unicode
"ရှောင်ကျန့် .. ငါတို့လည်း သွားကြရအောင်"
ရိယွင်က ရယ်နေတာကို အတောသတ်လိုက်ပြီး သူ့ကိုပြောတယ်။ ရှောင်ကျန့် ဟမ့် ခနဲ နှာမှုတ်ပြီး ရိယွင်ကို ဂရုမစိုက်ဘဲ အဆောင်ပြန်ဖို့ လုပ်လိုက်သည်။ သို့သော် ကျန်းမုက
"မင်းအတွက် အန္တရာယ်ရှိတယ်ဆိုတာငါတို့ မျိုးနွယ်ကြောင့်မဟုတ်ဘူး အားကျန့်။ မင်း ငါပြောတာ အရင်နားထောင်ပြီးမှ ငါတို့နဲ့လိုက်ခဲ့ မလိုက်ခဲ့ ဆိုတာ ဆုံးဖြတ်ပါ။ ငါတောင်းဆိုပါတယ်"
"ကျန်းမု မင်းတော်တော်လေး စကားများလာတယ် သိလား၊ အရင်လိုပဲ ပါးစပ်ပိတ်ပြီး တရားမှတ်နေလို့မရဘူးလား"
ကျန်းမု " အဲ့လိုလုပ်လို့ရရင်တော့ ငါလည်းလုပ်ချင်ပါတယ်။ နောက်ပြီး ငါ့ကိုယုံပါ၊ မင်းကို ဒီလိုပြသနာတွေထဲ မပါစေချင်ပါဘူး။ ဒါပေမယ့် မင်းက အခုလက်ရှိမှာ ငါတို့မျိုးနွယ်ရဲ့ သခင်လေးနဲ့ ပတ်သတ်မိသွားပြီမို့ ငါအရင်လိုနေလို့မရတော့ဘူး။"
ရိယွင် " ကျန်းမု မှမဟုတ်ဘူး ငါနဲ့ဟောက်ကျားလည်း အရင်လိုမျိုး မင်းကို ဆက်ဆံလို့မရတော့ဘူး။ မင်းက ငါတို့အတွက်အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေပြီ၊"
ရှောင်ကျန့် သူငယ်ချင်းတွေရဲ့ အကြည့်တွေထဲကနေ လေးနက်တဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတာမို့ သူ့ဘက်ကပဲ စိတ်လျှော့ပြီး အဲ့နေရာမှာတင် ထိုင်ချလိုက်ကာ စူပုတ်ပုတ်နဲ့ ပြောလိုက်တယ်။
"ပြောကြကွာ၊"
"အင်း"
ကျန်းမု နဲ့ ရိယွင်က သူ့အနားမှာ လာထိုင်တယ်။ အရင်ကလောက်ထိတော့နီးနီးကပ်ကပ် မထိုင်ကြပေမယ့်လည်း နွေးထွေးမှုလေးကတော့ မပြောင်းလဲသေးပါဘူး။
ရိယွင် " ငါတို့ မျိုးနွယ်တွေက ဟိုခွေးမျိုးနွယ်တွေနဲ့ မတည့်ကြဘူးဆိုတာ မင်းသိတယ်မလား"
"အင်း စာအုပ်တွေထဲမှာ ပါတယ်လေ မင်းတို့မျိုးနွယ်နဲ့ သမန်းဝံပုလွေမျိုးနွယ်က ဟိုးးနှစ်ပေါင်းများစွာလောက်ကတည်းက ရန်သူတွေဆိုတာ၊ ပြီးတော့ ငါ့အမေကလည်း ဗန်ပိုင်းယားပါပဲနော် ဟမ့်"
ကျန်းမု " မင်းအတွက် အန္တရာယ်ရှိတာက အဲ့မျိုးနွယ်စုကြောင့်ပဲ။ မင်းကအခုချိန်မှာ ငါတို့မျိုးနွယ်ရဲ့ သခင်လေးဆီကနေ ကိုက်တာခံလိုက်ရတယ်။ တနည်းပြောရရင် မင်းကို ဒီတိုင်းပဲထားမလား ဒါမှမဟုတ်.... ၊ ထားပါတော့ မင်းက အခုဆို သခင်လေးရဲ့ ယာယီအမှတ်သားပေးခံထားရတာမို့ မင်းကို ဟိုဘက်မျိုးနွယ်က သေချာပေါက် လာရှာလိမ့်မယ်"
"ငါ အကိုက်ခံရတာနဲ့ အဲ့ခွေးတွေနဲ့က ဘာဆိုင်လို့လဲဟ နောက်ပြီး ဒီတိုင်းပဲထားမလား ဒါမှမဟုတ်... ဒါမှမဟုတ်ရင် ဘာဖြစ်လဲ"
ကျန်းမုက ဆက်မပြောခင် သက်ပြင်းချလိုက်သေးသည်။ အဲ့နောက် " ငါတို့မျိုးနွယ်နဲ့ သမန်းဝံပုလွေတွေ ဘာလို့မတည့်လဲသိလား"
ရှောင်ကျန့် ခေါင်းခါပြလိုက်တယ်။ မတည့်တာကိုတော့ သိပေမယ့် ဘာကြောင့်ဆိုတာမျိုးကိုတော့ သူတကယ်မသိဘူး။ မားကို မေးကြည့်ဖူးပေမယ့် မားက သူလည်း သေချာမသိဘူးလို့သာ ဖြေပြီး ရှောင်သွားခဲ့တာမို့။
ရိယွင် - "ငါတို့ မျိုးနွယ်မှာ ခေါင်းဆောင်အသစ်မွေးဖွားတိုင်း အဲ့ခေါင်းဆောင်အတွက် ကြင်ယာဖက် တစ်ယောက်အမြဲရှာဖွေရတယ်။ များသောအားဖြင့် မျိုးနွယ်တူ ဗန်ပိုင်းယားအချင်းချင်း ကြင်ယာဖက်တာဆိုပေမယ့် ကြင်ယာဖက်တယ်ဆိုတဲ့ စည်းက မျိုးနွယ်တူလို့မဟုတ်ဘူး။ ကိုက်ခံရတာကိုဆိုလိုတာ။ မျိုးနွယ်ခေါင်းဆောင်က ကြင်ယာဖက် မရှိသေးဘဲ တစ်စုံတစ်ယောက်ရဲ့ လည်ပင်းကို ကိုက်မိသွားရင် အဲ့လူက အကြမ်းဖျင်းအားဖြင့်တော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ကြင်ယာဖက်လို့ ပြောလို့ရတယ်။ ဗန်ပိုင်းယားဖြစ်နေစရာမလိုဘူး။ လူဖြစ်လည်းရတယ်။ ဝံပုလွေမျိုးနွယ်ကဆိုရင်တောင် စည်းက အလုပ်လုပ်တယ် ၊ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ငါတို့မျိုးနွယ်ခေါင်းဆောင်တစ်ယောက်က သမန်းမျိုးနွယ်ရဲ့ မျိုးသန့်တစ်ယောက်ကို ကိုက်မိပြီး အမှတ်ပြုလုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် သမန်းမျိုးနွယ်ဝင်တွေက ငါတို့ဗန်ပိုင်းယားတွေကို နိမ့်ကျတဲ့ကောင်တွေဆိုပြီး လက်မခံကြဘူး။ နောက်ပိုင်းမှာ သမန်းမျိုးသန့်ကို ကိုက်ခဲ့တဲ့ ဗန်ပိုင်းယားကို သတ်ပစ်ဖို့ သူတို့ဘက်က စီစဉ်ခဲ့တယ်။ အဲ့နည်းလမ်းကပဲ အမှတ်သားကို ဖျက်နိုင်တာမို့ သူတို့တွေ လက်မတွန့်ခဲ့ကြဘူး။ မျိုးနွယ်သန့်စင်ရေးက အဓိကဖြစ်နေခဲ့တာမို့ ငါတို့ဘက်က လက်ခံခဲ့ပေမယ့်လည်း သမန်းတွေဘက်က လွန်လာခဲ့တယ်။ အမှတ်ပြုခဲ့တဲ့ လူကို သတ်လိုက်ရုံတင်မကဘူး ငါတို့မျိုးနွယ်ဝင် အချို့ကိုပါ သတ်ပစ်ခဲ့သေးတာ။ မျိုးနွယ်စုက အရာရာဖြစ်နေခဲ့တဲ့ ငါတို့အတွက် သူတို့ရဲ့လုပ်ရပ်က အရမ်းလွန်တာမို့ လက်မခံနိုင်ခဲ့ဘူး။ အဲ့လိုနဲ့ငါတို့ကြားမှာ ရန်ငြိုးတွေပွါးလာပြီး 'တွေ့ရင်တွေ့တဲ့နေရာမှာသတ်' ဆိုတဲ့ စိတ်တွေဖြစ်လာခဲ့ကြတယ်။ သမန်းတွေဘက်က ငါတို့မျိုးနွယ် တွေကို အမြဲနှိမ်ပြီး သတ်ဖြတ်သလို ငါတို့ဘက်ကလည်း သမန်းမျိုးနွယ်ဝင်တွေကို တွေ့တာနဲ့ ပွဲသိမ်းဆိုပြီး သတ်ပစ်လာခဲ့တာ ရာစုနှစ်တွေချီနေပြီ ။ အဲ့လိုနဲ့ အခုအချိန်ထိ ငါတို့ကြားက ရန်ငြိုးကမပြီးသေးဘဲ ရှည်ကြာနေတာ။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်လက မွေးဖွားတဲ့ သမန်းမျိုးသန့်တစ်ယောက်က ငါတို့သခင်လေးရဲ့ ပြိုင်ဘက်ဆိုလည်းမမှားဘူး။ မင်း.. မင်းကို သူတို့သတ်လိမ့်မယ်။ မျိးနွယ်ဝင်တစ်ယောက်ကို အနိုင်ယူဖို့က အမှတ်ပေးထားခံရတဲ့လူကို သတ်ရုံပဲ။ အဲ့တာဆို အမှတ်ပေးတဲ့လူကိုပါ အနိုင်ယူပြီးသားဖြစ်သွားတယ်။ "
ရှောင်ကျန့် - "......"
ရှောင်ကျန့် ဘာပြန်ပြောရမှန်းမသိတော့ပေ။ အခုချိန်မှာ သူလုပ်ချင်တာတစ်ခုပဲ ရှိတယ်။ "ငါအိမ်ပြန်ချင်တယ်"
ရိယွင်, ကျန်းမု "ဟမ်"
"မင်းတို့ပြောတာ အမှန်ဟုတ်မဟုတ် ငါ့အမေကို သွားပြန်မေးချင်တယ်"
ပြောပြီးတာနဲ့ ထွက်ပြေးဖို့လုပ်တဲ့ ရှောင်ကျန့်ကြောင့် ရိယွင်တို့ခမျာ အလန့်တကြားလိုက်ဖမ်းရပြန်သည်။ အဲ့နောက်တော့ ရှောင်ကျန့်တစ်ယောက် ဂုတ်ကနေ ဆွဲပြီး ခေါ်သွားတာကို ခံလိုက်တော့တယ်။
...............
"ဝမ်ရိပေါ် မင်းကို မေမေ ဘာပြောထားလဲ"
ရှောင်ကျန့်တို့ရောက်တော့ အခန်းကျယ်ကြီးတစ်ခုထဲမှာ ခုနသခင်လေးဆိုသူက ဒူးထောက်နေပြီး သူ့ရှေ့မှာတော့ အမျိုးသမီးကြီးတစ်ဦးက ထိုင်နေသည်။ ကျန်းမုက ရောက်ရောက်ခြင်း ရှောင်ကျန့်ကို သူ့နောက်မှာကွယ်ထားလိုက်ပြီး သခင်လေး ဒူးထောက်နေတဲ့ ပုံရိပ်ကို ကာထားလိုက်တယ်။ ဒါပေမယ့်လည်း အသံကတော့ ကြားနေရဆဲရယ်။
"အဟင့်.. သားက သားက ဟင့်"
"ငိုမနေနဲ့၊ မင်းလို သခင်လေးက မျက်ရည်လွယ်တယ်တဲ့၊ မင်းမရှက်ဘူးလား၊ အခုချက်ချင်းအငိုတိတ်ပြီး မင်းဘာအမှားလုပ်ခဲ့လဲဆိုတာသာ ပြောစမ်း ရိပေါ်၊"
ဟောခန်းတစ်ခုလုံးက တိတ်ဆိတ်နေပြီး ထိုအမျိုးသမီးရဲ့ ဒေါသသံနဲ့ သခင်လေးရဲ့ တအင့်အင့် ရှိုက်သံတို့ကသာ ကျယ်လောင်လို့နေသည်။ ရှောင်ကျန့်တစ်ယောက် လူသားပီပီ စပ်စုချင်လာတာမို့ ကျန်းမုကို တွန်းဖယ်လိုက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ကြည့်လိုက်တယ်။ ထိုအခါမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဒေါသထွက်နေတဲ့ အမျိုးသမီးရဲ့ အကြည့်တွေကို မြင်လိုက်ရတာမို့ လန့်ဖြန့်သွားကာ နောက်ကို ပစ်လဲကျသွားတော့သည်။
"အာ့..."
ရိပေါ်ရဲ့ ရှိုက်သံလေးတိတ်သွားတယ်။ ဒေါသသံတွေလည်း တိတ်သွားသလို အားလုံးရဲ့ အာရုံဟာ ရှောင်ကျန့်ဆီကို ဦးတည်လာခဲ့သည်။
ရှောင်ကျန့်လည်း စပ်ဖြဲနှပ်ဖြဲနဲ့ ကောက်ထပြီးဖုန်ခါလိုက်ကာ ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ အမျိုးသမီးကြီးကို အရိုအသေပေးလိုက်တယ်။ ထိုအခါ ရှောင်ကျန့်က အာရုံစိုက်ခံလိုက်ရပြီမို့ ကျန်းမု၊ ရိယွင် နဲ့ ဟောက်ကျားတို့ သုံးယောက်လည်း ရှေ့ထွက်လာကာ ဒူးထောက်အရိုအသေ ပေးလိုက်ကြပြီး အဖြစ်အပျက်တွေကိုပြောပြကြတယ်။
"ဝမ်!ရိ!ပေါ်!"
"အိ့"
တုန်ယင်သွားတဲ့ ပုခုံးလေးတွေရယ်၊ မိုးသီးလောက်ရှိတဲ့ မျက်ရည်လုံးတွေရယ်နဲ့ ရိပေါ်က မားမားကို မော့ကြည့်လာတယ်။ အမေဖြစ်သူကတော့ သားဖြစ်သူရဲ့လုပ်ရပ်ကိုကြားပြီး သွေးတက်တော့မယ့်အတိုင်း။
"မင်း ဘာတွေလုပ်ခဲ့ပြန်ပြီလဲ ရိပေါ်ရယ်"
"သား... ဟင့် သားဗိုက်ဆာနေလို့ပါဆို မားကလည်း ဗြဲ!!!"
ပြောပြီးတာနဲ့ ငိုချလိုက်တဲ့ အသက်၁၈ အရွယ် (ခန္ဓာကိုယ်အရွယ်အစားပါနော် အသက်ကတော့ ကလေးလေးပဲရှိပါသေးတယါ ) ရိပေါ်ကို ရှောင်ကျန့် ကြောင်အစွာပဲ ငေးနေမိတယ်။ သူ့စိတ်ထဲမှာလည်း တွေးနေမိတာရှိတယ်။ ဒီကောင်လေးက သိပ်ပြီး ကျပ်မပြည့်ရှာဘူးပဲ ဆိုပြီးလေ :3 ။
"မင်း ဗိုက်ဆာတိုင်း တွေ့ရာလူကို အန္တရာယ်ပြုလို့ရမလား ဝမ်ရိပေါ်၊ မင်းကို ငါသင်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ဘယ်ရောက်သွားလဲ!!! "
"စာအုပ်ထဲမှာ ရှိမှာပေါ့ ၊ သားက ဘယ်လိုလုပ် သိမှာလဲ ဟင့် ဟင့်"
"ငါ ငါ ... အမလေး ငါတော့ မရှိတဲ့ သွေးတွေ တက်သေတော့မှာပဲ"
ရိပေါ်က တကယ့်ကို အလေးအနက်ထားပြီး ဖြေလိုက်တာပါ။ ဒါပေမယ့် အဲ့လိုလေးနက်လွန်းလို့လည်း ရှောင်ကျန့်မှာ ရယ်ချင်တာကို ထိန်းမရဘူး။
ရှောင်ကျန့် - LOL ဒီလို ဉာဏ်ရည်မမှီတဲ့ သခင်လေးကသာ ဒီမျိုးနွယ်ကို အုပ်ချုပ်ရင်တော့ ရင်လေးစရာတွေ ဖြစ်ကုန်တော့မှာပဲ။
ရိပေါ်က အငိုမရပ်ပါ။ ဝမ်မားမားကလည်း သားဖြစ်သူရဲ့ ဖြေပုံဖြေနည်းတွေကြောင့် ဒေါသထွက်လွန်ပြီးလိပ်ပြာလွင့်တော့မယ်။ ကျန်းမု တို့ သုံးယောက်ကတော့ မရယ်ရဲကြဘူး။ အရယ်သန်တဲ့ ရိယွင်တောင် အကြီးအကဲရှေ့မှာ မျက်နှာတချက် မပြောင်းရဲဘူး။
ဒါကိုကြည့်လိုက်ရင်ပဲ ထိုအမျိုးသမီးက ဘယ်လောက်ထိ ကြောက်ဖို့ကောင်းတယ်ဆိုတာ သိနိုင်သည်။
ရှောင်ကျန့် " အဟမ့် အကြီးအကဲခင်မျာ၊ စိတ်မရှိရင် ကျွန်တော့်ကို စကားနည်းနည်းလောက် ဝင်ပြောခွင့်ပြုပါ"
ရှောင်ကျန့် မနေမထိုင်နိုင်ဖြစ်ပြီး ပြောလိုက်သည်။ ဒီသားအမိတွေရဲ့ ပြဇာတ်ကြီးက သူမပါရင် ပြီးမှာမဟုတ်ဘူး။ ဟို စောက်ကလေးကလည်း ဘယ်အချိန်မှ အငိုရပ်မှာလဲ မသိ။
အကြီးအကဲကြီးက ချက်ချင်းပြန်မဖြေသေးဘဲ ရှောင်ကျန့်ကို စိုက်ကြည့်လာတယ်။ သူမရဲ့ အကြည့်တွေက ရှောင်ကျန့်ရဲ့ စိတ်ဝိဉာဉ်ထဲထိ ထိုးဖောက်သွားသလိုတောင် ရှိတယ်။ စူးရှလိုက်တာ။
"....ပြော...."
Zawgyi
"ပြောကြကွာ၊"
"အင်း"
ရှောင်ကျန့် - "......"
ရိယွင်, ကျန်းမု "ဟမ်"
...............
"အဟင့်.. သားက သားက ဟင့်"
"အာ့..."
"ဝမ်!ရိ!ပေါ်!"
"အိ့"
"....ပြော...."