[Unicode]
စစ်ဘက်ဆိုင်ရာ အထောက်အထား ကတ်ပြားအပြင် ၎င်းနှင့် ပူးတွဲပါရှိသည့် ရွှေချည်ပန်းဖွားပါ ပုခုံးဒေါက်ရှိ ရွှေကြယ်များက လုံကျန်းရီ၏ ပြောဆိုချက်များကို အတည်ပြုလိုက်ပြီးနောက် စစ်သားနှစ်ဦး၏ အစပိုင်း စီးပိုးမှုများသည် မီတာအနက် သုံးထောင်အထိ ကျဆင်းသွားခဲ့သည်။
မြို့တော် A စစ်တပ်ခရိုင်ရဲ့ အကြီးတန်းအရာရှိနဲ့... ကပ္ပတိန် လော့ဒ်... လုံကျန်းရီ! စစ်တပ်အတွင်း ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး...
ကမ္ဘာပျက်ကပ် ဖြစ်နေတာတောင် အကြီးတန်းအရာရှိ လုံ က သူ့လုံခြုံရေးကို ဂရုမစိုက်ပဲ စစ်ဆေးမှုတစ်ခု လုပ်ဆောင်ဖို့ အဝေးက မြို့တော် X ကို မျက်နှာသာပေးပြီး မြို့တော် A ကနေ ကိုယ်တိုင်လာရောက်ခဲ့တယ်။ တကယ့်ကို ထိရှဖို့ကောင်းလိုက်တာ... အာ.. စစ်သားတစ်ယောက်အတွက် စံပြပုဂ္ဂိုလ်အပြင် တကယ်ကောင်းတဲ့ ဥပမာတစ်ခုပဲ။
အစောပိုင်းကလို မောက်မာမှုတွေ အနည်းငယ်မျှတောင် မရှိတော့ဘဲ စစ်သားများ၏မျက်နှာပေါ်တွင် ရှိနေသည့် ကိုးကွယ်လုနီးပါး အမူအရာများကို ကြည့်ပြီး ဟွာကျိုးယွမ်၏နှလုံးသားမှာ တုန်လှုပ်ခြောက်ခြားသွားတယ်။
ဒါက အရမ်း ချဲ့ကားလွန်းတယ်...
လုံကျန်းရီသည် ထိုစစ်သားကို မျက်နှာရိုက်ချရန် အသုံးပြုခဲ့သော အထောက်အထားကတ်ကို ပြန်လည်သိမ်းယူလိုက်ချိန်မှာ ဟွာကျိုးယွမ်သည် ငယ်စဉ်တုန်းက အပြစ်ကင်းစင်ပုံရသည့် လုံကျန်းရီ၏ဓာတ်ပုံကို လေ့လာခဲ့ပြီး သူ့နှုတ်ခမ်းများတွင် သေးငယ်သော အပြုံးတစ်ခုဖြစ်တည်လာသည်ဟု ခံစားရသည်။
ထိုကတ်ပေါ်တွင် ရိုက်နှိပ်ထားသော ပုံသည် အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်အရွယ်တွင် လုံကျန်းရီကို ပြသနေပြီး အသက် ဆယ်နှစ်ကျော်တွင် စစ်သင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့တာဟု လုံကျန်းရီ ပြောခဲ့တာကို ပြန်ပြောင်းသတိရမိသည်... ထို့ကြောင့် သူက အကြီးတန်းအရာရှိအဆင့်အထိ နှစ်နှစ်၊ သုံးနှစ် သက်တမ်းအတွင်းမှာပဲ ရရှိခဲ့တာလား။
"ကျန်းရီ... အကို မြို့တော် A စစ်တပ်ခရိုင်ရဲ့ အကြီးတန်းအရာရှိဖြစ်လာတုန်းက အကို့အသက်ဘယ်လောက်ရှိပြီလဲ" ဟွာကျိုးယွမ်က သက်သေခံကတ်ပြားကို တဖက်အမျိုးသား၏ အတွင်းအင်္ကျီအိတ်ကပ်ထဲသို့ ပြန်ထည့်ပေးရင်း မေးလိုက်သည်။
ဒါက အဖိုးတန်တဲ့အရာတစ်ခုပဲ။ မြို့တော် A ကို သွားတဲ့လမ်းတလျောက်မှာ သေချာပေါက် အဆင်ပြေသွားတော့မှာ။
"အသက်ဆယ့်ရှစ်နှစ်" ခဏလောက်စဉ်းစားပြီးတော့ လုံကျန်းရီ၏မျက်နှာပေါ်မှာ ပြိုးပြိုးပြက်ပြက် တောက်ပနေတဲ့ အပြုံးတစ်ခုပေါ်လာပြီး "ကိုယ်က မိုက်တယ်မဟုတ်လား... မြန်မြန်ချီးကျူးလိုက်စမ်းပါ" လို့ အော်ပြောချင်နေတဲ့ပုံနဲ့ အံ့သြစရာကောင်းတဲ့ ထိုအချက်ကို ပြောပြလိုက်သည်။
"အိုး...ရှစ် .. ဆယ့်ရှစ်နှစ်ပေါ့ ... အကို့ရဲ့ အဆက်အသွယ်တွေကို အသုံးချပြီး ရယူခဲ့တာတော့ မဟုတ်ပါဘူးနော် " ဟွာကျိုးယွမ်၏ မေးခွန်းက အသံတိုးတိုးလေးဖြင့် အဆုံးသတ်သွားသည်။
"အိုး...ကိုယ့်ချစ်သူလေး... မင်းက ငါ့ကို အရမ်း အထင်သေးတာပဲ" လုံကျန်းရီက ပြင်းထန်စွာ နာကြင်ရမှုတွေကို ထုတ်ပြရင်း သူ့အပြုံးက စိတ်ကောက်သွားတဲ့အတိုင်းပဲ။
သူ့ရှောင်ယွမ်လေးက သူ့အကြောင်းတွေကို သေချာမသိသေးဘူး။ သူက အနာဂတ်မှာ ရှောင်ယွမ်ကို ပညာသင်ပေးရမည်ဖြစ်ပြီး ဒီအကြီးတန်းအရာရှိက ဘယ်လောက်တောင် ထူးချွန်လဲဆိုတာကို အတိအကျ သိစေရမယ်!
" ကပ္ပတိန် လော့ဒ်.…. ကျေးဇူးပြုပြီး ဝင်ပါ.... ဒီစစ်တပ်ခရိုင်ရဲ့ ခေါင်းဆောင်က ဆရာ့ကို အထဲမှာ စောင့်နေပါတယ် " လမ်းတာဝန်ခံက သူတို့အတွဲအတွက် တံခါးကို ဆွဲဖွင့်ပေးလိုက်ပြီး ရိုသေလေးစားတဲ့ အမူအယာနဲ့ တိတ်တဆိတ် စိတ်လှုပ်ရှားနေတဲ့ အသံနှင့် ပြောလိုက်သည်။
သူ့မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လုံကျန်းရီသည် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က ဟွာကျိုးယွမ်ကို ပြုံးပြပြီး ကျီစယ်နေသောလူနှင့် ကမ္ဘာတဖက်စီကလို ဖြစ်နေသည်။
"ကောင်းလိုက်တာ... တကယ်ကြီး မင်း ပေါ့... ကပ္ပတိန် လော့ဒ် လုံ !" နှစ်ယောက်သား အဆောက်အဦထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် အနက်ရောင်စစ်ဝတ်စုံကို စမတ်ကျကျ၀တ်ဆင်ထားသော အသက်သုံးဆယ်ကျော်ခန့် အမျိုးသားတစ်ဦးက ၎င်းတို့ကို ကြိုဆိုရန် ချက်ခြင်း လှမ်းလာသည်။ လုံကျန်းရီနှင့် မျက်နှာချင်းဆိုင်တွေ့ဖူးတာ အရမ်းသိသာတယ်။ "ကျေးဇူးပြုပြီး ထိုင်ပါဦး... ဒီခရီးရှည်ကြီးက မင်းအတွက် ခက်ခဲခဲ့မှာပဲ"
"ဒါဟာ သည်းမခံနိုင်စရာ မရှိပါဘူး" လုံကျန်းရီက ခေါင်းခါပြပြီး စစ်တပ်ခရိုင်ရဲ့ခေါင်းဆောင် မထိုင်ခင်မှာ ဟွာကျိုးယွမ်ကို အရင် ထိုင်ခိုင်းလိုက်တယ်။ "ဒီဘေးကင်းဇုန်က သိပ်မဆိုးဘူးပဲ....ဒီတစ်ခေါက်ရောက်လာတာက လုံခြုံရေးအန္တရာယ် တချို့ကို ညွှန်ပြဖို့ပါ "
"လုံခြုံရေး...လုံခြုံရေးအန္တရာယ်လား?" မြို့တော် X ၏ စစ်တပ်ခရိုင်မှ ခေါင်းဆောင်၏ မျက်နှာသည် တောင့်တင်းသွားကာ တုန်လှုပ်ချောက်ချားစွာဖြင့် ပြောလိုက်သည်။ " ဒီဘေးကင်းဇုန်က… အဲဒီ မကောင်းဆိုးဝါးတွေ ပထမဆုံး ပေါ်လာတုန်းက မြို့တော် A ရဲ့ ခရိုင်ကနေ တည်ဆောက်ဖို့ဆိုပြီး အရေးတကြီး အမိန့်ပေးခဲ့တာ... ပြီးတော့ ဒီအမိန့်ကိုထုတ်တဲ့သူက စစ်ဦးစီးချုပ် လုံ ပဲ"
"အာ... အဘိုး..." လုံကျန်းရီက ခေတ္တရပ်တန့်သွားပြီး ပြုံးပြလိုက်သည်။ "စစ်တပ်ခရိုင်အားလုံးကို ချိတ်ဆက်ထားတဲ့ သီးသန့်လိုင်းက ဆက်ပြီး အသုံးပြုလို့ ရနိုင်သလား"
"ရပါတယ်...ဒါပေမယ့် လိုင်းက တော်တော်လေးအားနည်းနေတယ်.. " ထိုအမျိုးသားက ရိုးရိုးသားသား ပြန်ဖြေတယ်။
"ရှောင်ယွမ်... ဒီဘေးကင်းဇုန်မှာ ဘယ်လိုမျိုးလုံခြုံရေးအန္တရာယ်တွေ ရှိနေနိုင်လဲဆိုတာကို စစ်တပ်ခရိုင်ခေါင်းဆောင်ဆီ ပြောပြပေးပါဦး... ကိုယ်က အဘိုးကို အရင်ဆက်သွယ်ရမယ်" လုံကျန်းရီက သူ့ဘေးမှာ ထိုင်နေတဲ့ လူငယ်လေးကို ပြောလိုက်တယ်။
ဟွာကျိုးယွမ်က လုံကျန်းရီ၏ အနောက်မှ လိုက်လာတာဖြစ်တာကြောင့် စစ်တပ်ခရိုင်၏ ခေါင်းဆောင်သည် သဘာဝကျစွာပဲ သူ့ကို နှိမ့်ချဝံ့ခြင်းမရှိဘူး။ ဟွာကျိုးယွမ်ဆီမှ ဘေးကင်းဇုန်၏ လုံခြုံရေးအန္တရာယ်ကို မမေးမြန်းမီ လုံကျန်းရီအား ကွပ်ကဲရေးဌာနသို့ ခေါ်ဆောင်သွားပေးရန် လျှို့ဝှက်အရာရှိကို အမြန်ခေါ်လိုက်သည်။
[Zawgyi]
စစ္ဘက္ဆိုင္ရာ အေထာက္အထား ကတ္ျပားအျပင္ ၄ႏွင့္ ပူးတြဲပါရိွသၫ့္ ေရႊခ်ည္ပန္းဖြားပါ ပုခံုးေဒါက္ရိွ ေရႊၾကယ္မ်ားက လံုက်န္းရီ၏ ေျပာဆိုခ်က္မ်ားကို အတည္ျပဳလိုက္ၿပီးေနာက္ စစ္သားႏွစ္ဦး၏ အစပိုင္း စီးပိုးမႈမ်ားသည္ မီတာအနက္ သံုးေထာင္အထိ က်ဆင္းသြားခဲ့သည္။
ၿမိဳ႔ေတာ္ A စစ္တပ္ခရိုင္ရဲ့ အႀကီးတန္းအရာရိွနဲ႔... ကပၸတိန္ ေလာ့ဒ္... လံုက်န္းရီ! စစ္တပ္အတြင္း ဒ႑ာရီဆန္ဆန္ ပုဂၢိုလ္တစ္ဦး...
ကမ႓ာပ်က္ကပ္ ျဖစ္ေနတာေတာင္ အႀကီးတန္းအရာရိွ လံု က သူ႔လံုၿခံဳေရးကို ဂရုမစိုက္ပဲ စစ္ေဆးမႈတစ္ခု လုပ္ေဆာင္ဖို႔ အေဝးက ၿမိဳ႔ေတာ္ X ကို မ်က္ႏွာသာေပးၿပီး ၿမိဳ႔ေတာ္ A ကေန ကိုယ္တိုင္လာေရာက္ခဲ့တယ္။ တကယ့္ကို ထိရွဖို႔ေကာင္းလိုက္တာ... အာ.. စစ္သားတစ္ေယာက္အတြက္ စံျပပုဂၢိုလ္အျပင္ တကယ္ေကာင္းတဲ့ ဥပမာတစ္ခုပဲ။
အေစာပိုင္းကလို ေမာက္မာမႈေတြ အနည္းငယ္မ်ွေတာင္ မရိွေတာ့ဘဲ စစ္သားမ်ား၏မ်က္ႏွာေပၚတြင္ ရိွေနသၫ့္ ကိုးကြယ္လုနီးပါး အမူအရာမ်ားကို ၾကၫ့္ၿပီး ဟြာက်ိဳးယြမ္၏ႏွလံုးသားမွာ တုန္လႈပ္ေျခာက္ျခားသြားတယ္။
ဒါက အရမ္း ခ်ဲ့ကားလြန္းတယ္...
လံုက်န္းရီသည္ ထိုစစ္သားကို မ်က္ႏွာရိုက္ခ်ရန္ အသံုးျပဳခဲ့ေသာ အေထာက္အထားကတ္ကို ျပန္လည္သိမ္းယူလိုက္ခ်ိန္မွာ ဟြာက်ိဳးယြမ္သည္ ငယ္စဉ္တုန္းက အျပစ္ကင္းစင္ပံုရသၫ့္ လံုက်န္းရီ၏ဓာတ္ပံုကို ေလ့လာခဲ့ၿပီး သူ႔ႏႈတ္ခမ္းမ်ားတြင္ ေသးငယ္ေသာ အၿပံဳးတစ္ခုျဖစ္တည္လာသည္ဟု ခံစားရသည္။
ထိုကတ္ေပၚတြင္ ရိုက္ႏိွပ္ထားေသာ ပံုသည္ အသက္ ဆယ့္ခုနစ္ႏွစ္ သို႔မဟုတ္ ဆယ့္ရွစ္ႏွစ္အရြယ္တြင္ လံုက်န္းရီကို ျပသေနၿပီး အသက္ ဆယ္ႏွစ္ေက်ာ္တြင္ စစ္သင္တန္းေက်ာင္းသို႔ ဝင္ေရာက္ခဲ့တာဟု လံုက်န္းရီ ေျပာခဲ့တာကို ျပန္ေျပာင္းသတိရမိသည္... ထို႔ေၾကာင့္ သူက အႀကီးတန္းအရာရိွအဆင့္အထိ ႏွစ္ႏွစ္၊ သံုးႏွစ္ သက္တမ္းအတြင္းမွာပဲ ရရိွခဲ့တာလား။
"က်န္းရီ... အကို ၿမိဳ႔ေတာ္ A စစ္တပ္ခရိုင္ရဲ့ အႀကီးတန္းအရာရိျွဖစ္လာတုန္းက အကို႔အသက္ဘယ္ေလာက္ရိွၿပီလဲ" ဟြာက်ိဳးယြမ္က သက္ေသခံကတ္ျပားကို တဖက္အမ်ိဳးသား၏ အတြင္းအက်ႌအိတ္ကပ္ထဲသို႔ ျပန္ထၫ့္ေပးရင္း ေမးလိုက္သည္။
ဒါက အဖိုးတန္တဲ့အရာတစ္ခုပဲ။ ၿမိဳ႔ေတာ္ A ကို သြားတဲ့လမ္းတေလ်ာက္မွာ ေသခ်ာေပါက္ အဆင္ေျပသြားေတာ့မွာ။
"အသက္ဆယ့္ရွစ္ႏွစ္" ခဏေလာက္စဉ္းစားၿပီးေတာ့ လံုက်န္းရီ၏မ်က္ႏွာေပၚမွာ ၿပိဳးၿပိဳးျပက္ျပက္ ေတာက္ပေနတဲ့ အၿပံဳးတစ္ခုေပၚလာၿပီး "ကိုယ္က မိုက္တယ္မဟုတ္လား... ျမန္ျမန္ခ်ီးက်ူးလိုက္စမ္းပါ" လို႔ ေအာ္ေျပာခ်င္ေနတဲ့ပံုနဲ႔ အံ့ၾသစရာေကာင္းတဲ့ ထိုအခ်က္ကို ေျပာျပလိုက္သည္။
"အိုး...ရွစ္ .. ဆယ့္ရွစ္ႏွစ္ေပါ့ ... အကို႔ရဲ့ အဆက္အသြယ္ေတြကို အသံုးခ်ၿပီး ရယူခဲ့တာေတာ့ မဟုတ္ပါဘူးေနာ္ " ဟြာက်ိဳးယြမ္၏ ေမးခြန္းက အသံတိုးတိုးေလးျဖင့္ အဆံုးသတ္သြားသည္။
"အိုး...ကိုယ့္ခ်စ္သူေလး... မင္းက ငါ့ကို အရမ္း အထင္ေသးတာပဲ" လံုက်န္းရီက ျပင္းထန္စြာ နာၾကင္ရမႈေတြကို ထုတ္ျပရင္း သူ႔အၿပံဳးက စိတ္ေကာက္သြားတဲ့အတိုင္းပဲ။
သူ႔ေရွာင္ယြမ္ေလးက သူ႔အေၾကာင္းေတြကို ေသခ်ာမသိေသးဘူး။ သူက အနာဂတ္မွာ ေရွာင္ယြမ္ကို ပညာသင္ေပးရမည္ျဖစ္ၿပီး ဒီအႀကီးတန္းအရာရိွက ဘယ္ေလာက္ေတာင္ ထူးခြၽန္လဲဆိုတာကို အတိအက် သိေစရမယ္!
" ကပၸတိန္ ေလာ့ဒ္.…. ေက်းဇူးျပဳျပီး ဝင္ပါ.... ဒီစစ္တပ္ခရိုင္ရဲ့ ေခါင္းေဆာင္က ဆရာ့ကို အထဲမွာ ေစာင့္ေနပါတယ္ " လမ္းတာဝန္ခံက သူတို႔အတြဲအတြက္ တံခါးကို ဆြဲဖြင့္ေပးလိုက္ၿပီး ရိုေသေလးစားတဲ့ အမူအယာနဲ႔ တိတ္တဆိတ္ စိတ္လႈပ္ရွားေနတဲ့ အသံႏွင့္ ေျပာလိုက္သည္။
သူ႔မ်က္ႏွာေပၚတြင္ ရက္စက္ၾကမ္းၾကဳတ္ေသာ အမူအရာျဖင့္ ေခါင္းညိတ္ျပလိုက္ၿပီး လံုက်န္းရီသည္ လြန္ခဲ့သၫ့္ စကၠန႔္အနည္းငယ္က ဟြာက်ိဳးယြမ္ကို ၿပံဳးျပၿပီး က်ီစယ္ေနေသာလူႏွင့္ ကမ႓ာတဖက္စီကလို ျဖစ္ေနသည္။
"ေကာင္းလိုက္တာ... တကယ္ႀကီး မင္း ေပါ့... ကပၸတိန္ ေလာ့ဒ္ လံု !" ႏွစ္ေယာက္သား အေဆာက္အဦထဲသို႔ ဝင္လာသည္ႏွင့္ တၿပိဳင္နက္ အနက္ေရာင္စစ္ဝတ္စံုကို စမတ္က်က်၀တ္ဆင္ထားေသာ အသက္သံုးဆယ္ေက်ာ္ခန႔္ အမ်ိဳးသားတစ္ဦးက ၄တို႔ကို ႀကိဳဆိုရန္ ခ်က္ျခင္း လွမ္းလာသည္။ လံုက်န္းရီႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ့ဖူးတာ အရမ္းသိသာတယ္။ "ေက်းဇူးျပဳျပီး ထိုင္ပါဦး... ဒီခရီးရွည္ႀကီးက မင္းအတြက္ ခက္ခဲခဲ့မွာပဲ"
"ဒါဟာ သည္းမခံႏိုင္စရာ မရိွပါဘူး" လံုက်န္းရီက ေခါင္းခါျပၿပီး စစ္တပ္ခရိုင္ရဲ့ေခါင္းေဆာင္ မထိုင္ခင္မွာ ဟြာက်ိဳးယြမ္ကို အရင္ ထိုင္ခိုင္းလိုက္တယ္။ "ဒီေဘးကင္းဇုန္က သိပ္မဆိုးဘူးပဲ....ဒီတစ္ေခါက္ေရာက္လာတာက လံုၿခံဳေရးအႏၲရာယ္ တခ်ိဳ႕ကို ၫႊန္ျပဖို႔ပါ "
"လံုၿခံဳေရး...လံုၿခံဳေရးအႏၲရာယ္လား?" ၿမိဳ႔ေတာ္ X ၏ စစ္တပ္ခရိုင္မွ ေခါင္းေဆာင္၏ မ်က္ႏွာသည္ ေတာင့္တင္းသြားကာ တုန္လႈပ္ေခ်ာက္ခ်ားစြာျဖင့္ ေျပာလိုက္သည္။ " ဒီေဘးကင္းဇုန္က… အဲဒီ မေကာင္းဆိုးဝါးေတြ ပထမဆံုး ေပၚလာတုန္းက ၿမိဳ႔ေတာ္ A ရဲ့ ခရိုင္ကေန တည္ေဆာက္ဖို႔ဆိုၿပီး အေရးတႀကီး အမိန႔္ေပးခဲ့တာ... ၿပီးေတာ့ ဒီအမိန႔္ကိုထုတ္တဲ့သူက စစ္ဦးစီးခ်ဳပ္ လံု ပဲ"
"အာ... အဘိုး..." လံုက်န္းရီက ေခတၲရပ္တန္႔သြားၿပီး ၿပံဳးျပလိုက္သည္။ "စစ္တပ္ခရိုင္အားလံုးကို ခ်ိတ္ဆက္ထားတဲ့ သီးသန႔္လိုင္းက ဆက္ၿပီး အသံုးျပဳလို႔ ရႏိုင္သလား"
"ရပါတယ္...ဒါေပမယ့္ လိုင္းက ေတာ္ေတာ္ေလးအားနည္းေနတယ္.. " ထိုအမ်ိဳးသားက ရိုးရိုးသားသား ျပန္ေျဖတယ္။
"ေရွာင္ယြမ္... ဒီေဘးကင္းဇုန္မွာ ဘယ္လိုမ်ိဳးလံုၿခံဳေရးအႏၲရာယ္ေတြ ရိွေနႏိုင္လဲဆိုတာကို စစ္တပ္ခရိုင္ေခါင္းေဆာင္ဆီ ေျပာျပေပးပါဦး... ကိုယ္က အဘိုးကို အရင္ဆက္သြယ္ရမယ္" လံုက်န္းရီက သူ႔ေဘးမွာ ထိုင္ေနတဲ့ လူငယ္ေလးကို ေျပာလိုက္တယ္။
ဟြာက်ိဳးယြမ္က လံုက်န္းရီ၏ အေနာက္မွ လိုက္လာတာျဖစ္တာေၾကာင့္ စစ္တပ္ခရိုင္၏ ေခါင္းေဆာင္သည္ သဘာဝက်စြာပဲ သူ႔ကို ႏိွမ့္ခ်ဝံ့ျခင္းမရိွဘူး။ ဟြာက်ိဳးယြမ္ဆီမွ ေဘးကင္းဇုန္၏ လံုၿခံဳေရးအႏၲရာယ္ကို မေမးျမန္းမီ လံုက်န္းရီအား ကြပ္ကဲေရးဌာနသို႔ ေခၚေဆာင္သြားေပးရန္ လ်ိႈ႔ဝွက္အရာရိွကို အျမန္ေခၚလိုက္သည္။