မိန်းခလေးတစ်ယောက်ကို ချစ်မိရင်..
When a man falls in love.
အပိုင်း....၁၅
ခခ အိမ်လေးထဲမှာပြန်လည်နေရာချရင်း
"လိုအပ်တဲ့ပစ္စည်းတွေကများနေတာပဲ.."
ဟိုအိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကိုသတိရ
မိသည်။ တချို့ဟာတွေကအသစ်ဝယ်
ထည့်လို့ရပေမယ့် တချိုပစ္စည်းတွေကြ
အဟောင်းလေးပဲပြန်လိုချင်သည်။
"ငါ သွားပြန်ယူရင်ကောင်းမလား.."
"ဦးအနီက ငါ့ကိုအဲ့အိမ်မသွားနဲ့လို့မှမမှာ
ထားတာ.. သခင်ကြီးပြန်ရောက်နေလဲ
သူမမြင်ခင် ငါမြန်မြန်ပြန်လာရင်ရတာပဲ..
ဟုတ်တယ် .. ငါသွားယူအုံးမှ..
အဆင်ပြေရင် ဂျက်ကီကိုလည်းခေါ်ခဲ့ရမယ်.."
>>>>>>>
ခခ..တစ်ယောက်bloodအိမ်ကိုသွားဖို့
Taxiဌားသည်။
Taxi ကိုတားပြီးနေရာပြောပြတော့..
"အဲ့တာ bloodဂိုဏ်းရဲ့နေရာပဲ..
နေပါအုံး မိန်းကလေးကအဲ့ကိုဘာသွား
လုပ်မှာလဲ.."
"ကျွန်မခင်ပွန်းရဲ့အိမ်ကအဲ့မှာလေ
အဲ့မှာ ယူစရာလေးတွေရှိလို့.."
ကားသမား သူမကိုမျက်လုံးပြူးကြည့်ကာ
"နောက်တစ်စီးသာ ဌားလိုက်ပါ..
ကျုပ်တော့မလိုက်ရဲဘူး.."
ပြောပြီး..ဝူးခနဲမောင်းထွက်သွားလေ၏။
နောက် သုံးလေးစီးလည်း အလားတူပင်
...
နောက်တစ်စီးကြ အသက်လတ်ပိုင်းဒရိုင်
ဘာတစ်ယောက်ဖြစ်သည်..
"ဒီမိန်းကလေး အဲ့တာဘယ်နေရာမှန်းကောသိလို့လား.."
"သိတယ်..သိလို့ပြောနေတာပေါ့...
ရှင်ကောတခြားလူတွေလိုပြောအုံးမလို့
မှတ်လား...
အဲ့နေရာကမကောင်းဆိုးဝါးနယ်မြေမို့လား.. ဘာလို့လူတိုင်းဒီလိုပြောနေရတာလဲ..အဲ့မှာလည်းလူတွေနေပါတယ်...
အဲ့မှာနေတဲ့လူတိုင်းလည်းရက်စက်
ယုတ်မာတာ မဟုတ်ဘူး..
ကျွန်မခင်ပွန်းက လူကောင်း...
သူကမကောင်းဆိုးဝါး မဟုတ်ဘူးလို့.."
လူတိုင်း ဒီလိုပြောတော့ခခ၀မ်းနည်းလာ
သည်။
ကားသမားကတော့ သူမကိုသနားစဖွယ်
လူလိုအကြည့်နဲ့ကြည့်သွားသည်။
"ဦးအနီကလူကောင်း.. သူအခုလိုနေရတာသူ့အဖေကြောင့်...
သူစိတ်ရင်းကအဲ့လိုမဟုတ်ဘူး..ဒါကို
ငါသိတယ်..
ကလေးရေ..သူတို့ပြောတာမယုံပါနဲ့..
ဖေဖေကလူကောင်းပါ..
သူ့ကို မင်းနဲ့မေမေကပြုပြင်ပေးလိုက်ရင်
သူလုံးဝလူကောင်းတစ်ယောက်ဖြစ်လာ
မှာ.."
ပြဇတ်ရုံမှာတုန်းက.. လူတွေတောထဲဝင်
ပြေးရင်သူလွတ်ရဲ့သားနဲ့..လူတွေမထိအောင်ဆန့်ကျင်ဘက်ကိုပြေးခဲ့တာ...
ဦးအနီ...
သူ့လက်ကသွေးစွန်းညစ်ပေနေပေမယ့်..
လူတိုင်းကိုတော့ သူဒုက္ခမပေးဘူး..
>>>>>>>>>>>>>>
အဲ့ထိဘယ်သူမှမလိုက်ရဲတာခခနားလည်
သွားပြီး.. အဲ့နားအနီးဆုံးကိုပဲကားဌားကာ
လမ်းဆက်လျှောက်လာခဲ့သည်။
ထူးထူးဆန်းဆန်းbloodစံအိမ်ရဲ့ပင်မ၀င်
ပေါက်တံခါးကဖွင့်ထားသည်။
သူမကိုအံ့သြစွာကြည့်နေတဲ့ ဂိတ်စောင့်
ဦးလေးကြီးတွေကိုသူမပြုံးပြနှုတ်ဆက်
ခဲ့သေးသည်။
အိမ်မကြီးထဲမှာလူတွေအလုပ်ရှုပ်နေကြ
တာ..သူမကိုတောင်မမြင်ကြပါ..
#ဘာလဲ ပါတီလုပ်အုံးမလို့လား..
သခင်ကြီးထပ်ပြီးမိန်းမယူအုံးမယ်ပေါ့..
သားရှေ့မှာအားမနာလျှာမကျိုး သူမို့...
အဲ..ဒါနဲ့သူပြန်ရောက်နေတယ်ဆိုတော့
ငါမြန်မြန်ပြန်မှပဲ..
ဦးအနီရဲ့အိမ်ထဲကိုလှစ်ခနဲပြေးဝင်လာခဲ့သည်။
လိုအပ်တဲ့ပစ္စည်းတွေကိုအိတ်တစ်လုံးထဲ
ကောက်ထည့်သည်။ယူတာများသွားလို့
အိတ်ကကြီးသွားလို့ သူမမသယ်နိုင်တော့..
"ဦးဝ တို့ကိုရှာပြီးတစ်ယောက်ယောက်ကို
တော့ပြန်လိုက်ပို့ခိုင်းမှပဲ..မိုးလည်းချုပ်နေပြီ.."
သူမ bloodရဲ့တပည့်တွေကိုလိုက်ရှာဖို့
ထွက်လာတော့ခြံထဲမှာကားအနက်တွေ
လည်း မနဲမနောရောက်ရှိနေသည်။
"လူတွေ အများကြီးပါလား.."
သူမလူတွေကြားထဲကနေပါတီနေရာ
သို့လှမ်းကြည့်နေတုန်း..
တစ်နေရာကထွက်လာတဲ့ bloodကိုမြင်
လိုက်ရသည်။
"ဟင် ဦးအနီလည်းရှိနေတာပဲ..."
ရှပ်အကျီအဖြူနဲ့အနောက်တိုင်းကုတ်အနက်ရောင်ကိုတွဲဝတ်ထားပြီး..လှေကား
ပေါ်သို့တတ်သွားတဲ့ blood...
"ချောလိုက်တာ.. ငါ့မင်းသားလေး ခိခိ..
ရယ်လိုက်ရင်ပိုချောမှာကို "
>>>>>>>
Blood ကမပြုံးမရယ်နဲ့လှေကားတွေအပေါ်တတ်လာရင်း.. အပေါ်မှာရပ်စောင့်နေတဲ့ စီလင်းနားမှာရပ်လိုက်သည်။
စီလင်းကသူ့လက်ကိုချိတ်ကာ..လှေကား
ထိပ်မျက်နှာစာသို့နှစ်ယောက်တွဲထွက်
လာသည်။
သူတို့ကအပေါ်မှာဖြစ်ပြီး အောက်ကဧည့်
သည်တွေကသူတို့ကိုလှမ်းမြင်နေရသည်။
"ကြွရောက်လာတဲ့ပရိတ်သတ်အပေါင်း
တို့အပေါင်းတို့ခင်ဗျာ..
အားလုံးသိကြတဲ့အတိုင်း ဒီနေ့ပါတီကအ
ထူးခြားဆုံးနဲ့အခမ်းနားဆုံးဖြစ်တဲ့...
ရာမဂိုဏ်းနဲ့ bloodဂိုဏ်းတို့ပေါင်းစည်းတဲ့
နေ့ဖြစ်ပြီး...
Bloodရဲ့ဒုတိယခေါင်းဆောင်ဖြစ်တဲ့ အနီသွေးနဲ့ ဦးရာမရဲ့တစ်ဦးတည်းသောမြေး
စိန်စီလင်းတို့ရဲ့ စေ့စပ်ပွဲပဲဖြစ်ပါတယ်.."
ဖြောင်း...ဖြောင်း...
မြင်နေရတဲ့ မြင်ကွင်း၊ ကြားနေရတဲ့အသံတွေကြောင့် ခခ ခန္တာကိုယ်ကိုလေထဲမှာ
ပင့်မြှောက်ပြီးအရိုက်ခံလိုက်ရသလိုခံစား
ရသည်။
ဒါပေမယ့်... ဒေါသသွေးကဆူပွတ်နေချိန်မို့..
"ဘယ်သူ့သဘောနဲ့လဲ ..."
သူမရဲ့အော်သံကြောင့် အားလုံးအသံတွေ
တိတ်ကြသွားသည်။
ခခ လှေကားထစ်တွေပေါ်ပြေးတတ်ကာ..
"ဦးအနီသွေး....ရှင်အခုဒီမှာဘာလုပ်နေတာလဲ..."
Blood လုံးဝထင်မှတ်မထားတဲ့ အခြေအနေမို့ ခခကိုကြည့်ပြီးစွံ့အနေသည်။
စိန်စီလင်းလည်း ထိုနည်းတူပင်...
ဒါက သွေး ဝှက်ထားတဲ့ မယားငယ်မဆိုတာလား...
"ကျွန်မမေးနေတယ်လေ..ရှင်အခုဘာ
လုပ်နေတာလဲလို့..
စေ့စပ်တယ်..ဟုတ်လား ရှင်က
ဘယ်သူ့သဘောနဲ့လဲ.. "
"မင်း ဒီကိုဘာလာလုပ်တာလဲ..
ဒါ မင်းလာရမယ့်နေရာမဟုတ်ဘူး.."
ဒိုင်းရိပ်ကို လှမ်းကြည့်ပြီးမျက်ရိပ်ပြခေါ်
လိုက်သည်။
အခြေအနေမကောင်းဘူး...စီလင်းနဲ့ရာမ
ရှေ့ကိုမှပေါ်လာရသလား..
ဦးရာမကသူ့အဖေထက်တောင်ဆိုးတဲ့လူ.
ခခ ကိုဒီနေရောာမှာတင်သတ်ပစ်လိုက်နိုင်တယ်..
"သြော် ရှင်ကဒါကြောင့်ကျွန်မကိုတခြားပို့ခဲ့တာကို..
လူယုတ်မာ... ရှင် ပဲကျွန်မကိုလက်ထပ်မယ်လို့ပြောခဲ့တယ်လေ...
ရှင်ပြောတာတွေအမှန်လို့ ယုံကြည်ခဲ့တယ်.. အခု ကျွန်မမှာ..."
ခခ ဆက်မပြောနိုင်ဖြစ်နေသည်။
"ဟဲ့..နင်ကဘယ်သူလဲ..ဘယ်သူမို့လို့
ဒီနေရာကိုလာပြီး.. သွေးကိုဒီလိုပြောနေရတာလဲ.."
"သိချင်ရင် သူ့ကိုမေးကြည့်ပါလား..
ဖြေလေ...ရှင်ဖြေလိုက်လေ...လူယုတ်မာရဲ့..
ရှင့်အတွက် ကျွန်မကဘာလဲ..
အပျော်မယားလား ... အဲ့အဆင့်တောင်မရှိတဲ့ မိန်းမလား.. ရှင်ဖြေလေ.."
ခခ အော်ဟစ်နေသည်။
"မင်းကိုငါ သွားတော့လို့ပြောပြီးနော်...
မင်းသေချင်လို့လား.. မင်းခေါင်းထဲကျည်
ဆံထည့်ပေးရမလား.."
Bloodကသေနတ်နဲ့ သူမကိုချိန်ရွယ်ထား
သည်။
(ထွက်သွားပါဘေဘီရယ်.. မဟုတ်ရင်
မင်း သူတို့လက်ထဲသေရုံလိမ့်မယ်..)
# သူ့ရဲ့ချစ်တယ်ဆိုတဲ့စကားတစ်ခွန်းထဲနဲ့
ဘ၀အထိပါပုံပေးပြီး ယုံကြည်ခဲ့တာ...
အခု ရက်စက်လွန်းသူကြီးက သူ့ဇနီးဖြစ်
ပြီးသားလူကို သတ်တောင်သတ်ပစ်နိုင်
တယ်ပေါ့..
ခခ ကအဲ့လောက် ရှင့်အတွက်လွယ်ကူ
ခဲ့တာလား..
အညှာလွယ်ခဲ့မိလို့ တန်ဖိုးတစ်ပြားတစ်ချပ်မှမရှိပဲ ဒီအတိုင်းကြွေပေးရတော့မယ်
ပေါ့...
သတ်လိုက်ပါ..ရှင့်ကိုချစ်ခဲ့မိတဲ့ အဖိုးအခ
အတွက်.. သေခြင်းနဲ့ပဲထိုက်တန်တယ်ဆိုရင်... ရှင်သတ်လိုက်..
ရှင့်ဇနီးနဲ့ သူ့ကိုယ်ထဲကရှင့်သွေးတွေကိုရှင့်လက်မှာထပ်ပြီး စွန်းပေခံလိုက်အုံး...
ခခက သူ့ကိုပစ်လိုက်လေဆိုတဲ့ မျက်နှာ
ထားနဲ့ကြည့်နေသည်။
စီလင်းက သူတို့အလယ်က၀င်ကာ..
"နင်သိပ်သိချင်ရင် ငါဖြေပေးမယ်..
နင်ကအိမ်သာလေ.. သွေးအတွက်အညစ်အကြေးတွေ စွန့်ပစ်လို့ရတဲ့နေရာ...
ရာရာစစ နင့်လိုပမွှားအဆင့်နဲ့မိန်းမက
ငါ့စေ့စပ်ပွဲကိုဖြတ်ဆီးရဲတယ်.. ကဲဟယ်.."
ဖြန်း...ဒုန်း
"စီလင်း တော်တော့...မလုပ်နဲ့.."
သူတားချိန်တောင်မရလိုက်ပဲ လက်မြန်
လွန်းတဲ့စီလင်းကြောင့်.. ခခ ပါးလည်ထွက်သွားကာ..ခန္တာကိုယ်ပါဟန်ချက်ပျက်ပြီး...
ဒုန်း..ဒုန်း...
သူတို့ရပ်နေတာလှေကားထိပ်မှာဖြစ်ပြီး..
ခခ နောက်မှာလှေကားထစ်တွေပဲရှိနေခဲ့တာ...
"ဘေဘီ.."
စီလင်းကိုတွန်းထုတ်ကာ..ဒလှိမ့်ခေါက်ခွေးပြုတ်ကြသွားတဲ့ ခခဆီသို့သူပြေးဆင်းသွားသည်။
၁၈ပေရှိသောလှေကားအမြင့်ကနေလိမ့်
ကြတဲ့အတွက်.. ခခ ခေါင်းမှာကော၊ခါး
အောက်ပိုင်းကနေပါ သွေးတွေစီးလာသည်။
"မဟုတ်ဘူး..ဘေဘီ.. သတိထားပါအုံး..
ကိုယ်ခေါ်နေတာကြားလား.."
သူမကိုပွေ့ပြီး အရူးလိုအော်ဟစ် လှုပ်နှိုးသည်။
"ဘေဘီ.. မင်းဘာမှမဖြစ်ရဘူး... ထ..ထပါ.."
"သခင်လေး မမလေးကိုဆေးရုံအမြန်ပို့
ရပါမယ်.."
ဒိုင်းရိပ်ကအမြန်ကားပြေးထုတ်သည်။
သူလည်း သူမကိုယ်ပွေ့ချီပြီး ကားဆီပြေး
သည်။
"သွေး.. ရပ်လိုက်.. ရှင်မသွား၇ဘူး..
ရှင်အခုထွက်သွားရင်.. ရှင့်အဖေကော
Bloodဂိုဏ်းပါ ပျက်စီးကုန်မှာနော်..."
"ဂရုမစိုက်ဘူး .. အခုလေးတင်ငါ့ကမ္ဘာက
ပျက်ဆီးသွားပြီ..."
ခခ ကိုကားပေါ်တင်ပြီး အမြန်မောင်းထွက်လာခဲ့သည်။
"ဘေဘီ.. ကိုယ်မှားပါတယ်..
ကိုယ်မှားတာ.. ကိုယ်ပဲသေသင့်တာ..
မင်း ဘာမှဖြစ်လို့မရဘူး သိတယ်မဟုတ်လား..."
ဒိုင်းရိပ်လည်းကားကိုအသားကုန်မောင်း
နှင်ကာ..အနီးဆုံးဆေးရုံရှေ့သို့ရောက်လာသည်။
ဆရာဝန်တွေ၊နာစ့်တွေပြေးလာပြီးခခကို
အရေးပေါ်ခန်းထဲခေါ်သွားသည်။
"မလိုက်ပါနဲ့..ရှင်ဝင်လို့မရဘူး.."
တားမြစ်ချက်ကြောင့်.. သူအပြင်မှာကျန်နေခဲ့ရသည်။
လူအသက်များစွာနှုတ်ယူခဲ့ပြီး၊
ဘာသာရေးအယူအဆမရှိတဲ့သူက..
အခုတော့တစ်စုံတစ်ရာဆီမှာ သူမအသက်ရှင်ဖို့ကို အပြင်းအထန်ဆု
တောင်းနေရသည်။
"ကိုယ့်အသက်နဲ့လဲဆိုလဲပေးမယ်..မင်း တော့ဘာမှမဖြစ်စေနဲ့.."
အရေးပေါ်ခန်းရှေ့မှာ အရှင်လတ်လတ်ငရဲရောက်ခဲ့ရပြီး..
မျှော်လင့်ချက်အခန်းတံခါးပွင့်လာမှ..
ထွက်လာသောဆရာဝန်အား..
"ဒေါက်တာ...သူမအခြေအနေဘယ်လို
နေသေးလဲ.."
"ရှင်က သူ့အမျိုးသားလား...
ဆေးရုံအရောက်မြန်လို့ရှင့်ဇနီးအသက်
အန္တရာယ်ကိုတော့ကျော်လာခဲ့ပြီ...
ဒါပေမယ့်.. သန္ဓေသားတော့ဆုံးရှုံးလိုက်
ရတယ်.."
"ဘာ..အခု ဘာပြောလိုက်တာလဲ..
ကလေးလား.. ကလေးသေပြီလို့ပြောလိုက်တာလား.."
"စိတ်မကောင်းပါဘူး.. ကိုယ်ဝန်လနုချိန်မှာ ဒီထက်ပိုပြီးဂရုစိုက်ခဲ့ရမှာ.."
သူနောက်ပင် ယိုင်ကြသွားသည်။
ကလေးတဲ့... ခခ မှာသူ့ကလေးရှိနေခဲ့တာလား...
သူက ကိုယ့်ကလေးလွယ်ထားတဲ့မိန်းကလေးအပေါ်မှာ ဒီလိုရက်စက်ယုတ်မာတဲ့
လုပ်ရပ်မျိုး ကျုးလွန်မိခဲ့တာလား...
စဉ်းစားကြည့်တော့
သူမ မနက်ကသူ့ကိုဒီအကြောင်းပြောချင်
တာဖြစ်မယ်...
သူသာအချိန်ပေးပြီး နားထောင်ခဲ့ရင်..
ခခသာ သူ့ကိုအသိပေးခဲ့ရင်၊ အဖေမက
လို့ ဘာပဲဖြစ်နေပါစေ..
သူဒီလိုရူးသွပ်စေတဲ့ စေ့စပ်ပွဲကိုလုပ်ခဲ့မှာ
မဟုတ်ဘူး...
အခုတကယ်ကိုရူးသွားရင်ကောင်းမယ်..
အား.....
သူဟော်ဟစ်ပြီး ဆေးရုံနံရံကိုလက်သီး
တွေနဲ့ပိတ်ထိုးနေသည်။
လက်ကသွေးစက်စက်စီးကျလာတာတောင်.. ဘယ်လိုနာကျင်ခြင်းမှမခံစားရဘူး...
သူအလိုချင်ဆုံးဘ၀တစ်ခုက တိမ်တိုက်လို အမှောင်မှာကွယ်ပျောက်သွားခဲ့ပြီ..
(သူများမိသားစုကို ဖျက်ဆီးခဲ့သလို
နင်တနေ့ဝဠ်လည်လိမ့်မယ်..)
ထိုစကားများပဲ နားထဲပြန်ကြားရင်း..
"မဟုတ်ဘူး... မဟုတ်ဘူး.."
နားနှစ်ဖက်ကိုလက်နဲ့ပိတ်ကာအော်ဟစ်
နေသည်။
>>>>>>>>>>>>
ခခ သတိပြန်ရလာပြီး.. မျက်လုံးတွေဖြေး
ညှင်းစွာဖွင့်ကြည့်သည်။
ဆေးရုံခန်းဖြူဖြူတစ်ခုပဲ...
သူမ အားအင်စုစည်းပြီးကုန်းထသည်။
"လူနာ မထပါနဲ့အုံး..ပြန်လှဲနေပါ..."
ခခ သူမရဲ့ဗိုက်ကလေးကိုငုံ့ကြည့်ရင်း...
"ဆရာမ.. ကလေး.. ကျွန်မကလေးကော..သူရှိသေးရဲ့လား.."
"အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့်...
စိတ်မကောင်းပါဘူး..ကွယ်.."
"ဟင့်အင်း..ဟင့်အင်း.. ကလေး..."
ကလေးပျက်ကျသွားတာတဲ့အဖြစ်ကိုသိ
ပြီး ခခ သည်းထန်စွာငိုကြွေးတော့သည်။
"မငိုပါနဲ့ မိန်းကလေးရယ်..မင်းခေါင်းမှာ
လည်းဒဏ်ရာကြီးနဲ့.. ခေါင်းမခံမရပ်နိုင်
အောင်ကိုက်လာလိမ့်မယ်.."
"ဘေဘီ.."
ခခ သတိရပြီဆိုတာနဲ့ သူလည်းအပြေး
တစ်ပိုင်းနဲ့ရောက်လာသည်။
ခခ သူ့ကိုဝါးစားမတတ်စိုက်ကြည့်ပြီး..
"ရှင် ဒီကိုဘာလာလုပ်တာလဲ.."
"ကိုယ်တောင်းပန်ပါတယ်.."
"မပြောနဲ့..မကြားချင်ဘူး.. ရှင့်ကိုဘယ်
တော့မှခွင့်မလွှတ်ဘူး...လူယုတ်မာရဲ့...
ပြန် ... ရှင့်မယားဆီကိုသာသွား...
ကျွန်မကလေးက ရှင့်အတွက်အညစ်အကြေးသက်သက်ဆိုတော့..ရှင်ဘာမှဆုံးရှုံးခဲ့တာမရှိဘူး...
သွား... ထွက်သွား... ရှင့်မျက်နှာကိုမမြင်
ချင်လို့ထွက်သွား.."
ခခ အော်ဟစ်နေလေသည်။
"ရှင့်ဇနီးကအခုသွေးနုသားနုနဲ့ပါ..ခေါင်း
လည်းထိထားတာကြောင့်.. သူမအခြေ
အနေပိုဆိုးသွားမှာ စိုးရိမ်ရတယ်..
ကျေးဇူးပြုပြီး ရှင်ထွက်သွားပေးပါ.."
ဆရာဝန်ကပါ နှင်ထုတ်သည်။
သူ့မှာ တောင်းပန်ဖို့၊ဖြေရှင်းဖို့ စကားလုံး
တွေရှိမနေခဲ့ပါ..
ဒိုင်းရိပ်ကိုတနေရာခေါ်ကာ..
"ဒိုင်းရိပ် ငါ့ကိုထိုးစမ်း.. ငါရပ်လို့မပြောမချင်းမင်းထိုး.."
"သခင်လေး..."
"ခိုင်းတာလုပ်... "
ခွပ်..ခွပ်...
ဒိုင်းရိပ် သူ့ကိုထိုးကြိတ်နေရသည်။ သေချာတယ်သူဘယ်တော့မှ ရပ်လို့ပြော
မှာမဟုတ်ဘူး...
>>>>>>>>>>>>>>
ရာမအိမ်....
"ဖိုးဖိုး.. သွေးအဖေကိုအခုထုတ်ပေးလိုက်ပါ.."
"Bloodဆိုတဲ့ကောင်က မင်းကိုလူပုံအ
လယ်မှာအရှက်ရအောင်လုပ်ခဲ့တာလေ.."
"မဟုတ်ဘူး.. ကျွန်မနဲ့သူစေ့စပ်ပြီးပြီပဲ."
"စီလင်း...စိတ်ထိန်းစမ်း...
အဲ့ကောင်လုပ်ရပ်ကိုမင်းမမြင်ဘူးလား.."
"သိတယ်..
သွေးအဖေလည်းမိန်းမအများကြီးယူတာ
ပဲ.. သူလည်းဒီလောက်တော့ရှိမှာပေါ့..
ဖိုးဖိုးလည်းဒီလိုပဲလေ.. ဒါပေမယ့် ဖွားဖွား
ကသာဖိုးဖိုးရဲ့တရားဝင်ဇနီးမဟုတ်လား..
အဖေ့အတွက်လည်း အမေတစ်ယောက်ပဲရှိသလို..
သွေးအတွက်လည်း ဇနီးဆိုတာကျွန်မ
တစ်ယောက်ထဲပဲရှိရမယ်..
နံပတ်စဉ်မတပ်နိုင်တဲ့ ဒီလိုမိန်းမပျက်တွေ
နဲ့ ကျွန်မကလိုက်ယှဉ်စရာလား...
ကျွန်မ သွေးနဲ့သေချာပေါက်လက်ထပ်မှာပါ...
ဒါကြောင့် ကျွန်မယောက္ခမလောင်းကို
အခုထုတ်ပေး..
ဒါ ဖိုးဖိုးနဲ့ ကျွန်မကြားထဲကကတိပဲ.."
"မင်း ပျော်ရွှင်ရမှာမဟုတ်ဘူး."
"ဂိုဏ်းစတားကိုချစ်တဲ့မိန်းမတိုင်း ဒီလိုပဲလေ.. အဖွားကော၊အမေကော.. သူတို့
ပျော်ရွှင်ခဲ့တယ်ထင်လို့လား.."
"ကျွန်မ သွေးကိုချစ်တယ်.. ကျန်တာမလိုဘူး.."
>>>>>>>>>>>>>>>
ဆေးရုံမှာပဲ နေရသေးတဲ့ခခ...
"ဒေါက်တာ..အိပ်မက်ဆိုတာ နှိုးနေရင်ကောမက်တတ်သလားဟင်...
ကျွန်မအခုတလော ထူးဆန်းတာတွေမြင်နေရတယ်.."
"ဘယ်လိုမျိုးလဲ မိန်းကလေး.."
"အဲ့ဒါက ရှုပ်ထွေးလွန်းပါတယ်.."
"တစ်ခုချင်းဆီ ဖြေးဖြေးချင်းဆီ စဉ်းစားပြီး
မိန်းကလေးမြင်တာတွေ ဒေါက်တာ့ကို
ပြောပြပါ .."
အိမ်မွေ့ချတဲ့ကုထုံးနဲ့ကုသတာဖြစ်ပြီး..
သူမတဖြေးဖြေးအိပ်ပျော်လုလုဖြစ်လာသည်။
"မိန်းကလေးဘာတွေမြင်ပြီလဲ.."
"ကလေးတစ်ယောက်ကိုမြင်တယ်..
နန်းတော်လိုအိမ်ကြီးထဲမှာ အဲ့ကလေးကသူ့အမေနဲ့ဆော့ကစားနေတယ်..
ကံကောင်းလိုက်တာ..သူသိပ်အချစ်ခံရတာပဲ..."
"နောက်တော့...ကော.."
"အဲ့ကလေးလေးခြံထဲမှာပြေးကစားနေတယ်..
အဟင့်..ဟင့် မလုပ်နဲ့.. .
ဒေါက်တာ..ဒေါက်တာ ကလေးကိုဖမ်းခေါ်သွားကြပြီ..."
"မိန်းကလေး ဘာမှမဖြစ်ဘူး..
ဒါကအိပ်မက်ပဲ.. ဆက်သွားကြည့်.."
"မဲမှောင်နေတယ်.. ဘာမှမမြင်ရဘူး.."
(•••)
သူမအသံတိတ်နေတာကို ဆရာဝန်ကစိတ်ရှည်လက်ရှည်နဲ့စောင့်နေသည်။
အတန်ကြာမှ...
"ကား.. ကလေးကကားပေါ်မှာ..
ပြီးတော့ လူကြီး၂ ယောက်ရှိတယ်..
အားးး..."
"မိန်းကလေး ဘာဖြစ်တာလဲ.. "
"ကားအကြီးကြီးနဲ့ ၀င်တိုက်မိသွားပြီ.."
နောက်ထပ်မြင်တာတွေက အဲ့ကလေးကို
ကားပေါ်ကနေဆွဲထုတ်ခံရသည်။
ပြီးနောက်အဲ့ကားကိုမီးရှို့ဖျက်ဆီးခံရသည်။
လူတစ်ယောက်ကအဲ့ကလေးကိုပွေ့ချီိလိုက်တယ်...
("ဒီကလေးကို ဘယ်လိုလုပ်ရမလဲ.."
. "ရှင်းပစ်လိုက်")တဲ့..
အဲ့အသံတွေနားထဲမှာပီသစွာကြားနေရတယ်.. ဒါပေမယ့် အဲ့လူမျက်နှာတွေ
ကိုမမှတ်မိဘူး....
"ရှင်းပစ်လိုက်.. "
"ရှင်းပစ်လိုက်.. "
ဒါပဲ နားထဲအထပ်ထပ်ကြားကာ..
အဲ့အသံမျိုးက တစ်နေရာမှာရင်းရင်းနှီးနှီးကြားဖူးနေတယ်..
ဒေါက်တာကသူမကို အိမ်မွေ့ကုထုံးနဲ့ကု
သပေးပြီးနောက်..
"မိန်းကလေး ငယ်ငယ်ကအက်စီးဒင့်ဖြစ်ဘူးတယ်ဆို.."
"ဟုတ်ကဲ့.."
"မိန်းကလေး အခုမြင်နေတာတွေက..
အဲ့မတိုင်ခင်ကပျောက်ဆုံးနေတဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေလို့ယူဆရပါတယ်.."
"ရှင်.."
ဒါဆို သူမကမိဘတွေနဲ့အတူအက်စီးဒင့်
ဖြစ်ခဲ့တာမဟုတ်ဘူးပဲ...
ဒါဆို ဘယ်အရာကိုယုံကြည်ရမှာလဲ..
"ဒေါက်တာ တစ်ခုလောက်တောင်းဆိုပါရစေ.. ကျွန်မရဲ့မှတ်ဉာဏ်တွေနဲ့ပတ်သတ်
ပြီး.. ဒီနေ့ဒေါက်တာနဲ့ပြောဆိုခဲ့တာတွေကို..
ကျွန်မအမျိုးသားကို မသိစေချင်ဘူး...
လျှိဝှက်ထားပေးပါရှင်.. ."
"ကောင်းပါပြီး... လူနာရဲ့ကိုယ်ရေးကိုယ်
တာအချက်အလက်တွေကို သေချာထိန်း
သိမ်းပေးပါ့မယ်.."
"ကျေးဇူး..ကျေးဇူးတင်ပါတယ်"
>>>>>>>>>>>>>>
ဆေးရုံကုတင်ပေါ်မှာထိုင်ပြီးသူမအသဲ
အသန်စဉ်းစားနေသည်။
အဲ့ကလေးက သူမသာဆိုဘာလို့ဘိုးစံ
သာတို့ဆီရောက်သွားတာလဲ...
အကိုဒိုင်းရိပ် ရှာပေးခဲ့တာက အတုပဲ...
ဘာလို့လဲ...
ဦးအနီ များခိုင်းတာလား...
အခုတော့ မဟုတ်ဘူးလို့လည်းမပြောနိုင်..
သူမကိုပိပိရိရိလိမ်ခဲ့တယ်လေ..
ပျောက်ဆုံးနေတဲ့ သူမဘ၀ကို ကိုယ်တိုင်
ပြန်ရှာရမယ်..
သူမ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။
>>>>>>>>
ခခ ကသူ့ကိုမြင်တိုင်းအော်ဟစ်သောင်း
ကျန်းတတ်တာကြောင့်သူမကိုဆေးရုံမှာ
ပဲဆက်ထားရသည်။
သူရဲ့ ငယ်သား၎ယောက်က ၂ယောက်ဆီ
အလှည့်ကြ ခခ ဆေးရုံခန်းရှေ့မှာစောင့်ကြပ်နေသည်။
ခခ ထွက်ပြေးဖို့ဆိုသူတို့ကိုကျော်မှရမယ်..
အကြံထုတ်စမ်း...
ညစာစားချိန်မို့ တစ်ယောက်ကဆင်းပြီး
ထမင်းသွားစားသည်။ တစ်ယောက်ထဲ
ကျန်ခဲ့တာမို့.. အချိန်ကောင်းပဲ...
"ဦးဝ..."
"ဟင် မမလေး ဘာလိုချင်လို့လဲ.. "
"သူ့ကိုခေါ်ပေး.. ခခ ကတွေ့ချင်တယ်လို့..
အခုချက်ချင်းလာခဲ့လို့.."
"သခင်လေးကိုလား..
ကောင်းပါပြီ.. ခနတော့စောင့်ပါ.."
ဦးဝ ကတစ်ဖက်ကိုလှည့်ကာဖုန်းထုတ်ပြီး
သူ့ဆီကိုဆက်သည်။
အဲ့အချိန်လေးကို အခွင့်ကောင်းယူကာ
ခခ လှစ်ခနဲပြေးထွက်လာခဲ့သည်။
"သခင်လေး ကအခုလာခဲ့ပါမယ်တဲ့..
ဟင် ဘယ်ရောက်သွားတာလဲ...
မမလေး.. မမလေး..ဟာ..သေစမ်း.."
ငါတော့သခင်လေး လက်ထဲသေတော့မှာပဲ...
"မမလေး.. ဘယ်ကိုသွားတာလဲ.."
>>>>>>>