The Annoying Vampire and Me

By Ekariiii

20.5K 1.4K 29

yizhan_ Yibo as a Vampire... Xiao Zhan as a Prey <3 ငိုရတာတွေမပါပါဘူး ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်း အတိုလေ... More

The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
.....

The annoying vampire and me <3

822 68 2
By Ekariiii

Unicode


နှစ်ရက်။

နှစ်ရက်ရှိပြီ ရိပေါ် ရှောင်ကျန့်ဆီမလာတာ။ အရင်လို ရှောင်ကျန့်အနားကို ကပ်တွယ်မလာခဲ့သလို သွေးအတွက်လည်း ရောက်မလာခဲ့ဘူး။ ဒီနေ့မှာတော့ ရှောင်ကျန့်ဘက်က ပထမဆုံးအကြိမ် ရိပေါ်အခန်းကို သွားဖို့ ဆုံးဖြတ်လိုက်ရသည်။ ပြောခါမှ သူတစ်ခါမှ ရိပေါ်အခန်းဆီ မရောက်ဖူးတာမို့ လမ်းနည်းနည်းပျောက်နေတယ်ရော။

"ရှောင်ကျန့်? မင်းဒီမှာ ဘာလုပ်နေတာလဲ"

တိုက်တိုက်ဆိုင်ဆိုင် လမ်းချိုးတစ်ခုမှာ ရိယွင်နဲ့ သူ ဝင်တိုးတယ်။ ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး ရှောင်ကျန့်မျက်နှာလေး ဝင်းပသွားသည်။

"ရိယွင်... ရိပေါ် ရဲ့ အခန်းက ဘယ်မှာလဲဆိုတာသိလားဟင်။ ငါ့မှာ သူ့ကို ပြောစရာလေး ရှိလို့"

"သခင်လေး? သခင်လေးက လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ကျောင်းက အဆောင်မှာ သွားနေတယ်လေ။ မင်းကို မပြောသွားဘူးလား?"

"ကျောင်းကအဆောင်?"

ရှောင်ကျန့် အူတူတူလေး သံယောင်လိုက်မိတယ်။ ရိယွင်က သူ့ကို အပေါ်အောက် နှစ်ခေါက်လောက် ကြည့်ပြီး

"မင်းကို တကယ်မပြောသွားဘူးလား၊ အခုက သခင်လေးတို့ရဲ့ ကျောင်းရာသီစပြီလေ။ နွေသုံးလလုံး သခင်လေးက ကျောင်းအဆောင်မှာသွားနေပြီး စာသင်ရမှာ"

"ဒါပေမယ့် ငါသူ့ကိုသင်ပေးနေတာပဲ မဟုတ်ဘူးလား။ ငါထင်တာ သူက အိမ်မှာပဲစာလုပ်ရတယ်လို့လေ"

"အဲ့လိုတော့ အဲ့လိုဆိုပေမယ့် ငါတို့တွေလည်း လူတွေလိုပါပဲ။ ကျောင်းပိတ်ရက်ဆို အိမ်မှာ ကျူတာငှားပြီး စာလုပ်ရတယ်။ ကျောင်းတက်ရမယ့် ရာသီရောက်ရင် ကျောင်းမှာစာသွားသင်ရတယ်လေ။ မျိုးနွယ်ကြီးတွေဆိုရင်တောင် အဲ့တာက သာမန်လိုပဲဟ"

လောလောဆယ်မှာတော့ ရိယွင်တို့က အကြီးအကဲရဲ့ အမိန့်နဲ့ ရှောင်ကျန့်ကိုစောင့်ရှောက်ရမှာမို့ ကျောင်းနားထားတယ်။ ပြောရမယ်ဆိုရင် ရှောင်ကျန့်တို့ လေးယောက်လုံး ကျောင်းနားထားရတယ်လို့လား။ အကြီးအကဲရဲ့ ခန့်ခွဲမှုအောက်မှာ ကျောင်းကိစ္စတွေက အဆင်ပြေသွားပေမယ့်လည်း နည်းနည်းတော့ နားလည်ရခက်နေသေးတယ်။ ဘာလို့ဆို ရှောင်ကျန့်က ခြောက်လကျော်လောက် ကျောင်းမတက်တာကို သူ့မိဘတွေ မသိဘူးဆိုတာကြီးက ပုံမှန်မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။ အကြီးအကဲက အဲ့ကိစ္စကိုဘယ်လိုဖြေရှင်းလိုက်လဲဆိုတာ သူမသိပေမယ့် အခုထိတော့ အဆင်ပြေနေပါသေးတယ်။ 

ရှောင်ကျန့် - "အော်..."

ရှောင်ကျန့် ရိယွင်နဲ့စကားပြောပြီးတဲ့နောက် သူ့အခန်းသူ ပြန်လာခဲ့သည်။ ရိပေါ်အခန်းကိုသွားမနေတော့ဘူး။ တွေ့ချင်တဲ့သူမှ မရှိတာကို အဟင့်။ ရှောင်ကျန့် အခန်းထဲပြန်ရောက်တာနဲ့ အိပ်ရာပေါ်က ခေါင်းအုံးကို ပြေးယူပြီး ရိပေါ်လို့သဘောထားကာ စတင် ထုရိုက်တော့သည်။

ရှောင်ကျန့် - "ခွေးကောင်လေး။ ငါ့မှာတော့ မင်းအဆင်ပြေအောင်ဆိုပြီး ချောကလက်တွေကို တစ်ရက်တည်းနဲ့ထိုင်စားလိုက်ရတာ ချောင်းဆိုးပြီးတောင် သေတော့မလို့ကို။ မင်းကတော့ ငါ့ကို ဘာမှမပြောဘဲ ထွက်သွားတယ်ပေါ့လေ။ ကျောင်းသွားတက်ရမယ်ဆိုရင်တောင် မင်းရဲ့ ကောကောကိုပြောသွားသင့်တယ် မဟုတ်ဘူးလား။ ရိုင်းလိုက်တာ ။ တော်တော်ရိုင်းလိုက်တဲ့ အကောင်။ ပြန်လာမှ မင်းကောကောက မင်းကိုပညာပေးရမယ်။ ဟမ့်"

နေ့တစ်ဝက်လောက်ထိ ရှောင်ကျန့်က ခေါင်းအုံးလေးအပေါ် မကျေနပ်ချက်တွေ ပုံချလို့နေခဲ့တယ်။ ရိပေါ်ဟာ ဒီအိမ်တော်မှာ ဒီနှစ်တစ်နွေလုံး ရှိနေမှာမဟုတ်ဘူးဆိုတဲ့အသိက ဘာရယ်မဟုတ် ရှောင်ကျန့်ရဲ့တက်ကြွမှုတွေကို ငြိမ်သက်သွားစေသည်။ အရင်လိုသူ့အနားကပ်ပြီး သူ့သွေးကိုအငမ်းမရသောက်မယ့် ကလေးလေး မရှိတော့ဘူးဆိုတဲ့ အသိလေးကြောင့်သူ့ရင်ဘက်ကလေးက စူးပြီး အောင့်တက်လာတယ်။

"အရူးလေး၊ အနည်းဆုံးတော့ မင်းကောကောကို နှုတ်ဆက်အနမ်းလေး ပေးသွားသင့်တယ် မဟုတ်ဘူးလား အဟင့်"

ထိုနေ့က ရှောင်ကျန့်တစ်ယောက် ခေါင်းအုံးလေးကို ပိုက်ပြီး မျက်ရည်တွေကြားထဲမှာပဲ အိပ်ပျော်သွားခဲ့သည်။

............

နောက်ရက်ရောက်တော့ ရှောင်ကျန့်တစ်ယောက် အကြီးအကဲနဲ့ သွားတွေ့တယ်။

"အားကျန့်.. လာလေ ကွယ်"

အကြီးအကဲက မျက်နှာသိပ်မကောင်းဘူး။ သူမ အနေနဲ့ ရှောင်ကျန့်ကို ဖုံးကွယ်ထားထားတစ်ခုခု ရှိနေမှန်းသိသာသည်။ သေချာပေါက် သူမသားနဲ့ပတ်သတ်ပဲ ဖြစ်မှာပါ။ ရှောင်ကျန့် ခန့်မှန်းမိပေမယ့်လည်း ထုတ်မမေးခဲ့ဘူး။ သူ အကြီးအကဲရှေ့မှာ ငုတ်တုတ်ကလေး ထိုင်ချလိုက်ပြီး လာရတဲ့အကြောင်းအရင်းကို ပြောလိုက်တယ်။

"ကျွန်တော် ကျောင်းဆက်တက်ချင်တယ် အားရီ၊ နောက်ပြီး ကျောင်းတက်ရင်းနဲ့ အားရီရဲ့ကုမ္ပဏီကို ဝင်ကူပေးပါ့မယ်"

"....သား ဆုံးဖြတ်ပြီးပြီပေါ့"

"ဟုတ်ကဲ့"

ရှောင်ကျန့်ဟာ ရိပေါ်မရှိတဲ့ တစ်ရက်တာကို ခက်ခဲစွာပဲ လုံလုံလောက်လောက်ကြီး ဖြတ်သန်းခဲ့ပြီးပြီ။ အထီးကျန်တယ် နာကျင်ရတယ်။ ဒါက သာမန်သံယောဇဉ်မျိုး မဟုတ်ဘူးဆိုတာ အသက် ၂၀ အရွယ် သူက မသိဘဲ မနေပါဘူး။ သူဟာ ရိပေါ်နဲ့ အရောင်တွေပါတဲ့ နီးကပ်တာမျိုး မရှိခဲ့တာတောင်၊ ရိပေါ်ဟာ သူ့ကို အစ်ကိုတစ်ယောက်လိုပဲ ဆက်ဆံပေးခဲ့တာတောင်၊ သူ့ဘက်ကလည်း ရိပေါ်ကို ညီလေးတစ်ယောက်လို အမြဲတမ်းထင်နေခဲ့တာတောင်?

အဲ့တာတောင်မှ နာကျင်စွာပဲ လက်ခံလိုက်ရတဲ့ အမှန်တရားက သူ ရိပေါ်ကို လိုအပ်နေတယ်ဆိုတာပါပဲ။ ဘဝမှာ ပထမဆုံးအကြိမ် သူ့ကိုယ်သူ စပြီး မုန်းမိလာတယ်။ ခံပြင်းလာတယ်။ သူဘာကြောင့် အခုလိုဖြစ်နေရတယ်ဆိုတာကို မသိပေမယ့် ရိပေါ်ရဲ့အနားမှာ ရှိချင်တဲ့ သူ့ဆန္ဒကတော့ ပြောင်းလဲမသွားခဲ့ဘူး။

"အားကျန့်.. ရိပေါ်မရှိတဲ့ တစ်ရက်တာမှာ သားဘယ်လိုနေလဲ"

"ဗျာ?"

အကြီးအကဲက သူ့ကို ဂရုဏာသက်တဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ သူမက အဖြေကို သိနှင့်ပြီးသားဆိုတာ ပေါ်လွင်ပါတယ်။ ရှောင်ကျန့်ဟာ အကြီးအကဲရှေ့မှာ သူ့ကိုယ်သူ ရှက်ရွံ့မိသွားတယ်။ ခြေချောင်းလေးတွေကုတ်လိုက်ပုံက သူ ဘယ်လောက်တောင် သူ့ကိုယ်သူ ရွံရှာနေသလဲဆိုတာပေါ်လွင်စေတယ်။

အကြီးအကဲ - "ပထမဆုံးအနေနဲ့ ဒါက သားအပြစ်မဟုတ်ဘူး အားကျန့်၊ ရိပေါ်က မင်းကို ကိုက်ခဲ့ပြီး အမှတ်ချန်ခဲ့တာကြောင့် မင်းဘက်ကဒီလိုတွေ ခံစားနေရတာပါ။ အမှတ်အသားက တရားဝင်မဟုတ်သေးပေမယ့် ဒီလတွေမှာ သားဘက်က ရိပေါ်ကို သွေးဆက်တိုက်ပေးနေခဲ့တော့ အမှတ်အသားက တရားဝင်နီးနီး အကျိုးသက်ရောက်နေတယ်။ ရိပေါ်နဲ့မင်းကြားမှာ ကြိုးတစ်ချောင်းရှိနေတယ် အားကျန့်။ အဲ့ကြိုးကြောင့် မင်းတို့နှစ်ယောက် ဝေးနေတဲ့အခါ မင်းဘက်က အထီးကျန်လာမယ်၊ နာကျင်လာမယ်၊ နောက်ပြီး ရိပေါ်ကို လိုအပ်လာသလိုမျိုးတွေ ဖြစ်လာလိမ့်မယ်"

ရှောင်ကျန့် အားရီပြောတာတွေကို ကြားပြီးတဲ့နောက် နည်းနည်းစိတ်အေးသွားတယ်။ သူက ကလေးအပေါ်ကို မကောင်းတဲ့ခံစားချက်တွေထားနေမိပြီလို့ ထင်နေခဲ့တာလေ။ အမှတ်ကြောင့် သက်ရောက်တဲ့လက္ခဏာတွေဆိုတော့လည်း တော်ပါသေးရဲ့။

"ဟဲဟဲ.. အဲ့လိုဆိုရင်တော့လည်း သား ကျောင်းဆက်မတက်တော့ပါဘူး အားရီ"

"ဟမ်?"

နှစ်သိမ့်ပေးဖို့ အသင့်ဖြစ်နေခဲ့တဲ့ အကြီးအကဲတစ်ယောက် ရှောင်ကျန့်စကားအဆုံးမှာ ဆွံ့အသွားရတယ်။ ရှောင်ကျန့်က ခုနကနဲ့မတူ အခုကျ စပ်ဖြဲဖြဲနဲ့။ စိတ်ခံစားချက် အပြောင်းအလဲကလည်း မြန်ပါလေရော။

ရှောင်ကျန့် - " ဒါပေမယ့် အားရီရဲ့ ကုမ္ပဏီမှာ ကူလုပ်ပေးပါ့မယ်။ ရိပေါ်မရှိတဲ့ အတော်အတွင်း ကျွန်တော်လည်း အားရီကိုကူရင်း အားမွေးထားဖို့ ဆုံးဖြတ်လိုက်တာမို့ပါ"

"အင်းးအင်းး အဲ့လိုဆိုတော့လည်းကောင်းတာပေါ့ကွယ်၊ နောက်ပြီး အားရီ ခရီးမသွားခင် သားမိသားစုနဲ့သွားတွေ့ဖို့ စီစဉ်ထားတယ်။ အဲ့နေ့ကျ သားပါ လိုက်ခဲ့လေ ၊ အဆင်ပြေမလား"

"ပြေတယ် ပြေတယ်။ ကျေးဇူးတင်ပါတယ် အားရီ"

ရှောင်ကျန့်က ထမခုန်ရုံတမယ်ပဲ ။ ပျော်မြူးနေလိုက်တာများ။ မိဘတွေနဲ့ ပြန်တွေ့ရတော့မယ်ဆိုတဲ့အသိကလေးက ရိပေါ်မရှိလို့ ခံစားနေရတဲ့ ဝေဒနာတွေအကုန်လုံးကို လွင့်ပျယ်သွားစေတယ်။ ရှောင်ကျန့်ဟာ အကြီးအကဲကို အရိုအသေပေးပြီးတာနဲ့ သူ့အခန်းရှိရာဆီ မြောက်ကြွမြောက်ကြွနဲ့ ပြန်သွားရှာတယ်။ အော် ပြန်မသွားခင်လည်း တစ်ခုတောင်းဆိုခဲ့ပါသေးတယ်။ အဲ့တာက သူ့သူငယ်ချင်းသုံးယောက်ကိုပါ အတူလိုက်ခွင့်ပေးဖို့လေ။ ချစ်သူငယ်ချင်းတွေကိုလည်း သူ့မိဘတွေနဲ့ မိတ်ဆက်ပေးချင်တဲ့ သူဆန္ဒကလေးကို အကြီးအကဲကဖြည့်ဆည်းပေးဖို့သဘောတူလိုက်တယ်။

ဒီနေ့ကတော့ အပျော်ပေါ် အပျော်ဆင့်ပဲဟေ့။

..........



"အမယ် ကျန်းမု ၊ ခန့်ချောကြီးကိုဖြစ်နေရောပဲ"

အခန်းကနေ ထွက်လာတဲ့ရှောင်ကျန့်ကသူငယ်ချင်းဖြစ်သူ ကျန်းမုကို တွေ့တာနဲ့ လှမ်းနောက်လိုက်တယ်။ ဟောက်ကျားနဲ့ရိယွင်က အကြီးအကဲနဲ့အတူ အောက်ဘက်မှာ စောင့်နေကြတယ်။ ဒီနေ့က သူ့မိသားစုနဲ့သွားတွေ့ရမယ့်နေ့မို့ အကြီးအကဲက ကျန်းမုတို့ကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားစေသည်။ ရှောင်ကျန့်က ကျန်းမုအနားကို ခပ်ရှိန်ရှိန်အနေအထားနဲ့ လျှောက်လာခဲ့ပြီး ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး ထပ်စတယ်။

"အိုက်ယား ကျန်းကောရဲ့ခန့်ချောမှုတွေအောက် ဒီလူသား မခံစားနိုင်တော့ဘူး..အဟင့်"

"မင်းဘယ်တုန်းက စပြီး အခုလိုဖြစ်သွားတာလဲ ရှောင်ကျန့်"

ကျန်းမုက သူ့ကို  မျက်ခုံတွန့်ပြီး ငုံ့ကြည့်လာတယ်။ ထိုအခါမှ ရှောင်ကျန့်လည်း လေသံပြန်ပြင်လိုက်ပြီး ခပ်တည်တည်ပြန်နေလိုက်သည်။

"ငါက အမြဲတမ်း ဒီအတိုင်းပဲဟာကို"

"ငါသိသလောက်တော့ မင်းမျက်နှာက အခုလိုစပ်ဖြဲဖြဲမဟုတ်ပါဘူး"

"မင်းက ငါပျော်တာကို မမြင်ချင်ဘူးပေါ့လေ၊ ကျက်သတုံးကောင်ကျန်းမု ... သူငယ်ချင်းကောင်းပီသချက်က ဩချရလောက်ပါပေ့"

"ငါက အဲ့လိုဆိုလိုတာ မဟုတ်-"

ကျန်းမု စကားမဆုံးခင်မှာပဲ ရှောင်ကျန့်ကနှာမှုတ်ပြီးထွက်သွားခဲ့ပြီ။ ကျန်းမုအတွက် ရှောင်ကျန့်ရဲ့ အဲ့လိုစနောက်တဲ့ပုံစံကထူးဆန်းနေသေးတယ်လေ။ အဆောင်နေကျောင်းသားဘဝတုန်းကဆို သူနဲ့ ရှောင်ကျန့်က မျက်နှာတည်ပြီး စာဂျပိုးတွေဖြစ်ခဲ့တာမို့ ကျန်းမုက မယုံနိုင်ဖြစ်နေတာ။ သေချာတာကတော့ အဲ့တုန်းက ရှောင်ကျန့်ဘက်ကနေ  သူ့ကိုရှိန်အောင်  တမင်တည်ခဲ့တာဖြစ်မယ် XD 

ရှောင်ကျန့် - "အားရီ.."

အကြီးအကဲ - "အဆင်သင့်ဖြစ်ပြီဆို သွားရအောင်ကွယ်"

"ဟုတ်!!"


Zawgyi



ႏွစ္ရက္။

ႏွစ္ရက္ရွိၿပီ ရိေပၚ ေရွာင္က်န႔္ဆီမလာတာ။ အရင္လို ေရွာင္က်န႔္အနားကို ကပ္တြယ္မလာခဲ့သလို ေသြးအတြက္လည္း ေရာက္မလာခဲ့ဘူး။ ဒီေန႔မွာေတာ့ ေရွာင္က်န႔္ဘက္က ပထမဆုံးအႀကိမ္ ရိေပၚအခန္းကို သြားဖို႔ ဆုံးျဖတ္လိုက္ရသည္။ ေျပာခါမွ သူတစ္ခါမွ ရိေပၚအခန္းဆီ မေရာက္ဖူးတာမို႔ လမ္းနည္းနည္းေပ်ာက္ေနတယ္ေရာ။

"ေရွာင္က်န႔္? မင္းဒီမွာ ဘာလုပ္ေနတာလဲ"

တိုက္တိုက္ဆိုင္ဆိုင္ လမ္းခ်ိဳးတစ္ခုမွာ ရိယြင္နဲ႔ သူ ဝင္တိုးတယ္။ ကယ္တင္ရွင္ကို ေတြ႕လိုက္ရသလိုမ်ိဳး ေရွာင္က်န႔္မ်က္ႏွာေလး ဝင္းပသြားသည္။

"ရိယြင္... ရိေပၚ ရဲ႕ အခန္းက ဘယ္မွာလဲဆိုတာသိလားဟင္။ ငါ့မွာ သူ႔ကို ေျပာစရာေလး ရွိလို႔"

"သခင္ေလး? သခင္ေလးက လြန္ခဲ့တဲ့ႏွစ္ရက္ကတည္းက ေက်ာင္းက အေဆာင္မွာ သြားေနတယ္ေလ။ မင္းကို မေျပာသြားဘူးလား?"

"ေက်ာင္းကအေဆာင္?"

ေရွာင္က်န႔္ အူတူတူေလး သံေယာင္လိုက္မိတယ္။ ရိယြင္က သူ႔ကို အေပၚေအာက္ ႏွစ္ေခါက္ေလာက္ ၾကည့္ၿပီး

"မင္းကို တကယ္မေျပာသြားဘူးလား၊ အခုက သခင္ေလးတို႔ရဲ႕ ေက်ာင္းရာသီစၿပီေလ။ ေႏြသုံးလလုံး သခင္ေလးက ေက်ာင္းအေဆာင္မွာသြားေနၿပီး စာသင္ရမွာ"

"ဒါေပမယ့္ ငါသူ႔ကိုသင္ေပးေနတာပဲ မဟုတ္ဘူးလား။ ငါထင္တာ သူက အိမ္မွာပဲစာလုပ္ရတယ္လို႔ေလ"

"အဲ့လိုေတာ့ အဲ့လိုဆိုေပမယ့္ ငါတို႔ေတြလည္း လူေတြလိုပါပဲ။ ေက်ာင္းပိတ္ရက္ဆို အိမ္မွာ က်ဴတာငွားၿပီး စာလုပ္ရတယ္။ ေက်ာင္းတက္ရမယ့္ ရာသီေရာက္ရင္ ေက်ာင္းမွာစာသြားသင္ရတယ္ေလ။ မ်ိဳးႏြယ္ႀကီးေတြဆိုရင္ေတာင္ အဲ့တာက သာမန္လိုပဲဟ"

ေလာေလာဆယ္မွာေတာ့ ရိယြင္တို႔က အႀကီးအကဲရဲ႕ အမိန႔္နဲ႔ ေရွာင္က်န႔္ကိုေစာင့္ေရွာက္ရမွာမို႔ ေက်ာင္းနားထားတယ္။ ေျပာရမယ္ဆိုရင္ ေရွာင္က်န႔္တို႔ ေလးေယာက္လုံး ေက်ာင္းနားထားရတယ္လို႔လား။ အႀကီးအကဲရဲ႕ ခန႔္ခြဲမႈေအာက္မွာ ေက်ာင္းကိစၥေတြက အဆင္ေျပသြားေပမယ့္လည္း နည္းနည္းေတာ့ နားလည္ရခက္ေနေသးတယ္။ ဘာလို႔ဆို ေရွာင္က်န႔္က ေျခာက္လေက်ာ္ေလာက္ ေက်ာင္းမတက္တာကို သူ႔မိဘေတြ မသိဘူးဆိုတာႀကီးက ပုံမွန္မဟုတ္ဘူးေလ၊ ဟုတ္တယ္မလား။ အႀကီးအကဲက အဲ့ကိစၥကိုဘယ္လိုေျဖရွင္းလိုက္လဲဆိုတာ သူမသိေပမယ့္ အခုထိေတာ့ အဆင္ေျပေနပါေသးတယ္။

ေရွာင္က်န႔္ - "ေအာ္..."

ေရွာင္က်န႔္ ရိယြင္နဲ႔စကားေျပာၿပီးတဲ့ေနာက္ သူ႔အခန္းသူ ျပန္လာခဲ့သည္။ ရိေပၚအခန္းကိုသြားမေနေတာ့ဘူး။ ေတြ႕ခ်င္တဲ့သူမွ မရွိတာကို အဟင့္။ ေရွာင္က်န႔္ အခန္းထဲျပန္ေရာက္တာနဲ႔ အိပ္ရာေပၚက ေခါင္းအုံးကို ေျပးယူၿပီး ရိေပၚလို႔သေဘာထားကာ စတင္ ထု႐ိုက္ေတာ့သည္။

ေရွာင္က်န႔္ - "ေခြးေကာင္ေလး။ ငါ့မွာေတာ့ မင္းအဆင္ေျပေအာင္ဆိုၿပီး ေခ်ာကလက္ေတြကို တစ္ရက္တည္းနဲ႔ထိုင္စားလိုက္ရတာ ေခ်ာင္းဆိုးၿပီးေတာင္ ေသေတာ့မလို႔ကို။ မင္းကေတာ့ ငါ့ကို ဘာမွမေျပာဘဲ ထြက္သြားတယ္ေပါ့ေလ။ ေက်ာင္းသြားတက္ရမယ္ဆိုရင္ေတာင္ မင္းရဲ႕ ေကာေကာကိုေျပာသြားသင့္တယ္ မဟုတ္ဘူးလား။ ႐ိုင္းလိုက္တာ ။ ေတာ္ေတာ္႐ိုင္းလိုက္တဲ့ အေကာင္။ ျပန္လာမွ မင္းေကာေကာက မင္းကိုပညာေပးရမယ္။ ဟမ့္"

ေန႔တစ္ဝက္ေလာက္ထိ ေရွာင္က်န႔္က ေခါင္းအုံးေလးအေပၚ မေက်နပ္ခ်က္ေတြ ပုံခ်လို႔ေနခဲ့တယ္။ ရိေပၚဟာ ဒီအိမ္ေတာ္မွာ ဒီႏွစ္တစ္ေႏြလုံး ရွိေနမွာမဟုတ္ဘူးဆိုတဲ့အသိက ဘာရယ္မဟုတ္ ေရွာင္က်န႔္ရဲ႕တက္ႂကြမႈေတြကို ၿငိမ္သက္သြားေစသည္။ အရင္လိုသူ႔အနားကပ္ၿပီး သူ႔ေသြးကိုအငမ္းမရေသာက္မယ့္ ကေလးေလး မရွိေတာ့ဘူးဆိုတဲ့ အသိေလးေၾကာင့္သူ႔ရင္ဘက္ကေလးက စူးၿပီး ေအာင့္တက္လာတယ္။

"အ႐ူးေလး၊ အနည္းဆုံးေတာ့ မင္းေကာေကာကို ႏႈတ္ဆက္အနမ္းေလး ေပးသြားသင့္တယ္ မဟုတ္ဘူးလား အဟင့္"

ထိုေန႔က ေရွာင္က်န႔္တစ္ေယာက္ ေခါင္းအုံးေလးကို ပိုက္ၿပီး မ်က္ရည္ေတြၾကားထဲမွာပဲ အိပ္ေပ်ာ္သြားခဲ့သည္။

............

ေနာက္ရက္ေရာက္ေတာ့ ေရွာင္က်န႔္တစ္ေယာက္ အႀကီးအကဲနဲ႔ သြားေတြ႕တယ္။

"အားက်န႔္.. လာေလ ကြယ္"

အႀကီးအကဲက မ်က္ႏွာသိပ္မေကာင္းဘူး။ သူမ အေနနဲ႔ ေရွာင္က်န႔္ကို ဖုံးကြယ္ထားထားတစ္ခုခု ရွိေနမွန္းသိသာသည္။ ေသခ်ာေပါက္ သူမသားနဲ႔ပတ္သတ္ပဲ ျဖစ္မွာပါ။ ေရွာင္က်န႔္ ခန႔္မွန္းမိေပမယ့္လည္း ထုတ္မေမးခဲ့ဘူး။ သူ အႀကီးအကဲေရွ႕မွာ ငုတ္တုတ္ကေလး ထိုင္ခ်လိုက္ၿပီး လာရတဲ့အေၾကာင္းအရင္းကို ေျပာလိုက္တယ္။

"ကြၽန္ေတာ္ ေက်ာင္းဆက္တက္ခ်င္တယ္ အားရီ၊ ေနာက္ၿပီး ေက်ာင္းတက္ရင္းနဲ႔ အားရီရဲ႕ကုမၸဏီကို ဝင္ကူေပးပါ့မယ္"

"....သား ဆုံးျဖတ္ၿပီးၿပီေပါ့"

"ဟုတ္ကဲ့"

ေရွာင္က်န႔္ဟာ ရိေပၚမရွိတဲ့ တစ္ရက္တာကို ခက္ခဲစြာပဲ လုံလုံေလာက္ေလာက္ႀကီး ျဖတ္သန္းခဲ့ၿပီးၿပီ။ အထီးက်န္တယ္ နာက်င္ရတယ္။ ဒါက သာမန္သံေယာဇဥ္မ်ိဳး မဟုတ္ဘူးဆိုတာ အသက္ ၂၀ အ႐ြယ္ သူက မသိဘဲ မေနပါဘူး။ သူဟာ ရိေပၚနဲ႔ အေရာင္ေတြပါတဲ့ နီးကပ္တာမ်ိဳး မရွိခဲ့တာေတာင္၊ ရိေပၚဟာ သူ႔ကို အစ္ကိုတစ္ေယာက္လိုပဲ ဆက္ဆံေပးခဲ့တာေတာင္၊ သူ႔ဘက္ကလည္း ရိေပၚကို ညီေလးတစ္ေယာက္လို အၿမဲတမ္းထင္ေနခဲ့တာေတာင္?

အဲ့တာေတာင္မွ နာက်င္စြာပဲ လက္ခံလိုက္ရတဲ့ အမွန္တရားက သူ ရိေပၚကို လိုအပ္ေနတယ္ဆိုတာပါပဲ။ ဘဝမွာ ပထမဆုံးအႀကိမ္ သူ႔ကိုယ္သူ စၿပီး မုန္းမိလာတယ္။ ခံျပင္းလာတယ္။ သူဘာေၾကာင့္ အခုလိုျဖစ္ေနရတယ္ဆိုတာကို မသိေပမယ့္ ရိေပၚရဲ႕အနားမွာ ရွိခ်င္တဲ့ သူ႔ဆႏၵကေတာ့ ေျပာင္းလဲမသြားခဲ့ဘူး။

"အားက်န႔္.. ရိေပၚမရွိတဲ့ တစ္ရက္တာမွာ သားဘယ္လိုေနလဲ"

"ဗ်ာ?"

အႀကီးအကဲက သူ႔ကို ဂ႐ုဏာသက္တဲ့မ်က္ဝန္းေတြနဲ႔ ၾကည့္ေနတယ္။ သူမက အေျဖကို သိႏွင့္ၿပီးသားဆိုတာ ေပၚလြင္ပါတယ္။ ေရွာင္က်န႔္ဟာ အႀကီးအကဲေရွ႕မွာ သူ႔ကိုယ္သူ ရွက္႐ြံ႕မိသြားတယ္။ ေျခေခ်ာင္းေလးေတြကုတ္လိုက္ပုံက သူ ဘယ္ေလာက္ေတာင္ သူ႔ကိုယ္သူ ႐ြံရွာေနသလဲဆိုတာေပၚလြင္ေစတယ္။

အႀကီးအကဲ - "ပထမဆုံးအေနနဲ႔ ဒါက သားအျပစ္မဟုတ္ဘူး အားက်န႔္၊ ရိေပၚက မင္းကို ကိုက္ခဲ့ၿပီး အမွတ္ခ်န္ခဲ့တာေၾကာင့္ မင္းဘက္ကဒီလိုေတြ ခံစားေနရတာပါ။ အမွတ္အသားက တရားဝင္မဟုတ္ေသးေပမယ့္ ဒီလေတြမွာ သားဘက္က ရိေပၚကို ေသြးဆက္တိုက္ေပးေနခဲ့ေတာ့ အမွတ္အသားက တရားဝင္နီးနီး အက်ိဳးသက္ေရာက္ေနတယ္။ ရိေပၚနဲ႔မင္းၾကားမွာ ႀကိဳးတစ္ေခ်ာင္းရွိေနတယ္ အားက်န႔္။ အဲ့ႀကိဳးေၾကာင့္ မင္းတို႔ႏွစ္ေယာက္ ေဝးေနတဲ့အခါ မင္းဘက္က အထီးက်န္လာမယ္၊ နာက်င္လာမယ္၊ ေနာက္ၿပီး ရိေပၚကို လိုအပ္လာသလိုမ်ိဳးေတြ ျဖစ္လာလိမ့္မယ္"

ေရွာင္က်န႔္ အားရီေျပာတာေတြကို ၾကားၿပီးတဲ့ေနာက္ နည္းနည္းစိတ္ေအးသြားတယ္။ သူက ကေလးအေပၚကို မေကာင္းတဲ့ခံစားခ်က္ေတြထားေနမိၿပီလို႔ ထင္ေနခဲ့တာေလ။ အမွတ္ေၾကာင့္ သက္ေရာက္တဲ့လကၡဏာေတြဆိုေတာ့လည္း ေတာ္ပါေသးရဲ႕။

"ဟဲဟဲ.. အဲ့လိုဆိုရင္ေတာ့လည္း သား ေက်ာင္းဆက္မတက္ေတာ့ပါဘူး အားရီ"

"ဟမ္?"

ႏွစ္သိမ့္ေပးဖို႔ အသင့္ျဖစ္ေနခဲ့တဲ့ အႀကီးအကဲတစ္ေယာက္ ေရွာင္က်န႔္စကားအဆုံးမွာ ဆြံ႕အသြားရတယ္။ ေရွာင္က်န႔္က ခုနကနဲ႔မတူ အခုက် စပ္ၿဖဲၿဖဲနဲ႔။ စိတ္ခံစားခ်က္ အေျပာင္းအလဲကလည္း ျမန္ပါေလေရာ။

ေရွာင္က်န႔္ - " ဒါေပမယ့္ အားရီရဲ႕ ကုမၸဏီမွာ ကူလုပ္ေပးပါ့မယ္။ ရိေပၚမရွိတဲ့ အေတာ္အတြင္း ကြၽန္ေတာ္လည္း အားရီကိုကူရင္း အားေမြးထားဖို႔ ဆုံးျဖတ္လိုက္တာမို႔ပါ"

"အင္းးအင္းး အဲ့လိုဆိုေတာ့လည္းေကာင္းတာေပါ့ကြယ္၊ ေနာက္ၿပီး အားရီ ခရီးမသြားခင္ သားမိသားစုနဲ႔သြားေတြ႕ဖို႔ စီစဥ္ထားတယ္။ အဲ့ေန႔က် သားပါ လိုက္ခဲ့ေလ ၊ အဆင္ေျပမလား"

"ေျပတယ္ ေျပတယ္။ ေက်းဇူးတင္ပါတယ္ အားရီ"

ေရွာင္က်န႔္က ထမခုန္႐ုံတမယ္ပဲ ။ ေပ်ာ္ျမဴးေနလိုက္တာမ်ား။ မိဘေတြနဲ႔ ျပန္ေတြ႕ရေတာ့မယ္ဆိုတဲ့အသိကေလးက ရိေပၚမရွိလို႔ ခံစားေနရတဲ့ ေဝဒနာေတြအကုန္လုံးကို လြင့္ပ်ယ္သြားေစတယ္။ ေရွာင္က်န႔္ဟာ အႀကီးအကဲကို အ႐ိုအေသေပးၿပီးတာနဲ႔ သူ႔အခန္းရွိရာဆီ ေျမာက္ႂကြေျမာက္ႂကြနဲ႔ ျပန္သြားရွာတယ္။ ေအာ္ ျပန္မသြားခင္လည္း တစ္ခုေတာင္းဆိုခဲ့ပါေသးတယ္။ အဲ့တာက သူ႔သူငယ္ခ်င္းသုံးေယာက္ကိုပါ အတူလိုက္ခြင့္ေပးဖို႔ေလ။ ခ်စ္သူငယ္ခ်င္းေတြကိုလည္း သူ႔မိဘေတြနဲ႔ မိတ္ဆက္ေပးခ်င္တဲ့ သူဆႏၵကေလးကို အႀကီးအကဲကျဖည့္ဆည္းေပးဖို႔သေဘာတူလိုက္တယ္။

ဒီေန႔ကေတာ့ အေပ်ာ္ေပၚ အေပ်ာ္ဆင့္ပဲေဟ့။

..........

"အမယ္ က်န္းမု ၊ ခန႔္ေခ်ာႀကီးကိုျဖစ္ေနေရာပဲ"

အခန္းကေန ထြက္လာတဲ့ေရွာင္က်န႔္ကသူငယ္ခ်င္းျဖစ္သူ က်န္းမုကို ေတြ႕တာနဲ႔ လွမ္းေနာက္လိုက္တယ္။ ေဟာက္က်ားနဲ႔ရိယြင္က အႀကီးအကဲနဲ႔အတူ ေအာက္ဘက္မွာ ေစာင့္ေနၾကတယ္။ ဒီေန႔က သူ႔မိသားစုနဲ႔သြားေတြ႕ရမယ့္ေန႔မို႔ အႀကီးအကဲက က်န္းမုတို႔ကို သပ္သပ္ရပ္ရပ္ ျပင္ဆင္ထားေစသည္။ ေရွာင္က်န႔္က က်န္းမုအနားကို ခပ္ရွိန္ရွိန္အေနအထားနဲ႔ ေလွ်ာက္လာခဲ့ၿပီး ပုံမွန္အတိုင္း ေပါ့ေပါ့ပါးပါး ထပ္စတယ္။

"အိုက္ယား က်န္းေကာရဲ႕ခန႔္ေခ်ာမႈေတြေအာက္ ဒီလူသား မခံစားႏိုင္ေတာ့ဘူး..အဟင့္"

"မင္းဘယ္တုန္းက စၿပီး အခုလိုျဖစ္သြားတာလဲ ေရွာင္က်န႔္"

က်န္းမုက သူ႔ကို မ်က္ခုံတြန႔္ၿပီး ငုံ႔ၾကည့္လာတယ္။ ထိုအခါမွ ေရွာင္က်န႔္လည္း ေလသံျပန္ျပင္လိုက္ၿပီး ခပ္တည္တည္ျပန္ေနလိုက္သည္။

"ငါက အၿမဲတမ္း ဒီအတိုင္းပဲဟာကို"

"ငါသိသေလာက္ေတာ့ မင္းမ်က္ႏွာက အခုလိုစပ္ၿဖဲၿဖဲမဟုတ္ပါဘူး"

"မင္းက ငါေပ်ာ္တာကို မျမင္ခ်င္ဘူးေပါ့ေလ၊ က်က္သတုံးေကာင္က်န္းမု ... သူငယ္ခ်င္းေကာင္းပီသခ်က္က ဩခ်ရေလာက္ပါေပ့"

"ငါက အဲ့လိုဆိုလိုတာ မဟုတ္-"

က်န္းမု စကားမဆုံးခင္မွာပဲ ေရွာင္က်န႔္ကႏွာမႈတ္ၿပီးထြက္သြားခဲ့ၿပီ။ က်န္းမုအတြက္ ေရွာင္က်န႔္ရဲ႕ အဲ့လိုစေနာက္တဲ့ပုံစံကထူးဆန္းေနေသးတယ္ေလ။ အေဆာင္ေနေက်ာင္းသားဘဝတုန္းကဆို သူနဲ႔ ေရွာင္က်န႔္က မ်က္ႏွာတည္ၿပီး စာဂ်ပိုးေတြျဖစ္ခဲ့တာမို႔ က်န္းမုက မယုံႏိုင္ျဖစ္ေနတာ။ ေသခ်ာတာကေတာ့ အဲ့တုန္းက ေရွာင္က်န႔္ဘက္ကေန သူ႔ကိုရွိန္ေအာင္ တမင္တည္ခဲ့တာျဖစ္မယ္ XD

ေရွာင္က်န႔္ - "အားရီ.."

အႀကီးအကဲ - "အဆင္သင့္ျဖစ္ၿပီဆို သြားရေအာင္ကြယ္"

"ဟုတ္!!"

Continue Reading

You'll Also Like

141K 6.1K 29
She was the last concubine to survive the antagonist execution. Possessing an extra that was destined to die in the first arc of a BL setting, Lolann...
8.9K 121 12
重生六零纪事 The first half of Jiang Laidi's life can only be described as miserable. Born in a backward and ignorant mountain village, with an honest fath...
1.5M 99.5K 48
A dorm mate swap changed the course of both boys' lives. Jeongguk was hated by his friends while Taehyung was hated by all his exes. »»...
6.6K 184 31
In Shadowhunters Magnus Bane was Isabelle Lightwoods' lawyer when she was accused of stealing the Mortal Cup in Season 1 Episode 11 and How to Get Aw...