{Unicode}
အခန်း(၁၈)
တင်းယိနန်၏ တိုက်ခန်းမှာ ပေငါးဆယ်ပတ်လည်မျှသာ ကျယ်ဝန်းသည်။ သို့တိုင်အောင် ပြန့်ကျဲနေသည့် အမှိုက်များကို စုထည့်ပြီး ဖုန်စုပ်စက်ဖြင့် ထပ်မံရှင်းလင်းရသေးသည်ဖြစ်၍ မိနစ်နှယ်ဆယ်ခန့်ကတော့ အသာလေး ကုန်သည်။
လမ်းပေါ်တွင် ရပ်စောင့်နေသည့် ဟော့ကျိရှောင်းတစ်ယောက် စိတ်မရှည်နိုင်ဖြစ်တော့မည်ကိုလည်း စိုးရိမ်ရသေးရာ တင်းယိနန်သည် အချိန်ကို ကြည့်လိုက်ရသေး၏။ ထို့နောက် သူသည် တိုက်အောက်နားရှိ အမှိုက်ပုံးထဲ အမှိုက်ထုတ်တွေကို စွန့်ပစ်ပြီးသည်နှင့် ဘေးရပ်ကွက်ဘက်ဆီ ဦးတည်ကာ ခပ်သုတ်သုတ် ထွက်လာလိုက်သည်။
သို့သော်လည်း ထွက်လာလာချင်းမှာပင် သူတို့ ရပ်ကွက်ဘေးရှိ ပန်းခြံအဝိုင်းပတ်ထိပ်တွင် ရပ်စောင့်နေသည့် စွဲမက်ဖွယ်ရာ ပုံရိပ်တစ်ခုနှင့် တည့်တည့် သွားဆုံသည်။
ပန်းခြံအဝိုင်းပတ်သည် နှစ်ကီလိုမီတာမှ သုံးကီလိုမီတာအထိ ရှည်လျားသည်။ အနီးအနား ရပ်ကွက်တွင် နေထိုင်သူများသည်လည်း ဤပန်းခြံ၌သာ လမ်းလာလျှောက်ကြ၏။ သို့တိုင်အောင် သူတို့ရပ်ကွက်အနားရှိ ပန်းခြံအထိ ဟော့ကျိရှောင်း ရောက်လာမည်ဟုတော့ တင်းယိနန် မထင်ထားခဲ့မိပေ။ ကံကောင်းထောက်မစွာဖြင့် ဟော့ကျိရှောင်းသည် လမ်းဘက်သို့ မျက်နှာမူထား၍ ရပ်ရွာဂိတ်ပေါက်မှ သူ ထွက်လာသည်ကို တွေ့မြင်မသွားတာဖြစ်ပါ၏။
တင်းယိနန်သည် ဟော့ကျိရှောင်းဆီ လျှောက်သွားပြီး သူ ယူလာသည့် ပလတ်စတစ်အိတ်ကို ကမ်းပေးလိုက်ရင်း
" ဒီမှာ၊ အိတ် "
ဟော့ကျိရှောင်းသည် အိတ်ကို လှမ်းယူလိုက်ပြီး တင်းယိနန် ထွက်လာသည့် ရပ်ကွက်ဘက်ဆီ တစ်ချက်ကြည့်ကာ သိပ်မထူးခြားဟန်ဖြင့်
" မင်း ဘယ်ကနေ လာတာလဲ "
" ဒီနားလေးတင် "
တင်းယိနန်သည် ထိုမျှသာပြောပြီး
" အဲ့ကိစ္စကိုပဲ အမြန်ဖြေရှင်းရအောင် "
ဟော့ကျိရှောင်းသည် သူ့ လက်အတွင်းရှိ ပလတ်စတစ်အိတ်ကို ကြည့်ပြီး မြေကြီးပေါ် စောင့်ကြောင့်ထိုင်နေသည့် စန်းပိုင်ဆွေ့ကို တစ်ချက်ကြည့်လိုက်သည်။ သူသည် နှစ်စက္ကန့်မျှ တိတ်ဆိတ်နေပြီး တင်းယိနန်ဘက်ဆီ အိတ်ကို ပြန်ကမ်းပေးလာကာ ထုံးစံအတိုင်း
" မင်းပဲ လုပ်လိုက် "
တင်းယိနန်သည် ဟော့ကျိရှောင်းအား မိမိမှာ အားလပ်ခွင့် ခံစားနေသူဖြစ်ကြောင်း သတိပေးလိုက်ချင်စိတ် မဟားတရားဖြစ်ပေါ်လာ၏။ အနည်းငယ်မျှသော ကိုယ်ချင်းစာစိတ်ရှိလျှင်ပင် သူဌေးဖြစ်သူသည် ခွင့်ယူထားသည့် လက်အောက်ငယ်သားကို ခေါ်ကာ သူ မွေးထားသည့် ခွေး၏ အညစ်အကြေးအား ကျုံးခိုင်းလိမ့်မည် မဟုတ်ပါချေ။
" အိမ်မှာ တိရိစ္ဆာန်တစ်ကောင်ကောင်ကို မွေးလိုက်ပြီဆိုတာနဲ့ တာဝန်ယူမှုကပါ ကပ်ပါလာပြီလို့ ကျွန်တော် ပြောခဲ့တယ်လေ "
တင်းယိနန်သည် စိတ်ကို ရှည်ရှည်ထားပြီး ဆက်ရှင်းပြလိုက်သည်။
" သူ့ကို ခုမှ စမွေးရုံရှိသေးတာ၊ အဲ့လောက်ကို ခင်ဗျား တာဝန်မယူနိုင်တော့ဘူးလား "
တင်းယိနန်၏ စကားမှာ ကျိုးကြောင်းဆီလျော်မှုရှိနေသည်။ ဟော့ကျိရှောင်းသည် ခဏတာမျှ သူ့အတွေးနှင့်သူ လွန်ဆွဲလိုက်ရပြီး အဆုံးတွင် ငုတ်တုတ်ထိုင်ချကာ မည်းကျစ်ကျစ် အတုံးနှစ်တုံးကို ပလတ်စတစ်အိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ မျက်နှာအမူအရာမှာ တစ်ချက်ကြည့်ရုံမျှဖြင့် မည်မျှ ရွံရှာနေကြောင်း သိနိုင်သည်။
ဟော့ကျိရှောင်းသည် သန့်ရှင်းရေးလုပ်ပေးပြီးသွား၍ ထွက်လာသည့် အညစ်အကြေးထုတ်ကို စန်းပိုင်ဆွေ့၏ သိုင်းကြိုးနှင့် တွဲချည်ပေးလိုက်ပြီး ခေါင်းကို ပွတ်ပေးကာ
" ကိုယ့်ကိစ္စ ကိုယ်သယ် "
မြင်ကွင်းမှာ ရယ်ချင်စရာ ကောင်းနေ၍ တင်းယိနန်၏ နှုတ်ခမ်းတွေသည် ပြုံးရောင်သန်းသွားရသည်။ ဟော့ကျိရှောင်းလို လူကို သခင်တော်ထားရသည့် စန်းပိုင်ဆွေ့သည် မည်မျှ ကံဆိုးလိုက်ပါသနည်း။
ထိုစဥ်မှာပင် ဟော့ကျိရှောင်း၏ လက်ကောက်ဝတ်ဆီမှ ခြစ်ရာတစ်ချက်ကို တင်းယိနန် သတိထားမိသွားသည်။ သူသည် ဆက်မရယ်နိုင်တော့ဘဲ ဟော့ကျိရှောင်း၏ လက်မောင်းကို ဖမ်းကိုင်လိုက်ကာ
" ဒါ ဘယ်လိုဖြစ်သွားတာလဲ "
" မတော်တဆ ချော်လဲသွားလို့ "
ဟော့ကျိရှောင်းသည် သူ့အနာကို တစ်ချက်ကြည့်လိုက်ရင်း တင်းယိနန်ကို မေးလာသည်။
" မင်းအိမ်မှာ အရေးပေါ်ဆေးပုံးရှိလား "
စကားနှစ်ခွန်းကြားရှိ အဓိပ္ပာယ်ကွာခြားချက်မှာ အတော့်ကို ခြားနားနေသည်။
တင်းယိနန်သည် ခွေးတစ်ကောင်နှင့် လမ်းလျှောက်ထွက်ရုံမျှဖြင့် မည်သို့ချော်လဲသွားရပါသနည်းဆိုသည်ကို အဖြေမထုတ်ရသေးခင်မှာပင် ထို့ထက်ပို၍ နားမလည်နိုင်သည့် မေးခွန်းကို ရင်ဆိုင်လိုက်ရသည်။
သို့သော်လည်း နောက်စက္ကန့်ပိုင်းအတွင်း ဟော့ကျိရှောင်း၏ ဆိုလိုရင်းကို သဘောပေါက်သွားကာ ခပ်မြန်မြန်ပင် ပြန်ဖြေလိုက်၏။
" ဒီနဲ့ ကျွန်တော့်အိမ်က အဝေးကြီးရယ် "
ဟော့ကျိရှောင်းသည် မျက်ခုံးပင့်လိုက်ပြီး ရပ်ကွက်အပေါက်ဝဆီ လက်ညိုးထိုးပြကာ
" ဟိုရပ်ကွက်ထဲမှာပဲ မဟုတ်ဘူးလား "
သူ့ လေသံမှာ ပိုင်နိုင်တိကျလွန်း၍ အလုပ်လျှောက်စဥ်က အနှီလိပ်စာကိုများ ထည့်ခဲ့မိလေသလားဟူ၍ တစ်ခါပြန် စဥ်းစားလိုက်ရသည်။ အလုပ်လျှောက်လွှာတွင် လိပ်စာထည့်ရသည် မှန်သော်လည်း ထိုတုန်းက ထည့်ခဲ့သည်မှာ သူ ငှားနေသည့် အိမ်၏ လိပ်စာပင်။ အိမ်ပြောင်းလာပြီးနောက်ပိုင်း လုပ်ဖော်ကိုင်ဖက်များကိုလည်း မပြောပြဖူးခဲ့။
တင်းယိနန်သည် ဘယ်ကနေ သိသွားနိုင်ကြောင်းကို ချက်ချင်း အဖြေမရှာနိုင်။ ထို့ကြောင့် လက်ရှိပြဿနာကို အရင်ကိုင်တွယ်ဖို့ရန် ဆုံးဖြတ်လိုက်ပြီး
" ကျွန်တော့်ကောင်လေးက ခုထိ အိမ်မှာပဲ ရှိသေးတယ်၊ ခေါ်ဖို့ အဆင်မပြေလောက်ဘူး "
ဟော့ကျိရှောင်းသည် တင်းယိနန်၏ အကြောင်းပြချက်ကို နည်းနည်းလေးမှ အလေးထားဟန်မတူ။ သူသည် ရပ်ကွက်ရှိရာဘက်ဆီ တည့်တည့်ထွက်သွားကာ
" ရမှာပါ၊ ဆေးခဏ ဝင်လိမ်းတာပဲကို "
" ဟော့လောင်ရှစ်၊ ခဏလေး "
တင်းယိနန်သည် ဟော့ကျိရှောင်းနောက် ဒရောသောပါး ပြေးလိုက်ရင်း
" ကျွန်တော့်ကောင်လေး၊ သူ .... "
ထိုနားတွင် ရပ်ကွက်ဝင်ပေါက်ရုံးမှ ဦးလေးကြီးကလည်းရှိနေရာ တင်းယိနန်မှာ ဆက်ပြောဖို့ အဆင်မပြေပေ။ သူ့အပိုင် ရပ်ကွက်လို ပိုင်စိုးပိုင်နင်း ဝင်ချသွားသည့် ဟော့ကျိရှောင်းအနောက်မှ ပါးစပ်အသာပိတ်ကာ လိုက်လာလိုက်ရသည်။
" ဘယ်တစ်လမ်းလဲ "
ဟော့ကျိရှောင်းသည် လမ်းသွယ်တွေရှေ့ ရပ်စောင့်ရင်း မေးလာ၏။
တင်းယိနန်မှာ ခေါင်းပင် ကိုက်လာသည်။ ဟော့ကျိရှောင်းကို အတင်းအကျပ် မောင်းထုတ်ဖို့ရာလည်း မဖြစ်နိုင်။ သို့နှင့် သူသည် သက်ပြင်းတွင်တွင်ချရင်း ဟော့ကျိရှောင်းကို လမ်းပြရတော့သည်။
တင်းယိနန်သည် သွားရင်းနှင်း စောနကတည်းက နားမလည်နိုင်သည့် မေးခွန်းကို စဥ်းစားနေသည်။ သူ့အိမ် ဤရပ်ကွက်ထဲမှာရှိကြောင်း ဟော့ကျိရှောင်း မည်သို့ သိသွားရပါသနည်း။
တင်းယိနန် နောက်တစ်ခေါက် ထပ်စဥ်းစားသည်။ သူနေထိုင်သည့် နေရာအသစ်အကြောင်းကို ပြောပြရလောက်သည်အထိ ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် သူ့တွင် တစ်ယောက်တစ်လေတောင် မရှိပေ။
ဒီလိုဆိုရင်ဖြင့် မိမိ ဤရပ်ကွက်အတွင်းမှ ထွက်လာသည်ကို ဟော့ကျိရှောင်း မြင်သွား၍များလား။
မဖြစ်နိုင်။ ဟော့ကျိရှောင်းကို သူဦးဆုံး မြင်လိုက်တာဖြစ်ပြီး အနှီသူသည် လမ်းမဘက်ကိုသာ ကြည့်နေခဲ့သည်။
သို့သော် ဤနေရာကနေထွက်လာသည့် အခြားတစ်ယောက်ကို တွေ့မြင်ခဲ့တာဆိုလျှင်ရော။
အတွေးနှင့်အတူ တင်းယိနန်သည် တံခါးလျို့ဝှက်နံပါတ်ရိုက်နေရာမှ ရုတ်ခြည်း ရပ်တန့်သွားပြီး ဟော့ကျိရှောင်းကို လှည့်ကြည့်ကာ
" ခုနက ဟန်ရှို့ကို တွေ့လိုက်သေးလား "
ဟော့ကျိရှောင်းသည် မငြင်းဘဲ အသာပြန်ဖြေသည်။
" အင်း "
ဤမျှလွယ်ကူသည့် အကြောင်းအရာကို တင်းယိနန်သည် ခုမှ စဥ်းစားမိသည်။ ဘုရားသခင်က သူ့ကို ကျီဆယ်နေသလားမှတ်ရအောင် ဖြစ်ပုံကလည်း တိုက်ဆိုင်လွန်းလှ၏။
" ခင်ဗျားရဲ့ လက်က ... "
တင်းယိနန်သည် ခဏမျှတန့်နေပြီးမှ
" ဟန်ရှို့ လုပ်လိုက်တာလား "
ဟော့ကျိရှောင်းသည် အသာတကြည် ဝန်ခံလိုက်ပြီး
" နာတယ် "
တင်းယိနန်သည် ထိုနှစ်ယောက်အကြား ဘာတွေဖြစ်ခဲ့သည်ကို သေချာမသိပါသည့်တိုင် သူ့ အပြစ်မကင်းသလို ခံစားလိုက်ရ၏။ သူသာ ဟော့ကျိရှောင်းကို ဒိုင်းသဖွယ် အသုံးမချခဲ့ဘူးဆိုပါလျှင် ဟန်ရှို့အနေဖြင့် ဤမျှ မကျေမချမ်းဖြစ်စရာ အကြောင်းမရှိပေ။
တင်းယိနန်သည် ဟော့ကျိရှောင်းကို ဧည့်ခန်းရှိ ဆိုဖာတွင် ထိုင်ခိုင်းခဲ့ပြီး သူကမူ ရေချိုးခန်းထဲဝင်ကာ စန်းပိုင်ဆွေ့၏ အညစ်အကြေးကို သွားရှင်းသည်။ ပြီးသည်နှင့် အရေးပေါ်ဆေးသေတ္တာကို ယူထုတ်လာပြီး ဟော့ကျိရှောင်း၏ ဒဏ်ရာကို ဆေးထည့်ပေးသည်။
ဟော့ကျိရှောင်းသည် ဆေးထည့်နေတုန်း တင်းယိနန်၏ အိမ်အတွင်းပိုင်းဆီ မျက်စိကစားနေရင်း ဝရန်တာဘက်ဆီတွင် အကြည့် ရပ်သွားကာ
" အဲ့ဒါ သူ့ဟာလား "
တင်းယိနန်သည် ဆေးလိမ်းပေးနေရာမှ ရပ်လိုက်ပြီး ဟော့ကျိရှောင်း မေးနေသည့်အရာဆီ လှမ်းကြည့်လိုက်၏။ ဝရန်တာတွင် ရှိနေသည်က ဟန်ရှို့၏ အတွင်းဝတ်ဘောင်းဘီတိုဖြစ်သည်။ တင်းယိနန်သည် ပြန်မဖြေဘဲနေလိုက်၏။ သို့သော်လည်း ဟော့ကျိရှောင်း ဆက်ပြောလာသည်က
" ငါ့မှာလည်း အဲ့လို တစ်ပုံစံတည်းတူတာ တစ်ထည်ရှိတယ် "
တင်းယိနန်သည် ဘာပြန်ပြောရမှန်း မသိသည်နှင့် သံယောင်လိုက်ကာ
" ကျွန်တော် သိတယ် "
" ငါ့ဟာက သူ့ထက် ပိုကြီးတယ် "
စကားပလ္လင်ခံကာ အစပျိုးနေရခြင်း၏ ရည်ရွယ်ချက်က်ို ယခုတော့ဖြင့် ရှင်းရှင်းလင်းလင်းကြီး နားလည်သွားရပြီဖြစ်ပါ၏။ တင်းယိနန်သည် သုံးပြီးသား ဂွမ်းလုံးကို အမှိုက်ခြင်းထဲ လွှင့်ပစ်ကာ ဆေးသေတ္တာအတွင်းမှ ပိတ်ကျဲတစ်ခုကို ယူထုတ်လိုက်ပြီး
" ကျွန်တော် သိတယ် "
ဟော့ကျိရှောင်းသည် တင်းယိနန်က ဤသို့ လွယ်လွယ်ဝန်ခံလိုက်မည်ဟု မမျှော်လင့်ထားခဲ့။ သူသည် အသာပြုံးလိုက်ပြီး
" မင်းတို့ လမ်းခွဲလိုက်ပြီပဲ "
ထိုသူသည် မေးခွန်းတစ်ခုအနေနှင့်တောင် မဟုတ်ဘဲ တိကျသေချာစွာ အတည်ပြုနေ၏။
တင်းယိနန်သည် ရှေးမဆွကပင် ဤသို့သော အခြေအနေအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ဟော့ကျိရှောင်း၏ အနာပေါ် ပိတ်ကျဲအုပ်ပေးနေရင်း မပြောင်းလဲသည့် အမူအရာဖြင့်
" လမ်းမခွဲပါဘူး၊ သဘောထားကွဲလွဲကြရုံတင်၊ နောက်တော့လည်း ပြန်အဆင်ပြေသွားတာပါပဲ "
ပြောပြီး တင်းယိနန်သည် သူ့ကိုယ်သူ မလုံ၍ နောက်တစ်ခွန်း ထပ်ထည့်လိုက်သည်။
" အရင်ကလည်း ဒီလိုဖြစ်နေကျ "
" ဟုတ်လား "
ဟော့ကျိရှောင်းက အလိုက်သင့် ပြန်မေးသည်။
" ဘယ်လို ပြန်အဆင်ပြေသွားတာလဲ "
" ဘယ်လိုပြေပြေပေါ့၊ အဲ့အတိုင်းပဲ "
" တစ်ယောက်နဲ့ တစ်ယောက် ညှိယူပြီးတော့လား၊ မဟုတ်ရင် အိပ်ရာပေါ် တက်လိုက်ကြတာလား "
တင်းယိနန်သည် မျက်မှောင်ကြုတ်ကာ
" ဟော့လောင်ရှစ် ! "
" သူနဲ့ဆိုရင်ရော၊ မင်းက ခပ်ကြမ်းကြမ်းပဲလား "
" ဒါ ကျွန်တော့်ရဲ့ အတွင်းရေးကိစ္စပါ "
" အို "
ဟော့ကျိရှောင်းက အေးအေးဆေးဆေးပင် တုံ့ပြန်သည်။ ထို့နောက် သူသည် ရုတ်ခြည်းပင် လက်ဆန့်ထုတ်လိုက်ကာ တင်းယိနန်ကို လည်ကုတ်မှတဆင့် သူ့ဘက် ဆွဲသွင်းလိုက်ပြီး လည်တိုင်ထက်ဆီ အနမ်းချွေချလိုက်၏။
ဟော့ကျိရှောင်း၏ လက်များမှာ အံ့သြစရာကောင်းလောက်အောင်ပင် သန်မာကြောင်း တင်းယိနန်သည် ခုမှ သေချာသိသွားရ၏။ သူ့ လည်ပင်းနားဆီမှ စပ်ဖျဥ်းဖျဥ်းဝေဒနာကို ကြိတ်မှိတ်သည်းခံရင်း ဒေါသကို ထိန်းကာ
" ဟော့ကျိရှောင်း ! "
အချိန်တစ်ခုကြာသွားခါမှ ဟော့ကျိရှောင်းသည် တင်းယိနန်ကို လွှတ်ပေး၏။ သူသည် ခက်ခက်ခဲခဲ ပြုလုပ်ထားရသည့် စတော်ဘယ်ရီရောင် အမှတ်အသားကို စိတ်ကျေနပ်စွာဖြင့် ကြည့်လိုက်ပြီး
" ဒါကို တွေ့ရင်ရော၊ မင်းတို့ ပြန်ပြေလည်နိုင်သေးလား "
" ခင်ဗျား "
တင်းယိနန်သည် ဒေါသအမျက်ခြောင်းခြောင်းထွက်လာကာ
" ခင်ဗျား နောက်တစ်ခါ ဒါမျိုးထပ်လိုက်ရင် ကျွန်တော် အလုပ်ထွက်မယ် "
သူ့ စကားတွေသည် အကျိုးသက်ရောက်မှုရှိသွားသည်ထင်၏။ ဟော့ကျိရှောင်းသည် တင်းယိနန်နှင့် နှစ်ကိုယ်ချင်း နီးကပ်နေသည့် အကွာအဝေးကို နောက်သို့ ပြန်ဆုတ်ပြီး အတိုင်းအတာတစ်ခုအထိ ခြားထားလိုက်သည်။ ထို့နောက် သူသည် မျက်မှောင်အသာကြုတ်လိုက်ပြီး
" စောနတုန်းကတင် မင်းကောင်လေးက ငါ့ကို ထိုးသွားသေးတာ "
ဤသည်ကို ကြားလိုက်ရသည်နှင့် တင်းယိနန်တွင်ရှိသည့် ပိုင်နိုင်မှုတွေသည် ချက်ချင်းပျောက်ရှကုန်ရသည်။ သူသည် တုံ့နှေးနှေးဖြင့်
" ဘယ်နားကိုလဲ "
" ဒီနားနဲ့ ဒီနား "
ဟော့ကျိရှောင်းသည် တီရှပ်ကို မ တင်လိုက်ပြီး ခါးနံဘေးတစ်နေရာနှင့် သူ့ မေးရိုးကို ထိုးပြလာသည်။
ကျစ်လစ်ပါသည့် ကြွက်သားအဖုအထစ်တွေသည် တင်းယိနန်၏ မျက်စိရှေ့မှောက် ရုတ်ခြည်းကျရောက်လာသည်။ ကာယဗလမောင်တစ်ဦးကို မော်ဒယ်အဖြစ်ထားကာ အသုံးပြုထားသည့် ပြက္ခဒိန်တစ်ခုကို လှန်ကြည့်လိုက်ရသည့်နှယ် တင်းယိနန်မှာ သတိလက်လွှတ် ငေးကြည့်နေမိပြီးမှ ချက်ချင်း မျက်စိလွှဲလိုက်ရ၏။ ပြီးခါမှ ဘာကြောင့် ရှောင်စရာလိုလို့လဲဟူသည့် အတွေးက ပြန်ဝင်လာပြီး တင်းယိနန်သည် ဟော့ကျိရှောင်း၏ ခါးကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဖြင့်
" အဲ့မှာကောလား "
" အင်း "
ဟော့ကျိရှောင်းက
" နှိပ်ပေးဦး "
" နှိပ်မယ် ? "
တင်းယိနန်သည် အံ့ဩစွာဖြင့်
" နှိပ်လိုက်မှ ပိုနာတာ မဟုတ်ဘူးလား "
" မဟုတ်ပါဘူး "
ဟော့ကျိရှောင်းသည် တင်းယိနန်၏ လက်ကို သူ့ခါးပေါ် ဆွဲယူလိုက်ပြီး ဖိထားသည်။
အရေပြားဆီမှတဆင့် စိမ့်ဝင်လာသည့် ခန္ဓာကိုယ်အပူချိန် ခပ်နွေးနွေးသည် တင်းယိနန်၏ လက်ဖဝါးပြင်ကို နားလည်ရခက်စွာ ပူလောင်လာစေသည်။ အနှီခံစားချက်ကြောင့် သူသည် အနည်းငယ် ထိတ်လန့်ကာသွားရပြီး ချက်ချင်းပင် သူ့ လက်ကို ပြန်ရုတ်လိုက်၏။ တင်းယိနန်သည် ကြမ်းပြင်ကို စိုက်ကြည့်လိုက်ပြီး
" ဘယ်ချိန်မှ ပြန်မှာလဲ၊ ခုက ကျွန်တော် ခွင့်ယူထားတာနော် "
ဟော့ကျိရှောင်းသည် အနည်းငယ် ပျာယာခတ်သွားသည့် တင်းယိနန်ကို သဘောတကျဖြင့် ပြုံးကြည့်နေပြီးမှ
" ခု ပြန်မှာ "
ဟော့ကျိရှောင်းသည် ထိုင်နေရာမှ ထလိုက်ပြီး စန်းပိုင်ဆွေ့ကို သွားခေါ်သည်။ ထွက်မသွားသေးခင် နောက်ပြန်လှည့်လာပြီး တင်းယိနန်ကို ကြည့်ကာ
" ပျော်ရွှင်ဖွယ်ရာ အားလပ်ရက်လေးဖြစ်ပါစေ "
🍓
*************
💪💪💪
*************
{Zawgyi}
အခန္း(၁၈)
တင္းယိနန္၏ တိုက္ခန္းမွာ ေပငါးဆယ္ပတ္လည္မ်ွသာ က်ယ္ဝန္းသည္။ သို႔တိုင္ေအာင္ ျပန္႔က်ဲေနသည့္ အမိႈက္မ်ားကို စုထည့္ၿပီး ဖုန္စုပ္စက္ျဖင့္ ထပ္မံရွင္းလင္းရေသးသည္ျဖစ္၍ မိနစ္ႏွယ္ဆယ္ခန္႔ကေတာ့ အသာေလး ကုန္သည္။
လမ္းေပၚတြင္ ရပ္ေစာင့္ေနသည့္ ေဟာ့က်ိေရွာင္းတစ္ေယာက္ စိတ္မရွည္ႏိုင္ျဖစ္ေတာ့မည္ကိုလည္း စိုးရိမ္ရေသးရာ တင္းယိနန္သည္ အခ်ိန္ကို ၾကည့္လိုက္ရေသး၏။ ထို႔ေနာက္ သူသည္ တိုက္ေအာက္နားရိွ အမိႈက္ပံုးထဲ အမိႈက္ထုတ္ေတြကို စြန္႔ပစ္ၿပီးသည္ႏွင့္ ေဘးရပ္ကြက္ဘက္ဆီ ၪီးတည္ကာ ခပ္သုတ္သုတ္ ထြက္လာလိုက္သည္။
သို႔ေသာ္လည္း ထြက္လာလာခ်င္းမွာပင္ သူတို႔ ရပ္ကြက္ေဘးရိွ ပန္းၿခံအဝိုင္းပတ္ထိပ္တြင္ ရပ္ေစာင့္ေနသည့္ စြဲမက္ဖြယ္ရာ ပံုရိပ္တစ္ခုႏွင့္ တည့္တည့္ သြားဆံုသည္။
ပန္းၿခံအဝိုင္းပတ္သည္ ႏွစ္ကီလိုမီတာမွ သံုးကီလိုမီတာအထိ ရွည္လ်ားသည္။ အနီးအနား ရပ္ကြက္တြင္ ေနထိုင္သူမ်ားသည္လည္း ဤပန္းၿခံ၌သာ လမ္းလာေလ်ွာက္ၾက၏။ သို႔တိုင္ေအာင္ သူတို႔ရပ္ကြက္အနားရိွ ပန္းၿခံအထိ ေဟာ့က်ိေရွာင္း ေရာက္လာမည္ဟုေတာ့ တင္းယိနန္ မထင္ထားခဲ့မိေပ။ ကံေကာင္းေထာက္မစြာျဖင့္ ေဟာ့က်ိေရွာင္းသည္ လမ္းဘက္သို႔ မ်က္ႏွာမူထား၍ ရပ္ရြာဂိတ္ေပါက္မွ သူ ထြက္လာသည္ကို ေတြ့ျမင္မသြားတာျဖစ္ပါ၏။
တင္းယိနန္သည္ ေဟာ့က်ိေရွာင္းဆီ ေလ်ွာက္သြားၿပီး သူ ယူလာသည့္ ပလတ္စတစ္အိတ္ကို ကမ္းေပးလိုက္ရင္း
" ဒီမွာ၊ အိတ္ "
ေဟာ့က်ိေရွာင္းသည္ အိတ္ကို လွမ္းယူလိုက္ၿပီး တင္းယိနန္ ထြက္လာသည့္ ရပ္ကြက္ဘက္ဆီ တစ္ခ်က္ၾကည့္ကာ သိပ္မထူးျခားဟန္ျဖင့္
" မင္း ဘယ္ကေန လာတာလဲ "
" ဒီနားေလးတင္ "
တင္းယိနန္သည္ ထိုမ်ွသာေျပာၿပီး
" အဲ့ကိစၥကိုပဲ အျမန္ေျဖရွင္းရေအာင္ "
ေဟာ့က်ိေရွာင္းသည္ သူ႔ လက္အတြင္းရိွ ပလတ္စတစ္အိတ္ကို ၾကည့္ၿပီး ေျမၾကီးေပၚ ေစာင့္ေၾကာင့္ထိုင္ေနသည့္ စန္းပိုင္ေဆြ့ကို တစ္ခ်က္ၾကည့္လိုက္သည္။ သူသည္ ႏွစ္စကၠန္႔မ်ွ တိတ္ဆိတ္ေနၿပီး တင္းယိနန္ဘက္ဆီ အိတ္ကို ျပန္ကမ္းေပးလာကာ ထံုးစံအတိုင္း
" မင္းပဲ လုပ္လိုက္ "
တင္းယိနန္သည္ ေဟာ့က်ိေရွာင္းအား မိမိမွာ အားလပ္ခြင့္ ခံစားေနသူျဖစ္ေၾကာင္း သတိေပးလိုက္ခ်င္စိတ္ မဟားတရားျဖစ္ေပၚလာ၏။ အနည္းငယ္မ်ွေသာ ကိုယ္ခ်င္းစာစိတ္ရိွလ်ွင္ပင္ သူေဌးျဖစ္သူသည္ ခြင့္ယူထားသည့္ လက္ေအာက္ငယ္သားကို ေခၚကာ သူ ေမြးထားသည့္ ေခြး၏ အညစ္အေၾကးအား က်ံဳးခိုင္းလိမ့္မည္ မဟုတ္ပါေခ်။
" အိမ္မွာ တိရိစၧာန္တစ္ေကာင္ေကာင္ကို ေမြးလိုက္ၿပီဆိုတာနဲ႔ တာဝန္ယူမႈကပါ ကပ္ပါလာၿပီလို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္ေလ "
တင္းယိနန္သည္ စိတ္ကို ရွည္ရွည္ထားၿပီး ဆက္ရွင္းျပလိုက္သည္။
" သူ႔ကို ခုမွ စေမြးရံုရိွေသးတာ၊ အဲ့ေလာက္ကို ခင္ဗ်ား တာဝန္မယူႏိုင္ေတာ့ဘူးလား "
တင္းယိနန္၏ စကားမွာ က်ိဳးေၾကာင္းဆီေလ်ာ္မႈရိွေနသည္။ ေဟာ့က်ိေရွာင္းသည္ ခဏတာမ်ွ သူ႔အေတြးႏွင့္သူ လြန္ဆြဲလိုက္ရၿပီး အဆံုးတြင္ ငုတ္တုတ္ထိုင္ခ်ကာ မည္းက်စ္က်စ္ အတံုးႏွစ္တံုးကို ပလတ္စတစ္အိတ္ထဲသို႔ ေကာက္ထၫ့္လိုက္သည္။ မ်က္ႏွာအမူအရာမွာ တစ္ခ်က္ၾကည့္ရံုမ်ျွဖင့္ မည္မ်ွ ရြံရွာေနေၾကာင္း သိႏိုင္သည္။
ေဟာ့က်ိေရွာင္းသည္ သန္႔ရွင္းေရးလုပ္ေပးၿပီးသြား၍ ထြက္လာသည့္ အညစ္အေၾကးထုတ္ကို စန္းပိုင္ေဆြ့၏ သိုင္းႀကိဳးႏွင့္ တြဲခ်ည္ေပးလိုက္ၿပီး ေခါင္းကို ပြတ္ေပးကာ
" ကိုယ့္ကိစၥ ကိုယ္သယ္ "
ျမင္ကြင္းမွာ ရယ္ခ်င္စရာ ေကာင္းေန၍ တင္းယိနန္၏ ႏႈတ္ခမ္းေတြသည္ ၿပံဳးေရာင္သန္းသြားရသည္။ ေဟာ့က်ိေရွာင္းလို လူကို သခင္ေတာ္ထားရသည့္ စန္းပိုင္ေဆြ့သည္ မည္မ်ွ ကံဆိုးလိုက္ပါသနည္း။
ထိုစဥ္မွာပင္ ေဟာ့က်ိေရွာင္း၏ လက္ေကာက္ဝတ္ဆီမွ ျခစ္ရာတစ္ခ်က္ကို တင္းယိနန္ သတိထားမိသြားသည္။ သူသည္ ဆက္မရယ္ႏိုင္ေတာ့ဘဲ ေဟာ့က်ိေရွာင္း၏ လက္ေမာင္းကို ဖမ္းကိုင္လိုက္ကာ
" ဒါ ဘယ္လိုျဖစ္သြားတာလဲ "
" မေတာ္တဆ ေခ်ာ္လဲသြားလို႔ "
ေဟာ့က်ိေရွာင္းသည္ သူ႔အနာကို တစ္ခ်က္ၾကည့္လိုက္ရင္း တင္းယိနန္ကို ေမးလာသည္။
" မင္းအိမ္မွာ အေရးေပၚေဆးပံုးရိွလား "
စကားႏွစ္ခြန္းၾကားရိွ အဓိပၸာယ္ကြာျခားခ်က္မွာ အေတာ့္ကို ျခားနားေနသည္။
တင္းယိနန္သည္ ေခြးတစ္ေကာင္ႏွင့္ လမ္းေလ်ွာက္ထြက္ရံုမ်ျွဖင့္ မည္သို႔ေခ်ာ္လဲသြားရပါသနည္းဆိုသည္ကို အေျဖမထုတ္ရေသးခင္မွာပင္ ထို႔ထက္ပို၍ နားမလည္ႏိုင္သည့္ ေမးခြန္းကို ရင္ဆိုင္လိုက္ရသည္။
သို႔ေသာ္လည္း ေနာက္စကၠန္႔ပိုင္းအတြင္း ေဟာ့က်ိေရွာင္း၏ ဆိုလိုရင္းကို သေဘာေပါက္သြားကာ ခပ္ျမန္ျမန္ပင္ ျပန္ေျဖလိုက္၏။
" ဒီနဲ႔ ကြၽန္ေတာ့္အိမ္က အေဝးႀကီးရယ္ "
ေဟာ့က်ိေရွာင္းသည္ မ်က္ခံုးပင့္လိုက္ၿပီး ရပ္ကြက္အေပါက္ဝဆီ လက္ညိုးထိုးျပကာ
" ဟိုရပ္ကြက္ထဲမွာပဲ မဟုတ္ဘူးလား "
သူ႔ ေလသံမွာ ပိုင္ႏိုင္တိက်လြန္း၍ အလုပ္ေလ်ွာက္စဥ္က အႏွီလိပ္စာကိုမ်ား ထည့္ခဲ့မိေလသလားဟူ၍ တစ္ခါျပန္ စဥ္းစားလိုက္ရသည္။ အလုပ္ေလ်ွာက္လႊာတြင္ လိပ္စာထည့္ရသည္ မွန္ေသာ္လည္း ထိုတုန္းက ထည့္ခဲ့သည္မွာ သူ ငွားေနသည့္ အိမ္၏ လိပ္စာပင္။ အိမ္ေျပာင္းလာၿပီးေနာက္ပိုင္း လုပ္ေဖာ္ကိုင္ဖက္မ်ားကိုလည္း မေျပာျပဖူးခဲ့။
တင္းယိနန္သည္ ဘယ္ကေန သိသြားႏိုင္ေၾကာင္းကို ခ်က္ခ်င္း အေျဖမရွာႏိုင္။ ထို႔ေၾကာင့္ လက္ရိျွပႆနာကို အရင္ကိုင္တြယ္ဖို႔ရန္ ဆံုးျဖတ္လိုက္ၿပီး
" ကြၽန္ေတာ့္ေကာင္ေလးက ခုထိ အိမ္မွာပဲ ရိွေသးတယ္၊ ေခၚဖို႔ အဆင္မေျပေလာက္ဘူး "
ေဟာ့က်ိေရွာင္းသည္ တင္းယိနန္၏ အေၾကာင္းျပခ်က္ကို နည္းနည္းေလးမွ အေလးထားဟန္မတူ။ သူသည္ ရပ္ကြက္ရိွရာဘက္ဆီ တည့္တည့္ထြက္သြားကာ
" ရမွာပါ၊ ေဆးခဏ ဝင္လိမ္းတာပဲကို "
" ေဟာ့ေလာင္ရွစ္၊ ခဏေလး "
တင္းယိနန္သည္ ေဟာ့က်ိေရွာင္းေနာက္ ဒေရာေသာပါး ေျပးလိုက္ရင္း
" ကြၽန္ေတာ့္ေကာင္ေလး၊ သူ .... "
ထိုနားတြင္ ရပ္ကြက္ဝင္ေပါက္ရံုးမွ ၪီးေလးႀကီးကလည္းရိွေနရာ တင္းယိနန္မွာ ဆက္ေျပာဖို႔ အဆင္မေျပေပ။ သူ႔အပိုင္ ရပ္ကြက္လို ပိုင္စိုးပိုင္နင္း ဝင္ခ်သြားသည့္ ေဟာ့က်ိေရွာင္းအေနာက္မွ ပါးစပ္အသာပိတ္ကာ လိုက္လာလိုက္ရသည္။
" ဘယ္တစ္လမ္းလဲ "
ေဟာ့က်ိေရွာင္းသည္ လမ္းသြယ္ေတြေရ႔ွ ရပ္ေစာင့္ရင္း ေမးလာ၏။
တင္းယိနန္မွာ ေခါင္းပင္ ကိုက္လာသည္။ ေဟာ့က်ိေရွာင္းကို အတင္းအက်ပ္ ေမာင္းထုတ္ဖို႔ရာလည္း မျဖစ္ႏိုင္။ သို႔ႏွင့္ သူသည္ သက္ျပင္းတြင္တြင္ခ်ရင္း ေဟာ့က်ိေရွာင္းကို လမ္းျပရေတာ့သည္။
တင္းယိနန္သည္ သြားရင္းႏွင္း ေစာနကတည္းက နားမလည္ႏိုင္သည့္ ေမးခြန္းကို စဥ္းစားေနသည္။ သူ႔အိမ္ ဤရပ္ကြက္ထဲမွာရိွေၾကာင္း ေဟာ့က်ိေရွာင္း မည္သို႔ သိသြားရပါသနည္း။
တင္းယိနန္ ေနာက္တစ္ေခါက္ ထပ္စဥ္းစားသည္။ သူေနထိုင္သည့္ ေနရာအသစ္အေၾကာင္းကို ေျပာျပရေလာက္သည္အထိ ရင္းႏွီးသည့္ လုပ္ေဖာ္ကိုင္ဖက္ သူ႔တြင္ တစ္ေယာက္တစ္ေလေတာင္ မရိွေပ။
ဒီလိုဆိုရင္ျဖင့္ မိမိ ဤရပ္ကြက္အတြင္းမွ ထြက္လာသည္ကို ေဟာ့က်ိေရွာင္း ျမင္သြား၍မ်ားလား။
မျဖစ္ႏိုင္။ ေဟာ့က်ိေရွာင္းကို သူၪီးဆံုး ျမင္လိုက္တာျဖစ္ၿပီး အႏွီသူသည္ လမ္းမဘက္ကိုသာ ၾကည့္ေနခဲ့သည္။
သို႔ေသာ္ ဤေနရာကေနထြက္လာသည့္ အျခားတစ္ေယာက္ကို ေတြ့ျမင္ခဲ့တာဆိုလ်ွင္ေရာ။
အေတြးႏွင့္အတူ တင္းယိနန္သည္ တံခါးလ်ိဳ႕ဝွက္နံပါတ္ရိုက္ေနရာမွ ရုတ္ျခည္း ရပ္တန္႔သြားၿပီး ေဟာ့က်ိေရွာင္းကို လွည့္ၾကည့္ကာ
" ခုနက ဟန္ရိႈ႔ကို ေတြ့လိုက္ေသးလား "
ေဟာ့က်ိေရွာင္းသည္ မျငင္းဘဲ အသာျပန္ေျဖသည္။
" အင္း "
ဤမ်ွလြယ္ကူသည့္ အေၾကာင္းအရာကို တင္းယိနန္သည္ ခုမွ စဥ္းစားမိသည္။ ဘုရားသခင္က သူ႔ကို က်ီဆယ္ေနသလားမွတ္ရေအာင္ ျဖစ္ပံုကလည္း တိုက္ဆိုင္လြန္းလွ၏။
" ခင္ဗ်ားရဲ့ လက္က ... "
တင္းယိနန္သည္ ခဏမ်ွတန္႔ေနၿပီးမွ
" ဟန္ရိႈ႔ လုပ္လိုက္တာလား "
ေဟာ့က်ိေရွာင္းသည္ အသာတၾကည္ ဝန္ခံလိုက္ၿပီး
" နာတယ္ "
တင္းယိနန္သည္ ထိုႏွစ္ေယာက္အၾကား ဘာေတျြဖစ္ခဲ့သည္ကို ေသခ်ာမသိပါသည့္တိုင္ သူ႔ အျပစ္မကင္းသလို ခံစားလိုက္ရ၏။ သူသာ ေဟာ့က်ိေရွာင္းကို ဒိုင္းသဖြယ္ အသံုးမခ်ခဲ့ဘူးဆိုပါလ်ွင္ ဟန္ရိႈ႔အေနျဖင့္ ဤမ်ွ မေက်မခ်မ္းျဖစ္စရာ အေၾကာင္းမရိွေပ။
တင္းယိနန္သည္ ေဟာ့က်ိေရွာင္းကို ဧည့္ခန္းရိွ ဆိုဖာတြင္ ထိုင္ခိုင္းခဲ့ၿပီး သူကမူ ေရခ်ိဳးခန္းထဲဝင္ကာ စန္းပိုင္ေဆြ့၏ အညစ္အေၾကးကို သြားရွင္းသည္။ ၿပီးသည္ႏွင့္ အေရးေပၚေဆးေသတၲာကို ယူထုတ္လာၿပီး ေဟာ့က်ိေရွာင္း၏ ဒဏ္ရာကို ေဆးထည့္ေပးသည္။
ေဟာ့က်ိေရွာင္းသည္ ေဆးထည့္ေနတုန္း တင္းယိနန္၏ အိမ္အတြင္းပိုင္းဆီ မ်က္စိကစားေနရင္း ဝရန္တာဘက္ဆီတြင္ အၾကည့္ ရပ္သြားကာ
" အဲ့ဒါ သူ႔ဟာလား "
တင္းယိနန္သည္ ေဆးလိမ္းေပးေနရာမွ ရပ္လိုက္ၿပီး ေဟာ့က်ိေရွာင္း ေမးေနသည့္အရာဆီ လွမ္းၾကည့္လိုက္၏။ ဝရန္တာတြင္ ရိွေနသည္က ဟန္ရိႈ႔၏ အတြင္းဝတ္ေဘာင္းဘီတိုျဖစ္သည္။ တင္းယိနန္သည္ ျပန္မေျဖဘဲေနလိုက္၏။ သို႔ေသာ္လည္း ေဟာ့က်ိေရွာင္း ဆက္ေျပာလာသည္က
" ငါ့မွာလည္း အဲ့လို တစ္ပံုစံတည္းတူတာ တစ္ထည္ရိွတယ္ "
တင္းယိနန္သည္ ဘာျပန္ေျပာရမွန္း မသိသည္ႏွင့္ သံေယာင္လိုက္ကာ
" ကြၽန္ေတာ္ သိတယ္ "
" ငါ့ဟာက သူ႔ထက္ ပိုႀကီးတယ္ "
စကားပလႅင္ခံကာ အစပ်ိဳးေနရျခင္း၏ ရည္ရြယ္ခ်က္က္ို ယခုေတာ့ျဖင့္ ရွင္းရွင္းလင္းလင္းႀကီး နားလည္သြားရၿပီျဖစ္ပါ၏။ တင္းယိနန္သည္ သံုးၿပီးသား ဂြမ္းလံုးကို အမိႈက္ျခင္းထဲ လႊင့္ပစ္ကာ ေဆးေသတၲာအတြင္းမွ ပိတ္က်ဲတစ္ခုကို ယူထုတ္လိုက္ၿပီး
" ကြၽန္ေတာ္ သိတယ္ "
ေဟာ့က်ိေရွာင္းသည္ တင္းယိနန္က ဤသို႔ လြယ္လြယ္ဝန္ခံလိုက္မည္ဟု မေမ်ွာ္လင့္ထားခဲ့။ သူသည္ အသာၿပံဳးလိုက္ၿပီး
" မင္းတို႔ လမ္းခြဲလိုက္ၿပီပဲ "
ထိုသူသည္ ေမးခြန္းတစ္ခုအေနႏွင့္ေတာင္ မဟုတ္ဘဲ တိက်ေသခ်ာစြာ အတည္ျပဳေန၏။
တင္းယိနန္သည္ ေရွးမဆြကပင္ ဤသို႔ေသာ အေျခအေနအတြက္ ျပင္ဆင္ထားခဲ့ၿပီးျဖစ္သည္။ ေဟာ့က်ိေရွာင္း၏ အနာေပၚ ပိတ္က်ဲအုပ္ေပးေနရင္း မေျပာင္းလဲသည့္ အမူအရာျဖင့္
" လမ္းမခြဲပါဘူး၊ သေဘာထားကြဲလြဲၾကရံုတင္၊ ေနာက္ေတာ့လည္း ျပန္အဆင္ေျပသြားတာပါပဲ "
ေျပာၿပီး တင္းယိနန္သည္ သူ႔ကိုယ္သူ မလံု၍ ေနာက္တစ္ခြန္း ထပ္ထည့္လိုက္သည္။
" အရင္ကလည္း ဒီလိုျဖစ္ေနက် "
" ဟုတ္လား "
ေဟာ့က်ိေရွာင္းက အလိုက္သင့္ ျပန္ေမးသည္။
" ဘယ္လို ျပန္အဆင္ေျပသြားတာလဲ "
" ဘယ္လိုေျပျပေပါ့၊ အဲ့အတိုင္းပဲ "
" တစ္ေယာက္နဲ႔ တစ္ေယာက္ ၫွိယူၿပီးေတာ့လား၊ မဟုတ္ရင္ အိပ္ရာေပၚ တက္လိုက္ၾကတာလား "
တင္းယိနန္သည္ မ်က္ေမွာင္ၾကဳတ္ကာ
" ေဟာ့ေလာင္ရွစ္ ! "
" သူနဲ႔ဆိုရင္ေရာ၊ မင္းက ခပ္ၾကမ္းၾကမ္းပဲလား "
" ဒါ ကြၽန္ေတာ့္ရဲ့ အတြင္းေရးကိစၥပါ "
" အို "
ေဟာ့က်ိေရွာင္းက ေအးေအးေဆးေဆးပင္ တံု႔ျပန္သည္။ ထို႔ေနာက္ သူသည္ ရုတ္ျခည္းပင္ လက္ဆန္႔ထုတ္လိုက္ကာ တင္းယိနန္ကို လည္ကုတ္မွတဆင့္ သူ႔ဘက္ ဆြဲသြင္းလိုက္ၿပီး လည္တိုင္ထက္ဆီ အနမ္းေခြၽခ်လိုက္၏။
ေဟာ့က်ိေရွာင္း၏ လက္မ်ားမွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ပင္ သန္မာေၾကာင္း တင္းယိနန္သည္ ခုမွ ေသခ်ာသိသြားရ၏။ သူ႔ လည္ပင္းနားဆီမွ စပ္ဖ်ဥ္းဖ်ဥ္းေဝဒနာကို ႀကိတ္မိွတ္သည္းခံရင္း ေဒါသကို ထိန္းကာ
" ေဟာ့က်ိေရွာင္း ! "
အခ်ိန္တစ္ခုၾကာသြားခါမွ ေဟာ့က်ိေရွာင္းသည္ တင္းယိနန္ကို လႊတ္ေပး၏။ သူသည္ ခက္ခက္ခဲခဲ ျပဳလုပ္ထားရသည့္ စေတာ္ဘယ္ရီေရာင္ အမွတ္အသားကို စိတ္ေက်နပ္စြာျဖင့္ ၾကည့္လိုက္ၿပီး
" ဒါကို ေတြ့ရင္ေရာ၊ မင္းတို႔ ျပန္ေျပလည္ႏိုင္ေသးလား "
" ခင္ဗ်ား "
တင္းယိနန္သည္ ေဒါသအမ်က္ေျခာင္းေျခာင္းထြက္လာကာ
" ခင္ဗ်ား ေနာက္တစ္ခါ ဒါမ်ိဳးထပ္လိုက္ရင္ ကြၽန္ေတာ္ အလုပ္ထြက္မယ္ "
သူ႔ စကားေတြသည္ အက်ိဳးသက္ေရာက္မႈရိွသြားသည္ထင္၏။ ေဟာ့က်ိေရွာင္းသည္ တင္းယိနန္ႏွင့္ ႏွစ္ကိုယ္ခ်င္း နီးကပ္ေနသည့္ အကြာအေဝးကို ေနာက္သို႔ ျပန္ဆုတ္ၿပီး အတိုင္းအတာတစ္ခုအထိ ျခားထားလိုက္သည္။ ထို႔ေနာက္ သူသည္ မ်က္ေမွာင္အသာၾကဳတ္လိုက္ၿပီး
" ေစာနတုန္းကတင္ မင္းေကာင္ေလးက ငါ့ကို ထိုးသြားေသးတာ "
ဤသည္ကို ၾကားလိုက္ရသည္ႏွင့္ တင္းယိနန္တြင္ရိွသည့္ ပိုင္ႏိုင္မႈေတြသည္ ခ်က္ခ်င္းေပ်ာက္ရွကုန္ရသည္။ သူသည္ တံု႔ေနွးေနွးျဖင့္
" ဘယ္နားကိုလဲ "
" ဒီနားနဲ႔ ဒီနား "
ေဟာ့က်ိေရွာင္းသည္ တီရွပ္ကို မ တင္လိုက္ၿပီး ခါးနံေဘးတစ္ေနရာႏွင့္ သူ႔ ေမးရိုးကို ထိုးျပလာသည္။
က်စ္လစ္ပါသည့္ ႂကြက္သားအဖုအထစ္ေတြသည္ တင္းယိနန္၏ မ်က္စိေရ႔ွေမွာက္ ရုတ္ျခည္းက်ေရာက္လာသည္။ ကာယဗလေမာင္တစ္ၪီးကို ေမာ္ဒယ္အျဖစ္ထားကာ အသံုးျပဳထားသည့္ ျပကၡဒိန္တစ္ခုကို လွန္ၾကည့္လိုက္ရသည့္ႏွယ္ တင္းယိနန္မွာ သတိလက္လႊတ္ ေငးၾကည့္ေနမိၿပီးမွ ခ်က္ခ်င္း မ်က္စိလႊဲလိုက္ရ၏။ ၿပီးခါမွ ဘာေၾကာင့္ ေရွာင္စရာလိုလို႔လဲဟူသည့္ အေတြးက ျပန္ဝင္လာၿပီး တင္းယိနန္သည္ ေဟာ့က်ိေရွာင္း၏ ခါးကို တစ္ခ်က္ၾကည့္ကာ တည္ၿငိမ္စြာျဖင့္
" အဲ့မွာေကာလား "
" အင္း "
ေဟာ့က်ိေရွာင္းက
" ႏိွပ္ေပးၪီး "
" ႏိွပ္မယ္ ? "
တင္းယိနန္သည္ အံ့ဩစြာျဖင့္
" ႏိွပ္လိုက္မွ ပိုနာတာ မဟုတ္ဘူးလား "
" မဟုတ္ပါဘူး "
ေဟာ့က်ိေရွာင္းသည္ တင္းယိနန္၏ လက္ကို သူ႔ခါးေပၚ ဆြဲယူလိုက္ၿပီး ဖိထားသည္။
အေရျပားဆီမွတဆင့္ စိမ့္ဝင္လာသည့္ ခႏၶာကိုယ္အပူခ်ိန္ ခပ္ေနြးေနြးသည္ တင္းယိနန္၏ လက္ဖဝါးျပင္ကို နားလည္ရခက္စြာ ပူေလာင္လာေစသည္။ အႏွီခံစားခ်က္ေၾကာင့္ သူသည္ အနည္းငယ္ ထိတ္လန္႔ကာသြားရၿပီး ခ်က္ခ်င္းပင္ သူ႔ လက္ကို ျပန္ရုတ္လိုက္၏။ တင္းယိနန္သည္ ၾကမ္းျပင္ကို စိုက္ၾကၫ့္လိုက္ၿပီး
" ဘယ္ခ်ိန္မွ ျပန္မွာလဲ၊ ခုက ကြၽန္ေတာ္ ခြင့္ယူထားတာေနာ္ "
ေဟာ့က်ိေရွာင္းသည္ အနည္းငယ္ ပ်ာယာခတ္သြားသည့္ တင္းယိနန္ကို သေဘာတက်ျဖင့္ ၿပံဳးၾကည့္ေနၿပီးမွ
" ခု ျပန္မွာ "
ေဟာ့က်ိေရွာင္းသည္ ထိုင္ေနရာမွ ထလိုက္ၿပီး စန္းပိုင္ေဆြ့ကို သြားေခၚသည္။ ထြက္မသြားေသးခင္ ေနာက္ျပန္လွည့္လာၿပီး တင္းယိနန္ကို ၾကည့္ကာ
" ေပ်ာ္ရႊင္ဖြယ္ရာ အားလပ္ရက္ေလးျဖစ္ပါေစ "
🍓
***********
💪💪💪