When a man falls in love...(C...

By wookiekyoe

171K 5K 148

အနီသွေးဆိုတဲ့ဂိုဏ်းစတားနဲ့ ယုန်ဖြူလေးလိုမိန်းခလေး ဒီဇတ်လမ်းက၂၀၁၈မှာရေးထားတာကြောင့် Ficအဟောင်းလေးပါနော် အနီသွေ... More

Part 1 uni
part 1 zawgyi
part 2 uni
Part 2 zawgyi
part 3 uni
part 3 zawgyi
part 4 uni
Part 4 zawgyi
Part 5 uni
part 5 zawgyi
Part 6 uni
Part 6 zawgyi
part 7 uni
part 7 zawgyi
Part 8 uni
part 8 zawgyi
Part 9 uni
Part 9 zawgyi
part 10 uni
part 10 zawgyi
Part 11 uni
part 11 zawgyi
Part 12 uni
part 12 zawgyi
Part 13 uni
part 13 zawgyi
Part 14 uni
part 14 zawgyi
Part 15 uni
Part 15 zawgyi
part 16 uni
part 16 zawgyi
Part 17 uni
part 17 zawgyi
Part 18 uni
Part 19 uni
part 19 zawgyi
Part 20 uni
part 20 zawgyi
Part 21 uni
part 21 zawgyi
Part 22 uni END
Part 22 zawgyi END

part 18 zawgyi

746 9 0
By wookiekyoe

မိန်းခလေးတစ်ယောက်ကိုချစ်မိရင်...
When a man falls in love...

အပိုင်း...၁၈

သူမရဲ့အိပ်ခန်းထဲသို့ တိတ်တိတ်ကလေး
ပြန်ဝင်လာတဲ့ခခ...
ဒီနေ့လည်း သူလူသတ်ပြန်ပြီ..
တကယ်ပဲ.. သူ့ကိုဘယ်လိုလုပ်ရင်ကောင်းမလဲ...

အဲ့ဒီနေ့က..
သူ‌ရောက်လာပြီးနှုတ်ဆက်စကားပြော
တော့.. သူမရဲ့နှလုံးသားတွေပဲ့ကြွေလုမျှ
နာကျင်ခဲ့ရသည်။
ဒီလူကိုမုန်းတယ်ဆိုပေမယ့်...အချစ်ကလည်း အချိုးအဆတူညီစွာရင်တွင်းမှာ
ကိန်းအောင်းနေဆဲဖြစ်သည်။

သူက ထွက်သွားပါလို့ပြောပြီး ဖိနပ်ပါ
စီးပေးခဲ့ပေမယ့်...
လေယာဉ်ပေါ်တတ်ကာနီး...
"မေမေ သမီးကိုခွင့်လွှတ်ပါ..
သူ့ကိုဒီအတိုင်း မထားခဲ့နိုင်ဘူး...
အဲ့ဒီလူက သမီးမရှိရင် ဒီထက်ပိုဆိုးသွား
လိမ့်မယ်မေမေ.."

"သမီးအခုနေထွက်မပြေးရင် နောက်ဘယ်တော့မှထွက်သွားနိုင်မှာမဟုတ်တော့ဘူး.."

"အခု ထွက်သွားရင်လည်း..သမီးပျော်ရွှင်
နိုင်မှာမဟုတ်တော့ဘူး.."

"အနီသွေး ကိုအဲ့လောက်တောင်ချစ်ရသလား...
တကယ်မိုက်မဲတဲ့ မိန်းကလေးပဲ..."

"တောင်းပန်ပါတယ် မေမေ.."

"ဘယ်သူကိုသွားအပြစ်တင်ရမှာလဲ...
မင်းကမေမေနဲ့သိပ်တူနေတာကို..

နိုင်ငံရေးသမားဘ၀ကိုရူးသွပ်တဲ့မင်းအဖေကြောင့်.. မေမေကကိုယ့်ဘ၀ကိုယ်
အဖြည့်ခံတစ်ယောက်အနေနဲ့နေခဲ့ရတယ်..
မင်းကိုတော့ မေမေ့လိုမဖြစ်စေချင်ဘူး..
ဒါပေမယ့် အခုမှတော့ဘယ်တတ်နိုင်မလဲ..

တစ်ခုတော့မှတ်ထားပါသမီး..
သူကလွယ်လွယ်နဲ့ပြောင်းလဲနိုင်မယ့်လူ
မဟုတ်ဘူး..
မဖြစ်နိုင်ဘူးလို့ထင်တဲ့တနေ့..သမီးအနေနဲ့ လက်လျှော့ရကောင်းမှန်းသိပါ..
မေမေ့ကို ကတိပေး..
အဲ့အချိန်ကြရင်တော့ အနီသွေးကိုတကယ်မေ့ပစ်မယ်လို့ကတိပေးပါ.."
"ဟုတ်ကဲ့ သမီးကတိပေးပါတယ်မေမေ."
......
ကိုယ့်မှာတော့မိဘကိုဆန့်ကျင်ပြီး.. လေ
ဆိပ်ကနေလှည့်ပြန်လာတာ...
သူကတော့အခုထိလူသတ်လို့ကောင်းတုန်း...ခင်ဗျားကြီးတော့...
>>>>>>>>>>>>>>

သူမ မိဘအိမ်‌ရောက်မှဝယ်မွေးထားတဲ့
စနိုပီလေး.🐩.နေမကောင်းသဖြင့်၊ကျန်းမာ
ရေးစင်တာကိုလာပြရသည်။

ဆေးထိုးပေးပြီး ချီခေါ်လာစဉ်...
ဝုတ်...ဝုတ်...ဝုတ်...
အခန်းတစ်ခုထဲကခွေးတစ်ကောင်
သူမနောက်ကနေ တဟုန်ထိုးပြေးလိုက်ပြီး ထိုးဟောင်သည်။
"ဟင် ဂျက်ကီလား.. "
ဝုတ်....
သူမကိုမှတ်မိပြီး... စနိုပီလေးကိုချီထားလို့
မလိုတမာဖြစ်နေတဲ့ဂျက်ကီ...

"နင့်ကို ဒီပို့ထားတာလား...
နင့်ကိုငါအရမ်းလွမ်းနေတာ အတော်ပဲ.."

သူမကိုလျှာနဲ့လိုက်လျှက်ပြီးနှုတ်ဆက်
သည်။ စနိုပီလေးကိုလည်း မနာလိုစွာ
လက်နဲ့လှမ်းပုတ်သေးသည်။
စနိုပီလေးခမျာ ကြောက်လို့တုန်နေရှာသည်။

"ဂျက်ကီ..နင်ကဂိုဏ်းစတားခွေးပီသတာ
ပဲ.. နင့်သခင်လိုပဲ..
သူများကိုအနိုင်ကျင့်တတ်ပုံက..."

"ကြည့် ကြည့် ဆူလိုက်ပြောလိုက်ရင်လည်း အဲ့လိုရုပ်နဲ့..
အဖေတူသား..နင့်ကိုဂျက်ကီနီနီလို့ခေါ်
ရမလား.. ဂျက်ကီသွေးလို့ခေါ်ရမလား..
ဟမ်..."

ဂျက်ကီပါးကိုလိမ်ဆွဲပြီးစနေလျှင်...

"ဂျက်ကီ.."
ဟင်..နောက်ကခေါ်လိုက်တဲ့အသံကြောင့် သူမလန့်သွားသည်။
"ဘယ်သူလဲ မမလေးလား.."

အကိုဒိုင်းရိပ်ပဲ... သူမလှည့်မကြည့်ပဲတစ်
ချိုးထဲလစ်ပြေးတော့သည်။
ဒီအတောအတွင်းအပြေးစွမ်းရည်အတော်
တိုးတတ်လာတာကြောင့်...
ဒိုင်းရိပ်တောင်သူမကိုမမှီလိုက်ပါ...

ဟူးးး ဟူးးး ဟူးးး
တော်ပါသေးရဲ့..
ဒါပေမယ့် အကိုဒိုင်းရိပ်ငါ့ကိုမြင်သွားပြီ
ဒုက္ခပဲ...
ထွက်မသွားပေမယ့်..သူမရှိနေမှန်းဦးအနီ
သိလို့လည်းမဖြစ်ဘူး..

>>>>>>>>>>>
ညအိပ်ဝတ်စုံလဲဝတ်ပြီး.. အိပ်လို့လည်း
မပျော်သေးဘူး..
သူ့ကိုတွေ့ရင်ဘယ်လိုရင်ဆိုင်ရမလဲ..
ဘယ်လိုပြောင်းလဲပေးရမလဲ.. ခေါက်တုံ့
ခေါက်ပြန်လျှောက်ရင်းအကြံထုတ်နေသည်။
ဒေါက်..ဒေါက်...

"ဘယ်သူလဲ.. "
အု.
သူမတံခါးဖွင့်လိုက်စဉ်.. ပါးစပ်ကိုအုပ်ပြီး
အခန်းထဲသို့ပြန်ဆွဲသွင်းခံရသည်။

"ရှင် ရှင် ဘယ်လိုလုပ်ဝင်လာလဲ.."
"ဒီအိမ်လောက်က ကိုယ်ဝင်ဖို့လွယ်ပါတယ်.."
"သူခိုးကျင့် သူခိုးကြံနဲ့ သူများအိမ်ကိုဘာ
လာလုပ်တာလဲ.."

"မင်းရှိနေလို့လာတာလေ..
ပဲ၇စ်မြို့ကလူကြီးမင်းအိမ်ထဲမှာရှိမှန်းကိုယ်အရင်ကမသိခဲ့ဘူး.."

"ဦးအနီသွေး ... ရှင်ပဲကျွန်မကိုလိုက်မနှောက်ယှက်တော့ပါဘူးဆို...
အခု ကတိမတည်တာလား.."

"အကယ်၍မင်းထွက်သွားရင်လို့ကိုယ်ပြောခဲ့တာ
ဒီနိုင်ငံမှာဆို အကျုံးမ၀င်ဘူး..."

"ကျွန်မအခုအော်လိုက်ရင် ရှင်အနဲဆုံး၃
နှစ်လောက်တော့ ထောင်နန်းစံရမှာနော်.."
"လုပ်လိုက်...
အဲ့လိုလုပ်ပြီး မင်းကျေနပ်မယ်ဆိုရင်
လုပ်ပါ...
လူကြီးမင်းရဲ့လူတွေ ကိုယ့်ကိုရိုက်ချင်ရိုက်
သတ်ချင်သတ်ပါစေ..ကိုယ်လုံးဝခုခံမှာ
မဟုတ်ဘူး....
မင်းမရှိဘူးဆိုရင် ကိုယ့်ဘ၀ကသေမထူး
နေမထူးပါပဲ.."

"အဲ့တာဆိုလည်း သွားသေလိုက်‌ရောပေါ့.
သူများကိုစိတ်ဒုက္ခပေးဖို့အသက်ရှင်နေတာလား..သွား...သွား.."
သူ့ကိုဆောင့်တွန်းသည်။
ခခ အသံကျယ်သွားတော့...

"မမလေး..ဘာဖြစ်လို့ပါလဲ.."
အပြင်ကနေ အိမ်ဖော်မလေးကတံခါးလာ
ခေါက်သည်။

ခခ သူ့ကိုကြည့်တော့..သူကကြိုက်တာ
လုပ်ပါဆိုတဲ့အထာနဲ့လက်ကားပြသည်။
ခခ အံကြိတ်ရင်း...

"ဘာမှမဖြစ်ဘူး.. .အိပ်တော့မလို့.."

"ဟုတ်ကဲ့..တောင်းပန်ပါတယ်.."
အိမ်ဖော်မလေး တံခါးရှေ့ကနေပြန်လှည့်
ထွက်သွားလေသည်။

"ဘာလို့မပြောလိုက်တာလဲ.."

"ရှင်ပျော်နေတယ်မို့လား.. ရှင့်ကိုအဲ့လို
မလုပ်နိုင်ဘူးဆိုပြီး ခခ ကိုအထင်သေး
တယ်မို့လား..
အမှတ်မရှိတဲ့ မိန်းကလေးဆိုပြီးရှင်ရီချင်
နေမှာပေါ့.."

"အဲ့လိုမဟုတ်ဘူး ဘေဘီ.."

"မုန်းတယ်.. ရှင့်လိုလူဆီမှာအကြိမ်ကြိမ်
ကျဆုံးနေရလို့.. ကိုယ့်ကိုယ်ကိုယ်အရမ်း
မုန်းတယ်..."အဟင့် ဟင့်..

#ဘေဘီရယ်.. ကိုယ်မင်းကိုအထင်သေး
လို့..ပေါ့ပျက်ပျက်သဘောထားလို့..
ဒီလိုလုပ်တာမဟုတ်ပါဘူး..

မင်းရှိနေမှန်းသိလိုက်ရတော့..တွေ့ချင်လွန်းလို့.. ဘာဖြစ်ဖြစ်မင်းကိုမြင်ရရင်
တော်ပြီဆိုပြီး အရဲစွန့်ဝင်လာခဲ့တာပါ...

ငိုနေတဲ့သူမဘေးနားထိုင်ပြီးမျက်ရည်တွေကိုထိသုတ်ပေးကာ...

"အဲ့တာ မင်းကိုယ့်ကိုချစ်နေသေးလို့...

ဒီအတောအတွင်းကိုယ်တို့တွေကိစ္စ
အများကြီးကိုကြုံတွေ့ခဲ့ရတယ်...
ဒါပေမယ့် အခုအချိန်ထိကိုယ်တို့တစ်ယောက်ကိုတစ်ယောက်နှစ်နှစ်ကာကာ
ချစ်နေဆဲပဲ...

ချစ်နေတာက မုန်းနေတာထက်ပိုမကောင်းဘူးလား..
တစ်ယောက်ယောက်ကိုချစ်တာကအမှား
တစ်ခုဆိုရင် ကိုယ်တို့ရှေ့ဆက်မှားဖို့မသင့်ဘူးလား."???

"ရှင်ကဘယ်တုန်းက မှန်တာလုပ်လို့လဲ."

သူမလေးကိုတစ်ညလုံးနီးပါးအနားထိုင်ချော့ခဲ့ရသည်။
မိုးလင်းခါနီးမှနှစ်ယောက်သားဖက်ပြီးအိပ်
ပျော်သွားကာ...

"ဟင် မိုးတောင်လင်းနေပြီလား.."
အရင်လန့်နိုးလာတဲ့ ခခ..သူ့ကိုလှုပ်နှိုးရင်း

"ဦးအနီ ဦးအနီ ထ ထ.."
"ဟင်.."
"အပြင်မှာလင်းထိန်နေပြီ.."

သူထပြီးကုတ်အကျီပြန်ယူဝတ်နေတုန်း...
ခခကအပြင်ကိုချောင်းကြည့်နေသည်။

"အဲ့တာ ဘာလုပ်နေတာလဲ "
"ဘာလုပ်ရမှာလဲ...ဦးအနီ ပြန်ဖို့ပေါ့.."

"ဘယ်လိုပြန်ရမလဲ.."
"လာရာလမ်းအတိုင်းပြန်ပေါ့.."
"အဲ့လိုခိုးကြောင်ခိုးဝှက်မလုပ်ချင်ပါဘူး.."

သူမလက်ကိုဆွဲပြီးအခန်းအပြင်သို့ထွက်
လာသည်။
"ဦးအနီ ရူးနေပြီလား.. ဘာလုပ်မလို့လဲ. "

သူကမဖြေပဲဆက်လျှောက်သွားလျှင်...
အိပ်ခန်းထဲကထွက်လာတဲ့ ခခမိဘတွေနဲ့
တည့်တည့်တိုးတော့သည်။

"သမီး...ဒါကဘယ်လိုဖြစ်တာလဲ.. "
ခခ အရမ်းလန့်နေသည်။
သူက မိဘတွေရှေ့မှာတောင်သူမလက်
ကိုမလွှတ်ပေးပဲ...

"ကျွန်တော် ခွင့်မတောင်းပဲလာခဲ့မိတယ်.."
"မင်း ငါနဲ့ စကားပြောရအောင်..."
"ဟုတ်ကဲ့.."

လူကြီးမင်းကသူ့စာကြည့်ခန်းဘက်သို့
ဦးဆောင်ထွက်သွားလျှင်..
သူကခခကိုခေါင်းညိတ်ပြပြီး လူကြီးမင်း
နောက်ကလိုက်သွားသည်။

ကျန်ခဲ့တဲ့လူကြီးမင်းကတော်က..
"သမီး.. ဒါဘယ်လိုဖြစ်တာလဲ"
"မေမေ ခခ ကြယ်လေးတောင်းပန်ပါတယ်.."

မိန်းကလေးတန်မဲ့ ယောက်ကျားတစ်ယောက်ကိုအခန်းထဲခေါ်ရလားဆိုပြီး
မေမေ သူမကိုစိတ်ပျက်သွားမှာသေချာတယ်...
ဦးအနီ ခင်ဗျားကြီးတကယ်တဇွတ်ထိုး
ဆန်တယ်.. ခခနေရာကိုမတွေးပေးဘူး...

ညကပြေထားတဲ့စိတ်တွေ အခုကစပြီး
ပြန်ကောက်ရတော့မယ်..

လူကြီးမင်းနဲ့စကားပြောပြီး ရပ်စောင့်နေတဲ့သူမဆီပြန်လာသည်။

"ဦးအနီ.. ဘာလို့ဒီလိုလုပ်ရတာလဲ.."

"ကိုယ်ခိုးကြောင်ခိုးဝှက်လာပြီး ဒီအတိုင်း
ပြန်သွားရင်မင်းသိက္ခာကြမှာပေါ့.."

"သြော်.. အခုလိုမျိုး ၀န်ခံလိုက်တော့
ခခသိက္ခာတွေကပြန်တတ်သွားကောလား..."

"ခိုးပေါင်းတာထက်စာရင်တော်သေးတာ
ပေါ့...
အခု ကိုယ်တို့မပြတ်နိုင်မှန်းမိဘတွေသိ
သွားပြီ...
ကိုယ်လည်း မင်းအဖေနဲ့စကားပြောခွင့်
ရခဲ့တယ်.."

"အထိုးကောမခံခဲ့ရဘူးလား.."
သူ့မေးဖျားကိုစမ်းကာ...
"တစ်ချက်တော့ထိလာတယ်.."တဲ့
"နဲတောင်နဲသေးတယ်.. .ဟွန့်
အဲ့တော့အခုအဖေက ဘာတဲ့လဲ
ဂိုဏ်းစတားသမက်ရလို့ပျော်တယ်တဲ့လား..
ခခ သူ့ကိုရွဲ့ပြောနေသည်။
"အဟွန်း.."
သူက သူမလက်ကလေးကိုဆုပ်ကိုင်ရင်း.

"ကိုယ်ပြောင်းလဲမှာပါ...
ကိုယ်တို့အတူနေဖို့ ဒီတစ်နည်းပဲရှိတယ်
ဆိုရင်.. ကိုယ့်အဖေသဘောမတူလဲ
ကိုယ်ဆန့်ကျင်မယ်...
မင်းအတွက် ကိုယ်ပြောင်းလဲမယ်.."

"တကယ်လား.. တကယ်အဲ့လိုလုပ်မှာလား...လူမိုက်ဂိုဏ်းစတားဘ၀ကိုစွန့်
လွှတ်မှာလား..."

" ဟုတ်တယ်..ဒါ ကိုယ်မင်းမိဘတွေကိုပေးတဲ့ကတိပါ...
မတည်နိုင်ရင် ကိုယ်ယောက်ျားဘ၀ကို
စွန့်လိုက်မယ်.."

"ဒါဆို အခု ခခကကော ဘာလုပ်ရမှာလဲ.. "
"ကိုယ့်ကိုအချိန်ခဏလောက်စောင့်နေပေး..."
"ဒါပဲလား.. "

"ကျန်သေးတယ်..အခုကစပြီးကိုယ်ကအလုပ်များတော့မှာဆိုတော့...
ကိုယ်မရှိတိုင်း ဘယ်ကောင်နဲ့မှပါတီတွဲ
တတ်ဖို့မစဉ်းစားနဲ့...

တခြားကောင်နဲ့ရိုးရိုးသားသားစကားပြောရင်တောင် ကိုယ်သ၀န်တိုတယ်...
ရယ်မောနေရင် ဒေါသထွက်တယ်...
နမ်းလို့ကတော့ သတ်မှာ..
ဒါကတော့ မပြောင်းလဲဘူးနော်..."

ဟွန်း..သူများကိုကြပြောတတ်တယ်..
သူကြသူ့ဟာမစိန်စီလင်းနဲ့ စေ့တောင်စပ်
လိုက်သေးတာ...
ခခ ပွစိပွစိနဲ့ ဆီမန်းမန်းနေသည်။

>>>>>>>>>>>
Bloodစံအိမ်...
သခင်ကြီးနဲ့သူအရင်စာရင်းရှင်းရမှာပေါ့...

"မင်းကအခု ဒီအဖေကိုကျောခိုင်းပြီးဝန်ကြီးသမက်လုပ်တော့မယ်ပေါ့..
ဒီပုံစံနဲ့ကျေးဇူးပြန်ဆပ်တယ်ပေါ့.. မွေးရကျိုးမနပ်တဲ့ကောင်.."

"အဖေကြောင့်ကျွန်တော့်ရင်သွေးကိုဆုံးရှုံးလိုက်ရထဲက မိဘကျေးဇူးလိုဟာမျိုးတွေ
ကကျေသွားပြီ..
အခု အဖေလည်းကျွန်တော့်ကိုစွန့်လွှတ်
လိုက်ပါတော့.."

"မိန်းမတစ်ယောက်အတွက် နဲ့မင်းက
ကိုယ့်ဘ၀ကိုယ်စွန့်လွှတ်မယ်ပေါ့..
မင်းဘယ်လောက်တောင်စောက်သုံးမကျ
လိုက်သလဲ..."

"Bloodဆိုတဲ့မကောင်းဆိုးဝါးဘ၀ကိုစွန့်
လွှတ်တာပါ..
အနီသွေးအဖြစ်ရှင်သန်မှာပါ.."

"မင်းအဲ့လိုမလုပ်နိုင်ဘူး.."
"ကျွန်တော် ဖြစ်အောင်လုပ်မှာ..."

ယတိပြတ်ပြောပြီးသူလှည့်ထွက်လာခဲ့သည်။

သခင်ကြီးက မဲ့ပြုံးပြုံးရင်း...
"မင်းမလုပ်နိုင်ပါဘူး..အနီသွေး
မင်းကတသက်လုံး..သူများတကာတွေရဲ့
သွေးဝိညာဉ်နဲ့ကျိန်စာသင့်နေတဲ့ ဂိုဏ်း
စတားတစ်ယောက်ပဲဖြစ်နေမှာ..
ဒါက မင်းကိုငါမွေးထားရတဲ့ ရည်ရွယ်ချက်လေ...

>>>>>>>>>>>
ဦးအနီကတကယ်ပဲ bloodဆိုတဲ့ဘ၀ကို
စွန့်ပြီး စီးပွားရေးသမားအဖြစ်ပြောင်းဖို့ကြိုးစားနေပါတယ်..

အရင်ကတည်းကသူ့ဝင်ငွေနဲ့သီးသန့်ခွဲ
ထားတဲ့လုပ်ငန်းတွေလည်းရှိတော့..
မကြာခင်မှာ.. သူတို့လက်ထပ်နိုင်မှာပါ..

အခုထိ အမေကကန့်ကွက်နေပေမယ့်
အဖေကတော့ စောင့်ကြည့်နေပါတယ်..

ခခ လည်းသူ့ကိုကူဖို့ဆိုအလုပ်ကြိုးစားရ
မှာပေါ့...
မေမေ့စိန်တိုက်ကိုလိုက်ပြီး..ခခလည်း
စိန်အရည်အသွေးအကဲဖြတ်တာသင်ယူ
သည်။

သူမတို့စိန်တိုက်ထဲသို့ဝင်လာပြီး..လျှောက်ကြည့်နေတဲ့စိန်စီလင်း...
"ဒါလေးပြပေး.."

အ‌ရောင်းစာ‌ရေးမလေးကထုတ်ပြလျှင်..

"မကိုင်နဲ့..ရှင့်ကိုမ‌ရောင်းဘူး.."
"သြော်..နင်ကိုး..
သူဌေးမိဘရသွားပြီလို့ကြားတာ.. ဒါနင့်ဆိုင်လား.."

"ဟုတ်တယ်.. ဒီဆိုင်ကစိန်ပွင့်တွေကို
ရှင့်လိုဂိုဏ်းရာဇာမြေးရဲ့ ညစ်ပတ်တဲ့ပိုက်
ဆံနဲ့ဝယ်လို့မရဘူး...ဒါကြောင့် ထွက်သွား.."

"အဲ့လို သူများသွေးတွေအလိမ်းလိမ်းကပ်
နေတဲ့ ညစ်ပတ်တဲ့ဂိုဏ်းစတားနဲ့
အတူအိပ်ခဲ့တာက နင်နော်.."

"သူများကာမပိုင်ရှိမှန်းသိရက်နဲ့..လိုချင်
ငမ်းငမ်းတက်အောက်တန်းကြတာက ရှင်ပါ.."

"သွေးကို အခုထိနင့်ယောက်ျားလို့ထင်နေ
တုန်းလား...
အဟက်တော်တော်ရယ်ရတာပဲ...
ငါဘာမှမလုပ်ရင်တောင် နင်တို့လက်မထပ်နိုင်ပါဘူး...
အဖေက၀န်ကြီးချုပ်..ယောက်ျားကဂိုဏ်း
စတား..နင်ဘ၀ကအတော်ရယ်စရာ
ကောင်းတာပဲ...
နင်တို့ကရိုမီယိုနဲ့ ဂျုလိယက်ပြန်ဝင်စား
တာဖြစ်မယ်.."

စိန်စီလင်းက လှောင်ရယ်သည်။
"ဦးအနီက ပြောင်းလဲမယ်တဲ့...

ယောက်ျားတစ်ယောက်ကရှင့်အတွက်နဲ့
သူ့ဘ၀သူပြောင်းလဲမယ်လို့ပြောခံရဘူးလား..

သေချာတာတော့ ရှင်တစ်ခါမှအချစ်မခံခဲ့
ရဘူးမို့လား.."

"ဘာ.."

"ကျွန်မက ငယ်ငယ်ကမွေးစားခံရပေမယ့်
ဖိုးနဲ့ဖွားကသိပ်ချစ်တာ၊
ဦးအနီ ဆီမှာလည်းအချစ်ခံခဲ့ရပြီး
လက်ရှိမိဘတွေဆို ပြောစရာတောင်မလို
တော့ဘူး...

ရှင့်ကြောင့် ကျွန်မတို့ကလေးသေခဲ့ရပေမယ့်...
အချစ်တွေချမ်းသာလွန်းတဲ့ကျွန်မကပဲ
သဘောထားကြီးကြီးနဲ့ ရှင့်ကိုခွင့်လွတ်
ပေးလိုက်မယ်...
တစ်ခါမှအချစ်မခံခဲ့ရဘူးဆိုတော့
ရှင့်ကိုသနားလို့.."

"ဘာပြောတယ် နင်ကများ...တောက်))"
စီလင်းကရိုက်ဖို့လက်မြှောက်လိုက်လျှင်
သူမရဲ့ဘော်ဒီဂတ်က စီလင်းကိုဖမ်းချုပ်
လိုက်သည်။

"ငါ့ကိုလွှတ်စမ်း.."
"တစ်ခါပဲရမယ် စိန်စီလင်း.. .
သူ့ကိုဆိုင် အပြင်ကိုဆွဲထုတ်လိုက်.."

စီလင်း ဆွေ့ဆွေ့ခုန်ကာအပြင်သို့ပါသွား
ရသည်။
>>>>>>>>>>>>>>>>

ညဘက်ခခ ကုတင်ပေါ်မှောက်ပြီးလက်
တော့တစ်လုံးနဲ့အလုပ်များနေစဉ်...
ဘေးနားကဖုန်းလေးထမြည်လာသည်။

အသဲကြီးဆီကတဲ့...
သူမကောက်ကိုင်လိုက်ရင်း..
"ဦးအနီ ပြော..."

"အခု ကိုယ်နဲ့တွေ့ရအောင်.."

"ဟာ ညမိုးချုပ်နေပြီကို.."
"ဒါဆို ကိုယ်လာတွေ့ရမလား.."

"ဦးအနီနော်.. တဇွတ်ထိုးမလုပ်တော့ဘူး
လို့ပြောပြီး..."

"ဘေဘီ
ကိုယ်တို့မတွေ့တာဘယ်လောက်ကြာ
ပြီလဲ.."

"၇၈နာရီနဲ့၄၉မိနစ်.."
"အတိအကျမှတ်မိနေတာပဲ..."

"ဒါပေါ့.. ခခကပိုချစ်တာကို.."
"ဟား.... ဒါဆိုကိုယ်သေလို့တောင်ရပြီ.."

"ဟာ ဖွက်.. မပြောကောင်းမဆိုကောင်း."

"ဒါဆို ပြောကောင်းတာပဲပြောမယ်..
ချစ်တယ်.."

"ခခလည်း ဦးအနီကိုအရမ်းအရမ်းချစ်ပါ
သတဲ့ရှင်.."

"ဒါဆို လာတွေ့.."
"ဟာ အဲ့လိုလုပ်လို့မရပါဘူးဆို..."
"ဒါဆို ခုနကကိုယ့်ကိုညာပြောနေတာ.."

"ဦးအနီ နော် ခခငိုလိုက်မှာ..."
"အဟင်း... ထ.. အခုထပြီးပြတင်းပေါက်
နားလျှောက်ခဲ့.."

ဟင်... သူမချက်ချင်းထပြီးပြတင်းပေါက်နားပြေးကြည့်သည်။
သူမတို့ရဲ့ခြံအပြင်မှာ ဦးအနီရဲ့ကားရပ်ထားသည်။
သူကကားဘောနက်ပေါ်တတ်ထိုင်ရင်း
ဘေးမှာဂီတာတစ်လက်နဲ့...

"စောစောထဲကပြောပါလား.."
"ဒါဆို ရင်ခုန်ဖို့မကောင်းဘူး.."

"ဘေးနားကဂီတာလား..ဘာလုပ်ဖို့လဲ
ဦးအနီ တီးကောတီးတတ်လို့လား..."

"လူကို အထင်သေးလိုက်တာ.."

"အိမ်မှာတုန်းကကိုင်တာတောင်မမြင်ဘူး
လို့ပေါ့.. ဘယ်တုန်းကသင်လိုက်တာလဲ.."

"ကြာပြီ...နေရာကောင်းမှာသင်ခဲ့တာ
တော့မဟုတ်ဘူး..."
"ပြောပြ.."
"ထောင်ကျတုန်းက..."
ဟင်...
"မကောင်းတဲ့နေရာဆိုပေမယ့်.. အဲ့ထဲမှာ
တုန်းက ကိုယ်တကယ်ငြိမ်းချမ်းခဲ့တာ.."

"တော်ပါပြီ ဘာကောင်းစရာရှိလို့တမ်းတ
နေတာလဲ.."

"အင်း.."
"အခုက ဘာလဲ..ခခကိုဂီတာနဲ့သီချင်းဆိုပြမလို့လား.."
"အင်း.."
"တကယ်ကြီးလား.."
"အင်း နောက်ကြရင် ဘာလို့အဲ့လိုမလုပ်
ပေးခဲ့တာလဲဆိုပြီး မင်းဆီကနေအပြစ်ပြောမခံရအောင်...
အခုအစကနေ ပြန်ပိုးမလို့..."

"တကယ်... ခစ်ခစ်..
ဒါဆို ခခ အများကြီးမျှော်လင့်ထားလိုက်မယ်..."

"အင်း.. ခြံကဝေးနေလို့ ဖုန်းမချပစ်နဲ့.."
"ဟုတ်.."

ဖုန်းကိုအနားမှာချကာဂီတာကိုကောက်ယူပြီး.. သံစဉ်ချည်းပဲစတင်တီးခေတ်
သည်။

ထို့နောက်...
♬ မလွန်ဆန်နိုင် နှလုံးသားချင်းရစ်နှောင်တွယ် ပတ်လို့ဖြင့်ထားတော့လည်း..♬
အတွေးခက်တယ်သံယောဇဉ်..♬

ဖုန်းထဲမှာတောင်ကြည်လင်နေပြီး
ယောက်ျားပီသတဲ့သြရှရှ ဦးအနီရဲ့အသံ..
အား.....
ချစ်လွန်းလို့သေတော့မှာပဲ...

♬ ရင်ခွင်မှာပစ်ပြီးလို့စိုက်နေမှ ဆွဲနှုတ်ဖို့
မလုပ်နိုင်ဘူး..♬ ကိုယ့်အသက်ကို ကိုယ်
သနားတယ်..♬
♬ အကြင်နာတွေပေးပြီးလို့လက်လွန်မှ
♬ မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး..
မေ့ရမှာမလွယ်လို့ပါ
♬ ကြားလူတွေဖျက်လို့တော့ နောက်မဆုတ်ဘူး♬ စမိတဲ့အချစ်တွေကို ရုတ်
သိမ်းဖို့မတောင်းဆိုနဲ့..
♬ ငါ့အသိထဲမင်းတစ်ယောက်ပဲငဲ့ညှာမယ်♬ တို့နှစ်ယောက်ရဲ့နိဗ္ဗာန်လေးဖြတ်သိမ်းဖို့မတောင်းဆိုနဲ့ ...
♬ ငါဘယ်သူ့မှ ဂရုမစိုက်နိုင်..♬

>>>>>>>
ခခ ကြားလောက်အောင်ပဲဆိုပေမယ့်..
လေထဲလွင့်လာတဲ့အသံကြောင့်...

အိပ်နေတဲ့ လူကြီးမင်း..

"ဒါ ဘယ်ကအသံလဲ..."
"ရှင့်သမက်.."
နိုးလို့ ထကြည့်ပြီးတဲ့ ကတော်ကဖြေလိုက်သည်။

"အနီသွေး..ဒီကောင်ကတော့.."
"ရှင်ကပါ သဘောကြနေတာလား..."

"ကိုယ့်တုန်းကလဲ မင်းကိုဒီလိုပိုးခဲ့တာ
သတိရသွားလို့.."
"လူကြီးမင်း ရှင်တကယ်အဲ့ဂိုဏ်းစတားနဲ့
သဘောတူမလို့လား..
ကျွန်မတော့ တကယ်သဘောမကြဘူးနော်.."

"ခုနကတော့ သမက်ဆို.."
"ရှင့်သမက်လို့ပြောတာ..."

"အဲ့ကောင်က အရည်အချင်းတော့ရှိတယ်
စီးပွား‌ရေးလုပ်ရင်လည်းအောင်မြင်မှာပါ.."

"လူကြီးမင်း ဧကန်နရှင်လည်းသူ့ဆီမှာခြိမ်းခြောက်ခံနေရတာလား.."

"ထား သမီးလေးအပေါ်မှာ ကိုယ်ကအကြွေးတင်နေတယ်လေ.. ဒါကြောင့်သမီးလေးကိုတကယ်စိတ်ချမ်းသာစေချင်တယ်..
အဲ့ကောင်လေးသာတကယ်ပြောင်းလဲမယ်
ဆိုရင် ကိုယ့်အနေနဲ့သမီးလေးစိတ်ချမ်း
သာဖို့ပဲ ရွေးရလိမ့်မယ်.."

"ကျွန်မတော့..ရှင်တို့သားအဖကိုနားမလည်နိုင်ဘူး.."

/////////////////////////

Continue Reading

You'll Also Like

256K 24.8K 188
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
376K 25.3K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
471K 56.9K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...