{Unicode}
အခန်း (၄၀) - နောက်တယောက်ပေးပါ
ရှန်မုအန်း နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်တော့ ချူစစ်ယွမ်က ချူယီ့ကို စူးစူးရဲရဲစိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ သို့ပေမဲ့ ရှန်မုအန်း တဖက်ပြန်လှည့်ပြီး ချူစစ်ယွမ်ကို ပြန်ကြည့်လိုက်ချိန်မှာတော့ ကလေးရဲ့မျက်နှာထားက စောနကနဲ့ လုံးဝမတူတော့ဘဲ သူ့အား ပြုံးသာပြုံးပြနေတယ်။
ရှန်မုအန်း နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ယွေ့ယွေ့ကို တဖန်ပြန်ကြည့်လိုက်တော့ သူ့စိတ်က ဗလာအတိ ဖြစ်နေသလိုမျိုး ကြောင်တောင်တောင်လေး ပြန်ကြည့်နေလေတယ်။
"ဘာဖြစ်လို့လဲ?" ရှန်မုအန်း အနောက်ကို ဆက်တိုက်လှည့်ကြည့်နေတာကို ချူယီမြင်လိုက်ရတော့ တခုခုမှားနေပြီလို့ သူထင်လိုက်မိတယ်။
"ဘာမှမဟုတ်ပါဘူး" ရှန်မုအန်း အရှေ့ကိုပြန်လှည့်လိုက်ပေမဲ့ နောက်ကြည့်မှန်ကို တဖန်ပြန်ကြည့်လိုက်ပြန်တယ်။ သူ့ဦးလေးကို စူးစူးရဲရဲစိုက်ကြည့်နေတဲ့ ချူစစ်ယွမ်ရဲ့မျက်နှာထားကို သူမြင်လိုက်ရတယ်၊ သူ့ဦးလေးကို မိနစ်ပိုင်းအတွင်း ထတိုက်ခိုက်ပြီးတော့ အပြစ်ရှာတော့မလိုပင်။
ချူယီကလည်း နောက်ကြည့်မှန်ကို တချက်လှမ်းကြည့်ပြီး ချူစစ်ယွမ်ရဲ့မကျေမနပ်ဖြစ်နေတဲ့ အသွင်အပြင်ကို တွေ့လိုက်ရပြီး ရှန်မုအန်းတယောက် ဘာလို့ အနောက်ကို လှည့်ကြည့်လှည့်ကြည့်ဖြစ်နေတာလဲဆိုတာကို သူချက်ချင်းသိသွားခဲ့တယ်။
ဒီအခြင်းအရာကို တွေ့ရှိသွားပြီးတဲ့နောက် ရှန်မုအန်းက အနောက်ကို ခဏခဏ လှည့်ကြည့်နေတော့တယ်။ ချူစစ်ယွမ်ဖက် သူဆက်တိုက်လှည့်ပြီး ပြုံးပြနေလိုက်တော့ ချူစစ်ယွမ်ကလည်း ပြန်ပြုံးပြလာတယ်။
ဒီလိုဖြစ်နေတာက အကြိမ်ပေါင်းမနည်းဖြစ်လာတော့ ချူစစ်ယွမ်ခမျာ ပင်ပန်းလာတာကြောင့် ချူယီ့ကို စိုက်ကြည့်နေတာကို သူရပ်ပစ်လိုက်တယ်။
ယွေ့ယွေ့က ဒီအရာအားလုံးကို စောင့်ကြည့်နေခဲ့တယ်။ သူက ချူယီနဲ့ ဘာဆွေမျိုးမှမတော်တာကြောင့် ချူစစ်ယွမ်လိုမျိုး သူ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြလို့မရဘူး။ ယွေ့ယွေ့တယောက် သူ့နှလုံးသားအောက်ခြေကနေ ဆန်တက်လာတဲ့ သတိရှိမှုတွေကို တိတ်တိတ်လေး တိုးမြှင့်ထားလိုက်တယ်။
ဒီလူက သွားဆွလို့ကောင်းတဲ့သူမဟုတ်ဘူးဆိုတာကို သူသိနေခဲ့တယ်။
ယွေ့ယွေ့တယောက် နောက်ကြည့်မှန်ကနေတဆင့် ချူယီ သူ့ကိုလှမ်းကြည့်နေတာကို သတိထားမိလိုက်တာကြောင့် သူ့အကြည့်တွေကို မသိမသာလေး လွှဲလိုက်တယ်။
ဒီလူကို သူလည်း သိပ်သဘောမကျဘူး။ ယွေ့ယွေ့ခမျာ ချူယီ့ဆီကလာတဲ့ ခြိမ်းခြောက်မှု အငွေ့အသက်တွေကို ခံစားနေရတယ်။ ဒီပင်ကိုအသိစိတ်က တိရစ္ဆာန်တကောင်ရဲ့ပင်ကိုအသိစိတ်လိုပါပဲ။
ယွေ့ယွေ့က သူ့စိတ်ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တယ်လို့ ခံစားနေရပေမဲ့ ချူယီကတော့ ဒီလိုကိုးယိုးကားယားနိုင်တဲ့ ဖုံးဖိမှုနည်းစနစ်မျိုးကို တချက်ကြည့်လိုက်ရုံနဲ့တင် သူမြင်နိုင်တယ်။ သို့ပေသည့် သူကတော့ တကယ်ကြီး ဂရုကိုမစိုက်လေဘူး။ သူ့ကိုမုန်းနေကြတဲ့ လူတွေမှအများကြီးပဲ၊ ချူစစ်ယွမ်တောင် သူ့ကို မုန်းနေတာလေ။
ဒီအရာနဲ့ပတ်သတ်ပြီး ချူယီက ဂရုကိုစိုက်မနေခဲ့ချေ။
သူဂရုစိုက်တဲ့ တခုတည်းသောအရာက ရှန်မုအန်း သူ့ကို မုန်းမသွားဖို့ဘဲ။ သေချာတာပေါ့၊ ရှန်မုအန်း သူ့ကိုမုန်းသွားရမဲ့အဖြစ်မျိုး သူအဖြစ်ခံမှာမဟုတ်ပါဘူး။
မကြာခင်မှာပဲ သူတို့တွေက ချူယီကြိုတင်စာရင်းပေးထားတဲ့ သီးသန့်စားသောက်ဆိုင်ဆီကို ရောက်ရှိလာခဲ့ကြတယ်။ သူ့ကားကို ပါကင်ထိုးပြီး ချူစစ်ယွမ်ကိုချီဖို့လုပ်လိုက်ပေမဲ့ အငြင်းခံလိုက်ရတယ်။
ရှန်မုအန်း ယွေ့ယွေ့ကို အောက်ချပေးပြီး ပြောလိုက်တယ်၊ "စစ်ယွမ်?"
ရှန်မုအန်းအသံကိုကြားတော့ ချူစစ်ယွမ်က အနည်းငယ် တုံ့ဆိုင်းသွားခဲ့သော်ငြားလည်း နာခံစွာနဲ့ သူ့ကိုအောက်ချပေးဖို့ ချူယီ့ကို တောင်းဆိုလိုက်တယ်။
ဤနေရာက ရိုးရှင်းတဲ့ အိမ်ငယ်လေးတခုသာဖြစ်တယ်၊ ခြံဝန်းက သစ်ပင်ပန်းမန်တွေနဲ့ ပြည့်နှက်နေပြီး လေထုထဲမှာ ပန်းတွေရဲ့မွှေးပျံ့တဲ့ရနံ့တွေ ထုံလွှမ်းလို့နေတယ်။
ယွေ့ယွေ့က ရှန်မုအန်းလက်ကို ဆုပ်ကိုင်ပြီး သူ့အနားပိုတိုးလာခဲ့တယ်။ နေရာအနှံ့ကို သူစိတ်ဝင်တစား လိုက်ကြည့်နေခဲ့တယ်။ အရင်က ဒီလိုနေရာမျိုးကို သူတခါမှမရောက်ဖူးတာကြောင့် ကြည့်ရတာ အလွန်ကွဲပြားခြားနားနေတယ်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့ကွာ" သာမန်အဝတ်အစားနဲ့ လူငယ်တယောက်က တံခါးဖွင့်ပေးလာတယ်၊ ချူယီ့ကိုဖက်တော့မလို သူ့လက်နှစ်ဖက်ကို ဆန့်တန်းထားခဲ့တယ်။
ချူယီက ထိုအရာအား မနှစ်မြို့ဟန် ရှောင်ရှားလိုက်ချင်ပေမဲ့ တဖက်လူက သူ့ကို ဒီအတိုင်း ကျော်သွားခဲ့တယ်။ တဖက်လူက ရှန်မုအန်းအား ပွေ့ဖက်ချင်နေတာကို သူမြင်လိုက်ရတာကြောင့် ထိုလူငယ်ကို ကော်လာကနေ လှမ်းဆွဲထားလိုက်တယ်။
"ဟေ့ ဟေ့ ဟေ့ကောင်၊ လွှတ်စမ်း၊ မင်းဘာလုပ်တာလဲကွ?" လူငယ်ခမျာ ရုတ်တရက်ကြီး အနောက်ကို အဆွဲခံလိုက်ရတာကြောင့် ချူယီ့လက်ကို ကမန်းကတန်း ပြန်ဆွဲထားလိုက်ရတယ်။
ရှန်မုအန်း ပြုံးပြီး သူ့လက်သီးဆုပ်တွေကို ပြန်ဖြေလျှော့လိုက်တယ်။ တဖက်လူကို ချူယီကသာ လှမ်းမဆွဲထားခဲ့ဘူးဆိုရင် ဒီလူ့ကို သူဆွဲထိုးမိလောက်တယ်။
ဒီဟာက နှစ်ပေါင်းများစွာ လေ့ကျင့်ခြင်းကနေ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး အလိုအလျောက် တုံ့ပြန်မှုတခုပင်ဖြစ်တယ်။
"လျှောက်နောက်မနေနဲ့တော့" ချူယီက သူ့စကားတွေထဲမှာ သတိပေးတဲ့ လေသံစွက်လိုက်ရင်း သူ့လက်ကို လွှတ်ပေးလိုက်တယ်။
လူငယ်က သူ့မေးစေ့ကို ပွတ်သပ်ပြီး ရှန်မုအန်းကို လှမ်းကြည့်လာတယ်။ သူအလေးအနက် ခေါင်းညိတ်လိုက်ရင်း တခုခုကို သဘောပေါက်သွားပုံရတယ်။ သူ့လက်ကိုဆန့်ပြီး နှုတ်ဆက်လာတယ်၊ "မင်္ဂလာပါ၊ ကျွန်တော်က ဒီဆိုင်ပိုင်ရှင် ဝူယန်ပါ"
"မင်္ဂလာပါ မစ္စတာ ဝူ" ရှန်မုအန်းက ကလေးကို ကိုင်ထားတာကြောင့် ဝူယန်ရဲ့လက်ကို ပြန်ဆွဲပြီး နှုတ်မဆက်နိုင်ဘူး။ အားနာနာနဲ့ဘဲ သူပြုံးသာပြုံးပြလိုက်တယ်။
ဝူယန်က သူ့နားလည်မှုကို ဖော်ပြလိုက်ပြီး ငုံ့ကိုင်းကာ ချူစစ်ယွမ်ရဲ့ခေါင်းကို သူ့လက်ကြီးတွေနဲ့ လှမ်းထိလိုက်ရင်း၊ "ဟေး၊ မတွေ့တာတောင်ကြာပြီနော်၊ သူငယ်ချင်းလေး ချူစစ်ယွမ်ရေ၊ ဒီနေ့ မင်းက ရုတ်တရက်ကြီး အရမ်းကို အားသွားပြီးတော့ ဘာလို့ ဒီကိုလာဖြစ်သွားရတာတုန်း?"
ဝူယန်က ချူစစ်ယွမ်ရဲ့ဆံပင်ပုံစံကို အနည်းငယ် ပွတ်သပ်ရုံမျှနဲ့ ရှုပ်ပွသွားအောင် လုပ်ပစ်လိုက်တော့တယ်။
ချူစစ်ယွမ်ငိုတော့မှာကို မြင်လိုက်ရတော့ ရှန်မုအန်းက ယွေ့ယွေ့လက်ကိုလွှတ်ပြီး ဝူယန်ရဲ့လှုပ်ရှားမှုတွေကို ရပ်တန့်စေလိုက်တယ်။ ချူစစ်ယွမ်ကို သူ့အနားရောက်အောင် ဆွဲခေါ်ပြီး ပြောလိုက်တယ်၊ "မစ္စတာ ဝူ၊ ခင်ဗျား ဒီလိုဆက်လုပ်နေရင် စစ်ယွမ်လေး အဆင်မပြေဖြစ်နေလိမ့်မယ်"
ဝူယန်ပြန်ပြောမှာကိုတောင် စောင့်မနေတော့ဘဲ ချူယီက ဝင်ပြောလာတယ်၊ "မင်း ဒီမှာ ငါ့တူကို အနိုင်ကျင့်နေတာနော်။ ငါ့အကိုပြန်လာတဲ့အခါကျရင် မင်းကွန်ပလိန်းတက်လို့တောင် မရဘူးမှတ်"
ချူယီ့အကိုလို့ ပြောလိုက်ချိန်မှာ ဝူယန်ရဲ့အကြောက်တရားကို ရှန်မုအန်း ရှင်းရှင်းလင်းလင်းကြီး ခံစားလိုက်ရတယ်။
ယွေ့ယွေ့ သူ့လက်ကိုလွှတ်ချလိုက်တဲ့ ရှန်မုအန်းကို နေရာမှာတင် မလှုပ်မယှက်နဲ့ ငေးကြည့်နေခဲ့တယ်။
ချူယီက ဝူယန်ကို နှိပ်ကွပ်လိုက်တာကိုမြင်ပြီး ရှန်မုအန်းက ယွေ့ယွေ့ကို သူ့နောက်လက်တဖက်နဲ့ လှမ်းကိုင်လိုက်တယ်။
ယွေ့ယွေ့က ရှန်မုအန်းကို မော့ကြည့်ရင်း စောနတုန်းက ကိုကိုအန်းအန်းက ဘာလို့ သူ့လက်ကိုလွှတ်လိုက်ရတာလဲဆိုတာကို တွေးနေမိတယ်?
ဘာလို့လဲ? ချူစစ်ယွမ်ကြောင့်လား?
ယွေ့ယွေ့ရဲ့အကြည့်တွေက ချူစစ်ယွမ်အပေါ် ကျရောက်နေခဲ့တယ်၊ ချူစစ်ယွမ်က သူ့ထက်ငယ်လို့လား?
"အေးပါကွာ၊ အေးပါ၊ ထပ်မပြောတော့ပါဘူး၊ အထဲဝင်ကြရအောင်" ဝူယန်က မကျေမနပ်နဲ့ သူ့လက်ကို ဝှေ့ယမ်းပြပြီး အိမ်ထဲကို ပြန်ဝင်သွားခဲ့တယ်။
"သွားရအောင်" ချူယီက ရှန်မုအန်းကို ပြောလာတယ်။
ရှန်မုအန်းက ခေါင်းညိတ်ပြလိုက်ပြီး သူတို့တွေ အိမ်ထဲကို အတူတူဝင်လာခဲ့ကြတယ်။
သူထိုင်ခုံမှာထိုင်ပြီးပြီးချင်းမှာပဲ ချူယီက ရှန်မုအန်းတယောက် ကောင်ငယ်လေးနှစ်ယောက်ကို သူ့ရဲ့ဘယ်ညာတဖက်စီမှာ ထားလိုက်တာကို တွေ့လိုက်ရတယ်။ ဝူယန်ခမျာ သေလောက်အောင် ရယ်မိလုမတတ် ဖြစ်သွားခဲ့တယ်။ ချူယီ့မှာလည်း ဒီလိုနေ့မျိုးရှိလာတာက တကယ့်ကို စိတ်ဝင်စားစရာပဲ။
ပုံမှန်အားဖြင့် ချူယီက လူတိုင်းကို မျက်နှာထားတင်းတင်းဖြင့်သာ ဆက်ဆံလေ့ရှိပြီး သူနဲ့ဆုံခဲ့တဲ့ လူတိုင်းခမျာ သူ့အပေါ် ယွမ်သန်း ၁၀၀ အကြွေးတင်နေသလိုမျိုး ခံစားရစေတယ်။ သူဘယ်နေရာသွားသွား အာရုံစိုက်ခံရတဲ့အပြင် တခြားလူတွေကလည်း သူနဲ့ အလိုက်အထိုက်နေပေးတတ်ကြတယ်။
သို့ပေမဲ့ ကလေးနှစ်ယောက်နဲ့ ကြုံတွေ့လာချိန်မှာတော့ ချူယီ့ရဲ့နည်းလမ်းဟောင်းတွေအားလုံး အသုံးမဝင်တော့ချေ။
ဝူယန်တယောက် သူအကျယ်ကြီးရယ်မိသွားလို့ အရိုက်ခံရမလား စိုးရိမ်မိတာကြောင့် ခရော်ခရွတ်နိုင်စွာ ချောင်းနှစ်ကြိမ်ဟန့်လိုက်ရင်း၊ "ငါ မီးဖိုချောင်ထဲ အရင်သွားလိုက်အုံးမယ်၊ မကြာခင် ပြင်ဆင်ပြီးသွားမှာပါ။ ကျေးဇူးပြုပြီး ခဏစောင့်ပေးပါနော်" ပြောပြီးတာနဲ့ သူခပ်သွက်သွက်ထွက်သွားပြီး ချူယီ့ကို ကျောပေးလိုက်ပြီးနောက် စတင်ရယ်မောတော့တယ်။
နှစ်ပေါင်းများစွာ ညီအကိုကောင်းတွေဖြစ်လာခဲ့တာကြောင့် ချူယီ မပျော်သရွေ့ သူကတော့ ပျော်ရွှင်နေမိတာပင်။
ဒီလိုရိုးသားပွင့်လင်းတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့အတူ ဝူယန်က သူ့ကိုယ်သူ ပိုလို့တောင် ခံစားသွားရတယ်။
ယွေ့ယွေ့က ရှန်မုအန်းရဲ့ညာဘက်ခြမ်းမှာ ထိုင်ပြီး ချူစစ်ယွမ်က ရှန်မုအန်းရဲ့ဘယ်ဘက်ခြမ်းမှာ ထိုင်နေတာဖြစ်တယ်။ ကောင်လေးနှစ်ယောက်က ထိုင်ပြီးပြီးချင်းမှာပဲ ရှန်မုအန်းဆီ သူတို့အကြည့်တွေကို ပစ်လွှတ်ထားကြတယ်။ ချူယီ့ကိုဆန့်ကျင်မဲ့ သူတို့ရဲ့ဘုံပန်းတိုင်က ကလေးနှစ်ဦးကို အချိန်အတိုင်းအတာတခုအထိ ငြိမ်းချမ်းရေးရစေခဲ့တယ်။
ချူယီ ထိုသုံးယောက်အတွက် ရေငှဲ့ပေးလိုက်တယ်။ သူအမှားလုပ်မိလိုက်ပြီလို့ ခံစားနေရတယ်၊ ကလေးတွေကို သူတို့နဲ့အတူတူ ခေါ်မလာခဲ့သင့်ဘူး။ ကောင်ငယ်လေးနှစ်ယောက်ကို တခြားနေရာခေါ်သွားပြီး ကစားခိုင်းလိုက်ဖို့ သူ့လက်ထောက်ကို အကူအညီတောင်းလိုက်ရမှာ။
"ဒီမှာ Lego ရှိတယ်၊ မင်းတို့တွေ သွားကစားကြအုံးမလား?" ချူယီတယောက် မီးသီးလေးနှစ်လုံးကို ဖယ်ထုတ်ဖို့ ကစားစရာအရုပ်တွေနဲ့ ကြိုးစားချော့မော့လိုက်တယ်။
သို့ပေမဲ့ အဲ့ဒီမီးသီးလေးနှစ်လုံးက လုံးဝကို အရှက်မရှိကြဘူး။ နှစ်ယောက်လုံး တပြိုင်နက်တည်း ခေါင်းတွေခါယမ်းပြီး တညီတညွတ်တည်း ပြန်ပြောလာကြတယ်၊ "ဘယ်လိုကစားရမှန်း မသိဘူး"
ဒီအကြောင်းပြချက်က တကယ့်ကို ထွင်ဉာဏ်ကောင်းလှတယ်။
ချူယီ ထိုနှစ်ယောက်ကို ဒီအတိုင်း ဖယ်ထုတ်ချင်တာသာဖြစ်တယ်၊ သူတို့တွေကို ဘယ်လိုဆော့ရမလဲ သူသင်မပေးချင်သလို ရှန်မုအန်းကိုလည်း ပေးမသင်စေချင်ဘူး။
"ခဏကြာရင် ညစာစားရတော့မှာမဟုတ်လား?" ရှန်မုအန်းက ပြောလာတယ်၊ "ကစားဖို့အချိန်မှမရှိတာကို၊ ငါတို့တွေ လက်အရင်သွားဆေးကြတာပေါ့"
ချူယီက သန့်စင်ခန်းဆီသို့ ညွှန်ပြပေးပြီး ရှန်မုအန်း ကလေးနှစ်ယောက်ကို လက်ဆေးဖို့ခေါ်သွားတာကို စောင့်ကြည့်နေခဲ့တယ်။ နောက်တခေါက်ကျရင်တော့ ရှန်မုအန်းတယောက်တည်းနဲ့ဘဲ ချိန်းဆိုမှုလုပ်ဖို့ သူသေသေချာချာ အစီအစဉ်ဆွဲထားရမယ်လို့ ပိုပြင်းပြင်းထန်ထန် ခံစားလိုက်ရတယ်။
မကြာခင်မှာပဲ သုံးယောက်သား ပြန်ရောက်လာကြပြီး ကောင်ငယ်လေးနှစ်ယောက်က သူတို့လက်တွေ ညစ်ပတ်သွားမှာ စိုးရိမ်နေကြသလိုမျိုး လက်တွေကို မြှောက်ထားနေကြဆဲဖြစ်တယ်။
ခဏကြာပြီးနောက် ဝူယန်က အစားအစာတွေ သယ်လာတဲ့ လူနှစ်ယောက်နဲ့အတူ ပြန်ထွက်လာခဲ့တယ်။
ဝူယန်က သူတို့ဆိုင်ရဲ့အမှာစာတွေထဲမှာ စားသုံးသူတွေရဲ့အမြင်တွေကို လက်မခံပေးဘူး။ ဧည့်သည်တွေအနေနဲ့ သူပြင်ဆင်ပေးတာတွေကိုပဲ သုံးဆောင်ကြရမှာဖြစ်တယ်။ သူတို့မှာ ရွေးချယ်ခွင့်မရှိဘူး။ သူနဲ့ ညီအကိုလို ပေါင်းသင်းဆက်ဆံတဲ့သူဆိုရင်တောင် ဒီအချက်က အတူတူပါပဲ။ သို့ပေသည့် ဧည့်သည်တွေ မစားတဲ့ဟာမျိုးကို ဝူယန့်ထံ ကြိုတင်ပြောပြထားခဲ့မယ်ဆိုရင် သူ့အနေနဲ့ အဲ့ဒီဟာတွေကို အမှတ်တမဲ့ မချက်ပြုတ်ပေးမိတာကြောင့် စားစရာတွေ အလဟာသမဖြစ်တော့ဘူး။
သူ့ညီအကိုကောင်းဖြစ်သူရဲ့အကြိုက်နဲ့ပတ်သတ်ပြီး ချူယီက သူရောက်မလာခင်မှာ ဝူယန့်ထံ message လှမ်းပို့ထားပြီးသားဖြစ်တယ်။ အဲ့ဒါကြောင့် ဒီတခေါက် ဝူယန်ရဲ့ဟင်းပွဲတွေက ရှိနေတဲ့သူတွေ သေချာပေါက် ကြိုက်လောက်မဲ့ အစားအစာတွေပဲဖြစ်တယ်။
ဝူယန်တယောက် သူ့စားစရာတွေကို အနံ့ရှူလိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။ အဲ့ဒီအုပ်စုထဲကို သူပါ ဝင်ထိုင်ပြီး စားသောက်လိုက်ရရင်ကောင်းမှာပဲလို့ သူတွေးနေခဲ့ပေမဲ့ ချူယီက တူကိုင်ထားတဲ့ သူ့လက်ပြင်ကို ရိုက်ချလိုက်တယ်။
"ငါ မင်းကို ညစာစားဖို့ ဖိတ်မထားဘူး" ဒီမှာ မီးသီးလေးနှစ်လုံး ရှိနေပြီးသားဖြစ်နေပြီလေ၊ နောက်ထပ်တလုံး ချူယီထပ်မထည့်ချင်တော့ဘူး၊ အထူးသဖြင့် အကြီးကြီးတခုပေါ့။
"ဟေ့ကောင်၊ မင်း၊ ဒီမှာရှိတဲ့ဟာတွေ အကုန်ကုန်အောင် မစားနိုင်ရင် ဒီနေ့အတွက် ဈေးနှစ်ဆပေးရမှာနော်!" ဝူယန် ထခုန်လိုက်ရင်း တူကို စားပွဲပေါ်မှာတင်ပြီး ထွက်သွားတော့တယ်။
ရှန်မုအန်းက အတူတူစားလည်း အဆင်ပြေပါတယ်လို့ ပြောချင်ပေမဲ့ ချူယီက သူ့ကို ကြားဖြတ်ပြောလာခဲ့တယ်၊ "ကလေးနှစ်ယောက်နဲ့ အရင်စားနှင့်လိုက်နော်။ သူအဆင်ပြေပါတယ်။ ခဏနေရင် သူပြန်လာလိမ့်မယ်"
"အင်း" ရှန်မုအန်း သိပ်အများကြီးမတွေးဘဲ ခေါင်းညိတ်လိုက်တယ်။ ကုန်ကုန်ပြောရရင် ချူယီက သူ့သူငယ်ချင်းနဲ့ ပိုရင်းနှီးပြီးသားဖြစ်တာကြောင့် သူဝင်စွက်ဖက်စရာ မလိုချေ။
"မင်းတို့ ဘာစားချင်လဲ? ဆရာအန်းအန်း ဘာယူပေးရမလဲ?" ရှန်မုအန်း တူကောက်ကိုင်ပြီး ကလေးတွေကို သူတို့စားချင်တဲ့ဟာကို အရင်ရွေးခိုင်းလိုက်တယ်။
ချူစစ်ယွမ်က ဟင်းပွဲအားလုံးကို နည်းနည်းစီလောက် လိုချင်ပေမဲ့ ရှန်မုအန်းက စားစရာတွေအများကြီးကို သူ မကုန်နိုင်မှာ စိုးရိမ်တာကြောင့် ဟင်းပွဲအနည်းငယ်ကို သူအရင်ထည့်ပေးပြီး သူ့ကို ဖြည်းဖြည်းချင်း စားစေတယ်။ ယွေ့ယွေ့က ခေါင်းသာခါပြလိုက်တယ်။ ရှန်မုအန်းထည့်ပေးသမျှ ဘယ်ဟင်းကိုမဆို သူစားနိုင်တယ်၊ သူက အစားဂျီးများသူ လုံးဝ မဟုတ်ဘူး။
ရှန်မုအန်း စိတ်မကောင်းစွာနဲ့ ယွေ့ယွေ့ခေါင်းကို ပွတ်သပ်လိုက်တယ်။ ဒီအရွယ်ကလေးတယောက် ဒီလိုပြုမူတာမျိုးက ရှားတယ်။ ဒီအရွယ်ကလေးအများစုက အလွန်ဆိုးတတ်ကြတယ်၊ နောက်ပြီး ယွေ့ယွေ့လေး ပိုပြီးလိမ္မာလေလေ၊ ရှန်မုအန်း ပိုစိတ်ပူလေလေပင်။
ဒီလောက်ငယ်သေးတဲ့ ကလေးလေးက ဒီလိုအရာတွေကို ဘာကြောင့်များ တွေ့ကြုံနေရတာလဲ?
ရှန်မုအန်းရှိနေတာကြောင့် ချူစစ်ယွမ်က သူ့ကို ဆက်တိုက်အပူကပ်နေပြီး သူ့အတွက် ဟင်းတွေကူထည့်ပေးဖို့ တောင်းဆိုနေတော့တယ်။
ချူယီ ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ ချူစစ်ယွမ်ကို သူလှမ်းဆွဲပြီး မတ်မတ်ထိုင်ခိုင်းလိုက်တယ်၊ "မင်းစားချင်တာကို ငါထည့်ပေးမယ်"
"မလိုပါဘူး" ချူစစ်ယွမ်က သူ့ခေါင်းကိုလှည့်ပြီး ဆရာအန်းအန်းကိုသာ ဆက်ပြီးကပ်တွယ်နေလေတယ်။
ချူယီက သူ့ကို လုံးဝ အလိုမလိုက်ချေ၊ "မင်းမစားချင်ရင် မစားနဲ့ပေါ့။ မင်းက အန်းအန်းကိုပဲ ကပ်နေတော့ သူဘယ်လိုလုပ်စားရပါ့မလဲ?"
ချူယီ့ပါးစပ်ကနေ သူ့နာမည်ကို ကြားလိုက်ရချိန်မှာ ရှန်မုအန်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကို အန်းအန်းလို့ တိုက်ရိုက်ခေါ်တာ သူ့အကိုကြီးတယောက်ပဲရှိတယ်။ အခု ချူယီ့ပါးစပ်ကနေ သူကြားလိုက်ရတော့ နည်းနည်းထူးဆန်းနေသလို ခံစားရတယ်။
ဒါကိုကြားပြီး ချူစစ်ယွမ် စိတ်မကောင်းဖြစ်သွားတော့တယ်။ ယွေ့ယွေ့က သူ့ကိုကြည့်နေပြီး နှစ်သိမ့်ပေးချင်ပေမဲ့ ချူစစ်ယွမ်လျစ်လျူရှုတာကို ခံလိုက်ရတယ်။
"မင်းငိုရင် ဒီည ဘာမှမစားရတော့ဘူးနော်" ချူယီက အေးစက်စွာ ပြောလိုက်တယ်။
ရှန်မုအန်း အံ့အားသင့်သွားခဲ့တယ်၊ ကိစ္စတွေက ရုတ်တရက်ကြီး ဒီလိုဖြစ်ကုန်တာကို သူနားမလည်နိုင်တော့ဘူး။
"သား ဘွားဘွားကိုဖုန်းခေါ်ချင်တယ်!" ချူစစ်ယွမ်က သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး မကျေမနပ် ပြောလာတယ်၊ "ဘွားဘွားကို တိုင်ပြောချင်လို့!"
ချူယီက လှောင်ပြောင်လိုက်ရင်း သူ့ဖုန်းကို ချူစစ်ယွမ်ထံ ပစ်ပေးပြီး ပြောလိုက်တယ်၊ "ဆက်လေ"
ချူစစ်ယွမ်က ဒါကိုကြားတော့ ကျွမ်းကျင်စွာနဲ့ ဖုန်းကိုဖွင့်ပြီး သူ့အဘွားရဲ့နံပါတ်ကို ခေါ်လိုက်တယ်။
ဖုန်းချိတ်ဆက်ပြီးပြီးချင်းမှာပဲ ချူစစ်ယွမ်က ကြေကွဲဝမ်းနည်းမှုအပြည့်နဲ့ ပြောလိုက်တာက၊ "ဘွားဘွား! သား ဒီဦးလေးကို မလိုချင်တော့ဘူး၊ သားကို နောက်ထပ်ဦးလေးတယောက် ပေးပါ!"
[ TL Note : အိုကေ~ ဒါဆို ဦးဦးချူယီကို ဆရာအန်းအန်းဆီ ပေးလိုက်ကြတာပေါ့ hehehe ]
******
{Zawgyi}
အခန္း (၄၀) - ေနာက္တေယာက္ေပးပါ
ရွန္မုအန္း ေနာက္ၾကည့္မွန္ကို လွမ္းၾကည့္လိုက္ေတာ့ ခ်ဴစစ္ယြမ္က ခ်ဴယီ့ကို စူးစူးရဲရဲစိုက္ၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။ သို႔ေပမဲ့ ရွန္မုအန္း တဖက္ျပန္လွည့္ၿပီး ခ်ဴစစ္ယြမ္ကို ျပန္ၾကည့္လိုက္ခ်ိန္မွာေတာ့ ကေလးရဲ႕မ်က္ႏွာထားက ေစာနကနဲ႔ လုံးဝမတူေတာ့ဘဲ သူ႔အား ၿပဳံးသာၿပဳံးျပေနတယ္။
ရွန္မုအန္း ေနရာမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့ ေယြ႕ေယြ႕ကို တဖန္ျပန္ၾကည့္လိုက္ေတာ့ သူ႔စိတ္က ဗလာအတိ ျဖစ္ေနသလိုမ်ိဳး ေၾကာင္ေတာင္ေတာင္ေလး ျပန္ၾကည့္ေနေလတယ္။
"ဘာျဖစ္လို႔လဲ?" ရွန္မုအန္း အေနာက္ကို ဆက္တိုက္လွည့္ၾကည့္ေနတာကို ခ်ဴယီျမင္လိုက္ရေတာ့ တခုခုမွားေနၿပီလို႔ သူထင္လိုက္မိတယ္။
"ဘာမွမဟုတ္ပါဘူး" ရွန္မုအန္း အေရွ႕ကိုျပန္လွည့္လိုက္ေပမဲ့ ေနာက္ၾကည့္မွန္ကို တဖန္ျပန္ၾကည့္လိုက္ျပန္တယ္။ သူ႔ဦးေလးကို စူးစူးရဲရဲစိုက္ၾကည့္ေနတဲ့ ခ်ဴစစ္ယြမ္ရဲ႕မ်က္ႏွာထားကို သူျမင္လိုက္ရတယ္၊ သူ႔ဦးေလးကို မိနစ္ပိုင္းအတြင္း ထတိုက္ခိုက္ၿပီးေတာ့ အျပစ္ရွာေတာ့မလိုပင္။
ခ်ဴယီကလည္း ေနာက္ၾကည့္မွန္ကို တခ်က္လွမ္းၾကည့္ၿပီး ခ်ဴစစ္ယြမ္ရဲ႕မေက်မနပ္ျဖစ္ေနတဲ့ အသြင္အျပင္ကို ေတြ႕လိုက္ရၿပီး ရွန္မုအန္းတေယာက္ ဘာလို႔ အေနာက္ကို လွည့္ၾကည့္လွည့္ၾကည့္ျဖစ္ေနတာလဲဆိုတာကို သူခ်က္ခ်င္းသိသြားခဲ့တယ္။
ဒီအျခင္းအရာကို ေတြ႕ရွိသြားၿပီးတဲ့ေနာက္ ရွန္မုအန္းက အေနာက္ကို ခဏခဏ လွည့္ၾကည့္ေနေတာ့တယ္။ ခ်ဴစစ္ယြမ္ဖက္ သူဆက္တိုက္လွည့္ၿပီး ၿပဳံးျပေနလိုက္ေတာ့ ခ်ဴစစ္ယြမ္ကလည္း ျပန္ၿပဳံးျပလာတယ္။
ဒီလိုျဖစ္ေနတာက အႀကိမ္ေပါင္းမနည္းျဖစ္လာေတာ့ ခ်ဴစစ္ယြမ္ခမ်ာ ပင္ပန္းလာတာေၾကာင့္ ခ်ဴယီ့ကို စိုက္ၾကည့္ေနတာကို သူရပ္ပစ္လိုက္တယ္။
ေယြ႕ေယြ႕က ဒီအရာအားလုံးကို ေစာင့္ၾကည့္ေနခဲ့တယ္။ သူက ခ်ဴယီနဲ႔ ဘာေဆြမ်ိဳးမွမေတာ္တာေၾကာင့္ ခ်ဴစစ္ယြမ္လိုမ်ိဳး သူ႔ခံစားခ်က္ေတြကို လြတ္လြတ္လပ္လပ္ ေဖာ္ျပလို႔မရဘူး။ ေယြ႕ေယြ႕တေယာက္ သူ႔ႏွလုံးသားေအာက္ေျခကေန ဆန္တက္လာတဲ့ သတိရွိမႈေတြကို တိတ္တိတ္ေလး တိုးျမႇင့္ထားလိုက္တယ္။
ဒီလူက သြားဆြလို႔ေကာင္းတဲ့သူမဟုတ္ဘူးဆိုတာကို သူသိေနခဲ့တယ္။
ေယြ႕ေယြ႕တေယာက္ ေနာက္ၾကည့္မွန္ကေနတဆင့္ ခ်ဴယီ သူ႔ကိုလွမ္းၾကည့္ေနတာကို သတိထားမိလိုက္တာေၾကာင့္ သူ႔အၾကည့္ေတြကို မသိမသာေလး လႊဲလိုက္တယ္။
ဒီလူကို သူလည္း သိပ္သေဘာမက်ဘူး။ ေယြ႕ေယြ႕ခမ်ာ ခ်ဴယီ့ဆီကလာတဲ့ ၿခိမ္းေျခာက္မႈ အေငြ႕အသက္ေတြကို ခံစားေနရတယ္။ ဒီပင္ကိုအသိစိတ္က တိရစာၦန္တေကာင္ရဲ႕ပင္ကိုအသိစိတ္လိုပါပဲ။
ေယြ႕ေယြ႕က သူ႔စိတ္ခံစားခ်က္ေတြကို ေကာင္းေကာင္းဖုံးကြယ္ထားႏိုင္ခဲ့တယ္လို႔ ခံစားေနရေပမဲ့ ခ်ဴယီကေတာ့ ဒီလိုကိုးယိုးကားယားႏိုင္တဲ့ ဖုံးဖိမႈနည္းစနစ္မ်ိဳးကို တခ်က္ၾကည့္လိုက္႐ုံနဲ႔တင္ သူျမင္ႏိုင္တယ္။ သို႔ေပသည့္ သူကေတာ့ တကယ္ႀကီး ဂ႐ုကိုမစိုက္ေလဘူး။ သူ႔ကိုမုန္းေနၾကတဲ့ လူေတြမွအမ်ားႀကီးပဲ၊ ခ်ဴစစ္ယြမ္ေတာင္ သူ႔ကို မုန္းေနတာေလ။
ဒီအရာနဲ႔ပတ္သတ္ၿပီး ခ်ဴယီက ဂ႐ုကိုစိုက္မေနခဲ့ေခ်။
သူဂ႐ုစိုက္တဲ့ တခုတည္းေသာအရာက ရွန္မုအန္း သူ႔ကို မုန္းမသြားဖို႔ဘဲ။ ေသခ်ာတာေပါ့၊ ရွန္မုအန္း သူ႔ကိုမုန္းသြားရမဲ့အျဖစ္မ်ိဳး သူအျဖစ္ခံမွာမဟုတ္ပါဘူး။
မၾကာခင္မွာပဲ သူတို႔ေတြက ခ်ဴယီႀကိဳတင္စာရင္းေပးထားတဲ့ သီးသန႔္စားေသာက္ဆိုင္ဆီကို ေရာက္ရွိလာခဲ့ၾကတယ္။ သူ႔ကားကို ပါကင္ထိုးၿပီး ခ်ဴစစ္ယြမ္ကိုခ်ီဖို႔လုပ္လိုက္ေပမဲ့ အျငင္းခံလိုက္ရတယ္။
ရွန္မုအန္း ေယြ႕ေယြ႕ကို ေအာက္ခ်ေပးၿပီး ေျပာလိုက္တယ္၊ "စစ္ယြမ္?"
ရွန္မုအန္းအသံကိုၾကားေတာ့ ခ်ဴစစ္ယြမ္က အနည္းငယ္ တုံ႔ဆိုင္းသြားခဲ့ေသာ္ျငားလည္း နာခံစြာနဲ႔ သူ႔ကိုေအာက္ခ်ေပးဖို႔ ခ်ဴယီ့ကို ေတာင္းဆိုလိုက္တယ္။
ဤေနရာက ႐ိုးရွင္းတဲ့ အိမ္ငယ္ေလးတခုသာျဖစ္တယ္၊ ၿခံဝန္းက သစ္ပင္ပန္းမန္ေတြနဲ႔ ျပည့္ႏွက္ေနၿပီး ေလထုထဲမွာ ပန္းေတြရဲ႕ေမႊးပ်ံ႕တဲ့ရနံ႔ေတြ ထုံလႊမ္းလို႔ေနတယ္။
ေယြ႕ေယြ႕က ရွန္မုအန္းလက္ကို ဆုပ္ကိုင္ၿပီး သူ႔အနားပိုတိုးလာခဲ့တယ္။ ေနရာအႏွံ႔ကို သူစိတ္ဝင္တစား လိုက္ၾကည့္ေနခဲ့တယ္။ အရင္က ဒီလိုေနရာမ်ိဳးကို သူတခါမွမေရာက္ဖူးတာေၾကာင့္ ၾကည့္ရတာ အလြန္ကြဲျပားျခားနားေနတယ္။
"ေနာက္ဆုံးေတာ့ ေရာက္လာၿပီေပါ့ကြာ" သာမန္အဝတ္အစားနဲ႔ လူငယ္တေယာက္က တံခါးဖြင့္ေပးလာတယ္၊ ခ်ဴယီ့ကိုဖက္ေတာ့မလို သူ႔လက္ႏွစ္ဖက္ကို ဆန႔္တန္းထားခဲ့တယ္။
ခ်ဴယီက ထိုအရာအား မႏွစ္ၿမိဳ႕ဟန္ ေရွာင္ရွားလိုက္ခ်င္ေပမဲ့ တဖက္လူက သူ႔ကို ဒီအတိုင္း ေက်ာ္သြားခဲ့တယ္။ တဖက္လူက ရွန္မုအန္းအား ေပြ႕ဖက္ခ်င္ေနတာကို သူျမင္လိုက္ရတာေၾကာင့္ ထိုလူငယ္ကို ေကာ္လာကေန လွမ္းဆြဲထားလိုက္တယ္။
"ေဟ့ ေဟ့ ေဟ့ေကာင္၊ လႊတ္စမ္း၊ မင္းဘာလုပ္တာလဲကြ?" လူငယ္ခမ်ာ ႐ုတ္တရက္ႀကီး အေနာက္ကို အဆြဲခံလိုက္ရတာေၾကာင့္ ခ်ဴယီ့လက္ကို ကမန္းကတန္း ျပန္ဆြဲထားလိုက္ရတယ္။
ရွန္မုအန္း ၿပဳံးၿပီး သူ႔လက္သီးဆုပ္ေတြကို ျပန္ေျဖေလွ်ာ့လိုက္တယ္။ တဖက္လူကို ခ်ဴယီကသာ လွမ္းမဆြဲထားခဲ့ဘူးဆိုရင္ ဒီလူ႔ကို သူဆြဲထိုးမိေလာက္တယ္။
ဒီဟာက ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ျခင္းကေန ျဖစ္ေပၚလာတဲ့ အေျခအေနေပၚမူတည္ၿပီး အလိုအေလ်ာက္ တုံ႔ျပန္မႈတခုပင္ျဖစ္တယ္။
"ေလွ်ာက္ေနာက္မေနနဲ႔ေတာ့" ခ်ဴယီက သူ႔စကားေတြထဲမွာ သတိေပးတဲ့ ေလသံစြက္လိုက္ရင္း သူ႔လက္ကို လႊတ္ေပးလိုက္တယ္။
လူငယ္က သူ႔ေမးေစ့ကို ပြတ္သပ္ၿပီး ရွန္မုအန္းကို လွမ္းၾကည့္လာတယ္။ သူအေလးအနက္ ေခါင္းညိတ္လိုက္ရင္း တခုခုကို သေဘာေပါက္သြားပုံရတယ္။ သူ႔လက္ကိုဆန႔္ၿပီး ႏႈတ္ဆက္လာတယ္၊ "မဂၤလာပါ၊ ကြၽန္ေတာ္က ဒီဆိုင္ပိုင္ရွင္ ဝူယန္ပါ"
"မဂၤလာပါ မစၥတာ ဝူ" ရွန္မုအန္းက ကေလးကို ကိုင္ထားတာေၾကာင့္ ဝူယန္ရဲ႕လက္ကို ျပန္ဆြဲၿပီး ႏႈတ္မဆက္ႏိုင္ဘူး။ အားနာနာနဲ႔ဘဲ သူၿပဳံးသာၿပဳံးျပလိုက္တယ္။
ဝူယန္က သူ႔နားလည္မႈကို ေဖာ္ျပလိုက္ၿပီး ငုံ႔ကိုင္းကာ ခ်ဴစစ္ယြမ္ရဲ႕ေခါင္းကို သူ႔လက္ႀကီးေတြနဲ႔ လွမ္းထိလိုက္ရင္း၊ "ေဟး၊ မေတြ႕တာေတာင္ၾကာၿပီေနာ္၊ သူငယ္ခ်င္းေလး ခ်ဴစစ္ယြမ္ေရ၊ ဒီေန႔ မင္းက ႐ုတ္တရက္ႀကီး အရမ္းကို အားသြားၿပီးေတာ့ ဘာလို႔ ဒီကိုလာျဖစ္သြားရတာတုန္း?"
ဝူယန္က ခ်ဴစစ္ယြမ္ရဲ႕ဆံပင္ပုံစံကို အနည္းငယ္ ပြတ္သပ္႐ုံမွ်နဲ႔ ရႈပ္ပြသြားေအာင္ လုပ္ပစ္လိုက္ေတာ့တယ္။
ခ်ဴစစ္ယြမ္ငိုေတာ့မွာကို ျမင္လိုက္ရေတာ့ ရွန္မုအန္းက ေယြ႕ေယြ႕လက္ကိုလႊတ္ၿပီး ဝူယန္ရဲ႕လႈပ္ရွားမႈေတြကို ရပ္တန႔္ေစလိုက္တယ္။ ခ်ဴစစ္ယြမ္ကို သူ႔အနားေရာက္ေအာင္ ဆြဲေခၚၿပီး ေျပာလိုက္တယ္၊ "မစၥတာ ဝူ၊ ခင္ဗ်ား ဒီလိုဆက္လုပ္ေနရင္ စစ္ယြမ္ေလး အဆင္မေျပျဖစ္ေနလိမ့္မယ္"
ဝူယန္ျပန္ေျပာမွာကိုေတာင္ ေစာင့္မေနေတာ့ဘဲ ခ်ဴယီက ဝင္ေျပာလာတယ္၊ "မင္း ဒီမွာ ငါ့တူကို အႏိုင္က်င့္ေနတာေနာ္။ ငါ့အကိုျပန္လာတဲ့အခါက်ရင္ မင္းကြန္ပလိန္းတက္လို႔ေတာင္ မရဘူးမွတ္"
ခ်ဴယီ့အကိုလို႔ ေျပာလိုက္ခ်ိန္မွာ ဝူယန္ရဲ႕အေၾကာက္တရားကို ရွန္မုအန္း ရွင္းရွင္းလင္းလင္းႀကီး ခံစားလိုက္ရတယ္။
ေယြ႕ေယြ႕ သူ႔လက္ကိုလႊတ္ခ်လိုက္တဲ့ ရွန္မုအန္းကို ေနရာမွာတင္ မလႈပ္မယွက္နဲ႔ ေငးၾကည့္ေနခဲ့တယ္။
ခ်ဴယီက ဝူယန္ကို ႏွိပ္ကြပ္လိုက္တာကိုျမင္ၿပီး ရွန္မုအန္းက ေယြ႕ေယြ႕ကို သူ႔ေနာက္လက္တဖက္နဲ႔ လွမ္းကိုင္လိုက္တယ္။
ေယြ႕ေယြ႕က ရွန္မုအန္းကို ေမာ့ၾကည့္ရင္း ေစာနတုန္းက ကိုကိုအန္းအန္းက ဘာလို႔ သူ႔လက္ကိုလႊတ္လိုက္ရတာလဲဆိုတာကို ေတြးေနမိတယ္?
ဘာလို႔လဲ? ခ်ဴစစ္ယြမ္ေၾကာင့္လား?
ေယြ႕ေယြ႕ရဲ႕အၾကည့္ေတြက ခ်ဴစစ္ယြမ္အေပၚ က်ေရာက္ေနခဲ့တယ္၊ ခ်ဴစစ္ယြမ္က သူ႔ထက္ငယ္လို႔လား?
"ေအးပါကြာ၊ ေအးပါ၊ ထပ္မေျပာေတာ့ပါဘူး၊ အထဲဝင္ၾကရေအာင္" ဝူယန္က မေက်မနပ္နဲ႔ သူ႔လက္ကို ေဝွ႔ယမ္းျပၿပီး အိမ္ထဲကို ျပန္ဝင္သြားခဲ့တယ္။
"သြားရေအာင္" ခ်ဴယီက ရွန္မုအန္းကို ေျပာလာတယ္။
ရွန္မုအန္းက ေခါင္းညိတ္ျပလိုက္ၿပီး သူတို႔ေတြ အိမ္ထဲကို အတူတူဝင္လာခဲ့ၾကတယ္။
သူထိုင္ခုံမွာထိုင္ၿပီးၿပီးခ်င္းမွာပဲ ခ်ဴယီက ရွန္မုအန္းတေယာက္ ေကာင္ငယ္ေလးႏွစ္ေယာက္ကို သူ႔ရဲ႕ဘယ္ညာတဖက္စီမွာ ထားလိုက္တာကို ေတြ႕လိုက္ရတယ္။ ဝူယန္ခမ်ာ ေသေလာက္ေအာင္ ရယ္မိလုမတတ္ ျဖစ္သြားခဲ့တယ္။ ခ်ဴယီ့မွာလည္း ဒီလိုေန႔မ်ိဳးရွိလာတာက တကယ့္ကို စိတ္ဝင္စားစရာပဲ။
ပုံမွန္အားျဖင့္ ခ်ဴယီက လူတိုင္းကို မ်က္ႏွာထားတင္းတင္းျဖင့္သာ ဆက္ဆံေလ့ရွိၿပီး သူနဲ႔ဆုံခဲ့တဲ့ လူတိုင္းခမ်ာ သူ႔အေပၚ ယြမ္သန္း ၁၀၀ အေႂကြးတင္ေနသလိုမ်ိဳး ခံစားရေစတယ္။ သူဘယ္ေနရာသြားသြား အာ႐ုံစိုက္ခံရတဲ့အျပင္ တျခားလူေတြကလည္း သူနဲ႔ အလိုက္အထိုက္ေနေပးတတ္ၾကတယ္။
သို႔ေပမဲ့ ကေလးႏွစ္ေယာက္နဲ႔ ႀကဳံေတြ႕လာခ်ိန္မွာေတာ့ ခ်ဴယီ့ရဲ႕နည္းလမ္းေဟာင္းေတြအားလုံး အသုံးမဝင္ေတာ့ေခ်။
ဝူယန္တေယာက္ သူအက်ယ္ႀကီးရယ္မိသြားလို႔ အ႐ိုက္ခံရမလား စိုးရိမ္မိတာေၾကာင့္ ခေရာ္ခ႐ြတ္ႏိုင္စြာ ေခ်ာင္းႏွစ္ႀကိမ္ဟန႔္လိုက္ရင္း၊ "ငါ မီးဖိုေခ်ာင္ထဲ အရင္သြားလိုက္အုံးမယ္၊ မၾကာခင္ ျပင္ဆင္ၿပီးသြားမွာပါ။ ေက်းဇူးျပဳၿပီး ခဏေစာင့္ေပးပါေနာ္" ေျပာၿပီးတာနဲ႔ သူခပ္သြက္သြက္ထြက္သြားၿပီး ခ်ဴယီ့ကို ေက်ာေပးလိုက္ၿပီးေနာက္ စတင္ရယ္ေမာေတာ့တယ္။
ႏွစ္ေပါင္းမ်ားစြာ ညီအကိုေကာင္းေတြျဖစ္လာခဲ့တာေၾကာင့္ ခ်ဴယီ မေပ်ာ္သေ႐ြ႕ သူကေတာ့ ေပ်ာ္႐ႊင္ေနမိတာပင္။
ဒီလို႐ိုးသားပြင့္လင္းတဲ့ သူငယ္ခ်င္းသံေယာဇဥ္နဲ႔အတူ ဝူယန္က သူ႔ကိုယ္သူ ပိုလို႔ေတာင္ ခံစားသြားရတယ္။
ေယြ႕ေယြ႕က ရွန္မုအန္းရဲ႕ညာဘက္ျခမ္းမွာ ထိုင္ၿပီး ခ်ဴစစ္ယြမ္က ရွန္မုအန္းရဲ႕ဘယ္ဘက္ျခမ္းမွာ ထိုင္ေနတာျဖစ္တယ္။ ေကာင္ေလးႏွစ္ေယာက္က ထိုင္ၿပီးၿပီးခ်င္းမွာပဲ ရွန္မုအန္းဆီ သူတို႔အၾကည့္ေတြကို ပစ္လႊတ္ထားၾကတယ္။ ခ်ဴယီ့ကိုဆန႔္က်င္မဲ့ သူတို႔ရဲ႕ဘုံပန္းတိုင္က ကေလးႏွစ္ဦးကို အခ်ိန္အတိုင္းအတာတခုအထိ ၿငိမ္းခ်မ္းေရးရေစခဲ့တယ္။
ခ်ဴယီ ထိုသုံးေယာက္အတြက္ ေရငွဲ႔ေပးလိုက္တယ္။ သူအမွားလုပ္မိလိုက္ၿပီလို႔ ခံစားေနရတယ္၊ ကေလးေတြကို သူတို႔နဲ႔အတူတူ ေခၚမလာခဲ့သင့္ဘူး။ ေကာင္ငယ္ေလးႏွစ္ေယာက္ကို တျခားေနရာေခၚသြားၿပီး ကစားခိုင္းလိုက္ဖို႔ သူ႔လက္ေထာက္ကို အကူအညီေတာင္းလိုက္ရမွာ။
"ဒီမွာ Lego ရွိတယ္၊ မင္းတို႔ေတြ သြားကစားၾကအုံးမလား?" ခ်ဴယီတေယာက္ မီးသီးေလးႏွစ္လုံးကို ဖယ္ထုတ္ဖို႔ ကစားစရာအ႐ုပ္ေတြနဲ႔ ႀကိဳးစားေခ်ာ့ေမာ့လိုက္တယ္။
သို႔ေပမဲ့ အဲ့ဒီမီးသီးေလးႏွစ္လုံးက လုံးဝကို အရွက္မရွိၾကဘူး။ ႏွစ္ေယာက္လုံး တၿပိဳင္နက္တည္း ေခါင္းေတြခါယမ္းၿပီး တညီတၫြတ္တည္း ျပန္ေျပာလာၾကတယ္၊ "ဘယ္လိုကစားရမွန္း မသိဘူး"
ဒီအေၾကာင္းျပခ်က္က တကယ့္ကို ထြင္ဉာဏ္ေကာင္းလွတယ္။
ခ်ဴယီ ထိုႏွစ္ေယာက္ကို ဒီအတိုင္း ဖယ္ထုတ္ခ်င္တာသာျဖစ္တယ္၊ သူတို႔ေတြကို ဘယ္လိုေဆာ့ရမလဲ သူသင္မေပးခ်င္သလို ရွန္မုအန္းကိုလည္း ေပးမသင္ေစခ်င္ဘူး။
"ခဏၾကာရင္ ညစာစားရေတာ့မွာမဟုတ္လား?" ရွန္မုအန္းက ေျပာလာတယ္၊ "ကစားဖို႔အခ်ိန္မွမရွိတာကို၊ ငါတို႔ေတြ လက္အရင္သြားေဆးၾကတာေပါ့"
ခ်ဴယီက သန႔္စင္ခန္းဆီသို႔ ၫႊန္ျပေပးၿပီး ရွန္မုအန္း ကေလးႏွစ္ေယာက္ကို လက္ေဆးဖို႔ေခၚသြားတာကို ေစာင့္ၾကည့္ေနခဲ့တယ္။ ေနာက္တေခါက္က်ရင္ေတာ့ ရွန္မုအန္းတေယာက္တည္းနဲ႔ဘဲ ခ်ိန္းဆိုမႈလုပ္ဖို႔ သူေသေသခ်ာခ်ာ အစီအစဥ္ဆြဲထားရမယ္လို႔ ပိုျပင္းျပင္းထန္ထန္ ခံစားလိုက္ရတယ္။
မၾကာခင္မွာပဲ သုံးေယာက္သား ျပန္ေရာက္လာၾကၿပီး ေကာင္ငယ္ေလးႏွစ္ေယာက္က သူတို႔လက္ေတြ ညစ္ပတ္သြားမွာ စိုးရိမ္ေနၾကသလိုမ်ိဳး လက္ေတြကို ေျမႇာက္ထားေနၾကဆဲျဖစ္တယ္။
ခဏၾကာၿပီးေနာက္ ဝူယန္က အစားအစာေတြ သယ္လာတဲ့ လူႏွစ္ေယာက္နဲ႔အတူ ျပန္ထြက္လာခဲ့တယ္။
ဝူယန္က သူတို႔ဆိုင္ရဲ႕အမွာစာေတြထဲမွာ စားသုံးသူေတြရဲ႕အျမင္ေတြကို လက္မခံေပးဘူး။ ဧည့္သည္ေတြအေနနဲ႔ သူျပင္ဆင္ေပးတာေတြကိုပဲ သုံးေဆာင္ၾကရမွာျဖစ္တယ္။ သူတို႔မွာ ေ႐ြးခ်ယ္ခြင့္မရွိဘူး။ သူနဲ႔ ညီအကိုလို ေပါင္းသင္းဆက္ဆံတဲ့သူဆိုရင္ေတာင္ ဒီအခ်က္က အတူတူပါပဲ။ သို႔ေပသည့္ ဧည့္သည္ေတြ မစားတဲ့ဟာမ်ိဳးကို ဝူယန္႔ထံ ႀကိဳတင္ေျပာျပထားခဲ့မယ္ဆိုရင္ သူ႔အေနနဲ႔ အဲ့ဒီဟာေတြကို အမွတ္တမဲ့ မခ်က္ျပဳတ္ေပးမိတာေၾကာင့္ စားစရာေတြ အလဟာသမျဖစ္ေတာ့ဘူး။
သူ႔ညီအကိုေကာင္းျဖစ္သူရဲ႕အႀကိဳက္နဲ႔ပတ္သတ္ၿပီး ခ်ဴယီက သူေရာက္မလာခင္မွာ ဝူယန႔္ထံ message လွမ္းပို႔ထားၿပီးသားျဖစ္တယ္။ အဲ့ဒါေၾကာင့္ ဒီတေခါက္ ဝူယန္ရဲ႕ဟင္းပြဲေတြက ရွိေနတဲ့သူေတြ ေသခ်ာေပါက္ ႀကိဳက္ေလာက္မဲ့ အစားအစာေတြပဲျဖစ္တယ္။
ဝူယန္တေယာက္ သူ႔စားစရာေတြကို အနံ႔ရႉလိုက္ၿပီး စိတ္ေက်နပ္စြာ ေခါင္းညိတ္လိုက္တယ္။ အဲ့ဒီအုပ္စုထဲကို သူပါ ဝင္ထိုင္ၿပီး စားေသာက္လိုက္ရရင္ေကာင္းမွာပဲလို႔ သူေတြးေနခဲ့ေပမဲ့ ခ်ဴယီက တူကိုင္ထားတဲ့ သူ႔လက္ျပင္ကို ႐ိုက္ခ်လိုက္တယ္။
"ငါ မင္းကို ညစာစားဖို႔ ဖိတ္မထားဘူး" ဒီမွာ မီးသီးေလးႏွစ္လုံး ရွိေနၿပီးသားျဖစ္ေနၿပီေလ၊ ေနာက္ထပ္တလုံး ခ်ဴယီထပ္မထည့္ခ်င္ေတာ့ဘူး၊ အထူးသျဖင့္ အႀကီးႀကီးတခုေပါ့။
"ေဟ့ေကာင္၊ မင္း၊ ဒီမွာရွိတဲ့ဟာေတြ အကုန္ကုန္ေအာင္ မစားႏိုင္ရင္ ဒီေန႔အတြက္ ေဈးႏွစ္ဆေပးရမွာေနာ္!" ဝူယန္ ထခုန္လိုက္ရင္း တူကို စားပြဲေပၚမွာတင္ၿပီး ထြက္သြားေတာ့တယ္။
ရွန္မုအန္းက အတူတူစားလည္း အဆင္ေျပပါတယ္လို႔ ေျပာခ်င္ေပမဲ့ ခ်ဴယီက သူ႔ကို ၾကားျဖတ္ေျပာလာခဲ့တယ္၊ "ကေလးႏွစ္ေယာက္နဲ႔ အရင္စားႏွင့္လိုက္ေနာ္။ သူအဆင္ေျပပါတယ္။ ခဏေနရင္ သူျပန္လာလိမ့္မယ္"
"အင္း" ရွန္မုအန္း သိပ္အမ်ားႀကီးမေတြးဘဲ ေခါင္းညိတ္လိုက္တယ္။ ကုန္ကုန္ေျပာရရင္ ခ်ဴယီက သူ႔သူငယ္ခ်င္းနဲ႔ ပိုရင္းႏွီးၿပီးသားျဖစ္တာေၾကာင့္ သူဝင္စြက္ဖက္စရာ မလိုေခ်။
"မင္းတို႔ ဘာစားခ်င္လဲ? ဆရာအန္းအန္း ဘာယူေပးရမလဲ?" ရွန္မုအန္း တူေကာက္ကိုင္ၿပီး ကေလးေတြကို သူတို႔စားခ်င္တဲ့ဟာကို အရင္ေ႐ြးခိုင္းလိုက္တယ္။
ခ်ဴစစ္ယြမ္က ဟင္းပြဲအားလုံးကို နည္းနည္းစီေလာက္ လိုခ်င္ေပမဲ့ ရွန္မုအန္းက စားစရာေတြအမ်ားႀကီးကို သူ မကုန္ႏိုင္မွာ စိုးရိမ္တာေၾကာင့္ ဟင္းပြဲအနည္းငယ္ကို သူအရင္ထည့္ေပးၿပီး သူ႔ကို ျဖည္းျဖည္းခ်င္း စားေစတယ္။ ေယြ႕ေယြ႕က ေခါင္းသာခါျပလိုက္တယ္။ ရွန္မုအန္းထည့္ေပးသမွ် ဘယ္ဟင္းကိုမဆို သူစားႏိုင္တယ္၊ သူက အစားဂ်ီးမ်ားသူ လုံးဝ မဟုတ္ဘူး။
ရွန္မုအန္း စိတ္မေကာင္းစြာနဲ႔ ေယြ႕ေယြ႕ေခါင္းကို ပြတ္သပ္လိုက္တယ္။ ဒီအ႐ြယ္ကေလးတေယာက္ ဒီလိုျပဳမူတာမ်ိဳးက ရွားတယ္။ ဒီအ႐ြယ္ကေလးအမ်ားစုက အလြန္ဆိုးတတ္ၾကတယ္၊ ေနာက္ၿပီး ေယြ႕ေယြ႕ေလး ပိုၿပီးလိမၼာေလေလ၊ ရွန္မုအန္း ပိုစိတ္ပူေလေလပင္။
ဒီေလာက္ငယ္ေသးတဲ့ ကေလးေလးက ဒီလိုအရာေတြကို ဘာေၾကာင့္မ်ား ေတြ႕ႀကဳံေနရတာလဲ?
ရွန္မုအန္းရွိေနတာေၾကာင့္ ခ်ဴစစ္ယြမ္က သူ႔ကို ဆက္တိုက္အပူကပ္ေနၿပီး သူ႔အတြက္ ဟင္းေတြကူထည့္ေပးဖို႔ ေတာင္းဆိုေနေတာ့တယ္။
ခ်ဴယီ ဆက္ၿပီးသည္းမခံႏိုင္ေတာ့ဘူး။ ခ်ဴစစ္ယြမ္ကို သူလွမ္းဆြဲၿပီး မတ္မတ္ထိုင္ခိုင္းလိုက္တယ္၊ "မင္းစားခ်င္တာကို ငါထည့္ေပးမယ္"
"မလိုပါဘူး" ခ်ဴစစ္ယြမ္က သူ႔ေခါင္းကိုလွည့္ၿပီး ဆရာအန္းအန္းကိုသာ ဆက္ၿပီးကပ္တြယ္ေနေလတယ္။
ခ်ဴယီက သူ႔ကို လုံးဝ အလိုမလိုက္ေခ်၊ "မင္းမစားခ်င္ရင္ မစားနဲ႔ေပါ့။ မင္းက အန္းအန္းကိုပဲ ကပ္ေနေတာ့ သူဘယ္လိုလုပ္စားရပါ့မလဲ?"
ခ်ဴယီ့ပါးစပ္ကေန သူ႔နာမည္ကို ၾကားလိုက္ရခ်ိန္မွာ ရွန္မုအန္း အနည္းငယ္ ထူးဆန္းသလို ခံစားလိုက္ရတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ သူ႔ကို အန္းအန္းလို႔ တိုက္႐ိုက္ေခၚတာ သူ႔အကိုႀကီးတေယာက္ပဲရွိတယ္။ အခု ခ်ဴယီ့ပါးစပ္ကေန သူၾကားလိုက္ရေတာ့ နည္းနည္းထူးဆန္းေနသလို ခံစားရတယ္။
ဒါကိုၾကားၿပီး ခ်ဴစစ္ယြမ္ စိတ္မေကာင္းျဖစ္သြားေတာ့တယ္။ ေယြ႕ေယြ႕က သူ႔ကိုၾကည့္ေနၿပီး ႏွစ္သိမ့္ေပးခ်င္ေပမဲ့ ခ်ဴစစ္ယြမ္လ်စ္လ်ဴရႈတာကို ခံလိုက္ရတယ္။
"မင္းငိုရင္ ဒီည ဘာမွမစားရေတာ့ဘူးေနာ္" ခ်ဴယီက ေအးစက္စြာ ေျပာလိုက္တယ္။
ရွန္မုအန္း အံ့အားသင့္သြားခဲ့တယ္၊ ကိစၥေတြက ႐ုတ္တရက္ႀကီး ဒီလိုျဖစ္ကုန္တာကို သူနားမလည္ႏိုင္ေတာ့ဘူး။
"သား ဘြားဘြားကိုဖုန္းေခၚခ်င္တယ္!" ခ်ဴစစ္ယြမ္က သူ႔မ်က္လုံးေတြကို ပြတ္သပ္ၿပီး မေက်မနပ္ ေျပာလာတယ္၊ "ဘြားဘြားကို တိုင္ေျပာခ်င္လို႔!"
ခ်ဴယီက ေလွာင္ေျပာင္လိုက္ရင္း သူ႔ဖုန္းကို ခ်ဴစစ္ယြမ္ထံ ပစ္ေပးၿပီး ေျပာလိုက္တယ္၊ "ဆက္ေလ"
ခ်ဴစစ္ယြမ္က ဒါကိုၾကားေတာ့ ကြၽမ္းက်င္စြာနဲ႔ ဖုန္းကိုဖြင့္ၿပီး သူ႔အဘြားရဲ႕နံပါတ္ကို ေခၚလိုက္တယ္။
ဖုန္းခ်ိတ္ဆက္ၿပီးၿပီးခ်င္းမွာပဲ ခ်ဴစစ္ယြမ္က ေၾကကြဲဝမ္းနည္းမႈအျပည့္နဲ႔ ေျပာလိုက္တာက၊ "ဘြားဘြား! သား ဒီဦးေလးကို မလိုခ်င္ေတာ့ဘူး၊ သားကို ေနာက္ထပ္ဦးေလးတေယာက္ ေပးပါ!"
[ TL Note : အိုေက~ ဒါဆို ဦးဦးခ်ဴယီကို ဆရာအန္းအန္းဆီ ေပးလိုက္ၾကတာေပါ့ hehehe ]