The Annoying Vampire and Me

By Ekariiii

20.4K 1.4K 29

yizhan_ Yibo as a Vampire... Xiao Zhan as a Prey <3 ငိုရတာတွေမပါပါဘူး ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်း အတိုလေ... More

The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
.....

The annoying vampire and me <3

870 76 2
By Ekariiii

Unicode



"ရှောင်ကျန့်.. ရှောင်ရှောင်းကျန့်"

ဒေါက်ဒေါက်ဒေါက်*

"ရှောင်ကျန့်!!! ငါဗိုက်ဆာနေပြီမို့ ထတော့လို့"

အဆက်မပြတ်ထွက်ပေါ်လာတဲ့ တံခါးခေါက်သံတွေကြောင့် ရှောင်ကျန့်နိုးလာခဲ့သည်။ အိပ်ရေးဝပေမယ့် သွေးအားနည်းနေတာမို့ ခေါင်းကမိုက်ခနဲဖြစ်သွားတယ်။ သို့သော် ရှောင်ကျန့်အဆင်ပြေနေပါသေးတယ်။

"အင့်"

ရှောင်ကျန့် တံခါးဖွင့်ပေးလိုက်တာနဲ့ ရိပေါ်က သူ့လက်ကိုဆွဲယူပြီး ကိုက်ချသည်။ ဒီနေ့ အကိုက်ခံရတာက သူ့အတွက် ပုံမှန်နေ့တွေထက် ပိုပြီးနာတယ်။ ကိုယ့်ကိုကိုယ် အားနည်းနေမှန်းသိလိုက်ရတော့ ရှောင်ကျန့် သက်ပြင်းချလိုက်တယ်။

"ရိပေါ် မင်းဒီနေ့မှ ပိုသောက်နေသလိုပဲ၊ ငါပဲစိတ်ထင်တာများလား"

" ဟင့်အင်း၊ ငါ တကယ် ပိုသောက်နေမိတာ "

" ဝါးးး မင်း မင်း ထပ်ပြီး ထွားလာပြန်ပြီ"

ရိပေါ်ရဲ့ ခန္ဓာကိုယ်က ရှောင်ကျန့်မျက်စိရှေ့မှာတင် ကြီးထွားလာတယ်။ အရပ်လည်းပိုရှည်လာသလို ကြွက်သားတွေကလည်း ပိုပြီး မာကျစ်လာသည်။ ဒါပေမယ့် ရိပေါ်ရဲ့ အသက်ပိုင်းဆိုင်ရာကတော့ ကြီးမလာသေးဘူး။ ဗိုက်ဝသွားတဲ့အထိ သောက်ပြီးတဲ့အခါ ရိပေါ်က ရှောင်ကျန့်လက်ကို ပြန်လွှတ်ပေးလိုက်သည်။

သူ ရှောင်ကျန့်ကို စိုက်ကြည့်နေမိသည်။ ရှောင်ကျန့်က သူ့မျက်စိရှေ့မှာတင် လူကောင်သေးလာသလို ရှိတယ်။ သူပဲ ထွားလာလို့လား ဒါမှမဟုတ် သူထင်နေသလိုမျိုး ရှောင်ကျန့်ခန္ဓာကိုယ်ကပဲ သေးလာတာလားဆိုတာတော့ ရိပေါ်အဖြေရှာမရသေးဘူး။

ရိပေါ် ရှောင်ကျန့်ကို ကျော်ပြီးအခန်းအတွင်းကို လှမ်းကြည့်လိုက်တယ်။ ထိုအခါ အိပ်ရာပေါ်မှာ ပွထနေတဲ့ ချောကလက်မုန့်တွေကိုမြင်လိုက်ရသည်။

"အဲ့တာတွေက အရသာရှိလို့လား"

"ဟင်.. ချောကလက်တွေလား"

ရှောင်ကျန့် ရယ်ရင်း ပြန်မေးလိုက်တယ်။ ရိပေါ်က သူ့ကို ကလေးလေးတစ်ယောက်လို ခေါင်းတဆတ်ဆတ် ညိမ့်ပြတယ်။

"အင်းးးးးးး ငါ့အတွက်တော့ အရသာရှိတယ်။ ဒါပေမယ့် မင်းအတွက်ဆိုရင်တော့ ရေမြှုပ်တွေစားနေရသလိုဖြစ်နေလိမ့်မယ်"

တစ်ခါတုန်းက ရှောင်ကျန့် ရိယွင်ကို သူစားနေကျမုန့်တစ်မျိုး ကျွေးဖူးတယ်။ ရိယွင်ရဲ့ အာရုံခံစနစ်ကို စမ်းသပ်ချင်တာကြောင့် သူလုပ်ခဲ့တာ။ နောက်ပြီး လူတွေရဲ့ အစားအစာတွေက ဗန်ပိုင်းယားတွေအတွက်ဆို ဘယ်လိုအရသာများဖြစ်နေမလဲဆိုတာကိုလည်း သိချင်မိလို့။ ရိယွင်က မြိုချဖို့မပြောနဲ့ တချက်လောက် ဝါးပြီးတာနဲ့ ချက်ချင်းပြန်ထွေးထုတ်ခဲ့သည်။

"မင်းဟာကြီးက ရွံစရာကောင်းလိုက်တာ။ မသိရင် ရေမြှုပ်တွေကို ဝါးနေရသလိုပဲ။ အော့.အော့."

ပြောနေရင်း အန်ချဖို့လုပ်တဲ့ ရိယွင်ရဲ့ပုံစံကို ပြန်မြင်မိတော့ ရှောင်ကျန့် ခပ်ချဉ်ချဉ်ပဲ ပြုံးလိုက်တယ်။ သူ ရိပေါ်ကို မော့ကြည့်လိုက်တယ်။ တကောင့်သားလေးက သူ့အရပ်ထက်ပိုမှ ခေါင်းတစ်လုံးစာထက်တောင် ပိုရှည်နေပြီ။ သူ့ရဲ့ သွေးဟာ ရိပေါ်ကြီးထွားမှုရဲ့ အဓိကဆိုတာကို ရှောင်ကျန့်သိတယ်။ နောက်ပြီး ရိပေါ်ရဲ့ ခန္ဓာကိုယ်က ဒီရက်တွေမှာ သိသိသာသာကို ကြီးထွားမှုမြန်နေသည်။

သူ့သွေးကြောင့်လား ဒါမှမဟုတ် မျိုးသန့်တစ်ယောက်ရဲ့ကြီးထွားမှုဖြစ်စဉ်လားဆိုတာကိုတော့ သူသေချာမပြောတတ်သေးဘူး။ ဘာလို့ဆို... ရှောင်ကျန့်အမေက သွေးသန့်ဖြစ်ခဲ့ပေမယ့် ရိပေါ်လိုမျိုး သွေးသောက်မကြမ်းတာကြောင့် အလျင်အမြန်ကြီး  ကြီးထွားမလာဘူးလေ။ ရှောင်ကျန့်မားမားက လူတွေလိုပဲ ဖြေးဖြေးချင်း ကြီးထွားတယ်။ ရိပေါ်က ဘယ်လိုပြောရမလဲ မကောင်းဆိုးဝါးတစ်ကောင်လိုမျိုး အရှိန်အဟုန်နဲ့ကြီးထွားတာရယ်။

ရှောင်ကျန့် မချိပြုံး ပြုံးမိပြန်သည်။ သူ ရိပေါ်ကို ဘုဆတ်ဆတ်ကြည့်လိုက်တယ်။

"ဝေ့ .. ရိပေါ်၊  မင်း ခဏလောက် ထိုင်ချလိုက်ပါလား"

"ဘာလို့လဲ"

ရိပေါ်က တချိန်လုံး ရှောင်ကျန့်အခန်းထဲကိုပဲ စိုက်ကြည့်နေရာကနေ သူ့ကောကောရဲ့ အသံကိုလည်းကြားရော တောင့်တင်းနေတဲ့ အသံနဲ့ပြန်ဖြေလာတယ်။ ပြန်ရလာတဲ့အဖြေကြောင့် ရှောင်ကျန့်က သူ့နှာခေါင်းထိပ်ကလေးကို ပွတ်သပ်လိုက်ပြီး မကျေမနပ်အသံလေးနဲ့တိုးတိုးလေးဆိုသည်။

"ငါ မင်းခေါင်းကို မမှီလို့လေ ဟွန့်"

ရှောင်ကျန့်ပြောလိုက်တော့ ရိပေါ်ဟာ ခပ်တည်တည်နဲ့ ထိုင်ချပြီး ခေါင်းငုံ့ပေးလာသည်။ ထိုအခါမှ ရှောင်ကျန့်တစ်ယောက် လွတ်လွတ်လပ်လပ် ပြုံးရယ်ပြီး ရိပေါ်ဆံပင်တွေကို ဆွဲဖွရှာတယ်။

"ရိပေါ် မင်းဘယ်နေ့က နောက်ဆုံးခေါင်းလျှော်တာလဲ၊ မင်းဆံပင်တွေက အရင်လိုမဟုတ်ဘဲ မာတောင့်တောင့်နဲ့"

ရိပေါ် - "ငါမမှတ်မိဘူး၊ ငါ့စိတ်ထင် လွန်ခဲ့တဲ့ တစ်လလောက်က ဖြစ်မယ်ထင်တာပဲ"

ရှောင်ကျန့် - ".....မင်း!!  လာခဲ့စမ်း "

ရိပေါ်ဟာ ရှောင်ကျန့် ဆွဲခေါ်တာကို ခံလိုက်ရပါတယ်။ ရှောင်ကျန့်က သူ့ကို အင်္ကျီဂုတ်သားကနေ လက်နှစ်ဖက်နဲ့ အားကုန်သုံးပြီး ဆွဲခေါ်သွားရတာ XD. ကျန့်ကောက အားလည်းမရှိဘူး။

.......

ရိပေါ်ကို တစ်နာရီကြာအောင် ရေချိုးပေးပြီးတဲ့နောက် ရှောင်ကျန့် ခြေကုန်လက်ပမ်းကျသွားလေပြီ။ ရေချိုးခေါင်းလျှော်ပြီးလို့ သန့်ပြန့်သွားတဲ့ ရိပေါ်ကတော့ သူ့ကုတင်ခြေရင်းမှာ ငုတ်တုတ်လေးထိုင်နေတယ်။ ရှောင်ကျန့် လေးလံတဲ့သက်ပြင်းတွေကို အခါခါချ၊ မသယ်ချင်တဲ့ခြေထောက်ကို သယ်ပြီး ရိပေါ်ဆံပင်ကို ခြောက်အောင် သုတ်ပေးဖို့ ပြင်ရပြန်သည်။

ရှောင်ကျန့် - ဒီကောင်ကွာ ဒီအရွယ်ပဲ ရောက်နေပြီကို နေရာတကာလိုက်လုပ်ပေးနေရတုန်းပဲ။

"ရိပေါ် နောက်ဆို တစ်ပတ်တစ်ခါ ခေါင်းလျှော်ရမယ်နော်။ မင်းဟာမင်း မလျှော်ချင်ရင် ကျန်းမု တို့ ဟောက်ကျားတို့ကို လျှော်ခိုင်းလိုက် ဟုတ်ပြီလား။"

ရှောင်ကျန့်က ရိပေါ်ဆံပင်လေးတွေကို လက်နဲ့ထိုးဖွရင်း နူးနူးညံ့ညံ့လေးပြောလိုက်ပေမယ့် ရိပေါ်က ချက်ချင်းဆိုသလို အေးစက်သွားကာ သူပြောတာကို ငြင်းဆန်တယ်။

"မင်းပဲ လျှော်ပေး"

"ဒီဖေ... ဝမ်ရိပေါ် ငါ့ကိုမင်းရဲ့အမေများ မှတ်နေလား ဟမ်။ ငါ့မှာ မင်းကို သွေးလည်း တိုက်ရ၊ ရေလည်းချိုးပေးရ၊ စာလည်း ပြပေးရ နောက်ပြီး နေရာတကာ လိုက်ကြည့်ပြီးလည်း ဂရုစိုက်ရနဲ့ ။ နောက်ဆို မင်း သေးပေါက်မယ်ဆိုရင်တောင် မင်းညီလေးကို လိုက်ထိန်းပေးရဦးမလား မသိဘူး"

ရှောင်ကျန့် ရိပေါ်ခေါင်းကို ဘယ်ညာယိမ်းသွားတဲ့အထိ စောင့်ဆွဲရင်း မကျေနပ်ချက်တွေကိုဖွင့်ချလိုက်တယ်။ ရိပေါ် ခဏလောက် မူးနောက်သွားပြီး သူ့အမြင်တွေ ငြိမ်သွားအောင် ပြန်လုပ်နေရသည်။ ရှောင်ကျန့် ရိပေါ်ကို အပေါ်စီးကနေ ငုံ့ကြည့်နေရင်းနဲ့ စိတ်ထဲမှာလည်း စိတ်ရှိလက်ရှိ စောင့်စောင့်ဆွဲမိတယ်။

အပြင်မှာတော့ မလုပ်ဘူး။ ထပ်ဆွဲရင် ရိပေါ် ကတုံးဖြစ်သွားတော့မှာမို့။

ရိပေါ်ရဲ့ ဆံသားတွေက ပိုးသားလေးတွေလိုပဲ နူးညံ့တယ်။ ပြီးတော့ ပျော့ပျောင်းတယ်။ အထိမခံနိုင်ကြဘူး။ အဲ့တာကြောင့် ရှောင်ကျန့် စောင့်ဆွဲတဲ့အခါတိုင်း မြေခကုန်တာလေ။

"ဟင်းး ရိပေါ် မင်းအသက် ဘယ်လောက်ရှိပြီလဲ"

"ကိုယ့်ဟာကိုယ် တွက်ကြည့်လေ"

" ဒီနေ့တစ်ရက်လောက် ငါ့ကိုရန်မစဘဲ ငါမေးသမျှ ဖြေပေးလို့ မရဘူးလား။ ငါတကယ် မင်းကိုဆဲဖို့တောင် အားအင်မရှိတော့ဘူး ဝမ်ရိပေါ် အကောင်စုတ်ရဲ့"

ရှောင်ကျန့် ပြောပြီးတာနဲ့ အိပ်ရာပေါ်ကို ပက်လက်လှန် လှဲချလိုက်တယ်။ သွေးတွေက ကောင်းကောင်းမလည်ပတ်ဘူး။ သူအချိုစားဖို့လိုအပ်နေပြန်ပြီ။ ဒီနေ့အတွက်သူ့မှာ စကားပြောဖို့တောင် အားအင်မရှိတော့ဘူးလို့ ခံစားနေရတယ်။ သူ ရိပေါ်ကို လိုအပ်တာထက်ပိုပြီး သွေးတွေ ပေးနေမိတယ်ထင်ပါရဲ့။

ရှောင်ကျန့် ထိုသို့ပြောလိုက်တဲ့အခါ ရိပေါ်က သူ့ကို အံ့ဩနေတဲ့မျက်လုံးလေးတွေနဲ့ မော့ကြည့်လာတယ်။ ရိပေါ် ရှောင်ကျန့်နဲ့အတူ ရှိနေတဲ့အချိန်တွေအတွင်း ရှောင်ကျန့်ဆီကနေ အခုလိုမျိုး ပြောတာတစ်ခါမှ မကြားဖူးဘူး။ သူ ရှောင်ကျန့်ကို ကြည့်လိုက်တိုင်း အမြဲတမ်းအားအင်ပြည့်ဝပြီး တက်ကြွနေတဲ့လူသားကိုပဲ မြင်နေခဲ့ရတာ။

"ငါ..ငါ့ကို သွေးပေးနေရလို့လား"

"ဟင်"

ရိပေါ်ရဲ့ ရှိုက်သံပါတဲ့ အသံကြောင့် ရှောင်ကျန့် လှဲနေရာကနေ ဆတ်ခနဲ ပြန်ထလာခဲ့တယ်။ အဲ့နောက်

"မဟုတ်ပါဘူးကွာ.. ငါလည်း ငယ်တော့တာမှ မဟုတ်တာ။ မင်းကောကောက အခုဆို ၂၀ တောင်ပြည့်တော့မှာလေ။ အရင်လို ဘယ်သန်မာတော့မလဲကွ ဟ ဟ ဟ"

လုပ်ရယ်သံကြီးနဲ့ ရှောင်ကျန့်က ရိပေါ်ကို ယုံအောင်ပြောနေပေမယ့် ရိပေါ်က ယုံတဲ့ပုံမပေါ်ဘူး။

"မင်း ဒီကို စစရောက်တုန်းကလည်း အသက် ၂၀ ပြည့်ခါနီးလေးပဲလေ။ လွန်ခဲ့တဲ့ ခြောက်လနဲ့ယှဉ်ရင် အခုမင်းက အများကြီး ပိန်သွားတယ်။ ငါထင်နေသလိုမျိုးဖြစ်နေတာမလား။ ငါ့ကိုသွေးပေးနေရလို့ မင်း အခုလိုဖြစ်နေတာမလား"

ရိပေါ်ရဲ့ မျက်နှာက ခက်ထန်ပြီး တည်ငြိမ်နေတယ်။ ဒီလိုအချိန်မျိုးဆို ရှောင်ကျန့်မှာ ရိပေါ်နဲ့ပြိုင်ငြင်းဖို့ သတ္တိတွေ ရှာမရဘူး။ အထူးသဖြင့် ရိပေါ်ရဲ့ အဲ့ဒီ့အကြည့်တွေကြောင့်ပေါ့။

"ရိပေါ် မင်း အရင်နဲ့မတူတော့သလိုပဲ"

"မေးခွန်းမပြောင်းနဲ့ ရှောင်ကျန့်။ ငါမေးတာသာဖြေ။ ငါ့ကိုသွေးပေးနေ-"

"ဟုတ်တယ်ကွာ ဟုတ်တယ်၊ မင်းလိုချင်တဲ့အဖြေကိုရတော့ရော ဘာများပြောင်းလဲသွားလို့လဲ ရိပေါ်ရာ၊ နောက်ပြီး ငါက လူသားလေ။ လူသားဆိုမှ အားနည်းတာ အားကောင်းတာ စသဖြင့် အတက်အကျအခြေအနေတွေကို ခံစားရမှာသဘာဝပဲကို၊ မင်းကို သွေးမပေးရင်တောင် ငါ့ခန္ဓာကိုယ်က တရက်နဲ့တရက် ပျက်စီးပြီး အားနည်းလာမှာပဲဟာ ၊ ဘာတွေ အရေးကြီးကွင်ကျယ်လုပ်နေတာလဲ ဘိုးတော်ရဲ့"

ရိပေါ် - "....."

ရိပေါ်ဟာ သူ့ကို မျက်နှာငယ်လေးနဲ့ ကြည့်လို့နေသည်။ ရှောင်ကျန့် စိတ်လျှော့လိုက်တယ်။ ဘယ်လောက်ပဲပြောပြော ရိပေါ်က အပြင်ပိုင်းမှာသာလူကြီးတစ်ယောက်လိုဖြစ်နေပေမယ့် အတွင်းစိတ်ထဲမှာတော့ ကလေးတစ်ယောက်ပဲမလား။ သူ့ဘက်ကပဲ ချော့ပြောရမှာပေါ့လေ။

ရှောင်ကျန့်ဟာ ရိပေါ်ခေါင်းလေးကို ပွတ်သပ်ပေးဖို့ လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူ့ကို အံ့ဩသွားအောင် ရိပေါ်က ရှောင်ဖယ်သွားတယ်။ ရိပေါ်ဟာ ရှောင်ကျန့်ရဲ့ အထိအတွေ့ကို ပထမဆုံးအကြိမ် စတင်ပြီးငြင်းဆန်လာတယ်။ ထူးဆန်းတဲ့ ခံစားချက်ကြီးက ရှောင်ကျန့်ရင်ထဲမှာ စတင်ပြီးကြီးထွားလာတယ်။

"ရိ- ရိပေါ်? ကော ပြောပြီးပြီမလား။ ဒါက သဘာဝပါပဲလို့လေ။ မင်း စိတ်ထဲ ထည့်နေစရာမလိုပါဘူး"

ရိပေါ် - ".....ငါ တောင်းပန်ပါတယ်"

ပြောပြီးတာနဲ့ ရိပေါ်ဟာ နောက်ပြန်လှည့်မကြည့်ဘဲ ရှောင်ကျန့်အခန်းထဲကနေ ထွက်သွားခဲ့သည်။ ရှောင်ကျန့်တစ်ယောက် အခန်းထဲမှာ ကြောင်တောင်တောင်လေး ကျန်နေခဲ့တယ်။ သူ စက္ကန့်ပိုင်းလောက်လေး အတွေးထဲမြောသွားခဲ့ပြီး သတိပြန်ဝင်လာတဲ့အခါ ဘေးနားက ချောကလက်တွေကို ကောက်ကိုင်လိုက်တယ်။

"ဒီကလေးလေးကတော့ကွာ..."




Zawgyi




"ေရွာင္က်န႔္.. ေရွာင္ေရွာင္းက်န႔္"

ေဒါက္ေဒါက္ေဒါက္*

"ေရွာင္က်န႔္!!! ငါဗိုက္ဆာေနၿပီမို႔ ထေတာ့လို႔"

အဆက္မျပတ္ထြက္ေပၚလာတဲ့ တံခါးေခါက္သံေတြေၾကာင့္ ေရွာင္က်န႔္ႏိုးလာခဲ့သည္။ အိပ္ေရးဝေပမယ့္ ေသြးအားနည္းေနတာမို႔ ေခါင္းကမိုက္ခနဲျဖစ္သြားတယ္။ သို႔ေသာ္ ေရွာင္က်န႔္အဆင္ေျပေနပါေသးတယ္။

"အင့္"

ေရွာင္က်န႔္ တံခါးဖြင့္ေပးလိုက္တာနဲ႔ ရိေပၚက သူ႔လက္ကိုဆြဲယူၿပီး ကိုက္ခ်သည္။ ဒီေန႔ အကိုက္ခံရတာက သူ႔အတြက္ ပုံမွန္ေန႔ေတြထက္ ပိုၿပီးနာတယ္။ ကိုယ့္ကိုကိုယ္ အားနည္းေနမွန္းသိလိုက္ရေတာ့ ေရွာင္က်န႔္ သက္ျပင္းခ်လိုက္တယ္။

"ရိေပၚ မင္းဒီေန႔မွ ပိုေသာက္ေနသလိုပဲ၊ ငါပဲစိတ္ထင္တာမ်ားလား"

" ဟင့္အင္း၊ ငါ တကယ္ ပိုေသာက္ေနမိတာ "

" ဝါးးး မင္း မင္း ထပ္ၿပီး ထြားလာျပန္ၿပီ"

ရိေပၚရဲ႕ ခႏၶာကိုယ္က ေရွာင္က်န႔္မ်က္စိေရွ႕မွာတင္ ႀကီးထြားလာတယ္။ အရပ္လည္းပိုရွည္လာသလို ႂကြက္သားေတြကလည္း ပိုၿပီး မာက်စ္လာသည္။ ဒါေပမယ့္ ရိေပၚရဲ႕ အသက္ပိုင္းဆိုင္ရာကေတာ့ ႀကီးမလာေသးဘူး။ ဗိုက္ဝသြားတဲ့အထိ ေသာက္ၿပီးတဲ့အခါ ရိေပၚက ေရွာင္က်န႔္လက္ကို ျပန္လႊတ္ေပးလိုက္သည္။

သူ ေရွာင္က်န႔္ကို စိုက္ၾကည့္ေနမိသည္။ ေရွာင္က်န႔္က သူ႔မ်က္စိေရွ႕မွာတင္ လူေကာင္ေသးလာသလို ရွိတယ္။ သူပဲ ထြားလာလို႔လား ဒါမွမဟုတ္ သူထင္ေနသလိုမ်ိဳး ေရွာင္က်န႔္ခႏၶာကိုယ္ကပဲ ေသးလာတာလားဆိုတာေတာ့ ရိေပၚအေျဖရွာမရေသးဘူး။

ရိေပၚ ေရွာင္က်န႔္ကို ေက်ာ္ၿပီးအခန္းအတြင္းကို လွမ္းၾကည့္လိုက္တယ္။ ထိုအခါ အိပ္ရာေပၚမွာ ပြထေနတဲ့ ေခ်ာကလက္မုန႔္ေတြကိုျမင္လိုက္ရသည္။

"အဲ့တာေတြက အရသာရွိလို႔လား"

"ဟင္.. ေခ်ာကလက္ေတြလား"

ေရွာင္က်န႔္ ရယ္ရင္း ျပန္ေမးလိုက္တယ္။ ရိေပၚက သူ႔ကို ကေလးေလးတစ္ေယာက္လို ေခါင္းတဆတ္ဆတ္ ညိမ့္ျပတယ္။

"အင္းးးးးးး ငါ့အတြက္ေတာ့ အရသာရွိတယ္။ ဒါေပမယ့္ မင္းအတြက္ဆိုရင္ေတာ့ ေရျမႇဳပ္ေတြစားေနရသလိုျဖစ္ေနလိမ့္မယ္"

တစ္ခါတုန္းက ေရွာင္က်န႔္ ရိယြင္ကို သူစားေနက်မုန႔္တစ္မ်ိဳး ေကြၽးဖူးတယ္။ ရိယြင္ရဲ႕ အာ႐ုံခံစနစ္ကို စမ္းသပ္ခ်င္တာေၾကာင့္ သူလုပ္ခဲ့တာ။ ေနာက္ၿပီး လူေတြရဲ႕ အစားအစာေတြက ဗန္ပိုင္းယားေတြအတြက္ဆို ဘယ္လိုအရသာမ်ားျဖစ္ေနမလဲဆိုတာကိုလည္း သိခ်င္မိလို႔။ ရိယြင္က ၿမိဳခ်ဖို႔မေျပာနဲ႔ တခ်က္ေလာက္ ဝါးၿပီးတာနဲ႔ ခ်က္ခ်င္းျပန္ေထြးထုတ္ခဲ့သည္။

"မင္းဟာႀကီးက ႐ြံစရာေကာင္းလိုက္တာ။ မသိရင္ ေရျမႇဳပ္ေတြကို ဝါးေနရသလိုပဲ။ ေအာ့.ေအာ့."

ေျပာေနရင္း အန္ခ်ဖို႔လုပ္တဲ့ ရိယြင္ရဲ႕ပုံစံကို ျပန္ျမင္မိေတာ့ ေရွာင္က်န႔္ ခပ္ခ်ဥ္ခ်ဥ္ပဲ ၿပဳံးလိုက္တယ္။ သူ ရိေပၚကို ေမာ့ၾကည့္လိုက္တယ္။ တေကာင့္သားေလးက သူ႔အရပ္ထက္ပိုမွ ေခါင္းတစ္လုံးစာထက္ေတာင္ ပိုရွည္ေနၿပီ။ သူ႔ရဲ႕ ေသြးဟာ ရိေပၚႀကီးထြားမႈရဲ႕ အဓိကဆိုတာကို ေရွာင္က်န႔္သိတယ္။ ေနာက္ၿပီး ရိေပၚရဲ႕ ခႏၶာကိုယ္က ဒီရက္ေတြမွာ သိသိသာသာကို ႀကီးထြားမႈျမန္ေနသည္။

သူ႔ေသြးေၾကာင့္လား ဒါမွမဟုတ္ မ်ိဳးသန႔္တစ္ေယာက္ရဲ႕ႀကီးထြားမႈျဖစ္စဥ္လားဆိုတာကိုေတာ့ သူေသခ်ာမေျပာတတ္ေသးဘူး။ ဘာလို႔ဆို... ေရွာင္က်န႔္အေမက ေသြးသန႔္ျဖစ္ခဲ့ေပမယ့္ ရိေပၚလိုမ်ိဳး ေသြးေသာက္မၾကမ္းတာေၾကာင့္ အလ်င္အျမန္ႀကီး ႀကီးထြားမလာဘူးေလ။ ေရွာင္က်န႔္မားမားက လူေတြလိုပဲ ေျဖးေျဖးခ်င္း ႀကီးထြားတယ္။ ရိေပၚက ဘယ္လိုေျပာရမလဲ မေကာင္းဆိုးဝါးတစ္ေကာင္လိုမ်ိဳး အရွိန္အဟုန္နဲ႔ႀကီးထြားတာရယ္။

ေရွာင္က်န႔္ မခ်ိၿပဳံး ၿပဳံးမိျပန္သည္။ သူ ရိေပၚကို ဘုဆတ္ဆတ္ၾကည့္လိုက္တယ္။

"ေဝ့ .. ရိေပၚ၊ မင္း ခဏေလာက္ ထိုင္ခ်လိုက္ပါလား"

"ဘာလို႔လဲ"

ရိေပၚက တခ်ိန္လုံး ေရွာင္က်န႔္အခန္းထဲကိုပဲ စိုက္ၾကည့္ေနရာကေန သူ႔ေကာေကာရဲ႕ အသံကိုလည္းၾကားေရာ ေတာင့္တင္းေနတဲ့ အသံနဲ႔ျပန္ေျဖလာတယ္။ ျပန္ရလာတဲ့အေျဖေၾကာင့္ ေရွာင္က်န႔္က သူ႔ႏွာေခါင္းထိပ္ကေလးကို ပြတ္သပ္လိုက္ၿပီး မေက်မနပ္အသံေလးနဲ႔တိုးတိုးေလးဆိုသည္။

"ငါ မင္းေခါင္းကို မမွီလို႔ေလ ဟြန႔္"

ေရွာင္က်န႔္ေျပာလိုက္ေတာ့ ရိေပၚဟာ ခပ္တည္တည္နဲ႔ ထိုင္ခ်ၿပီး ေခါင္းငုံ႔ေပးလာသည္။ ထိုအခါမွ ေရွာင္က်န႔္တစ္ေယာက္ လြတ္လြတ္လပ္လပ္ ၿပဳံးရယ္ၿပီး ရိေပၚဆံပင္ေတြကို ဆြဲဖြရွာတယ္။

"ရိေပၚ မင္းဘယ္ေန႔က ေနာက္ဆုံးေခါင္းေလွ်ာ္တာလဲ၊ မင္းဆံပင္ေတြက အရင္လိုမဟုတ္ဘဲ မာေတာင့္ေတာင့္နဲ႔"

ရိေပၚ - "ငါမမွတ္မိဘူး၊ ငါ့စိတ္ထင္ လြန္ခဲ့တဲ့ တစ္လေလာက္က ျဖစ္မယ္ထင္တာပဲ"

ေရွာင္က်န႔္ - ".....မင္း!! လာခဲ့စမ္း "

ရိေပၚဟာ ေရွာင္က်န႔္ ဆြဲေခၚတာကို ခံလိုက္ရပါတယ္။ ေရွာင္က်န႔္က သူ႔ကို အက်ႌဂုတ္သားကေန လက္ႏွစ္ဖက္နဲ႔ အားကုန္သုံးၿပီး ဆြဲေခၚသြားရတာ XD. က်န႔္ေကာက အားလည္းမရွိဘူး။

.......

ရိေပၚကို တစ္နာရီၾကာေအာင္ ေရခ်ိဳးေပးၿပီးတဲ့ေနာက္ ေရွာင္က်န႔္ ေျခကုန္လက္ပမ္းက်သြားေလၿပီ။ ေရခ်ိဳးေခါင္းေလွ်ာ္ၿပီးလို႔ သန႔္ျပန႔္သြားတဲ့ ရိေပၚကေတာ့ သူ႔ကုတင္ေျခရင္းမွာ ငုတ္တုတ္ေလးထိုင္ေနတယ္။ ေရွာင္က်န႔္ ေလးလံတဲ့သက္ျပင္းေတြကို အခါခါခ်၊ မသယ္ခ်င္တဲ့ေျခေထာက္ကို သယ္ၿပီး ရိေပၚဆံပင္ကို ေျခာက္ေအာင္ သုတ္ေပးဖို႔ ျပင္ရျပန္သည္။

ေရွာင္က်န႔္ - ဒီေကာင္ကြာ ဒီအ႐ြယ္ပဲ ေရာက္ေနၿပီကို ေနရာတကာလိုက္လုပ္ေပးေနရတုန္းပဲ။

"ရိေပၚ ေနာက္ဆို တစ္ပတ္တစ္ခါ ေခါင္းေလွ်ာ္ရမယ္ေနာ္။ မင္းဟာမင္း မေလွ်ာ္ခ်င္ရင္ က်န္းမု တို႔ ေဟာက္က်ားတို႔ကို ေလွ်ာ္ခိုင္းလိုက္ ဟုတ္ၿပီလား။"

ေရွာင္က်န႔္က ရိေပၚဆံပင္ေလးေတြကို လက္နဲ႔ထိုးဖြရင္း ႏူးႏူးညံ့ညံ့ေလးေျပာလိုက္ေပမယ့္ ရိေပၚက ခ်က္ခ်င္းဆိုသလို ေအးစက္သြားကာ သူေျပာတာကို ျငင္းဆန္တယ္။

"မင္းပဲ ေလွ်ာ္ေပး"

"ဒီေဖ... ဝမ္ရိေပၚ ငါ့ကိုမင္းရဲ႕အေမမ်ား မွတ္ေနလား ဟမ္။ ငါ့မွာ မင္းကို ေသြးလည္း တိုက္ရ၊ ေရလည္းခ်ိဳးေပးရ၊ စာလည္း ျပေပးရ ေနာက္ၿပီး ေနရာတကာ လိုက္ၾကည့္ၿပီးလည္း ဂ႐ုစိုက္ရနဲ႔ ။ ေနာက္ဆို မင္း ေသးေပါက္မယ္ဆိုရင္ေတာင္ မင္းညီေလးကို လိုက္ထိန္းေပးရဦးမလား မသိဘူး"

ေရွာင္က်န႔္ ရိေပၚေခါင္းကို ဘယ္ညာယိမ္းသြားတဲ့အထိ ေစာင့္ဆြဲရင္း မေက်နပ္ခ်က္ေတြကိုဖြင့္ခ်လိုက္တယ္။ ရိေပၚ ခဏေလာက္ မူးေနာက္သြားၿပီး သူ႔အျမင္ေတြ ၿငိမ္သြားေအာင္ ျပန္လုပ္ေနရသည္။ ေရွာင္က်န႔္ ရိေပၚကို အေပၚစီးကေန ငုံ႔ၾကည့္ေနရင္းနဲ႔ စိတ္ထဲမွာလည္း စိတ္ရွိလက္ရွိ ေစာင့္ေစာင့္ဆြဲမိတယ္။

အျပင္မွာေတာ့ မလုပ္ဘူး။ ထပ္ဆြဲရင္ ရိေပၚ ကတုံးျဖစ္သြားေတာ့မွာမို႔။

ရိေပၚရဲ႕ ဆံသားေတြက ပိုးသားေလးေတြလိုပဲ ႏူးညံ့တယ္။ ၿပီးေတာ့ ေပ်ာ့ေပ်ာင္းတယ္။ အထိမခံႏိုင္ၾကဘူး။ အဲ့တာေၾကာင့္ ေရွာင္က်န႔္ ေစာင့္ဆြဲတဲ့အခါတိုင္း ေျမခကုန္တာေလ။

"ဟင္းး ရိေပၚ မင္းအသက္ ဘယ္ေလာက္ရွိၿပီလဲ"

"ကိုယ့္ဟာကိုယ္ တြက္ၾကည့္ေလ"

" ဒီေန႔တစ္ရက္ေလာက္ ငါ့ကိုရန္မစဘဲ ငါေမးသမွ် ေျဖေပးလို႔ မရဘူးလား။ ငါတကယ္ မင္းကိုဆဲဖို႔ေတာင္ အားအင္မရွိေတာ့ဘူး ဝမ္ရိေပၚ အေကာင္စုတ္ရဲ႕"

ေရွာင္က်န႔္ ေျပာၿပီးတာနဲ႔ အိပ္ရာေပၚကို ပက္လက္လွန္ လွဲခ်လိုက္တယ္။ ေသြးေတြက ေကာင္းေကာင္းမလည္ပတ္ဘူး။ သူအခ်ိဳစားဖို႔လိုအပ္ေနျပန္ၿပီ။ ဒီေန႔အတြက္သူ႔မွာ စကားေျပာဖို႔ေတာင္ အားအင္မရွိေတာ့ဘူးလို႔ ခံစားေနရတယ္။ သူ ရိေပၚကို လိုအပ္တာထက္ပိုၿပီး ေသြးေတြ ေပးေနမိတယ္ထင္ပါရဲ႕။

ေရွာင္က်န႔္ ထိုသို႔ေျပာလိုက္တဲ့အခါ ရိေပၚက သူ႔ကို အံ့ဩေနတဲ့မ်က္လုံးေလးေတြနဲ႔ ေမာ့ၾကည့္လာတယ္။ ရိေပၚ ေရွာင္က်န႔္နဲ႔အတူ ရွိေနတဲ့အခ်ိန္ေတြအတြင္း ေရွာင္က်န႔္ဆီကေန အခုလိုမ်ိဳး ေျပာတာတစ္ခါမွ မၾကားဖူးဘူး။ သူ ေရွာင္က်န႔္ကို ၾကည့္လိုက္တိုင္း အၿမဲတမ္းအားအင္ျပည့္ဝၿပီး တက္ႂကြေနတဲ့လူသားကိုပဲ ျမင္ေနခဲ့ရတာ။

"ငါ..ငါ့ကို ေသြးေပးေနရလို႔လား"

"ဟင္"

ရိေပၚရဲ႕ ရႈိက္သံပါတဲ့ အသံေၾကာင့္ ေရွာင္က်န႔္ လွဲေနရာကေန ဆတ္ခနဲ ျပန္ထလာခဲ့တယ္။ အဲ့ေနာက္

"မဟုတ္ပါဘူးကြာ.. ငါလည္း ငယ္ေတာ့တာမွ မဟုတ္တာ။ မင္းေကာေကာက အခုဆို ၂၀ ေတာင္ျပည့္ေတာ့မွာေလ။ အရင္လို ဘယ္သန္မာေတာ့မလဲကြ ဟ ဟ ဟ"

လုပ္ရယ္သံႀကီးနဲ႔ ေရွာင္က်န႔္က ရိေပၚကို ယုံေအာင္ေျပာေနေပမယ့္ ရိေပၚက ယုံတဲ့ပုံမေပၚဘူး။

"မင္း ဒီကို စစေရာက္တုန္းကလည္း အသက္ ၂၀ ျပည့္ခါနီးေလးပဲေလ။ လြန္ခဲ့တဲ့ ေျခာက္လနဲ႔ယွဥ္ရင္ အခုမင္းက အမ်ားႀကီး ပိန္သြားတယ္။ ငါထင္ေနသလိုမ်ိဳးျဖစ္ေနတာမလား။ ငါ့ကိုေသြးေပးေနရလို႔ မင္း အခုလိုျဖစ္ေနတာမလား"

ရိေပၚရဲ႕ မ်က္ႏွာက ခက္ထန္ၿပီး တည္ၿငိမ္ေနတယ္။ ဒီလိုအခ်ိန္မ်ိဳးဆို ေရွာင္က်န႔္မွာ ရိေပၚနဲ႔ၿပိဳင္ျငင္းဖို႔ သတၱိေတြ ရွာမရဘူး။ အထူးသျဖင့္ ရိေပၚရဲ႕ အဲ့ဒီ့အၾကည့္ေတြေၾကာင့္ေပါ့။

"ရိေပၚ မင္း အရင္နဲ႔မတူေတာ့သလိုပဲ"

"ေမးခြန္းမေျပာင္းနဲ႔ ေရွာင္က်န႔္။ ငါေမးတာသာေျဖ။ ငါ့ကိုေသြးေပးေန-"

"ဟုတ္တယ္ကြာ ဟုတ္တယ္၊ မင္းလိုခ်င္တဲ့အေျဖကိုရေတာ့ေရာ ဘာမ်ားေျပာင္းလဲသြားလို႔လဲ ရိေပၚရာ၊ ေနာက္ၿပီး ငါက လူသားေလ။ လူသားဆိုမွ အားနည္းတာ အားေကာင္းတာ စသျဖင့္ အတက္အက်အေျခအေနေတြကို ခံစားရမွာသဘာဝပဲကို၊ မင္းကို ေသြးမေပးရင္ေတာင္ ငါ့ခႏၶာကိုယ္က တရက္နဲ႔တရက္ ပ်က္စီးၿပီး အားနည္းလာမွာပဲဟာ ၊ ဘာေတြ အေရးႀကီးကြင္က်ယ္လုပ္ေနတာလဲ ဘိုးေတာ္ရဲ႕"

ရိေပၚ - "....."

ရိေပၚဟာ သူ႔ကို မ်က္ႏွာငယ္ေလးနဲ႔ ၾကည့္လို႔ေနသည္။ ေရွာင္က်န႔္ စိတ္ေလွ်ာ့လိုက္တယ္။ ဘယ္ေလာက္ပဲေျပာေျပာ ရိေပၚက အျပင္ပိုင္းမွာသာလူႀကီးတစ္ေယာက္လိုျဖစ္ေနေပမယ့္ အတြင္းစိတ္ထဲမွာေတာ့ ကေလးတစ္ေယာက္ပဲမလား။ သူ႔ဘက္ကပဲ ေခ်ာ့ေျပာရမွာေပါ့ေလ။

ေရွာင္က်န႔္ဟာ ရိေပၚေခါင္းေလးကို ပြတ္သပ္ေပးဖို႔ လက္ဆန႔္ထုတ္လိုက္သည္။ သို႔ေသာ္ သူ႔ကို အံ့ဩသြားေအာင္ ရိေပၚက ေရွာင္ဖယ္သြားတယ္။ ရိေပၚဟာ ေရွာင္က်န႔္ရဲ႕ အထိအေတြ႕ကို ပထမဆုံးအႀကိမ္ စတင္ၿပီးျငင္းဆန္လာတယ္။ ထူးဆန္းတဲ့ ခံစားခ်က္ႀကီးက ေရွာင္က်န႔္ရင္ထဲမွာ စတင္ၿပီးႀကီးထြားလာတယ္။

"ရိ- ရိေပၚ? ေကာ ေျပာၿပီးၿပီမလား။ ဒါက သဘာဝပါပဲလို႔ေလ။ မင္း စိတ္ထဲ ထည့္ေနစရာမလိုပါဘူး"

ရိေပၚ - ".....ငါ ေတာင္းပန္ပါတယ္"

ေျပာၿပီးတာနဲ႔ ရိေပၚဟာ ေနာက္ျပန္လွည့္မၾကည့္ဘဲ ေရွာင္က်န႔္အခန္းထဲကေန ထြက္သြားခဲ့သည္။ ေရွာင္က်န႔္တစ္ေယာက္ အခန္းထဲမွာ ေၾကာင္ေတာင္ေတာင္ေလး က်န္ေနခဲ့တယ္။ သူ စကၠန႔္ပိုင္းေလာက္ေလး အေတြးထဲေျမာသြားခဲ့ၿပီး သတိျပန္ဝင္လာတဲ့အခါ ေဘးနားက ေခ်ာကလက္ေတြကို ေကာက္ကိုင္လိုက္တယ္။

"ဒီကေလးေလးကေတာ့ကြာ..."

Continue Reading

You'll Also Like

13.6K 1.2K 22
KimJiWoong x Seok Matthew
Linked By Lauren Jones

Science Fiction

270K 20K 43
For 17 year old Benna Denman, it's hard enough being the president's daughter. And when she develops a telepathic Link, life gets even worse. Her fat...
120K 5.7K 22
'You got that James Dean daydream look in your eye And I got that red lip classic thing that you like And when we go crashing down, we come back ever...
14.2K 95 13
Different scenarios involving some of my favorite f1 drivers