ဗီလိန်ဖြစ်ရန် ကြမ္မာဖန် [Book...

By Shi_Sheng

125K 18.5K 427

ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်း... More

မိတ်ဆက်နှင့် အညွှန်း
(၁၉၀) ထူးဆန်းတဲ့အိပ်မက်တဲ့လား? အာ ဒါက စွမ်းအားတစ်ခုပဲ
(၁၉၂) လင်အိမ်တော်ရဲ့သမီးလက်ထပ်လေပြီ
(၁၉၃) မင်းသားလေး မွေးလာ
(၁၉၄) စစ်ဖြစ်လေပြီ
(၁၉၅) ဇာတ်လိုက်မင်းသမီးအဖြစ် လျှောက်ရတဲ့ ခရီးလမ်းက ပန်းခင်းလမ်း ဟုတ်မနေဘူး
(၁၉၆) မြင်းတွဲဗျူဟာ
(၁၉၇) ဓားပြတွေ၊ မိန်းကလေးတွေကို ထားခဲ့
(၁၉၈) ဓားပြတွေကို ရိုက်
(၁၉၉) ယခင်က အသိအကျွမ်း၊ အကူအညီ တောင်းစရာရှိ
(၂၀၀) ပျောက်ကြားစစ်ဆင်ရေး၊ ရန်သူစခန်းအတွင်းပိုင်း
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
(၂၀၂) ရဲရင့်ပြောင်မြောက်စွာတိုက်ခိုက်သော တိုက်ပွဲ
(၂၀၃) နေရာတကာမှာ ရှိနေနိုင်တဲ့ ဇာတ်လိုက်
(၂၀၄) သနားစရာကလေးငယ်
(၂၀၅) ဆန်ကုန်မြေလေး၊ ဘယ်နေရာမှ အသုံးမကျ
(၂၀၆) ကျွန်မ မသေခင်ရှင့်ဖို့ပေးတဲ့လက်ဆောင်
(၂၀၇) လင်မယား နောက်ဆုံးတော့ ပြန်တွေ့ပြီ
(၂၀၈) စစ်သားတွေကိုလေ့ကျင့်၊ ဇနီးမောင်နှံတစ်သားတည်း
(၂၀၉) မမ...! တူတူ အိပ်ရအောင်...!
(၂၁၀) ခွက်တွေကိုခွဲပစ်တဲ့ စစ်ဗျူဟာမှူး
(၂၁၁) တိုက်ပွဲကြီး၊ မြင်းတွဲဗျူဟာခင်းပုံကို ဖြိုခွဲ အနိုင်ယူ
(၂၁၂) ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ ဇာတ်လိုက်မ
(၂၁၃) ကံကဆိုး၊ မြေအောက်အကျဉ်းထောင်တွင်း ချုပ်နှောင် ပိတ်ထားခံရ
(၂၁၄) အပြစ်ပေးခြင်း၊ ဇနီးမောင်နှံမျှဝေခံစား
(၂၁၅) ပြစ်ဒဏ်ကို မျှဝေခံစား
(၂၁၆) အိပ်ယာကိုမီးရှို့
(၂၁၇) လင်မိန်းကလေးရဲ့ ခင်ပွန်း
(၂၁၈) ကွာရှင်းစာချုပ်
(၂၁၉) ယမ်းမှုန့် ဖန်တီးထုတ်လုပ်
(၂၂၀) ဗုံးများ
(၂၂၁) ပဒိုင်းညို
(၂၂၂) ရန်သူဖက်ကိုပြောင်း၊ ချန်ထောက်ရဲ့မိသားစု
(၂၂၃) ဝိညာဉ်ကူးပြောင်းလာသူ နှစ်ယောက်ကြားက ပွဲ
(၂၂၄) ဂြိုလ်ဆိုးဝင်၊ ဗျူဟာထဲက ဗျူဟာများ
(၂၂၅) ချန်ထောက်၏ သေခြင်း
(၂၂၆) မင်းသမီးရူး ရူးတာကလည်းရောဂါပဲ
(၂၂၇) ဒုတပ်မှူး၊ ရန်သူဘက်မှ အမျိုးသမီး စစ်သူကြီး
(၂၂၈) အံ့အားသင့်၊ မာနကြီးကြီး ဝိဉာဥ္ကူးလာတဲ့မိန်းမ
(၂၂၉) ကြာပန်းဖြူနဲ့ မင်းသမီးရူးပြိုင် ဘယ်သူနိုင်
(၂၃၀) ယွီခွမ်းတဖြည်းဖြည်းအရည်ပျော်လာ
(၂၃၁) မမျှော်လင့်ထားသော အမှားကြီးတစ်ခု

(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ

3.8K 572 14
By Shi_Sheng

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၉၁) မင်းသားတစ်ပါး ကံတော်ကုန်၊ ဇာတ်လိုက်မ ပြန်ရောက်လာ

ပိုင်ရှန်းရှို့ရဲ့ အပြုအမူလေးကို လောင်ဖူးရန် အတော်သဘောကျရှာတာ။ သူမ စိတ်ချပြီး အေးအေးသက်သာနေလိုက်တော့မဲ့ အချိန်မှာပဲ သားတော်မောင်က တံခါးကြီးကို ဝုန်းကနဲလုပ်ပြီး ဝင်လာလေတယ်။ သူ ဒီကိုလာတာက လမ်းလေးလျှောက်ရင်း နွေဦး ပန်းမာန်တွေကို လာကြည့်တာ မဟုတ်တာ အသိသာကြီး။ သူက နီးပိုင်ကို စိုးရိမ်လို့ လာတာ။ သူ ဘာလို့ သူမအတွက် အရမ်းတွေ စိုးရိမ်နေတာလဲ။ 'ငါနဲ့ အတူတူရှိနေတာကို ဘာအန္တရာယ်အတွက် စိုးရိမ်ပေးနေရသေးတာလဲ'

ဒါပေမဲ့ ပိုင်ရှန်းရှို့ လက်ကလေးကို ကိုင်ရင်း တသသဖြစ်နေပုံရတဲ့ စုန့်ဖူးရန် ပုံကို ထောက်ရရင် သူမ မသိတာတစ်ခုခုကို လုံဟန့် သိနေတာပဲဖြစ်မယ်။ ဒါကြောင့်မို့လဲ သူ အရမ်းတွေ သတိကြီးနေတာနေမယ်။ ဒါပေမဲ့ စုန့် သခင်မက ပိုင်ရှန်းရှို့ကို ကြည့်တဲ့ အကြည့်ကို မြင်ရတဲ့ အခါမှာ လောင်ဖူးရန်ကြီးလဲ ဆွံ့အနေမိတော့တာပါပဲ။ သူမပုံစံက ရှားပါး အဖိုးတန်ရတနာကို ကြည့်နေတဲ့ ပုံဖြစ်နေတာကိုး။ စားသောက်ပွဲ မကြာခင် စတော့မှာကို သတိရမိတော့ လောင်ဖူးရန် ပိုင်ရှန်းရှို့ကို အသိပေးလိုက်တော့တယ်။ "ခဏနေ မားမားတစ်ယောက် သမီးအတွက် ဟင်းပွဲ ပြင်ဆင်ပြီး လာ ဆက်လိမ့်မယ်၊ လောလောဆယ်မှာ သမီး ရှောင်ရမဲ့ အစားအစာတွေ ရှိနေလို့"

"ကျွန်မ နားလည်ပါပြီ၊ လောင်ဖူးရန်" 'ဘာလို့ ဒီလောက် အကဲဆတ်ပြီး အလုပ်ရှုပ်ခံနေကြတာလဲဟယ်၊ ငါ ရှောင်ရန် ဆောင်ရန်တွေ သိပါတယ်ဟာ'

"ဘာဖြစ်တာလဲ၊ စားလို့ မရတဲ့ အစားစာရှိနေတာလား" စုန့်ဖူးရန်က ပျော်တပြုံးပြုံးပဲ မေးလာလေတယ်။

"ဒါပေါ့၊ လောလောဆယ်မှာ ရှောင်နေရတဲ့ အစာတွေ ရှိတယ်လေ၊ သွေးလည်ပတ်မှုကို ထိခိုက်စေမဲ့ အစားအစာတွေ၊ ရင်းဓာတ်များလွန်းတဲ့ဟာတွေ လုံးဝ စားလို့ မဖြစ်ဘူပေါ့" လောင်ဖူးရန်က ပါးစပ်ကို လက်ကိုင်ပဝါနဲ့ အုပ်ထားလိုက်ပြီး ဝမ်းသာပီတိအပြည့် ပြုံးနေတော့တယ်။ သူမ အပြုံးက ပွင့်လင်းလွန်းလို့ နဖူးပေါ်က အရေတွေတောင် ပိုတွန့်သွားပါလေရော။

ကိုယ်ဝန် သုံးလကို လူသိရှင်ကြား ကြေညာရင် ကံဆိုးတတ်တယ်ဆိုပေမဲ့ လောင်ဖူးရန် သွယ်ဝိုက်ပြောချင်တဲ့ သဘောကို စားပွဲတစ်ဝိုင်းတည်း ထိုင်နေကြတဲ့ မင်းကတော်တွေ အကုန် သဘောပေါက်ကြတယ်ရယ်။ သူတို့အားလုံး ပိုင်ရှန်းရှို့ကို ဝိုင်းပြီး ဂုဏ်ပြုစကားပြောကြတာ၊ သူမမှာ ရှက်တောင် ရှက်နေမိပြီ။ ဒီလိုနဲ့ စားသောက်ပွဲကြီးက ပျော်ပျော်ပါးပါး စတင်တော့တာပဲ။ ဒါပေမဲ့ လင်သခင်မရဲ့ မျက်ဝန်းတွေထဲ သတ်ဖြတ်ရန်လိုငွေ့တွေ အပြည့်ပါနေတာကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ အံ့သြစရာကောင်းလောက်အောင် သူမကလဲ တည်ငြိမ်ဟန်ဆောင်နိုင်နေတယ်။ အခုချိန်မှာ သူမရဲ့ အဓိက အရေးကြီးတဲ့ ကိစ္စက မိသားစု မျိုးရိုးနာမည်ဂုဏ်ကို အဖတ်ပြန်ဆယ်ဖို့ပဲ။ ဒါကြောင့်မို့ နည်းနည်းလေးတော့ သည်းညည်းခံပေးလိုက်ရမှာပေါ့။

ပိုင်ရှန်းရှို့ မနက်ပိုင်း အော့အန်မူးဝေတာတွေဟာ အရင်ကလောက် မပြင်းထန်တော့ဘူးဆိုပေမဲ့ အနံ့ပြင်းပြင်းတွေဆို မခံနိုင်သေးဘူး။ ဟင်းလေး နည်းနည်း စားပြီးတာနဲ့ နေထိုင်မကောင်းဖြစ်သွားတော့တာပဲ။ ရုန်ဝမ်ဖေးလဲ လောင်ဖူးရန်ကို ဒီကိစ္စအသိပေး အကြောင်းကြားလိုက်ပြီး ပိုင်ရှန်းရှို့ကို နားနေခန်းလိုက်ပို့ပေးဖို့ သူမရဲ့ အစေခံတွေ ခိုင်းလိုက်လေတယ်။

သူမ အနီးအနားက ခန်းဆောင်တစ်ခုမှာ နားနေတာ ငါးမိနစ်တောင် မရှိတတ်သေးဘူး။ အစေခံမလေးတစ်ယောက် စာတစ်စောင်ယူပြီး သူမဆီ ပို့လာတယ်။ ပိုင်ရှန်းရှို့ အံ့သြနေမိတော့တာပဲ။ 'မင်းသားရုန်ရဲ့ အိမ်တော်ထဲမှာ ငါ့ကို စာပို့မဲ့လူ ရှိလို့လား'

'စုန့်ကျောင်းယွဲ့များလား...'

'မဖြစ်နိုင်ဘူး၊ အဲ့ဒီလူက ဓလေ့ထုံးစံတွေကို အရမ်းစောင့်ထိန်းတာ၊ ဒီလိုဟာမျိုး လုပ်လိမ့်မှာ မဟုတ်ဘူး' ပိုင်ရှန်းရှို့ စာကို ဖွင့်ဖတ်လိုက်တယ်။ "ရှို့သခင်မ၊ ရုန်ဝမ်ရဲ့ အနောက်ဥယျာဉ်ထဲမှာ တွေ့ရအောင်၊ တို့ မေးစရာ ရှိတယ်"

စာက လင်ချန်းဇီ ပို့တာ ဖြစ်နေတယ်။

'ဇာတ်လိုက်မဆီက စာပဲ၊ သူ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်လာတာလဲ၊ လော့ယွင်ကျန်းနဲ့ လိုက်ပြေးသွားပြီ မဟုတ်ဘူးလား၊ ငါ သူ့ကို သွားတွေ့လို့ မဖြစ်ဘူး၊ အရင်တစ်ခေါက်က သူနဲ့ တွေ့တာ... ကိုယ်ဝန်ပျက်ကျတော့မလိုဖြစ်သွားတယ်၊ အရူးအနှမ်းပဲ အရင်ကကိစ္စကို အမှတ်သညာမရှိ သွားတွေ့ဖြစ်မှာ' ဒီလိုအတွေးတွေနဲ့ ပိုင်ရှန်းရှို့ဟာ စာကို ရှောင်ရှီကို ပေးလိုက်ပြီး မမြင် မဖတ်ခဲ့သလို နေလိုက်တော့တယ်။

စာလာပို့ပေးသူက ပိုင်ရှန်းရှို့ လုပ်ရပ်ကို တွေ့တော့ မကျေနပ်ဘူး။ သူမ တွေးတွေးဆဆ စဉ်းစားပြီးတဲ့အခါမှာ ပြောလိုက်တော့တယ်။ "အဲ့ဒီမိန်းကလေးက သနားစရာနော်၊ အရှင်မ သူ့ကို သွားမတွေ့တော့ဘူးလား"

ဆိုတော့ကာ လင်ချန်းဇီရဲ့ ကြာပန်းဖြူအရှိန်အဝါက ဇာတ်လိုက်မင်းသားရယ်၊ အရံမင်းသားတွေရယ်အပေါ်သာ သက်ရောက်ရုံ မဟုတ်ဘူးကိုး။ အခြား ဇာတ်ပို့ဇာတ်ရံ ဖြတ်လျှောက်တွေအပေါ်ကိုပါ လွှမ်းမိုးနိုင်စွမ်းရှိနေပုံပဲ။

"သူ ဘယ်လိုဖြစ်နေနေ တို့နဲ့ မဆိုင်ဘူး" အခုတလော ပိုင်ရှန်းရှို့ကလဲ သဘောမကောင်းတွေဖြစ်နေတာ။ မင်းသားလီကိုတောင် သူမ ပြန်စွာရဲနေတဲ့ အချိန်မှာ ဒီလို အိမ်စေတွေကို သူမက ကြောက်နေစရာလား။

မင်းသားရုန်အိမ်တော်က အစေခံတွေလဲ ထပ်ပြီး ဖိအား မပေးရဲတော့ဘဲ ထွက်သွားကြတော့တယ်။ သူတို့ ထွက်သွားပြီးနောက်တော့ ပိုင်ရှန်းရှို့က မတွေ့ချင်တဲ့ အကြောင်း သနားစရာ မိန်းမငယ်ကို သွားပြောလိုက်လေတယ်။ ဒါပေမဲ့ သနားစရာကောင်းတဲ့ အမျိုးသမီးက ပိုင်ရှန်းရှို့ရဲ့ တုံ့ပြန်ချက်ကို ကြားကြားချင်း ဒေါသပုန်ထ ပေါက်ကွဲလိမ့်မယ်လို့တော့ သူတို့ မထင်မိခဲ့ဘူးပေါ့။ သူမ ငိုလဲ ငိုလေတယ်။ "ကောင်းတယ်... သိပ်ကောင်းတယ်၊ သူက ငါ့ကို ဒီလိုအချိုးနဲ့ ဆက်ဆံရဲတယ်ပေါ့၊ ကောင်းတယ်... သူတို့ သူ့ကို သတ်လိုက်ကြတာပဲ၊ ငါ ကလဲ့စားပြန်ချေရမယ်... ကလဲ့စား..."

လင်ချန်းဇီ ရူးသွားပြီ။ သူမ ပိုင်ရှန်းရှို့ နားနေတဲ့ ပြဿဒ်ဆောင်ထဲ အတင်းဝင်သွားပြီး ကိုယ်လုပ်တော်မကို ကိုယ်တိုင်သွားတွေ့မယ်ဆိုပြီး လုပ်တယ်။ ပိုင်ရှန်းရှို့ အဲ့အချိန်မှာ အန်တာ ပြုတာ သက်သာသွားပြီ၊ အိမ်ဆောင်မကြီးဆီ ပြန်သွားမလို့ ထွက်လာတာ။ အဲ့အချိန်မှာ လင်ချန်းဇီ ရုတ်တရက်ပေါ်လာပြီး သူမဆီကို ရောက်လာတော့တယ်။ သူမ အသံထဲမှာ ဒေါသတွေ ထိန်းမနိုင် သိမ်းမရရောစွက်နေပြီး အော်တော့တာပဲ။ "ပိုင်ရှန်းရှို့...! တို့ကို တွေ့ဖို့ကို ဘာကြောင့် ကြောက်နေတာလဲ၊ မိန်းမပျက်မ...! ဒါ နင့်အပြစ်တွေချည်းပဲ၊ သူကတော့ နင့်ကို လာတွေ့တာကို... နင်တို့ နှစ်ယောက် သူ့ကို သတ်ပစ်လိုက်ကြတယ်"

"သတ်တယ်...? ဘယ်သူ့ကိုလဲ" တွမ့်ယွင်ရင် သေဆုံးမှုကို ပိုင်ရှန်းရှို့ ချက်ချင်းတွေးလိုက်မိတယ်။ အတိအကျပြောရရင် သူမ သူ အသေဆိုးနဲ့ သေသွားပုံကိုပါ မြင်ယောင်လိုက်မိတာ။ အဲ့ဒါကို မြက်ယောင်မိတော့ ပိုင်ရှန်းရှို့ အန်ချင်မိပြန်ပါရော။ သူမ လက်နှစ်ဖက်ကို ပါးစပ်မှာအုပ်ရင်း ပျို့လိုက်မိတော့တယ်။

လင်ချန်းဇီကလဲ ဆက်ပြောလေတယ်။ "နင် သနားစရာလိုလို ဟန်ဆောင်နေစရာ မလိုပါဘူး၊ လုံဟန့်ဆိုတဲ့ လူသတ်သမားကောင်ကို ခေါ်ထုတ်လိုက်စမ်း...! နင့်ကို ချစ်မိတာနဲ့ပဲ သတ်ပစ်ရလောက်အောင် အပြစ်ကြီးသွားရောလား"

"ဘာ... အော့..." ပိုင်ရှန်းရှို့ကတော့ ဒီတစ်ခါ တကယ်ကြီး အန်မိပြီ။ ဒါကတော့ သူမ လင်ချန်းဇီကို ရွံလို့ အန်တာ။ 'သူ့အမေ...! သူ့ဦးနှောက် ဖွဲ့စည်းပုံကပဲ ငါတို့နဲ့ မတူတာလား ဘာလား၊ အဲ့ကောင်က ငါ့ကို ချစ်နေတာလို့ ဘယ်တုန်းက ပြောလိုက်တာလဲ၊ ပြီးတော့ လုံဟန့်က အဲ့အကြောင်းကြောင့် သတ်လိုက်တယ်လို့ ဘာကြောင့် သူက ထင်သွားတာလဲ၊ နင့်ဦးနှောက်မှာ အပေါက်ပါနေတာလား၊ အဲ့လို ပေါက်ကရဟာကြီးတွေကို ဘယ်လို တွေးယူပစ်လိုက်တာလဲ'

လောင်ဖူးရန်နဲ့ ကျန်တဲ့ မင်းကတော်တွေဟာ စားသောက်ပြီးသွားလို့ နားနေဆောင်ဘက်ကို ထွက်လာကြပြီ။ စကားတပြောပြောနဲ့ လျှောက်လာကြတာမှာ၊ လင်ချန်းဇီ ပိုင်ရှန်းရှို့ကို အော်ဟစ် ရန်ရှာနေတဲ့ မြင်ကွင်းနဲ့ ပက်ပင်းတိုးကြတော့တာပဲ။ လင်ချန်းဇီနဲ့ မျက်နှာချင်းဆိုင်မှာတော့ ပိုင်ရှန်းရှို့ဟာ ရင်ဘတ်ကို လက်နဲ့ ဖိနေရရှာတယ်။ မျက်နှာလေးကလဲ ဖြူရော်သွားလို့ရယ်။

ပိုင်ရှန်းရှို့နဲ့ လင်ချန်းဇီဟာ အခုချိန်မှာ ပုံပန်းသွင်ပြင်အရဆို ကမ္ဘာခြားမတတ် ကွဲပြားနေပြီ။ ပိုင်ရှန်းရှို့ကတော့ နုနယ်ပြီး သနားစရာကောင်းနေတယ်။ ရိုးရှင်းပေမဲ့ အဖိုးထိုက်တန်တဲ့ အဝတ်အစားကို ဝတ်ဆင်ထားတယ်။ လင်အိမ်တော်ရဲ့ ပထမသခင်မကတော့ ရူးသွပ်သွားပြီလို့ ထင်မှတ်ရတယ်။ ဆံပင်တွေ ဖရိုဖရဲ၊ အသားအရေက တစ္ဆေသရဲလို ဖြူဖျော့လို့။ အရင်က ပိုးသားလေးလို နူးညံ့ဖြူစင်ခဲ့တဲ့ မျက်နှာလေးဟာ အခုတော့ ကြမ်းတမ်းစစနဲ့ မွဲခြောက်နေတော့တာပဲ။

သခင်မလင်တစ်ယောက် သမီးဖြစ်သူရဲ့ လက်ရှိအခြေအနေကို တွေ့တဲ့အခါမှာ အတော်လေး ဝမ်းနည်းဗျာများသွားရှာတယ်။ သူမ ချက်ချင်းပဲ လင်ချန်းဇီဆီ ပြေးသွားလိုက်ပြီး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တာပဲ။ "အမလေး ငါ့သမီးလေး...! ဘာတွေများ တွေ့ကြုံခံစားခဲ့ရလို့ ဒီလို ဖြစ်သွားရတာလဲကွယ်၊ သမီးကို ဒီလိုမြင်ရတာ မေမေ ရင်နာလိုက်ရတာ"

စိတ်မကောင်းစရာက လင်ချန်းဇီက သူမအမေကို ဘေးကို တွန်းဖယ်ပစ်လိုက်ပြီး ဆိုသတဲ့။ "သမီးကို ပိတ်ရပ်မနေနဲ့၊ သူ့အတွက် ကလဲ့စားချေပေးမလို့...!"

"အဲ့ဒီလူ သေသွားပြီလား၊ နည်းတောင် နည်းသေးတယ်" လင်ဖူးရန်က ဒေါသတွေ ပုံချတာ။ အဲ့ဒီလူက သူမ သမီးလေးကို ပြန်ပေးဆွဲ ခေါ်သွားခဲ့တာလေ။ ကောင်းကင်ဘုံက နတ်ဒေဝါတွေ တရားမျှတအောင် လုပ်ပေးတာပဲပေါ့။

"မဟုတ်ဘူး၊ သူ သေတာ မဟုတ်ဘူး၊ သေသွားတာက တွမ့်ယွင်ရင်... လုံဟန့် တွမ်ယွင်ရင်ကို သတ်ပစ်တာ... သူ..."

"တိတ်စမ်း...!" လင်ဖူးရန် သူမသမီးကို အမြန်ဖြတ်ပြောလိုက်ရတယ်။ တွမ့်ယွင်ရင်က လင်ချန်းဇီရဲ့ ဆရာဖြစ်ဖူးတာပဲ၊ ဘယ်သူဆိုတာ သူမ သိတာပေါ့။ သူတို့နှစ်ယောက် ငြိတွယ် ပတ်သက်ဖူးတယ်ဆိုတာလဲ သူမ သိထားတယ်။ ဒါပေမဲ့ သမီးလုပ်သူက လူတွေ အများကြီးရှေ့မှာ တွမ့်ယွင်ရင်အကြောင်း ဘာလို့ စကားစလာတာလဲ။ သူမရဲ့ ဂုဏ်သိက္ခာကို နည်းနည်းလေးမှ အရေးမစိုက်တော့ဘူးလား၊ ပြီးတော့ အဲ့ဒီလူက ဘာလို့ ရုတ်တရက်ကြီး အသတ်ခံလိုက်ရတာလဲ။ ဘာတွေ ဖြစ်နေတာတဲ့လဲ။

လောင်ဖူးရန် နှဖူးကြောတွေလဲ တွန့်သွားတော့တယ်။ သူမ လေသံကိုက တင်းမာ ခက်ထန်လာတာ။ "လင်မိန်းကလေး အပြောအဆို ဆင်ခြင်စမ်းပါ" 'ဒီမိန်းမက မင်းသားလီအိမ်တော် နာမည်ပျက်အောင် အပုတ်လာချနေတာလား'

သူမ စကားလုံးတွေက ပိုင်ရှန်းရှို့အတွက်လဲ သတိပေးလိုက်တာပဲ။ ရုတ်တရက်ကြီး နီးပိုင်ကို တစ်ဖက်သတ်ကြိုက်နေတဲ့ ယောက်ျားတွေ ဘာလို့ ပေါ်လာကြတာလဲ။ ဒီအကြောင်းတွေသာ အပြင်မှာ ပြန့်သွားရင် ပိုင်ရှန်းရှို့လဲပဲ အများအမြင်မှာ လင်ချန်းဇီလို လော်လီကလက်တဲ့ မိန်းမ ဖြစ်သွားတော့မယ် မဟုတ်လား။ 

သူမကတော့ ယောက်ျားတကာကို မြူစွယ်နေတဲ့ မိန်းမအဖြစ် လူသိများတာ မခံချင်ဘူး။ ဒါကြောင့်မို့ ပိုင်ရှန်းရှို့လဲ မျက်နှာကို လက်နှစ်ဖက် အုပ်ပြီး ငိုချလိုက်တော့တယ်။ "ဒီကိုယ်လုပ်တော်ဟာ အရှင်မင်းသားနဲ့ ဟုန်ဖုန်းရှန်းစံအိမ်တော်ကို အလည်လိုက်သွားချိန်မှာသာ တွမ့်သခင်ကို တစ်ခါလေးပဲ တွေ့ဆုံခဲ့ဖူးတာပါ၊ လင်သခင်မလေးက ကျွန်မကို ဒီလို အသရေဖျက် အပုတ်ချပြောဆိုလိုက်ရင် ဘာအကျိုးအမြတ်ရသွားမှာမို့ ဒီလိုတွေ ပြောရတာပါလဲ" သူမ မတတ်သာတော့ဘဲ လင်ချန်းဇီဘက်ကို လူတွေ အာရုံပြန်ရောက်သွားအောင် ပုတ်ပေးလိုက်တော့တယ်။ သူမနဲ့ ဘာမှလဲ မဆိုင်ဘဲ စွပ်စွဲခံရတာ ခံစားလို့ မကောင်းဘူး။

"သူ နင့်ကို ကြိုက်နေတာမဟုတ်ရင်... ဘာဖြစ်လို့... သူ..." 'ငါ့ကို ဂရုမစိုက်တော့တာလဲ' လင်ချန်းဇီ စကားလုံးတွေ ပြောမထွက်ခင်၊ သူမပေါင် သူမ လှန်မထောင်းမိခင် အမြန်ရပ်လိုက်တော့တယ်။ ဒါပေမဲ့ လုံးဝ ရပ်သွားတာ မဟုတ်ဘဲ၊ ဆက်ပြောလေတယ်။ "ဒါဆို ငါ့မင်္ဂလာဆောင်မှာ သူ ဘာလို့ နင့်ကို ကြည့်နေတာလဲ"

ပိုင်ရှန်းရှို့ ဦးနှောက်တောင် ကျိန်းတယ်။ သူမ သတိထားပြီး ပြန်ပြောလိုက်တော့တယ်။ "ဒါဆို သူက ဘယ်သူ့ကို ကြည့်နေရမှာလဲ"

အဲ့ဒီ ခွဲခြား အမေးကို ကြားလိုက်ရတဲ့အခါမှာ လင်ချန်းဇီ စကားလုံးတွေ ပျောက်ဆုံးသွားတော့တယ်။ လင်ချန်းဇီမှာ မျက်ထောင့်နီကြီးနဲ့ ပိုင်ရှန်းရှို့ကို ကြည့်နေရုံသာ တတ်နိုင်တော့တယ်။ မသိရင် သူမကို ပိုင်ရှန်းရှို့က အကြီးအကျယ် စော်ကားလိုက်သလိုပဲ။ 

'ဝတ္ထုထဲမှာ နင် ဘယ်လောက်တောင်မှ လူတိုင်းကို ချစ်နိုင်တယ်ဆိုပြီး ဖော်ပြထားပေမဲ့ နင့်နှလုံးသားက အရမ်းကျယ်လွန်းမနေဘူးလား၊ လူတိုင်းကို ထည့်ဆံ့ရအောင်... လော့ယွင်ကျန်းနဲ့ ခိုးပြေးပြီးတာတောင် ပြန်လာပြီး တွမ့်ယွင်ရင်အကြောင်း မေးစရာလား'

________

[Zawgyi]

Burmese Translation of "Doomed to be Cannon Fodder".

Translator - NC

(၁၉၁) မင္းသားစ္ပါး ကံေတာ္ကုန္ဇာတ္လိုက္မ ျပန္ေရာက္လာ

ပိုင္ရွန္းရိႈ႔ရဲ့ အျပဳအမူေလးကို ေလာင္ဖူးရန္ အေတာ္သေဘာက်ရွာတာ။ သူမ စိတ္ခ်ၿပီး ေအးေအးသက္သာေနလိုက္ေတာ့မဲ့ အခ်ိန္မွာပဲ သားေတာ္ေမာင္က တံခါးႀကီးကို ဝုန္းကနဲလုပ္ၿပီး ဝင္လာေလတယ္။ သူ ဒီကိုလာတာက လမ္းေလးေလ်ွာက္ရင္း ေနြၪီး ပန္းမာန္ေတြကို လာၾကည့္တာ မဟုတ္တာ အသိသာႀကီး။ သူက နီးပိုင္ကို စိုးရိမ္လို႔ လာတာ။ သူ ဘာလို႔ သူမအတြက္ အရမ္းေတြ စိုးရိမ္ေနတာလဲ။ 'ငါနဲ႔ အတူတူရိွေနတာကို ဘာအႏၲရာယ္အတြက္ စိုးရိမ္ေပးေနရေသးတာလဲ'

ဒါေပမဲ့ ပိုင္ရွန္းရိႈ႔ လက္ကေလးကို ကိုင္ရင္း တသသျဖစ္ေနပံုရတဲ့ စုန္႔ဖူးရန္ ပံုကို ေထာက္ရရင္ သူမ မသိတာတစ္ခုခုကို လံုဟန္႔ သိေနတာပဲျဖစ္မယ္။ ဒါေၾကာင့္မို႔လဲ သူ အရမ္းေတြ သတိႀကီးေနတာေနမယ္။ ဒါေပမဲ့ စုန္႔ သခင္မက ပိုင္ရွန္းရိႈ႔ကို ၾကည့္တဲ့ အၾကည့္ကို ျမင္ရတဲ့ အခါမွာ ေလာင္ဖူးရန္ႀကီးလဲ ဆြံ႔အေနမိေတာ့တာပါပဲ။ သူမပံုစံက ရွားပါး အဖိုးတန္ရတနာကို ၾကည့္ေနတဲ့ ပံုျဖစ္ေနတာကိုး။ စားေသာက္ပြဲ မၾကာခင္ စေတာ့မွာကို သတိရမိေတာ့ ေလာင္ဖူးရန္ ပိုင္ရွန္းရိႈ႔ကို အသိေပးလိုက္ေတာ့တယ္။ "ခဏေန မားမားတစ္ေယာက္ သမီးအတြက္ ဟင္းပြဲ ျပင္ဆင္ၿပီး လာ ဆက္လိမ့္မယ္၊ ေလာေလာဆယ္မွာ သမီး ေရွာင္ရမဲ့ အစားအစာေတြ ရိွေနလို႔"

"ကြၽန္မ နားလည္ပါၿပီ၊ ေလာင္ဖူးရန္" 'ဘာလို႔ ဒီေလာက္ အကဲဆတ္ၿပီး အလုပ္ရႈပ္ခံေနၾကတာလဲဟယ္၊ ငါ ေရွာင္ရန္ ေဆာင္ရန္ေတြ သိပါတယ္ဟာ'

"ဘာျဖစ္တာလဲ၊ စားလို႔ မရတဲ့ အစားစာရိွေနတာလား" စုန္႔ဖူးရန္က ေပ်ာ္တၿပံဳးၿပံဳးပဲ ေမးလာေလတယ္။

"ဒါေပါ့၊ ေလာေလာဆယ္မွာ ေရွာင္ေနရတဲ့ အစာေတြ ရိွတယ္ေလ၊ ေသြးလည္ပတ္မႈကို ထိခိုက္ေစမဲ့ အစားအစာေတြ၊ ရင္းဓာတ္မ်ားလြန္းတဲ့ဟာေတြ လံုးဝ စားလို႔ မျဖစ္ဘူေပါ့" ေလာင္ဖူးရန္က ပါးစပ္ကို လက္ကိုင္ပဝါနဲ႔ အုပ္ထားလိုက္ၿပီး ဝမ္းသာပီတိအျပည့္ ၿပံဳးေနေတာ့တယ္။ သူမ အၿပံဳးက ပြင့္လင္းလြန္းလို႔ နဖူးေပၚက အေရေတြေတာင္ ပိုတြန္႔သြားပါေလေရာ။

ကိုယ္ဝန္ သံုးလကို လူသိရွင္ၾကား ေၾကညာရင္ ကံဆိုးတတ္တယ္ဆိုေပမဲ့ ေလာင္ဖူးရန္ သြယ္ဝိုက္ေျပာခ်င္တဲ့ သေဘာကို စားပြဲတစ္ဝိုင္းတည္း ထိုင္ေနၾကတဲ့ မင္းကေတာ္ေတြ အကုန္ သေဘာေပါက္ၾကတယ္ရယ္။ သူတို႔အားလံုး ပိုင္ရွန္းရိႈ႔ကို ဝိုင္းၿပီး ဂုဏ္ျပဳစကားေျပာၾကတာ၊ သူမမွာ ရွက္ေတာင္ ရွက္ေနမိၿပီ။ ဒီလိုနဲ႔ စားေသာက္ပြဲႀကီးက ေပ်ာ္ေပ်ာ္ပါးပါး စတင္ေတာ့တာပဲ။ ဒါေပမဲ့ လင္သခင္မရဲ့ မ်က္ဝန္းေတြထဲ သတ္ျဖတ္ရန္လိုေငြ့ေတြ အျပည့္ပါေနတာကိုေတာ့ ဘယ္သူမွ သတိမထားမိလိုက္ၾကဘူး။ အံ့ၾသစရာေကာင္းေလာက္ေအာင္ သူမကလဲ တည္ၿငိမ္ဟန္ေဆာင္ႏိုင္ေနတယ္။ အခုခ်ိန္မွာ သူမရဲ့ အဓိက အေရးႀကီးတဲ့ ကိစၥက မိသားစု မ်ိဳးရိုးနာမည္ဂုဏ္ကို အဖတ္ျပန္ဆယ္ဖို႔ပဲ။ ဒါေၾကာင့္မို႔ နည္းနည္းေလးေတာ့ သည္းညည္းခံေပးလိုက္ရမွာေပါ့။

ပိုင္ရွန္းရိႈ႔ မနက္ပိုင္း ေအာ့အန္မူးေဝတာေတြဟာ အရင္ကေလာက္ မျပင္းထန္ေတာ့ဘူးဆိုေပမဲ့ အနံ႔ျပင္းျပင္းေတြဆို မခံႏိုင္ေသးဘူး။ ဟင္းေလး နည္းနည္း စားၿပီးတာနဲ႔ ေနထိုင္မေကာင္းျဖစ္သြားေတာ့တာပဲ။ ရုန္ဝမ္ေဖးလဲ ေလာင္ဖူးရန္ကို ဒီကိစၥအသိေပး အေၾကာင္းၾကားလိုက္ၿပီး ပိုင္ရွန္းရိႈ႔ကို နားေနခန္းလိုက္ပို႔ေပးဖို႔ သူမရဲ့ အေစခံေတြ ခိုင္းလိုက္ေလတယ္။

သူမ အနီးအနားက ခန္းေဆာင္တစ္ခုမွာ နားေနတာ ငါးမိနစ္ေတာင္ မရိွတတ္ေသးဘူး။ အေစခံမေလးတစ္ေယာက္ စာတစ္ေစာင္ယူၿပီး သူမဆီ ပို႔လာတယ္။ ပိုင္ရွန္းရိႈ႔ အံ့ၾသေနမိေတာ့တာပဲ။ 'မင္းသားရုန္ရဲ့ အိမ္ေတာ္ထဲမွာ ငါ့ကို စာပို႔မဲ့လူ ရိွလို႔လား'

'စုန္႔ေက်ာင္းယြဲ႔မ်ားလား...'

'မျဖစ္ႏိုင္ဘူး၊ အဲ့ဒီလူက ဓေလ့ထံုးစံေတြကို အရမ္းေစာင့္ထိန္းတာ၊ ဒီလိုဟာမ်ိဳး လုပ္လိမ့္မွာ မဟုတ္ဘူး' ပိုင္ရွန္းရိႈ႔ စာကို ဖြင့္ဖတ္လိုက္တယ္။ "ရိႈ႔သခင္မ၊ ရုန္ဝမ္ရဲ့ အေနာက္ဥယ်ာဉ္ထဲမွာ ေတြ့ရေအာင္၊ တို႔ ေမးစရာ ရိွတယ္"

စာက လင္ခ်န္းဇီ ပို႔တာ ျဖစ္ေနတယ္။

'ဇာတ္လိုက္မဆီက စာပဲ၊ သူ ဘာျဖစ္လို႔ ရုတ္တရက္ႀကီး ျပန္လာတာလဲ၊ ေလာ့ယြင္က်န္းနဲ႔ လိုက္ေျပးသြားၿပီ မဟုတ္ဘူးလား၊ ငါ သူ႔ကို သြားေတြ့လို႔ မျဖစ္ဘူး၊ အရင္တစ္ေခါက္က သူနဲ႔ ေတြ့တာ... ကိုယ္ဝန္ပ်က္က်ေတာ့မလိုျဖစ္သြားတယ္၊ အရူးအႏွမ္းပဲ အရင္ကကိစၥကို အမွတ္သညာမရိွ သြားေတြ့ျဖစ္မွာ' ဒီလိုအေတြးေတြနဲ႔ ပိုင္ရွန္းရိႈ႔ဟာ စာကို ေရွာင္ရွီကို ေပးလိုက္ၿပီး မျမင္ မဖတ္ခဲ့သလို ေနလိုက္ေတာ့တယ္။

စာလာပို႔ေပးသူက ပိုင္ရွန္းရိႈ႔ လုပ္ရပ္ကို ေတြ့ေတာ့ မေက်နပ္ဘူး။ သူမ ေတြးေတြးဆဆ စဉ္းစားၿပီးတဲ့အခါမွာ ေျပာလိုက္ေတာ့တယ္။ "အဲ့ဒီမိန္းကေလးက သနားစရာေနာ္၊ အရွင္မ သူ႔ကို သြားမေတြ့ေတာ့ဘူးလား"

ဆိုေတာ့ကာ လင္ခ်န္းဇီရဲ့ ၾကာပန္းျဖဴအရိွန္အဝါက ဇာတ္လိုက္မင္းသားရယ္၊ အရံမင္းသားေတြရယ္အေပၚသာ သက္ေရာက္ရံု မဟုတ္ဘူးကိုး။ အျခား ဇာတ္ပို႔ဇာတ္ရံ ျဖတ္ေလ်ွာက္ေတြအေပၚကိုပါ လႊမ္းမိုးႏိုင္စြမ္းရိွေနပံုပဲ။

"သူ ဘယ္လိုျဖစ္ေနေန တို႔နဲ႔ မဆိုင္ဘူး" အခုတေလာ ပိုင္ရွန္းရိႈ႔ကလဲ သေဘာမေကာင္းေတျြဖစ္ေနတာ။ မင္းသားလီကိုေတာင္ သူမ ျပန္စြာရဲေနတဲ့ အခ်ိန္မွာ ဒီလို အိမ္ေစေတြကို သူမက ေၾကာက္ေနစရာလား။

မင္းသားရုန္အိမ္ေတာ္က အေစခံေတြလဲ ထပ္ၿပီး ဖိအား မေပးရဲေတာ့ဘဲ ထြက္သြားၾကေတာ့တယ္။ သူတို႔ ထြက္သြားၿပီးေနာက္ေတာ့ ပိုင္ရွန္းရိႈ႔က မေတြ့ခ်င္တဲ့ အေၾကာင္း သနားစရာ မိန္းမငယ္ကို သြားေျပာလိုက္ေလတယ္။ ဒါေပမဲ့ သနားစရာေကာင္းတဲ့ အမ်ိဳးသမီးက ပိုင္ရွန္းရိႈ႔ရဲ့ တံု႔ျပန္ခ်က္ကို ၾကားၾကားခ်င္း ေဒါသပုန္ထ ေပါက္ကြဲလိမ့္မယ္လို႔ေတာ့ သူတို႔ မထင္မိခဲ့ဘူးေပါ့။ သူမ ငိုလဲ ငိုေလတယ္။ "ေကာင္းတယ္... သိပ္ေကာင္းတယ္၊ သူက ငါ့ကို ဒီလိုအခ်ိဳးနဲ႔ ဆက္ဆံရဲတယ္ေပါ့၊ ေကာင္းတယ္... သူတို႔ သူ႔ကို သတ္လိုက္ၾကတာပဲ၊ ငါ ကလဲ့စားျပန္ေခ်ရမယ္... ကလဲ့စား..."

လင္ခ်န္းဇီ ရူးသြားၿပီ။ သူမ ပိုင္ရွန္းရိႈ႔ နားေနတဲ့ ျပႆဒ္ေဆာင္ထဲ အတင္းဝင္သြားၿပီး ကိုယ္လုပ္ေတာ္မကို ကိုယ္တိုင္သြားေတြ့မယ္ဆိုၿပီး လုပ္တယ္။ ပိုင္ရွန္းရိႈ႔ အဲ့အခ်ိန္မွာ အန္တာ ျပဳတာ သက္သာသြားၿပီ၊ အိမ္ေဆာင္မႀကီးဆီ ျပန္သြားမလို႔ ထြက္လာတာ။ အဲ့အခ်ိန္မွာ လင္ခ်န္းဇီ ရုတ္တရက္ေပၚလာၿပီး သူမဆီကို ေရာက္လာေတာ့တယ္။ သူမ အသံထဲမွာ ေဒါသေတြ ထိန္းမႏိုင္ သိမ္းမရေရာစြက္ေနၿပီး ေအာ္ေတာ့တာပဲ။ "ပိုင္ရွန္းရိႈ႔...! တို႔ကို ေတြ့ဖို႔ကို ဘာေၾကာင့္ ေၾကာက္ေနတာလဲ၊ မိန္းမပ်က္မ...! ဒါ နင့္အျပစ္ေတြခ်ည္းပဲ၊ သူကေတာ့ နင့္ကို လာေတြ့တာကို... နင္တို႔ ႏွစ္ေယာက္ သူ႔ကို သတ္ပစ္လိုက္ၾကတယ္"

"သတ္တယ္...? ဘယ္သူ႔ကိုလဲ" တြမ့္ယြင္ရင္ ေသဆံုးမႈကို ပိုင္ရွန္းရိႈ႔ ခ်က္ခ်င္းေတြးလိုက္မိတယ္။ အတိအက်ေျပာရရင္ သူမ သူ အေသဆိုးနဲ႔ ေသသြားပံုကိုပါ ျမင္ေယာင္လိုက္မိတာ။ အဲ့ဒါကို ျမက္ေယာင္မိေတာ့ ပိုင္ရွန္းရိႈ႔ အန္ခ်င္မိျပန္ပါေရာ။ သူမ လက္ႏွစ္ဖက္ကို ပါးစပ္မွာအုပ္ရင္း ပ်ိဳ႕လိုက္မိေတာ့တယ္။

လင္ခ်န္းဇီကလဲ ဆက္ေျပာေလတယ္။ "နင္ သနားစရာလိုလို ဟန္ေဆာင္ေနစရာ မလိုပါဘူး၊ လံုဟန္႔ဆိုတဲ့ လူသတ္သမားေကာင္ကို ေခၚထုတ္လိုက္စမ္း...! နင့္ကို ခ်စ္မိတာနဲ႔ပဲ သတ္ပစ္ရေလာက္ေအာင္ အျပစ္ႀကီးသြားေရာလား"

"ဘာ... ေအာ့..." ပိုင္ရွန္းရိႈ႔ကေတာ့ ဒီတစ္ခါ တကယ္ႀကီး အန္မိၿပီ။ ဒါကေတာ့ သူမ လင္ခ်န္းဇီကို ရြံလို႔ အန္တာ။ 'သူ႔အေမ...! သူ႔ၪီးေနွာက္ ဖြဲ႔စည္းပံုကပဲ ငါတို႔နဲ႔ မတူတာလား ဘာလား၊ အဲ့ေကာင္က ငါ့ကို ခ်စ္ေနတာလို႔ ဘယ္တုန္းက ေျပာလိုက္တာလဲ၊ ၿပီးေတာ့ လံုဟန္႔က အဲ့အေၾကာင္းေၾကာင့္ သတ္လိုက္တယ္လို႔ ဘာေၾကာင့္ သူက ထင္သြားတာလဲ၊ နင့္ၪီးေနွာက္မွာ အေပါက္ပါေနတာလား၊ အဲ့လို ေပါက္ကရဟာႀကီးေတြကို ဘယ္လို ေတြးယူပစ္လိုက္တာလဲ'

ေလာင္ဖူးရန္နဲ႔ က်န္တဲ့ မင္းကေတာ္ေတြဟာ စားေသာက္ၿပီးသြားလို႔ နားေနေဆာင္ဘက္ကို ထြက္လာၾကၿပီ။ စကားတေျပာေျပာနဲ႔ ေလ်ွာက္လာၾကတာမွာ၊ လင္ခ်န္းဇီ ပိုင္ရွန္းရိႈ႔ကို ေအာ္ဟစ္ ရန္ရွာေနတဲ့ ျမင္ကြင္းနဲ႔ ပက္ပင္းတိုးၾကေတာ့တာပဲ။ လင္ခ်န္းဇီနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာေတာ့ ပိုင္ရွန္းရိႈ႔ဟာ ရင္ဘတ္ကို လက္နဲ႔ ဖိေနရရွာတယ္။ မ်က္ႏွာေလးကလဲ ျဖဴေရာ္သြားလို႔ရယ္။

ပိုင္ရွန္းရိႈ႔နဲ႔ လင္ခ်န္းဇီဟာ အခုခ်ိန္မွာ ပံုပန္းသြင္ျပင္အရဆို ကမ႓ာျခားမတတ္ ကြဲျပားေနၿပီ။ ပိုင္ရွန္းရိႈ႔ကေတာ့ ႏုနယ္ၿပီး သနားစရာေကာင္းေနတယ္။ ရိုးရွင္းေပမဲ့ အဖိုးထိုက္တန္တဲ့ အဝတ္အစားကို ဝတ္ဆင္ထားတယ္။ လင္အိမ္ေတာ္ရဲ့ ပထမသခင္မကေတာ့ ရူးသြပ္သြားၿပီလို႔ ထင္မွတ္ရတယ္။ ဆံပင္ေတြ ဖရိုဖရဲ၊ အသားအေရက တစၧေသရဲလို ျဖဴေဖ်ာ့လို႔။ အရင္က ပိုးသားေလးလို ႏူးညံ့ျဖဴစင္ခဲ့တဲ့ မ်က္ႏွာေလးဟာ အခုေတာ့ ၾကမ္းတမ္းစစနဲ႔ မြဲေျခာက္ေနေတာ့တာပဲ။

သခင္မလင္တစ္ေယာက္ သမီးျဖစ္သူရဲ့ လက္ရိွအေျခအေနကို ေတြ့တဲ့အခါမွာ အေတာ္ေလး ဝမ္းနည္းဗ်ာမ်ားသြားရွာတယ္။ သူမ ခ်က္ခ်င္းပဲ လင္ခ်န္းဇီဆီ ေျပးသြားလိုက္ၿပီး တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္တာပဲ။ "အမေလး ငါ့သမီးေလး...! ဘာေတြမ်ား ေတြ့ႀကံဳခံစားခဲ့ရလို႔ ဒီလို ျဖစ္သြားရတာလဲကြယ္၊ သမီးကို ဒီလိုျမင္ရတာ ေမေမ ရင္နာလိုက္ရတာ"

စိတ္မေကာင္းစရာက လင္ခ်န္းဇီက သူမအေမကို ေဘးကို တြန္းဖယ္ပစ္လိုက္ၿပီး ဆိုသတဲ့။ "သမီးကို ပိတ္ရပ္မေနနဲ႔၊ သူ႔အတြက္ ကလဲ့စားေခ်ေပးမလို႔...!"

"အဲ့ဒီလူ ေသသြားၿပီလား၊ နည္းေတာင္ နည္းေသးတယ္" လင္ဖူးရန္က ေဒါသေတြ ပံုခ်တာ။ အဲ့ဒီလူက သူမ သမီးေလးကို ျပန္ေပးဆြဲ ေခၚသြားခဲ့တာေလ။ ေကာင္းကင္ဘံုက နတ္ေဒဝါေတြ တရားမ်ွတေအာင္ လုပ္ေပးတာပဲေပါ့။

"မဟုတ္ဘူး၊ သူ ေသတာ မဟုတ္ဘူး၊ ေသသြားတာက တြမ့္ယြင္ရင္... လံုဟန္႔ တြမ္ယြင္ရင္ကို သတ္ပစ္တာ... သူ..."

"တိတ္စမ္း...!" လင္ဖူးရန္ သူမသမီးကို အျမန္ျဖတ္ေျပာလိုက္ရတယ္။ တြမ့္ယြင္ရင္က လင္ခ်န္းဇီရဲ့ ဆရာျဖစ္ဖူးတာပဲ၊ ဘယ္သူဆိုတာ သူမ သိတာေပါ့။ သူတို႔ႏွစ္ေယာက္ ၿငိတြယ္ ပတ္သက္ဖူးတယ္ဆိုတာလဲ သူမ သိထားတယ္။ ဒါေပမဲ့ သမီးလုပ္သူက လူေတြ အမ်ားႀကီးေရ႔ွမွာ တြမ့္ယြင္ရင္အေၾကာင္း ဘာလို႔ စကားစလာတာလဲ။ သူမရဲ့ ဂုဏ္သိကၡာကို နည္းနည္းေလးမွ အေရးမစိုက္ေတာ့ဘူးလား၊ ၿပီးေတာ့ အဲ့ဒီလူက ဘာလို႔ ရုတ္တရက္ႀကီး အသတ္ခံလိုက္ရတာလဲ။ ဘာေတြ ျဖစ္ေနတာတဲ့လဲ။

ေလာင္ဖူးရန္ ႏွဖူးေၾကာေတြလဲ တြန္႔သြားေတာ့တယ္။ သူမ ေလသံကိုက တင္းမာ ခက္ထန္လာတာ။ "လင္မိန္းကေလး အေျပာအဆို ဆင္ျခင္စမ္းပါ" 'ဒီမိန္းမက မင္းသားလီအိမ္ေတာ္ နာမည္ပ်က္ေအာင္ အပုတ္လာခ်ေနတာလား'

သူမ စကားလံုးေတြက ပိုင္ရွန္းရိႈ႔အတြက္လဲ သတိေပးလိုက္တာပဲ။ ရုတ္တရက္ႀကီး နီးပိုင္ကို တစ္ဖက္သတ္ႀကိဳက္ေနတဲ့ ေယာက္်ားေတြ ဘာလို႔ ေပၚလာၾကတာလဲ။ ဒီအေၾကာင္းေတြသာ အျပင္မွာ ျပန္႔သြားရင္ ပိုင္ရွန္းရိႈ႔လဲပဲ အမ်ားအျမင္မွာ လင္ခ်န္းဇီလို ေလာ္လီကလက္တဲ့ မိန္းမ ျဖစ္သြားေတာ့မယ္ မဟုတ္လား။ 

သူမကေတာ့ ေယာက္်ားတကာကို ျမဴစြယ္ေနတဲ့ မိန္းမအျဖစ္ လူသိမ်ားတာ မခံခ်င္ဘူး။ ဒါေၾကာင့္မို႔ ပိုင္ရွန္းရိႈ႔လဲ မ်က္ႏွာကို လက္ႏွစ္ဖက္ အုပ္ၿပီး ငိုခ်လိုက္ေတာ့တယ္။ "ဒီကိုယ္လုပ္ေတာ္ဟာ အရွင္မင္းသားနဲ႔ ဟုန္ဖုန္းရွန္းစံအိမ္ေတာ္ကို အလည္လိုက္သြားခ်ိန္မွာသာ တြမ့္သခင္ကို တစ္ခါေလးပဲ ေတြ့ဆံုခဲ့ဖူးတာပါ၊ လင္သခင္မေလးက ကြၽန္မကို ဒီလို အသေရဖ်က္ အပုတ္ခ်ေျပာဆိုလိုက္ရင္ ဘာအက်ိဳးအျမတ္ရသြားမွာမို႔ ဒီလိုေတြ ေျပာရတာပါလဲ" သူမ မတတ္သာေတာ့ဘဲ လင္ခ်န္းဇီဘက္ကို လူေတြ အာရံုျပန္ေရာက္သြားေအာင္ ပုတ္ေပးလိုက္ေတာ့တယ္။ သူမနဲ႔ ဘာမွလဲ မဆိုင္ဘဲ စြပ္စြဲခံရတာ ခံစားလို႔ မေကာင္းဘူး။

"သူ နင့္ကို ႀကိဳက္ေနတာမဟုတ္ရင္... ဘာျဖစ္လို႔... သူ..." 'ငါ့ကို ဂရုမစိုက္ေတာ့တာလဲ' လင္ခ်န္းဇီ စကားလံုးေတြ ေျပာမထြက္ခင္၊ သူမေပါင္ သူမ လွန္မေထာင္းမိခင္ အျမန္ရပ္လိုက္ေတာ့တယ္။ ဒါေပမဲ့ လံုးဝ ရပ္သြားတာ မဟုတ္ဘဲ၊ ဆက္ေျပာေလတယ္။ "ဒါဆို ငါ့မဂၤလာေဆာင္မွာ သူ ဘာလို႔ နင့္ကို ၾကည့္ေနတာလဲ"

ပိုင္ရွန္းရိႈ႔ ၪီးေနွာက္ေတာင္ က်ိန္းတယ္။ သူမ သတိထားၿပီး ျပန္ေျပာလိုက္ေတာ့တယ္။ "ဒါဆို သူက ဘယ္သူ႔ကို ၾကည့္ေနရမွာလဲ"

အဲ့ဒီ ခြဲျခား အေမးကို ၾကားလိုက္ရတဲ့အခါမွာ လင္ခ်န္းဇီ စကားလံုးေတြ ေပ်ာက္ဆံုးသြားေတာ့တယ္။ လင္ခ်န္းဇီမွာ မ်က္ေထာင့္နီႀကီးနဲ႔ ပိုင္ရွန္းရိႈ႔ကို ၾကည့္ေနရံုသာ တတ္ႏိုင္ေတာ့တယ္။ မသိရင္ သူမကို ပိုင္ရွန္းရိႈ႔က အႀကီးအက်ယ္ ေစာ္ကားလိုက္သလိုပဲ။ 

'ဝတၴုထဲမွာင္ယ္ေလာက္ေတာင္မွ လူတိုင္းကို ခ်စ္ႏိုင္ယ္ဆိုပီးဖာ္ျထားေမဲ့င့္ႏွလံုးသားက အရမ္းက်ယ္လြန္းမေနဘူးလားလူတိုင္းကိုည့္ဆံ့ရေအာင္... ေလာ့ယြင္က်န္းနဲ႔ ခိုးေျပးၿပီးတာေတာင္ ျပန္လာၿပီး တြမ့္ယြင္င္အေၾကာင္းမးစရာလား'

Continue Reading

You'll Also Like

767K 46.4K 30
A love contest between a boy who likes to kick football and a little doctor.
320K 34.3K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
831K 23.7K 15
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023