ချစ်ရည်းစားထားချင်တယ်(Complet...

By nyonyocool

42.6K 3K 133

ရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ် More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
17
18
19
20
21
22
23
24

15

1.4K 117 5
By nyonyocool

"မင်းတို့နှစ်ယောက်နော် ငါမပြောချင်တော့ဘူး... လွန်လွန်းတယ်..... ငါကတော့ မင်းကို ဆိုးတူကောင်းဖက် သူငယ်ချင်းဖြစ်နေပြီလို့ထင်ထားတာ...
ပြီးတော့ ဟိုတစ်ယောက်! ငါ့ကို သူများရှေ့ရောက်ရင် ညီအစ်ကိုလို့မပြောနဲ့! "
ကျိုးချန်က ရှောင်းကျန့်နဲ့ဝမ်ရိပေါ်ကို စိတ်တိုတိုနဲ့ ပြောဆိုလိုက်တယ်။ နေ့လည်စာစားဖို့ အပြင်ဆိုင်ကိုထွက်သွားတာ သူ့ကိုကျမေ့ထားခဲ့တယ်။

ဝမ်ရိပေါ်ကလည်း ချက်ချင်းခွန့်တုန့်ပြန်တယ်။
"မပြောပါဘူး! ဟွန့်!"

ရှောင်းကျန့်ကတော့ သူလွန်သွားမှန်းသိတယ်။ ဒါကြောင့်...
"အေးပါကွာ ငါတောင်းပန်ပါတယ်။ မင်းက ထမင်းစားလို့ကုန်ခါနီးပြီဆိုတော့... ငါလည်းမခေါ်မိတာပါကွာ... မင်းကြိုက်တဲ့ ပီဇာဝယ်လာပေးတယ်လေနော်..."

"အေးပါ... ပီဇာကြောင့်ခွင့်လွတ်လိုက်မယ်"

ဝမ်ရိပေါ်က ခနဲ့တဲ့တဲ့နဲ့ ...
"ကော်ဖီပါ အဆစ်ပါတယ်နော်!"

"ကဲ, ရိပေါ်...   လာ, အလုပ်ပြန်လုပ်ကြရအောင်"
ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့ ကျိုးချန်ရဲ့ ရုံးခန်းကထွက်လာလိုက်ကြတယ်။

ရှောင်းကျန့်မှာ ကျိုးချန်ကိုမေ့ပြီး ဝမ်ရိပေါ်နဲ့အတူ ထွက်သွားမိတာ စားသောက်ဆိုင်ရောက်မှ သတိရတယ်။ ဝမ်ရိပေါ်နဲ့ပတ်သက်လာရင် ရှောင်းကျန့်က ဘေးလူတွေကို ဂရုမစိုက်တတ်သလိုဖြစ်နေပြီ။ ဒါ့ကြောင့် ကျိုးချန်စိတ်ဆိုးနေမှာသိလို့ သူကြိုက်တဲ့ ပီဇာဝယ်လာပေးပြီး ချော့လိုက်ရတယ်။

ကျိုးချန်က သူ့ရုံးခန်းထဲက ထွက်သွားသူနှစ်ယောက်ရဲ့ ကျောပြင်တွေကိုကြည့်ရင်း ကြိတ်ပြုံးလေးပြုံးရင်း...
*မင်းတို့ခေါ်လည်း ငါ့မှာ လိုက်ဖို့အချိန်မရှိဘူး။ အဟက်! ဘာပဲ​ဖြစ်ဖြစ် ပီဇာကအမြတ်ပဲ*
ကျိုးချန်က ပီဇာဘူးကိုဖွင့်ကြည့်လိုက်ပြီး မျက်နှာမှာ ကျေနပ်တဲ့ အပြုံးကြီးဖြစ်ပေါ်သွားတယ်။ ပြီးတော့အားပါးတရ ယူစားလိုက်တယ်။

*ကောင်းလိုက်တာ....*

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် ကျိုးချန်ဆီကပြန်ထွက်လာတော့ လိချင်နဲ့တွေ့တယ်။
"ရှောင်း... ငါ့ကို ဥက္ကဋ္ဌသားလေးနဲ့ မိတ်ဆက်မပေးတော့ဘူးလား?"
လိချင်က ကြည်လင်တဲ့အပြုံးလေးနဲ့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီးပြောလာတယ်။

ရှောင်းကျန့်က မိတ်ဆက်ပေးရန် ပါးစပ်ဟမယ်ကြံတုန်း ဝမ်ရိပေါ်ရဲ့ အေးစက်တဲ့လေသံ ထွက်ပေါ်လာတယ်။
"ဝမ်ရိပေါ်ပါ"

လိချင်က ဝမ်ရိပေါ်ရဲ့ ရန်လိုနေတဲ့အကြည့်ကြောင့် တွန့်ဆုတ်သွားမိရတယ်။ ဒါပေမယ့် ဥက္ကဋ္ဌရဲ့သားဆိုတော့ ယဉ်ကျေးစွာပဲမိတ်ဆက်လိုက်တယ်။
"အမ်? အင်း... အစ်မက လိချင်ပါ။ Marketing နဲ့ PR ပိုင်းကိုတာဝန်ယူထားတာပါ။ မောင်လေးလာလေ့လာမယ်ဆိုရင် အစ်မကသင်ပြပေးဖို့အသင့်ပဲနော်..."

"မလိုပါဘူး။ ကျနော်က အဲ့အပိုင်းစိတ်မဝင်စားဘူး"
ဝမ်ရိပေါ်က ဘုဆက်ဆက်ပြန်ဖြေလိုက်ပြီး ရှောင်းကျန့်လက်ကိုဆွဲလို့ လိချင်ကိုရှောင်ထွက်လိုက်တယ်။
"အစ်ကိုရှောင်းကျန့်~~ ရိပေါ်နားမလည်တာလေးတွေရှိသေးတယ်~~ ရှင်းပြပေးဦး~"

လိချင်; *ငါ ဘာအမှားလုပ်မိလို့လဲ????*

ရှောင်းကျန့်က ဝမ်ရိပေါ် ဆွဲခေါ်ရာပါသွားရင်း လိချင်ကို အားနာပြုံးလေးလှည့်ပြုံးပြလိုက်ရတယ်။ သူမက စီနီယာအစ်မတစ်ယောက်လေ။

"ရှောင်း~~ ရှောင်း~~ အဟက် တော်တော်လေးနားထောင်လို့ကောင်းလား?"
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ အလုပ်စားပွဲရောက်တာနဲ့ ရွဲ့တဲ့တဲ့ပြောလိုက်တယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ရှာလကာရည်သောက်နေမှုကြီးကိုကြည့်ပြီး ရယ်​ချင်​သွားရ​တယ်။
"သဝန်တိုတယ်ပေါ့!"

ရှောင်းကျန့်က ပြုံးစစနဲ့မေးလိုက်တော့ ဝမ်ရိပေါ်က  နှုတ်ခမ်းကြီးမဲ့ပြပြီး
"ဘာလဲ? တိုလို့မရဘူးလား"

ရှောင်းကျန့်က ပြုံးပြုံးလေးပဲ
"ရတာပေါ့~ ဝမ်ဝမ်က ကိုယ့်ရဲ့ ရည်းစားလေးပဲ~ သဝန်တိုပိုင်ခွင့်ရှိတယ်~ ဒါပေမယ့် လိချင်က ကိုယ့်ရဲ့စီနီယာ... ပြီးတော့ သူ့(မ)မှာလည်း ပိုင်ရှင်ရှိတယ်"

ဒီတော့မှ ဝမ်ရိပေါ်က မျက်ခုံးလေးပင့်  မျက်လုံးလေးပြူးသွားပြီး...
"အိုး! ဒါဆို တော်သေးတာပေါ့"

×××

တနင်္ဂနွေ​နေ့တစ်ရက်​မှာ
ရှောင်းကျန့်က ရုံးမှာမပြီးပြတ်တဲ့ စာရင်းတွေကိုစစ်နေတယ်။ ဝမ်ရိပေါ်ကတော့ ဖုန်စုပ်စက်နဲ့ ကြမ်းခင်းတွေကိုသန့်ရှင်းရေးလုပ်နေတယ်။

"ဝမ်ရိပေါ်တို့များ အခုကျတော့ အပိုးကျိုးလို့ပါလား!!!"
ကျိုးချန်က ရေချိုးပြီးလို့ ခေါင်းကိုသုတ်နေရင်း ဝမ်ရိပေါ်ကိုကြည့်ပြီး လှမ်းအော်ပြောလိုက်တယ်။

ဝမ်ရိပေါ်က ဖုန်စုပ်စက်နဲ့ အလုပ်ရှုပ်နေရင်း ကျိုးချန်ကို လှည့်ကြည့်လိုက်ပြီး ရန်တွေ့လိုက်တယ်...
"ဘာပြောတာလဲ! ရိပေါ်က အစကတည်းက လိမ္မာပြီးသား!"

ရှောင်းကျန့်ကလည်း ထောက်ခံပေးလိုက်တယ်။
"ဟုတ်သားပဲ ကျိုးချန်ရာ--- ရိပေါ်က လိမ္မာပြီးသားပါ"

ကျိုးချန်က အတိုင်အဖောက်ညီနေတဲ့နှစ်ယောက်ကို မဲရွဲ့ပြရင်း...
"ဟုတ်ပါပြီ။ ငါပဲမှားတာပါ။ ငါတော့ ရေချိုးပြီးပြီ။ မင်းတို့​နှစ်ယောက်လည်း ရေချိုးတော့! နောက်ကျရင် မှောင်သွားမယ်"

"အင်း ငါလည်း အလုပ်ပြီးပါပြီ။ ရိပေါ်လည်း ရေချိုး၊ အဝတ်အစားလဲတော့"
ရှောင်းကျန့်က ပြောလည်းပြော ထိုင်နေရာမှထပြီး သူ့အခန်းထဲဝင်သွားလိုက်တယ်။

"ဟုတ်"
ဝမ်ရိပေါ်က ရှောင်းကျန့်စကားတစ်ခွန်းပါပဲ။ ဖုန်စုပ်စက်ကို နေရာတကျသိမ်းဆည်းပြီးတာနဲ့ သူ့အခန်းထဲဝင်သွားတော့တယ်။

ကျိုးချန်က ဝမ်ရိပေါ်ကိုကြည့်ပြီး ခေါင်းလေးခါရင်း သူ့အခန်းထဲပြန်ဝင်သွားတယ်။ သူသာရှောင်းကျန့်လို ပြောကြည့်ပါလား နားထောင်ဖို့နေနေသာသာ ချက်ချင်းပဲ ကန့်လန့်တိုက်လာလိမ့်မယ်။

ရှောင်းကျန့်နဲ့ ကျိုးချန်တို့က အပြင်သွားဖို့ အဆင်သင့်ဖြစ်နေပြီ။ ဝမ်ရိပေါ်က ထွက်မလာသေး။ ကျိုးချန်​လည်း စိတ်မရှည်တော့ဘူး။
"ရိပေါ်ရေ!!!!! ထွက်မလာသေးဘူးလား?!!!!!"

"ငါ.. သွားကြည့်လိုက်မယ်။ ဒီကလေး ဘာလို့ကြာနေပါလိမ့်?"
ရှောင်းကျန့်က ကျိုးချန်ကိုပြောပြီး ဝမ်ရိပေါ်အခန်းထဲဝင်လိုက်တာနဲ့ ကုတင်​ပေါ်မှာ အဝတ်တွေအပုံလိုက် ပွထနေတာတွေ့လိုက်ရတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ဝင်လာတာမြင်တော့ စိတ်ညစ်တဲ့ပုံစံလေးနဲ့ စူပုပ်ပုပ်လေး ပြောလာတယ်။ 
"ကိုကို~ ဘာဝတ်ရမှန်းမသိတော့ဘူး~"

ရှောင်းကျန့်က အဝတ်ပုံတွေထဲက အနက်ရောင်ခေါင်းစွပ် စွယ်တာလေးယူလိုက်ပြီး...
"ဒါဝတ်လိုက်။ ကိုယ်နဲ့ ဆင်တူဖြစ်သွားအောင်"

ဝမ်ရိပေါ်က ရှောင်းကျန့်ဝတ်ထားတာ ကြည့်လိုက်ပြီး ပြုံးသွားကာ
"ဒါဆို couple ဖြစ်သွားပြီပေါ့! ဟီး..."

"အင်း"
ရှောင်းကျန့်က သွားလေး​တွေပေါ်​တဲ့အထိ ချစ်စရာ​ကောင်း​စွာ ရယ်ပြလာတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး အူထဲအသည်းထဲက ယားယံလာကာ စိတ်မထိန်းနိုင်စွာနဲ့ ဝမ်ရိပေါ်ရဲ့ ပါးဖောင်းလေးတွေကို ငုံနမ်းလိုက်တယ်။
"ရွှတ်! ရွှတ်!"

ရှောင်းကျန့်ရဲ့ ရုတ်တရက်ဆန်မှုကြောင့် ဝမ်ရိပေါ်မှာ တောင့်တောင့်လေးဖြစ်သွားရတယ်။ ရှောင်းကျန့်က လစ်ရင်လစ်သလို ဒီလိုမျိုးတွေလုပ်တတ်ပါသေးတယ်။

ဒီဇင်ဘာလမှာ New York City  က နှင်းတွေကြားမှာ အေးစက်နေေပမယ့် Sunday ဖြစ်တာကြောင့် လမ်းပေါ်မှာ လူအများ ပျား​ပန်းခက်​မျှ သွားလာနေကြတယ်။ ဝမ်ရိပေါ်က ရေခဲပြင်စကိတ်စီးတယ်လို့ ပူဆာတာကြောင့် သူတို့တွေ ဒီနေ့ အပြင်ထွက်ကြမှာဖြစ်တယ်။

ရေခဲပြင် စကိတ်ကွင်းတွေက New York City မှာ ခြောက်ခုလောက် ရှိပေမယ့် သူတို့တွေက New York City  မှာ အကြီးဆုံးဖြစ်တဲ့ Central Park ကိုလည်းလာရင်း Wollman Rink မှာစကိတ်စီးကြမယ်ပေါ့။ သူတို့တွေ Premier Pass Tickets ကို Website ကနေကြိုတင်ဝယ်ယူပြီးသား။

ဝမ်ရိပေါ်က တရုတ်မှာကတည်းက စကိတ်စီးတတ်ပြီးသား။ ကျိုးချန်ကတော့ US ရောက်မှသင်တာဖြစ်တယ်။ ရှောင်းကျန့်ကတော့ မစီးတတ်သေးဘူးပေါ့။ ဝမ်ရိပေါ်က ရှောင်း​ကျန့်​ကို သူသင်ပေးမယ်ဆိုပြီး အာမခံထားလေရဲ့။

Central Park ကကျယ်လွန်းတဲ့အတွက် သူတို့သုံးယောက် စက်ဘီးငှားပြီးပတ်ကြတယ်။ ဒီရာသီမှာတော့ ဘယ်နေရာကြည့်ကြည့် နှင်းတွေဖုံးလွှမ်းနေတယ်။ ရှောင်းကျန့်က စက်ဘီးမစီးတတ်တော့ ကျိုးချန်ကတင်နင်းမယ်လုပ်ပေမယ့် ဝမ်ရိပေါ်ကပဲ ခေါ်ဆောင်သွားလိုက်တယ်။ ဒါကဖြစ်သင့်တယ်မလား...။

ကျိုးချန်; *ငါတောင် သက်သာသေး... ဟမ့်!"

ဝမ်ရိပေါ်က ကျိုးချန်ရဲ့ စက်ဘီးကို ရှေ့ကသွားစေလိုက်ပြီး သူတို့ကနောက်ကလိုက်တယ်။ ရှောင်းကျန့်က နောက်ခုံမှာထိုင်ရင်း ဝမ်ရိပေါ်ရဲ့ ခါးသိမ်သိမ်လေးကို အားပါးတရဖက်ထားတယ်။ ဝမ်ရိပေါ်ရဲ့ မျက်နှာလေးက အေး​လို့လား ရှက်လို့လား ရဲရဲနီစွေးနေတယ်။

ညနေစောင်းခါနီးမှ စကိတ်ကွင်းကို ဝင်ကြတယ်။ နားနေဆောင်မှာ ခေတ္တအနားယူရင်း ကိုကိုးပူပူလေးနဲ့ အဆာပြေမုန့်စားကြတယ်။ ခန္ဓာကိုယ်နွေးထွေးသွားပြီးနောက် စကိတ်ပစ္စည်းတွေငှားပြီး ကွင်းထဲဆင်းခဲ့ကြတယ်။

ကွင်းထဲရောက်တော့ ဝမ်ရိပေါ်က ကျိုးချန်ကို ရှောင်းကျန့်နဲ့ အမှတ်တရဓါတ်ပုံ ရိုက်ခိုင်းတယ်။

ကျိုးချန်က သူတို့နှစ်ယောက်ကိုရိုက်ပေးပြီး သူပါရိုက်မယ်ပြင်တော့ ဝမ်ရိပေါ်က သူ့ဖုန်းကိုပြန်ယူပြီး မသိချင်ယောင်ဆောင်ကာ ရှောင်းကျန့်ကို စကိတ်တပ်ဆင်ပေးနေလိုက်တယ်။

ကျိုးချန်; "       "

ကျိုးချန်လည်းစိတ်ပေါက်သွားပြီး စကိတ်တပ်ဆင်ပြီးတာနဲ့ ကွင်းထဲပတ်စီးနေလိုက်တော့တယ်။ ဝမ်ရိပေါ်ကတော့ ရှောင်းကျန့်ကို အဆင့်ဆင့်သင်ပြပေးနေရတာနဲ့ အလုပ်ရှုပ်နေလေရဲ့။ အချိန်တော်တော်ကြာမှ ဝမ်ရိပေါ်ကရှောင်းကျန့်ကို လက်လွှတ်ပေးလိုက်တယ်။

ညနေစောင်းလေ လူတွေများလေမို့ ဝမ်ရိပေါ်က ရှောင်းကျန့်နားမှာ ကပ်ပြီးထိန်းပေးနေရတယ်။ ရုတ်တရက် ရှောင်းကျန့်က လူတစ်ယောက်ကိုရှောင်ရင်း လဲမလိုဖြစ်သွားတော့ အနီးနားက လူတစ်ယောက်က တွဲကူပေးဖို့ပြင်လိုက်တယ်။ ဝမ်ရိပေါ်က ချက်ချင်းပဲ အနားရောက်လာပြီး ရှောင်းကျန့်ကို တွဲထူလိုက်တယ်။ အဲဒီနောက်ပိုင်း ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့လက်ကို မလွှတ်ပေးတော့ဘူး။

"ဝမ်ဝမ်~~ ကိုယ်စီးတတ်နေပါပြီ~~ လက်လွှတ်ဦးလေ~~ နော်~~"
ရှောင်းကျန့်က ဘယ်လောက်ပြောပြော ဝမ်ရိပေါ်က ပြန်မပြော နားမထောင်။ ရှောင်းကျန့်လည်း ဆက်မပြောနိုင်တော့ပဲ ဝမ်ရိပေါ်စိတ်တိုင်းကျပဲ လွှတ်ထားလိုက်တော့တယ်။

ကျိုးချန်က စကိတ်ကွင်းထဲ အားပါးတရပတ်စီးရင်း ဝမ်ရိပေါ်က ရှောင်းကျန့်လက်ကို တွဲလို့ စကိတ်စီးနေတဲ့မြင်ကွင်းက သူ့မျက်စိထဲဝင်လာတယ်။ ကျိုးချန်က ဝမ်ရိပေါ်တို့နားသွားလိုက်ပြီး...
"ဘာလဲ... ဒီလောက်ကြာနေပြီ... ရှောင်းကျန့်က မစီးတတ်သေးဘူးလား?"

"စီးတတ်ပြီ။ အစ်ကိုရှောင်းကျန့်ကို သူများတွေ ဝင်တိုက်မှာစိုးလို့!"

ကျိုးချန်; "          "

ရှောင်းကျန့်က ကျိုးချန်ကို 'သူလည်း မနိုင်ဘူး' ဆိုတဲ့ပုံစံနဲ့ရယ်ရင်း ခေါင်းခါပြတယ်။

ကျိုး​ချန်; *ဒါကဘာလဲ။ ရှောင်းကျန့်က နုနုရွရွ မိန်းကလေးလဲမဟုတ်။ ဝမ်ရိပေါ်တို့များ ပိုချက်!!!!*

____________________TBC

Photos credit to original uploaders.


Continue Reading

You'll Also Like

475K 14.5K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1.1M 30.1K 37
After the passing of Abigail Bentley's mother, she is now the only one responsible for her family's well-being. Her father, often too drunk to stand...
1.3M 57.7K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
770K 28.6K 103
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...