HONEY
By OliviaThet_Eleanor
341K 24K 635
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More
Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 30 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi
Chapter 34 - Zawgyi
633 40 0
By OliviaThet_Eleanor
အိမ်နေရင်း စူးကနဲ့ ကျလာသည့် နေရောင်ကြောင့် မြင့်မြတ်ပိုင်နောင် နိုးလာခဲ့သည်။ နေရောင်စူးစူးကို အံတုရင်း မျက်မှောင်ကျုတ်ကာကြည့်မိတော့ ပြတင်းပေါက်လိုက်ကာကို အညှိုးရှိရှိဖွင့်လိုက်သည့် သျှင်မင်းသန့်ကို တွေ့လိုက်ရသည်။
"ဦးလေးကြီး နိုးသွားတာလား"
ရည်ရွယ်ချက်ရှိရှိနှင့် နှိုးလိုက်ပြီးမှ မေးလာသည့် စကားကြောင့် မြင့်မြတ်ပိုင်နောင် ခေါင်းကို ခါရမ်းကာ ထထိုင်လိုက်မိ၏။ သူထထိုင်လိုက်သည့်အချိန်မှာပင် ဟန်နီက သူ့အပေါ်ခုန်တက်လာပြီး ခြုံထားသည့်စောင်အပါးပေါ်တက်အိပ်သည်။
"ချာတိတ် နိုးအောင်လုပ်လိုက်တာမဟုတ်ဘူးလား"
"ပေါက်ပေါက်ရှာရှာ"
အမှန်တကယ်က သျှင်မင်းသန့် အဲ့လောက်စိတ်ဆိုးသည်လည်း မဟုတ်တော့ပါ။ မနေ့ည ကြက်ကြော်မြင်ကတည်းက စိတ်ဆိုးသမျှအကုန်ကြေနေပြီဖြစ်၏။ သို့သော် စိတ်ဆိုးလို့ရတုန်းလေး ကောင်းကောင်းစိတ်ဆိုးနေခြင်းဖြစ်သည်။
သျှင်မင်းသန့် အနားကပ်သွားလိုက်တော့ သူ့ကို မော့ကြည့်နေသည့် မြင့်မြတ်ပိုင်နောင်က အိပ်ရာထခါစ ဆံပင်တို့ကို ဆွဲဖွလိုက်သည်။
"ထတော့လေ ထလည်းမပြေးဘူး"
ဟုတ်သည်။ သျှင်မင်းသန့်နှင့်မတွေ့ခင်က တစ်ရက်ပျက်ဖို့ပင် ခက်ခဲလှသည့် မနက်ခင်း ထပြေးတတ်သည့် အလေ့အကျင့်သည် မြင့်မြတ်ပိုင်နောင်ထံတွင် ပျောက်ခြင်းမလှပျောက်သွားခဲ့၏။ အကြောင်းက သူထလျှင် သျှင်မင်းသန့်ကပါ နိုးသွားတတ်တာကြောင့် မထတော့တာဖြစ်သည်ဟုပြောသော်လည်း တကယ်တည်းက သူ့ချာတိတ်ကလေးနှင့် နိုးထရသည့် မနက်ခင်းတွေအား သူကိုယ်တိုင် မဖျက်ဆီးရက်သောကြောင့် ဖြစ်သည်။
"မပြေးချင်ပါဘူး"
မြင့်မြတ်ပိုင်နောင်က ပြောလိုက်ရင်း သျှင်မင်းသန့်အား အိပ်ရာထဲသို့ ဆွဲချလိုက်၏။ ထို့နောက် အောက်ကို ဖိထားတော့ သျှင်မင်းသန့်က မျက်ပေစောင်းနှင့်ကြည့်သည်။ ကြောင်မလေးက သျှင်မင်းသန့်ပေါ်သို့ကျသွားပြီး အလယ်တွေဖိမိသွားသဖြင့် ယက်ကန်ယက်ကန်ထွက်လာရှာသည်။
ထို့နောက် သျှင်မင်းသန့် မျက်နှာနားတွင် သွားထိုင်ကာ သူ့အားတက်ဖိလိုက်သည့် မြင့်မြတ်ပိုင်နောင်အား မျက်မှောင်ကုတ်ကာ ကြည့်နေ၏။ သို့သော် မြင့်မြတ်ပိုင်နောင်မှာသူ့ကိုရှိသည်ဟုထင်သေးသလားဆိုတာကိုတော့ ကော်ဖီရောင်ကြောင်မလေးအနေနှင့် ဉာဏ်မမှီခဲ့ချေ။
"ဦးလေးကြီးနော်"
"အင်း"
"ဖယ်ဗျ"
"မဖယ်ချင်ဘူး"
ပြောရင်း မြင့်မြတ်ပိုင်နောင်က သျှင်မင်းသန့် ပါးတစ်ဖက်အား ငုံ့ကာ နမ်းလိုက်၏။
"မျက်နှာလည်း မသစ်ရသေးဘဲနဲ့"
"ညက သစ်ပြီးမှအိပ်တာ"
သူပြောလိုက်တော့ သျှင်မင်းသန့်က မနိုင်ဘူးဆိုသည့် သဘောနှင့် သက်ပြင်းချလိုက်ကာ သူ့ကိုကြည့်နေ၏။ မြင့်မြတ်ပိုင်နောင် ခေါင်းအုံးပေါ်ကို ပြန်ခေါင်းချလိုက်ပြီး သျှင်မင်းသန့်ကလည်း သူ့လက်မောင်းပေါ်ရောက်လာခဲ့သည်။
ပြတင်းပေါက်မှထိုးကျနေသည့် နေရောင်ကို ကျောပေးလိုက်ပြီး မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့်အား တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
"ဦးလေးကြီး"
"ဗျာ"
အိပ်ရာထခါစမို့ ဗျာဆိုသည့်အသံနောက်တွင် ခပ်အက်အက်အသံက တွဲပါလာခဲ့၏။
"ဦးလေးကြီး"
"Yes, Love"
မျက်လုံးတွေမှိတ်ထားရင်းမှ ထူးလာသည့်အသံသည် ခါတိုင်းထူးသံတွေထက်ပို ပိုနူးညံ့သလို ခပ်ရှရှဖြစ်နေခဲ့သည်။
"မထတော့ဘူးလား"
"ပြန်အိပ်ရအောင်"
မြင့်မြတ်ပိုင်နောင် ဆေးခန်းကို နောက်ကျမှရောက်ရောက်သွားရသည့် အကြောင်းအရင်းကို မေးစရာပင်မလို။
_________________________________________________
"မမ ငါအပြန်ကျ ချာတိတ်ကို ၀င်ခေါ်မယ်"
ညနေလေးနာရီသာရှိသေးသော်လည်း မြင့်မြတ်ပိုင်နောင် အစ်မဖြစ်သူကို ဖုန်းခေါ်လိုက်ကာ မြင့်မြတ်ပိုင်နောင် အသိပေးလိုက်မိသည်။ ဒီကနေ့ သျှင်မင်းသန့်အား မုန့်စားဖို့ဟုဆိုကာ အိမ်တိုင်ရာရောက်လာခေါ်သွားခြင်းပင်။
"ဘာလုပ်မှာလဲ စောသေးတာကို ပြီးမှ ငါပြန်လိုက်ပို့လိုက်မယ်"
"ဘာလုပ်မှာလဲ နောက်ကျတဲ့အထိ ငါတစ်ခါတည်းဝင်ခေါ်သွားမှာ"
"ထည့်မပေးလိုက်ဘူး"
"ချာတိတ်က နင်နဲ့လက်ထပ်ထားတာလား ငါနဲ့လက်ထပ်ထားတာလား"
"သျှင်မင်းက နင်နဲ့အရင်တွေ့တာလား ငါနဲ့အရင်တွေ့တာလား"
"မမ တူမလားဟ"
"တူတူ မတူတူ"
"လာခေါ်မှာ"
ထိုသို့တစ်ခွန်းတည်းပြောလိုက်ကာ မြင့်မြတ်ပိုင်နောင် ဖုန်းချလိုက်သည်။ ထို့နောက် ချက်ချင်းပင် မိုးမြတ်နောင်အိမ်သို့ ထွက်လာခဲ့လိုက်၏။ 
အိမ်ထဲကိုဝင်လိုက်သည်နှင့် ဂျုံမှုန်တွေပေနေသည့် သျှင်မင်းသန့်ကပြေးထွက်လာသည်။ သို့သော် သူလာမည်ကိုသိ၍မဟုတ်။ လက်ဆေးဖို့ဟုဆိုကာ လျှပ်ပြာလျှပ်ပြာပြေးလာခြင်းဖြစ်သည်။ ထင်သည့်အတိုင်းပင် သူ့ကို တည့်တည့်ဝင်တိုက်၏။
သူ့ငုံ့ကြည့်လိုက်တော့ သွားလေးဖြဲကာ ဂျုံမှုန့်တွေပေနေသည့် လက်နှစ်ဖက်အား သူ့အင်္ကျီသို့မထိမိအောင် မြှောက်ထား၏။ မြင့်မြတ်ပိုင်နောင် မျက်နှာသေနှင့်ပဲ ကြည့်လိုက်ကာ နှာခေါင်းပေါ်ပေနေသည့် ဂျုံမှုန့်တွေကို လက်မနှင့် သုတ်ပေးလိုက်၏။
"ဘာလုပ်နေတာလဲ"
"သားငယ်လေး လက်ဆေးပြီးရင်"
မီးဖိုချောင်ထဲကထွက်လာသည့်အသံကြောင့် မြင့်မြတ်ပိုင်နောင် မျက်ဝန်းတွေကျဉ်းမြောင်းသွားသည်။ ဖက်ထုပ်ဗန်းကိုကိုင်ကာ ထွက်လာသည့် ဒေါ်မိုးမိုးသူကလည်း သူ့ကိုမြင်တော့ အံ့သြသွားပုံပင်။
"ချာတိတ်"
မြင့်မြတ်ပိုင်နောင် ရေရွတ်လိုက်ကာ ချက်ချင်းပင် သျှင်မင်းသန့်အား သူ့အနောက်သို့ ပို့လိုက်ရင်း ဒေါ်မိုးမိုးသူအား စူးစူးရဲရဲကြည့်လိုက်မိ၏။ 
"မဟုတ်ဘူး အန်တီက ကျွန်တော့်အတွက် ဖက်ထုပ်လုပ်ပေးနေတာ"
နောက်ကပြောလာသည့်အသံကြောင့် မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့်အား ငှဲ့ကာ ကြည့်လိုက်၏။ ခေါင်းကိုတဆတ်ဆတ်ညိတ်ပြကာ တကယ်ပါဟုပြောလာခဲ့သူကြောင့် မြင့်မြတ်ပိုင်နောင်  စိတ်ကို လျှော့လိုက်နိုင်သည်။
"အမေ အရင်ပေါင်းမှာမို့လား ရေနွေးပွက်နေပြီ"
တစ်ဆက်တည်းထွက်လာသည့် မိုးမြတ်နောင်ကလည်း မြင့်မြတ်ပိုင်နောင် ရောက်နေသည်ကို သိသွား၏။
"ပိုင်နောင် ရောက်နေတာလား"
"အင်း"
မြင့်မြတ်ပိုင်နောင် အင်းတစ်လုံးပြောကာ ဧည့်ခန်းထဲဝင်ထိုင်နေလိုက်သည်။
"ဦးလေးကြီးရော ဖက်ထုပ်လုပ်ဦးမလား"
ထိုင်ချချလိုက်ချင်းပင် သျှင်မင်းသန့်က သူ့အနားရောက်လာကာ မေး၏။ 
"ကိုယ် မလုပ်တတ်"
"လာပါ ဦးလေးကြီးလုပ်တာစားချင်တယ်"
ထိုစကားကြောင့်ပင် မြင့်မြတ်ပိုင်နောင် သျှင်မင်းသန့် ဆွဲခေါ်ရာ မီးဖိုချောင်ထဲသို့ ရောက်ရှိသွားခဲ့ရသည်။ စားပွဲပေါ်တွင် ဖက်ထုပ်အစာများနှင့် ထုပ်ပြီးသား ဖက်ထုပ်အစိမ်းလေးတွေက တန်းစီနေသည်။ သျှင်မင်းသန့်က ဂျုံပြားလေးတွေရှိနေသည့်နေရာသို့ မြင့်မြတ်ပိုင်နောင်အား ထိုင်ခိုင်းပြီး သူလည်း ဘေးကနေ၀င်ထိုင်သည်။
"နင်က အစောကြီးလာခေါ်နေတာ ဟိုကလေးတွေတောင် ခဏနေမှလာမလို့တဲ့"
"အင်း"
"ဦးလေးကြီး ကျွန်တော်ပြမယ် ဒီမှာကြည့်"
သျှင်မင်းသန့်က ဂျုံပြားလေးကို ဂျုံမှုန့်အနည်းငယ်ဖြူးကာ အပေါ်က ဖန်ခွက်နှင့် အနည်းငယ်ကြီးသွားအောင် လှိမ့်လိုက်သည်။ ထို့နောက် အစာလေးတစ်ဇွန်းအသာထည့်ပြီး အနားသပ်လေးတွေအား ကြက်ဥအနှစ်သုတ်ကာ ဖိချလိုက်၏။ မလှသော်လည်း အဆင်ပြေသည့် ဖက်ထုပ်ကလေးဖြစ်သွားလေသည်။
"သားငယ်လေး လက်ဆေးမယ်ဆိုပြီး ထပ်ကိုင်နေတာလား"
အိုးကပ်ကြော်မှာမို့ အရင်ပြုတ်ရဦးမည်ဖြစ်သည့် ဖက်ထုပ်စိမ်းတွေကို ရေနွေးပွက်ပွက်ဆူသည့်အထဲထည့်နေသည့် ဒေါ်မိုးမိုးသူက လှမ်းကာပြောလာသည်။ ဒေါ်မိုးမိုးသူက သားအပေါ်ရော၊ သမီးအပေါ်ရောပါ မပေးလိုက်ရသည့် မေတ္တာတို့အား သားမက်ကလေးပေါ်တွင် ပုံအောပေးအပ်နေသလိုပင်။ ခေါ်သည်ကအစ သားငယ်လေးဟုသုံးနှုန်းပြီး ချိုသာလှသည်။
"ဦးလေးကြီးကို ပြမလို့ ဟီး၊ ဦးလေးကြီး လုပ်ကြည့်"
သျှင်မင်းသန့်ကပြောလာပြီး မြင့်မြတ်ပိုင်နောင်လက်ထဲကို ဂျုံပြားလေးတစ်ပြားထည့်ပေး၏။ မြင့်မြတ်ပိုင်နောင်လည်း ထိုဂျုံပြားလေးကို သျှင်မင်းသန့်လုပ်သည့်အတိုင်း ဂျုံမှုန့်ကလေးဖြူးကာ ဖန်ခွက်နှင့်လှိမ့်လိုက်သည်။ ထို့နောက် အစာထည့်၏။
ကြက်ဥအနှစ်သုတ်ပြီး ပိတ်သည့်အခါတွင်မူ အစာထည့်တာများသွား၍လားမသိ၊ ဖက်ထုပ်သည် ပေါက်ပြဲသွားသည်။
"သား အဲ့လိုမဟုတ်ဘူး မေမေပြမယ်"
ရုတ်တရတ်သူ့အနားရောက်လာသော ဒေါ်မိုးမိုးသူက သူ့လက်ထဲက ဖက်ထုပ်ကိုယူကာ နောက်ထပ်တစ်လွှာလေးထပ်ပြီး လှလှပပကလေး ပိတ်ပြလိုက်၏။
"ဒီလိုလေး လက်ကိုထားပြီးတော့ လှည့်သွားလိုက်ရုံပဲ၊ လှလှလေးဖြစ်လာမှာ"
ဒေါ်မိုးမိုးသူက နောက်ထပ်တစ်ရွက်ကိုလည်းယူကာ ဖန်ခွက်နှင့်လှိမ့်ပြီး မြင့်မြတ်ပိုင်နောင်အား ဖက်ထုပ်ထုပ်နည်းပြနေခဲ့သည်။
"ဒီလောက်ဆိုရပြီ၊ မဟုတ်ရင်  ပေါက်သွားတယ်၊ အစာကလည်း တစ်ဇွန်းစာလောက်တင်၊ အရည်တွေသေချာစစ်ထည့်ရယ်။"
"မေမေ့ကို ကြက်ဥအနှစ်ပန်းကန်လေးပေး"
ထိုအပြောကြောင့် မြင့်မြတ်ပိုင်နောင် ကြောင်ကြည့်နေရာမှ ကြက်ဥအနှစ်ထည့်ထားသည့် ပန်းကန်အား တွန်းပေးလိုက်သည်။
"ဒီလိုနည်းနည်းလေးသုတ်ပြီး ဒီလိုအလွယ်ဖိလိုက်လည်းရတယ်"
မြင့်မြတ်ပိုင်နောင်သည် သူ့မိခင် ဖက်ထုပ်လုပ်ကျွမ်းကြောင်းကို အသက်သုံးဆယ်အရွယ်မှ ပထမဆုံးအကြိမ်အနေနှင့်သိရှိခဲ့ရ၏။
"ဦးလေးကြီး  ထပ်လုပ်ကြည့်၊ ရော့"
"အင်း"
သျှင်မင်းသန့်ကပြောပြီး မြင့်မြတ်ပိုင်နောင် လက်ထဲသို့ ဂျုံပြားလေးထပ်ထည့်ပေးကာ သူပါလိုက်ကူပေး၏။
"အင်း ဟုတ်တယ် သား ဒီလိုလေး ဖိလိုက်"
ဖက်ထုပ်ကလေးသည် မလှမပလေးဖြစ်သော်ညား ပီပီပြင်ပြင်ကလေးတော့ ဖြစ်သွားခဲ့သည်။ မြင့်မြတ်ပိုင်နောင်သည် ထိုဖက်ထုပ်ကလေးအား အတန်ကြာအောင် စိုက်ကြည့်နေခဲ့မိ၏။ ဒေါ်မိုးမိုးသူသည်လည်း သားဖြစ်သူအား မျက်ရည်ကျလုကျခင် မျက်ဝန်းတို့နှင့် ကြည့်နေမိခဲ့သည်။
"ဦးလေးကြီး"
"ဟင်"
"လုပ်လေ ရော့၊ အများကြီးလုပ်ရမှာ"
သူ့ရှေ့ကို ဂျုံပြားအထပ်လိုက်လာချပေးသူကြောင့် မြင့်မြတ်ပိုင်နောင်ပြုံးလိုက်မိ၏။ 
"ကိုယ် ချာတိတ်ကိုလာခေါ်တာ၊ အခုတော့ ဖက်ထုပ်ထုပ်နေရပြီ"
"အဲဒီတော့ မကျေနပ်ဘူးလား"
"ချာတိတ်နဲ့သာဆို ဘာနေနေကျေနပ်တယ်"
______________________________________________
"ဦးလေးကြီး"
"Yes, love"
မြင့်မြတ်ပိုင်နောင် ဧည့်ခန်းထဲတွင်ထိုင်ကာ ဖုန်းကြည့်နေတုန်း ခေါ်သံကြားတာမို့ မော့ကြည့်ကာ ထူးလိုက်၏။
"ဟိုဟာ"
သျှင်မင်းသန့်က သူ့အနားရောက်လာကာ ဘေးတွင်ဝင်ထိုင်ရင်း စကားဦးပျိုး၏။ ဖက်ထုပ်ရပြီးတော့မကြာခင်ပင်၊ ဟေမာန်ဦးနှင့် ရာဇာလင်းတို့အတွဲရောက်လာခဲ့ပြီး သော်တာလည်း ဆေးခန်းကနေပြန်လာခဲ့ပြီဖြစ်သည်။ သျှင်မင်းသန့်က မပြန်ချင်သေးဘူးဆိုသည်ကြောင့် မြင့်မြတ်ပိုင်နောင် ဧည့်ခန်းထဲတွင် ထွက်ကာ ထိုင်စောင့်နေခြင်းဖြစ်သည်။
"ဟေမာန်ဦးတို့က သောက်ကြမလို့တဲ့ အဲဒါ"
"အင်း"
"ကျွန်တော်လည်း"
"အင်း"
"သောက်မလို့ အသိလာပေးတာ"
မသောက်ခိုင်းလည်း သောက်မည်ဟု စစ်ကြေညာလိုက်သည်နှင့်အတူတူပဲမို့ မြင့်မြတ်ပိုင်နောင် ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်သွားရသည်။
"နည်းနည်းပဲနော်"
"ဦးလေးကြီးကလည်း"
"သျှင်မင်းသန့် ငါတို့သွားဝယ်တော့မလို့ လိုက်မှာလား၊ ဒေါက်တာ သူ့ကို သောက်ခိုင်းမှာလား"
ဟေမာန်ဦးက မီးဖိုချောင်ထဲကထွက်လာကာ မြင့်မြတ်ပိုင်နောင်ကိုပါ အမေးပြု၏။
"ချာတိတ်သဘောပါ"
မြင့်မြတ်ပိုင်နောင်၏အဖြေကြောင့် သျှင်မင်းသန့် သူငယ်ချင်းတွေအား အိုကေထောင်ပြလိုက်သည်။
"သောက်ပြီးရင် ပြန်မယ်နော်၊ ဟန်နီစောင့်နေလိမ့်မယ်"
" Yes, sir"
နဖူးနားလက်နှစ်ချောင်းကပ်ကာ အလေးပြုဟန်လုပ်လာသည့် သျှင်မင်းသန့်၏ဆံပင်တို့အား ဆွဲဖွလိုက်ရင်း နဖူးအား လှမ်းနမ်းလိုက်မိသည်။
(နောက်တစ်ပိုင်းကျ မင်းတို့ချာတိတ် မူးတော့မှာမို့ ဒီမှာတင် ရပ်လိုက်ပါမယ်နော်ဗျ)
@OliviaThet-Eleanor
Continue Reading
You'll Also Like
3M 251K 66
ကျိန်စာတွေ လှလွန်းတဲ့အခါ အရှုံးပေးသူက ? Start ~24.6.2021💔 End~ 22.11.2021💔
551K 33.2K 74
ရည်းစားများတဲ့ကောင်လေးနဲ့ အဲ့ကောင်လေးကိုမှချစ်မိနေတဲ့ကောင်လေး...
935K 49.6K 44
104K 6.9K 33
ကိုယ့်အပိုင်လို့ သတ်မှတ်ကာ စွဲလမ်းစိတ်ကြီးသူနဲ့လွတ်လပ်မှုကို ခုန်မင်တယ့် ကောင်လေးကြားက အချစ်က ရိုးရှင်းနိုင်ပါဦးမလား ကိုယ့္အပိုင္လို႔ သတ္မွတ္ကာ စြဲလမ...