The Annoying Vampire and Me

بواسطة Ekariiii

20.4K 1.4K 28

yizhan_ Yibo as a Vampire... Xiao Zhan as a Prey <3 ငိုရတာတွေမပါပါဘူး ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်း အတိုလေ... المزيد

The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
The annoying vampire and me <3
.....

The annoying vampire and me <3

3.8K 140 3
بواسطة Ekariiii

unicode

"အာ့...မင်းဘက်က ဒီ့ထက်ပိုပြီး နူးညံ့ပေးလို့မရဘူးလား ရိပေါ်"

ဖြူဖွေးဖွေးလက်ဖျံပေါ်ကို ထိုးစိုက်ထားတဲ့အစွယ်နှစ်ချောင်း။ စီးကျလာတဲ့သွေးတွေကိုလည်း အလွတ်မပေးသလို စီးဆင်းနေတဲ့သွေးတွေကိုလည်း အငမ်းမရသောက်သုံးနေတဲ့ ရိပေါ်ကို ရှောင်ကျန့် မျက်မှောင်ကျုံ့ပြီးပြောလိုက်သည်။ ရိပေါ်က သူ့ကို မျက်လုံးလှန်ကြည့်လာပြီး ခေါင်းခါပြတယ်။

"စိတ်ပျက်စရာ ဗန်ပိုင်းယားကောင်"

ရိပေါ်က ရှောင်ကျန့်ပြောရင် ဘာဆိုဘာမှနားမထောင်တတ်ဘူး။ သူ့စိတ်ထဲရှိတာပဲ လုပ်ချသွားပြီး နောက်တော့မှ ပြန်မျက်နှာချိုသွေးတတ်တဲ့ လူဂျစ်။

ရှောင်ကျန့်သက်ပြင်းချလိုက်ပြီး နာကျင်နေတဲ့ လက်နေရာကိုအာရုံမစိုက်မိအောင်လို့ ရိပေါ်ဆံပင်တွေဆို တမွှေးချင်းထိုင်နုတ်နေလိုက်သည်။ ဆံပင်တစ်မွေး အနုတ်ခံရတိုင်း ရိပေါ်က ရှောင်ကျန့်ကို သူ့ရဲ့နီရဲနေတဲ့မျက်လုံးတွေနဲ့ ရန်လိုနေတဲ့သားကောင်တစ်ကောင်လို့ မျက်ခွံလှန်ကြည့်တတ်သည်။

ဒါပေမယ့် ဘာမှတော့ပြန်မလုပ်ဘူး။ ရိပေါ်လို ဗန်ပိုင်းယားတွေက ဒဏ်ရာရရင်တောင်ပြန်ကုစားနိုင်တဲ့ အစွမ်းရှိထားတာမို့ ဆံပင်မွေးနုတ်ခံရတာလောက်က သူစိတ်ပူသင့်တဲ့ ကိစ္စထဲပါမနေဘူးလေ။

ကြမ်းပြင်ပေါ်မှာ အစုလိုက်အပြုံလိုက် ဖြစ်နေတဲ့ ဆံပင်မွေးတွေကို ငုံ့ကြည့်ပြီး ရှောင်ကျန့် ချောင်းဟန့်လိုက်တယ်။ ထိုအခါမှ ရိပေါ်က သူ့လက်ကိုပြန်လွှတ်ပေးပြီး ပြောင်နေပြီဖြစ်တဲ့ ငယ်ထိပ်အမွေးတွေနေရာကို လက်နဲ့စမ်းလိုက်သည်။ ပြောင်နေတာမှ ဆံသဆရာတွေတောင် လက်ဖျားခါသွားရမယ့် အတိုင်းပဲ။

"မင်းက ဘာအလုပ်မှမလုပ်ဘဲ ဆံပင်မွေးနုတ်တဲ့ အလုပ်ပဲ လုပ်ရင်တောင် ချမ်းသာနိုင်မယ့်အလားအလာကောင်းကို ပိုင်ထားတာပဲ"

နှုတ်ခမ်းထောင့်မှာ ကပ်တင်နေတဲ့ သွေးတွေကိုလျှာနဲ့ သပ်ရင်း ရိပေါ်ပြောလိုက်သည်။ ရှောင်ကျန့်တစ်ယောက် ရိပေါ်ပြောတာကိုကြားတဲ့အခါ ပုခုံးတွန့်ပြလိုက်ပြီး လုပ်ပြုံးကြီးနဲ့ ပြန်ပြောလာတယ်။

"မင်းကျေးဇူးကြောင့်နဲ့ အဲ့အရည်အချင်းကို ရလာတာမို့ မင်းအမွေးကိုပဲ ငါမသေမချင်းနုတ်ပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်ကွာ"

"ရှောင်ကျန့်... ရှောင်ကျန့် ..."

"ရိပေါ်.. အစုတ်ပလုတ်ကောင်"

ဒါက သူတို့ရဲ့ နေ့စဉ်ဘဝပါပဲ။ သူတို့နှစ်ယောက်က တစ်အိမ်တည်းအတူနေကြတာ။ ဒါပေမယ့် ချစ်သူလည်းမဟုတ်ဘူး သူငယ်ချင်းလည်းမဟုတ်ဘူး။ ဗန်ပိုင်းယားကောင်နဲ့ သူ့ရဲ့အစာလည်းမဟုတ်၊ သူတို့ကအဓိပ္ပါယ်ဖော်မရတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားတဲ့ သက်ရှိနှစ်ဦးပေါ့။

ဒါတွေအားလုံးက လွန်ခဲ့တဲ့ ခြောက်လလောက်က အစပျိုးခဲ့တာ။ သာမန်ဘဝကနေ မွေးဖွားလာတဲ့ အထက်တန်းကျောင်းသားလေး ရှောင်ကျန့်က ညဈေးပွဲတစ်ခုမှာ ရိပေါ်ရဲ့ အစာ ဖြစ်သွားခဲ့ရတဲ့ ကိစ္စရပ်လေးတစ်ခု။

လွန်ခဲ့တဲ့ ခြောက်လ။

.

.

.

"သားတောင် ဒီအရယ်ရောက်နေပြီပဲ"

ရှောင်ကျန့်စာလုပ်နေချိန် အခန်းထဲကို ရှောင်ပါးက ဝင်လာပြီး အေးစက်စက် မျက်နှာထားတဲ့ ပြောသည်။ ရှောင်ကျန့် အဖေ့ကို လှည့်ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ထိုအချိန်မှာပဲ မီးဖိုချောင်ကနေ ထွက်လာပုံရတဲ့ရှောင်မားမားက သူတို့ရှေ့ကို ရောက်ချပြီး ယောက်ျားဖြစ်သူရဲ့ကျောကို တချက်ဗျင်းလိုက်ကာ ဒေါသထွက်စွာပြောလာသည်။

"တော်... ကလေး စာလုပ်နေတာကို ဘာသွားနှောင့်ယှက်ဦးမလို့လဲ၊ သွား သွား ကိုယ့်ဟာကိုယ် ဧည့်ခန်းထဲမှာ TV သွားကြည့်ချည်"

" ငါ့သား ငါ စကားပြောချင်ရုံပါကွာ မိန်းမကလည်း"

"သွားစမ်းပါရှင်.. ရှင်က ကလေးစာလုပ်နေတဲ့အချိန်မှ ရွေးပြီး စကားပြောချင်တဲ့ မကောင်းတဲ့အဖေကြီး ... အားကျန့် စာဆက်လုပ်ချည် မင်းအဖေကို အမေ ခေါ်သွားလိုက်မယ်"

ရှောင်မားမားက ပြောပြီးတာနဲ့ ရှောင်ကျန့်အခန်းတံခါးကို ဗြန်းခနဲမြည်အောင် စောင့်ပိတ်လိုက်ကာ ယောက်ျားဖြစ်သူကို အတင်းဆွဲခေါ်ထုတ်သွားတော့သည်။ ရှောင်ကျန့် စာကိုအာရုံပြန်မစိုက်ခင် မိဘတွေရဲ့ ပုံစံကိုပြန်တွေးပြီး ရယ်လိုက်သေးတယ်။

ရှောင်ကျန့်ရဲ့ အမေနဲ့အဖေက ထူးထူးဆန်းဆန်း လူတွေ။ ရှောင်ကျန့်အဖေက ဆေးရုံတစ်ခုမှာ ဗန်ပိုင်းယားတွေကို စမ်းသပ်တဲ့ အရာရှိတစ်ယောက်ဖြစ်ပေမယ့် ရှောင်ကျန့်မားမားကတော့ လူသွေးသောက်ရင်းရှင်သန်နေတဲ့ ဗန်ပိုင်းယားဖြစ်သည်။ ဗန်ပိုင်းယားတွေကို ဆေးထိုးစမ်းသပ်ပြီး အချက်အလက်ယူတဲ့ လူနဲ့ လူသွေးသောက်ပြီးမှ ရှင်သန်နိုင်တဲ့ ဗန်ပိုင်းယား တို့ဘယ်လို တွေ့ဆုံခဲ့သလိုဆိုတာကတော့ ထူးခြားလွန်းတဲ့အဖြစ်အပျက်တစ်ခုပါပဲ။

ရှောင်ကျန့်က ဗန်ပိုင်းယားအမေကနေ မွေးလာပေမယ့် အဖေနဲ့တူတဲ့ လူသားဖြစ်သည်။ ဒါပေမယ့် သူ့မှာထူးခြားတဲ့ အခြေအနေလေးတစ်ခုပါလာတယ်။ အဲ့တာက သူ့သွေးပဲ။ 

ရှောင်ကျန့်မွေးပြီး တစ်ပတ်လောက်ကြာတော့ ရှောင်ပါးက မိန်းမရဲ့ခွင့်ပြုချက်နဲ့ သားဖြစ်သူကို စမ်းသပ်ကြည့်တယ်။ ရှောင်ကျန့်ကို သွေးတိုက်ကြည့်ခဲ့သည်။ ရက်သားအရွယ် ကလေးလေးက သွေးတွေကို စားစရာတစ်ခုကိုမြိုချသလို မြိုချနေတာကိုမြင်တော့ ရှောင်ပါးပါးက သူ့ကို ဗန်ပိုင်းယားလေးလို့ ထင်ခဲ့ပေမယ့် သာမန်နို့ရည်ကို တိုက်ကျွေးတော့လည်း ရှောင်ကျန့်က သောက်ပြန်တာကြောင့် လူလို့လည်းထင်ခဲ့မိတယ်။

ဒါပေမယ့် အဖြေအတိအကျရနိုင်ဖို့အတွက်ကျ ကလေးက အရမ်းငယ်သေးတာကြောင့် လင်မယားနှစ်ယောက်လုံးခမျာ စောင့်ကြည့်ကြဖို့ကိုပဲ ရွေးချယ်လိုက်ရသည်။ ရှောင်ပါးပါးက သားဖြစ်သူရဲ့နေ့စဉ်ဘဝကို စစ်တမ်းကောက်ထားတယ်။ ရှောင်မားမားကလည်း မီးဖွားပြီးနောက်တစ်ရက်ရောက်တာနဲ့ ကလေးကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာကို သူတို့မျိုးနွယ်ရဲ့အကြီးအကဲဆီ သွားမေးလေတယ်။ သို့သော်လည်း လူသားနဲ့မွေးတဲ့ကလေးမို့ ဗန်ပိုင်းယားမျိုးနွယ်ကလေးတွေနဲ့ ပျိုးထောင်ပုံခြင်းမတူပေ။ ထို့ကြောင့် အကြီးအကဲတွေခမျာ ရှောင်မားကို တော်တော်အာရုံစားတဲ့ မိန်းကလေးပဲဆိုပြီး ဆူထုတ်ကြသည်။

အင်တာနက်မရှိတဲ့ ခေတ်မို့ ရှောင်မားတစ်ယောက် ပတ်ဝန်းကျင်က ကလေးအမေတွေဆီကနေ အကူအညီယူခဲ့ရတယ် ။ ညဘက်တွေမှာ ကလေးအမေတွေရဲ့ အိမ်ခေါင်မိုးပေါ်ကို တိတ်တိတ်ကလေးသွားပြီး စောင့်ကြည့်တာမျိုးတွေ သူမ လုပ်ခဲ့တယ်။ အဲ့ကနေပဲ လူသားကလေးတွေက ညအိပ်ချိန်ဆို အရမ်းဆိုးကြတာကို သူမ ရှာတွေ့ခဲ့တယ်။ ကလေးတွေက အငိုသန်တယ်ဆိုတဲ့အချက်ကလေးကိုလည်း သူမ မှတ်တမ်းယူထားလိုက်တယ်။ ဒါပေမယ့် သူမ ပြုစုထားတဲ့ အချက်အလက်တွေက ရှောင်ကျန့်လေးနဲ့ နည်းနည်းလေးမှ တူမပေ။

ရှောင်ပါးက သားဖြစ်သူကို လူသားအဖြစ်ပဲ ရှင်သန်စေချင်သည်။ ဗန်ပိုင်းယားတွေကိုမုန်းတာမျိုးမဟုတ်ပေမယ့် ဗန်ပိုင်းယားတွေရဲ့ နေထိုင်မှုက ခက်ခဲလွန်းတာကြောင့် သားဖြစ်သူကို လူသားတွေလို အေးအေးချမ်းချမ်းပဲ ကြီးလာစေချင်ခဲ့သည်။ ဒါပေမယ့်လည်း ရှောင်ကျန့်ရဲ့ ကြီးထွားမှုက တဖြေးဖြေးချင်း ဗန်ပိုင်းယားတွေရဲ့ လက္ခဏာတူတူလာသည်။

ရှောင်ကျန့်က သာမန်မွေးစ ကလေးတွေထက် ပိုအိပ်တယ်။

အလင်းထက် အမှောင်ကို ပိုသဘောကျတာမို့ သူ့အခန်းကို အမြဲတမ်း မီးပိတ်ထားပေးမှ အိပ်သည်။

သာမန်နို့မှု့န်ကိုလည်း စားသလို သွေးကိုလည်း သဘောကျတယ်။

နိုးနေတဲ့အခါမျိုးဆိုလည်းမလှုပ်မရှပ်နဲ့ မိဘတွေလုပ်သမျှကို မင်သေသေလေး လိုက်ကြည့်သည်။

ဗန်ပိုင်းယားတွေနဲ့ အတူဆုံးကတော့ နေရောင်ကို မြင်တာနဲ့ မျက်မှောင်ကလေးကျုံ့ကျုံ့သွားတတ်တာပဲ။

အဲ့အချက်တွေကြောင့် ရှောင်ပါးပါးက ရှောင်ကျန့်ကလူသားတစ်ယောက်အဖြစ် ကြီးထွားလာမှာဆိုတဲ့ မျှော်လင့်ချက်ကို သူကိုယ်တိုင်ပဲ လက်လျော့လိုက်ရတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ ရှောင်ကျန့်က အသက်ကြီးလာလေ လူသားဆန်လာလေ ဖြစ်လာခဲ့သည်။

နေရောင်ထဲလည်း ထွက်တယ်။ အခန်းမှောင်နေရင်လည်းမကြိုက်။ သွေးကို တောင့်တတာမျိုးမရှိတော့ပဲ အဖေဖြစ်သူနဲ့အတူ ထမင်းစားလိုက် ဆော့လိုက် စကားများလိုက်နဲ့ အများကြီးပြောင်းလဲသွားသည်။

သွေးဗီဇက လူသားမျိုးနွယ်ဘက် လိုက်သွားတာမို့ ရှောင်ကျန့်ကလူသားအဖြစ် ရှင်သန်လာခဲ့တယ်။

လူသားကလေး ရှောင်ကျန့် တစ်ယောက် ဗန်ပိုင်းယားအမေဆီကနေလည်း မကြာခဏ ဆူတာခံခဲ့ရပါသေးတယ်။ ဒါကတော့ သူ့ရဲ့ ကမြင်းကြောထမှုတွေပေါ့။

အမေက ဗန်ပိုင်းယားဆိုတာ သိသိခြင်းမှာပဲ လက်တောက်လောက်လေး ရှောင်ကျန့်က အမေဖြစ်သူကို သွေးတွေနဲ့ သွားသွားစတယ်။ သောက်ကျင့်ကလေး မကောင်းချက်ပါပဲ။ အမေဖြစ်သူနှယ် ဆန္ဒကိုထိန်းချုပ်ရင်း သားဖြစ်သူကို ကန်ထုတ်ခဲ့ရတဲ့အခိုက်အတန့်တွေလည်းအများအပြားပဲ။

ရှောင်မားမားက သွေးသန့်ဗန်ပိုင်းယားမို့ သွေးနံ့ရတဲ့ ထိန်းချုပ်ဖို့ ခက်ခဲသည်။ ဒါကို ရှောင်ပါးက အတန်တန် သတိပေးထားပေမယ့်လည်း ရှေ့သွားလေးနှစ်ချောင်းပေါ်အောင် ရယ်တတ်တဲ့ သောက်ကလေးစုတ်က နားမထောင်ဘူး။ ကလေးမို့ထင်ပါရဲ့ "အစားခံရမယ်" ဆိုတဲ့ အသိကို သူ့မှာပုံဖော်လို့မရခဲ့ဘူး။

ငယ်ငယ်ကအဖြစ်အပျက်တွေကိုပြန်တွေးမိတော့ ရှောင်ကျန့်မျက်နှာလေး သေးငယ်သွားသည်။ သူငယ်ငယ်က အရမ်းဆိုးခဲ့တာ။ အမေဖြစ်သူထံကနေ ခဏခဏအစားခံရမလိုလည်းဖြစ်ခဲ့ဖူးတယ်။ အဖေဖြစ်သူဆီကနေလည်း ခဏခဏ အခန်းပိတ်ပြီးအပြစ်ပေးတာကိုလည်း ခံခဲ့ဖူးပြန်တယ်။ ပြန်တွေးကြည့်လေ ဆိုးကြောင်းပေါ်လေဖြစ်လာတာမို့ ရှောင်ကျန့်တွေးနေတာကိုရပ်လိုက်ပြီး စာကိုပဲ အာရုံပြန်စိုက်လိုက်တယ်။

......

ရှောင်ကျန့်စာလုပ်ပြီးတဲ့ သန်းခေါင်ကျော်အချိန်မှာ အဖေဖြစ်သူက သူ့အခန်းထဲ ပြန်ရောက်လာခဲ့သည်။

"အားကျန့်..."

"ဟုတ်"

ရှောင်ကျန့်က မိဘတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုးရှိပေမယ့်လည်း စကားတော့နည်းလာတယ်။ ငယ်ငယ်ကလောက် မိဘတွေနဲ့ စကားမပြောဖြစ်တော့ဘူးရယ်။

အဖေ့အသံကို ပြန်ထူးပြီးနောက် အဖေဖြစ်သူနားကို သွားထိုင်လိုက်သည်။

"တက္ကသိုလ်ရောက်ရင် အခန်းဖော်တွေနဲ့တည့်အောင်နေနော် ၊ နောက်ပြီး ဗန်ပိုင်းယားတွေကိုလည်း သတိထားရမယ်၊ ဟုတ်ပြီလား"

ရှောင်ကျန့် အဖေက ဗန်ပိုင်းယားတွေနဲ့ပတ်သတ်ပြီးထူးခြားတဲ့ ခံစားချက်တစ်မျိုးကို အမြဲတမ်းခံစားနေရတယ်လို့ သူခံစားရတယ်။ ရှောင်ပါးက ဆက်ပြောတယ်။

"ငါ့သားပုံစံနဲ့ဆို ပြေးတောင် မပြေးရသေးခင်မှာပဲ သေသွားမယ်ဆိုတာ အဖေသိနေလို့ ပြောနေရတာ"

(အော် အဖေရယ်။ သားအပေါ် ယုံကြည်ချက်တွေပြည့်ဝနေလိုက်တာဗျာ)

ရှောင်ကျန့် မချိပြုံးပဲ ပြုံးပြနိုင်တော့တယ်။

"သား သိပါတယ်။"

ရှောင်ပါးက ထပ်ပြောတယ်။

"သားရဲ့ သွေးတည်ဆောက်ပုံက ထူးခြားတာမို့ ဒုက္ခမဖြစ်စေချင်ဘူး၊ အဖေပြောတာကို နားလည်တယ်မလား။"

"ဟုတ်"

"ကဲ အဲ့တာဆိုလည်း မနက်အတွက် အားရှိနေအောင် အခုထဲက အိပ်တော့"

"အဖေရောပဲ၊ အမေ့ဆီကနေ ထပ်ပြီးအစော်ခံနိုင်အောင်လို့ အိပ်ပြီးအားမွေးတော့နော်"

"ဒီကလေးကတော့.... ဒါပေမယ့် ချစ်တဲ့စိတ်ကလေးနဲ့ကြည့်တော့လည်း မင်းအမေရဲ့ လက်သံက  မနာပါဘူးကွာ ဟဟဟ၊ မင်းလို ကလေးက ဒီလိုခံစားချက်မျိုးကို သိမယ့်ပုံလည်း မပေါ်ပါဘူး"

"....?....."

ခေါင်းးတခါခါနဲ့ သဘောတကျရယ်ရင်း ထွက်သွားတဲ့ အဖေ့နောက်ကျောကို ကြည့်ပြီး ရှောင်ကျန့်တစ်ယောက် မျက်နှာမဲ့ပြီး ကျန်ခဲ့ရသည်။

.....

ရှောင်ကျန့် : အဟမ်း ကိုယ့်အကြောင်းကို ပြောပြချင်ဇောနဲ့ လေနည်းနည်းရှည်သွားတယ် ဟီး"

အဆောင်နေကျောင်းသားဘဝရောက်တော့ ရှောင်ကျန့်မှာ အခန်းဖော်သူငယ်ချင်း သုံးယောက်ရလာခဲ့သည်။ အားလုံးက သူ့လိုပဲ သောက်ကျင့်မကောင်းကြဘူး။ သူနဲ့မတူတာတစ်ခုကတော့ ဟိုသုံးယောက်က ကျပ်ပါမပြည့်တာပဲ။

အဲ့ဒီ့နေ့က ရိယွင် နဲ့ ဟောက်ကျား တို့က ရှောင်ကျန့်ကို ညဈေးပွဲတစ်ခုအကြောင်း လာပြောပြတယ်။ ဒီမြို့ရဲ့ အကြီးအကျယ်ဆုံး ပွဲတွေထဲကတစ်ခုဖြစ်တဲ့ ညဈေးပွဲကို သွားကြည့်သင့်တယ်ဆိုပြီး လာမြှောက်ပေးတဲ့ ကျက်သတုံး။

စာဂျပိုးရှောင်ကျန့်ကတော့ စိတ်မပါတာမို့ မသွားဘူးလို့ ငြင်းလိုက်ပေမယ့် အခန်းဖော်တွေအကုန်လုံးက သွားဖို့စိတ်အားသန်နေတာမို့ နောက်ဆုံးတော့ သူပါ အဲ့ဈေးထဲ ရောက်သွားခဲ့သည်။

ရိယွင် နဲ့ ဟောက်ကျားက တွေ့တွေ့သမျှအကုန်ဝယ်ပြီး တဝိုးဝိုး တဝါးဝါးဖြစ်နေချိန်မှာ ရှောင်ကျန့်နဲ့ ကျန်းမု ကတော့ အေးဆေးသမားတွေပီပီ တည်ငြိမ်နေကြသည်။

"ရှောင်ကျန့် နဲ့ ဟိုကောင် ကျန်းမု၊ မင်းတို့နှစ်ကောင် ဘာဖြစ်နေကြတာလဲ"

ဟောက်ကျားက ငေးချင်တာတွေ ငေးပြီးလို့ သူမမြင်ဖူးတာမရှိတော့ဘူးဆိုမှ သူငယ်ချင်းနှစ်ယောက်ကို မေးဖို့ သတိရလာတယ်။ ဟိုကျက်သတုံး ရိယွင်ကတော့ ပွဲကဂိမ်းတွေလိုက်ဆော့လို့ မပြီးနိုင်သေးဘူး။

ရှောင်ကျန့် ဟောက်ကျားကို ခေါင်းခါပြလိုက်တယ်။ ဘာမှမဖြစ်ဘူး။ သူ့ရုပ်ကိုက ဒီအတိုင်းပဲ။ တလောကလုံး သူ့လုပ်စာ ထိုင်စားနေတဲ့ ဆယ့်နှစ်ခေါက်ချိုး ရုပ်မျိုး။

ကျန်းမုကတော့ ရှောင်ကျန့်ကို ဘေးတစောင်းငုံ့ကြည့်ပြီးမှ ဟောက်ကျားမေးတာကိုပြန်ဖြေလိုက်တယ်။

"အေးလို့၊ နောက်ပြီး မင်းနဲ့ရိယွင်ကိုလည်း ကျိန်ဆဲနေတာ"

တရုတ်ပြည်ကြီးရဲ့ ဆောင်းရာသီ လလယ်ထဲ ကျက်သရေတုံးတဲ့နှစ်ကောင်ကြောင့် သူ နှင်းတွေကြားထဲ ရပ်နေရတာကို စိတ်တိုနေပုံရတဲ့ ကျန်းမုက တည့်တိုးသမား။ အကြောင်းသိတွေမို့ ကျန်တဲ့သုံးယောက်က နာမနေတော့ဘူး။ ဘာပဲပြောပြော သူတို့လေးယောက်က အချင်းအချင်းအမြင်မှာ ကျက်သရေတုံးတဲ့ သူတွေကြီးပဲ။

ကျန်းမုထက် ခေါင်းတစ်လုံးပုတဲ့ ရှောင်ကျန့်ကတော့ ဒီလောက်အေးတာကို စကားလုပ်မပြောဘူး။ ပြောဖို့လည်း စကားလုံးရှာမရဘူးရယ်။

မဖြစ်မနေထုတ်ပြောဆိုရင်တော့ သူဒီလိုပြောမှာပဲ " သေးပေါက်ဖို့ တွေးရုံနဲ့ ဟိုဟာခဲသွားနိုင်တဲ့ အအေးဓာတ်မျိုး ၊ ဒါပေမယ့် ဘယ်လိုစကားလုံးနဲ့ ထိထိမိမိ ဖော်ပြရမလဲ ငါသေချာမသိဘူး" ဆိုပြီး။

"မင်းတို့နှစ်ကောင် ကြည့်လို့ဝပြီဆိုရင်လည်း အခန်းပြန်ကြရအောင်"

ရှောင်ကျန့် ခပ်တည်တည်နဲ့ပြောလိုက်တယ်။ တုန်နေတဲ့ သွားတွေ သူ့အချင်းချင်း ထိပ်တိုက်မတွေ့အောင်လည်း ထိန်းထားရတယ်ဆိုပေမယ့် သူ့ရဲ့အေးစက်စက်မျက်နှာကြောကြီးကတော့ ပြောင်းလဲမသွားသေးဘူး။

သူပြောလိုက်တော့ ကျန်နှစ်ယောက်ကသဘောတူတယ်။ အဲ့နောက်တော့ ရိယွင်က သူတို့သုံးယောက်ရဲ့အဝေးမှာမို့ အဲ့ကျက်သရေတုံးကို သွားခေါ်ရပြန်သည်။

လေးယောက်သား အဆောင်ကိုပြန်လာတဲ့လမ်းကြားထဲကို ရောက်ကတော့ ရှောင်ကျန့်တစ်ယောက်က ဆူးချုံတစ်ခုနဲ့ ညှိပြီး လက်ဖျံလေး ပေါက်ထွက်သွားတယ်။ အပေါက်လေးသေးသေးလေးကနေ စီးထွက်လာတဲ့ သွေးပမာဏက ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းသည်။

ရှောင်ကျန့်တစ်ယောက် သွေးထွက်နေတဲ့နေရာကို ပါးစပ်နဲ့ အမြန်ငုံလိုက်ရတယ်။ သူပဲစိတ်ထင်တာလားမသိ။ သူ့အခန်းဖော်သုံးယောက်ရဲ့ မျက်နှာတွေက အဲ့ချိန်မှာ ကြောက်ဖို့ကောင်းလောက်အောင် တည်နေခဲ့သည်။

"ပြန်ရအောင်"

ကျန်းမုက ရိယွင်တို့ဘက်ကို မျက်နှာမူပြီး ပြောလိုက်တယ်။ ဒါပေမယ့် ဟောက်ကျားနဲ့ ရိယွင်က ရှောင်ကျန့်ကိုပဲ စိုက်ကြည့်နေကြပြီး ကျန်းမုပြောတာကို ကြားတဲ့ပုံမပေါ်ပေ။ ရှောင်ကျန့်က တစ်ခုခုကို သဘောပေါက်သွားတာကြောင့် လန့်ပြီး ငုံထားတဲ့သွေးတွေကို မြိုချမိသွားတယ်။

"မင်းတို့..မဟုတ်မှ မင်းတို့ သုံးယောက်က ဗန်ပိုင်းယားတွေလား"







Zawgyi



"အာ့...မင္းဘက္က ဒီ့ထက္ပိုၿပီး ႏူးညံ့ေပးလို႔မရဘူးလား ရိေပၚ"

ျဖဴေဖြးေဖြးလက္ဖ်ံေပၚကို ထိုးစိုက္ထားတဲ့အစြယ္ႏွစ္ေခ်ာင္း။ စီးက်လာတဲ့ေသြးေတြကိုလည္း အလြတ္မေပးသလို စီးဆင္းေနတဲ့ေသြးေတြကိုလည္း အငမ္းမရေသာက္သုံးေနတဲ့ ရိေပၚကို ေရွာင္က်န႔္ မ်က္ေမွာင္က်ဳံ႕ၿပီးေျပာလိုက္သည္။ ရိေပၚက သူ႔ကို မ်က္လုံးလွန္ၾကည့္လာၿပီး ေခါင္းခါျပတယ္။

"စိတ္ပ်က္စရာ ဗန္ပိုင္းယားေကာင္"

ရိေပၚက ေရွာင္က်န႔္ေျပာရင္ ဘာဆိုဘာမွနားမေထာင္တတ္ဘူး။ သူ႔စိတ္ထဲရွိတာပဲ လုပ္ခ်သြားၿပီး ေနာက္ေတာ့မွ ျပန္မ်က္ႏွာခ်ိဳေသြးတတ္တဲ့ လူဂ်စ္။

ေရွာင္က်န႔္သက္ျပင္းခ်လိုက္ၿပီး နာက်င္ေနတဲ့ လက္ေနရာကိုအာ႐ုံမစိုက္မိေအာင္လို႔ ရိေပၚဆံပင္ေတြဆို တေမႊးခ်င္းထိုင္ႏုတ္ေနလိုက္သည္။ ဆံပင္တစ္ေမြး အႏုတ္ခံရတိုင္း ရိေပၚက ေရွာင္က်န႔္ကို သူ႔ရဲ႕နီရဲေနတဲ့မ်က္လုံးေတြနဲ႔ ရန္လိုေနတဲ့သားေကာင္တစ္ေကာင္လို႔ မ်က္ခြံလွန္ၾကည့္တတ္သည္။

ဒါေပမယ့္ ဘာမွေတာ့ျပန္မလုပ္ဘူး။ ရိေပၚလို ဗန္ပိုင္းယားေတြက ဒဏ္ရာရရင္ေတာင္ျပန္ကုစားႏိုင္တဲ့ အစြမ္းရွိထားတာမို႔ ဆံပင္ေမြးႏုတ္ခံရတာေလာက္က သူစိတ္ပူသင့္တဲ့ ကိစၥထဲပါမေနဘူးေလ။

ၾကမ္းျပင္ေပၚမွာ အစုလိုက္အၿပဳံလိုက္ ျဖစ္ေနတဲ့ ဆံပင္ေမြးေတြကို ငုံ႔ၾကည့္ၿပီး ေရွာင္က်န႔္ ေခ်ာင္းဟန႔္လိုက္တယ္။ ထိုအခါမွ ရိေပၚက သူ႔လက္ကိုျပန္လႊတ္ေပးၿပီး ေျပာင္ေနၿပီျဖစ္တဲ့ ငယ္ထိပ္အေမြးေတြေနရာကို လက္နဲ႔စမ္းလိုက္သည္။ ေျပာင္ေနတာမွ ဆံသဆရာေတြေတာင္ လက္ဖ်ားခါသြားရမယ့္ အတိုင္းပဲ။

"မင္းက ဘာအလုပ္မွမလုပ္ဘဲ ဆံပင္ေမြးႏုတ္တဲ့ အလုပ္ပဲ လုပ္ရင္ေတာင္ ခ်မ္းသာႏိုင္မယ့္အလားအလာေကာင္းကို ပိုင္ထားတာပဲ"

ႏႈတ္ခမ္းေထာင့္မွာ ကပ္တင္ေနတဲ့ ေသြးေတြကိုလွ်ာနဲ႔ သပ္ရင္း ရိေပၚေျပာလိုက္သည္။ ေရွာင္က်န႔္တစ္ေယာက္ ရိေပၚေျပာတာကိုၾကားတဲ့အခါ ပုခုံးတြန႔္ျပလိုက္ၿပီး လုပ္ၿပဳံးႀကီးနဲ႔ ျပန္ေျပာလာတယ္။

"မင္းေက်းဇူးေၾကာင့္နဲ႔ အဲ့အရည္အခ်င္းကို ရလာတာမို႔ မင္းအေမြးကိုပဲ ငါမေသမခ်င္းႏုတ္ေပးသြားဖို႔ ဆုံးျဖတ္ထားပါတယ္ကြာ"

"ေရွာင္က်န႔္... ေရွာင္က်န႔္ ..."

"ရိေပၚ.. အစုတ္ပလုတ္ေကာင္"

ဒါက သူတို႔ရဲ႕ ေန႔စဥ္ဘဝပါပဲ။ သူတို႔ႏွစ္ေယာက္က တစ္အိမ္တည္းအတူေနၾကတာ။ ဒါေပမယ့္ ခ်စ္သူလည္းမဟုတ္ဘူး သူငယ္ခ်င္းလည္းမဟုတ္ဘူး။ ဗန္ပိုင္းယားေကာင္နဲ႔ သူ႔ရဲ႕အစာလည္းမဟုတ္၊ သူတို႔ကအဓိပၸါယ္ေဖာ္မရတဲ့ ဆက္ဆံေရးတစ္ခုကို တည္ေဆာက္ထားတဲ့ သက္ရွိႏွစ္ဦးေပါ့။

ဒါေတြအားလုံးက လြန္ခဲ့တဲ့ ေျခာက္လေလာက္က အစပ်ိဳးခဲ့တာ။ သာမန္ဘဝကေန ေမြးဖြားလာတဲ့ အထက္တန္းေက်ာင္းသားေလး ေရွာင္က်န႔္က ညေဈးပြဲတစ္ခုမွာ ရိေပၚရဲ႕ အစာ ျဖစ္သြားခဲ့ရတဲ့ ကိစၥရပ္ေလးတစ္ခု။

လြန္ခဲ့တဲ့ ေျခာက္လ။

.

.

.

"သားေတာင္ ဒီအရယ္ေရာက္ေနၿပီပဲ"

ေရွာင္က်န႔္စာလုပ္ေနခ်ိန္ အခန္းထဲကို ေရွာင္ပါးက ဝင္လာၿပီး ေအးစက္စက္ မ်က္ႏွာထားတဲ့ ေျပာသည္။ ေရွာင္က်န႔္ အေဖ့ကို လွည့္ၾကည့္လိုက္ၿပီး ေခါင္းၿငိမ့္ျပလိုက္တယ္။ ထိုအခ်ိန္မွာပဲ မီးဖိုေခ်ာင္ကေန ထြက္လာပုံရတဲ့ေရွာင္မားမားက သူတို႔ေရွ႕ကို ေရာက္ခ်ၿပီး ေယာက္်ားျဖစ္သူရဲ႕ေက်ာကို တခ်က္ဗ်င္းလိုက္ကာ ေဒါသထြက္စြာေျပာလာသည္။

"ေတာ္... ကေလး စာလုပ္ေနတာကို ဘာသြားေႏွာင့္ယွက္ဦးမလို႔လဲ၊ သြား သြား ကိုယ့္ဟာကိုယ္ ဧည့္ခန္းထဲမွာ TV သြားၾကည့္ခ်ည္"

" ငါ့သား ငါ စကားေျပာခ်င္႐ုံပါကြာ မိန္းမကလည္း"

"သြားစမ္းပါရွင္.. ရွင္က ကေလးစာလုပ္ေနတဲ့အခ်ိန္မွ ေ႐ြးၿပီး စကားေျပာခ်င္တဲ့ မေကာင္းတဲ့အေဖႀကီး ... အားက်န႔္ စာဆက္လုပ္ခ်ည္ မင္းအေဖကို အေမ ေခၚသြားလိုက္မယ္"

ေရွာင္မားမားက ေျပာၿပီးတာနဲ႔ ေရွာင္က်န႔္အခန္းတံခါးကို ျဗန္းခနဲျမည္ေအာင္ ေစာင့္ပိတ္လိုက္ကာ ေယာက္်ားျဖစ္သူကို အတင္းဆြဲေခၚထုတ္သြားေတာ့သည္။ ေရွာင္က်န႔္ စာကိုအာ႐ုံျပန္မစိုက္ခင္ မိဘေတြရဲ႕ ပုံစံကိုျပန္ေတြးၿပီး ရယ္လိုက္ေသးတယ္။

ေရွာင္က်န႔္ရဲ႕ အေမနဲ႔အေဖက ထူးထူးဆန္းဆန္း လူေတြ။ ေရွာင္က်န႔္အေဖက ေဆး႐ုံတစ္ခုမွာ ဗန္ပိုင္းယားေတြကို စမ္းသပ္တဲ့ အရာရွိတစ္ေယာက္ျဖစ္ေပမယ့္ ေရွာင္က်န႔္မားမားကေတာ့ လူေသြးေသာက္ရင္းရွင္သန္ေနတဲ့ ဗန္ပိုင္းယားျဖစ္သည္။ ဗန္ပိုင္းယားေတြကို ေဆးထိုးစမ္းသပ္ၿပီး အခ်က္အလက္ယူတဲ့ လူနဲ႔ လူေသြးေသာက္ၿပီးမွ ရွင္သန္ႏိုင္တဲ့ ဗန္ပိုင္းယား တို႔ဘယ္လို ေတြ႕ဆုံခဲ့သလိုဆိုတာကေတာ့ ထူးျခားလြန္းတဲ့အျဖစ္အပ်က္တစ္ခုပါပဲ။

ေရွာင္က်န႔္က ဗန္ပိုင္းယားအေမကေန ေမြးလာေပမယ့္ အေဖနဲ႔တူတဲ့ လူသားျဖစ္သည္။ ဒါေပမယ့္ သူ႔မွာထူးျခားတဲ့ အေျခအေနေလးတစ္ခုပါလာတယ္။ အဲ့တာက သူ႔ေသြးပဲ။

ေရွာင္က်န႔္ေမြးၿပီး တစ္ပတ္ေလာက္ၾကာေတာ့ ေရွာင္ပါးက မိန္းမရဲ႕ခြင့္ျပဳခ်က္နဲ႔ သားျဖစ္သူကို စမ္းသပ္ၾကည့္တယ္။ ေရွာင္က်န႔္ကို ေသြးတိုက္ၾကည့္ခဲ့သည္။ ရက္သားအ႐ြယ္ ကေလးေလးက ေသြးေတြကို စားစရာတစ္ခုကိုၿမိဳခ်သလို ၿမိဳခ်ေနတာကိုျမင္ေတာ့ ေရွာင္ပါးပါးက သူ႔ကို ဗန္ပိုင္းယားေလးလို႔ ထင္ခဲ့ေပမယ့္ သာမန္ႏို႔ရည္ကို တိုက္ေကြၽးေတာ့လည္း ေရွာင္က်န႔္က ေသာက္ျပန္တာေၾကာင့္ လူလို႔လည္းထင္ခဲ့မိတယ္။

ဒါေပမယ့္ အေျဖအတိအက်ရႏိုင္ဖို႔အတြက္က် ကေလးက အရမ္းငယ္ေသးတာေၾကာင့္ လင္မယားႏွစ္ေယာက္လုံးခမ်ာ ေစာင့္ၾကည့္ၾကဖို႔ကိုပဲ ေ႐ြးခ်ယ္လိုက္ရသည္။ ေရွာင္ပါးပါးက သားျဖစ္သူရဲ႕ေန႔စဥ္ဘဝကို စစ္တမ္းေကာက္ထားတယ္။ ေရွာင္မားမားကလည္း မီးဖြားၿပီးေနာက္တစ္ရက္ေရာက္တာနဲ႔ ကေလးကို ဘယ္လိုပ်ိဳးေထာင္ရမလဲဆိုတာကို သူတို႔မ်ိဳးႏြယ္ရဲ႕အႀကီးအကဲဆီ သြားေမးေလတယ္။ သို႔ေသာ္လည္း လူသားနဲ႔ေမြးတဲ့ကေလးမို႔ ဗန္ပိုင္းယားမ်ိဳးႏြယ္ကေလးေတြနဲ႔ ပ်ိဳးေထာင္ပုံျခင္းမတူေပ။ ထို႔ေၾကာင့္ အႀကီးအကဲေတြခမ်ာ ေရွာင္မားကို ေတာ္ေတာ္အာ႐ုံစားတဲ့ မိန္းကေလးပဲဆိုၿပီး ဆူထုတ္ၾကသည္။

အင္တာနက္မရွိတဲ့ ေခတ္မို႔ ေရွာင္မားတစ္ေယာက္ ပတ္ဝန္းက်င္က ကေလးအေမေတြဆီကေန အကူအညီယူခဲ့ရတယ္ ။ ညဘက္ေတြမွာ ကေလးအေမေတြရဲ႕ အိမ္ေခါင္မိုးေပၚကို တိတ္တိတ္ကေလးသြားၿပီး ေစာင့္ၾကည့္တာမ်ိဳးေတြ သူမ လုပ္ခဲ့တယ္။ အဲ့ကေနပဲ လူသားကေလးေတြက ညအိပ္ခ်ိန္ဆို အရမ္းဆိုးၾကတာကို သူမ ရွာေတြ႕ခဲ့တယ္။ ကေလးေတြက အငိုသန္တယ္ဆိုတဲ့အခ်က္ကေလးကိုလည္း သူမ မွတ္တမ္းယူထားလိုက္တယ္။ ဒါေပမယ့္ သူမ ျပဳစုထားတဲ့ အခ်က္အလက္ေတြက ေရွာင္က်န႔္ေလးနဲ႔ နည္းနည္းေလးမွ တူမေပ။

ေရွာင္ပါးက သားျဖစ္သူကို လူသားအျဖစ္ပဲ ရွင္သန္ေစခ်င္သည္။ ဗန္ပိုင္းယားေတြကိုမုန္းတာမ်ိဳးမဟုတ္ေပမယ့္ ဗန္ပိုင္းယားေတြရဲ႕ ေနထိုင္မႈက ခက္ခဲလြန္းတာေၾကာင့္ သားျဖစ္သူကို လူသားေတြလို ေအးေအးခ်မ္းခ်မ္းပဲ ႀကီးလာေစခ်င္ခဲ့သည္။ ဒါေပမယ့္လည္း ေရွာင္က်န႔္ရဲ႕ ႀကီးထြားမႈက တေျဖးေျဖးခ်င္း ဗန္ပိုင္းယားေတြရဲ႕ လကၡဏာတူတူလာသည္။

ေရွာင္က်န႔္က သာမန္ေမြးစ ကေလးေတြထက္ ပိုအိပ္တယ္။

အလင္းထက္ အေမွာင္ကို ပိုသေဘာက်တာမို႔ သူ႔အခန္းကို အၿမဲတမ္း မီးပိတ္ထားေပးမွ အိပ္သည္။

သာမန္ႏို႔မႈ႕န္ကိုလည္း စားသလို ေသြးကိုလည္း သေဘာက်တယ္။

ႏိုးေနတဲ့အခါမ်ိဳးဆိုလည္းမလႈပ္မရွပ္နဲ႔ မိဘေတြလုပ္သမွ်ကို မင္ေသေသေလး လိုက္ၾကည့္သည္။

ဗန္ပိုင္းယားေတြနဲ႔ အတူဆုံးကေတာ့ ေနေရာင္ကို ျမင္တာနဲ႔ မ်က္ေမွာင္ကေလးက်ဳံ႕က်ဳံ႕သြားတတ္တာပဲ။

အဲ့အခ်က္ေတြေၾကာင့္ ေရွာင္ပါးပါးက ေရွာင္က်န႔္ကလူသားတစ္ေယာက္အျဖစ္ ႀကီးထြားလာမွာဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို သူကိုယ္တိုင္ပဲ လက္ေလ်ာ့လိုက္ရတယ္။ ဒါေပမယ့္ ထူးဆန္းစြာပဲ ေရွာင္က်န႔္က အသက္ႀကီးလာေလ လူသားဆန္လာေလ ျဖစ္လာခဲ့သည္။

ေနေရာင္ထဲလည္း ထြက္တယ္။ အခန္းေမွာင္ေနရင္လည္းမႀကိဳက္။ ေသြးကို ေတာင့္တတာမ်ိဳးမရွိေတာ့ပဲ အေဖျဖစ္သူနဲ႔အတူ ထမင္းစားလိုက္ ေဆာ့လိုက္ စကားမ်ားလိုက္နဲ႔ အမ်ားႀကီးေျပာင္းလဲသြားသည္။

ေသြးဗီဇက လူသားမ်ိဳးႏြယ္ဘက္ လိုက္သြားတာမို႔ ေရွာင္က်န႔္ကလူသားအျဖစ္ ရွင္သန္လာခဲ့တယ္။

လူသားကေလး ေရွာင္က်န႔္ တစ္ေယာက္ ဗန္ပိုင္းယားအေမဆီကေနလည္း မၾကာခဏ ဆူတာခံခဲ့ရပါေသးတယ္။ ဒါကေတာ့ သူ႔ရဲ႕ ကျမင္းေၾကာထမႈေတြေပါ့။

အေမက ဗန္ပိုင္းယားဆိုတာ သိသိျခင္းမွာပဲ လက္ေတာက္ေလာက္ေလး ေရွာင္က်န႔္က အေမျဖစ္သူကို ေသြးေတြနဲ႔ သြားသြားစတယ္။ ေသာက္က်င့္ကေလး မေကာင္းခ်က္ပါပဲ။ အေမျဖစ္သူႏွယ္ ဆႏၵကိုထိန္းခ်ဳပ္ရင္း သားျဖစ္သူကို ကန္ထုတ္ခဲ့ရတဲ့အခိုက္အတန႔္ေတြလည္းအမ်ားအျပားပဲ။

ေရွာင္မားမားက ေသြးသန႔္ဗန္ပိုင္းယားမို႔ ေသြးနံ႔ရတဲ့ ထိန္းခ်ဳပ္ဖို႔ ခက္ခဲသည္။ ဒါကို ေရွာင္ပါးက အတန္တန္ သတိေပးထားေပမယ့္လည္း ေရွ႕သြားေလးႏွစ္ေခ်ာင္းေပၚေအာင္ ရယ္တတ္တဲ့ ေသာက္ကေလးစုတ္က နားမေထာင္ဘူး။ ကေလးမို႔ထင္ပါရဲ႕ "အစားခံရမယ္" ဆိုတဲ့ အသိကို သူ႔မွာပုံေဖာ္လို႔မရခဲ့ဘူး။

ငယ္ငယ္ကအျဖစ္အပ်က္ေတြကိုျပန္ေတြးမိေတာ့ ေရွာင္က်န႔္မ်က္ႏွာေလး ေသးငယ္သြားသည္။ သူငယ္ငယ္က အရမ္းဆိုးခဲ့တာ။ အေမျဖစ္သူထံကေန ခဏခဏအစားခံရမလိုလည္းျဖစ္ခဲ့ဖူးတယ္။ အေဖျဖစ္သူဆီကေနလည္း ခဏခဏ အခန္းပိတ္ၿပီးအျပစ္ေပးတာကိုလည္း ခံခဲ့ဖူးျပန္တယ္။ ျပန္ေတြးၾကည့္ေလ ဆိုးေၾကာင္းေပၚေလျဖစ္လာတာမို႔ ေရွာင္က်န႔္ေတြးေနတာကိုရပ္လိုက္ၿပီး စာကိုပဲ အာ႐ုံျပန္စိုက္လိုက္တယ္။

......

ေရွာင္က်န႔္စာလုပ္ၿပီးတဲ့ သန္းေခါင္ေက်ာ္အခ်ိန္မွာ အေဖျဖစ္သူက သူ႔အခန္းထဲ ျပန္ေရာက္လာခဲ့သည္။

"အားက်န႔္..."

"ဟုတ္"

ေရွာင္က်န႔္က မိဘေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးမ်ိဳးရွိေပမယ့္လည္း စကားေတာ့နည္းလာတယ္။ ငယ္ငယ္ကေလာက္ မိဘေတြနဲ႔ စကားမေျပာျဖစ္ေတာ့ဘူးရယ္။

အေဖ့အသံကို ျပန္ထူးၿပီးေနာက္ အေဖျဖစ္သူနားကို သြားထိုင္လိုက္သည္။

"တကၠသိုလ္ေရာက္ရင္ အခန္းေဖာ္ေတြနဲ႔တည့္ေအာင္ေနေနာ္ ၊ ေနာက္ၿပီး ဗန္ပိုင္းယားေတြကိုလည္း သတိထားရမယ္၊ ဟုတ္ၿပီလား"

ေရွာင္က်န႔္ အေဖက ဗန္ပိုင္းယားေတြနဲ႔ပတ္သတ္ၿပီးထူးျခားတဲ့ ခံစားခ်က္တစ္မ်ိဳးကို အၿမဲတမ္းခံစားေနရတယ္လို႔ သူခံစားရတယ္။ ေရွာင္ပါးက ဆက္ေျပာတယ္။

"ငါ့သားပုံစံနဲ႔ဆို ေျပးေတာင္ မေျပးရေသးခင္မွာပဲ ေသသြားမယ္ဆိုတာ အေဖသိေနလို႔ ေျပာေနရတာ"

(ေအာ္ အေဖရယ္။ သားအေပၚ ယုံၾကည္ခ်က္ေတြျပည့္ဝေနလိုက္တာဗ်ာ)

ေရွာင္က်န႔္ မခ်ိၿပဳံးပဲ ၿပဳံးျပႏိုင္ေတာ့တယ္။

"သား သိပါတယ္။"

ေရွာင္ပါးက ထပ္ေျပာတယ္။

"သားရဲ႕ ေသြးတည္ေဆာက္ပုံက ထူးျခားတာမို႔ ဒုကၡမျဖစ္ေစခ်င္ဘူး၊ အေဖေျပာတာကို နားလည္တယ္မလား။"

"ဟုတ္"

"ကဲ အဲ့တာဆိုလည္း မနက္အတြက္ အားရွိေနေအာင္ အခုထဲက အိပ္ေတာ့"

"အေဖေရာပဲ၊ အေမ့ဆီကေန ထပ္ၿပီးအေစာ္ခံႏိုင္ေအာင္လို႔ အိပ္ၿပီးအားေမြးေတာ့ေနာ္"

"ဒီကေလးကေတာ့.... ဒါေပမယ့္ ခ်စ္တဲ့စိတ္ကေလးနဲ႔ၾကည့္ေတာ့လည္း မင္းအေမရဲ႕ လက္သံက မနာပါဘူးကြာ ဟဟဟ၊ မင္းလို ကေလးက ဒီလိုခံစားခ်က္မ်ိဳးကို သိမယ့္ပုံလည္း မေပၚပါဘူး"

"....?....."

ေခါင္းးတခါခါနဲ႔ သေဘာတက်ရယ္ရင္း ထြက္သြားတဲ့ အေဖ့ေနာက္ေက်ာကို ၾကည့္ၿပီး ေရွာင္က်န႔္တစ္ေယာက္ မ်က္ႏွာမဲ့ၿပီး က်န္ခဲ့ရသည္။

.....

ေရွာင္က်န႔္ : အဟမ္း ကိုယ့္အေၾကာင္းကို ေျပာျပခ်င္ေဇာနဲ႔ ေလနည္းနည္းရွည္သြားတယ္ ဟီး"

အေဆာင္ေနေက်ာင္းသားဘဝေရာက္ေတာ့ ေရွာင္က်န႔္မွာ အခန္းေဖာ္သူငယ္ခ်င္း သုံးေယာက္ရလာခဲ့သည္။ အားလုံးက သူ႔လိုပဲ ေသာက္က်င့္မေကာင္းၾကဘူး။ သူနဲ႔မတူတာတစ္ခုကေတာ့ ဟိုသုံးေယာက္က က်ပ္ပါမျပည့္တာပဲ။

အဲ့ဒီ့ေန႔က ရိယြင္ နဲ႔ ေဟာက္က်ား တို႔က ေရွာင္က်န႔္ကို ညေဈးပြဲတစ္ခုအေၾကာင္း လာေျပာျပတယ္။ ဒီၿမိဳ႕ရဲ႕ အႀကီးအက်ယ္ဆုံး ပြဲေတြထဲကတစ္ခုျဖစ္တဲ့ ညေဈးပြဲကို သြားၾကည့္သင့္တယ္ဆိုၿပီး လာေျမႇာက္ေပးတဲ့ က်က္သတုံး။

စာဂ်ပိုးေရွာင္က်န႔္ကေတာ့ စိတ္မပါတာမို႔ မသြားဘူးလို႔ ျငင္းလိုက္ေပမယ့္ အခန္းေဖာ္ေတြအကုန္လုံးက သြားဖို႔စိတ္အားသန္ေနတာမို႔ ေနာက္ဆုံးေတာ့ သူပါ အဲ့ေဈးထဲ ေရာက္သြားခဲ့သည္။

ရိယြင္ နဲ႔ ေဟာက္က်ားက ေတြ႕ေတြ႕သမွ်အကုန္ဝယ္ၿပီး တဝိုးဝိုး တဝါးဝါးျဖစ္ေနခ်ိန္မွာ ေရွာင္က်န႔္နဲ႔ က်န္းမု ကေတာ့ ေအးေဆးသမားေတြပီပီ တည္ၿငိမ္ေနၾကသည္။

"ေရွာင္က်န႔္ နဲ႔ ဟိုေကာင္ က်န္းမု၊ မင္းတို႔ႏွစ္ေကာင္ ဘာျဖစ္ေနၾကတာလဲ"

ေဟာက္က်ားက ေငးခ်င္တာေတြ ေငးၿပီးလို႔ သူမျမင္ဖူးတာမရွိေတာ့ဘူးဆိုမွ သူငယ္ခ်င္းႏွစ္ေယာက္ကို ေမးဖို႔ သတိရလာတယ္။ ဟိုက်က္သတုံး ရိယြင္ကေတာ့ ပြဲကဂိမ္းေတြလိုက္ေဆာ့လို႔ မၿပီးႏိုင္ေသးဘူး။

ေရွာင္က်န႔္ ေဟာက္က်ားကို ေခါင္းခါျပလိုက္တယ္။ ဘာမွမျဖစ္ဘူး။ သူ႔႐ုပ္ကိုက ဒီအတိုင္းပဲ။ တေလာကလုံး သူ႔လုပ္စာ ထိုင္စားေနတဲ့ ဆယ့္ႏွစ္ေခါက္ခ်ိဳး ႐ုပ္မ်ိဳး။

က်န္းမုကေတာ့ ေရွာင္က်န႔္ကို ေဘးတေစာင္းငုံ႔ၾကည့္ၿပီးမွ ေဟာက္က်ားေမးတာကိုျပန္ေျဖလိုက္တယ္။

"ေအးလို႔၊ ေနာက္ၿပီး မင္းနဲ႔ရိယြင္ကိုလည္း က်ိန္ဆဲေနတာ"

တ႐ုတ္ျပည္ႀကီးရဲ႕ ေဆာင္းရာသီ လလယ္ထဲ က်က္သေရတုံးတဲ့ႏွစ္ေကာင္ေၾကာင့္ သူ ႏွင္းေတြၾကားထဲ ရပ္ေနရတာကို စိတ္တိုေနပုံရတဲ့ က်န္းမုက တည့္တိုးသမား။ အေၾကာင္းသိေတြမို႔ က်န္တဲ့သုံးေယာက္က နာမေနေတာ့ဘူး။ ဘာပဲေျပာေျပာ သူတို႔ေလးေယာက္က အခ်င္းအခ်င္းအျမင္မွာ က်က္သေရတုံးတဲ့ သူေတြႀကီးပဲ။

က်န္းမုထက္ ေခါင္းတစ္လုံးပုတဲ့ ေရွာင္က်န႔္ကေတာ့ ဒီေလာက္ေအးတာကို စကားလုပ္မေျပာဘူး။ ေျပာဖို႔လည္း စကားလုံးရွာမရဘူးရယ္။

မျဖစ္မေနထုတ္ေျပာဆိုရင္ေတာ့ သူဒီလိုေျပာမွာပဲ " ေသးေပါက္ဖို႔ ေတြး႐ုံနဲ႔ ဟိုဟာခဲသြားႏိုင္တဲ့ အေအးဓာတ္မ်ိဳး ၊ ဒါေပမယ့္ ဘယ္လိုစကားလုံးနဲ႔ ထိထိမိမိ ေဖာ္ျပရမလဲ ငါေသခ်ာမသိဘူး" ဆိုၿပီး။

"မင္းတို႔ႏွစ္ေကာင္ ၾကည့္လို႔ဝၿပီဆိုရင္လည္း အခန္းျပန္ၾကရေအာင္"

ေရွာင္က်န႔္ ခပ္တည္တည္နဲ႔ေျပာလိုက္တယ္။ တုန္ေနတဲ့ သြားေတြ သူ႔အခ်င္းခ်င္း ထိပ္တိုက္မေတြ႕ေအာင္လည္း ထိန္းထားရတယ္ဆိုေပမယ့္ သူ႔ရဲ႕ေအးစက္စက္မ်က္ႏွာေၾကာႀကီးကေတာ့ ေျပာင္းလဲမသြားေသးဘူး။

သူေျပာလိုက္ေတာ့ က်န္ႏွစ္ေယာက္ကသေဘာတူတယ္။ အဲ့ေနာက္ေတာ့ ရိယြင္က သူတို႔သုံးေယာက္ရဲ႕အေဝးမွာမို႔ အဲ့က်က္သေရတုံးကို သြားေခၚရျပန္သည္။

ေလးေယာက္သား အေဆာင္ကိုျပန္လာတဲ့လမ္းၾကားထဲကို ေရာက္ကေတာ့ ေရွာင္က်န႔္တစ္ေယာက္က ဆူးခ်ဳံတစ္ခုနဲ႔ ညႇိၿပီး လက္ဖ်ံေလး ေပါက္ထြက္သြားတယ္။ အေပါက္ေလးေသးေသးေလးကေန စီးထြက္လာတဲ့ ေသြးပမာဏက ထင္ထားတာထက္ ပိုေၾကာက္ဖို႔ေကာင္းသည္။

ေရွာင္က်န႔္တစ္ေယာက္ ေသြးထြက္ေနတဲ့ေနရာကို ပါးစပ္နဲ႔ အျမန္ငုံလိုက္ရတယ္။ သူပဲစိတ္ထင္တာလားမသိ။ သူ႔အခန္းေဖာ္သုံးေယာက္ရဲ႕ မ်က္ႏွာေတြက အဲ့ခ်ိန္မွာ ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ တည္ေနခဲ့သည္။

"ျပန္ရေအာင္"

က်န္းမုက ရိယြင္တို႔ဘက္ကို မ်က္ႏွာမူၿပီး ေျပာလိုက္တယ္။ ဒါေပမယ့္ ေဟာက္က်ားနဲ႔ ရိယြင္က ေရွာင္က်န႔္ကိုပဲ စိုက္ၾကည့္ေနၾကၿပီး က်န္းမုေျပာတာကို ၾကားတဲ့ပုံမေပၚေပ။ ေရွာင္က်န႔္က တစ္ခုခုကို သေဘာေပါက္သြားတာေၾကာင့္ လန႔္ၿပီး ငုံထားတဲ့ေသြးေတြကို ၿမိဳခ်မိသြားတယ္။

"မင္းတို႔..မဟုတ္မွ မင္းတို႔ သုံးေယာက္က ဗန္ပိုင္းယားေတြလား"

































واصل القراءة

ستعجبك أيضاً

14.3K 1.4K 19
• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke
15.8K 603 51
"Don't ever think that we're friends." Avyugh gritted. "Aw, I thought we were past that," Alarion grinned, taking up Avyugh's space. "I will make yo...
107K 4.5K 39
lonely - they grew fond of each other and they soon fell in love. but, before their third year, she disappears without a trace. [normal high school...
13.6K 1.2K 22
KimJiWoong x Seok Matthew