Unicode
''ညနေ စလှုပ်ရှားတော့"
''ဟုတ်ကဲ့"
တစ်ဖက်မှနာခံသံကြားတော့
သူမရဲ့နှုတ်ခမ်းပါးတွေက သဘောကျစွာ
အပေါ်သို့ကွေးတက်သွားသည်။
လူတွေက အတ္တအမှောင်ဖုံးလာတဲ့အခါ
ဘာမှမမြင်နိုင်တော့ဘူး။လုပ်သင့်လားဆိုတဲ့
မေးခွန်းအတွက်လည်း အဖြေမရှိ။
ဒီတိုင်း သူမကထိုလူတွေကိုအနိုင်လိုချင်ယုံလေးပဲ...
..........................
''ချမ်းမြေ့!!"
ခေါင်းမှတစ်ဆင့်တစ်စက်စက်ကျလာတဲ့
သွေးတွေက ချမ်းမြေ့မျက်နှာမှာမြင်လို့မကောင်း။
ယိုင်တိုင်တိုင်လျှောက်လာပုံက
မကြာခင်လှဲကျတော့မယ့်သူလို။
''သားငယ်"
အမယ်အိုက အိမ်ပေါ်မှအောက်ကိုပြေးဆင်းကာ
သူမသားငယ်ကိုပြေးပွေ့သည်။ရောင်နီလည်း
အမြန်ပင် ချမ်းမြေ့ကိုတွဲရသည်။
ရှင်းမြတ်ကချမ်းမြေ့ခေါင်းမှ သွေးထည့်သည့်နေရာကို
အသာအယာဖိထားသည်။
မီးဖိုခန်းထဲကပြေးထွက်လာတဲ့အစ်မနှစ်ယောက်
ကလည်း ချမ်းမြေ့ဆီသို့ပြေးဆင်းလာသည်။
ပျော်ရွှင်ဆိုရင် လှေကားထစ်မှခြေချော်ကျကာ
ခြေထောက်နာသွားပေမဲ့ မောင်ဖြစ်သူကြောင့်
နာသွားတာပင်မမှုနိုင်။
ကြည်နူးကတော့ ချမ်းမြေ့ခေါင်းမှသွေးစက်တွေကို
မြင်ကာ အော်ငိုတော့သည်။
''သားငယ်...ချမ်းမြေ့ ဘာဖြစ်လာတာလဲ
အမေ့ကိုပြော"
ခေါင်းတရိပ်ရိပ်ဖြစ်ကာ မူးနောက်နေသော်လည်း
ချမ်းမြေ့က မရမကမျက်လုံးဖွင့်ကာ
''မငိုပါနဲ့ အမေ၊
ကျွန်တော် ဘာမှမဖြစ်ပါဘူး"
''ရှင်းမြတ် ချမ်းမြေ့ကိုဆေးခန်းပို့ရအောင်"
''အင်း...မင်း ချမ်းမြေ့ကိုခဏထိန်းထား၊
ငါဆိုင်ကယ် သွားထုတ်လိုက်ဦးမယ်"
ရှင်းမြတ်က အိမ်ပေါ်သို့အမြန်ပြေးတက်ကာ
ဆိုင်ကယ်သော့ယူသည်။အချိန်မည်မျှမကြာလိုက်။
အောက်သို့ပြန်ရောက်လာ၏။
စိုးရိမ်စိတ်ကြောင့် ရှင်းမြတ်လှေကားအောက်သို့
ပြုတ်ကျသည်။သို့သော် ကျရာမှပြန်ထကာ
အိမ်အောက်ရပ်ထားသည့်ဆိုင်ကယ်ကို
အပြင်သို့တွန်းထုတ်သည်။
သူ့မှာ အသက်ပင်ရှုရဲ့လားလို့
မေးယူရလောက်သည်အထိ။
ပျော်ရွှင်နဲ့ရောင်နီက ချမ်းမြေ့ကိုတစ်ဖက်စီတွဲကာ
ဆိုင်ကယ်ပေါ်သို့တင်သည်။ချမ်းမြေ့မှာ
သတိရတစ်ချက်၊မရတစ်ချက်။
ဒါတောင် အနောက်ကုန်းကနေအိမ်အထိ
အားတင်းပြီးလမ်းလျှောက်လာခဲ့ပုံရသည်။
ချမ်းမြေ့ကိုနေရာတကျတင်ပြီးမှ ရောင်နီက
အနောက်ကတက်ရသည်။
''ရပြီ မောင်းတော့ ရှင်းမြတ်"
စိတ်လှုပ်ရှားမှုကြောင့် ရှင်းမြတ်လက်တွေက
တဆတ်ဆတ်တုန်နေသည်။
ဆိုင်ကယ်ဇက်ကိုပင် သေချာမထိန်းနိုင်ဘဲ
ဟိုယိုင်ဒီယိုင်ဖြစ်နေ၏။
''ကို..ကို စိတ် အေးအေးထား၊
ကျွန်တော်...ဘာမှမဖြစ်...ဘူး"
ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲ။
ထိုစကားကိုတော့ ရှင်းမြတ်စိတ်ထဲမှပြောကာ
ဆိုင်ကယ်ဇက်ကိုသေချာထိန်းရသည်။သူ့ကြောင့်နဲ့
ချမ်းမြေ့ အနာတရထပ်ရလို့မဖြစ်ပေ။
ရောင်နီ့မှာလည်း တစ်ချက်တစ်ချက်ယိုင်ယိုင်သွားတဲ့
ချမ်းမြေ့ကိုယ်ကို အောက်မကျရလေအောင်
သေချာထိန်းရသည်။
ချမ်းမြေ့ခေါင်းမှသွေးတွေကြောင့်
ရှင်းမြတ်နဲ့ရောင်နီ့အင်္ကျီမှာ သွေးတွေရဲလို့။
အင်္ကျီအဖြူမလဲရသေးတဲ့ ရောင်နီ့အင်္ကျီမှာဆို
ပိုပြီးဆိုးသည်။
လျှော်ဖြူကုန်းရွာမှာ ဆေးခန်းမရှိတော့
ကုက္ကိုကုန်းရွာကိုအမြန်မောင်းရသည်။
ရွာသားတွေက သွေးတွေနဲ့ချမ်းမြေ့ကိုမြင်ကြတော့
အထူးအဆန်းလိုကြည့်လာကြသည်။
တစ်ချို့ကတော့ သနားသလို၊
တစ်ချို့ကတော့ အရိုင်းအစိုင်းမို့ဘုရားဒဏ်ခတ်ခံရတာ
ဆိုပြီးဝေဖန်အပြစ်တင်ကြသည်။
''ချမ်းမြေ့ ရောက်တော့မှာနော်၊
သတိမလွတ်စေနဲ့"
ရောင်နီက ချမ်းမြေ့ကိုယ်ကိုသေချာထိန်းကာ
သတိလစ်ချင်နေတဲ့ချမ်းမြေ့ကြားအောင်ပြောသည်။
ချမ်းမြေ့ကကြားကြောင်း မျက်လုံးပုတ်ခတ်ပုတ်ခတ်
လုပ်ပြသည်။
ရှင်းမြတ်မှာတော့ ရင်ထဲတစ်ဆို့နေလို့
ဘာစကားမှထွက်မလာ။
သူ့အနေနဲ့ စိတ်ကိုသေချာထိန်းပြီးဆိုင်ကယ်
မောင်းနိုင်တာကပင် အခြေအနေမဆိုးဘူး
ပြောရမယ်။
''ဘာမှမဖြစ်ဘူး....ဦးဦးဘာမှမဖြစ်ဘူးနော်"
တက်မတတ်အော်ငိုနေတဲ့ကြည်နူးကို
ရွှင်လန်းကပွေ့ချီကာ နှစ်သိမ့်နေတာကြာနေပေမဲ့
ကြည်နူးကအငိုမတိတ်။
ပျော်ရွှင်ကတော့ မျက်ရည်တစမ်းစမ်းဖြစ်နေတဲ့
အမယ်အိုကိုပွေ့ဖက်ကာသားအမိနှစ်ယောက်
ခေါင်းချင်းဆိုင်ပြီး တိတ်တခိုးကျိတ်ငိုနေကြသည်။
''ချမ်းမြေ့ အဆင်ပြေမှာပါအမေရယ်"
''ဘုရားက ကောင်းချီးပေးမှာပါ"
''ချမ်းချမ်း...ချမ်းချမ်း"
''ချမ်းချမ်းကဘာမှမဖြစ်ပါဘူး အနူးရယ်"
သားဖြစ်သူရဲ့မျက်ရည်တွေကိုလက်မနှင့်
ဖွဖွသုတ်ပေးကာ သူမသည်လည်းပဲမျက်ရည်
ကျမိသည်။
ဘယ်အခါများမှ သူမတို့မိသားစု
စိတ်ချမ်းသာစွာနဲ့အေးအေးချမ်းချမ်းနေနိုင်မှာပါလဲ။
...............................
ဒီညက မီးပုံပွဲပထမရက်။
ညအချိန်ရောက်နေပြီမို့ ရွာဦးဘုန်းကြီးကျောင်းမှာ
ကြီးကြီးငယ်ငယ်ပျော်တတ်သူလူအချို့နဲ့
ရွာအကြီးအကဲတွေရောက်နေကြပေပြီ။
ညနက်လာလေ...လူပိုစည်လာမှာပင်ဖြစ်သည်။
ပွဲမစခင် တစ်ရွာလုံးကြားရသည့်
sound boxကြီးတွေနဲ့မြူးကြွသည့်
သီချင်းတွေဖွင့်ထားသည်မှာ ရွာပြင်က
ရွှင်လန်းတို့အိမ်ကပင် အတိုင်းသားကြားနေရသည်။
ပုံမှန်ဆို ကလေးတွေကငိုပြီးရင်
အိပ်ပျော်သွားတတ်ကြပေမဲ့ ကြည်နူးကတော့
ထမင်းပင်ဝင်အောင်မစားနိုင်ပဲ
ရွှင်လန်းကိုယ်ပေါ်မှာ မှိုင်တွေတွေနှင့်။
ပျော်ရွှင့်ခြေထောက်ကလည်း မောင်ဇောကပ်နေတုန်းကသာ
မသိသာ။လှေကားပေါ်ကပြုတ်ကျတုန်းက
သွေးပူတုန်းမို့ ဘာမှမခံစားရပေမဲ့
ခုတော့ခြေထောက်ကရောင်ကိုင်းနေလေပြီ။
အခြေအနေနည်းနည်းတည်ငြိမ်သွားတော့မှ
ရွှင်လန်းက ဆေးလိမ်းကာနှိပ်နယ်ပေးသည်။
ခြေထောက်ထောက်ဖို့ပင် ခဲယဥ်းလှရာ
ပျော်ရွှင့်မှာခြေတစ်ဖက်ထောက်သွားရသည်။
ညနေက ရောင်နီတစ်ခေါက်လာသွားသေးသည်။
ချမ်းမြေ့ခေါင်းက ခြောက်ချက်ချုပ်လိုက်ရကာ
ရှင်းမြတ်ကတော့ လူနာစောင့်နေခဲ့သည်ဟု
ပြောလာတော့ အမယ်အိုတို့မိသားစုမှာ
သက်ပြင်းဖွဖွချမိကြသည်။
ခုလည်း ရောင်နီကအမယ်အိုနှင့်
အိမ်ရှေ့ခန်းမှာ စကားလက်ဆုံကျနေသည်။
''ကလေးကို မီးပုံပွဲလိုက်ပို့လိုက်ပါသမီးရယ်"
''ရတယ် အမေ၊
အိပ်ပျော်သွားအောင် သိပ်လိုက်မယ်"
သီချင်းမျိုးစုံဆိုကာ ချော့သိပ်သော်လည်း
ကြည်နူးကအိပ်မပျော်။
''လိုက်ပို့လိုက်ပါ သမီးရယ်၊
မိုးအရမ်းချုပ်သေးတာလည်း မဟုတ်ဘဲ"
''ဟုတ်ကဲ့ အမေ"
''ဓာတ်မီးယူသွားအုံး၊
ဉာဥ့်နက်ထိတော့ မနေနဲ့၊
တစ်ယောက်တည်းပြန်မလာရဲရင်
ဆရာလေးကိုလိုက်ပို့ခိုင်းလိုက်"
''ကျွန်တော် ရွှင်လန်းကိုသေချာလေး
ပြန်လိုက်ပို့ပါ့မယ် အမေ"
''အေးကွယ်...ဆရာလေးကိုပဲအားကိုးရတော့မှာ"
နောက်ဆုံးတော့ ရွှင်လန်းကကြည်နူးကိုပွေ့ကာ
ရောင်နီနဲ့အတူရွာမီးပုံပွဲသို့ရောက်လာရသည်။
ပျော်ရွှင်က ခြေထောက်နာနေတော့
အတူလိုက်မလာနိုင်။
..............................
ခြေထောက်က တဆစ်ဆစ်ကိုက်ကာ
နေရခက်လှသည်မို့ ဘာမီတွန်သောက်ကာ
အိပ်ရသည်။အမေ့ရဲ့ဘုရားစာရွတ်သံကို
ပျော်ရွှင်နားထောင်ရင်း
သူမရဲ့အသိစိတ်တွေက တဖြည်းဖြည်း...။
ရွာဦးကျောင်းကသီချင်းသံတွေကလွဲရင်
ပျော်ရွှင်တို့အိမ်လေးက တိတ်ဆိတ်လှပေသည်။
ချမ်းမြေ့နဲ့ရှင်းမြတ်က တစ်ခြားရွာမှာ...
ရွှင်လန်းနဲ့ကြည်နူးက ရောင်နီနဲ့အတူ
ရွာမီးပုံပွဲသွားသည့်အချိန်မှာ
အိမ်မှာကျန်နေခဲ့တာက ပျော်ရွှင်နှင့်
အမယ်အိုနှစ်ယောက်တည်း။
ထိုအချိန်မှာပဲ...
သရက်ပင်တွေဝိုင်းရံထားသည့်အိမ်လေးဆီသို့
ချဥ်းကပ်လာသည့် လူနှစ်ယောက်။
နှစ်ယောက်လုံးက အင်္ကျီအမည်းတွေဝတ်ထားကြကာ
လက်ထဲမှာလည်း ပုံးကိုယ်စီနှင့်။
ခြံထိပ်ရောက်တော့ထိုနှစ်ယောက်က
မီးထွန်းထားသည့်အိမ်ကို အကွယ်မှ
ချောင်းမြောင်းကြည့်သည်။တိတ်ဆိတ်နေတာမြင်မှ
ကိုယ်ထွက်ကာ အိမ်ငယ်ဆီသို့ခြေလှမ်း၏။
အိမ်အောက်ချည်ထားတဲ့ နွားနှင့်ကျွဲက
လူစိမ်းမြင်တော့ နှာမှုတ်ကြသည်။
ထိုလူနှစ်ယောက်က ဂရုမစိုက်စွာ
လက်ထဲမှပုံးတွေကို အဖုံးဖွင့်ကာ
အိမ်တိုင်ခြေရင်းတွေကို လိုက်ဖြန်းသည်။
နှစ်ယောက်သားကတိုးတိုးတိတ်တိတ်ရှိလှ၍
မည်သည့်အသံမျှ မကြားရလောက်သည်အထိ။
ပြီးနောက်မှာတော့ နှစ်ယောက်ထဲမှ
အရပ်ရှည်ရှည်လူဟာ ခါးကြားထဲမှတစ်ခုခု
နှိုက်ယူသည်။ပါလာသည်က အဝါရောင်မီးခြစ်ကလေး။
ထိုလူက အရပ်ပုပုဝဝနဲ့လူကိုကြည့်တော့
တစ်ဖက်လူက ပြုံးကာခေါင်းညိတ်ပြလာသည်။
လက်ထဲမှမီးခြစ်ကိုခြစ်ကာ
ပစ်ချလိုက်သည်က ခုနရေနံတွေဖြန်းထားသည့်
အိမ်တိုင်ဆီ။
ဝုန်းကနဲထတောက်လာသည့်မီးနှင့်အတူ
ထိုလူနှစ်ယောက်ကလည်း အိမ်ပြင်သို့
အမြန်ပြေးထွက်သည်။
တဖြည်းဖြည်းလောင်ကျွမ်းနေသည့် အိမ်ကြီးကို
ကြည့်ကာ လူနှစ်ယောက်ကဟက်ဟက်ပက်ပက်
ရယ်မောသည်။ထို့နောက် သူတို့ခြေလှမ်းတွေက
ရွာဆီသို့...
''မေ့သမီး...ပျော်ရွှင်...ပျော်ရွှင်"
အိပ်ဆေးအရှိန်ကြောင့် အိပ်မောကျနေရာကနေ
အမေ့ရဲ့စိုးရိမ်တကြီးအော်နှိုးသံကြောင့်
သူမမှာ မျက်လုံးမဖွင့်ချင်ဘဲဖွင့်လာရသည်။
''ဘာဖြစ်လို့လဲ အမေ"
''သမီး...ထ ထ အမေတို့အိမ်မီးလောင်နေပြီ"
''ရှင်"
အိပ်ချင်နေတဲ့သူမမျက်လုံးအစုံပြူးကျယ်သွားသည်။
''ဘာတွေဖြစ်နေတာလဲ အမေ"
''အမေတို့အိမ် မီးလောင်နေပြီ၊
သမီးအဖေကိုယ်တိုင်ဆောက်ခဲ့တဲ့ အမေတို့အိမ်
မီးလောင်နေပြီ မေ့သမီးရဲ့"
...............................
(ကိုယ်ပြောတဲ့ မုန်တိုင်းကဒါပါ၊
မနက်ဖြန်တစ်ရက် အပ်ဒိတ်နားပါမည်)
Zawgyi
''ညေန စလႈပ္ရွားေတာ့"
''ဟုတ္ကဲ့"
တစ္ဖက္မွနာခံသံၾကားေတာ့
သူမရဲ႕ႏႈတ္ခမ္းပါးေတြက သေဘာက်စြာ
အေပၚသို႔ေကြးတက္သြားသည္။
လူေတြက အတၱအေမွာင္ဖုံးလာတဲ့အခါ
ဘာမွမျမင္နိုင္ေတာ့ဘူး။လုပ္သင့္လားဆိုတဲ့
ေမးခြန္းအတြက္လည္း အေျဖမရွိ။
ဒီတိုင္း သူမကထိုလူေတြကိုအနိုင္လိုခ်င္ယုံေလးပဲ...
..........................
''ခ်မ္းေျမ့!!"
ေခါင္းမွတစ္ဆင့္တစ္စက္စက္က်လာတဲ့
ေသြးေတြက ခ်မ္းေျမ့မ်က္ႏွာမွာျမင္လို႔မေကာင္း။
ယိုင္တိုင္တိုင္ေလွ်ာက္လာပုံက
မၾကာခင္လွဲက်ေတာ့မယ့္သူလို။
''သားငယ္"
အမယ္အိုက အိမ္ေပၚမွေအာက္ကိုေျပးဆင္းကာ
သူမသားငယ္ကိုေျပးေပြ႕သည္။ေရာင္နီလည္း
အျမန္ပင္ ခ်မ္းေျမ့ကိုတြဲရသည္။
ရွင္းျမတ္ကခ်မ္းေျမ့ေခါင္းမွ ေသြးထည့္သည့္ေနရာကို
အသာအယာဖိထားသည္။
မီးဖိုခန္းထဲကေျပးထြက္လာတဲ့အစ္မႏွစ္ေယာက္
ကလည္း ခ်မ္းေျမ့ဆီသို႔ေျပးဆင္းလာသည္။
ေပ်ာ္႐ႊင္ဆိုရင္ ေလွကားထစ္မွေျခေခ်ာ္က်ကာ
ေျခေထာက္နာသြားေပမဲ့ ေမာင္ျဖစ္သူေၾကာင့္
နာသြားတာပင္မမႈနိုင္။
ၾကည္ႏူးကေတာ့ ခ်မ္းေျမ့ေခါင္းမွေသြးစက္ေတြကို
ျမင္ကာ ေအာ္ငိုေတာ့သည္။
''သားငယ္...ခ်မ္းေျမ့ ဘာျဖစ္လာတာလဲ
အေမ့ကိုေျပာ"
ေခါင္းတရိပ္ရိပ္ျဖစ္ကာ မူးေနာက္ေနေသာ္လည္း
ခ်မ္းေျမ့က မရမကမ်က္လုံးဖြင့္ကာ
''မငိုပါနဲ႕ အေမ၊
ကြၽန္ေတာ္ ဘာမွမျဖစ္ပါဘူး"
''ရွင္းျမတ္ ခ်မ္းေျမ့ကိုေဆးခန္းပို႔ရေအာင္"
''အင္း...မင္း ခ်မ္းေျမ့ကိုခဏထိန္းထား၊
ငါဆိုင္ကယ္ သြားထုတ္လိုက္ဦးမယ္"
ရွင္းျမတ္က အိမ္ေပၚသို႔အျမန္ေျပးတက္ကာ
ဆိုင္ကယ္ေသာ့ယူသည္။အခ်ိန္မည္မွ်မၾကာလိုက္။
ေအာက္သို႔ျပန္ေရာက္လာ၏။
စိုးရိမ္စိတ္ေၾကာင့္ ရွင္းျမတ္ေလွကားေအာက္သို႔
ျပဳတ္က်သည္။သို႔ေသာ္ က်ရာမွျပန္ထကာ
အိမ္ေအာက္ရပ္ထားသည့္ဆိုင္ကယ္ကို
အျပင္သို႔တြန္းထုတ္သည္။
သူ႕မွာ အသက္ပင္ရႈရဲ႕လားလို႔
ေမးယူရေလာက္သည္အထိ။
ေပ်ာ္႐ႊင္နဲ႕ေရာင္နီက ခ်မ္းေျမ့ကိုတစ္ဖက္စီတြဲကာ
ဆိုင္ကယ္ေပၚသို႔တင္သည္။ခ်မ္းေျမ့မွာ
သတိရတစ္ခ်က္၊မရတစ္ခ်က္။
ဒါေတာင္ အေနာက္ကုန္းကေနအိမ္အထိ
အားတင္းၿပီးလမ္းေလွ်ာက္လာခဲ့ပုံရသည္။
ခ်မ္းေျမ့ကိုေနရာတက်တင္ၿပီးမွ ေရာင္နီက
အေနာက္ကတက္ရသည္။
''ရၿပီ ေမာင္းေတာ့ ရွင္းျမတ္"
စိတ္လႈပ္ရွားမႈေၾကာင့္ ရွင္းျမတ္လက္ေတြက
တဆတ္ဆတ္တုန္ေနသည္။
ဆိုင္ကယ္ဇက္ကိုပင္ ေသခ်ာမထိန္းနိုင္ဘဲ
ဟိုယိုင္ဒီယိုင္ျဖစ္ေန၏။
''ကို..ကို စိတ္ ေအးေအးထား၊
ကြၽန္ေတာ္...ဘာမွမျဖစ္...ဘူး"
ဘယ္လိုလုပ္ၿပီး စိတ္ေအးနိုင္မွာလဲ။
ထိုစကားကိုေတာ့ ရွင္းျမတ္စိတ္ထဲမွေျပာကာ
ဆိုင္ကယ္ဇက္ကိုေသခ်ာထိန္းရသည္။သူ႕ေၾကာင့္နဲ႕
ခ်မ္းေျမ့ အနာတရထပ္ရလို႔မျဖစ္ေပ။
ေရာင္နီ႕မွာလည္း တစ္ခ်က္တစ္ခ်က္ယိုင္ယိုင္သြားတဲ့
ခ်မ္းေျမ့ကိုယ္ကို ေအာက္မက်ရေလေအာင္
ေသခ်ာထိန္းရသည္။
ခ်မ္းေျမ့ေခါင္းမွေသြးေတြေၾကာင့္
ရွင္းျမတ္နဲ႕ေရာင္နီ႕အကၤ်ီမွာ ေသြးေတြရဲလို႔။
အကၤ်ီအျဖဴမလဲရေသးတဲ့ ေရာင္နီ႕အကၤ်ီမွာဆို
ပိုၿပီးဆိုးသည္။
ေလွ်ာ္ျဖဴကုန္း႐ြာမွာ ေဆးခန္းမရွိေတာ့
ကုကၠိုကုန္း႐ြာကိုအျမန္ေမာင္းရသည္။
႐ြာသားေတြက ေသြးေတြနဲ႕ခ်မ္းေျမ့ကိုျမင္ၾကေတာ့
အထူးအဆန္းလိုၾကည့္လာၾကသည္။
တစ္ခ်ိဳ႕ကေတာ့ သနားသလို၊
တစ္ခ်ိဳ႕ကေတာ့ အရိုင္းအစိုင္းမို႔ဘုရားဒဏ္ခတ္ခံရတာ
ဆိုၿပီးေဝဖန္အျပစ္တင္ၾကသည္။
''ခ်မ္းေျမ့ ေရာက္ေတာ့မွာေနာ္၊
သတိမလြတ္ေစနဲ႕"
ေရာင္နီက ခ်မ္းေျမ့ကိုယ္ကိုေသခ်ာထိန္းကာ
သတိလစ္ခ်င္ေနတဲ့ခ်မ္းေျမ့ၾကားေအာင္ေျပာသည္။
ခ်မ္းေျမ့ကၾကားေၾကာင္း မ်က္လုံးပုတ္ခတ္ပုတ္ခတ္
လုပ္ျပသည္။
ရွင္းျမတ္မွာေတာ့ ရင္ထဲတစ္ဆို႔ေနလို႔
ဘာစကားမွထြက္မလာ။
သူ႕အေနနဲ႕ စိတ္ကိုေသခ်ာထိန္းၿပီးဆိုင္ကယ္
ေမာင္းနိုင္တာကပင္ အေျခအေနမဆိုးဘူး
ေျပာရမယ္။
''ဘာမွမျဖစ္ဘူး....ဦးဦးဘာမွမျဖစ္ဘူးေနာ္"
တက္မတတ္ေအာ္ငိုေနတဲ့ၾကည္ႏူးကို
႐ႊင္လန္းကေပြ႕ခ်ီကာ ႏွစ္သိမ့္ေနတာၾကာေနေပမဲ့
ၾကည္ႏူးကအငိုမတိတ္။
ေပ်ာ္႐ႊင္ကေတာ့ မ်က္ရည္တစမ္းစမ္းျဖစ္ေနတဲ့
အမယ္အိုကိုေပြ႕ဖက္ကာသားအမိႏွစ္ေယာက္
ေခါင္းခ်င္းဆိုင္ၿပီး တိတ္တခိုးက်ိတ္ငိုေနၾကသည္။
''ခ်မ္းေျမ့ အဆင္ေျပမွာပါအေမရယ္"
''ဘုရားက ေကာင္းခ်ီးေပးမွာပါ"
''ခ်မ္းခ်မ္း...ခ်မ္းခ်မ္း"
''ခ်မ္းခ်မ္းကဘာမွမျဖစ္ပါဘူး အႏူးရယ္"
သားျဖစ္သူရဲ႕မ်က္ရည္ေတြကိုလက္မႏွင့္
ဖြဖြသုတ္ေပးကာ သူမသည္လည္းပဲမ်က္ရည္
က်မိသည္။
ဘယ္အခါမ်ားမွ သူမတို႔မိသားစု
စိတ္ခ်မ္းသာစြာနဲ႕ေအးေအးခ်မ္းခ်မ္းေနနိုင္မွာပါလဲ။
...............................
ဒီညက မီးပုံပြဲပထမရက္။
ညအခ်ိန္ေရာက္ေနၿပီမို႔ ႐ြာဦးဘုန္းႀကီးေက်ာင္းမွာ
ႀကီးႀကီးငယ္ငယ္ေပ်ာ္တတ္သူလူအခ်ိဳ႕နဲ႕
႐ြာအႀကီးအကဲေတြေရာက္ေနၾကေပၿပီ။
ညနက္လာေလ...လူပိုစည္လာမွာပင္ျဖစ္သည္။
ပြဲမစခင္ တစ္႐ြာလုံးၾကားရသည့္
sound boxႀကီးေတြနဲ႕ျမဴးႂကြသည့္
သီခ်င္းေတြဖြင့္ထားသည္မွာ ႐ြာျပင္က
႐ႊင္လန္းတို႔အိမ္ကပင္ အတိုင္းသားၾကားေနရသည္။
ပုံမွန္ဆို ကေလးေတြကငိုၿပီးရင္
အိပ္ေပ်ာ္သြားတတ္ၾကေပမဲ့ ၾကည္ႏူးကေတာ့
ထမင္းပင္ဝင္ေအာင္မစားနိုင္ပဲ
႐ႊင္လန္းကိုယ္ေပၚမွာ မွိုင္ေတြေတြႏွင့္။
ေပ်ာ္႐ႊင့္ေျခေထာက္ကလည္း ေမာင္ေဇာကပ္ေနတုန္းကသာ
မသိသာ။ေလွကားေပၚကျပဳတ္က်တဳန္းက
ေသြးပူတုန္းမို႔ ဘာမွမခံစားရေပမဲ့
ခုေတာ့ေျခေထာက္ကေရာင္ကိုင္းေနေလၿပီ။
အေျခအေနနည္းနည္းတည္ၿငိမ္သြားေတာ့မွ
႐ႊင္လန္းက ေဆးလိမ္းကာႏွိပ္နယ္ေပးသည္။
ေျခေထာက္ေထာက္ဖို႔ပင္ ခဲယဥ္းလွရာ
ေပ်ာ္႐ႊင့္မွာေျခတစ္ဖက္ေထာက္သြားရသည္။
ညေနက ေရာင္နီတစ္ေခါက္လာသြားေသးသည္။
ခ်မ္းေျမ့ေခါင္းက ေျခာက္ခ်က္ခ်ဳပ္လိုက္ရကာ
ရွင္းျမတ္ကေတာ့ လူနာေစာင့္ေနခဲ့သည္ဟု
ေျပာလာေတာ့ အမယ္အိုတို႔မိသားစုမွာ
သက္ျပင္းဖြဖြခ်မိၾကသည္။
ခုလည္း ေရာင္နီကအမယ္အိုႏွင့္
အိမ္ေရွ႕ခန္းမွာ စကားလက္ဆုံက်ေနသည္။
''ကေလးကို မီးပုံပြဲလိုက္ပို႔လိုက္ပါသမီးရယ္"
''ရတယ္ အေမ၊
အိပ္ေပ်ာ္သြားေအာင္ သိပ္လိုက္မယ္"
သီခ်င္းမ်ိဳးစုံဆိုကာ ေခ်ာ့သိပ္ေသာ္လည္း
ၾကည္ႏူးကအိပ္မေပ်ာ္။
''လိုက္ပို႔လိုက္ပါ သမီးရယ္၊
မိုးအရမ္းခ်ဳပ္ေသးတာလည္း မဟုတ္ဘဲ"
''ဟုတ္ကဲ့ အေမ"
''ဓာတ္မီးယူသြားအုံး၊
ဉာဥ့္နက္ထိေတာ့ မေနနဲ႕၊
တစ္ေယာက္တည္းျပန္မလာရဲရင္
ဆရာေလးကိုလိုက္ပို႔ခိုင္းလိုက္"
''ကြၽန္ေတာ္ ႐ႊင္လန္းကိုေသခ်ာေလး
ျပန္လိုက္ပို႔ပါ့မယ္ အေမ"
''ေအးကြယ္...ဆရာေလးကိုပဲအားကိုးရေတာ့မွာ"
ေနာက္ဆုံးေတာ့ ႐ႊင္လန္းကၾကည္ႏူးကိုေပြ႕ကာ
ေရာင္နီနဲ႕အတူ႐ြာမီးပုံပြဲသို႔ေရာက္လာရသည္။
ေပ်ာ္႐ႊင္က ေျခေထာက္နာေနေတာ့
အတူလိုက္မလာနိုင္။
..............................
ေျခေထာက္က တဆစ္ဆစ္ကိုက္ကာ
ေနရခက္လွသည္မို႔ ဘာမီတြန္ေသာက္ကာ
အိပ္ရသည္။အေမ့ရဲ႕ဘုရားစာ႐ြတ္သံကို
ေပ်ာ္႐ႊင္နားေထာင္ရင္း
သူမရဲ႕အသိစိတ္ေတြက တျဖည္းျဖည္း...။
႐ြာဦးေက်ာင္းကသီခ်င္းသံေတြကလြဲရင္
ေပ်ာ္႐ႊင္တို႔အိမ္ေလးက တိတ္ဆိတ္လွေပသည္။
ခ်မ္းေျမ့နဲ႕ရွင္းျမတ္က တစ္ျခား႐ြာမွာ...
႐ႊင္လန္းနဲ႕ၾကည္ႏူးက ေရာင္နီနဲ႕အတူ
႐ြာမီးပုံပြဲသြားသည့္အခ်ိန္မွာ
အိမ္မွာက်န္ေနခဲ့တာက ေပ်ာ္႐ႊင္ႏွင့္
အမယ္အိုႏွစ္ေယာက္တည္း။
ထိုအခ်ိန္မွာပဲ...
သရက္ပင္ေတြဝိုင္းရံထားသည့္အိမ္ေလးဆီသို႔
ခ်ဥ္းကပ္လာသည့္ လူႏွစ္ေယာက္။
ႏွစ္ေယာက္လုံးက အကၤ်ီအမည္းေတြဝတ္ထားၾကကာ
လက္ထဲမွာလည္း ပုံးကိုယ္စီႏွင့္။
ၿခံထိပ္ေရာက္ေတာ့ထိုႏွစ္ေယာက္က
မီးထြန္းထားသည့္အိမ္ကို အကြယ္မွ
ေခ်ာင္းေျမာင္းၾကည့္သည္။တိတ္ဆိတ္ေနတာျမင္မွ
ကိုယ္ထြက္ကာ အိမ္ငယ္ဆီသို႔ေျခလွမ္း၏။
အိမ္ေအာက္ခ်ည္ထားတဲ့ ႏြားႏွင့္ကြၽဲက
လူစိမ္းျမင္ေတာ့ ႏွာမႈတ္ၾကသည္။
ထိုလူႏွစ္ေယာက္က ဂ႐ုမစိုက္စြာ
လက္ထဲမွပုံးေတြကို အဖုံးဖြင့္ကာ
အိမ္တိုင္ေျခရင္းေတြကို လိုက္ျဖန္းသည္။
ႏွစ္ေယာက္သားကတိုးတိုးတိတ္တိတ္ရွိလွ၍
မည္သည့္အသံမွ် မၾကားရေလာက္သည္အထိ။
ၿပီးေနာက္မွာေတာ့ ႏွစ္ေယာက္ထဲမွ
အရပ္ရွည္ရွည္လူဟာ ခါးၾကားထဲမွတစ္ခုခု
ႏွိုက္ယူသည္။ပါလာသည္က အဝါေရာင္မီးျခစ္ကေလး။
ထိုလူက အရပ္ပုပုဝဝနဲ႕လူကိုၾကည့္ေတာ့
တစ္ဖက္လူက ၿပဳံးကာေခါင္းညိတ္ျပလာသည္။
လက္ထဲမွမီးျခစ္ကိုျခစ္ကာ
ပစ္ခ်လိဳက္သည္က ခုနေရနံေတြျဖန္းထားသည့္
အိမ္တိုင္ဆီ။
ဝုန္းကနဲထေတာက္လာသည့္မီးႏွင့္အတူ
ထိုလူႏွစ္ေယာက္ကလည္း အိမ္ျပင္သို႔
အျမန္ေျပးထြက္သည္။
တျဖည္းျဖည္းေလာင္ကြၽမ္းေနသည့္ အိမ္ႀကီးကို
ၾကည့္ကာ လူႏွစ္ေယာက္ကဟက္ဟက္ပက္ပက္
ရယ္ေမာသည္။ထို႔ေနာက္ သူတို႔ေျခလွမ္းေတြက
႐ြာဆီသို႔...
''ေမ့သမီး...ေပ်ာ္႐ႊင္...ေပ်ာ္႐ႊင္"
အိပ္ေဆးအရွိန္ေၾကာင့္ အိပ္ေမာက်ေနရာကေန
အေမ့ရဲ႕စိုးရိမ္တႀကီးေအာ္ႏွိုးသံေၾကာင့္
သူမမွာ မ်က္လုံးမဖြင့္ခ်င္ဘဲဖြင့္လာရသည္။
''ဘာျဖစ္လို႔လဲ အေမ"
''သမီး...ထ ထ အေမတို႔အိမ္မီးေလာင္ေနၿပီ"
''ရွင္"
အိပ္ခ်င္ေနတဲ့သူမမ်က္လုံးအစုံျပဴးက်ယ္သြားသည္။
''ဘာေတြျဖစ္ေနတာလဲ အေမ"
''အေမတို႔အိမ္ မီးေလာင္ေနၿပီ၊
သမီးအေဖကိုယ္တိုင္ေဆာက္ခဲ့တဲ့ အေမတို႔အိမ္
မီးေလာင္ေနၿပီ ေမ့သမီးရဲ႕"
...............................
(ကိုယ္ေျပာတဲ့ မုန္တိုင္းကဒါပါ၊
မနက္ျဖန္တစ္ရက္ အပ္ဒိတ္နားပါမည္)