ရှင်းမြတ်ဒီပါအသက် (၁၆)နှစ်မှာ
ချမ်းမြေ့က၉နှစ်ရှိပြီ။
ဆယ်တန်းကျောင်းသား ရှင်းမြတ်က
ကောလင်းကဘော်ဒါဆောင်မှာကျောင်းတက်နေရပြီမို့
အရင်လို ချမ်းမြေ့နဲ့သိပ်မတွေ့ရတော့။
နှစ်စမှာတော့ အခါကြီးရက်ကြီးတွေကျောင်းပိတ်လို့
ရွာပြန်လာရင်တောင် အိမ်တွင်းပုန်းလေး
ချမ်းမြေ့နဲ့မတွေ့ရပေ။
ချမ်းမြေ့နဲ့မတွေ့ရတဲ့နေ့ရက်တွေမှာ
ရှင်းမြတ်ဒီပါ တမှိုမှိုင်တတွေတွေနဲ့မို့
အမေကပင် ရည်စားပူမိနေတာလားဟူ၍
မကြာခဏစနောက်တတ်သည်။
အေဖကေတာ့ သူ့အကျင့်အတိုင်းဂရုမစိုက်သလို။
ထိုအချိန်တွေကတည်းက ချမ်းမြေ့အပေါ်
ရှင်းမြတ်ဒီပါရဲ့ချစ်ခင်တွယ်တာမှုတွေက
ညီအရင်းထက်ပင် သာလွန်ခဲ့သည်။
တီတီတာတာချွဲနွှဲ့တတ်တဲ့လင်းထက်ဒီပါထက်
အေးစက်တဲ့ချမ်းမြေ့က သူ့အတွက်ချစ်မဝလေးလို။
ကျောင်းပိတ်ရက်မို့ရွာပြန်လာတဲ့နေ့တွေမှာ
ရွာပြင်ကချမ်းမြေ့တို့အိမ်ဆီခိုးသွားဖို့
ရှင်းမြတ်ခဏခဏကြံစည်ခဲ့ပေမဲ့
အမေနဲ့အမြဲတိုးခဲ့၍ ချစ်မဝလေးကိုတွေ့ဖို့ရန်
ခွင့်မသာခဲ့ချေ။
အေမက ရှင်းမြတ် ချမ်းမြေ့နဲ့ခင်မင်တာကို
လုံးဝမကြိုက်။
မကောင်းတဲ့အကျင့်တွေကူးလိမ့်မယ်ဟု
အမြဲလိုလိုပြောတတ်သည်။
သားလိမ္မာလေးရှင်းမြတ်ဒီပါက ချမ်းမြေ့ကို
အမေကပြစ်တင်စကားဆိုရင် လုံးဝသေဘာမက်။
ဒါကြောင့်ပင် အမေ့ကိုတစ်ခါတလေပြန်ခံပြောမိ၏။
သေချာပေါက် ဆဲဆိုခံရတာပေါ့။
တစ်ခါ သီတင်းကျွတ်ပိတ်ရက်မို့
ရှင်းမြတ်ရွာပြန်ခဲ့သည်။
ဒီတစ်ခါတော့ ချစ်မဝလေးကို
မဖြစ်မနေသွားတွေ့ရမယ်ဟုလည်း သူတွေးထားသည်။
ရွာပြန်ရောက်သည့်နေ့မှာပင် သတင်းဆိုးကြားရသည်။
ချမ်းမြေ့အဖေ ပိုးထိလို့ဆုံးသွားပြီဆိုတဲ့သတင်းက
သူ့ရင်ကိုမီးမြိုက်သလို အရမ်းပူလောင်သည်။
သူ့အကြောင်းကိုအလုံးစုံသိတဲ့အမေက
နေ့တွင်းချင်းပင် ကောလင်းသို့မရမကပြန်ပို့၏။
သူအမေ့ခြေထောက်ဖက်ကာငိုယိုတောင်းပန်ခဲ့တောတောင်
အမေက မျက်နှာသာမပေးခဲ့ချေ။
ရှင်းမြတ်ဒီပါငိုသည်၊သူငိုပြီးရင်းငိုခဲ့သည်။
ခုချိန်ဆို သူ့ရဲ့ချစ်မဝလေးဘယ်လောက်တောင်
ငိုနေလိမ့်မလဲ။
ဒါမှမဟုတ် အသက်မဲ့နေတဲ့သူ့အဖေခန္ဓာကိုယ်ကိုပဲ
မျက်ရည်တစ်စက်မကျဘဲ မမှိတ်မသုန်ကြည့်နေလိမ့်မလား။
စပြီးဆုံတွေ့ကတည်းက ချမ်းမြေ့တစ်မျက်နှာကြည့်ခဲ့တဲ့
ရှင်းမြတ်ဒီပါက ချမ်းမြေ့အကြောင်းသိတယ်။
သူ့ရဲ့ကလေးလေးက ကျန်ခဲ့တဲ့သူ့မိသားစုအတွက်
ရှေ့ဆုံးကနေမားမားမတ်မတ်ရပ်တည်တော့မှာဆိုတာ။
ကျောင်းပြီးဆုံးအောင်မတက်တော့ဘဲ
သူ့အဖေရဲ့လုပ်ငန်းကို ဆက်လက်လုပ်ဆောင်မယ်ဆိုတာ။
ကျောင်းဆရာဖြစ်ချင်ပါတယ်ဆိုတဲ့သူ့ဝါသနာကို
စွန့်လွှတ်တော့မယ်ဆိုတာ။
ကျောင်းသားတစ်ယောက်ရဲ့ကုန်ကျစရိတ်က
ပိုက်ဆံရှိသူတွေအတွက်မဆိုစလောက်ဖြစ်ပေမဲ့
အိမ်ခေါင်မိုးမရှိတော့တဲ့ချမ်းမြေ့တို့အတွက်တော့
ကုန်ကျစရိတ်များလှပေ၏။
ပြီးတော့ ချမ်းမြေ့အထက်မှာအစ်မနှစ်ယောက်
ရှိပေသေးသည်။
ထိုနေ့မှာပဲ ရှင်းမြတ်ဒီပါကဆုံးဖြတ်ချက်ချလိုက်သည်။
သူ့ကလေးလေး ကျောင်းဆရာ မဖြစ်တော့ရောဘာဖြစ်လဲ။
သူကပဲသူ့ကလေးလေးအတွက်
အဖြူအစိမ်းယူနီဖောင်းကို ဝတ်ဆင်ပေးမယ်။
သူဆရာဝန်မဖြစ်ရတော့ရော ဘာဖြစ်လဲ။
(၇)နှစ်ဆိုတဲ့အချိန်ကများလွန်းတယ်မဟုတ်လား။
မြန်မြန်ကျောင်းပြီးပြီး ကလေးလေးအနားပြန်သွားရမယ်။
ရှင်းမြတ်က သူ့ဆုံးဖြတ်ချက်အတိုင်းပဲ
ဆယ်တန်းအမှတ်ကဆေးမှတ်မှီပါလျက် ပညာရေးတက္ကသိုလ်သာလျှောက်လွှာတင်ခဲ့သည်။
ထို့အတွက်လည်း သူ့အမေဆီကအပြစ်တင်မှုကို
နားနဲ့မဆန့်ကြားခဲ့ရသည်။
ဆိုပေမယ့်လည်း ကံကြမ္မာကရှင်းမြတ်ကို
မျက်နှာသာလုံးဝမပေး။
ပညာရေးဆုံးခန်းတိုင်လို့ အစိုးရကျောင်းဆရာ
ဝင်လျှောက်ခဲ့ရာ ကိုယ့်နယ်ဘက်ပြန်ကျခဲ့ပေမဲ့
ရွာနဲ့အလှမ်းဝေး၍ ရွာပြန်ခွင့်မသာ။
သူ့အသက်(31)နှစ်မှာပဲ အလယ်တန်းပြ
ကျောင်းဆရာအဖြစ် ကိုယ့်ရွာကိုယ်တာဝန်ကျတော့
ပျော်ရွှင်မှုက စကားလုံးတွေနဲ့ပင်ဖွင့်ဟပြလို့မရ။
ရှင်းမြတ်ဒီပါက ငချွတ်လေးမဟုတ်တော့။
ငယ်စဥ်ကတည်းက ချမ်းမြေ့အပေါ်ထားခဲ့တဲ့
သူ့ခံစားချက်တွေမရိုးသားမှန်း အစကတည်းက
ရိပ်မိခဲ့သည်။ကလေးအရွယ်လေးကိုချစ်မိလို့လည်း
သူ့ကိုယ်သူရွံရှာခဲ့ရတာ အကြိမ်ကြိမ်။
ရွာပြန်ရောက်လို့ ချမ်းမြေ့နဲ့အရင်လိုအဆင်ပြေချင်ပေမဲ့
ညီဖြစ်သူကြောင့်ဘယ်အရာမှအဆင်မပြေ။
ဘာပဲဖြစ်ဖြစ် တစ်ခုတော့ကောင်းပါတယ်လေ၊
ချမ်းမြေ့ရဲ့တဇွတ်ထိုးလုပ်ရပ်ကြောင့်
ခုဆိုရှင်းမြတ်ဒီပါက သူငယ်စဥ်ကတည်းက
ချစ်မြတ်နိုးခဲ့ရတဲ့ကလေးလေးရဲ့အိမ်သားဖြစ်နေပြီလေ။
ဟုတ်တယ်...ရှင်းမြတ်ဒီပါ ၁၆နှစ်ကတည်းက
ချမ်းမြေ့ကို ချစ်မြတ်နိုးခဲ့တာ။
မဟုတ်သေးဘူး...ထို့ထက်လည်းစောချင်စောလိမ့်မည်။
.....................................
''ဒီမှာ ခင်ဗျားအတွက်အဖြူအစိမ်းသုံးစုံ၊
ပိတ်စဝယ်ပြီးချုပ်ရင်အချိန်ကြာမှာစိုးလို့
ချုပ်ပြီးသားဝယ်လာခဲ့တာ"
မျက်စိရှေ့ချပြလာတဲ့အဝတ်သုံးစုံကိုကြည့်ကာ
ရှင်းမြတ်က ကြောင်တောင်တောင်နှင့်
''ဒါတွေဘယ်ကရတာလဲ"
''ရော် မဝယ်ဘဲနဲ့တော့မိုးပေါ်ကကျလာမလားဗျ၊
မနက်က ခင်ဗျားတို့ကိုကျောင်းပို့ပြီး
အစ်မနဲ့ကျွန်တော် ကောလင်းသွားဝယ်ထားတာ"
''ငါ့အတွက်နဲ့ဒုက္ခများရပြီ"
''ဒီမှာ ကိုရှင်းမြတ်ဒီပါ၊
ကျုပ်အိမ်သားကိုကျုပ်မှမဆင်ရင်
ဘယ်သူကလာဆင်မှာတုန်း"
မျက်နှာငယ်နှင့်ရှင်းမြတ်ကို
ချမ်းမြေ့က စေ့စေ့စိုက်ကြည့်ကာဆိုလာတော့
မျက်လွှာချရသူက ရှင်းမြတ်သာ။
''ခင်ဗျားကိုယ်ကသေးလို့
ကျုပ်ထက်နှစ်ဆိုဒ်သေးတာဝယ်ခဲ့တာ၊
တော်သလား တစ်စုံလောက်စမ်းဝတ်ကြည့်ပါအုံး"
''မင်းကိုယ်တိုင်ရွေးခဲ့တာပဲ၊
ကိုယ်နဲ့တော်မှာပါ"
''ပြီးတာပဲ"
ချမ်းမြေ့နဲ့ရှင်းမြတ်က အခုအိမ်ရှေ့ခန်းမှာ
စကားပြောနေကြတာဖြစ်ပြီး
ရွှင်လန်းကတော့ မီးဖိုချောင်ဝင်နေ၏။
ပျော်ရွှင်နဲ့ကြည်နူးကတော့ အနောက်ကကုန်းကို
ရေသွားလောင်းကာ
အမေကတော့ထုံးစံအတိုင်း ဝက်မကြီးကိုဗိုက်ပွတ်ပေးနေသည်။
တစ်ရက်နှစ်ရက်ဆို ဝက်မကြီးကသားပေါက်လေးတွေ
ကျတော့မှာ။
''ချမ်းမြေ့"
ရှင်းမြတ်အင်္ကျီတွေကို သူ့အဝတ်ခြင်းထဲ
ဂရုတစိုက်ထည့်နေတဲ့ချမ်းမြေ့က
သူ့နာမည်ခေါ်သံကြောင့် လှည့်ကြည့်လာသည်။
''အမေ နေမကောင်းဘူး"
''အဲ့တော့"
''ကိုယ် သွားကြည့်ချင်တယ်"
''သွားလေ၊ကျုပ်လိုက်ပို့မှာပေါ့"
.....................................
''တကယ်မလိုက်တော့ဘူးလား"
''မလိုက်တော့ဘူး၊ကျုပ်ကိုမြင်ရင်
ခင်ဗျားအမေအခြေအနေ ပိုးဆိုးသွားလိမ့်မယ်"
ရှင်းမြတ်တို့အိမ်နဲ့အနည်းငယ်အလှမ်းဝေးတဲ့
သရက်ပင်အောက်ရပ်ကာ စကားပြောနေကြခြင်း။
''တစ်ခုပဲမှတ်သွား"
''ဘာကိုလဲ"
''တော်တော်ကြာလို့မှခင်ဗျားပြန်ထွက်မလာသေးရင်
ကျုပ်လိုက်ခေါ်မှာနော်"
ပေစောင်းစောင်းနဲ့ပြောလာပုံက
အမြင်ကပ်ချင်စရာကောင်းပေမဲ့
ကိုယ်ချစ်ရတဲ့ ကလေးငယ်ဆိုတော့လည်း...
''အင်းပါ...ဒါဆိုကိုယ်သွားတော့မယ်"
သွားလေဟူ၍ချမ်းမြေ့ကမေးငေါ့ပြလာသည်။
ရှင်းမြတ်ကိုယ်လေးမြင်ကွင်းထဲမှ
ပျောက်ကွယ်သွားသည်အထိ ချမ်းမြေ့ငေးမောကြည့်ရင်း
ကျန်နေရစ်၏။
''အမေ...အဖေ အမေ့"
အသံပေးရင်း ရှင်းမြတ်အိမ်ထဲဝင်တော့
အဖေက အိမ်ပေါ်ထပ်ကနေငုံ့ကြည့်လာ၏။
ပြီးတော့ အိမ်တွင်းထဲတစ်ခုခုအော်ပြောလိုက်ပုံ။
တစ်ချိန်က ကိုယ်နေထိုင်ခဲ့တဲ့အိမ်ဆိုပေမဲ့
ခုချိန်မှာတော့ ရှင်းမြတ်နဲ့စိမ်းသက်နေသလို။
''သားကြီး...မေ့သားကြီး အမေ့ဆီပြန်လာတာလား"
အမေနဲ့အတူအဖေကပါ ရှင်းမြတ်အနားရောက်လာပေမဲ့
လင်းထက်ကိုတော့မမြင်။ကြည့်ရတာ
အပြင်သွားသည်ထင်ပ။
ရှင်းမြတ်လက်မောင်းကိုဆုပ်ကိုင်ကာ
ပျော်ရွှင်နေတဲ့အမေက လင်းထက်ပြောသလို
နေမကောင်းတဲ့အရိပ်အယောင် စိုးစဥ်းမျှမရှိ။
''အမေ နေမကောင်းဘူးဆို"
''အမေ့သားကြီးကလိမ္မာတာ အမေသိပြီးသား၊
ခုလည်း အိမ်အပြီးပြန်လာတာမလား"
ဒေါ်မြတ်ဌေးကသားကြီးရဲ့စကားကိုဆုံးအောင်
နားမထောင်ပါဘဲ သူမဖြစ်ချင်ရာကိုသာ
ဇွတ်ပြောလာ၏။ဦးဒီပါက ထုံးစံအတိုင်း
သူ့မိန်းမကိုသာ ဦးဆောင်စကားဆိုစေသည်။
''အမေနေမကောင်းဘူးဆိုလို့
ကျွန်တော်ခဏလာကြည့်တာအမေ"
''ခဏ.."
''ဟုတ်တယ် အမေ"
''သားကြီး"
သူမထင်သလိုမဟုတ်တော့ ဒေါ်မြတ်ဌေးက
မျက်နှာပျက်သွား၏။
''သားကြီး ဘာတွေပြောနေတာလဲ"
''အမေနေကောင်းတာမြင်တော့
ကျွန်တော်ဝမ်းသာပါတယ်၊
နောက်ကျ မကြာခဏအမေနဲ့အဖေ့ကို
လာလာတွေ့ပါ့မယ်"
''မင်းဘာတွေပြောနေတာလဲ ရှင်းမြတ်ဒီပါ"
''မိုးလည်းချုပ်တော့မှာဆိုတော့
ကျွန်တော်ပြန်တော့မယ် အမေ"
မျက်နှာပျက်နေတဲ့အမေ့ကိုကျောခိုင်းကာ
ရှင်းမြတ်ခြေလှမ်းတွေက ခြံပေါက်ဝဆီသို့။
''မင်းအခုနေမရပ်ရင် မင်းကငါ့သားမဟုတ်တော့ဘူး
ရှင်းမြတ်ဒီပါ"
အမေကငိုသံကြီးနှင့်လှမ်းအော်ပြောလာတော့
ရှင်းမြတ်လည်းရင်ထဲမကောင်း။
"ဒီခြံဝင်းထဲက မင်းထွက်သွားတာနဲ့
မင်းကိုငါ့ရင်ထဲကရော ငါ့ဘဝထဲကရော
ထုတ်ပစ်လိုက်တော့မှာ"
ပြောပြီးရင်း ကျူကျူပါအောင်ငိုနေတဲ့အမေ့ငိုသံက
ရှင်းမြတ်ဒီပါအတွက် ငရဲတမျှပူလောင်သည်။
ဆိုပေမဲ့ သူ့ခြေလှမ်းတွေကိုမရပ်တန့်မိ။
ဒီသားမိုက်ကိုခွင့်လွှတ်ပေးဖို့တော့
မတောင်းဆိုရဲပါဘူးအမေ။
...................................
တစ်လမ်းလုံး ကျောနောက်မှာငြိမ်သက်စွာပါလာတဲ့
လူကသူ့အိမ်ကပြန်လာကတည်းက
မျက်နှာမကောင်းတာ ချမ်းမြေ့သိတယ်။
သူစကားဆိုလိုက်မှ တစ်ဖက်လူပိုပြီးနာကျင်သွားမှာစိုးလို့
စကားစမပြောရဲ။
''မိဘမျက်ရည်ကျအောင်လုပ်တဲ့သားသမီးက
တစ်သက်လုံး စိတ်မချမ်းသာဘူးတဲ့၊
ငါတော့သေလွန်ရင် ငရဲသွားရမယ်ထင်တယ်"
''ကျုပ်လည်းကောင်းတဲ့လူမှမဟုတ်တာ၊
ငရဲကိုတူတူသွားကြတာပေါ့"
''ဟမ်...မင်းဘာပြောလိုက်တာ"
ချမ်းမြေ့အသံကတိုးဖွပြီး ဆိုင်ကယ်စက်သံကြောင့်
ရှင်းမြတ်သိပ်မကြားလိုက်ရ။သူပြန်မေးလိုက်ပေမဲ့
ချမ်းမြေ့က ပြန်ဖြေမလာတော့ပေ။
............................
(ရှင်းမြတ်ဒီပါကိုအားကျမိ၊
သူနဲ့အတူငရဲကိုအဖော်လိုက်မယ့်သူရှိလို့)
Zawgyi
ရွင္းျမတ္ဒီပါအသက္ (၁၆)ႏွစ္မွာ
ခ်မ္းေျမ့က၉ႏွစ္ရွိၿပီ။
ဆယ္တန္းေက်ာင္းသား ရွင္းျမတ္က
ေကာလင္းကေဘာ္ဒါေဆာင္မွာေက်ာင္းတက္ေနရၿပီမို႔
အရင္လို ခ်မ္းေျမ့နဲ႕သိပ္မေတြ႕ရေတာ့။
ႏွစ္စမွာေတာ့ အခါႀကီးရက္ႀကီးေတြေက်ာင္းပိတ္လို႔
႐ြာျပန္လာရင္ေတာင္ အိမ္တြင္းပုန္းေလး
ခ်မ္းေျမ့နဲ႕မေတြ႕ရေပ။
ခ်မ္းေျမ့နဲ႕မေတြ႕ရတဲ့ေန႕ရက္ေတြမွာ
ရွင္းျမတ္ဒီပါ တမွိုမွိုင္တေတြေတြနဲ႕မို႔
အေမကပင္ ရည္စားပူမိေနတာလားဟူ၍
မၾကာခဏစေနာက္တတ္သည္။
ေအဖေကတာ့ သူ႕အက်င့္အတိုင္းဂ႐ုမစိုက္သလို။
ထိုအခ်ိန္ေတြကတည္းက ခ်မ္းေျမ့အေပၚ
ရွင္းျမတ္ဒီပါရဲ႕ခ်စ္ခင္တြယ္တာမႈေတြက
ညီအရင္းထက္ပင္ သာလြန္ခဲ့သည္။
တီတီတာတာခြၽဲႏႊဲ႕တတ္တဲ့လင္းထက္ဒီပါထက္
ေအးစက္တဲ့ခ်မ္းေျမ့က သူ႕အတြက္ခ်စ္မဝေလးလို။
ေက်ာင္းပိတ္ရက္မို႔႐ြာျပန္လာတဲ့ေန႕ေတြမွာ
႐ြာျပင္ကခ်မ္းေျမ့တို႔အိမ္ဆီခိုးသြားဖို႔
ရွင္းျမတ္ခဏခဏႀကံစည္ခဲ့ေပမဲ့
အေမနဲ႕အၿမဲတိုးခဲ့၍ ခ်စ္မဝေလးကိုေတြ႕ဖို႔ရန္
ခြင့္မသာခဲ့ေခ်။
ေအမက ရွင္းျမတ္ ခ်မ္းေျမ့နဲ႕ခင္မင္တာကို
လုံးဝမႀကိဳက္။
မေကာင္းတဲ့အက်င့္ေတြကူးလိမ့္မယ္ဟု
အၿမဲလိုလိုေျပာတတ္သည္။
သားလိမၼာေလးရွင္းျမတ္ဒီပါက ခ်မ္းေျမ့ကို
အေမကျပစ္တင္စကားဆိုရင္ လုံးဝေသဘာမက္။
ဒါေၾကာင့္ပင္ အေမ့ကိုတစ္ခါတေလျပန္ခံေျပာမိ၏။
ေသခ်ာေပါက္ ဆဲဆိုခံရတာေပါ့။
တစ္ခါ သီတင္းကြၽတ္ပိတ္ရက္မို႔
ရွင္းျမတ္႐ြာျပန္ခဲ့သည္။
ဒီတစ္ခါေတာ့ ခ်စ္မဝေလးကို
မျဖစ္မေနသြားေတြ႕ရမယ္ဟုလည္း သူေတြးထားသည္။
႐ြာျပန္ေရာက္သည့္ေန႕မွာပင္ သတင္းဆိုးၾကားရသည္။
ခ်မ္းေျမ့အေဖ ပိုးထိလို႔ဆုံးသြားၿပီဆိုတဲ့သတင္းက
သူ႕ရင္ကိုမီးၿမိဳက္သလို အရမ္းပူေလာင္သည္။
သူ႕အေၾကာင္းကိုအလုံးစုံသိတဲ့အေမက
ေန႕တြင္းခ်င္းပင္ ေကာလင္းသို႔မရမကျပန္ပို႔၏။
သူအေမ့ေျခေထာက္ဖက္ကာငိုယိုေတာင္းပန္ခဲ့ေတာေတာင္
အေမက မ်က္ႏွာသာမေပးခဲ့ေခ်။
ရွင္းျမတ္ဒီပါငိုသည္၊သူငိုၿပီးရင္းငိုခဲ့သည္။
ခုခ်ိန္ဆို သူ႕ရဲ႕ခ်စ္မဝေလးဘယ္ေလာက္ေတာင္
ငိုေနလိမ့္မလဲ။
ဒါမွမဟုတ္ အသက္မဲ့ေနတဲ့သူ႕အေဖခႏၶာကိုယ္ကိုပဲ
မ်က္ရည္တစ္စက္မက်ဘဲ မမွိတ္မသုန္ၾကည့္ေနလိမ့္မလား။
စၿပီးဆုံေတြ႕ကတည္းက ခ်မ္းေျမ့တစ္မ်က္ႏွာၾကည့္ခဲ့တဲ့
ရွင္းျမတ္ဒီပါက ခ်မ္းေျမ့အေၾကာင္းသိတယ္။
သူ႕ရဲ႕ကေလးေလးက က်န္ခဲ့တဲ့သူ႕မိသားစုအတြက္
ေရွ႕ဆုံးကေနမားမားမတ္မတ္ရပ္တည္ေတာ့မွာဆိုတာ။
ေက်ာင္းၿပီးဆုံးေအာင္မတက္ေတာ့ဘဲ
သူ႕အေဖရဲ႕လုပ္ငန္းကို ဆက္လက္လုပ္ေဆာင္မယ္ဆိုတာ။
ေက်ာင္းဆရာျဖစ္ခ်င္ပါတယ္ဆိုတဲ့သူ႕ဝါသနာကို
စြန့္လႊတ္ေတာ့မယ္ဆိုတာ။
ေက်ာင္းသားတစ္ေယာက္ရဲ႕ကုန္က်စရိတ္က
ပိုက္ဆံရွိသူေတြအတြက္မဆိုစေလာက္ျဖစ္ေပမဲ့
အိမ္ေခါင္မိုးမရွိေတာ့တဲ့ခ်မ္းေျမ့တို႔အတြက္ေတာ့
ကုန္က်စရိတ္မ်ားလွေပ၏။
ၿပီးေတာ့ ခ်မ္းေျမ့အထက္မွာအစ္မႏွစ္ေယာက္
ရွိေပေသးသည္။
ထိုေန႕မွာပဲ ရွင္းျမတ္ဒီပါကဆုံးျဖတ္ခ်က္ခ်လိဳက္သည္။
သူ႕ကေလးေလး ေက်ာင္းဆရာ မျဖစ္ေတာ့ေရာဘာျဖစ္လဲ။
သူကပဲသူ႕ကေလးေလးအတြက္
အျဖဴအစိမ္းယူနီေဖာင္းကို ဝတ္ဆင္ေပးမယ္။
သူဆရာဝန္မျဖစ္ရေတာ့ေရာ ဘာျဖစ္လဲ။
(၇)ႏွစ္ဆိုတဲ့အခ်ိန္ကမ်ားလြန္းတယ္မဟုတ္လား။
ျမန္ျမန္ေက်ာင္းၿပီးၿပီး ကေလးေလးအနားျပန္သြားရမယ္။
ရွင္းျမတ္က သူ႕ဆုံးျဖတ္ခ်က္အတိုင္းပဲ
ဆယ္တန္းအမွတ္ကေဆးမွတ္မွီပါလ်က္ ပညာေရးတကၠသိုလ္သာေလွ်ာက္လႊာတင္ခဲ့သည္။
ထို႔အတြက္လည္း သူ႕အေမဆီကအျပစ္တင္မႈကို
နားနဲ႕မဆန့္ၾကားခဲ့ရသည္။
ဆိုေပမယ့္လည္း ကံၾကမၼာကရွင္းျမတ္ကို
မ်က္ႏွာသာလုံးဝမေပး။
ပညာေရးဆုံးခန္းတိုင္လို႔ အစိုးရေက်ာင္းဆရာ
ဝင္ေလွ်ာက္ခဲ့ရာ ကိုယ့္နယ္ဘက္ျပန္က်ခဲ့ေပမဲ့
႐ြာနဲ႕အလွမ္းေဝး၍ ႐ြာျပန္ခြင့္မသာ။
သူ႕အသက္(31)ႏွစ္မွာပဲ အလယ္တန္းျပ
ေက်ာင္းဆရာအျဖစ္ ကိုယ့္႐ြာကိုယ္တာဝန္က်ေတာ့
ေပ်ာ္႐ႊင္မႈက စကားလုံးေတြနဲ႕ပင္ဖြင့္ဟျပလို႔မရ။
ရွင္းျမတ္ဒီပါက ငခြၽတ္ေလးမဟုတ္ေတာ့။
ငယ္စဥ္ကတည္းက ခ်မ္းေျမ့အေပၚထားခဲ့တဲ့
သူ႕ခံစားခ်က္ေတြမရိုးသားမွန္း အစကတည္းက
ရိပ္မိခဲ့သည္။ကေလးအ႐ြယ္ေလးကိုခ်စ္မိလို႔လည္း
သူ႕ကိုယ္သူ႐ြံရွာခဲ့ရတာ အႀကိမ္ႀကိမ္။
႐ြာျပန္ေရာက္လို႔ ခ်မ္းေျမ့နဲ႕အရင္လိုအဆင္ေျပခ်င္ေပမဲ့
ညီျဖစ္သူေၾကာင့္ဘယ္အရာမွအဆင္မေျပ။
ဘာပဲျဖစ္ျဖစ္ တစ္ခုေတာ့ေကာင္းပါတယ္ေလ၊
ခ်မ္းေျမ့ရဲ႕တဇြတ္ထိုးလုပ္ရပ္ေၾကာင့္
ခုဆိုရွင္းျမတ္ဒီပါက သူငယ္စဥ္ကတည္းက
ခ်စ္ျမတ္နိုးခဲ့ရတဲ့ကေလးေလးရဲ႕အိမ္သားျဖစ္ေနၿပီေလ။
ဟုတ္တယ္...ရွင္းျမတ္ဒီပါ ၁၆ႏွစ္ကတည္းက
ခ်မ္းေျမ့ကို ခ်စ္ျမတ္နိုးခဲ့တာ။
မဟုတ္ေသးဘူး...ထို႔ထက္လည္းေစာခ်င္ေစာလိမ့္မည္။
.....................................
''ဒီမွာ ခင္ဗ်ားအတြက္အျဖဴအစိမ္းသုံးစုံ၊
ပိတ္စဝယ္ၿပီးခ်ဳပ္ရင္အခ်ိန္ၾကာမွာစိုးလို႔
ခ်ဳပ္ၿပီးသားဝယ္လာခဲ့တာ"
မ်က္စိေရွ႕ခ်ျပလာတဲ့အဝတ္သုံးစုံကိုၾကည့္ကာ
ရွင္းျမတ္က ေၾကာင္ေတာင္ေတာင္ႏွင့္
''ဒါေတြဘယ္ကရတာလဲ"
''ေရာ္ မဝယ္ဘဲနဲ႕ေတာ့မိုးေပၚကက်လာမလားဗ်၊
မနက္က ခင္ဗ်ားတို႔ကိုေက်ာင္းပို႔ၿပီး
အစ္မနဲ႕ကြၽန္ေတာ္ ေကာလင္းသြားဝယ္ထားတာ"
''ငါ့အတြက္နဲ႕ဒုကၡမ်ားရၿပီ"
''ဒီမွာ ကိုရွင္းျမတ္ဒီပါ၊
က်ဳပ္အိမ္သားကိုက်ဳပ္မွမဆင္ရင္
ဘယ္သူကလာဆင္မွာတုန္း"
မ်က္ႏွာငယ္ႏွင့္ရွင္းျမတ္ကို
ခ်မ္းေျမ့က ေစ့ေစ့စိုက္ၾကည့္ကာဆိုလာေတာ့
မ်က္လႊာခ်ရသူက ရွင္းျမတ္သာ။
''ခင္ဗ်ားကိုယ္ကေသးလို႔
က်ဳပ္ထက္ႏွစ္ဆိုဒ္ေသးတာဝယ္ခဲ့တာ၊
ေတာ္သလား တစ္စုံေလာက္စမ္းဝတ္ၾကည့္ပါအုံး"
''မင္းကိုယ္တိုင္ေ႐ြးခဲ့တာပဲ၊
ကိုယ္နဲ႕ေတာ္မွာပါ"
''ၿပီးတာပဲ"
ခ်မ္းေျမ့နဲ႕ရွင္းျမတ္က အခုအိမ္ေရွ႕ခန္းမွာ
စကားေျပာေနၾကတာျဖစ္ၿပီး
႐ႊင္လန္းကေတာ့ မီးဖိုေခ်ာင္ဝင္ေန၏။
ေပ်ာ္႐ႊင္နဲ႕ၾကည္ႏူးကေတာ့ အေနာက္ကကုန္းကို
ေရသြားေလာင္းကာ
အေမကေတာ့ထုံးစံအတိုင္း ဝက္မႀကီးကိုဗိုက္ပြတ္ေပးေနသည္။
တစ္ရက္ႏွစ္ရက္ဆို ဝက္မႀကီးကသားေပါက္ေလးေတြ
က်ေတာ့မွာ။
''ခ်မ္းေျမ့"
ရွင္းျမတ္အကၤ်ီေတြကို သူ႕အဝတ္ျခင္းထဲ
ဂ႐ုတစိုက္ထည့္ေနတဲ့ခ်မ္းေျမ့က
သူ႕နာမည္ေခၚသံေၾကာင့္ လွည့္ၾကည့္လာသည္။
''အေမ ေနမေကာင္းဘူး"
''အဲ့ေတာ့"
''ကိုယ္ သြားၾကည့္ခ်င္တယ္"
''သြားေလ၊က်ဳပ္လိုက္ပို႔မွာေပါ့"
.....................................
''တကယ္မလိုက္ေတာ့ဘူးလား"
''မလိုက္ေတာ့ဘူး၊က်ဳပ္ကိုျမင္ရင္
ခင္ဗ်ားအေမအေျခအေန ပိုးဆိုးသြားလိမ့္မယ္"
ရွင္းျမတ္တို႔အိမ္နဲ႕အနည္းငယ္အလွမ္းေဝးတဲ့
သရက္ပင္ေအာက္ရပ္ကာ စကားေျပာေနၾကျခင္း။
''တစ္ခုပဲမွတ္သြား"
''ဘာကိုလဲ"
''ေတာ္ေတာ္ၾကာလို႔မွခင္ဗ်ားျပန္ထြက္မလာေသးရင္
က်ဳပ္လိုက္ေခၚမွာေနာ္"
ေပေစာင္းေစာင္းနဲ႕ေျပာလာပုံက
အျမင္ကပ္ခ်င္စရာေကာင္းေပမဲ့
ကိုယ္ခ်စ္ရတဲ့ ကေလးငယ္ဆိုေတာ့လည္း...
''အင္းပါ...ဒါဆိုကိုယ္သြားေတာ့မယ္"
သြားေလဟူ၍ခ်မ္းေျမ့ကေမးေငါ့ျပလာသည္။
ရွင္းျမတ္ကိုယ္ေလးျမင္ကြင္းထဲမွ
ေပ်ာက္ကြယ္သြားသည္အထိ ခ်မ္းေျမ့ေငးေမာၾကည့္ရင္း
က်န္ေနရစ္၏။
''အေမ...အေဖ အေမ့"
အသံေပးရင္း ရွင္းျမတ္အိမ္ထဲဝင္ေတာ့
အေဖက အိမ္ေပၚထပ္ကေနငုံ႕ၾကည့္လာ၏။
ၿပီးေတာ့ အိမ္တြင္းထဲတစ္ခုခုေအာ္ေျပာလိုက္ပုံ။
တစ္ခ်ိန္က ကိုယ္ေနထိုင္ခဲ့တဲ့အိမ္ဆိုေပမဲ့
ခုခ်ိန္မွာေတာ့ ရွင္းျမတ္နဲ႕စိမ္းသက္ေနသလို။
''သားႀကီး...ေမ့သားႀကီး အေမ့ဆီျပန္လာတာလား"
အေမနဲ႕အတူအေဖကပါ ရွင္းျမတ္အနားေရာက္လာေပမဲ့
လင္းထက္ကိုေတာ့မျမင္။ၾကည့္ရတာ
အျပင္သြားသည္ထင္ပ။
ရွင္းျမတ္လက္ေမာင္းကိုဆုပ္ကိုင္ကာ
ေပ်ာ္႐ႊင္ေနတဲ့အေမက လင္းထက္ေျပာသလို
ေနမေကာင္းတဲ့အရိပ္အေယာင္ စိုးစဥ္းမွ်မရွိ။
''အေမ ေနမေကာင္းဘူးဆို"
''အေမ့သားႀကီးကလိမၼာတာ အေမသိၿပီးသား၊
ခုလည္း အိမ္အၿပီးျပန္လာတာမလား"
ေဒၚျမတ္ေဌးကသားႀကီးရဲ႕စကားကိုဆုံးေအာင္
နားမေထာင္ပါဘဲ သူမျဖစ္ခ်င္ရာကိုသာ
ဇြတ္ေျပာလာ၏။ဦးဒီပါက ထုံးစံအတိုင္း
သူ႕မိန္းမကိုသာ ဦးေဆာင္စကားဆိုေစသည္။
''အေမေနမေကာင္းဘူးဆိုလို႔
ကြၽန္ေတာ္ခဏလာၾကည့္တာအေမ"
''ခဏ.."
''ဟုတ္တယ္ အေမ"
''သားႀကီး"
သူမထင္သလိုမဟုတ္ေတာ့ ေဒၚျမတ္ေဌးက
မ်က္ႏွာပ်က္သြား၏။
''သားႀကီး ဘာေတြေျပာေနတာလဲ"
''အေမေနေကာင္းတာျမင္ေတာ့
ကြၽန္ေတာ္ဝမ္းသာပါတယ္၊
ေနာက္က် မၾကာခဏအေမနဲ႕အေဖ့ကို
လာလာေတြ႕ပါ့မယ္"
''မင္းဘာေတြေျပာေနတာလဲ ရွင္းျမတ္ဒီပါ"
''မိုးလည္းခ်ဳပ္ေတာ့မွာဆိုေတာ့
ကြၽန္ေတာ္ျပန္ေတာ့မယ္ အေမ"
မ်က္ႏွာပ်က္ေနတဲ့အေမ့ကိုေက်ာခိုင္းကာ
ရွင္းျမတ္ေျခလွမ္းေတြက ၿခံေပါက္ဝဆီသို႔။
''မင္းအခုေနမရပ္ရင္ မင္းကငါ့သားမဟုတ္ေတာ့ဘူး
ရွင္းျမတ္ဒီပါ"
အေမကငိုသံႀကီးႏွင့္လွမ္းေအာ္ေျပာလာေတာ့
ရွင္းျမတ္လည္းရင္ထဲမေကာင္း။
"ဒီၿခံဝင္းထဲက မင္းထြက္သြားတာနဲ႕
မင္းကိုငါ့ရင္ထဲကေရာ ငါ့ဘဝထဲကေရာ
ထုတ္ပစ္လိုက္ေတာ့မွာ"
ေျပာၿပီးရင္း က်ဴက်ဴပါေအာင္ငိုေနတဲ့အေမ့ငိုသံက
ရွင္းျမတ္ဒီပါအတြက္ ငရဲတမွ်ပူေလာင္သည္။
ဆိုေပမဲ့ သူ႕ေျခလွမ္းေတြကိုမရပ္တန့္မိ။
ဒီသားမိုက္ကိုခြင့္လႊတ္ေပးဖို႔ေတာ့
မေတာင္းဆိုရဲပါဘူးအေမ။
...................................
တစ္လမ္းလုံး ေက်ာေနာက္မွာၿငိမ္သက္စြာပါလာတဲ့
လူကသူ႕အိမ္ကျပန္လာကတည္းက
မ်က္ႏွာမေကာင္းတာ ခ်မ္းေျမ့သိတယ္။
သူစကားဆိုလိုက္မွ တစ္ဖက္လူပိုၿပီးနာက်င္သြားမွာစိုးလို႔
စကားစမေျပာရဲ။
''မိဘမ်က္ရည္က်ေအာင္လုပ္တဲ့သားသမီးက
တစ္သက္လုံး စိတ္မခ်မ္းသာဘူးတဲ့၊
ငါေတာ့ေသလြန္ရင္ ငရဲသြားရမယ္ထင္တယ္"
''က်ဳပ္လည္းေကာင္းတဲ့လူမွမဟုတ္တာ၊
ငရဲကိုတူတူသြားၾကတာေပါ့"
''ဟမ္...မင္းဘာေျပာလိုက္တာ"
ခ်မ္းေျမ့အသံကတိုးဖြၿပီး ဆိုင္ကယ္စက္သံေၾကာင့္
ရွင္းျမတ္သိပ္မၾကားလိုက္ရ။သူျပန္ေမးလိုက္ေပမဲ့
ခ်မ္းေျမ့က ျပန္ေျဖမလာေတာ့ေပ။
............................
(ရွင္းျမတ္ဒီပါကိုအားက်မိ၊
သူနဲ႕အတူငရဲကိုအေဖာ္လိုက္မယ့္သူရွိလို႔)