The Annoying Vampire and Me

By Ekariiii

20.4K 1.4K 29

yizhan_ Yibo as a Vampire... Xiao Zhan as a Prey <3 ငိုရတာတွေမပါပါဘူး ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်း အတိုလေ... More

The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
.....

The annoying vampire and me <3

786 55 2
By Ekariiii

Unicode


ဒီနေ့က ရှောင်ကျန့်ပထမဆုံး ကုမ္ပဏီဝင်ရမယ့်နေ့။ စောစောစီးစီး အိပ်ရာထပြီးပြင်ဆင်နေတဲ့ ရှောင်ကျန့်က တချက်တချက်လည်း ရိပေါ်ဘာများလုပ်နေမလဲဆိုပြီး တွေးနေမိတယ်။ ကိုယ့်ညီလေး ကိုယ်သတိရတာပဲဟာ။ ဟူးး။

"အားကျန့်"

"ဟောက်ကျား"

ရှောင်ကျန့် အခန်းထဲကထွက်လိုက်တာနဲ့ ဟောက်ကျားက အဆင်သင့်ရှိနေတယ်။ သူတို့ အချင်းချင်း ကြည့်ပြီးမရယ်မိအောင် ထိန်းထားရသည်။ ဘယ်လိုပြောရမလဲ။ စပ်ဖြဲဖြဲနှစ်ကောင်က အခုမှ ဆိုက်ကြီးကိုက်ကြီးနဲ့ဆိုတော့လည်း အူမြူးချင်တဲ့စိတ်ကလေးက ထကြွလာသလိုပေါ့။

ဟောက်ကျားက ရှောင်ကျန့်ကို နန်းတွင်းအပြုအမူတွေထဲက တစ်ခုပုံစံနဲ့ကြွပါဆိုပြီး စတယ်။ ရှောင်ကျန့်လည်း ဖော်လိုလိုက်တဲ့အနေနဲ့ ကျောကော့ရင်မော့ပြီးတော့ကို ‌အောက်ဆင်းလာခဲ့သည်။ တကယ်တမ်းဆို ရှောင်ကျန့်နဲ့ ဟောက်ကျားက အသက်တွေအများကြီးကွာပေမယ့် အသက်စည်းမျဉ်းအတိုင်းဆိုရင်တော့ ရွယ်တူတွေမို့ ကလေးစိတ်ကလေးတွေအတိုင်းပဲ ရှိပါသေးတယ်။

"အာ.. စကားမစပ် ၊ ငါ ရိပေါ်နဲ့တွေ့ချင်တယ် ဟောက်ကျား၊ အဲ့တာ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊ သူ့ကျောင်းကို လိုက်သွားလို့ရလား"

"ကျောင်း- ကျောင်းအထိတော့ လိုက်သွားလို့မရဘူးဟ။ မင်းတွေ့ချင်တယ်ဆိုရင်တောင် သခင်လေးဘက်က တွေ့ဖို့လက်ခံမှ ရလိမ့်မယ်။ ဒီလိုလုပ်လေ ငါနဲ့ ကျန်းမုက သခင်လေးဆီ အကြောင်းကြားပေးထားလိုက်မယ်၊ သခင်လေးက တွေ့ဖို့လက်ခံတယ်ဆို သွားတွေ့ကြတာပေါ့"

"ထားလိုက်တော့၊ ကိုယ့်ညီကိုယ်တွေ့တာတောင် ကြီးကြီးကျယ်ကျယ်တွေ လုပ်ရတယ်ဆိုလည်း၊ လီးတောင် သွားမတွေ့ဘူးကွာ"

ရှောင်ကျန့် ဒေါသထွက်ထွက်နဲ့ပြောလိုက်တယ်။ သူ နှာတမှုတ်မှုတ်နဲ့ ခြေစောင့်ပြီး သုံးလေးလှမ်းလောက်လှမ်းပြီးတဲ့နောက် မျက်နှာငယ်လေးနဲ့ ပြန်လှည့်လာပြန်တယ်။

"မင်းတို့ သခင်လေးကရော ငါနဲ့ပတ်သတ်ပြီး ဘာမှမပြောဘူးလား"

"ရှောင်ကျန့်.. မင်း ဘာဖြစ်နေတာလဲ ။ ယောက်ျားခရီးသွားလို့ လွမ်းနာကျနေတဲ့ အိမ်ရှင်မကြီး ကျနေတာပဲ။ သခင်လေးဘက်ကတစ်ခုခုပြောရင် ငါမင်းကို အရင်ဆုံးလာပြောပြပေးပါ့မယ်ဟ"

ဟောက်ကျားက ခေါင်းတခါခါနဲ့ ပြန်ဖြေတယ်။ ရှောင်ကျန့်မျက်နှာလေးက ဇီးသီးစေ့လောက်ပဲ ရှိတော့တယ်။ သူ့ဘက်က အခုလိုမျိုး အချိန်တိုင်းသတိရလို့ နေမသာထိုင်မသာဖြစ်နေချိန်မျိုးမှာ တိတိလေးကတော့ သူ့ကိုမေ့နေတယ်တဲ့လေ။ ဟုတ်ပါ့ ကလေးက ဝမ်းနည်းသွားတာပေါ့လို့။

ဟောက်ကျားကတော့ အမှတ်ရဲ့အကျိုးသက်ရောက်မှုတွေလည်း သိထားတာမို့ ရှောင်ကျန့်ရဲ့အပြုအမူတွေကို ရေးကြီးခွင်ကျယ်လုပ်လို့မနေဘူး။ သခင်လေး အရွယ်ရောက်တဲ့အခါကျရင် လက်ရှိအမှတ်ကို အတည်အမှတ်အဖြစ်ပြောင်းမလား ဒါမှမဟုတ် ဖျက်သိမ်းမလားဆိုတာ ရှောင်ကျန့်ရွေးချယ်လို့ရတယ်လေ။ လောလောဆယ်တော့ သူ့ကို မပြောပြထားပေမယ့် အချိန်တန်ရင်တော့ရှောင်ကျန့်သိလာမှာပါ။

......

"ရိပေါ်"

ကျောင်းတော်မှာ ရိပေါ်လိုမျိုး မတူညီတဲ့နယ်မြေတွေကနေ လာတဲ့ မျိုးသန့်နွယ်ဝင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် ရိပေါ်လောက်တော့ ဘယ်သူမှ နာမည်မကြီးကြဘူး။ ဘာလို့ဆို ရိပေါ်ရဲ့ကြီးထွားမှုနှုန်းကြောင့်လေ။ ရွယ်တူတွေထက် ပိုထွားနေတဲ့ ရိပေါ်က စီနီယာမမတွေရဲ့မျက်စိကျခြင်းကို ခံနေရတယ်။ ကလေးဆိုတဲ့ စိတ်ကလေးက အာရုံစိုက်ခံရတာကို ခုံမင်တတ်တာမို့ ကျောင်းတက်ရက်တွေမှာ ရိပေါ်က မမတွေနဲ့ပျော်ပါးရင်း ရှောင်ကျန့်ကိုမေ့နေသည်။

သွေးစာတဲ့အခါမျိုးလည်း ဖြစ်တတ်ပေမယ့် မားထည့်ပေးလိုက်တဲ့သွေးအိတ်တွေကြောင့် ရံဖန်ရံခါလေးတောင်သူ့မှာ ရှောင်ကျန့်ကိုသတိမရမိဘူး။ ဒါကိုသာ ရှောင်ကျန့်သိလို့ကတော့ ချက်ချင်းဆိုသလို ရင်ကွဲနာကျပြီးများသေမလားမသိ။

"ကတ်သရင်း.."

ရိပေါ် အသံတိုးတိုးလေးနဲ့ပြန်ဖြေလိုက်တယ်။ တရုတ်ပြည်က ဗန်ပိုင်းယားတွေတင် မဟုတ် နိုင်ငံရပ်ခြားက ဗန်ပိုင်းယားတွေလည်း ဒီကျောင်းတော်မှာရှိနေသည့်အနက်ကမှ ရိပေါ်က ကတ်သရင်းနဲ့ ပိုပြီးရင်းနှီးတယ်။ ဘာလို့ဆို ကတ်သ်က မိန်းကလေးသာပြောတယ် မိန်းကလေးဆန်တာမျိုးမရှိဘူး။ ပိုပြီး ထူးခြားတာက ကတ်သ်မှာ ကောင်မလေးရှိနေတာပင်။ ကတ်သရင်းက ရိပေါ်အရှေ့က ခုံမှာဝင်ထိုင်လိုက်ပြီး စိတ်ပျက်နေတဲ့အသံနဲ့ ပြောလာတယ်။

"မင်းကို ကြည့်လိုက်ရင် အမြဲတမ်း တစ်ယောက်တည်းပဲ။ အထီးကျန်ဆန်လိုက်တာကွာ။ ကျောင်းမှာရှိတုန်းလေး အပျော်ရှာပါ့လား"

ကတ်သရင်းက ပျော်ပျော်နေတတ်တဲ့သူမို့ အဲ့လိုကိစ္စတွေက သူ့အတွက်မထူးဆန်းပေမယ့် ရိပေါ်လို့စည်းနဲ့ကမ်းနဲ့ ကြီးပြင်းလာခဲ့တဲ့ကလေးလေးအတွက်ကတော့ ထိုအရာတွေက တားမြစ်ထားတာတွေပင်။ ရိပေါ် ခေါင်းခါလိုက်တယ်။

"နေပါစေ။ ပြသနာတွေကို မဖန်တီးချင်ဘူး"

"အမှတ်ကိစ္စကြောင့်မလား? ဟဟ မင်းရဲ့ကလေးဦးနှောက်ကလေးနဲ့ အဲ့ကိစ္စကို အကြီးအကျယ်ထင်မနေစမ်းပါနဲ့ဟ။ အမှတ်အသားက မင်းဘက်က ဆန္ဒရှိလွန်းမှ ပေးလို့ရတာ ။ သာမန်တစ်ချက်နှစ်ချက် ကိုက်လိုက်ရုံနဲ့တော့ အဲ့စည်းဖြစ်မလာနိုင်ဘူးလေ"

ရိပေါ် - "..."

ကတ်သရင်းပြောတာကိုကြားတဲ့အခါ ရိပေါ်မျက်လုံးလေးတွေ အရောင်တောက်သွားတယ်။ အဲ့လိုလဲရတာလားလို့ တွေးမိတော့သူ့ရဲ့ စပ်စုချင်တဲ့စိတ်ကလေးက အသက်ဝင်တယ်။ ရိပေါ်ရဲ့အကြည့်တွေကို အဓိပ္ပါယ်ကောက်နိုင်တဲ့ ကတ်သ်က ပြုံးဖြီးလာကာ အတတ်ကောင်းတွေကို သင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

"ရိပေါ်။ ငါပြောပြမယ်။ အမှတ်အတွက် စိတ်မပူချင်ဘူးဆိုရင် သားကောင်ရဲ့လည်ပင်းကို မကိုက်မိဖို့ပဲ လိုတာ။ တခြားနေရာတွေကို ကိုက်မယ်ဆိုရင် သားကောင်အတွက်ရော ငါတို့အတွက်ရော အန္တရာယ်ကင်းတယ်။ ဒါပေမယ့် ငါတို့အနေနဲ့ ကျောင်း ထုတ်မခံရအောင်လို့ သွေးကို သိုသိုသိပ်သိပ်ပဲ ယူသင့်တာ။ နောက်ပြီး အဲ့လို ယူနိုင်တဲ့နည်းလမ်းက တစ်ခုပဲရှိတယ်ဟ"

ရိပေါ် - "ဘယ်လိုမျိုးလဲ"

ကတ်သ် - " Sex လေ ဟဲဟဲ sex တစ်ခုပဲရှိတယ်   "

ဥရောပသားတွေအတွက် အဲ့လိုကိစ္စမျိုးက ထူးခြားဆန်းကျယ်နေတာမျိုးမဟုတ်တာမို့ ကတ်သရင်းက ပေါ့ပေါ့ပါးပါးပဲ ပြောထွက်လာတယ်။ ရိပေါ်ကတော့ အဲ့စကားလုံးကိုကြားလိုက်ကတည်းက အသိစိတ်လွတ်သွားလိုက်တာများ ကျောက်ရုပ်ကြီးလိုပဲ။

ခဏနေတော့ ကတ်သရင်းက သူ့ကိုနှုတ်ဆက်ပြီး အတန်းဆီ ပြန်သွားတယ်။ ကျောင်းတက်ခေါင်းလောင်းလည်း ထိုးပြီမို့ ရိပေါ်လည်းထိုကိစ္စတွေကို ခဏမေ့ထားပြီး စာထဲအာရုံပြန်စိုက်လိုက်သည်။

....

ညနေကျောင်းဆင်းတော့ ရိပေါ်က ကတ်သ်ပြောခဲ့တဲ့စကားတွေကို ပြန်ပြီးကြားယောင်လာသည်။ လက်တည့်စမ်းချင်တဲ့ စိတ်ကလေးက ထကြွနေတာမို့ သူ့ဘက်ကနေ ကတ်သ် ကိုဆက်သွယ်လိုက်တယ်။

"အေး ပြော ရိပေါ်"

"ငါ့ကိုသင်ပေး"

"...ဟမ်!!!..."

ကတ်သရင်းနဲ့ အံ့အားတကြီးအော်သံက ရိပေါ်ဖုန်းးကနေတစ်ဆင့် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ ကတ်သ်က အာသာချောင်ခဲ့တာ ရိပေါ်ဘက်က လိုက်လုပ်မှာမဟုတ်ဘူးလို့ သူမ ထင်ထားခဲ့တာမို့ ရိပေါ်ကအခုလိုပြောလိုက်တဲ့အခါမှာ အံ့အားအသင့်ရဆုံးက သူမပဲ။

"ရိ-ရိပေါ် မင်း တကယ်ပြောနေတာလား အုဖ်.. ဒါလင် ခဏလေး နေနှင့်ဦး"

ကတ်သ်က သူ့ကောင်မလေးနဲ့အတူရှိနေတဲ့အချိန်မို့ ဖုန်းထဲကနေ တခြားအသံတွေကိုလည်း ရိပေါ်ကြားနေရသည်။ ခဏကြာတော့ ကတ်သ်ဘက်က အသံတွေတိတ်သွားတယ်။ ထိုအခါမှ ရိပေါ်က ပြန်ဖြေလိုက်သည်။

"အင်း ဒါပေမယ့် ငါက လူရွေးတယ်၊ သာမန်သွေးတွေဆို မသောက်နိုင်ဘူး"

"သွေးကို အနံ့နဲ့တင် အဆင့်ခွဲနိုင်အောင်လောက်ကတော့ ဒီမမက သင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းက မင်းကို ဆေးစွဲသလို စွဲလမ်းစေလိမ့်မယ်နော်။ ငါ့စိတ်ထင် ငါ အာချောင်ခဲ့သမျှကို မေ့လိုက်တာကောင်းမယ်ထင်တယ် ရိပေါ်"

"ငါ ဆန္ဒရှိနေတယ်လို့ ပြောထားမယ်မလား။ ငါ့ကို မနက်ဖြန်က စပြီး သင်ပေး၊ ဒါပဲ"

ရိပေါ် ကတ်သ်ပြန်ဖြေတာကို မစောင့်ဘဲဖုန်းချလိုက်တယ်။ အဲ့နောက်တော့ သူ့ရဲ့ ကိုယ်ပိုင်ကွန်ဒိုထဲ ဝင်သွားကာ ဒီနေ့အတွက် အနားယူဖို့ ပြင်ဆင်တော့သည်။

တစ်ဖက်မှာလည်း

"ကျန်းမု...အဟင့်"

ရှောင်ကျန့်ရဲ့ ပထမဆုံးအလုပ်ခွင်ဝင်တဲ့နေ့လေးက သာယာလွန်းတယ်။ ရုံးခန်းထဲ ရောက်ကတည်းက သူ့မှာ အီးတောင်မပေါက်နိုင်ဘူး လုပ်လိုက်ရတဲ့ စာရင်းအင်းတွေဆိုတာလေ တစ်ရက်ပဲ လုပ်ရသေးတယ် သူ့မှာ အသက်တောင် မရှိတော့ဘူး။ ဒီကြားထဲမှာလည်း အလုပ်မများဘူးဆိုပြီး ဂျင်းကျွေးခဲ့တဲ့ အကြီးအကဲကို အားရင်အားသလို ရှောင်ကျန့်က ကျေးဇူးတွေလှမ်းလှမ်း တင်ပါသေးတယ်။

အိမ်ကို ပြန်လာတဲ့လမ်းမှာ ရှောင်ကျန့်တစ်ယောက် မျက်ခွံတောင် မလှန်နိုင်တဲ့အထိ အားအင်ပြတ်နေသည်။ အလုပ်ကို အာရုံစိုက်ပြီး ရိပေါ်ကိုမေ့ထားမယ်ဆိုတဲ့ သူ့ရည်ရွယ်ချက်လေးတော့ ပြည့်ဝပေမယ့် အလုပ်လေးလုပ်ရင်း အားပြန်ဖြည့်မယ် ဆိုတာကြီးကျ လုံးလုံး မပြည့်ဝဘူး။ ဒီပုံစံအတိုင်းကို ရိပေါ်ကိုသွေးပေးရလို့ မသေဘဲ အလုပ်ပိပြီး သေမယ့်ဖြစ်ခြင်း။

"ပထမဆုံးနေ့မို့ပါ၊ နောက်နေ့ဆို ဒီ့ထက်တောင်ပိုပင်ပန်းဦးမှာမို့ အားတင်းထားဦး ရှောင်ကျန့်"

"ဒီဖေ... နည်းနည်းပါးပါး အားတက်အောင် ပြောပေးလို့မရဘူးလား ခွေးသူတောင်းစားရဲ့"

ရှောင်ကျန့် - မင်းတို့လို ဗန်ပိုင်းယားတွေရဲ့လုပ်နိုင်အားနဲ့ လာမယှဉ်နဲ့လေ။ လူသားတွေက အားနည်းတဲ့ဖြစ်တည်မှုတွေရယ်။ မနိုင်ဝန်တွေတော့ မပေးကြပါနဲ့ဟ အီးဟီး အိမ်ပြန်ချင်တယ် မားရေ။

အိမ်တော်ကို ပြန်ရောက်တဲ့အထိ တစ်လမ်းလုံး ဒေါသထွက်လာတဲ့ ရှောင်ကျန့်ကပန်းခင်းကြီးကိုလည်း မြင်ရော တိတ်ကျသွားလိုက်တာများ လူပြောင်းသွားသလိုပဲ။ ရိယွင်က ရှောင်ကျန့်စိတ်အခြေအနေကို သိတာမို့ ဘာမှမပြောဘဲ ကျန်းမုတို့ကို ခေါ်ပြီး ရှောင်ထွက်သွားပေးတယ်။ ရှောင်ကျန့်ပန်းခင်းကြီးရှေ့မှာ နာရီဝက်လောက်ကြာအောင် ရပ်နေပြီးမှ အိမ်တော်ထဲ ဝင်သွားခဲ့သည်။

ဒါပေမယ့် တစ်နာရီလောက်ကြာတော့ အားကျိုးမာန်တက်နဲ့ပန်းခင်းရှေ့ပြန်ရောက်လာခဲ့ပြန်တယ်။

"ရိပေါ် ပြန်လာရင် အံ့ဩသွားအောင် လုပ်ရမယ် ဟဟ"

ရှောင်ကျန့် မျိုးစေ့တွေထားတဲ့ ဂိုထောင်ကိုသွားကာ သူ ဝယ်ထားတဲ့ မျိုးစေ့အိတ်တွေကို သွားယူလိုက်တယ်။ ပြီးတဲ့နောက် မျိုးစေ့ဖြူးဖို့အတွက် မြေကို တူးဆွသည်။ သူတစ်ယောက်တည်းပါပဲ။ ဘယ်သူ့ကိုမှ အကူအညီမတောင်းခဲ့သလို ဘယ်သူမှလုပ်ပေးတာကိုလည်း သူမလိုချင်ခဲ့ဘူး။

ဒီတိုင်း.. ရိပေါ်ပြန်လာတဲ့အခါ ဒါက ငါကိုယ်တိုင် လုပ်ထားတာလေ ဆိုပြီး ပြောချင်နေတဲ့ စိတ်ကလေးပဲ သူ့မှာရှိနေတယ်။

ညကြီးမင်းကြီး တစ်ယောက်တည်း မြေတွေတူးလိုက် မျိုးစေ့ဖြူးလိုက် ရေလောင်းလိုက်လုပ်နေလိုက်တာ သန်းခေါင်းယံအချိန်ကိုတောင် ကျော်နေခဲ့ပြီ။ ည ၂ နာရီလောက်ရောက်မှ သတ်မှတ်ထားတဲ့စိုက်ခင်းလေးပြီးသွားတယ်။ တစိုက်ခင်းလုံးကိုတော့ တစ်ရက်တည်းနဲ့ပြီးအောင်မလုပ်နိုင်ပေမယ့် တစ်ကွက်စာလောက်တော့ ပြီးသွားတာမို့ သူကျေနပ်နေမိတယ်။

သူ တွက်ထားသလောက်ဆို ရိပေါ်ပြန်လာတဲ့အခါကျ ဒီစိုက်ခင်းးတစ်ခုလုံးလည်း လုပ်ပြီးလောက်ပြီဆိုပြီး။

"ရိပေါ် မင်းတော့ ပြန်ရောက်ရင် ငါ့ကိုဆုချရမယ်သာ မှတ်"

ပေါက်တူးတွေရော ဂေါ်ပြားတွေရော မျိုးစေ့ထုတ်တွေရောကို ပြန်သိမ်းပြီးနောက် ရှောင်ကျန့်က ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။ ဒီညမှာ ပင်ပန်းမှုဒဏ်ကြောင့် သူကောင်းကောင်းကြီး အိပ်ပျော်သွားခဲ့သည်။




Zawgyi



ဒီေန႔က ေရွာင္က်န႔္ပထမဆုံး ကုမၸဏီဝင္ရမယ့္ေန႔။ ေစာေစာစီးစီး အိပ္ရာထၿပီးျပင္ဆင္ေနတဲ့ ေရွာင္က်န႔္က တခ်က္တခ်က္လည္း ရိေပၚဘာမ်ားလုပ္ေနမလဲဆိုၿပီး ေတြးေနမိတယ္။ ကိုယ့္ညီေလး ကိုယ္သတိရတာပဲဟာ။ ဟူးး။

"အားက်န႔္"

"ေဟာက္က်ား"

ေရွာင္က်န႔္ အခန္းထဲကထြက္လိုက္တာနဲ႔ ေဟာက္က်ားက အဆင္သင့္ရွိေနတယ္။ သူတို႔ အခ်င္းခ်င္း ၾကည့္ၿပီးမရယ္မိေအာင္ ထိန္းထားရသည္။ ဘယ္လိုေျပာရမလဲ။ စပ္ၿဖဲၿဖဲႏွစ္ေကာင္က အခုမွ ဆိုက္ႀကီးကိုက္ႀကီးနဲ႔ဆိုေတာ့လည္း အူျမဴးခ်င္တဲ့စိတ္ကေလးက ထႂကြလာသလိုေပါ့။

ေဟာက္က်ားက ေရွာင္က်န႔္ကို နန္းတြင္းအျပဳအမူေတြထဲက တစ္ခုပုံစံနဲ႔ႂကြပါဆိုၿပီး စတယ္။ ေရွာင္က်န႔္လည္း ေဖာ္လိုလိုက္တဲ့အေနနဲ႔ ေက်ာေကာ့ရင္ေမာ့ၿပီးေတာ့ကို ‌ေအာက္ဆင္းလာခဲ့သည္။ တကယ္တမ္းဆို ေရွာင္က်န႔္နဲ႔ ေဟာက္က်ားက အသက္ေတြအမ်ားႀကီးကြာေပမယ့္ အသက္စည္းမ်ဥ္းအတိုင္းဆိုရင္ေတာ့ ႐ြယ္တူေတြမို႔ ကေလးစိတ္ကေလးေတြအတိုင္းပဲ ရွိပါေသးတယ္။

"အာ.. စကားမစပ္ ၊ ငါ ရိေပၚနဲ႔ေတြ႕ခ်င္တယ္ ေဟာက္က်ား၊ အဲ့တာ ဘယ္လိုလုပ္ရင္ေကာင္းမလဲ၊ သူ႔ေက်ာင္းကို လိုက္သြားလို႔ရလား"

"ေက်ာင္း- ေက်ာင္းအထိေတာ့ လိုက္သြားလို႔မရဘူးဟ။ မင္းေတြ႕ခ်င္တယ္ဆိုရင္ေတာင္ သခင္ေလးဘက္က ေတြ႕ဖို႔လက္ခံမွ ရလိမ့္မယ္။ ဒီလိုလုပ္ေလ ငါနဲ႔ က်န္းမုက သခင္ေလးဆီ အေၾကာင္းၾကားေပးထားလိုက္မယ္၊ သခင္ေလးက ေတြ႕ဖို႔လက္ခံတယ္ဆို သြားေတြ႕ၾကတာေပါ့"

"ထားလိုက္ေတာ့၊ ကိုယ့္ညီကိုယ္ေတြ႕တာေတာင္ ႀကီးႀကီးက်ယ္က်ယ္ေတြ လုပ္ရတယ္ဆိုလည္း၊ လီးေတာင္ သြားမေတြ႕ဘူးကြာ"

ေရွာင္က်န႔္ ေဒါသထြက္ထြက္နဲ႔ေျပာလိုက္တယ္။ သူ ႏွာတမႈတ္မႈတ္နဲ႔ ေျခေစာင့္ၿပီး သုံးေလးလွမ္းေလာက္လွမ္းၿပီးတဲ့ေနာက္ မ်က္ႏွာငယ္ေလးနဲ႔ ျပန္လွည့္လာျပန္တယ္။

"မင္းတို႔ သခင္ေလးကေရာ ငါနဲ႔ပတ္သတ္ၿပီး ဘာမွမေျပာဘူးလား"

"ေရွာင္က်န႔္.. မင္း ဘာျဖစ္ေနတာလဲ ။ ေယာက္်ားခရီးသြားလို႔ လြမ္းနာက်ေနတဲ့ အိမ္ရွင္မႀကီး က်ေနတာပဲ။ သခင္ေလးဘက္ကတစ္ခုခုေျပာရင္ ငါမင္းကို အရင္ဆုံးလာေျပာျပေပးပါ့မယ္ဟ"

ေဟာက္က်ားက ေခါင္းတခါခါနဲ႔ ျပန္ေျဖတယ္။ ေရွာင္က်န႔္မ်က္ႏွာေလးက ဇီးသီးေစ့ေလာက္ပဲ ရွိေတာ့တယ္။ သူ႔ဘက္က အခုလိုမ်ိဳး အခ်ိန္တိုင္းသတိရလို႔ ေနမသာထိုင္မသာျဖစ္ေနခ်ိန္မ်ိဳးမွာ တိတိေလးကေတာ့ သူ႔ကိုေမ့ေနတယ္တဲ့ေလ။ ဟုတ္ပါ့ ကေလးက ဝမ္းနည္းသြားတာေပါ့လို႔။

ေဟာက္က်ားကေတာ့ အမွတ္ရဲ႕အက်ိဳးသက္ေရာက္မႈေတြလည္း သိထားတာမို႔ ေရွာင္က်န႔္ရဲ႕အျပဳအမူေတြကို ေရးႀကီးခြင္က်ယ္လုပ္လို႔မေနဘူး။ သခင္ေလး အ႐ြယ္ေရာက္တဲ့အခါက်ရင္ လက္ရွိအမွတ္ကို အတည္အမွတ္အျဖစ္ေျပာင္းမလား ဒါမွမဟုတ္ ဖ်က္သိမ္းမလားဆိုတာ ေရွာင္က်န႔္ေ႐ြးခ်ယ္လို႔ရတယ္ေလ။ ေလာေလာဆယ္ေတာ့ သူ႔ကို မေျပာျပထားေပမယ့္ အခ်ိန္တန္ရင္ေတာ့ေရွာင္က်န႔္သိလာမွာပါ။

......

"ရိေပၚ"

ေက်ာင္းေတာ္မွာ ရိေပၚလိုမ်ိဳး မတူညီတဲ့နယ္ေျမေတြကေန လာတဲ့ မ်ိဳးသန႔္ႏြယ္ဝင္ေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ရိေပၚေလာက္ေတာ့ ဘယ္သူမွ နာမည္မႀကီးၾကဘူး။ ဘာလို႔ဆို ရိေပၚရဲ႕ႀကီးထြားမႈႏႈန္းေၾကာင့္ေလ။ ႐ြယ္တူေတြထက္ ပိုထြားေနတဲ့ ရိေပၚက စီနီယာမမေတြရဲ႕မ်က္စိက်ျခင္းကို ခံေနရတယ္။ ကေလးဆိုတဲ့ စိတ္ကေလးက အာ႐ုံစိုက္ခံရတာကို ခုံမင္တတ္တာမို႔ ေက်ာင္းတက္ရက္ေတြမွာ ရိေပၚက မမေတြနဲ႔ေပ်ာ္ပါးရင္း ေရွာင္က်န႔္ကိုေမ့ေနသည္။

ေသြးစာတဲ့အခါမ်ိဳးလည္း ျဖစ္တတ္ေပမယ့္ မားထည့္ေပးလိုက္တဲ့ေသြးအိတ္ေတြေၾကာင့္ ရံဖန္ရံခါေလးေတာင္သူ႔မွာ ေရွာင္က်န႔္ကိုသတိမရမိဘူး။ ဒါကိုသာ ေရွာင္က်န႔္သိလို႔ကေတာ့ ခ်က္ခ်င္းဆိုသလို ရင္ကြဲနာက်ၿပီးမ်ားေသမလားမသိ။

"ကတ္သရင္း.."

ရိေပၚ အသံတိုးတိုးေလးနဲ႔ျပန္ေျဖလိုက္တယ္။ တ႐ုတ္ျပည္က ဗန္ပိုင္းယားေတြတင္ မဟုတ္ ႏိုင္ငံရပ္ျခားက ဗန္ပိုင္းယားေတြလည္း ဒီေက်ာင္းေတာ္မွာရွိေနသည့္အနက္ကမွ ရိေပၚက ကတ္သရင္းနဲ႔ ပိုၿပီးရင္းႏွီးတယ္။ ဘာလို႔ဆို ကတ္သ္က မိန္းကေလးသာေျပာတယ္ မိန္းကေလးဆန္တာမ်ိဳးမရွိဘူး။ ပိုၿပီး ထူးျခားတာက ကတ္သ္မွာ ေကာင္မေလးရွိေနတာပင္။ ကတ္သရင္းက ရိေပၚအေရွ႕က ခုံမွာဝင္ထိုင္လိုက္ၿပီး စိတ္ပ်က္ေနတဲ့အသံနဲ႔ ေျပာလာတယ္။

"မင္းကို ၾကည့္လိုက္ရင္ အၿမဲတမ္း တစ္ေယာက္တည္းပဲ။ အထီးက်န္ဆန္လိုက္တာကြာ။ ေက်ာင္းမွာရွိတုန္းေလး အေပ်ာ္ရွာပါ့လား"

ကတ္သရင္းက ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူမို႔ အဲ့လိုကိစၥေတြက သူ႔အတြက္မထူးဆန္းေပမယ့္ ရိေပၚလို႔စည္းနဲ႔ကမ္းနဲ႔ ႀကီးျပင္းလာခဲ့တဲ့ကေလးေလးအတြက္ကေတာ့ ထိုအရာေတြက တားျမစ္ထားတာေတြပင္။ ရိေပၚ ေခါင္းခါလိုက္တယ္။

"ေနပါေစ။ ျပသနာေတြကို မဖန္တီးခ်င္ဘူး"

"အမွတ္ကိစၥေၾကာင့္မလား? ဟဟ မင္းရဲ႕ကေလးဦးေႏွာက္ကေလးနဲ႔ အဲ့ကိစၥကို အႀကီးအက်ယ္ထင္မေနစမ္းပါနဲ႔ဟ။ အမွတ္အသားက မင္းဘက္က ဆႏၵရွိလြန္းမွ ေပးလို႔ရတာ ။ သာမန္တစ္ခ်က္ႏွစ္ခ်က္ ကိုက္လိုက္႐ုံနဲ႔ေတာ့ အဲ့စည္းျဖစ္မလာႏိုင္ဘူးေလ"

ရိေပၚ - "..."

ကတ္သရင္းေျပာတာကိုၾကားတဲ့အခါ ရိေပၚမ်က္လုံးေလးေတြ အေရာင္ေတာက္သြားတယ္။ အဲ့လိုလဲရတာလားလို႔ ေတြးမိေတာ့သူ႔ရဲ႕ စပ္စုခ်င္တဲ့စိတ္ကေလးက အသက္ဝင္တယ္။ ရိေပၚရဲ႕အၾကည့္ေတြကို အဓိပၸါယ္ေကာက္ႏိုင္တဲ့ ကတ္သ္က ၿပဳံးၿဖီးလာကာ အတတ္ေကာင္းေတြကို သင္ေပးဖို႔ ဆုံးျဖတ္လိုက္သည္။

"ရိေပၚ။ ငါေျပာျပမယ္။ အမွတ္အတြက္ စိတ္မပူခ်င္ဘူးဆိုရင္ သားေကာင္ရဲ႕လည္ပင္းကို မကိုက္မိဖို႔ပဲ လိုတာ။ တျခားေနရာေတြကို ကိုက္မယ္ဆိုရင္ သားေကာင္အတြက္ေရာ ငါတို႔အတြက္ေရာ အႏၲရာယ္ကင္းတယ္။ ဒါေပမယ့္ ငါတို႔အေနနဲ႔ ေက်ာင္း ထုတ္မခံရေအာင္လို႔ ေသြးကို သိုသိုသိပ္သိပ္ပဲ ယူသင့္တာ။ ေနာက္ၿပီး အဲ့လို ယူႏိုင္တဲ့နည္းလမ္းက တစ္ခုပဲရွိတယ္ဟ"

ရိေပၚ - "ဘယ္လိုမ်ိဳးလဲ"

ကတ္သ္ - " Sex ေလ ဟဲဟဲ sex တစ္ခုပဲရွိတယ္ "

ဥေရာပသားေတြအတြက္ အဲ့လိုကိစၥမ်ိဳးက ထူးျခားဆန္းက်ယ္ေနတာမ်ိဳးမဟုတ္တာမို႔ ကတ္သရင္းက ေပါ့ေပါ့ပါးပါးပဲ ေျပာထြက္လာတယ္။ ရိေပၚကေတာ့ အဲ့စကားလုံးကိုၾကားလိုက္ကတည္းက အသိစိတ္လြတ္သြားလိုက္တာမ်ား ေက်ာက္႐ုပ္ႀကီးလိုပဲ။

ခဏေနေတာ့ ကတ္သရင္းက သူ႔ကိုႏႈတ္ဆက္ၿပီး အတန္းဆီ ျပန္သြားတယ္။ ေက်ာင္းတက္ေခါင္းေလာင္းလည္း ထိုးၿပီမို႔ ရိေပၚလည္းထိုကိစၥေတြကို ခဏေမ့ထားၿပီး စာထဲအာ႐ုံျပန္စိုက္လိုက္သည္။

....

ညေနေက်ာင္းဆင္းေတာ့ ရိေပၚက ကတ္သ္ေျပာခဲ့တဲ့စကားေတြကို ျပန္ၿပီးၾကားေယာင္လာသည္။ လက္တည့္စမ္းခ်င္တဲ့ စိတ္ကေလးက ထႂကြေနတာမို႔ သူ႔ဘက္ကေန ကတ္သ္ ကိုဆက္သြယ္လိုက္တယ္။

"ေအး ေျပာ ရိေပၚ"

"ငါ့ကိုသင္ေပး"

"...ဟမ္!!!..."

ကတ္သရင္းနဲ႔ အံ့အားတႀကီးေအာ္သံက ရိေပၚဖုန္းးကေနတစ္ဆင့္ က်ယ္ေလာင္စြာထြက္ေပၚလာခဲ့သည္။ ကတ္သ္က အာသာေခ်ာင္ခဲ့တာ ရိေပၚဘက္က လိုက္လုပ္မွာမဟုတ္ဘူးလို႔ သူမ ထင္ထားခဲ့တာမို႔ ရိေပၚကအခုလိုေျပာလိုက္တဲ့အခါမွာ အံ့အားအသင့္ရဆုံးက သူမပဲ။

"ရိ-ရိေပၚ မင္း တကယ္ေျပာေနတာလား အုဖ္.. ဒါလင္ ခဏေလး ေနႏွင့္ဦး"

ကတ္သ္က သူ႔ေကာင္မေလးနဲ႔အတူရွိေနတဲ့အခ်ိန္မို႔ ဖုန္းထဲကေန တျခားအသံေတြကိုလည္း ရိေပၚၾကားေနရသည္။ ခဏၾကာေတာ့ ကတ္သ္ဘက္က အသံေတြတိတ္သြားတယ္။ ထိုအခါမွ ရိေပၚက ျပန္ေျဖလိုက္သည္။

"အင္း ဒါေပမယ့္ ငါက လူေ႐ြးတယ္၊ သာမန္ေသြးေတြဆို မေသာက္ႏိုင္ဘူး"

"ေသြးကို အနံ႔နဲ႔တင္ အဆင့္ခြဲႏိုင္ေအာင္ေလာက္ကေတာ့ ဒီမမက သင္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဒီလမ္းက မင္းကို ေဆးစြဲသလို စြဲလမ္းေစလိမ့္မယ္ေနာ္။ ငါ့စိတ္ထင္ ငါ အာေခ်ာင္ခဲ့သမွ်ကို ေမ့လိုက္တာေကာင္းမယ္ထင္တယ္ ရိေပၚ"

"ငါ ဆႏၵရွိေနတယ္လို႔ ေျပာထားမယ္မလား။ ငါ့ကို မနက္ျဖန္က စၿပီး သင္ေပး၊ ဒါပဲ"

ရိေပၚ ကတ္သ္ျပန္ေျဖတာကို မေစာင့္ဘဲဖုန္းခ်လိုက္တယ္။ အဲ့ေနာက္ေတာ့ သူ႔ရဲ႕ ကိုယ္ပိုင္ကြန္ဒိုထဲ ဝင္သြားကာ ဒီေန႔အတြက္ အနားယူဖို႔ ျပင္ဆင္ေတာ့သည္။

တစ္ဖက္မွာလည္း

"က်န္းမု...အဟင့္"

ေရွာင္က်န႔္ရဲ႕ ပထမဆုံးအလုပ္ခြင္ဝင္တဲ့ေန႔ေလးက သာယာလြန္းတယ္။ ႐ုံးခန္းထဲ ေရာက္ကတည္းက သူ႔မွာ အီးေတာင္မေပါက္ႏိုင္ဘူး လုပ္လိုက္ရတဲ့ စာရင္းအင္းေတြဆိုတာေလ တစ္ရက္ပဲ လုပ္ရေသးတယ္ သူ႔မွာ အသက္ေတာင္ မရွိေတာ့ဘူး။ ဒီၾကားထဲမွာလည္း အလုပ္မမ်ားဘူးဆိုၿပီး ဂ်င္းေကြၽးခဲ့တဲ့ အႀကီးအကဲကို အားရင္အားသလို ေရွာင္က်န႔္က ေက်းဇူးေတြလွမ္းလွမ္း တင္ပါေသးတယ္။

အိမ္ကို ျပန္လာတဲ့လမ္းမွာ ေရွာင္က်န႔္တစ္ေယာက္ မ်က္ခြံေတာင္ မလွန္ႏိုင္တဲ့အထိ အားအင္ျပတ္ေနသည္။ အလုပ္ကို အာ႐ုံစိုက္ၿပီး ရိေပၚကိုေမ့ထားမယ္ဆိုတဲ့ သူ႔ရည္႐ြယ္ခ်က္ေလးေတာ့ ျပည့္ဝေပမယ့္ အလုပ္ေလးလုပ္ရင္း အားျပန္ျဖည့္မယ္ ဆိုတာႀကီးက် လုံးလုံး မျပည့္ဝဘူး။ ဒီပုံစံအတိုင္းကို ရိေပၚကိုေသြးေပးရလို႔ မေသဘဲ အလုပ္ပိၿပီး ေသမယ့္ျဖစ္ျခင္း။

"ပထမဆုံးေန႔မို႔ပါ၊ ေနာက္ေန႔ဆို ဒီ့ထက္ေတာင္ပိုပင္ပန္းဦးမွာမို႔ အားတင္းထားဦး ေရွာင္က်န႔္"

"ဒီေဖ... နည္းနည္းပါးပါး အားတက္ေအာင္ ေျပာေပးလို႔မရဘူးလား ေခြးသူေတာင္းစားရဲ႕"

ေရွာင္က်န႔္ - မင္းတို႔လို ဗန္ပိုင္းယားေတြရဲ႕လုပ္ႏိုင္အားနဲ႔ လာမယွဥ္နဲ႔ေလ။ လူသားေတြက အားနည္းတဲ့ျဖစ္တည္မႈေတြရယ္။ မႏိုင္ဝန္ေတြေတာ့ မေပးၾကပါနဲ႔ဟ အီးဟီး အိမ္ျပန္ခ်င္တယ္ မားေရ။

အိမ္ေတာ္ကို ျပန္ေရာက္တဲ့အထိ တစ္လမ္းလုံး ေဒါသထြက္လာတဲ့ ေရွာင္က်န႔္ကပန္းခင္းႀကီးကိုလည္း ျမင္ေရာ တိတ္က်သြားလိုက္တာမ်ား လူေျပာင္းသြားသလိုပဲ။ ရိယြင္က ေရွာင္က်န႔္စိတ္အေျခအေနကို သိတာမို႔ ဘာမွမေျပာဘဲ က်န္းမုတို႔ကို ေခၚၿပီး ေရွာင္ထြက္သြားေပးတယ္။ ေရွာင္က်န႔္ပန္းခင္းႀကီးေရွ႕မွာ နာရီဝက္ေလာက္ၾကာေအာင္ ရပ္ေနၿပီးမွ အိမ္ေတာ္ထဲ ဝင္သြားခဲ့သည္။

ဒါေပမယ့္ တစ္နာရီေလာက္ၾကာေတာ့ အားက်ိဳးမာန္တက္နဲ႔ပန္းခင္းေရွ႕ျပန္ေရာက္လာခဲ့ျပန္တယ္။

"ရိေပၚ ျပန္လာရင္ အံ့ဩသြားေအာင္ လုပ္ရမယ္ ဟဟ"

ေရွာင္က်န႔္ မ်ိဳးေစ့ေတြထားတဲ့ ဂိုေထာင္ကိုသြားကာ သူ ဝယ္ထားတဲ့ မ်ိဳးေစ့အိတ္ေတြကို သြားယူလိုက္တယ္။ ၿပီးတဲ့ေနာက္ မ်ိဳးေစ့ျဖဴးဖို႔အတြက္ ေျမကို တူးဆြသည္။ သူတစ္ေယာက္တည္းပါပဲ။ ဘယ္သူ႔ကိုမွ အကူအညီမေတာင္းခဲ့သလို ဘယ္သူမွလုပ္ေပးတာကိုလည္း သူမလိုခ်င္ခဲ့ဘူး။

ဒီတိုင္း.. ရိေပၚျပန္လာတဲ့အခါ ဒါက ငါကိုယ္တိုင္ လုပ္ထားတာေလ ဆိုၿပီး ေျပာခ်င္ေနတဲ့ စိတ္ကေလးပဲ သူ႔မွာရွိေနတယ္။

ညႀကီးမင္းႀကီး တစ္ေယာက္တည္း ေျမေတြတူးလိုက္ မ်ိဳးေစ့ျဖဴးလိုက္ ေရေလာင္းလိုက္လုပ္ေနလိုက္တာ သန္းေခါင္းယံအခ်ိန္ကိုေတာင္ ေက်ာ္ေနခဲ့ၿပီ။ ည ၂ နာရီေလာက္ေရာက္မွ သတ္မွတ္ထားတဲ့စိုက္ခင္းေလးၿပီးသြားတယ္။ တစိုက္ခင္းလုံးကိုေတာ့ တစ္ရက္တည္းနဲ႔ၿပီးေအာင္မလုပ္ႏိုင္ေပမယ့္ တစ္ကြက္စာေလာက္ေတာ့ ၿပီးသြားတာမို႔ သူေက်နပ္ေနမိတယ္။

သူ တြက္ထားသေလာက္ဆို ရိေပၚျပန္လာတဲ့အခါက် ဒီစိုက္ခင္းးတစ္ခုလုံးလည္း လုပ္ၿပီးေလာက္ၿပီဆိုၿပီး။

"ရိေပၚ မင္းေတာ့ ျပန္ေရာက္ရင္ ငါ့ကိုဆုခ်ရမယ္သာ မွတ္"

ေပါက္တူးေတြေရာ ေဂၚျပားေတြေရာ မ်ိဳးေစ့ထုတ္ေတြေရာကို ျပန္သိမ္းၿပီးေနာက္ ေရွာင္က်န႔္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ အိမ္ထဲ ျပန္ဝင္သြားခဲ့သည္။ ဒီညမွာ ပင္ပန္းမႈဒဏ္ေၾကာင့္ သူေကာင္းေကာင္းႀကီး အိပ္ေပ်ာ္သြားခဲ့သည္။

Continue Reading

You'll Also Like

14.2K 95 13
Different scenarios involving some of my favorite f1 drivers
16K 713 8
A world wide famous idol who belongs to luxurious and glittered life unexpectedly met a girl who just knows dark side of life, she was far from beaut...
14.3K 1.4K 19
• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke
16K 603 51
"Don't ever think that we're friends." Avyugh gritted. "Aw, I thought we were past that," Alarion grinned, taking up Avyugh's space. "I will make yo...