မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.
အပိုင်း....၂၀
သူတို့ကခိုးပြေးလာတဲ့စုံတွဲဖြစ်ပြီး..မိဘတွေကသဘောမတူလို့လိုက်ခွဲနေတာနဲ့..
ပြေးရှင်းလွှားရင်းနဲ့အခုလိုဖြစ်လာတာပါ
ဟု.. အမျိုးသမီးကြီးကိုညာထားရသည်။
သူကကျောမှာမီးလောင်ဒဏ်ရာအများ
အပြားရထားတာကြောင့်..ရေကြည်ဖုတွေ
ထနေပြီး..မှောက်ပဲအိပ်ရသည်။
ခခ သူ့ကိုကြည့်ပြီးငိုပြန်သည်။
"ဒါအကုန် ခခကြောင့်ပါ...
ခခသာ ဒီနိုင်ငံကထွက်သွားခဲ့ရင်...
ဦးအနီလည်း ဒီလိုအကြပ်ကိုင်ခံရမှာမဟုတ်ဘူး.. ဒီလိုသေလုမျောပါး
လည်းဖြစ်မှာမဟုတ်ဘူး..
ခခ အမေလည်းအခုဆို အရမ်းစိုးရိမ်နေမှာ..
အဖေလည်း ခခကြောင့်စစ်ဆေးရေးရုံးမှာ...
အားလုံး ခခမကောင်းတာ.."
မှောက်အိပ်နေရာကနေ သူထလာပြီး..
"ဘေဘီ... အခုလောက်ဒဏ်ရာက..
မင်းထွက်သွားတုန်းကရခဲ့တဲ့ အတွင်းဒဏ်ရာနဲ့ယှဉ်ရင် အသေးအဖွဲ့လေးပါ...
ကိုယ်ငယ်ငယ်ကနေ ဒီနေ့ထိ...
မင်းမရှိမှာ တစ်ခုကလွဲရင် ကျန်တာမကြောက်ဘူး..
ကိုယ့်ကိုအတ္တကြီးတယ်လို့ပြောချင်ပြောပါ... အခုလိုပဲဖြစ်ဖြစ်အတူရှိနေရတာ
ကိုယ်တကယ်ကြိုက်တယ်...
ခဏလောက်စောင့်ပြီးမင်းအမေဆီလည်း ကိုယ်ဆက်သွယ်ပေးပါ့မယ်...
စစ်ဆေးရေးရုံးရောက်နေတဲ့ မင်းအဖေ
လည်း ဘာမှဖြစ်မှာမဟုတ်ဘူးလူကြီးမင်းက အလုပ်လုပ်တာစေ့စပ်ပါတယ်.. ခဏလောက်အစစ်ခံပြီးရင်ပြန်
လွတ်လာမှာ...
ကိုယ်ပြောတာယုံ...
မငိုနဲ့... မင်းမျက်ရည်ကြရင် ကိုယ်မခံစား
နိုင်ဘူး.." တဲ့....
.....
"ဦးအနီ..ဒါနဲ့ အကိုဒိုင်းရိပ် ကောဟင်.."
"ဒိုင်းရိပ်က အသက်ရှင်နေမယ်ဆိုရင်..
ကိုယ်ဘယ်ရောက်နေနေသူရှာနိုင်တယ်... "
"ဒါဆို...သူ.."
သေပြီလားလို့လဲ မမေးရက်ပါ...
ဦးအနီလည်း ဒိုင်းရိပ်အကြောင်းတွေးပြီး
နာကျင်သွားဟန်တူသည်။
"သူကကိုယ့်အတွက် ညီအရင်းလိုပါပဲ...
တစ်ဦးတည်းသောညီလေး....
ကိုယ်အသုံးမကျလို့..သူ့ကိုဆုံးရှုံးရတာ...
အခု ကိုယ်သူ့အတွက်ဘာမှမလုပ်ပေးနိုင်ဘူး...
ကိုယ်သက်သာတာနဲ့ ဒီကထွက်သွားရမယ်...
ဒါပေမယ့် တနေ့ကြရင်တော့.. ကိုယ့်ညီ
အတွက် လက်တုံ့ပြန်မှာပါ...
အဲ့လိုမလုပ်ပဲ...ကိုယ်မသေဘူး.."
>>>>>>>>>
"ရော့ သမီး..ကောင်လေးကိုဒါတွေလူးပြီး
ဆေးလည်းပုံမှန်တိုက်...
အမေလည်းအရင်ကမီးထဲသေမလိုဖြစ်ဘူးတယ်...
ဆေးပုံမှန်လူးပြီး၊ပုံမှန်သောက်ရင်
ကလေးဒဏ်ရာတွေသက်သာသွားမှာပါ.."
"အမေ.. ကျွန်တော့်ကြောင့်တော်တော်
အနှောင့်အယှက်ဖြစ်ရပြီ.."
"နိုးနေတာလား
ကောင်လေး မင်းသက်သာရဲ့လား..
မင်းအတွက်ဆန်ပြုတ်ကြိုထားတယ်..
မိန်းကလေးရှိရင် ခေါ်လာခဲ့ဆိုတာကို
တစ်ခါထဲခိုးပြေးလာရလား....
တကယ်ပဲ....
ဒါပေမယ့်...
ကလေးတွေ... မင်းတို့မိဘတွေကိုအပြစ်
မတင်ကြနဲ့နော်..အပြစ်ဖြစ်မယ်..
မိဘတိုင်းသားသမီအပေါ်လွန်ကဲတဲ့အတ္တ
တွေရှိကြတာပဲ...ဒါကိုသူတို့ကိုယ်သူတို့
မသိဘူး...
သူတို့ ခင်းတဲ့လမ်းကသားသမီးအတွက်
အကောင်းဆုံးလို့ထင်ပြီးလျှောက်စေချင်တယ်..
လူငယ်တွေကတော့အချစ်နဲ့ပတ်သက်လာရင်
စွန့်စားကြည့်ချင်တယ်.. ခွဲဖို့တားစီးဖို့ကြိုး
စားလာရင် ရန်သူလိုမြင်တယ်..
ဒါကြောင့် မိဘနဲ့သားသမီးကြား ပဠိပက္ခ
တွေဖြစ်လာရတယ်...
အမေလည်း..ငယ်ငယ်ကအပြစ်မြင်ဘူးတာပဲ... ဒါပေမယ့် ပြန်စဉ်းစားကြည့်
တော့.. သူတို့ဒီလိုလုပ်တာ..ကိုယ့်အတွက်မှန်းနားလည်လာတယ်..."
"ဟုတ်ကဲ့.."
ကျွန်တော့်အဖေက တော့အမေပြောတဲ့
မိဘမျိုးထဲ မပါလောက်ဘူး...
>>>>>>>>>
ထမင်းဆိုင်ရှင်အမျိုးသမီးက အိမ်ဝိုင်းလေးထဲမှာ တစ်ယောက်ထဲနေတာဖြစ်သည်။
ခခ ကဦးအနီအိပ်နေတုန်း သူမရဲ့အလုပ်တွေကိုကူညီပေးရင်း...
"အမေက တစ်ယောက်ထဲနေတာဟင်.."
"အင်း.."
"မိသားစုဆွေမျိုးတွေမရှိဘူးလား.."
"မရှိကြတော့ပါဘူးကွယ်.."
"တစ်ယောက်ထဲဆိုတော့နေ့တိုင်းပျင်း
စရာမကောင်းဘူးလား."
"ကောင်းတာပေါ့.. ဒါပေမယ့် အမေ့မှာ
အလုပ်နဲ့လက်နဲ့မပြတ်တော့ပျင်းဖို့အချိန်
တောင်မရှိဘူးလေ.."
"အမေကတစ်ယောက်ထဲနဲ့ ဒီလိုထမင်းဆိုင်ကြီးဖွင့်တော့ အရမ်းပင်ပန်းတာပေါ့.."
"အလုပ်ပင်ပန်းတဲ့အခါ ဘာအတွေးမှမတွေးနိုင်ပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်လေ...
အဲ့လိုမှ မဟုတ်ရင်အမေ့ရဲ့သားလေးအကြောင်းပဲစဉ်းစားနေမိလို့.."
"အမေ့မှာ သားရှိတာလား.."
"အင်း ... သားလေးသာရှိနေအုံးမယ်ဆို..
မင်းကောင်လေးအရွယ်လောက်ပေါ့..."
"အခု ကောသားဖြစ်သူကဘယ်မှာမို့လဲ."
"ကွဲကွာသွားတာကြာခဲ့ပါပြီ...
သနားစရာကောင်းတဲ့အမေ့ရဲ့သားလေး
ဘယ်မှာပါလိမ့်.. အသက်ရှက်လျှက်မှ
ရှိနေသေးရဲ့လား.."
ပြောရင်း သူမမျက်ဝန်းအိမ်မှာမျက်ရည်တွေစိုစွတ်လာသည်၊။
"တောင်းပန်ပါတယ် ခခကြောင့်အမေထပ်
ဝမ်းနည်းရပြီ.."
"မဟုတ်ပါဘူး..အမေ့ရဲ့သားလေးအကြောင်း တစ်ယောက်ယောက်ကိုရင်ဖွင့်
ခွင့်မရတာကြာခဲ့ပြီလေ...
အခုလိုမျိုးပြော ခွင့်ရတာကောင်းပါတယ်.."
"အမေ အရမ်းစိတ်မထိခိုက်ပါနဲ့နော်..
ပျောက်သောသူရှာရင်တွေ့တဲ့..
ခခလည်းငယ်ငယ်ကမိဘတွေနဲ့ကွဲနေတာ
...နောက်ပြန်ရှာတွေ့တယ်လေ...
ခခ အမေကဒီလိုပြောတယ်...
ဆုံရမယ့်လူမှန်ရင် သေချာပေါက်ပြန်ဆုံ
တယ်တဲ့...
အမေလည်းအမေ့သားနဲ့ သေချာပေါက်
ပြန်တွေ့နိုင်မှာပါ..အားတင်းထားနော်.."
"ပြန်တွေ့တဲ့အခ်ျိန် အမေ့သားဘေးမှာလဲ
မင်းလိုကောင်မလေးတစ်ယောက်ရှိနေရင်ကောင်းမယ်.."
"အမေက ချွေးမပါတန်းလိုချင်နေတာပဲ..
ခိခိ... အမေ့သားကအမေနဲ့သာတူရင်...
လူရွေးတော်လို့..အမေချွေးမလှလှလေးရမှာပါ..."
"အဲ့လိုလား.."
"ဟုတ်.."
>>>>>>>>>>>
ဆိုင်ရှင်အမျိုးသမီးကြီးက ညနေဘက်ထမင်းရောင်းဖို့ပြင်ဆင်ပြီး..ဆိုင်ကိုသွား
ပြီ...
အိမ်မှာသူတို့၂ယောက်ပဲကျန်ခဲ့သည်။
အိမ်ဝိုင်းလေးထဲမှာ ခခကမိုးရွာမှာစိုး၍
အ၀တ်အစားတွေထွက်ပြီးရုတ်နေသည်။
"ထပ်တွေ့ပြန်ပြီနော်..မိန်းခလေး.."
"ဟင်.. သ သခင်ကြီး.."
တံခါးဝမှာရပ်နေတဲ့ ဦးအနီအဖေကြောင့်
ခခ လက်ထဲကအ၀တ်ခြင်းပင် လွတ်ကြ
သွားသည်။
"ဘယ်မှာလဲဟိုကောင်.."
ခခ အိမ်ထဲတတ်ပြေးကာ...
"ဦးအနီရေ..."
"ဘေဘီ ဘာဖြစ်...ဟင်.."
သူလည်းအနောက်ကနေ ထွက်လာတာ
မို့သူ့အဖေကိုမြင်သွားသည်။
ခခ ကိုသူ့အနောက်ကိုပို့လိုက်ပြီး...
"အနီသွေး မင်း ငါ့လက်ကလွတ်မယ်များ
ထင်နေလား.."
"ကျွန်တော့်အပေါ် ဘာလို့ဒီလိုလုပ်နေတာလဲ... ကျွန်တော်က ခင်ဗျားရဲ့သား
ဆို.."
"မင်း အခုထိနားမလည်ဘူးလား.."
"ဘယ်လိုပဲ စဉ်းစား၊စဉ်းစား နားမလည်နိုင်ဘူး...
တိရိစ္ဆာန်တွေတောင်ဒီလိုမလုပ်ကြဘူး
မှတ်လား.."
"အေး...မင်း သာငါ့သားဆိုရင် ငါလည်းဒီိလိုဘယ်လုပ်ပါ့မလဲ.."
"ခင်ဗျား...က ကျုပ်အဖေမဟုတ်ဘူးလား.."
"ဟား ဟား ဟား..အနီသွေး မင်းတကယ်
ဉာဏ်နည်းတဲ့ကောင်.."
ရက်စက်မှန်းသိပေမယ့်..သခင်ကြီးကို
ဒီနေ့အထိ သူ့အဖေမဟုတ်ဘူးလို့၊ သူမ
တွေးခဲ့ဘူးလို့.. အင်မတန်အံ့သြသွားသည်။
"ခင်ဗျား ဘာလို့လိမ်တာလဲ..
ကျုပ်တစ်ဘ၀လုံး ခင်ဗျားကိုအဖေလို့
ထင်ပြီး.. ခင်ဗျား ခိုင်းသမျှအကုန်လုပ်ခဲ့တာ..."
"မင်းအဲ့လိုထင်နေဖို့ လိုတယ်လေ...
အမဲလိုက်ခွေးကို ယဉ်ပါးအောင်သင်သလိုမျိုးပေါ့...
အခုတော့ မင်းသေရတော့မှာမို့... မင်းမိဘအကြောင်းသိသွားသင့်တယ်...
မင်းမိဘတွေက ငါ့ထက်ယုတ်ညံ့ပြီးသစ္စာ
မရှိတဲ့ဟာတွေ၊ အဲ့သွေးဆိုးသွေးညစ်တွေ
မင်းရထားလို့.. မင်းကိုခေါ်ပြီး တစ်ဘ၀လုံး ခိုင်းစားတာ...
အခု မင်းကလည်း မင်းမိဘတွေလိုငါ့ကို
သစ္စာဖောက်တယ်ဆိုတော့...
သူတို့နောက်ကိုလိုက်သွားတော့..
သစ္စာဖောက်တွေနဲ့ထိုက်တန်တာ သေခြင်းပဲ.. ကဲ အနီသွေး..မင်းသေစမ်း.."
သူ့ကိုသေနတ်နဲ့ချိန်ရွယ်ပြီး ခလုတ်ပေါ်
တင်ထားတဲ့လက်ကိုကွေးလိုက်စဉ်...
"စစ်ငြိမ်း.."
နောက်ကထွက်ပေါ်လာတဲ့ အသံကြောင့်..ဦးဝေလု..တုန်လှုပ်သွားသည်။
"ဟုတ်မှဟုတ်ပါ့မလားလို့.. နင်ဖြစ်နေတာပဲ..."
စစ်ငြိမ်း..အဲ့နာမည်ကိုဘယ်သူမှမခေါ်တာ
နှစ်၃၀တောင်ကြာခဲ့ပြီ...
"လှယဉ်.."
"နင် ငါ့ကိုမှတ်မိသေးတယ်ပေါ့...
တိရိစ္ဆာန်ကောင် ဘယ်မှာလဲ...
နင်ခေါ်သွားတဲ့ ငါ့ကလေးဘယ်မှာလဲပြော.."
(လွန်ခဲ့တဲ့အတိတ်ကာလဆီမှာ...
စစ်ငြိမ်းနဲ့အောင်ထက်.. သူငယ်ချင်း၂ယောက်ရှိခဲ့တယ်...
စစ်ငြိမ်းကမုဆိုးမအကြော်သည်ရဲ့သား..
ပန်းချီပညာထူးချွန်တဲ့..ပန်းချီဆရာ
ပေါက်စကလေး..
အောင်ထက်ကတော့ဆန်စက်ပိုင်ရှင်သူ
ဌေးသား..ဒါပေမယ့်မခွဲအတူညီအကိုအ
ရင်းလိုချစ်ကြသည်။
ဒီလို သူတို့ရဲ့ဘ၀ထဲသို့လှယဉ်ဆိုတဲ့
ခရိုင်တရားသူကြီးရဲ့သမီးလေးရောက်ရှိလာခဲ့သည်။
နှစ်ယောက်စလုံး သူမကိုစိတ်ဝင်စားခဲ့
သည်။ဒါပေမယ့် စိတ်ဝမ်းမကွဲပဲ..လှယဉ်
အချစ်ကိုရဖို့ကိုယ့်နည်းကိုယ်ဟန်နဲ့ကြိုး
စားဖို့..ကတိထားကြသည်။
ဒါပေမယ့် လှယဉ်ကအကြော်သည်မရဲ့
သားစစ်ငြိမ်းကိုပဲ မေတ္တာအလေးသာခဲ့
သည်။
အောင်ထက်ကလည်း ကတိအတိုင်းနောက်ဆုတ်ပေးပြီး သူငယ်ချင်းလိုဆက်
ခင်မင်ကြသည်။
စစ်ငြိမ်းနဲ့လှယဉ်..သူတို့သိပ်ချစ်ခဲ့ကြတာ
ပေါ့..
တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ
ပီပီ..အဓိပဓိလမ်းမပေါ်မှာလည်း ခြေရာ
တွေထပ်ကာ.. ကတိသစ္စာကလည်း
ကမ္ဘာမပျက်...
ဒါပေမယ့်.. လှယဉ်မိဘတွေလည်းသိကော.. အမျိုးမျိုးခွဲဖို့လုပ်တော့သည်။
သူလည်းကြံရာမရ လှယဉ်လေးကိုခိုးပြေး
ခဲ့သည်။ အောင်ထက်ကအစအရာရာကူ
ညီသည်။
ဒါပေမယ့် မိဘတွေထပ်မိတော့ လှယဉ်
ကိုပြန်ခေါ်သွားကြသည်။ ပေးစားမယ်လို့
အချိုသတ်ပြီး တကယ်တမ်းရောက်လာ
တာကတော့ ရဲတွေပဲဖြစ်သည်။
တရားသူကြီးအိမ်ပီပီ စစ်ငြိမ်းကိုရှိသမျှပုဒ်
မတပ်ပြီး..တရားစွဲသည်။
အသဲနာစရာ..တရားခွင်မှာလှယဉ်ကသူ့
မိဘတွေပြောတဲ့အတိုင်းဝန်ခံခဲ့တာကြောင့်.. စစ်ငြိမ်းထောင်ကြသွားသည်။
သူထောင်ကြပြီးမကြာခင်ပဲ အောင်ထက်နဲ့လှယဉ် မင်္ဂလာဆောင်လိုက်တယ်တဲ့...
သူ့အမေ အကြော်သည်မကြီးလည်း သား
စိတ်နဲ့ ဆုံးပါးသွားခဲ့သည်။
အဲ့အချိန်ကထဲက သူ့ရင်ထဲမှာအမုန်းအစိုင်အခဲကြီးမားလာခဲ့သည်။
ထောင်ထဲမှာလူမိုက်ခေါင်းဆောင်နဲ့တွေ့
ပြီး တပည့်ခံလိုက်သည်။
၂နှစ်ကြာပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်
လာတဲ့အခါ ထိုခေါင်းဆောင်နောက်လိုက်
ပြီး ဒုစရိုက်လောကထဲဝင်ခဲ့သည်။
သူ့ရန်သူတွေလည်း မမေ့ခဲ့...
တစ်နေ့ သူတို့အိမ်ကိုဝင်စီးပြီး...
အောင်ထက်ကိုသေနတ်နဲ့ပစ်သတ်ကာ..
လှယဉ်ကိုလည်းမေ့အောင်ရိုက်ပြီး..
ပုခက်ထဲကသူတို့ရဲ့ကလေးကိုခေါ်ကာ
အိမ်ကိုပါမီးနဲ့ရှို့ပစ်ခဲ့တော့သည်။
အဲ့ကလေးကိုအနီသွေးအဖြစ်ပြောင်းပြီး.
သူ့တစ်ဘ၀လုံး ကျွန်ပြုခဲ့တာပေါ့..)
"လှယဉ် နင်ကသေပြီမဟုတ်ဘူးလား."
"မီးထဲမှာဆုံးတာက အိမ်ဖော်မကြူ..
ငါမဟုတ်ဘူး ..နင်ငါ့သားကိုခေါ်သွားမှတော့..ငါဘယ်လိုလုပ်ဒီအတိုင်းမျက်လုံး
မှိတ်နိင်မှာလဲ.."
"အေး..ဒါလည်းကောင်းတာပဲ..
အခု နင်ရှေ့မှာနင့်သားကိုသတ်ရမှာဆိုတော့ ကောင်းလိုက်တာ.."
"ငါ့သား..အသက်ရှင်နေတာလား...
ဒါ ငါ့ကလေးဟုတ်လား.."
"ဟုတ်တယ်..အဲ့ကောင်ကနင့်သားပဲ...
ဒါပေမယ့် အခုတကယ်သေရတော့မှာ.."
ဦးဝေလုက ထပ်မံချိန်ရွယ်လိုက်လျှင်...
"မလုပ်နဲ့.. သူကနင့်သား.."
"ဘာ... နင်ငါ့ကိုလာမလိမ်နဲ့.."
"ငါမလိမ်ဘူး...နင်အခုသတ်ဖို့ကြိုးစားနေတာ... နှစ်၃၀လုံးလုံးကျွန်လုပ်ခဲ့တာ..
နင့် သားအရင်းပဲ သိလား..
တိရိစ္ဆာန်ရဲ့.."
ဘာတွေဖြစ်နေမှန်း ခခကော၊ဦးအနီကော..မသိတော့ပါ..
ဒီအတိုင်းရပ်ကြည့်ပြီး ထွက်ပြေးဖို့လည်း
မေ့နေသည်။
"မဖြစ်နိုင်ဘူး.."
"နင်သေချာစဉ်းစားပေါ့...
ဒီကလေးက နင်နဲ့တူတာကို..နှစ်၃၀လုံး
လုံးအနားထားပြီးတောင် နင်မသိခဲ့ဘူးလား...
အေး..ဘယ်သိပါ့မလဲ နင်ကနင့်အတ္တတွေ
နဲ့စုံလုံးကန်းနေတာကို.."
"ငါ့ကို အဲ့လိုဖြစ်အော်လုပ်တာ နင်တို့ပဲ.."
"ငါ့မိဘတွေ နင့်အပေါ်မှားခဲ့တာတော့
ဟုတ်ပါတယ်.. အဲ့အချိန်ကငါလည်းမတတ်နိုင်ခဲ့ဘူး..ငါ့အမေကသတ်သေမယ်တဲ့လေ...
ငါ့မှာလည်း သားကရှိနေပြီ...
ငါ ဒီလိုလုပ်ယုံအပြင် မတတ်နိုင်ခဲ့လို့ပါ.."
"ငါအောင်ထက်နဲ့လက်ထပ်ဖြစ်တာလည်း
သားကြောင့်ပဲ..
အောင်ထက်က တကယ်စိတ်ရင်းနဲ့ကူညီ
ခဲ့တာ..ငါတို့မောင်နှမလိုနေခဲ့တယ်...
နင်လွတ်လာရင် ငါတို့မိသားစုပြန်ဆုံမယ်ပေါ့...
ဒါပေမယ့် နင်ဘာလုပ်ခဲ့လဲ...
နင့်ကိုရှင်းပြဖို့ ငါတို့အကြိမ်ကြိမ်ကြိုးစား
တယ်.. နင်ကထောင်ဝင်စာတောင်အတွေ့မခံဘူး...
နင့်အမေကိုလည်း ငါတို့ကြည့်ရှုခဲ့ပါသေး
တယ်.. အန်တီကပန်းနာရင်ကျပ်မဟုတ်ပဲ
အဆုတ်ကင်ဆာဖြစ်နေတာဆိုတော့..
သူကြာကြာမနေလိုက်ရဘူး..
နင်ကဒီအပြစ်တွေအကုန် ငါတို့ကိုလွှဲချ
တယ်...
နင့် ရဲ့သူငယ်ချင်းကောင်းကိုနင်သတ်ပစ်
တယ်..ငါ့ကိုလည်းအရှင်လက်လက်မီး
လောင်တိုက်သွင်းခဲ့တယ်...
အဆိုးဆုံးကတော့..ငါ့သားလေးကိုအခု
လိုဖြစ်အောင်နင်လုပ်တာပဲ.."
"လှယဉ် ငါကနင့်လိုမိန်းမကိုဘာလို့ယုံရမှာလဲ... "
"နင်မယုံရင်လည်းသတ်ပစ်လိုက်..
ဒါပေမယ့် ငါ့ရှေ့မှာ နင်ငါ့သားကိုသတ်
မှာတော့ ငါခွင့်မပြုနိုင်ဘူး..
ဒါကြောင့် ငါ့ကိုအရင်သတ်...
သတ်လိုက်တော့..တိရိစ္ဆာန်ကောင်ရဲ့.."
သူ့အမေကတကယ်ပဲ သူ့ရှေ့ကနေ၀င်
ကာထားသည်။
"ငါထပ်မေးမယ်...နင်လိမ်ဖို့မကြိုးစားနဲ့
ဒီကောင်ကတကယ်ငါ့သားလား..."
".. ... ဒီကလေးကအောင်ထက်နဲ့
ဘယ်နေရာတူနေလို့လဲ.."
ဟုတ်သည်။တကယ်တော့ သခင်ကြီးနဲ့
သခင်လေးက တစ်ထေရာထဲလို့လူတိုင်း
ပြောဘူးသည်။
မျက်နှာကြပုံ..အရပ်အမောင်း.. မျက်ခုံး
မျက်လုံးကအစ သူနဲ့သာတူတာ...
ဒါဆို...သူ..သူမှားသွားပြီလား..
Bloodဆိုပြီး..လူသတ်မကောင်းဆိုးဝါး
တစ်ကောင်ဖြစ်လာအောင်သူဖန်တီးခဲ့တာက.. သူ့သားတဲ့...
ငယ်ငယ်ထဲကမျိုးစုံညည်းပန်းနှိပ်စက်ခဲ့ပြီး..နောက်ဆုံးသူချစ်တဲ့မိန်းကလေးအထိပါ ဒုက္ခပေးခဲ့တာလည်းသူပဲ..
အနီသွေး ကသူ့ကြောင့်ဘ၀ညစ်ပတ်ခဲ့ရတဲ့အပြင်..
ရင်သွေးကိုပါဆုံးရှုံးခဲ့ရတာ..
သူအမှားကြီးမှားနေပြီ..
"နင်သတ်လိုက်လေ..နင့်ကိုအပြစ်လုပ်ခဲ့
တာ ငါနဲ့ငါ့မိသားစုပဲ..
အဲ့အချိန် ကလူတောင်မဖြစ်သေးတဲ့ဒီ
ကလေးအပေါ် နင်အပြစ်ပုံချပြီး အညိုး
မထားသင့်ဘူး..
ငါ့ကိုပဲ သတ်လိုက်ဟဲ့ ..."
....
သူ့ သေနတ်ကိုလွှတ်ချလိုက်သည်။
မချိတင်ကဲလေသံကြီးနဲ့..
"ငါမှားပါတယ်..လှယဉ်ရယ်..
ငါတကယ်မှားခဲ့တယ်.."တဲ့
....
အခုမှ မိဘတွေရဲ့ဇတ်လမ်းကိုနားလည်
သွားတဲ့၂ယောက်...
ဦးအနီရဲ့ ဘ၀ကလည်းတကယ့်ကိုဒရမ်မာ
ဆန်တယ်..
ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ဦးအနီမှာ အဖေနဲ့
အမေ ၂ယောက်စလုံးရှိနေသေးတာမို့..
ရပါပြီ..
သူမ ဦးအနီရဲ့လက်ကိုဆုပ်ကိုင်ပြီးခေါင်း
ညိတ်ပြလိုက်သည်။
"အမေ... တကယ်ပဲကျွန်တော်ရဲ့အမေလား.."
"ဟုတ်ပါတယ် ကလေးရယ်..မင်းရဲ့အမေပါ.. ဒီလောက်တောင်တွေ့ချင်ခဲ့တဲ့
မင်းကအမေ့ဆီကိုလာပေးတာတောင်...
အမေက မမှတ်မိခဲ့ဘူး..
တောင်းပန်ပါတယ် သားလေး.."
သူ့မျက်နှာကိုကိုင်ကြည့်ရင်း
အမေကငိုသည်။
ဘေးကကြည့်တဲ့ ခခပါငိုချင်လာသည်။
"မင်းကိုနှစ်၃၀လုံးလုံးအမေ တစ်ရက်မှမမေ့ခဲ့ဘူး...
အခုလို မင်းကအမေ့ရှေ့မှာရှိပြီး... ဒီလို
မိန်းကလေးလည်းအနားရှိနေတာ..
အခုထိမယုံနိုင်ဘူးကွယ်..."
ဦးဝေလုခေါ် စစ်ငြိမ်းလည်းသူတို့အနားကို
လာကာ...
"သွေး အဖေမင်းကိုတောင်းပန်ပါတယ်.."
"ကျွန်တော်ခွင့်မလွှတ်ဘူး.."
ပြောပြီး အခန်းထဲသို့လှည့်ပြေးဝင်သည်။
သူ့အမေကိုတွေ့လို့ပျော်ပေမယ့်.. အဖေ
သူ့အပေါ်လုပ်ခဲ့တဲ့လုပ်ရပ်တွေက...
သူ့ကိုနာကျင်စေသည်။
ခခ သူ့နောက်ကလိုက်လာပြီး...
"ဦးအနီ.."
"ကိုယ်သူ့ကို ဘယ်လိုခွင့်လွှတ်ပေးရမလဲ
မင်း ပြောပါအုံး.."
"ခခလည်း သခင်ကြီးကိုခွင့်မလွှတ်နိင်ပါ
ဘူး...
ဒါပေမယ့်... သူ့ကိုခွင့်မလွှတ်နိုင်တဲ့စိတ်
ကြောင့်..ဦးအနီ ထပ်ပြီးစိတ်ဒဏ်ရာရမှာ
ခခ မလိုလားဘူး..
ခွင့်လွှတ်ဖို့ကြိုးစားရမှာပေါ့...
ခခနဲ့အတူ ဦးအနီရဲ့အတိတ်ကိုခွင့်လွှတ်နိုင်အောင်ကြိုးစားကြမယ်လေ..နော်.."
ခခက သူ့ကိုပွေ့ဖက်နှစ်သိမ့်ပေးသည်။
>>>>>>>>
သခင်ကြီးရဲ့တပည့်လူမိုက်ခေါင်းဆောင်
ဘွား..
"ဟာ..ဒါကဘာလဲ..သူတိုကအခုမှဇတ်ပေါင်းခန်းထုတ်နေတာလား.."
သခင်ကြီးက bloodကိုသတ်တော့မယ်
ထင်ပြီးပျော်နေတာ..
Bloodသာမရှိရင်သခင်ကြီးကိုသတ်ဖို့က
လက်တစ်ကမ်းလေးပဲ..
အခုမှ သူတို့ကမိသားစုပြန်ဆုံနေတယ်
ဆိုတော့...စိတ်လေပါတယ်...
သူဘာလုပ်ရမလဲ...
လူမိုက်ဆိုတာမျိုးက သစ္စာဖောက်ပြီးရင်း
ဖောက်ပြီး ရှင်သန်ရတာပဲ...
ဦးဝေလုလည်းအရင်သခင်ကြီးကိုသတ်ခဲ့
တာပဲ...
ဒီသားအဖ၂ယောက်ကိုရှင်းပြီး blood
ဂိုဏ်းကိုယူဖို့ဆိုရင်.. တစ်နည်းပဲရှိတယ်...
စိန်ရာမဆီ သူတို့တည်နေ၇ာကိုသတင်း
ပေးလိုက်သည်။
>>>>
သခင်ကြီးရဲ့ညာလက်ရုံး ပြေးဝင်လာပြီး...
"သခင်ကြီး သူလျှိုသတင်းပို့တယ်..
စိန်ရာမ ဒီနေရာကိုသိသွားပြီး လိုက်လာ
နေပါတယ်..."
"ဂိုဏ်းသားတွေအားလုံးကိုခေါ်လိုက်...
ဒီနေ့ ရာမနဲ့blood ထိပ်တိုက်ရင်ဆိုင်မယ်..."
"ဟုတ်.."
....
သခင်ကြီး သူ့ဆီဝင်လာကာ..
"အနီသွေး... သား မင်းကအခုbloodမ
ဟုတ်သလို bloodဂိုဏ်းသားလည်းမဟုတ်တော့ဘူး...
အခု ဒီကထွက်သွားတော့..
ဆိပ်ကမ်းမှာ မော်တော်အသင့်ရှိတယ်..
မင်းအမေနဲ့မိန်းမကိုခေါ်ပြီး မြန်မြန်ထွက်
သွား... စိန်ရာမရောက်လာတော့မယ်.."
"လှယဉ် မင်းသားနဲ့ချွေးမနဲ့ အတူထွက်သွားပါတော့...
ငါက ငါ့မိုက်ပြစ်အတွက် ပြန်ပေးဆပ်ရမယ့် အချိန်ကျပီ...
ငါတို့ဂိုဏ်း၂ဂိုဏ်း တိုက်ပွဲဖြစ်တော့မယ်..
အကယ်၍ ငါအသက်ရှင်လျက်ကျန်နေရင် မင်းကိုလာတောင်းပန်ပါ့မယ်..
သွားတော့... "
"ကျွန်တော် ခင်ဗျားကိုခွင့်လွှတ်တယ်လို့
မပြောရသေးဘူးလေ.."
"ဒီဘ၀ မခံယူတော့ပါဘူး သား.."
......
သူ့အဖေအစီအစဉ်နဲ့..သူတို့ဆိပ်ကမ်းက
မော်တော်ပေါ်ရောက်လာသည်။
"သွားတော့...သွား.."
သူ့အဖေက မိန်းမ၊သားနဲ့ချွေးမအားလက်
လှမ်းပြသည်။
ဆိပ်ကမ်းထဲကိုရာမဂိုဏ်းသားတွေလည်း
ရောက်ရှိလာပြီ ဖြစ်သည်။
ရုတ်တရက် အင်အားနဲ့ဆိုရင်bloodရှုံးမှာ
သေချာတယ်....
မော်တော်မထွက်ခွာခင်လေးမှာ..
အနီသွေး..နောက်သို့ပြန်လှည့်ကြည့်ရင်း.
"မဖြစ်တော့ဘူး...
ဘာပဲဖြစ်ဖြစ်အဖေဖြစ်နေလို့ ဒီအတိုင်းမထားခဲ့နိင်ဘူး..
ကျွန်တော် သူ့ကိုခေါ်ပြီးနောက်ကလိုက်လာခဲ့ပါမယ်...
ဘေဘီ..အမေ့ကိုခေါ်ပြီးအရင်သွားနှင့်.."
"ဟင့်အင်း..ဦးအနီပြန်မသွားနဲ့.."
"မဖြစ်ဘူး..သား မသွားနဲ့.."
သူကအမေနဲ့မိန်းမကိုတစ်ချက်ငဲ့ကြည့်ရင်း...
"သေချာပေါက်ပြန်လာခဲ့ပါ့မယ်.."
ပြောပြီး..မော်တော်ပေါ်ကနေပြေးဆင်း
သွားသည်။
ဒါပေမယ့် သူ ဆိပ်ခံတံတားပေါ်အရောက်
မှာတင်..
ဒိုင်း..ဒိုင်း...ဒိုင်း..
သုံးချက်ဆင့်အပစ်ခံရကာ...
ဗွမ်း...ရေ ထဲပြုတ်ကြသွားသည်။
သူလိုရာ အဖေ့ဆီကိုလည်းမရောက် နိုင်ခဲ့
သလို.... ဇနီးနဲ့အမေဆီလည်း မပြန်နိုင်တော့ပါ...
တောင်းပန်ပါတယ်....
ရေအောက်သို့နစ်မြုပ်သွားခဲ့သည်။
သူကျသွားတဲ့ ရေမျက်နှာပြင်မှာသွေးချင်း
ချင်းနီလို့...
"မဖြစ်ဘူး...ဦးအနီ....."
"သား.. သားလေး..."
ခခနဲ့သူ့အမေ အသားကုန်အော်ဟစ်ပြီး
ရေထဲလိုက်ဆင်းမတတ်ဖြစ်နေပေမယ့်...
မော်တော်ကကမ်းမှ ထွက်ခွာနေပြီဖြစ်သည်။
"ပြန်လှည့်..ပြန်လှည့်ပေး..ဟိုမှာဦးအနီ
ကျသွားတာမမြင်ဘူးလား.."
"သခင်လေးရဲ့ အမိန့်အတိုင်းပါ.."
သူပေးခဲ့တဲ့အမိန့်အတိုင်း မော်တော်ကတော့ သူနဲ့ဝေးရာကိုထွက်ခွာသွားပြီဖြစ်
သည်။
"သား........"
ကမ်းပေါ်မှာကျန်ခဲ့တဲ့ဦးဝေလု.. သူ့သား
ကိုပစ်လိုက်တာ ရာမဂိုဏ်းမဟုတ်ပဲ...
သူ့လက်ရုံးဘွားဖြစ်နေခဲ့အခါ...
"ခွေးကောင်...သေစမ်း.."
ဒိုင်း...ဒိုင်း...ဒိုင်း....
သေနတ်သံတွေကမိုးရွာချနေသည့်အလား.. ဆိပ်ကမ်းတစ်ဝိုက်ညထိဆူညံနေခဲ့သည်။
အို..!အကျဉ်းတန်လိုက်တဲ့နေ့တစ်နေ့ပဲ....
>>>>>>