Unicode
''လာ ဒါ မင်းနေရမဲ့အိမ်"
သော့ခတ်ထားတဲ့တံခါးကို သော့တံနဲ့လှည့်ဖွင့်ကာ
အခန်းထဲဝင်လိုက်တော့ မှောင်မှောင်မဲမဲ။
ရပ်ဝေးမှတာဝန်ကျတဲ့ ကျောင်းဆရာ၊ဆရာမတွေအတွက်
ကျောင်းဝင်းထဲမှာပင် သီးသန့်အိမ်လေးတွေ
ဆောက်ထားပေး၏။
တစ်ယောက်တည်းနေရန်အတွက်လည်း
အဆင်ပြေသလို မိသားစုနဲ့နေမည်ဆိုလျှင်လည်း
သင့်တော်သည့် အိမ်လေးတွေပင်။
မိုးချုပ်မည်ကို ရိပ်မိလို့ထင်၊
ကျောင်းအုပ်ဆရာမကြီးက သော့တစ်ခါတည်း
ပေးထားခဲ့လို့သာ တော်ပေရော့မည်။
မဟုတ်လို့ကတော့ သူတို့နှစ်ယောက်
ဘေးရွာအထိ သော့လိုက်တောင်းရမှာ။
အခန်းထောင့်က မီးခလုတ်ဖွင့်လိုက်တော့
မှောင်မည်းနေတဲ့အခန်းက လင်းထိန်သွားသည်။
Laggageသယ်ထားတဲ့ရောင်နီထွန်းက
လှည်းကျင်းထားလို့ ဖုန်မှုန့်ကင်းစင်တဲ့
ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချသည်။
တစ်နေကုန် ကားပေါ်မှာထိုင်ခဲ့ရတာ
သူညောင်းကိုက်နေပြီ၊၊
ပြီးတော့ ရေလည်းမချိုးရသေးဘူး။
သူငယ်ချင်းရဲ့ပုံစံကို ရှင်းမြတ်က
မခိုးမခန့်ရယ်ရင်း အိတ်ကိုအိပ်ခန်းကျဥ်းလေးထဲ
သွင်းပေးလိုက်သည်။
''ရေတွင်းရှိလား ရှင်းမြတ်"
''ဘာလို့လဲ ရေဆာလို့လား၊မင်းနောက်မှာ
ရေအိုးရှိတယ်လေ"
''မဟုတ်ဘူး ရေချိုးမလို့"
''ဒီအချိန်ကြီးချမ်းကချမ်းနဲ့၊
မနက်ကျမှချိုးလေ နွေးနွေးလေးရယ်"
''ဟုတ်သားပဲ...ဆိုင်ကယ်စီးကတည်းက
ငါသတိထားမိနေတာ၊မင်းကိုယ်က တုန်နေတာပဲ၊
မင်းအအေးကြောက်တယ်သားနဲ့ အနွေးထည်လေး
ဘာလေးဝတ်ခဲ့မယ်မရှိဘူး"
''မိုးချုပ်မယ် မထင်လို့ပေါ့ကွ"
''နေဦး ခဏ"
ရောင်နီက အိပ်ခန်းထဲဝင်သွားကာ
သူ့အိတ်ဇစ်ဖွင့်သံကို ရှင်းမြတ်ကြားရသည်။
ဘာတွေလုပ်နေသလဲဆိုတာတော့ ရှင်းမြတ်မသိ။
''ရော့"
''ဟမ်"
''ဝတ်ထားလိုက်...အအေးပတ်နေဦးမယ်"
နှစ်အကြာကြီးဝေးကွာခဲ့ပေမဲ့
သူတို့နှစ်ယောက်ကြားက သူငယ်ချင်းသံယောဇဥ်က
စိမ်းသက်မသွား။ဘယ်လောက်အထိ ရင်းနှီးခဲ့သလဲဆို
တစ်ယောက်အကြောင်းတစ်ယောက် မဖုံးကွယ်ဘဲ
အကုန်လုံးလှစ်ဟပြခဲ့သည်အထိ။
ရောင်နီထွန်းက မိဘမဲ့တစ်ယောက်ဆိုတာ
ရှင်းမြတ်သိပြီး ရှင်းမြတ်သဘောကျနေတဲ့သူက
အသက်ငယ်တဲ့ယောက်ျားသားတစ်ယောက်ဆိုတာ
ရောင်နီထွန်း သိသည်။
နှစ်ယောက်သား ကိုယ့်အနာဂတ်အတွက်
ကြိုးစားရုန်းကန်နေခဲ့ရ၍ အဆက်အသွယ်တွေ
ပြတ်တောက်သွားခဲ့လို့သာ။
ရောင်နီလှမ်းပေးနေတဲ့ ဆွယ်တာအင်္ကျီကို
ရှင်းမြတ်လှမ်းယူကာ ချက်ချင်းဝတ်လိုက်သည်။
''ဒါနဲ့ မင်းအိမ်ထောင်ကျပြီးပြီလား ရောင်နီ"
''အိမ်ထောင်ရေး စိတ်မဝင်စားတာ
မင်းသိသားနဲ့"
စွန်ပစ်ခံရတဲ့ကလေးတစ်ယောက် အိမ်ထောင်ရေး
စိတ်မဝင်စားတာမထူးဆန်း။
ဘုရားသခင်ချီးမြှင့်ထားတဲ့ ရောင်နီ့ရုပ်ရည်ကြောင့်
တက္ကသိုလ်တက်ကတည်းက မိန်းကလေးအများစုက
ရေလာမြောင်းပေးလုပ်ကြသည်။
ဘုရားဖြစ်မယ့်အုတ်နီခဲလို ရောင်နီထွန်းက
မလှုပ်တလှုပ်။
''ငါ့ကိုသာမေးနေတာ မင်းရော"
''ငါအိမ်ထောင်ကျပြီးပြီ ရောင်နီ"
''ဟမ်"
မီးရောင်အောက်မှ ရှင်းမြတ်ရဲ့
မျက်နှာရဲရဲကြောင့် ရောင်နီက
တစ်ခုခုတွေးမိရင်း သဘောပေါက်သွားကာ
''မဟုတ်မှလွဲ မင်း"
''မင်းထင်နေသလိုပဲ ရောင်နီ"
''ဟာ ရှင်းမြတ် မင်းတကယ်ကြီးလား"
''အင်း"
''ငါ့ကောင်ကြီး ဂုဏ်ယူပါတယ်ကွာ"
''နောက်နေပြန်ပါပြီ"
''ငါတကယ်ပြောတာ"
ရှင်းမြတ် သူသဘောကျတဲ့ကောင်လေးအကြောင်း
ရောင်နီ့ကိုဝန်ခံခဲ့တုန်းက ဘယ်လောက်တောင်
အံ့သြခဲ့ရသလဲ။ရောင်နီ့လောက်မဟုတ်ပေမဲ့
ရှင်းမြတ်ဒီပါသည်လည်း မိန်းမလှလေးတွေ
ပါးစပ်ဖျားကြား ရေပန်းစားသည်။
မိန်းမလှလေးတွေကိုကျော်ပြီး ရွာက
အသက်ငယ်ငယ်ကောင်လေးကို လွမ်းဆွေးပြနေတုန်းက
စနောက်နေတယ်လို့တောင် ထင်ခဲ့မိသေးတာ။
ရှင်းမြတ်လွမ်းပြနေတဲ့ကလေးက အသက်မပြည့်သေးဘူး
ဆိုတာသိတော့ ပိုလို့တောင်မျက်လုံးပြူးခဲ့ရသေး။
''အမှန်အတိုင်းပြောရရင် မင်းတို့မေတ္တာစစ်မှန်ရင်တောင်
ပေါင်းဖက်ရလိမ့်မယ်လို့ ငါမထင်ထားခဲ့ရိုးအမှန်၊
ဟိုလိုသဘောပြောတာမဟုတ်ပေမဲ့ ရွာသူ၊ရွာသား
တွေက အမြင်ကျဥ်းကြတယ်မဟုတ်လား"
ရောင်နီ့စကားအဆုံး ရှင်းမြတ်က
စိတ်မပါဘဲပြုံးလာသည်။
''အခုလည်း ငါတို့နှာခေါင်းရှုံ့ခံနေရတာ၊
ဘယ်လိုပဲဖြစ်ဖြစ် အခုငါပျော်ပါတယ်၊
ငါ့ကလေးလေးအနားရှိနေနိုင်ပြီလေ"
''ရှင်းမြတ်ရယ်"
''ငါ့အဖြစ်က သနားစရာကောင်းတယ်မလား"
''ဟာ...မင်းဘာတွေလျှောက်တွေးနေတာလဲ၊
ကိုယ်ပျော်နေရင်ပြီးရောပေါ့...ဘယ်သူ့ဂရုစိုက်ရမှာလဲ၊
ဒါနဲ့ မင်းတို့နှစ်ယောက်ဘယ်လိုလုပ်ပြီး"
''ပြောရရင်တော့ အရှည်ကြီးပဲ၊
နောက်အချိန်ရမှ မင်းကိုအကုန်ပြောပြမယ်"
''အင်းပါ၊ ဒါနဲ့မင်းအခု ဘယ်မှာနေတာလဲ၊
ည ၆နာရီခွဲနေပြီ၊ မင်းကောင်လေး လာခေါ်မှာလား"
ဆောင်းရာသီမို့ ၅နာရီခွဲဆိုရင်ကို
ညီအစ်ကိုမသိတသိအချိန်ရောက်နေပြီ။
ည ၆နာရီဆိုမှတော့ သေချာပေါက်မိုးချုပ်နေပြီပေါ့။
အိမ်ပြန်ချိန်ဆိုမှ ရှင်းမြတ်သတိရတယ်။
သူက ရွာပြင်အထိပြန်ရမှာ၊ပြီးတော့ အသုဘကလည်း
မြေမချရသေးဘူး။
နေ့လည်ဆိုအကြောင်းမရှိပေမဲ့ ညဘက်ကြီးတော့
ရှင်းမြတ် မပြန်ရဲ၊သူကြောက်တယ်။
တီ....တီ...တီ
ကျောင်းဝင်းထဲထွက်လာတဲ့ ဆိုင်ကယ်ဟွန်းသံအကျယ်ကြီးကြောင့် ရှင်းမြတ်နဲ့
ရောင်နီ တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်း
ဆုံသွားကြသည်။
''ဒီမှာပဲအိပ်ဖို့ စိတ်ကူးထားတာလား"
''ဟင်"
ဒီအသံကြီးကို ရှင်းမြတ်မသိဘဲရှိပါ့မလား။
အပြင်ဘက်မှ မှောင်နေတာမို့ဆိုင်ကယ်ပေါ်မှလူကို
မမြင်ရလို့ ဘယ်သူလဲအောက်မေ့နေတာ။
''မလာသေးဘဲ ဘာလုပ်နေတာလဲ"
ချမ်းမြေ့ဒီထက်ပိုပြီး စိတ်မတိုလာခင်
ရှင်းမြတ် အိမ်အောက်ဆင်းရန်ပြင်တော့
ရောင်နီကအလိုက်မသိစွာ ရှင်းမြတ်လက်ကိုလှမ်းဆွဲပြီး
ခပ်တိုးတိုးမေးလာသည်။
''အဲ့ဒါ ဘယ်သူလဲ"
''ငါ့ယောက်ျား"
ရောင်နီ့ကို ခပ်တိုးတိုးပြန်ဖြေပြီး
အိမ်အောက်အမြန်ဆင်းကာ ဆိုင်ကယ်ရပ်ထားရာ
နေရာဆီအမြန်သွားရသည်။
ချမ်းမြေ့ကယူလာတဲ့ဓာတ်မီးဖွင့်ကာ
လှမ်းထိုးပေးကာ ရှင်းမြတ်တစ်ကိုယ်လုံးကို
စူးစိုက်ကြည့်လာ၏။ချမ်းမြေ့မျက်နှာမမြင်ရသေးတဲ့
ရှင်းမြတ်ခမျာ ဘာမှမသိရှာပေ။
ချမ်းမြေ့က ရှင်းမြတ်အနားရောက်မလာခင်မှာပဲ
ဆိုင်ကယ်ပေါ်မှဆင်းကာဒေါက်ထောက်ပြီး
ရှင်းမြတ်ဆီသို့ခပ်မြန်မြန်လျှောက်သွားသည်။
''ဘယ်သူ့အင်္ကျီ ဝတ်ထားတာလဲ"
''ဟို...ဟို"
''မြန်မြန်ချွတ်...ညှင်းတွေဘာတွေရှိလို့
ခင်ဗျားကိုကူးရင် ဘယ်လိုလုပ်မလဲ"
''မင်းကလဲ ရောင်နီ့ကိုအားနာစရာ"
ချမ်းမြေ့အသံကမတိုးတော့ ရောင်နီကြားမှာ
သေချာသည်။ချမ်းမြေ့က သူကိုယ်တိုင်ပင်
အင်္ကျီလာချွတ်တော့ ရှင်းမြတ်ကိုယ်တိုင်
ချွတ်ပေးလိုက်ရတော့သည်။ချမ်းမြေ့က
ဖြစ်ချင်ရင် ဇွတ်ကြီးပဲ။
''ပေး ဒီကို"
ချမ်းမြေ့က ရှင်းမြတ်လက်ထဲကဆွယ်တာအင်္ကျီကို
ဆွဲယူကာ မြင်နေရတဲ့ခြေတံတိုအိမ်လေးဆီသို့
သွားပြီး ကြောင်ကြည့်နေသည့်ရောင်နီ့ထံသို့
လှမ်းပေးလိုက်သည်။
''ယူလေ...ဘာကြောင်ကြည့်နေတာလဲ"
''သြော်...အေးအေး"
ထို့နောက်မှာတော့ ချမ်းမြေ့ကဆိုင်ကယ်ဆီသို့
ပြန်သွားကာ ဇက်ပေါ်တင်ထားသည့်အနွေးထည်ယူကာ
ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်ပေး၏။
''လာ ပြန်မယ်"
''အွန်း"
ဆိုင်ကယ်ပေါ်သို့တက်ထိုင်ကာ
ကြောင်ကြည့်နေတုန်းဖြစ်တဲ့ရောင်နီ့ကို
တာ့တာလှမ်းပြတော့ ချမ်းမြေ့ကထိုလက်ကို
ဆွဲယူကာ သူ့ခါးကိုဖက်စေသည်။
သူငယ်ချင်းကို ဇိုးဇိုးဇွပ်ဇွပ်လုပ်သွားတဲ့သူကို
ဆိုင်ကယ်ကျောင်းဝင်းထဲမှ ထွက်သွားချိန်အထိ
ရောင်နီကြောင်ငေးကြည့်နေမိတုန်း။
''ရှင်းမြတ်ယောက်ျားက အရမ်းသဝန်တိုတတ်တာပဲ"
....................................
''ကိုယ်အမှန်အတိုင်းပြောနေတာ ချမ်းမြေ့၊
ရောင်နီက တက္ကသိုလ်တုန်းကသိတဲ့ကိုယ့်သူငယ်ချင်း"
''ငြိမ်ငြိမ်နေ...ပြုတ်ကျမယ်"
တစ်ညလုံးချော့မော့နေတာတောင် ချမ်းမြေ့က
စိတ်ဆိုးမပြေ။ညတုန်းကလဲ ရှင်းမြတ်ဘက်လှည့်မအိပ်ဘူး။
ပြီးရင်လည်း ဘယ်မှာစိတ်ဆိုးလို့လဲဆိုပြီး
ဗြောင်လိမ်သေးတာ။
ဆိုင်ကယ်ရှေ့မှာထိုင်နေတဲ့ကြည်နူးလေးကတော့
ခပ်ဆိတ်ဆိတ်သာ။ချမ်းမြေ့နဲ့ရှင်းမြတ်ကြားမှာတော့
ငှက်ပျောအခိုင်လိုက်ကြီးရှိသည်။
အိမ်ကအမေက ရွာကသူ့အမေအတွက်ဆိုပြီး
အခိုင်လိုက်ကြီးကို ထည့်ပေးလိုက်တာ။
ပျဥ်ထောင်အိမ်ကြီးရှေ့ဆိုင်ကယ်ရပ်လိုက်တော့
ရှင်းမြတ်အရင်ဆင်းကာ
''ကိုယ် သွားပေးလိုက်ရမလား"
''ရတယ် ငှက်ပျောစေးတွေလူးကုန်မယ်၊
အနူး ခဏဆင်းအုံး"
''ဟုတ်ကဲ့"
ဆိုင်ကယ်ဒေါက်ထောက်ပြီး ချမ်းမြေ့က
ငှက်ပျောအခိုင်လိုက်ကြီးကို ပခုံးပေါ်ထမ်းတင်ကာ
အိမ်ကြီးထဲသို့ဝင်သွားသည်။
''ဒေါ်တင်ထွေး...ဒေါ်တင်ထွေး"
အိမ်အောက်ကနေအဖွားနာမည်အရင်းကို
လှမ်းအော်သည်။
''ဟဲ့ ဘာလို့ဒီလောက်အကျယ်ကြီးအော်နေတာလဲ"
အသက်၇၀ရွယ်အဖွားကြီးတစ်ယောက်အိမ်အောက်သို့
ဆင်းလာသည်မှာ ဘယ်သူ့အကူအညီမှမယူဘဲ။
တစ်ခေါင်းလုံးဆံပင်တွေဖြူနေပေမယ့် သန်သန်မာမာရှိဆဲ။
''အမေထည့်ပေးလိုက်တာ ခင်ဗျားအတွက်"
ငှက်ပျောခိုင်ကြီးကို ဘေးနားမှသစ်သားပေါ်တင်ကာ
ချလိုက်သည်။ထို့နောက် လှည့်ထွက်ရန်ပြင်တော့
''အမျိုးတစ်ခြမ်းယုတ်လေးတွေ"
''ခင်ဗျားဘာပြောလိုက်တယ်"
''အဖွားကိုအဖွားမှန်းမသိ...အကြီးကိုအကြီးမှန်းမသိ၊
တယ်ရိုင်းတဲ့ကောင်"
''အဖွားမပီသဘဲနဲ့ အဖွားလို့အခေါ်မခံချင်စမ်းပါနဲ့"
ချမ်းမြေ့စကားကြောင့် အဖွားအိုက
ဒေါသထွက်သွားဟန် လက်ညိုးတထိုးထိုးဖြင့်။
''မင်းကို ငါ့သမီးမျက်နှာနဲ့မို့သည်းခံနေတာ
ကမ်းတက်မလာနဲ့"
''ကျုပ်လည်း အမေ့မျက်နှာနဲ့မို့၊
မဟုတ်ရင် ခင်ဗျားတို့အတွက်သီးသန့်ဆိုပြီး
ဘာမှလာမပေးဘူး"
အသားဟင်းလည်းအသားဟင်းမို့၊
အသီးအရွက်လည်း အသီးအရွက်မို့၊
သစ်သီးဝလံလည်း သစ်သီးဝလံမို့၊
အိမ်ကအမေက သူ့မိဘတွေစားစေချင်လို့မြို့သွားရင်
ဝယ်ဝယ်ခဲ့တာ။ရတဲ့အချိန်ကျ ပြုံးပြုံး၊
မရတဲ့အချိန် မဲ့တဲ့တဲ့။
''အရိုင်းအစိုင်းကောင်"
''ဟုတ်တယ်...ကျုပ်ရိုင်းတယ်၊
ကျုပ်ရိုင်းတတ်အောင် ခင်ဗျားတို့ပဲသင်ပေးခဲ့တာ"
''ချမ်းမြေ့"
လက်ဖြူဖြူသွယ်သွယ်လေးက ချမ်းမြေ့လက်ကို
လာဆုပ်ကိုင်၏။
ရှင်းမြတ်က ချမ်းမြေ့ကိုမော့ကြည့်ရင်း
ခေါင်းယမ်းပြသည်။သဘောကတော့
ဆက်မပြောပါနဲ့တော့တဲ့လေ။
အိမ်အောက်ကအခြေအတင်စကားတွေကြောင့်
အိမ်ပေါ်မှမိသားစုဝင်တွေလည်းဆင်းလာကြသည်။
ကောင်းမြတ်ဟိန်းက ဒေါသထွက်နေတဲ့သူ့အဖွားလက်ကို
တွဲကာစိတ်လျှော့ဖို့ရန် ဖြောင်းဖြသည်။
''သွားရအောင် ချမ်းမြေ့"
ချမ်းမြေ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ
ရှင်းမြတ်ဆွဲခေါ်တော့ချမ်းမြေ့ကိုယ်က
အလိုက်သင့်လေးပါလာသည်။
''ရွံစရာကောင်းလိုက်တာ"
ကျောဘက်မှထွက်လာတဲ့အသံကြောင့်
ချမ်းမြေ့မေးကြောတွေ တင်းခနဲ။
ရိပ်မိတဲ့ရှင်းမြတ်က ဒီထက်ပိုပြီးမတင်းမာစေဖို့
မရမကဆွဲခေါ်သည်။
''ကိုယ့်ကလေးလေးက လိမ္မာတယ်မဟုတ်လား၊
ကြည်နူးလည်းရှိတယ်လေ"
ဆိုင်ကယ်ဆီလှမ်းကြည့်တော့ ကြည်နူးက
မျက်နှာငယ်လေးနဲ့ကြည့်နေသည်။
ချမ်းမြေ့က လေပူတွေမှုတ်ထုတ်ကာ
စိတ်ကိုလျှော့ချလိုက်၏။
နောက်နောင်တော့ ဒီအိမ်အရိပ်ကိုပင်
ချမ်းမြေ့ခြေချတော့မည်မဟုတ်။
......................................
(ချမ်းမြေ့က မှန်လိုလူပါ၊
သူ့အပေါ်ကောင်းရင် ပြန်ကောင်းမယ်၊
သူ့ကိုလာရိုင်းရင်တော့ ပြန်ရိုင်းဖို့ဝန်မလေးတတ်သူပါ၊
ဒါကြောင့်မို့လည်း ရွာသားတွေနဲ့ကင်းကင်းရှင်းရှင်းနေတာ၊
ပြီးတော့ ဒေါ်တင်ထွေးလိုအဘွားမျိုးအပြင်မှာ
တကယ်ရှိပါတယ်၊လိုတာရရင် ပြုံးပြုံး၊
မရတဲ့အခါများကျ မဲ့တဲ့တဲ့"
Zawgyi
''လာ ဒါ မင္းေနရမဲ့အိမ္"
ေသာ့ခတ္ထားတဲ့တံခါးကို ေသာ့တံနဲ႕လွည့္ဖြင့္ကာ
အခန္းထဲဝင္လိုက္ေတာ့ ေမွာင္ေမွာင္မဲမဲ။
ရပ္ေဝးမွတာဝန္က်တဲ့ ေက်ာင္းဆရာ၊ဆရာမေတြအတြက္
ေက်ာင္းဝင္းထဲမွာပင္ သီးသန့္အိမ္ေလးေတြ
ေဆာက္ထားေပး၏။
တစ္ေယာက္တည္းေနရန္အတြက္လည္း
အဆင္ေျပသလို မိသားစုနဲ႕ေနမည္ဆိုလွ်င္လည္း
သင့္ေတာ္သည့္ အိမ္ေလးေတြပင္။
မိုးခ်ဳပ္မည္ကို ရိပ္မိလို႔ထင္၊
ေက်ာင္းအုပ္ဆရာမႀကီးက ေသာ့တစ္ခါတည္း
ေပးထားခဲ့လို႔သာ ေတာ္ေပေရာ့မည္။
မဟုတ္လို႔ကေတာ့ သူတို႔ႏွစ္ေယာက္
ေဘး႐ြာအထိ ေသာ့လိုက္ေတာင္းရမွာ။
အခန္းေထာင့္က မီးခလုတ္ဖြင့္လိုက္ေတာ့
ေမွာင္မည္းေနတဲ့အခန္းက လင္းထိန္သြားသည္။
Laggageသယ္ထားတဲ့ေရာင္နီထြန္းက
လွည္းက်င္းထားလို႔ ဖုန္မႈန့္ကင္းစင္တဲ့
ၾကမ္းျပင္ေပၚ ေျခပစ္လက္ပစ္ထိုင္ခ်သည္။
တစ္ေနကုန္ ကားေပၚမွာထိုင္ခဲ့ရတာ
သူေညာင္းကိုက္ေနၿပီ၊၊
ၿပီးေတာ့ ေရလည္းမခ်ိဳးရေသးဘူး။
သူငယ္ခ်င္းရဲ႕ပုံစံကို ရွင္းျမတ္က
မခိုးမခန့္ရယ္ရင္း အိတ္ကိုအိပ္ခန္းက်ဥ္းေလးထဲ
သြင္းေပးလိုက္သည္။
''ေရတြင္းရွိလား ရွင္းျမတ္"
''ဘာလို႔လဲ ေရဆာလို႔လား၊မင္းေနာက္မွာ
ေရအိုးရွိတယ္ေလ"
''မဟုတ္ဘူး ေရခ်ိဳးမလို႔"
''ဒီအခ်ိန္ႀကီးခ်မ္းကခ်မ္းနဲ႕၊
မနက္က်မွခ်ိဳးေလ ႏြေးႏြေးေလးရယ္"
''ဟုတ္သားပဲ...ဆိုင္ကယ္စီးကတည္းက
ငါသတိထားမိေနတာ၊မင္းကိုယ္က တုန္ေနတာပဲ၊
မင္းအေအးေၾကာက္တယ္သားနဲ႕ အႏြေးထည္ေလး
ဘာေလးဝတ္ခဲ့မယ္မရွိဘူး"
''မိုးခ်ဳပ္မယ္ မထင္လို႔ေပါ့ကြ"
''ေနဦး ခဏ"
ေရာင္နီက အိပ္ခန္းထဲဝင္သြားကာ
သူ႕အိတ္ဇစ္ဖြင့္သံကို ရွင္းျမတ္ၾကားရသည္။
ဘာေတြလုပ္ေနသလဲဆိုတာေတာ့ ရွင္းျမတ္မသိ။
''ေရာ့"
''ဟမ္"
''ဝတ္ထားလိုက္...အေအးပတ္ေနဦးမယ္"
ႏွစ္အၾကာႀကီးေဝးကြာခဲ့ေပမဲ့
သူတို႔ႏွစ္ေယာက္ၾကားက သူငယ္ခ်င္းသံေယာဇဥ္က
စိမ္းသက္မသြား။ဘယ္ေလာက္အထိ ရင္းႏွီးခဲ့သလဲဆို
တစ္ေယာက္အေၾကာင္းတစ္ေယာက္ မဖုံးကြယ္ဘဲ
အကုန္လုံးလွစ္ဟျပခဲ့သည္အထိ။
ေရာင္နီထြန္းက မိဘမဲ့တစ္ေယာက္ဆိုတာ
ရွင္းျမတ္သိၿပီး ရွင္းျမတ္သေဘာက်ေနတဲ့သူက
အသက္ငယ္တဲ့ေယာက္်ားသားတစ္ေယာက္ဆိုတာ
ေရာင္နီထြန္း သိသည္။
ႏွစ္ေယာက္သား ကိုယ့္အနာဂတ္အတြက္
ႀကိဳးစား႐ုန္းကန္ေနခဲ့ရ၍ အဆက္အသြယ္ေတြ
ျပတ္ေတာက္သြားခဲ့လို႔သာ။
ေရာင္နီလွမ္းေပးေနတဲ့ ဆြယ္တာအကၤ်ီကို
ရွင္းျမတ္လွမ္းယူကာ ခ်က္ခ်င္းဝတ္လိုက္သည္။
''ဒါနဲ႕ မင္းအိမ္ေထာင္က်ၿပီးၿပီလား ေရာင္နီ"
''အိမ္ေထာင္ေရး စိတ္မဝင္စားတာ
မင္းသိသားနဲ႕"
စြန္ပစ္ခံရတဲ့ကေလးတစ္ေယာက္ အိမ္ေထာင္ေရး
စိတ္မဝင္စားတာမထူးဆန္း။
ဘုရားသခင္ခ်ီးျမႇင့္ထားတဲ့ ေရာင္နီ႕႐ုပ္ရည္ေၾကာင့္
တကၠသိုလ္တက္ကတည္းက မိန္းကေလးအမ်ားစုက
ေရလာေျမာင္းေပးလုပ္ၾကသည္။
ဘုရားျဖစ္မယ့္အုတ္နီခဲလို ေရာင္နီထြန္းက
မလႈပ္တလႈပ္။
''ငါ့ကိုသာေမးေနတာ မင္းေရာ"
''ငါအိမ္ေထာင္က်ၿပီးၿပီ ေရာင္နီ"
''ဟမ္"
မီးေရာင္ေအာက္မွ ရွင္းျမတ္ရဲ႕
မ်က္ႏွာရဲရဲေၾကာင့္ ေရာင္နီက
တစ္ခုခုေတြးမိရင္း သေဘာေပါက္သြားကာ
''မဟုတ္မွလြဲ မင္း"
''မင္းထင္ေနသလိုပဲ ေရာင္နီ"
''ဟာ ရွင္းျမတ္ မင္းတကယ္ႀကီးလား"
''အင္း"
''ငါ့ေကာင္ႀကီး ဂုဏ္ယူပါတယ္ကြာ"
''ေနာက္ေနျပန္ပါၿပီ"
''ငါတကယ္ေျပာတာ"
ရွင္းျမတ္ သူသေဘာက်တဲ့ေကာင္ေလးအေၾကာင္း
ေရာင္နီ႕ကိုဝန္ခံခဲ့တုန္းက ဘယ္ေလာက္ေတာင္
အံ့ၾသခဲ့ရသလဲ။ေရာင္နီ႕ေလာက္မဟုတ္ေပမဲ့
ရွင္းျမတ္ဒီပါသည္လည္း မိန္းမလွေလးေတြ
ပါးစပ္ဖ်ားၾကား ေရပန္းစားသည္။
မိန္းမလွေလးေတြကိုေက်ာ္ၿပီး ႐ြာက
အသက္ငယ္ငယ္ေကာင္ေလးကို လြမ္းေဆြးျပေနတုန္းက
စေနာက္ေနတယ္လို႔ေတာင္ ထင္ခဲ့မိေသးတာ။
ရွင္းျမတ္လြမ္းျပေနတဲ့ကေလးက အသက္မျပည့္ေသးဘူး
ဆိုတာသိေတာ့ ပိုလို႔ေတာင္မ်က္လုံးျပဴးခဲ့ရေသး။
''အမွန္အတိုင္းေျပာရရင္ မင္းတို႔ေမတၱာစစ္မွန္ရင္ေတာင္
ေပါင္းဖက္ရလိမ့္မယ္လို႔ ငါမထင္ထားခဲ့ရိုးအမွန္၊
ဟိုလိုသေဘာေျပာတာမဟုတ္ေပမဲ့ ႐ြာသူ၊႐ြာသား
ေတြက အျမင္က်ဥ္းၾကတယ္မဟုတ္လား"
ေရာင္နီ႕စကားအဆုံး ရွင္းျမတ္က
စိတ္မပါဘဲၿပဳံးလာသည္။
''အခုလည္း ငါတို႔ႏွာေခါင္းရႈံ႕ခံေနရတာ၊
ဘယ္လိုပဲျဖစ္ျဖစ္ အခုငါေပ်ာ္ပါတယ္၊
ငါ့ကေလးေလးအနားရွိေနနိုင္ၿပီေလ"
''ရွင္းျမတ္ရယ္"
''ငါ့အျဖစ္က သနားစရာေကာင္းတယ္မလား"
''ဟာ...မင္းဘာေတြေလွ်ာက္ေတြးေနတာလဲ၊
ကိုယ္ေပ်ာ္ေနရင္ၿပီးေရာေပါ့...ဘယ္သူ႕ဂ႐ုစိုက္ရမွာလဲ၊
ဒါနဲ႕ မင္းတို႔ႏွစ္ေယာက္ဘယ္လိုလုပ္ၿပီး"
''ေျပာရရင္ေတာ့ အရွည္ႀကီးပဲ၊
ေနာက္အခ်ိန္ရမွ မင္းကိုအကုန္ေျပာျပမယ္"
''အင္းပါ၊ ဒါနဲ႕မင္းအခု ဘယ္မွာေနတာလဲ၊
ည ၆နာရီခြဲေနၿပီ၊ မင္းေကာင္ေလး လာေခၚမွာလား"
ေဆာင္းရာသီမို႔ ၅နာရီခြဲဆိုရင္ကို
ညီအစ္ကိုမသိတသိအခ်ိန္ေရာက္ေနၿပီ။
ည ၆နာရီဆိုမွေတာ့ ေသခ်ာေပါက္မိုးခ်ဳပ္ေနၿပီေပါ့။
အိမ္ျပန္ခ်ိန္ဆိုမွ ရွင္းျမတ္သတိရတယ္။
သူက ႐ြာျပင္အထိျပန္ရမွာ၊ၿပီးေတာ့ အသုဘကလည္း
ေျမမခ်ရေသးဘူး။
ေန႕လည္ဆိုအေၾကာင္းမရွိေပမဲ့ ညဘက္ႀကီးေတာ့
ရွင္းျမတ္ မျပန္ရဲ၊သူေၾကာက္တယ္။
တီ....တီ...တီ
ေက်ာင္းဝင္းထဲထြက္လာတဲ့ ဆိုင္ကယ္ဟြန္းသံအက်ယ္ႀကီးေၾကာင့္ ရွင္းျမတ္နဲ႕
ေရာင္နီ တစ္ေယာက္နဲ႕တစ္ေယာက္အၾကည့္ခ်င္း
ဆုံသြားၾကသည္။
''ဒီမွာပဲအိပ္ဖို႔ စိတ္ကူးထားတာလား"
''ဟင္"
ဒီအသံႀကီးကို ရွင္းျမတ္မသိဘဲရွိပါ့မလား။
အျပင္ဘက္မွ ေမွာင္ေနတာမို႔ဆိုင္ကယ္ေပၚမွလူကို
မျမင္ရလို႔ ဘယ္သူလဲေအာက္ေမ့ေနတာ။
''မလာေသးဘဲ ဘာလုပ္ေနတာလဲ"
ခ်မ္းေျမ့ဒီထက္ပိုၿပီး စိတ္မတိုလာခင္
ရွင္းျမတ္ အိမ္ေအာက္ဆင္းရန္ျပင္ေတာ့
ေရာင္နီကအလိုက္မသိစြာ ရွင္းျမတ္လက္ကိုလွမ္းဆြဲၿပီး
ခပ္တိုးတိုးေမးလာသည္။
''အဲ့ဒါ ဘယ္သူလဲ"
''ငါ့ေယာက္်ား"
ေရာင္နီ႕ကို ခပ္တိုးတိုးျပန္ေျဖၿပီး
အိမ္ေအာက္အျမန္ဆင္းကာ ဆိုင္ကယ္ရပ္ထားရာ
ေနရာဆီအျမန္သြားရသည္။
ခ်မ္းေျမ့ကယူလာတဲ့ဓာတ္မီးဖြင့္ကာ
လွမ္းထိုးေပးကာ ရွင္းျမတ္တစ္ကိုယ္လုံးကို
စူးစိုက္ၾကည့္လာ၏။ခ်မ္းေျမ့မ်က္ႏွာမျမင္ရေသးတဲ့
ရွင္းျမတ္ခမ်ာ ဘာမွမသိရွာေပ။
ခ်မ္းေျမ့က ရွင္းျမတ္အနားေရာက္မလာခင္မွာပဲ
ဆိုင္ကယ္ေပၚမွဆင္းကာေဒါက္ေထာက္ၿပီး
ရွင္းျမတ္ဆီသို႔ခပ္ျမန္ျမန္ေလွ်ာက္သြားသည္။
''ဘယ္သူ႕အကၤ်ီ ဝတ္ထားတာလဲ"
''ဟို...ဟို"
''ျမန္ျမန္ခြၽတ္...ညွင္းေတြဘာေတြရွိလို႔
ခင္ဗ်ားကိုကူးရင္ ဘယ္လိုလုပ္မလဲ"
''မင္းကလဲ ေရာင္နီ႕ကိုအားနာစရာ"
ခ်မ္းေျမ့အသံကမတိုးေတာ့ ေရာင္နီၾကားမွာ
ေသခ်ာသည္။ခ်မ္းေျမ့က သူကိုယ္တိုင္ပင္
အကၤ်ီလာခြၽတ္ေတာ့ ရွင္းျမတ္ကိုယ္တိုင္
ခြၽတ္ေပးလိုက္ရေတာ့သည္။ခ်မ္းေျမ့က
ျဖစ္ခ်င္ရင္ ဇြတ္ႀကီးပဲ။
''ေပး ဒီကို"
ခ်မ္းေျမ့က ရွင္းျမတ္လက္ထဲကဆြယ္တာအကၤ်ီကို
ဆြဲယူကာ ျမင္ေနရတဲ့ေျခတံတိုအိမ္ေလးဆီသို႔
သြားၿပီး ေၾကာင္ၾကည့္ေနသည့္ေရာင္နီ႕ထံသို႔
လွမ္းေပးလိုက္သည္။
''ယူေလ...ဘာေၾကာင္ၾကည့္ေနတာလဲ"
''ေၾသာ္...ေအးေအး"
ထို႔ေနာက္မွာေတာ့ ခ်မ္းေျမ့ကဆိုင္ကယ္ဆီသို႔
ျပန္သြားကာ ဇက္ေပၚတင္ထားသည့္အႏြေးထည္ယူကာ
ကိုယ္တိုင္ကိုယ္က် ဝတ္ဆင္ေပး၏။
''လာ ျပန္မယ္"
''အြန္း"
ဆိုင္ကယ္ေပၚသို႔တက္ထိုင္ကာ
ေၾကာင္ၾကည့္ေနတုန္းျဖစ္တဲ့ေရာင္နီ႕ကို
တာ့တာလွမ္းျပေတာ့ ခ်မ္းေျမ့ကထိုလက္ကို
ဆြဲယူကာ သူ႕ခါးကိုဖက္ေစသည္။
သူငယ္ခ်င္းကို ဇိုးဇိုးဇြပ္ဇြပ္လုပ္သြားတဲ့သူကို
ဆိုင္ကယ္ေက်ာင္းဝင္းထဲမွ ထြက္သြားခ်ိန္အထိ
ေရာင္နီေၾကာင္ေငးၾကည့္ေနမိတုန္း။
''ရွင္းျမတ္ေယာက္်ားက အရမ္းသဝန္တိုတတ္တာပဲ"
....................................
''ကိုယ္အမွန္အတိုင္းေျပာေနတာ ခ်မ္းေျမ့၊
ေရာင္နီက တကၠသိုလ္တုန္းကသိတဲ့ကိုယ့္သူငယ္ခ်င္း"
''ၿငိမ္ၿငိမ္ေန...ျပဳတ္က်မယ္"
တစ္ညလုံးေခ်ာ့ေမာ့ေနတာေတာင္ ခ်မ္းေျမ့က
စိတ္ဆိုးမေျပ။ညတုန္းကလဲ ရွင္းျမတ္ဘက္လွည့္မအိပ္ဘူး။
ၿပီးရင္လည္း ဘယ္မွာစိတ္ဆိုးလို႔လဲဆိုၿပီး
ေျဗာင္လိမ္ေသးတာ။
ဆိုင္ကယ္ေရွ႕မွာထိုင္ေနတဲ့ၾကည္ႏူးေလးကေတာ့
ခပ္ဆိတ္ဆိတ္သာ။ခ်မ္းေျမ့နဲ႕ရွင္းျမတ္ၾကားမွာေတာ့
ငွက္ေပ်ာအခိုင္လိုက္ႀကီးရွိသည္။
အိမ္ကအေမက ႐ြာကသူ႕အေမအတြက္ဆိုၿပီး
အခိုင္လိုက္ႀကီးကို ထည့္ေပးလိုက္တာ။
ပ်ဥ္ေထာင္အိမ္ႀကီးေရွ႕ဆိုင္ကယ္ရပ္လိုက္ေတာ့
ရွင္းျမတ္အရင္ဆင္းကာ
''ကိုယ္ သြားေပးလိုက္ရမလား"
''ရတယ္ ငွက္ေပ်ာေစးေတြလူးကုန္မယ္၊
အႏူး ခဏဆင္းအုံး"
''ဟုတ္ကဲ့"
ဆိုင္ကယ္ေဒါက္ေထာက္ၿပီး ခ်မ္းေျမ့က
ငွက္ေပ်ာအခိုင္လိုက္ႀကီးကို ပခုံးေပၚထမ္းတင္ကာ
အိမ္ႀကီးထဲသို႔ဝင္သြားသည္။
''ေဒၚတင္ေထြး...ေဒၚတင္ေထြး"
အိမ္ေအာက္ကေနအဖြားနာမည္အရင္းကို
လွမ္းေအာ္သည္။
''ဟဲ့ ဘာလို႔ဒီေလာက္အက်ယ္ႀကီးေအာ္ေနတာလဲ"
အသက္၇၀႐ြယ္အဖြားႀကီးတစ္ေယာက္အိမ္ေအာက္သို႔
ဆင္းလာသည္မွာ ဘယ္သူ႕အကူအညီမွမယူဘဲ။
တစ္ေခါင္းလုံးဆံပင္ေတြျဖဴေနေပမယ့္ သန္သန္မာမာရွိဆဲ။
''အေမထည့္ေပးလိုက္တာ ခင္ဗ်ားအတြက္"
ငွက္ေပ်ာခိုင္ႀကီးကို ေဘးနားမွသစ္သားေပၚတင္ကာ
ခ်လိဳက္သည္။ထို႔ေနာက္ လွည့္ထြက္ရန္ျပင္ေတာ့
''အမ်ိဳးတစ္ျခမ္းယုတ္ေလးေတြ"
''ခင္ဗ်ားဘာေျပာလိုက္တယ္"
''အဖြားကိုအဖြားမွန္းမသိ...အႀကီးကိုအႀကီးမွန္းမသိ၊
တယ္ရိုင္းတဲ့ေကာင္"
''အဖြားမပီသဘဲနဲ႕ အဖြားလို႔အေခၚမခံခ်င္စမ္းပါနဲ႕"
ခ်မ္းေျမ့စကားေၾကာင့္ အဖြားအိုက
ေဒါသထြက္သြားဟန္ လက္ညိုးတထိုးထိုးျဖင့္။
''မင္းကို ငါ့သမီးမ်က္ႏွာနဲ႕မို႔သည္းခံေနတာ
ကမ္းတက္မလာနဲ႕"
''က်ဳပ္လည္း အေမ့မ်က္ႏွာနဲ႕မို႔၊
မဟုတ္ရင္ ခင္ဗ်ားတို႔အတြက္သီးသန့္ဆိုၿပီး
ဘာမွလာမေပးဘူး"
အသားဟင္းလည္းအသားဟင္းမို႔၊
အသီးအ႐ြက္လည္း အသီးအ႐ြက္မို႔၊
သစ္သီးဝလံလည္း သစ္သီးဝလံမို႔၊
အိမ္ကအေမက သူ႕မိဘေတြစားေစခ်င္လို႔ၿမိဳ႕သြားရင္
ဝယ္ဝယ္ခဲ့တာ။ရတဲ့အခ်ိန္က် ၿပဳံးၿပဳံး၊
မရတဲ့အခ်ိန္ မဲ့တဲ့တဲ့။
''အရိုင္းအစိုင္းေကာင္"
''ဟုတ္တယ္...က်ဳပ္ရိုင္းတယ္၊
က်ဳပ္ရိုင္းတတ္ေအာင္ ခင္ဗ်ားတို႔ပဲသင္ေပးခဲ့တာ"
''ခ်မ္းေျမ့"
လက္ျဖဴျဖဴသြယ္သြယ္ေလးက ခ်မ္းေျမ့လက္ကို
လာဆုပ္ကိုင္၏။
ရွင္းျမတ္က ခ်မ္းေျမ့ကိုေမာ့ၾကည့္ရင္း
ေခါင္းယမ္းျပသည္။သေဘာကေတာ့
ဆက္မေျပာပါနဲ႕ေတာ့တဲ့ေလ။
အိမ္ေအာက္ကအေျခအတင္စကားေတြေၾကာင့္
အိမ္ေပၚမွမိသားစုဝင္ေတြလည္းဆင္းလာၾကသည္။
ေကာင္းျမတ္ဟိန္းက ေဒါသထြက္ေနတဲ့သူ႕အဖြားလက္ကို
တြဲကာစိတ္ေလွ်ာ့ဖို႔ရန္ ေျဖာင္းျဖသည္။
''သြားရေအာင္ ခ်မ္းေျမ့"
ခ်မ္းေျမ့လက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ
ရွင္းျမတ္ဆြဲေခၚေတာ့ခ်မ္းေျမ့ကိုယ္က
အလိုက္သင့္ေလးပါလာသည္။
''႐ြံစရာေကာင္းလိုက္တာ"
ေက်ာဘက္မွထြက္လာတဲ့အသံေၾကာင့္
ခ်မ္းေျမ့ေမးေၾကာေတြ တင္းခနဲ။
ရိပ္မိတဲ့ရွင္းျမတ္က ဒီထက္ပိုၿပီးမတင္းမာေစဖို႔
မရမကဆြဲေခၚသည္။
''ကိုယ့္ကေလးေလးက လိမၼာတယ္မဟုတ္လား၊
ၾကည္ႏူးလည္းရွိတယ္ေလ"
ဆိုင္ကယ္ဆီလွမ္းၾကည့္ေတာ့ ၾကည္ႏူးက
မ်က္ႏွာငယ္ေလးနဲ႕ၾကည့္ေနသည္။
ခ်မ္းေျမ့က ေလပူေတြမႈတ္ထုတ္ကာ
စိတ္ကိုေလွ်ာ့ခ်လိဳက္၏။
ေနာက္ေနာင္ေတာ့ ဒီအိမ္အရိပ္ကိုပင္
ခ်မ္းေျမ့ေျခခ်ေတာ့မည္မဟုတ္။
......................................
(ခ်မ္းေျမ့က မွန္လိုလူပါ၊
သူ႕အေပၚေကာင္းရင္ ျပန္ေကာင္းမယ္၊
သူ႕ကိုလာရိုင္းရင္ေတာ့ ျပန္ရိုင္းဖို႔ဝန္မေလးတတ္သူပါ၊
ဒါေၾကာင့္မို႔လည္း ႐ြာသားေတြနဲ႕ကင္းကင္းရွင္းရွင္းေနတာ၊
ၿပီးေတာ့ ေဒၚတင္ေထြးလိုအဘြားမ်ိဳးအျပင္မွာ
တကယ္ရွိပါတယ္၊လိုတာရရင္ ၿပဳံးၿပဳံး၊
မရတဲ့အခါမ်ားက် မဲ့တဲ့တဲ့"