာက္မွ ထြက္ေပၚလာေသာ အသံသဲ့သဲ့ျဖင့္ ညည္းထြားေနခဲ့သည္။

အက္ဂ္ေရ႕စ္က ေသနတ္ျဖင့္ အပစ္ခံထားရၿပီး ေသြးျပာျပာတို႔က ရွည္လ်ားေသာ ငါးၿမီးတစ္ေလွ်ာက္မွ ကုန္းပတ္ေပၚသို႔ အိုင္က်ေနသည္။ သို႔ေပမယ့္ သူက ပင္လယ္ဓားျပေတြႏွင့္ သားေရက်ေနသည့္ အေနအထားတြင္ရွိၿပီး ျပန္လည္တိုက္ခိုက္ဖို႔ ဆႏၵလုံးဝမရွိပါေလ။ လႈိင္းထန္ေနေသာ ပင္လယ္ႀကီးပင္ ၿငိမ္ဝပ္လို႔ ... အုံ႔ဆိုင္းလ်က္ရွိသည့္ ျမဴႏွင္းတို႔လည္း ေပ်ာက္ကြယ္သြားသည္မွာ အလိုအေလ်ာက္ပင္။

ထိုအခ်ိန္အခိုက္အတန႔္ေလး၌ မလွမ္းမကမ္း အေဝးတစ္ေနရာမွ သေဘၤာတစ္စင္းကို ကြၽန္ေတာ္ျမင္လိုက္ရသည္။ မွားယြင္းျမင္သည္ဟု ေတြးမိေသာ္ျငား အခ်ိန္ခနေလးအတြင္း၌ပင္ သူဟာ သေဘၤာစစ္စစ္ျဖစ္ေၾကာင္း ေပၚေပၚလြင္လြင္ ျပသလာခဲ့သည္။ __

ထိုသေဘၤာေပၚ၌ ရွည္ေမ်ာေသာ ပိတ္ထူစအၿပဲ မ်ားစြာရွိေနၿပီး သေဘၤာဧရာထက္ အရာထင္ေနသည့္ ျခစ္ရာ ပဲ့ရာမ်ားစြာလည္း ရွိေပသည္။ ေသခ်ာသည္မွာ ထိုသေဘၤာက မုန္တိုင္းေၾကာင့္ ပ်က္စီးခဲ့ျခင္းပင္။ သို႔ေပမယ့္ ထိုသေဘၤာ၏ သုံးထပ္ေျမာက္၌ ေလာင္ခ်ာသုံးခု ခ်ခင္းထားၿပီး ထိုမွ်မကေသး ဆယ္ေယာက္မွ်ရွိေသာ ပင္လယ္ဓားျပေတြက လက္ထဲကိုင္ထားသည့္ စက္ေသနတ္မ်ားျဖင့္ ကြၽန္ေတာ့္တို႔ကို ခ်ိန္ထားေပသည္။ ရွင္းရွင္းလင္းလင္းႀကီးကို သူတို႔က ကြၽန္ေတာ္တို႔မွာ ရွိတဲ့ လက္နက္အင္အားထက္ ႏွစ္ဆေလာက္ သာေနတာပင္။

'ကြၽန္ေတာ့္ေခါင္းတည့္တည့္ မိုးႀကိဳးပစ္ခ်ခံလိုက္ရသလို အသိမ်ိဳးျဖင့္ ေမ့ေမ်ာသြားေတာ့မတတ္ ျဖစ္ခဲ့သည္။ ဘယ့္ႏွယ့္မို႔ ကြၽန္ေတာ္တို႔မွ ဒီေလာက္ဆိုးတဲ့ ကံတရားမ်ိဳးနဲ႔ ႀကဳံဆုံရတာလဲ။... ေသလိုက္ပါေတာ့ ကြာ ...'

"႐ိုင္း .. ေသနတ္ခ်ၿပီး အညံ့ခံလိုက္ေတာ့။ ပင္လယ္ထဲပစ္ခ်ခံၿပီး ငါးစာျဖစ္မယ့္အစား ဓားစာခံလုပ္လိုက္တာက ပိုေကာင္းတယ္။ မဟုတ္ရင္ မင္း ၾကည့္လိုက္ ... ဒက္ရွ္ရွဲ႐ိုး အသက္ေပ်ာက္ၿပီ " ဟင္နရီက ေသနတ္ကို ကြၽန္ေတာ့္လည္ပင္းထဲ ပိုနစ္ဝင္ေအာင္ တြန္းထည့္လိုက္ရာ ထိုမွရလာသည့္ နာက်င္မႈက လည္ပင္းကို ကိုက္ခဲသြားေစသည္အထိ ျပင္းထန္ခဲ့သည္။ ကြၽန္ေတာ့္အျမင္အာ႐ုံက မႈန္ဝါးေနခဲ့ၿပီး ႐ိုင္းေသနတ္ခ်ၿပီး အညံ့ခံလိုက္မလား' ေသခ်ာမသိေပမယ့္ သူဆက္၍ မပစ္ေတာ့မွာက ေသခ်ာသည္။

ကြၽန္ေတာ္တို႔ရင္ဆိုင္ေနရေသာ ရန္သူႏွင့္ ကြၽန္ေတာ္တို႔အၾကား၌ ကြာျခားခ်က္ႀကီးႀကီး ရွိေနသည့္ ဤအေျခအေန၌ အသက္ရွင္က်န္ရစ္ျခင္းက တစ္ခုတည္းေသာ ရရွိမည့္အက်ိဳးဆက္မဟုတ္ဘဲ စစ္ပြဲႏွင့္ က်ရႈံးျခင္းကိုပါ ယူေဆာင္လာေပးမွာ ေျမႀကီးလက္ခတ္မလြဲ ေသခ်ာေနသည္။

ထို႔အျပင္ သူတို႔က ကြၽန္ေတာ္ ႏွင့္ အက္ဂ္ေရ႕စ္ကို အသက္ရွင္လ်က္ လိုအပ္ေနသည္။ ၾကည့္ရသည္မွာ ဒီဓားျပအုပ္စုက ႐ိုး႐ိုးသာမန္ ဓားျပေတြမဟုတ္ဘဲ တစ္ျခားေသာ ရည္႐ြယ္ခ်က္ရွိသည္မွာ ေသခ်ာေနသည္။ မဟုတ္လွ်င္ ကြၽန္ေတာ္တို႔ သေဘၤာေပၚ အခ်ိန္အၾကာႀကီး ပုန္းလွ်ိဳးကြယ္လွ်ိဳးေနေနခဲ့သည့္ ဟင္နရီလို သ‌ဘၤေသားမ်ိဳး ရွိေနမွာလဲ။

ထို႔ေၾကာင့္ ေနာက္ဆုံးအေနျဖင့္ အသက္ရွင္ေနဖို႔ပါပဲ။ အကယ္၍ ကြၽန္ေတာ္တို႔သာ အသက္ရွင္ေနရင္ သူတို႔ကို ျပန္တိုက္ခိုက္ဖို႔ အခြင့္အေရးလည္း ရွိလာမွာပဲေလ။

ျပင္းထန္ေသာ နာက်င္မႈႏွင့္ ေသြးထြက္လြန္ေနျခင္းက ကြၽန္ေတာ့္ရဲ႕ ေတြးေတာႏိုင္စြမ္းကို ေလ်ာ့နည္းသြားေအာင္ စြမ္းေဆာင္ထားေပသည္။ ကြၽန္ေတာ့္ခႏၶာကိုယ္က ဟင္နရီ၏ ဆြဲေခၚသြားမႈျဖင့္ ကုန္းပတ္၏အစြန္းသို႔ တစ္လွမ္းၿပီးတစ္လွမ္း တိုးကပ္သြားေနသည္။ ႀကီးမားေသာ သေဘၤာက ေျခလွမ္းအနည္းငယ္အကြာတြင္ရွိေနၿပီး ကြၽန္ေတာ္တို႔ သေဘၤာကုန္းပတ္ေပၚသို႔ ပင္လယ္ဓားျပတို႔ ပစ္ခ်လိုက္ေသာ စတီးတံတား၏ ႐ိုက္ခတ္မႈျပင္းျပင္းေၾကာင့္ ေရမ်ားပင္ ကုန္းပတ္ေပၚသို႔ လြင့္စင္လာခဲ့သည္။

ျပင္းရွေသာ ေသြးနံ႔က ကြၽန္ေတာ့္မ်က္ႏွာထံသို႔ တိုးေဝွ႔လာၿပီး ကြၽန္ေတာ့္အေနာက္ဘက္မွ အက္ဂ္ေရ႕စ္ကိုဆြဲလာသည့္ ခ်ိန္းႀကိဳးပြတ္တိုက္သံကိုလည္း ၾကားလာရသည္။ ကြၽန္ေတာ့္မသိစိတ္က ကြၽန္ေတာ့္ကို အေနာက္ဘက္သို႔ လွည့္ၾကည့္ရန္ ေစ့ေဆာ္ေနခဲ့ၿပီး စုၿပဳံျဖစ္တည္လာသည့္ နာက်င္မႈအလုံးစုံက ကြၽန္ေတာ့္မ်က္လုံးအတြင္းသို႔ ေသြးမ်ားစီးဆင္းမႈကို ပိုတိုးေစခဲ့ကာ နီရဲေနေသာ ႏွင္းထုအလႊာတစ္ခုအျဖစ္သာ ဝိုးတဝါးျမင္ေတြ႕ေစခဲ့သည္။

မထင္မရွားႏွင့္ ေရွ႕သို႔ ျဖည္းညင္းစြာ တိုးလာေနေသာ အက္ဂ္ေရ႕စ္၏ ပုံရိပ္ကိုသာ ကြၽန္ေတာ္ ျမင္ေနရသည္။ မ်ားစြာေသာ ခ်ိန္းႀကိဳးမ်ားျဖင့္ တုပ္ေႏွာင္ခံထားရၿပီး ေဘးတြင္ရွိေသာ ပင္လယ္ဓားျပဆယ္ေယာက္၏ ေအာ္ဟစ္ေနမႈႏွင့္ အက္ဂ္ေရ႕စ္က ေလးလံလွေသာ သူ႔အၿမီးကို တံတားတစ္ေလွ်ာက္ ပြတ္ဆြဲ၍ သြားေနေပသည္။ တကယ္ကိုပင္ သူတို႔က ဆပ္ကပ္ပြဲအတြင္း ဖမ္းဆီးထားေသာ သားရဲကို ဆက္ဆံေနသည့္ပုံျဖင့္ ေရသူထီးကို ဆက္ဆံေနေလသည္။

သိပ္ကို မာန္ဝင့္ေထာင္လႊား၍ ရက္စက္ၾကမ္းၾကဳတ္လွပါေသာ သက္ရွိတစ္ေကာင္က ကြၽန္တစ္ေကာင္လို ခ်ိန္းႀကိဳးမ်ားျဖင့္ တုပ္ေႏွာင္ျခင္း ခံထားရေခ်သည္။ သူ႔လိုသားရဲက ဤတုပ္ေႏွာင္မႈကို လြယ္လင့္တကူဖ်က္စီးပစ္လိုက္ဖို႔ စြမ္းပကားရွိေနႏိုင္ေသာ္ျငား အခုတြင္ေတာ့ ဖမ္းဆီးခံျခင္းျဖင့္ အဆုံးသတ္ခဲ့သည္။

ကြၽန္ေတာ့္ႏွလုံးသားကို လာေရာက္ဖိႏွိပ္ေနသည့္ ေလးလံလွေသာ ခံစားမႈႀကီးကို ကြၽန္ေတာ္ ခံစားေနရသည္။ __ အကူအညီေပးဖို႔အတြက္ ကြၽန္ေတာ္ အက္ဂ္ေရ႕စ္ကို တြန္းအားမေပးခဲ့သင့္ဘူး။ သူ႔မွာ လူသားတစ္ေယာက္ရဲ႕ အက်င့္နဲ႔ အျပဳအမူေတြ ဘယ္ေလာက္ပင္ ဆင္တူရွိေနပါေစ .. အဆုံးသတ္မွာ သူက သားရဲတစ္ေကာင္သာ ျဖစ္ၿပီး ကြၽန္ေတာ္တို႔က မတူညီတဲ့ ကမာၻႏွစ္ခုက ဖန္တီးထားတဲ့ သက္ရွိသာ ျဖစ္ေတာ့သည္။ ကြၽန္ေတာ္ ဘယ္လိုမ်ား လူအခ်င္းခ်င္းရဲ႕ ရန္ပြဲကိစၥေတြမွာ သူ႔ကို ပါဝင္ေစခဲ့ရတာလဲ။ ကြၽန္ေတာ္တကယ္ကို ႐ူးေနၿပီ ၊ အခုလိုလုပ္လိုက္ပုံမ်ိဳးက ကြၽန္ေတာ္ဟာ သူ႔ရဲ႕ တြဲဖက္ျဖစ္တယ္လို႔ အက္ဂ္ေရ႕စ္ကို သိေစၿပီး သူက ေသခ်ာေပါက္ ထိုအတိုင္း ယုံၾကည္ေနေတာ့မွာပင္။ ကြၽန္ေတာ္ ဘာလုပ္ခဲ့တာလဲ။ ဒါက အရည္အခ်င္းျပည့္ဝတဲ့ သုေတသီတစ္ေယာက္ လုပ္ရမယ့္ အရာမ်ိဳး မဟုတ္ဘူး ေလ ...!

သို႔ေပမယ့္ ... အကယ္၍မ်ား ကြၽန္ေတာ့္၌ အရာအားလုံးအတြက္ ျပန္ၿပီး ေ႐ြးခ်ယ္ႏိုင္ခြင့္ ရွိအုံးမယ္ဆိုရင္ေတာင္ ယခုအတိုင္း ေ႐ြးခ်ယ္ခဲ့အုံးမွာ ေသခ်ာသည္။ အဘယ့္ေၾကာင့္ဆို __ လူေတြက ယခုလို အခက္အခဲႀကဳံေတြ႕ရတဲ့ အခ်ိန္မ်ိဳးမွာ ပိုၿပီး သန္မာတဲ့ အေပၚပဲ မွီခိုတတ္ၾကတယ္ မဟုတ္လား။ ေယာက္်ားတစ္ေယာက္ ျဖစ္ေနသည့္ တိုင္ေအာင္ေလ။

ကြၽန္ေတာ္ကိုယ့္ကိုယ္ကိုယ္ ပ်က္ရယ္ျပဳေတြးေတာရင္း ကြဲလြဲလာသည့္အေျခအေနၾကားမွာ လက္သီးဆုပ္ထားခဲ့သည္။ ကြၽန္ေတာ့္ဦးေႏွာက္က မုန္တိုင္းထန္ေနသည့္အလား အေတြးမ်ားစြာျဖင့္ ရႈပ္ေထြးေပြလီေနသည္။ သို႔ေပမယ့္ ကြၽန္ေတာ့္ခႏၶာကိုယ္ေပၚမွာ ရွိတဲ့ နာက်င္မႈကေတာ့ တစ္ျခားအေၾကာင္းတို႔ ေတြးေတာေနဖို႔ အခ်ိန္မရွိေအာင္ကို ျပင္းထန္ေနခဲ့ၿပီး မပင္ပန္းလွသည့္အသက္ရႉျခင္းပင္ အသုံးမျပဳႏိုင္သည့္ ဇိမ္ခံပစၥည္းတစ္ခုလို ျဖစ္လာသည္။

ကြၽန္ေတာ့္သူငယ္အိမ္က အေပၚသို႔ အလိုအေလ်ာက္တက္ေနၿပီး ကြၽန္ေတာ့္အသိစိတ္က အပိုင္းအစတစ္ခုလို ေသးငယ္လာခဲ့သည္။ ကြၽန္ေတာ့္ခႏၶာကိုယ္တစ္ခုလုံးက ေကာင္းကင္ထက္ ေမ်ာလြင့္ေနေသာ တိမ္တိုက္ေတြေပၚ ေလွ်ာက္လွမ္းတက္ေနသလို၊ ေဘးပတ္ပတ္လည္တြင္ရွိေသာ အရာအားလုံးက အစီအေငၚမတည့္ ဖ႐ိုဖရဲျဖစ္လာခဲ့သည္။ ကြၽန္ေတာ့္အၾကားအာ႐ုံက ကြၽန္ေတာ့္ခႏၶာကိုယ္မွ စြန႔္ခြာသြားၿပီထင္ရကာ ကြၽန္ေတာ္ဟာလည္း အသံတိတ္အျဖဴအမဲ႐ုပ္ရွင္၏ ပရိတ္သတ္တစ္ေယာက္ ျဖစ္လာခဲ့သည္။

ကြၽန္ေတာ္ ေသေတာ့မွာကို ကြၽန္ေတာ္သိေနသည္။ ႐ုတ္တရက္ သေဘၤာက ျပင္းျပင္းထန္ထန္လႈပ္ခါသြားၿပီး ကြၽန္ေတာ္လည္း ဟင္နရီလက္ထဲမွ လြတ္ထြက္သြားသည္ ထင္သည္.... ကိုယ့္ကိုယ္ကိုပင္ မထိန္းလိုက္ႏိုင္ဘဲ ကုန္းပတ္ေပၚသို႔ ျပဳတ္က်သြားခဲ့ရာ ဦးေခါင္းကို အရွိန္ျဖင့္ ေဆာင့္မိခဲ့ၿပီး ထိုမွရသည့္ နာက်င္မႈက ကြၽန္ေတာ့္ကို မ်က္လုံးဖြင့္ေစဖို႔ လႈံ႕ေဆာ္ေပးခဲ့သည္။ ကြၽန္ေတာ့္အျမင္အာ႐ုံထဲ၌ လြန္ဆြဲသလို ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည့္ လူတစ္ခ်ိဳ႕ကို ဝိုးတဝါးျမင္ခဲ့သည္။ သူတို႔ပုံစံက အက္ဂ္ေရ႕စ္ကို ဦးတည္ရာတစ္ဖက္သို႔ ဆြဲေနၾကသလို ထင္ရၿပီး ရွည္လ်ားလြန္းေသာ အက္ဂ္ေရ႕စ္အၿမီးက လြန္းပ်ံယာဥ္လို ဟိုဒီဝဲေနရင္းမွ ကြၽန္ေတာ့္ေရွ႕သို႔ ေရာက္လာခဲ့သည္။

စိတ္ဆႏၵ၏အလိုလို လႈံ႕ေဆာ္မႈေၾကာင့္ ေနာက္ဆုံးေသာ လက္က်န္အင္အားေလးျဖင့္ ကြၽန္ေတာ္လက္ကို ဆန႔္ထုတ္ၿပီး အက္ဂ္ေရ႕စ္၏ ငါးအၿမီးဆူးေတာင္ကို ဆုပ္ကိုင္ခဲ့သည္။

"ဒီမေကာင္းဆိုးဝါးကို သေဘၤာရဲ႕ ေအာက္ေျခအခန္းထဲပစ္ခ်လိုက္ ၊ ျမန္ျမန္လုပ္ " အသံတစ္ခ်ိဳ႕ကို ကြၽန္ေတာ္ ႐ုတ္တရက္ ၾကားလိုက္ရျပန္သည္။ ပင္လယ္ဓားျပေတြက က်ယ္က်ယ္ေလာင္ေလာင္ ေအာ္ဟစ္ခဲ့ၾကၿပီး အက္ဂ္ေရ႕စ္ရဲ႕ ပုံရိပ္မွာ ကုန္းပတ္ေပၚမွ ႐ုတ္ခ်ည္းေပ်ာက္ကြယ္သြားခဲ့သည္။ ထို႔ေနာက္ေသာ တစ္စကၠန႔္၌ ကြၽန္ေတာ့္ခႏၶာကိုယ္က ေျမာက္တက္သြားသလို ခံစားလိုက္ရၿပီး ေမွာင္မဲေနေသာ အတြင္းတစ္ခုထဲသို႔ မေမွ်ာ္လင့္ဘဲ ျပဳတ္က်သြားခဲ့ကာ ခါးေလာက္ထိနက္ေသာ ေရထဲသို႔ နစ္ဝင္သြားခဲ့သည္။ စုၿပဳံ၍ ျဖစ္တည္လာေသာ နာက်င္မႈအေျမာက္အမ်ားက ကြၽန္ေတာ့္ကို ေခတၱမွ် မူးေဝသြားေစၿပီး တစ္ဟုန္ထိုး ေ႐ႊ႕လ်ားေနေသာ ေရလႈိင္းငယ္တို႔က ကြၽန္ေတာ့္ခႏၶာကိုယ္ကို နံရံနားသို႔ ေဆာင္ယူတြန္းပို႔ေနခဲ့သည္။

ေအးစက္ေနေသာ ေရက ဒဏ္ရာကို တြန္းထိုးလႈံ႕ေဆာ္ေနၿပီး ႏွလုံးသားကိုလွီးျဖတ္ေနသလို နာက်င္မႈမ်ိဳး ေပးေနသည္။ သို႔ေပမယ့္ ထိုကဲ့သို႔လႈံ႕ေဆာ္မႈက ကြၽန္ေတာ့္ကို ေသျခင္းမွ ေဝးရာသို႔ ပို႔ေဆာင္ေပးခဲ့သည္။ ကြၽန္ေတာ္ နံရံကို ကုပ္တြယ္ၿပီး ခႏၶာကိုယ္ကို မွီထား႐ုံေလးျဖင့္ အေပၚဘက္သို႔ ေမာ့ၾကည့္လိုက္သည္။ ထိုအခါ ကြၽန္ေတာ္ရွိရာသို႔ ကုန္းကြၿပီးၾကည့္ေနၾကသည့္ လူတစ္ခ်ိဳ႕၏ပုံရိပ္ကို မႈန္မႈန္ဝါးဝါးျမင္လိုက္ရသည္။

"ေဟး ... သူတို႔ကို အတူပိတ္ထားလို႔ အဆင္ေျပပါ့မလား။ !"

"ေျပတယ္။ အဲ့ဒီေကာင္ေလးက ဟိုမေကာင္းဆိုးဝါးရဲ႕ အထိန္းပဲ။ သူ အနားမွာရွိေနရင္ မေကာင္းဆိုးဝါးေကာင္လည္း ႐ူးေၾကာင္ေၾကာင္ေတြ လုပ္ေတာ့မွာမဟုတ္ဘူး။ သူ႔ပုံစံက ဘယ္လိုပဲျဖစ္ျဖစ္ ေသေတာ့မယ့္ ပုံစံႀကီး။ ဒါေပမယ့္လည္း အဆင္ေျပပါတယ္ ... ေနာက္ထပ္ႏွစ္နာရီေလာက္အထိ သူေတာင့္မခံႏိုင္ရင္ ဟိုမေကာင္းဆိုးဝါးရဲ႕ အစာလုပ္ေပးလိုက္လို႔ ရတာေပါ့။ "

"သြားစို႔ ... သေဘၤာေပၚက သုံးစားမရတဲ့ေကာင္ေတြနဲ႔ ေဆြးေႏြးစရာေတြ ရွိေသးတယ္ !"

ေအာက္ေျခသေဘၤာခန္း၏ တံခါးမွာ ဒုန္းခနဲျမည္သံျဖင့္ ပိတ္သြားခဲ့သည္။ ေဘးပတ္ပတ္လည္ေနရာအားလုံးက ေမွာင္မိုက္သြားၿပီး ကုန္းပတ္အက္ကြဲေၾကာင္းမ်ားမွ တိုးဝင္လာသည့္ အလင္းေရာင္ေလးသာ ရွိေနသည္။ ဒီလိုေနရာ ဒီလိုအေျခအေနနဲ႔ အသားက်ေအာင္ ကြၽန္ေတာ္အၾကာႀကီး အခ်ိန္ယူခဲ့ရသည္။ ထိုေမွာင္မိုက္ေနေသာ အခန္းထဲ၌ ေနာက္ထပ္လႈပ္ရွားေနေသာအရိပ္တစ္ခု ရွိေနၿပီး ခ်ိန္းႀကိဳးပြတ္တိုက္ရာမွ ထြက္ေပၚလာသည့္ တခြၽင္ခြၽင္အသံအျပင္ ေရ၏လႈပ္ရွားမႈတို႔လည္း ရွိေနသည္။

'တျခားမဟုတ္ဘဲ အက္ဂ္ေရ႕စ္သာျဖစ္ေၾကာင္း ကြၽန္ေတာ္ သိလိုက္သည္။' ပင္လယ္ဓားျပေတြက ကြၽန္ေတာ္တို႔ကို အတူတူပိတ္ေႏွာင္ခဲ့တာပင္။

"ဒက္ ... ရွဲ႐ိုး ..."

ရင္ႏွီးၿပီးသား အသံတိမ္တိမ္ေလးတစ္ခုႏွင့္အတူ အက္ဂ္ေရ႕စ္အၿမီး၏ရွည္လ်ားေသာ အရိပ္မွာ ေရထဲမွ ထြက္ေပၚလာခဲ့ၿပီး လႈပ္ခါမႈေၾကာင့္ ထြက္ေပၚလာသည့္ လႈိင္းဂယက္တို႔က ကြၽန္ေတာ့္ကို လာေရာက္ ပုတ္ခတ္ေနေပသည္။ ကြၽန္ေတာ့္၌ မ်က္ေတာင္ခတ္ခ်ိန္ပင္ မရွိလိုက္ဘဲ ႀကီးမားေသာ ပင္လယ္ေရေမွာ္ကဲ့သို႔ အရိပ္တစ္ခုကို ကြၽန္ေတာ္ ေတြ႕လိုက္ရသည္။ ဆက္၍ အလင္းေျပာက္မ်ား ဟိုဒီက်ေရာက္ေနသည့္ ေရထဲမွ အက္ဂ္ေရ႕စ္ဦးေခါင္းထြက္ေပၚလာၿပီး ထို႔ေနာက္ အေပၚပိုင္းခႏၶာကိုယ္မွာ သရဲတစ္ေကာင္လို ထြက္ေပၚလာခဲ့သည္။

သူ႔ရဲ႕ ဝမ္းဗိုက္ႏွင့္ ရင္ဘတ္ေပၚ၌ တင္းတင္းၾကပ္ၾကပ္ညႇစ္ထားရာမွ ျဖစ္ေပၚလာသည့္ ညႇစ္ရာမ်ားစြာရွိေနၿပီး သူ႔အားတုပ္ေႏွာင္ထားသည့္ ခ်ိန္းႀကိဳးမွာေတာ့ ယခုတြင္မရွိေတာ့။ ထိုအစား လက္ေမာင္းေလာက္အ႐ြယ္အစားရွိသည့္ သံမဏိႀကိဳးျဖင့္ သူ႔ခါးကို ထိန္းခ်ဳပ္ထားၿပီး သံမဏိေသာ့ခေလာက္ျဖင့္ ခတ္ထားသည္။ သို႔ေပမဲ့ ထိုသို႔ သံမဏိႀကိဳးျဖင့္ ေႏွာင္တုပ္ထားျခင္းက အက္ဂ္ေရ႕စ့္အတြက္ ၿပီးျပည့္စုံတဲ့ ခ်ဳပ္ေႏွာင္ျခင္းကို မျဖစ္ေစသလို သူ႔ရဲ႕လႈပ္ရွားမႈကိုလည္း ဟန႔္တားထားႏိုင္ျခင္း မရွိေခ်။

ကြၽန္ေတာ့္ခႏၶာကိုယ္ကို ျဖည္းျဖည္းခ်င္းလႈပ္ရွားလိုက္ေပမယ့္ တကယ္တမ္း လက္ေလးေျမႇာက္ဖို႔ပင္ အင္အားမရွိေနေပ။ ထို႔ေၾကာင့္ သူ႔ရဲ႕ လက္ေခ်ာင္းေတြျဖင့္ ထူမေပးျခင္းကိုသာ လက္ခံခဲ့လိုက္သည္။ အက္ဂ္ေရ႕စ္က ခါးကိုင္းလိုက္ၿပီး ကြၽန္ေတာ့္ ဝမ္းဗိုက္ရွိဒဏ္ရာကို ငုံ႔ၾကည့္ခဲ့သည္။ ဆက္၍ အက္ဂ္ေရ႕စ္ ျပဳလုပ္ေတာ့မည့္ အမႈကိုလည္း ကြၽန္ေတာ္ ခ်က္ခ်င္း သေဘာေပါက္ခဲ့သည္။ ေၾကာက္႐ြံ႕မႈမ်ားႏွင့္ ေသမတတ္ျဖစ္ေပၚေနသည့္ နာက်င္မႈေတြသာ စြန္းထင္းေနေသာ ကြၽန္ေတာ့္မ်က္ႏွာထက္၌ အရွက္တရားဆိုသည္ ထိုးေဖာက္၍ မဝင္ႏိုင္သကဲ့သို႔ ေပၚလြင္ျခင္းမရွိျဖစ္ေနသည္။ ထိုအခ်ိန္၌ ကြၽန္ေတာ့္စိတ္ထဲ ေတြးမိသည္မွာ အက္ဂ္ေရ႕စ္က ကြၽန္ေတာ့္ကို အသက္ရွင္ေအာင္ လုပ္ေပးႏိုင္ၿပီး ထိုသို႔ လုပ္ႏိုင္သည့္ အစြမ္းအစလည္း ရွိသည္' ဟူ၍ ျဖစ္သည္။

ထို႔ေၾကာင့္ သူ႔ရဲ႕သြားျဖင့္ ကြၽန္ေတာ့္အက်ႌကို ကိုက္ၿဖဲေနခ်ိန္၌ ကြၽန္ေတာ္ကလည္း တုန္ရီေနေသာလက္ျဖင့္ အက်ႌအေရွ႕ပိုင္းကို လွစ္ဟေပး၍ ပူးေပါင္းခဲ့ကာ ေသြးမ်ားစီးက်ေနေသာ ရင္ဘတ္သားကို ေပၚလြင္ေစခဲ့သည္။ ထိုအခိုက္အတန႔္၌ ျပန္လည္ေမြးဖြားျခင္းကို စတင္ဖို႔ ကြၽန္ေတာ့္ကိုယ္ကို မေကာင္းဆိုးဝါးထံ ယစ္ပူေဇာ္လိုက္သည့္ဟုပင္ အေတြးအာ႐ုံေထြျပားသြားခဲ့သည္။

ကြၽန္ေတာ့္ေက်ာျပင္တစ္ေလွ်ာက္ ပြတ္သပ္ေနေသာ အက္ဂ္ေရ႕စ္၏ လက္ဖဝါးကို ခံစားမိေနၿပီး သူ႔ရဲ႕ လိုသလို ေကြးေကာက္ႏိုင္ေသာ အၿမီးက ‌ေရထဲမွထြက္ေပၚလာကာ ကြၽန္ေတာ့္ေျခေထာက္ႏွစ္ဖက္ကို ေဝးကြာသြားေအာင္ တိုးဝင္လာေနသည္။ ကြၽန္ေတာ့္ေပါင္ၿခံခြေနရာကို ေထာက္ပံ့၍ အေပၚပိုင္းကိုယ္ထည္တစ္ခုလုံး ေရအေပၚရွိေနေစရန္ မ'ထားေပးခဲ့သည္။ ကြၽန္ေတာ့္အဖို႔ ဧရာမစပါးႀကီးေႁမြကို စီးႏွင္းေနရသကဲ့သို႔ ေၾကာက္လန႔္စိတ္ကို ျဖစ္ေပၚေစသည္။ ထိုအေျခအေနမ်ိဳးႏွင့္ ကြၽန္ေတာ္က မိတ္လိုက္ေနသည့္ အေနအထားအတိုင္း အက္ဂ္ေရ႕စ္အၿမီးကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားရၿပီး တင္ပါးတို႔မွာ အက္ဂ္ေရ႕စ္လက္ဖဝါး၏ ဆြဲမျခင္းျဖင့္ နံရံေပၚသို႔ ေထာက္တိုင္သဖြယ္ အမွီျပဳရန္ ေရာက္ရွိသြားခဲ့သည္။

ထို႔ေနာက္ စကားတစ္ခြန္းပင္ ဖြင့္ဟေျပာဆိုလာျခင္း မရွိဘဲ အက္ဂ္ေရ႕စ္က ေခါင္းငုံ႔ၿပီး ကြၽန္ေတာ့္ဝမ္းဗိုက္နားသို႔ တိုးကပ္သြားသည္။ ထိုအခါ ကြၽန္ေတာ့္လက္ႏွစ္ဖက္က ခႏၶာကိုယ္ကို အတိမ္းအေစာင္းမျဖစ္ေစဖို႔ အက္ဂ္ေရ႕စ္လည္ပင္းကို အလိုအေလ်ာက္သိုင္းဖက္ထားမိ၏။ ကြၽန႔္ေတာ့္စိတ္ထဲ လွ်ာကိုထုတ္ၿပီး ျဖည္းျဖည္းခ်င္း လ်က္ေပးေနသည့္ အက္ဂ္ေရ႕စ္ အထိအေတြ႕က ဓားျဖင့္ တတိတိလွီးျဖတ္ေနသလို ခံစားမႈမ်ိဳး ရေစသည္။ သူ႔ရဲ႕ လွ်ာထိပ္ဖ်ားက ကြၽန္ေတာ့္ရဲ႕ လတ္လတ္ဆတ္ဆတ္ရွိေနေသာ အက္ကြဲေနရာအသားအတြင္းၾကားထဲသို႔ တိုးဝင္ေနေပသည္။

"ဟင္း ....."

ခႏၶာကိုယ္တစ္ေလွ်ာက္ နာက်င္မႈတို႔ လႈိင္လႈိင္ထေနေသာ အေျခအေနေၾကာင့္ ထိန္းခ်ဳပ္ထားႏိုင္စြမ္းမရွိဘဲ ကြၽန္ေတာ္ ညည္းညဴလိုက္မိ၏။ ေအာ္ဟစ္မိျခင္းကို တားဆီးရန္ေတာ့ ကြၽန္ေတာ့္ႏႈတ္ခမ္းေတြကို ကိုက္ထားခဲ့သည္။ သို႔ေပမဲ့ မၾကာခင္မွာပဲ အံ့ဖြယ္ေပါင္းစပ္မႈတို႔ ပါဝင္ေသာ ေရသူထီး၏ တံေတြးရည္မွ အစြမ္းျပကာ စူးရွေသာ နာက်င္မႈက အနည္က်၍ ပု႐ြက္ဆိတ္ကိုက္သလို နာက်င္မႈအေသးေလးသာ ေျပာင္းလဲ ျဖစ္တည္သြားခဲ့၏။ ယခင္ကရွိေသာ အနာ၏နာက်င္မႈလို မသက္မသာမျဖစ္ေတာ့ဘဲ ေနထိုင္ရေကာင္းမြန္သက္သာလာျခင္းကို ႐ိုးရွင္းစြာပင္ ခံစားလာရသည္။

ကြၽန္ေတာ့္ခႏၶာကိုယ္က တျဖည္းျဖည္း သက္သာလာၿပီး မ်က္ခြံတို႔ေလးလံလာရာေနာက္ ကြၽန္ေတာ့္အသိတို႔ပါလိုက္၍ တိတ္ဆိတ္ေသာ သမုဒၵရာႀကီးထဲ ၿငိမ္ဝမ္သြားေတာ့၏။ လႈပ္လိလႈပ္လဲ့ေ႐ြ႕လ်ားေနေသာ လႈိင္းငယ္တို႔ကို ကြၽန္ေတာ့္ခႏၶာကိုယ္အား ႐ိုက္ပုတ္ေစ၍ ျဖည္းျဖည္းခ်င္းပင္ ကြၽန္ေတာ္ အိပ္ေမာက်သြားခဲ့သည္။

......

ထိုမွ်နက္ရႈိင္းေသာ အိပ္စက္မႈမွာ ကြၽန္ေတာ္ျပန္ႏိုးလာခ်ိန္တြင္ ရာစုႏွစ္တစ္ခုအလား ၾကာျမင့္သည္ ထင္ရ၏။ အနာကိုကုသမႈေပးေနေသာ အက္ဂ္ေရ႕စ္က ရပ္နားျခင္းမရွိေသးေပ။ ကြၽန္ေတာ္ သတိေမ့သြားသလို အေတြးအသိတို႔ ေဝးဝါးေနေပမယ့္ ခႏၶာကိုယ္ကေတာ့ အရင္ရက္ေတြႏွင့္မတူဘဲ အားအင္အသစ္ျဖင့္ သန္စြမ္းေနကာ စိတ္သည္ပင္ ၾကည္လင္ေန၏။ ထို႔ေနာက္ အံ့ဖြယ္တစ္ပါးလို ျဖစ္တည္ေသာ ေရသူထီး၏ ကုသမႈအစြမ္းကို မေနႏိုင္စြာ တိတ္တဆိတ္ ခ်ီးက်ဴးမိေတာ့သည္။

ကြၽန္ေတာ့္ ဗိုက္ကဒဏ္ရာကို ငုံ႔ၾကည့္လိုက္တဲ့အခါ ရွည္လ်ားတိက်ေသာ မ်က္ခုံး႐ိုးႏွင့္ အက္ဂ္ေရ႕စ္၏ႏွာတံကိုသာ ျမင္ရသည္။ ထိုျမင္ကြင္အေနအထားမွၾကည့္ၿပီး ရွည္လ်ားေသာ မ်က္ေတာင္တို႔က ေမွးမွိန္ကာ ေၾကာက္စရာေကာင္းေသာ မ်က္ဝန္းနက္နက္ကို ဖုံးကာထားသည္ကို ျမင္ရသည္။ ထပ္၍ မ်က္ခြံေအာက္၌ တိမ္တိုက္ႏွင့္တူေသာ အရိပ္တစ္ခု ျဖစ္တည္ေနရာ တိက်ျပတ္သားေသာ အနားသတ္လိုင္းတို႔ကို ေပၚလြင္ေစ၍ အမူအရာတို႔မွာ ႏူးညံ့သည့္ ဘက္သို႔ ... ကူးေျပာင္းေနခဲ့၏။

'ေသေလာက္ေအာင္ ႏူးညံ့ေနသည္က အျပင္းအထန္ ဆြဲေဆာင္မႈရွိေနတာေၾကာင့္ ကြၽန္ေတာ္ခနမွ် မိန္းေမာသြားခဲ့သည္။'

သို႔ေပမယ့္ ႐ုတ္တရက္ ေမာ့ၾကည့္လာေသာ သူ႔ဦးေခါင္းေၾကာင့္ ကြၽန္ေတာ္တို႔ခ်င္း အၾကည့္ဆုံကာ ဒိတ္ကနဲအခုန္ျမန္သြားေသာ ႏွလုံးသားက လည္ေခ်ာင္းဝအထိပင္ ခုန္ပ်ံတက္လာခဲ့သည္။

'ေသလိုက္ပါေတာ့ ... ငါ ဘယ္လိုမ်ား ဒီစက္ဆုတ္စရာေကာင္းလြန္းတဲ့ သားရဲကို ဆြဲေဆာင္မႈရွိတယ္ဆိုၿပီး ေတြးလိုက္မိတာလဲ။'

ကြၽန္ေတာ္ကိုယ္တိုင္ေတြးလိုက္မိေသာ အေတြးေၾကာင့္ တကယ္ကို ထိတ္လန႔္သြားရသည္။

'မဟုတ္ဘူး ... မဟုတ္ဘူး .. ဒါက ေခါင္းမၾကည္လို႔ ထင္ေယာင္ထင္မွားျဖစ္ေနတာပဲ ေနမယ္'

သူခိုးလူမိသြားသည့္ႏွယ္ ကြၽန္ေတာ္ အက္ဂ္ေရ႕စ္ကို အေဝးသို႔ တြန္းထုတ္လိုက္မိသည္။ အေၾကာင္းမွာ အက္ဂ္ေရ႕စ္က ကြၽန္ေတာ့္ရဲ႕ အေတြးကို ထိုးေဖာက္သိသြားသကဲ့သို႔ မ်က္ဝန္းကို ေမွးက်ဥ္း၍ စူးစိုက္ၾကည့္ေနေသာေၾကာင့္ျဖစ္သည္။

ထိုအခါ စိတ္ထဲ ပူပန္ရႈပ္ေထြးသြားရေသာ ကြၽန္ေတာ့္အျဖစ္ကို ၾကည့္ၿပီး ေအာင္ျမင္သူတစ္ေယာက္လို ဂုဏ္ဝင့္သြားသည့္ ထိုအက္ဂ္ေရ႕စ္က ႏႈတ္ခမ္းကို မသိမသာေကြးတက္ေစ၍ ၿပဳံးေနေပသည္။

သူက ကြၽန္ေတာ့္ဒဏ္ရာနားမွ ဦးေခါင္းကို မဖယ္ခြါခဲ့ဘဲ ႏႈတ္ခမ္းကိုသာ ဖယ္ခြါ၍ ကလူကာျမဴကာ လႈပ္ရွားေနသည္။ နီရဲေနေသာ သူ႔လွ်ာဖ်ားက ဒဏ္ရာပတ္ပတ္လည္ကို လ်က္ေနၿပီး အခ်ိန္တိုင္းလိုလို ဒဏ္ရာအတြင္းသို႔ ထိုးေဖာက္ဝင္လာလိုက္ ႏႈတ္ခမ္းႏွစ္လႊာအတြင္းသို႔ တိုးလွ်ိဳျပန္ဝင္သြားလိုက္ လုပ္ေနခဲ့သည္။

'ရမၼက္လိုလို က်ီစယ္မႈလိုလို မေရရာျခင္း အျပည့္ျဖင့္'

___________

Continue Reading

You'll Also Like

399K 3.1K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
310K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
249K 37.3K 89
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
473K 40.3K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ