When a man falls in love...(C...

By wookiekyoe

162K 4.9K 147

အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီသွေ... More

Part 1 uni
part 1 zawgyi
part 2 uni
Part 2 zawgyi
part 3 uni
part 3 zawgyi
part 4 uni
Part 4 zawgyi
Part 5 uni
part 5 zawgyi
Part 6 uni
Part 6 zawgyi
part 7 uni
part 7 zawgyi
Part 8 uni
part 8 zawgyi
Part 9 uni
Part 9 zawgyi
part 10 uni
part 10 zawgyi
Part 11 uni
part 11 zawgyi
Part 12 uni
part 12 zawgyi
Part 13 uni
part 13 zawgyi
Part 14 uni
part 14 zawgyi
Part 15 uni
Part 15 zawgyi
part 16 uni
part 16 zawgyi
Part 17 uni
part 17 zawgyi
Part 18 uni
part 18 zawgyi
Part 19 uni
part 19 zawgyi
Part 20 uni
part 20 zawgyi
Part 21 uni
Part 22 uni END
Part 22 zawgyi END

part 21 zawgyi

871 8 0
By wookiekyoe

မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.

အပိုင်း....၂၁

အခင်းဖြစ်ပြီးသုံးရက်မြောက်သောနေ့..
နှစ်ဖက်ဂိုဏ်းသားတွေလည်းအတုံးအရုံး
သေကာ..ကျန်တဲ့လူတစ်ချို့လည်းအဖမ်းခံရသည်။

ရေထဲနစ်မြုပ်သွားတဲ့အလောင်းတွေကို
ပြန်လည်ဆယ်ယူနေကြပြီး..အခုထိ
ဦးအနီရဲ့အလောင်းကိုတော့ရှာမတွေ့သေး
ပါ...
အသက်ရှင်နေသေးတာ....မဖြစ်နိုင်ဘူး...
ဦးအနီက
ပင်လယ်ကြီးကိုကြိုက်တယ်ဆို...အခုတော့ရေအောက်ကမ္ဘာထဲကိုအပြီးတိုင်နစ်မြုပ်သွားပြီလား...
ဒါမှမဟုတ်အလောင်းပဲပျက်စီးသွားသလား...

"အဟင့်..ဟင့်...ဦးအနီပြန်လာမယ်ဆို...
ဘာလို့ကတိမတည်တာလဲ.."

အခြေအနေတွေတည်ငြိမ်သွားပြီး၊ဂိုဏ်း
တွေလည်းအဖမ်းခံရကာ..
လူကြီးမင်းလည်းပြန်လွတ်လာပြီမို့..
ခခ ကဘေးကင်းကင်းနဲ့အိမ်ပြန်နိုင်ပြီဖြစ်
သည်။

ဒါပေမယ့်..အခုသူမကတော့ဆိပ်ကမ်းပေါ်မှာ အရူးလိုပြေးလွှားနေဆဲပါပဲ...
အလောင်းတစ်လောင်းတွေ့တိုင်း ပြေးကြည့်.. ဦးအနီမဟုတ်မှ အသက်ရူ
နိုင်ခဲ့သည်။
သူမနောက်က ဘော်ဒီဂတ်တွေကလိုက်လံစောင့်ရှောက်နေသည်။

"မမလေး အခုအိမ်ပြန်ရအောင်.."
"ဟင့်အင်း..
ငါ ဦးအနီကိုစောင့်ရအုံးမယ်..သူငါ့ဆီပြန်
လာမယ်လို့ ကတိပေးထားတာ..."

၃ရက်၊၄ရက်၊၅ရက်...ထိုနည်းတူပင်...
ရှင်းလင်း‌ရေးတွေတောင်ပြီးသွားပြီ..ဘာ
လို့ ဦးအနီိကိုရှာမတွေ့တာလဲ...

၇ရက်မြောက်သောနေ့မှာ..ဆိပ်ကမ်းထဲသို့တရမန်းကြမ်း ကားတစ်စီးမောင်း
နှင်လာသည်။

ကားပေါ်ကပြေးဆင်းလာသူက.စိန်စီလင်း
မင်္ဂလာဆောင်မှာဝတ်ခဲ့တဲ့ ဂါဝန်နဲ့ပင်...
လက်ထဲမှာလည်းသေနတ်တစ်လက်ကိုင်
ပြီး သူမဆီကိုပြေးလာသည်။

ခခ ရဲ့ဘော်ဒီဂတ်တွေပြူးပြာကုန်သည်..

"တစ်ယောက်မှ အနားမကပ်နဲ့ ပစ်သတ်
လိုက်မှာ..နောက်ဆုတ်စမ်း.."

အခုချိန်မှာ သူမလည်းအရူးလိုပါပဲ...

"မကောင်းတဲ့မိန်းမ နင့်ကြောင့်သွေးအခု
လိုဖြစ်ရတာ.. နင်သေလိုက်စမ်း..."

ခခကိုလက်တစ်ဖက်နဲ့လည်ပင်းညစ်ထားသည်။
"ရှင် ရှင် ဘာလုပ်တာလဲ လွှတ်...လွှတ်."

"နင်လိုက်သွားလေ... နင်ငါ့ဆီကနေလုယူ
လို့..သွေးသေရတာ... နင်လည်းအခုသူ့နောက်လိုက်သွား.."

ခခ အတင်းရုန်းကန်နေသည်။

"ဘာလဲ နင်အခုကြလိုက်မသေရဲတော့ဘူးလား...

သွေး... ရှင်မြင်လား.. ရှင်အခုမြင်ပြီလား..
ရှင်သေလောက်အောင်ချစ်တဲ့မိန်းမက
ရှင့်နောက်မလိုက်ရဲတာ..ရှင်တွေ့ပြီလား..."

မြစ်ပြင်ကိုတိုင်တည်ပြီးအော်ဟစ်သည်။
ခခ ကိုစောင့်တွန်းထုတ်လိုက်ပြီး...

"ရှင့်ကို ကျွန်မလောက်ဘယ်သူမှမချစ်တာ...ရှင်သိပြီလား...

ငရဲဆို၇င်တော့ ကျွန်မကိုဖက်ပြီးအတူသွားချင်တာဆို..
ဘာလို့တစ်ယောက်ထဲထွက်သွားရတာလဲ...

ရှင်ချစ်လှပါချည်ရဲ့ဆိုတဲ့မိန်းမက ရှင့်နောက်မလိုက်ရဲပေမယ့်...
ရှင် တစက်မှမချစ်ခဲ့တဲ့မိန်းမက ရှင်ရှိရင်
တမလွန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ် အတူလိုက်
မှာပါ...
ဒါကြောင့် နောက်ဘဝကြရင်စိန်စီလင်းဆိုတဲ့ကျွန်မ ကိုပဲ ရှင်ချစ်ရမယ်...သိရဲ့လား..."

ဒိုင်း... သူ့ကိုယ်သူသေနတ်နဲ့ပစ်ကာ..
အနီသွေး ကျသွားတဲ့နေရာမှာပင် သူမလည်းလိုက်လံခုန်ချ နစ်မြုပ်သွားသည်။

နောက်ဆုံးအချိန်ထိ ရူးသွပ်စွာချစ်ခဲ့တဲ့
စိန်စီလင်း...
ကျန်ရစ်ခဲ့တဲ့ ခခ...

"စိန်စီလင်း...ရှင့်အချစ်ကိုတော့လေးစား
ပါတယ်... ဒါပေမယ့် ရှင်ကချစ်ခဲ့တာမဟုတ်ပဲ ..ရူးသွပ်နေတာပါ...

ဒီလို လိုက်သေလိုက်ရင်ပြီးကောလား...
..
ဦးအနီ နဲ့တကယ်ပြန်ဆုံမှာလား..
အဲ့လိုသာဆို ကျွန်မကရှင့်ထက်အရင်သေခဲ့မှာပါ...

ဦးအနီကပြောတယ်.. အချစ်ဆိုတာ..
ချစ်ရတာလွယ်ပြီး..ထိန်းသိမ်းစောင့်ရှောက်ရတာကြပိုခက်တယ်တဲ့...

ရှင်သန်ကျန်ရစ်ခဲ့တဲ့ နာကျင်မှုကဘယ်
လောက်တောင်လဲ သိရဲ့လား...

အသက်ရူလိုက်တိုင်း ရင်ဘတ်ထဲမှာဆူး
တစ်ချောင်း သတ်ရိုက် ထားသလိုပဲ...
ဒါပေမယ့် ..
ကျွန်မ ရှင့်လိုလိုက်မသေနိုင်ဘူး..
နာကျင်စွာ အသက်ရှင်ရင်း
ကျွန်မတို့အချစ်ကိုစောင့်ရှောက်ရအုံးမယ်..

အဲ့တာ ကျွန်မရဲ့တာဝန်ပဲ...
ဦးအနီ ထားခဲ့တဲ့အရာတွေကို ကျွန်မစောင့်ရှောက်ရမယ်..
အဲ့တာ.. က ကျွန်မသိတဲ့အချစ်ပဲ.."

>>>>>>>>>>
၆နှစ်ခန့်ကြာပြီးတဲ့နောက်...

ဒိုင်းရိပ်...အမည်တပ်မထားတဲ့ဆေး၇ုံခန်း
ဖြူဖြူလေးထဲသို့ဝင်လာသည်။

လွန်ခဲ့တဲ့အချိန်တုန်းက ခခကိုကယ်ဖို့
ဆိပ်ကမ်းမှာ.. သူ၂ဖက်ဂိုဏ်းကိုရင်ဆိုင်
ခဲ့ရပြီး..ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ဒါပေမယ့်.. သူ့လက်အောက်က ၀ပုရှည်မဲ
တို့၎ယောက်‌ရောက်လာပြီး သူ့ကိုကယ်
ထုတ်သွားခဲ့သည်။

သူမသေသလို... သူရဲ့ချစ်လှစွာသောသခင်လေးလည်း အသက်ရှင်တယ်
ဆိုယုံလေးရှိနေပါသေးတယ်...

ဆေးရုံခန်းလေးထဲကို အဲဖရက်ရှာဖြန်းပေးပြီ.. အဲယားကွန်းကိုပြန်ချိန်ကာ..
စောင်လဲသေချာပြန်ခြုံပေးရင်း...

"သခင်လေး.. ဒီလောက်အကြာကြီးအိပ်
နေရတာ မငြီးငွေ့ဘူးလား..
အပြင်မှာနှင်းတောင်ကြနေပြီ.."

အနီသွေးကကိုမာဝင်နေတာဖြစ်သည်။
အိပ်နေတာ၆နှစ်တောင်ရှိပြီ..

အဲ့အချိန်တုန်းက ရေထဲပြုတ်ကြပြီး‌ ရေစီး
နဲ့အတူပါသွားကာ...မြစ်အောက်ပိုင်းကို
မြောသွားတာဖြစ်သည်။

သူ့ရဲ့အရိပ်လိုလူဖြစ်တဲ့ ဒိုင်းရိပ်ကသူ့ကို
အရင်ဆုံးရှာတွေ့ခဲ့သည်။
တိတ်တဆိတ်ခေါ်လာပြီး..ဆေးကုပေမယ့်.. သခင်လေးရဲ့ခေါင်းကသေနတ်
ဒဏ်ရာကြောင့်.. ဦးနှောက်အကြောသေ
သွားသည်။

"သခင်လေး..အခုပဲဖြစ်ဖြစ်နိုးထပြီးမမလေးကို လိုက်ရှာရမယ်မို့လား...

မမလေးကိုထားပြီး လုံဝထွက်မသွားနိုင်
ဘူးမို့လား..
ဒါကြောင့်အခုလို အသက်ကြိုးမျှင်းမျှင်း
ကျန်နေတာ မို့လား..

မမလေး ဘယ်‌ရောက်နေလဲ..ကျွန်တော်
မသိပါဘူး.. သခင်လေးနိုးမှ ကိုယ်တိုင်
ရှာရမှာပါ...
အခု ဆက်မအိပ်ပါနဲ့တော့.."

လူမိုက်ဖြစ်ပြီး မျက်ရည်ကြစရာလားလို့..
အမြဲဆုံးမတဲ့သူ့ကြောင့်... သူအခုချိန်ထိ
မငိုမိအောင်ကြိုးစားနေသည်။

မျက်ဝန်းအိမ်တွေနီရဲလာတာကြောင့်..
သူ့ဘေးကနေထထွက်လာခဲ့သည်။

ဒိုင်းရိပ်ထွက်သွားချိန်မှာ.. သူ့လက်ချောင်းလေးတွေပြန်လည်လှုပ်ရှားလာလေသည်။

>>>>>>>>>>>
ပါရီမြို့ရဲ့တစ်နေရာ...
အနီသွေး ရောက်ရှိနေပြီး ..ပါရီမြို့ကိုဖြတ်
စီးနေတဲ့စိန့်မြစ်အတွင်း..river cruise
စီးရင်းအနားယူနေသည်။

သခင်လေးကအံ့သြစရာကောင်းစွာပြန်
လည်နိုးထလာပေမယ့်..ဒီထက်ပိုအံ့သြ
စရာကောင်းတာက သူ့ဘ၀ရဲ့အ‌ရေးကြီး
သောမှတ်ဉာဏ်တချို့ပျောက်ဆုံးနေခြင်း
ပင်ဖြစ်သည်။

ပြည်ပထွက်ပြီးဆေးကုရင်း..အနားလည်း
ယူလို့ရအောင် ဒီိလိုခရီးစီစဉ်ပေးခဲ့တာ...

မြစ်ပြင်ကိုမြင်ရင်တိုက်ဆိုင်တာ တစ်ခုခုများသတိရနိုင်မလားလို့...ဒိုင်းရိပ်ကစီ
စဉ်တာ.. ဘာမှမထူးခြားခဲ့...
ဟူးးး
ဟော်တယ်ကိုပဲပြန်ခေါ်လာရသည်။

သူဟော်တယ်ထဲဝင်လာစဉ်..လော်ဘီမှာ
ကလေးတစ်ယောက်လျှောက်ပြေးနေတာ
ခရီးဆောင်အိတ်တွေသယ်ဆောင်လာတဲ့
လှည်းက ကလေးကိုမမြင်ပဲဝင်တိုက်မိတော့မည်...

ဟာ...ကျစ်...
သူမနေနိုင်မထိုင် ကလေးကိုကာကွယ်ဖို့
လှည်းကိုတားလိုက်တဲ့အခါ..ခရီးဆောင်
အိတ်တွေ တဘုန်းဘုန်းနဲ့သူ့အပေါ်ကြလာသည်။

*ဟာ..ဧည့်သည်..မတော်တဆမှုအတွက်
တောင်းပန်ပါတယ်..*

သူကဂရုမစိုက်ကလေးကိုကြည့်ကာ..

*ဟေ့ ကလေး ဘာဖြစ်သွားသေးလဲ..*
*တွင်ကယ် ဘာမှမဖြစ်ပါဘူး..ဦးဦး
ဦးဦးကော နာသွားလားဟင်..*

တွင်ကယ် လို့သူမကိုယ်သူမသုံးနှုန်းပြီး
အင်္ဂလိပ်လိုပီသစွာပြန်ဖြေတဲ့..ကလေးမလေး...

*အမလေး..ဘေဘီ.. ဘာလို့မေမေ့ကို
မစောင့်တာလဲ.. ဘယ်နေရာခိုက်မိသွား
သေးလဲ..*

ဆလင်းဘတ်အိတ်အကြီးကြီးအပြင်...ကလေးကျောပိုးအိတ်နဲ့ နောက်ထပ်အိတ်
သေးသေးလေးတွေပါသယ်လာတဲ့
ခပ်ငယ်ငယ်အမျိုးသမီး သူတို့ဆီပြေးလာ
သည်။

*မင်းကအမေဆိုရင် ကိုယ့်ကလေးကို
သေချာစောင့်ရှောက်ရမှာပေါ့...နောက်ထပ် ကလေးနဲ့မကွဲစေနဲ့  ..*

*ဟုတ်ကဲ့...babyလေးကိုကယ်ပေးတာကျေးဇူးတင်ပါတယ်ရှင်.."

ကျေးဇူးတင်ကြောင်းပြောပြီးမှ ထိုလူကို
မော့ကြည့်မိသည်။ ထိုလူကနေရာကထ
သွားပြီဖြစ်သည်။
ဟင်...
"ခဏ.."
သူမ ဗမာလိုပြောတာကို ထိုလူကရပ်လိုက်တယ်ဆိုတော့ နားလည်လို့ပေါ့...

သူဆီပြေးလာကာ..သူ့မျက်နှာကိုသေချာ
ကြည့်ပြီး..အံ့သြဆွံအစွာ..

"ဦးအနီ... ဦးအနီသွေး
တကယ်ပဲ ...ရှင်ဟုတ်ပါတယ်နော်.."

ကြံကြံဖန်ဖန် လမ်းဘေးက‌ရေခဲမုန့်ကို
စားချင်တယ်လို့ပြောသဖြင့် ဒိုင်းရိပ်ဆင်းဝယ်ပြီးဟော်တယ်သို့ လိုက်လာစဉ်..
မမလေးကိုပါ..မြင်လိုက်ရသဖြင့်လက်ထဲ
က‌ရေခဲမုန့်ခွက်ပင်လွတ်ကြသွားသည်။

"ဘယ်သူလဲ ငါ့ကိုသိလို့လား.."

ခခ သူ့မျက်နှာကိုလက်နဲ့ထိကိုင်ကြည့်ကာ...
"တကယ်ပဲ ဦးအနီလား...ရှင်အသက်ရှင်
နေခဲ့တာလား...
ဝမ်းသာလိုက်တာ.."
ပတ်ဝန်းကျင်ကိုခဏမေ့သွားပြီး..သူ့ကို
ဖက်ထားလိုက်မိသည်။

"ဟေ့ မင်း ဘာလုပ်တာလဲ.."
သူက သူမကိုတွန်းထုတ်သည်။

ခခ ထပ်ပြီးအံ့သြရပြန်သည်၊၊ ဦးအနီမှန်ပါ
လျှက်နဲ့ခခ ကိုမသိဘူးတဲ့...
၆နှစ်ကြာခဲ့ပြီး ကလေးတစ်ယောက်လည်း
မွေးခဲ့လို့.. ခခ ဒီအတောအတွင်းအရမ်း
ပြောင်းလဲသွားလို့... ဦးအနီမမှတ်မိတာလား...

"ဦးအနီ ခခလေ... ခခကိုမမှတ်မိဘူးလား
ဟင်.."

"ဘယ်က ခခလဲ..ငါ မင်းကိုလုံးဝမသိဘူး..
မင်းငါ့ကို မြင်ဘူးတိုင်း၊ငါ့နာမည်ကိုသိတိုင်း ဇတ်လမ်းလာမရှာနဲ့...
မင်းက ကလေးအမေဆိုရင် ကိုယ့်ကလေးသာ ကိုယ်ဂရုစိုက်.."

ခခ ကိုတွန်းထုတ်ပြီး ဟော်တယ်ဓာတ်လှေကားဘက်ကိုလျှောက်သွားသည်။

"ဦးအနီ...ဦးအနီ...နေပါအုံး.."
ကလေးကတစ်ဖက်နဲ့မို့ သူ့နောက်လည်း
မှီအောင်ပြေးမလိုက်နိုင်ပါ...
ထပ်ပျောက်သွားရင် မဖြစ်တာကို...

"မမလေး.."
"ဟင် အကိုဒိုင်းရိပ်.. ရှင်လည်းအသက်ရှင်နေတာလား.."

"ဟုတ်ကဲ့.."
"ခုနက ဦးအနီ.. သူ ...သူဟုတ်တယ်မို့လား.. ဘာလို့ခခကိုမမှတ်မိတာလဲ.."

"ကျွန်တော် ဖြေးဖြေးချင်းရှင်းပြပါ့မယ်.."

သူမတို့ကိုဟော်တယ်ထဲက စားသောက်
ဆိုင်သို့ခေါ်လာပြီး...

"သခင်လေးကို ကျွန်တော်အရင်ဆုံးရှာ
တွေ့ခဲ့တာပါ...ဒါပေမယ့် အဲ့အချိန်ကသ
ခင်လေးကသေလူလိုပဲဖြစ်နေတာ...
မျှော်လင့်ချက်မရှိတော့ဘူး..
ဒါကြောင့် ဘယ်သူ့ကိုမှအသိမပေးခဲ့တာပါ..

သခင်လေး..သတိပြန်ရတာမကြာသေးပါဘူး.."

"ဒါဆို ဦးအနီကအတိတ်မေ့နေတာလား.."
"အားလုံးတော့မဟုတ်ပါဘူး.."

"အားလုံးမဟုတ်ဘူး ဆိုတာက.."

"မမလေးကိုပဲမမှတ်မိတာပါ..."

"ရှင်.."
"မမလေးနဲ့တွေ့ပြီးနောက်ပိုင်းအချိန်တွေကိုသူမမှတ်မိဘူး...
ထိုင်းမှာဒဏ်ရာလို့ အခုလိုဖြစ်နေတာလို့
သူထင်နေတယ်.."

"သူ ဘယ်လိုလုပ် ခခကိုမေ့လိုက်နိုင်တာလဲ.."

"ဆရာဝန်ပြောတာတော့...သူ့အတွက်နာ
ကျင်စရာအမှတ်တရတွေမို့မေ့ပစ်ချင်တာ...
ဒါမှမဟုတ်.. အဲ့ဒီမိန်းကလေးကသူနဲ့သာ
မဆုံခဲ့ရင် ကောင်းမှာပဲဆိုပြီး သူတွေးနေလို့..
အဲ့ဒီအချိန်က မှတ်ဉာဏ်တွေပျောက်ဆုံး
နေတာတဲ့.."

"မတရားဘူး..
ခခကတော့သူ့ကို၆နှစ်လုံး
လုံးတစ်ရက်ကလေးမှမမေ့ခဲ့ဘူး...

သူက ဒီလို ခခကို မှတ်ဉာဏ်ထဲကပါ
ရှင်းထုတ်ပစ်လိုက်ရလား..
အဟင့်...ဟင့်.."

*မေမေ.. ဘာလို့ငိုနေတာလဲဟင်...
ခုနကဦးဦးက လူဆိုးလား..*

*ဟင့်အင်း..မဟုတ်ဘူး... သမီးလေးကအဲ့လိုပြောလို့မဖြစ်ဘူး..*

"ဒီကလေးက.."
ဘယ်သူလဲလို့မေးချင်ပေမယ့်..မသိချင်တဲ့ အဖြေမျိုးထွက်လာမှာစိုး၍ဆက်မမေး
ရဲ..

"ကျွန်မတို့ရဲ့သမီးလေးလေ.."
"ခင်ဗျာ.."
"ကျွန်မစောင့်‌ရှောက်ခဲ့ရတဲ့သူ့ရင်သွေး
၊ သူချန်ခဲ့တဲ့အချစ်...

ကျွန်မ သမီးလေးကိုပျိုးထောင်ရင်း သူ့ကို
ဘယ်လောက်တောင်မှ သတိရနေခဲ့
သလဲ..
အခု ပြန်တွေ့ရတော့လည်း..သူကမမှတ်မိ
ဘူးတဲ့..
အကိုဒိုင်းရိပ် ရှင့်သခင်လေးကတကယ်
ရက်စက်တယ်မှတ်လား.."

မမလေးကိုရှာမတွေ့တဲ့အတွက်..သခင်လေးတသက်လုံးမေ့သွားလည်းကောင်း
တာပဲလို့တွေးဘူးတယ်...
ဒါပေမယ့် အခုလိုမျိုးသူတို့ကြားထဲမှာ
ရင်သွေးလေးပါရှိနေတာကို..
ဒီအတိုင်းမေ့နေလို့တော့မဖြစ်ဘူးပဲ...

"ကျွန်တော် ကူညီပါ့မယ်.. သခင်လေးအခုလိုမေ့နေတာကလည်း..မမလေးအတွက်ပဲ သူတွေးလွန်းလွန်းလို့ပါ...

တသက်လုံးတော့မေ့နေပါ့မလား...
ပြီးတော့ သွေးက‌ရေထက် ပျစ်ပါ
တယ်မမလေး...

သခင်လေးက မမလေးတို့သားအမိကို
တသက်လုံးမေ့လိုက်မယ့်လူမဟုတ်ပါဘူး.."

သူမတို့ကအမေ့ဘက်ကဆွေမျိုးတွေရှိတဲ့
ဆွစ်စလန်နိုင်ငံ ...လူဇန်းမြို့မှာအခြေချနေတာဖြစ်ကာ..
သမီးလေးကပါရီကိုအလည်သွားချင်တယ်ဆို၍လိုက်ပို့ချင်းဖြစ်သည်။
ဒီခရီး မှန်ကန်ခဲ့သလား...

>>>>>>>>>

သူအခန်းအပြင်ထွက်လိုက်တိုင်း...
"ဦးအနီ.."လို့ခေါ်ပြီးလိုက်လိုက်စကားပြော
တဲ့မိန်းမကြောင့် သူစိတ်ပျက်ရသည်။

မနေ့ကလည်းဈေးဝယ်ထွက်တာကိုလိုက်
ရှုပ်သေးတယ်...

"ဦးအနီ ဘယ်သွားမလို့လဲ ဟင်.."
"ဘာလိုက်ရှုပ်အုံး မလို့လဲ.."
"ရှုပ်စရာလား.. ခခတို့လည်း ပြတိုက်သွား
ကြည့်မှာမို့ အတူလိုက်ခဲ့ပါလားလို့.."

"မင်းဖာသာသွား.."
အော်ပြီးအခန်းထဲပြန်ဝင်လာသည်။

ကျွတ်..ပါရီ အပန်းဖြေခရီးတဲ့ ..စိတ်အနှောင့်အယှက်ပဲဖြစ်တယ်...

"သခင်လေး ဘာဖြစ်လို့ပါလဲ.."

"အဲ့ဒီမိန်းမက တကယ်စိတ်ရှုပ်စရာကောင်းတယ်..
မင်း သူ့ကိုသိလား..ဘယ်သူလဲ.."

"သခင်လေး တကယ်မမှတ်မိဘူးလား..
မမလေးကို.."
"ဘယ်သူမို့ မင်းကမမလေးလို့ခေါ်တာလဲ.."

"အဲ့လိုခေါ်ရမယ့် အကြောင်းအရင်းရှိခဲ့
ပါတယ်.. သခင်လေးသိချင်ရင်.."

"မသိချင်ဘူး..ဘယ်လိုပဲကြည့်ကြည့်
ဒီမိန်းမက stalkerပဲ...
ငါရုပ်ချောတာနဲ့ပဲ..ဇတ်လမ်းရှာနေတာ
ကလေးအမေဖြစ်ပြီး.. " တဲ့..

ဒိုင်းရိပ်မှာ ရယ်ရအခက်ငိုရအခက်..

"တော်ပြီ.. ငါဆက်မနေချင်ဘူး...
မနက်ဖြန် ပြန်မယ်စီစဉ်လိုက်.."
"ခင်ဗျာ.. "
"မင်းနားလေးနေလား.."
"ဟုတ်ကဲ့ သိပါပြီ.."

သခင်လေးရယ်...
သခင်လေးလိုချင်တောင့်တခဲ့တဲ့ ဘဝ
တစ်ခုကလက်တစ်ကမ်းမှာရောက်နေပြီ..

ဒါကို ဘာမှထပ်ပြီး မစဉ်းစားချင်တော့ဘူးလား..

>>>>>>>
သူကမနက်ဖြန်ကြရင်ပြန်တော့မှာဖြစ်ပြီး..
ညဘက်မှာ..ဟော်တယ်ခေါင်မိုးထပ်က
ရေကန်နားမှာရပ်ပြီး ညရှုခင်းတွေကြည့်ရှု
နေသည်။

"ဦးအနီ..."
"မင်း ထပ်လာပြန်ပြီလား.."

"ခခ ကိုစိတ်ရှုပ်လို့လား.. ဒါကြောင့်မနက်
ဖြန်ကြရင် ပြန်တော့မှာဆို.."

ဒိုင်းရိပ် အဲ့ဒီကောင်လည်း အာချောင်တတ်နေပြီ...

"ဘာမှမမှတ်မိချင်တော့ဘူးလား..."
"ငါမေ့နေတာ ဘာမှမရှိဘူး.."

"ရှိတယ်..ရှင့်ဘ၀ရဲ့အ‌ရေးကြီးဆုံးအရာကို
ရှင်မေ့နေတာ.."
"အဲ့တာ မင်းလို့တော့လာမပြောနဲ့.."

"ဟုတ်တယ်...ကျွန်မပဲ.."

"ဒီမှာ..မင်းအသက်ဘယ်လောက်ရှိပြီလဲ..
ငယ်တော့ငယ်အုံးမှာပဲ.. ဒီအရွယ်နဲ့ကလေးကဒီလောက်ရှိနေပြီဆိုတော့
မင်းအနေအထိုင် မဆင်ခြင်ခဲ့လို့ပဲ...

သမီးလေးမွေးထားပြီး မင်းကိုယ်တိုင်က
အနေမမှန်ရင် မင်းသမီးက မင်းကိုကြည့်ပြီး ဘာတွေသင်ယူမှာလဲ.."

အံမာ... ခခအခုလိုကလေးအမေဖြစ်ရတာဘယ်သူ့ကြောင့်လဲ... ခခ သူ့ကိုဒေါ
သထွက်လာသည်။

"ရှင် ကျွန်မကို ပြန်သင်ကြားမနေနဲ့.."

"မှန်တာပြောရင် လူကြိုက်နည်းတယ်.."

"ရှင်ကဘာမှန်နေလို့လဲ..တစ်ခါမှမှန်တာ
မလုပ်ဘူးတဲ့လူကများ...

ရှင် ကျွန်မကိုတွေ့တိုင်းစိတ်ရှုပ်တယ်မို့လား.. အဲ့လို စိတ်ရှုပ်ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကိုကော သိလား..

သိရမှာကြောက်လို့..မစဉ်းစားပဲထွက်ပြေး
ချင်တာမို့လား.."

"ဘာ."
"ရှင်ကအရူး..သရဲဘောကြောင်တဲ့
ငကြောက်..."

"ဘာ.. မင်း...မင်းတော်တော်ရှိုင်းစိုင်းတာပဲ...ငါအရင်လိုဆို မင်းကိုသတ်ပစ်လိုက်ပြီ.." တောက်))))

သူစိတ်တိုသဖြင့် အဲ့နေရာကထွက်လာလျှင်...

"အနီသွေး အဲ့မှာရပ်နေ...
ကျွန်မ ထပ်ပြောမယ်..ကျွန်မကရှင့်ရဲ့အ‌ရေး အကြီးဆုံးလူပဲ...
အနီသွေးရဲ့မိန်းခလေး..အဲ့တာရှင်မေ့ထား
တဲ့ကျွန်မအကြောင်းပဲ..

ရှင်သေချာစဉ်းစား.. သတိရရင်ကျွန်မနာ
မည်ခေါ်လိုက်.."

ဗွမ်း...
သူမကရေထဲကိုနောက်ပြန်ခုန်ချလိုက်တာဖြစ်သည်။
ဟာ..ဒီမိန်းကလေး...

["ဦးအနီရေ ကယ်ပါ ခခေရမကူးတတ်ဘူး.."
ဟင်...
"ဦးအနီက ချစ်ဖို့ကောင်းလို့.."
"ဦးအနီရေ...ဦးအနီ.. "]
သူ့မျက်စိထဲ၊နားထဲမှာ ပုံရိပ်တစ်ချို့မြင်ယောင်ကြားယောင်လာကာ..
"ဦးအနီ မသွားနဲ့.. ."
"ကိုယ်ပြန်လာခဲ့မယ်ကတိပေးတယ်.."

ဒိုင်း...ဒိုင်း...အား...]
မြင်ယောင်၊ကြားယောင်လာတဲ့အတိတ်
မှတ်ဉာဏ်ကြောင့်...နောက်တစ်ကြိမ်ထပ်
ပြီးသေနတ်နဲ့အပစ်ခံရသလို ခံစားလိုက်
ရသည်။

သူခေါင်းကို ဖိကိုင်ပြီး.. အသိနဲ့သတိပြန်
လည်ချုပ်ထိမ်းနိုင်ချိန်မှာတော့..
ခခ ခုန်ချသွားတဲ့‌ရေမျက်နှာပြင်ကငြိမ်
သက်နေပြီ...

"မဖြစ်ဘူး...ဘေဘီ.."
ဝုန်း...
သူပါလိုက်လံခုန်ချပြီး...သူမအားဆယ်ယူ
သည်။

"ဘေဘီ...ဘေဘီ...သတိထားပါအုံး.. "
သူမရင်ဘတ်ကိုဖိပြီး ရေတွေအန်စေသည်။
သူမအသက်ရူနိုင်ရန် နှုတ်ခမ်းနားတေ့ပြီး
လေတွေသွင်းပေးသည်။

အဟွတ်...
"ဘေဘီ... မင်းရရဲ့လား.."
"ဦးအနီ ခခကိုမှတ်မိပြီလား.."

"မင်း ဘာလို့ဒီလိုလုပ်ရတာလဲ.. "
"ဦးအနီ ကထွက်သွားတော့မယ်ဆို..
ခခ ဒီလိုမစွန့်စားရင်..ဦးအနီ ဒီအတိုင်း
ခခကို တသက်လုံးမေ့သွားမှာစိုးလို့ပါ.."

"ကိုယ်တောင်းပန်ပါတယ်.. .
ကိုယ်က ဘာလို့မင်းကိုမှမေ့နေမှန်း..."

"ဦးအနီ ခခကိုမေ့ထားတဲ့၆နှစ်လုံးလုံး..
ခခ ဘယ်လိုရှင်သန်ခဲ့ရလဲ သိရဲ့လား.."

"အဲ့ဒီအတွက်ကိုယ်ပြန်အလျှော်ပေးပါ့မယ်.."

"ဘယ်လိုမျိုးလဲ.. "
သူမမျက်နှာလေးကိုဆွဲယူပြီး မွတ်သိပ်သောအနမ်းများခြွေချပေးနေသည်။
So..deep...

"လျှော်ကြေးအဖြစ် ကိုယ့်တစ်ဘဝလုံးပြန်
ပေးမယ်..ကျေနပ်လား.."

"အရင်အချိန်တွေကို ခွင့်လွှတ်နိုင်ပေမယ့်..ခုနက ဦးအနီပြောတဲ့စကားတွေ
ကိုတော့ အသဲပေါက်တယ်သိလား..."

"ကိုယ် ဘာတွေပြောမိပါလိမ့်.."

"မမှတ်မိတော့ဘူးလား.."
"အွင်း.."
ဟွန့်...
ထိုစဉ်..သူတို့ရှိရာသို့ဒိုင်းရိပ်ကသမီးလေးကိုလက်ဆွဲပြီး လျှောက်လာသည်။

"မာမီ..ဒီဦးဦးကမီးမီးရဲ့ဖေဖေမို့လားဟင်.."
Mလိုလည်းပြောတတ်သားပဲ...
"သမီးက.."
"ခခ ပိုးမွေးသလိုတယုတယမွေးခဲ့ရတဲ့
ဦးအနီရဲ့ကိုယ်ပွား လေးပေါ့..

ဟုတ်တယ် ဘေဘီလေး..
ဒါသမီးရဲ့ဒယ်ဒီပဲ..
ဘယ်လိုလဲ မိုက်ရဲ့လား.."

"ဟုတ်ကဲ့..ဒယ်ဒီကမီးမီးထင်ထားတာထက်ပိုချောပါတယ်.."

"ဟာကွာ.."
"ခိခိ.."
လူမှန်းသိတတ်စထဲက သူ့အဖေကိုမေးတတ်လာတယ်..
ဦးအနီကဘယ်တော့မှဓာတ်ပုံမရိုက်တာ
ကြောင့်.. သမီးလေးကိုပြဖို့သူ့ပုံလေး
တစ်ပုံတစ်လေတောင်မကျန်ခဲ့ဘူး..

ဒါကြောင့်သမီးလေးက သူ့အဖေရဲ့ပုံစံကို
သူ့ဟာသူ စိတ်ကူးယဉ်ခဲ့တာဖြစ်ပါတယ်..
"လာပါအုံး..သမီးလေး...
ဒယ်ဒီကတစ်ခေါက်လောက်ဖက်ကြည့်ချင်တယ်..ရမလား.."

"ဟုတ်ကဲ့..တွင်ကယ် ဒယ်ဒီ့ကိုချစ်တယ်.."
သူ့မေးဖျားကိုနမ်းပြီး သူ့ကိုလည်းပြန်သိုင်းဖက်ထားသည်။

ဒီလိုဘ၀..ကိုယ်အခုအိပ်နေရင်းအိမ်မက်များမက်နေတာလား...

သူတို့သားအဖကိုကြည့်ကာပျော်လွန်းလို့ မျက်ရည်များပင်ဝဲနေတဲ့ခခ...

"အကိုဒိုင်းရိပ်...အားနာပေမယ့်..
အခု ဦးအနီကိုကျွန်မဆီပြန်ပေးပါတော့.."

"ဟုတ်ကဲ့..အဲ့လိုပဲလုပ်ရမှာပေါ့...
သခင်လေးကအစထဲက မမလေးပိုင်တာပါ.."

ချစ်ရတဲ့ဦးအနီရယ်၊ရင်နင့်သည်းချာသမီး
လေးရယ်နဲ့..အတူရှိရတဲ့ ပါရီရဲ့ညဟာ...
တသက်မမေ့နိုင်လောက်အောင် လှပနေ
ပါတယ်...

"ဦးအနီ နောက်ဆိုအလုပ်ကြိုးစားလုပ်ပြီး.. ပါရီမြို့ကြီးအပိုင်ဝယ်ပေးပါ.."

သူမကိုငဲ့ကြည့်ပြီး...
"မတွေ့ရတဲ့ ၆နှစ်အတွင်း မင်းနဲနဲတော့
ပြောင်းလဲလာတာပဲ.."

."ကလေးအမေမို့ပါ.."

"ကလေးအမေတွေအားလုံး ဒီလိုလောဘ
ကြီးလာတာလား.."

"ဟုတ်ကဲ့...ဘာလို့လဲဆိုတော့
သူတို့ဘေးမှာ စူပါဟီးရိုးတစ်ယောက်ရှိ
နေလို့လေ.. အရာအားလုံးဖြစ်နိုင်တယ်
ထင်လာတယ်.."

>>>>>>

Continue Reading

You'll Also Like

199K 15.2K 33
គ្រាន់តែបើកភ្នែកឡើង គេក៏បានក្លាយទៅជាភរិយារបស់ឧត្តមសេនីយ៍ឯកចនបាត់ទៅហើយ! JEON JUNGKOOK/KIM TAEHYUNG
274K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...
78.7K 7.6K 200
အပိုင်း ၁၉၇ မှ ၃၉၄ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလော...