ကြယ်စင့်အစီအစဉ်က တဖြေးဖြေးအလုပ်ဖြစ်လာသည်။မနေ့က နော်ထူးကိုသွားစည်းရုံးခဲ့ပေမယ့် ဒီနေ့ဆရာမနီနီဆီ စည်းရုံးရမည်ဖြစ်သည်။သို့ပေမယ့် ဆရာမရဲ့အမေကိုဘယ်လိုလုပ်မလဲလေ..။ကြယ်စင်တို့စဉ်းစားရကြပ်နေသည်။
ကြယ်စင့်အိမ်ကအခန်းထဲမှာသူငယ်ချင်းနှစ်ယောက်ထိုကိစ္စကိုအသေးစိတ်တိုင်ပင်နေကြသည်။
"နှင်း..ဆရာမကိုစည်းရုံးရမယ်နော်"
"အေး..ငါလဲစဉ်းစားနေတာ..ဆရာမ မားသားကြီးလဲရှိသေးတယ်ဟ"
"....."
ကြယ်စင်လဲ အသံတိတ်ကာစဉ်းစားနေလိုက်သည်။
ခနအကြာတွင်ကြယ်စင့်ထံအကြံတစ်ခုပေါ်လာသည်။
"ဟဲ့ငါသိပြီ"
"ဘာတုန်း"
"ဒီလိုကွာ..ဆရာမအမေကငါတို့ကိုလဲသိနေပြီဆိုတော့ ဒီတိုင်းဝင်လို့ရမှာမဟုတ်ဘူး..အဲ့တော့ညဘက်ခိုးဝင်မယ်"
"ဟာ..ဖြစ်ပါ့မလားဟ"
"ဖြစ်ပါတယ်ဟ ငါ့..ခင့်ဆီမှာဆိုင်ကယ်သွားယူလိုက်မယ်"
ကြယ်စင်က ဆရာမဒေါ်မေဉီးခင်ကို..ခင်ဟုသာခေါ်သည်။ကျောင်းမှာသာ ဆရာမဟုခေါ်ပေသည်။
"နင်ကလဲ ဟုတ်မှလုပ်ပါ တော်ကြာဂျေးထဲအောင်းနေရမယ်"
"ရပါတယ်ဟ ကြိုးစားကြည့်မယ်..ဆရာမဆီကို..ဒီညဆိုင်ကယ်နဲ့သွားမယ် ပြီးရင်ဆရာမ..အိပ်ခန်းပြတင်းပေါက်ကို ခေါက်လိုက်ရင်ဆရာမပြတင်းပေါက်ဖွင့်ပေးမှာပေါ့ဟ"
"နင် ကတော့လေ"
"မလိုက်ဘူးလား"
"လိုက်မယ်"
"စောစောကပြောရင်ပြီးနေတာကို..ဒါနဲ့ဆရာမတို့အနားမှာနင့်အသိအိမ်လေးဘာလေးမရှိဘူးလား"
"ရှိတော့ရှိတယ် ဘာလုပ်မို့လဲ"
"ညသန်းခေါင်ကြီးတော့ မိန်းကလေးနှစ်ယောက်ထဲသွားလို့မဖြစ်ဘူးလေ..နင့်အသိအိမ်ရှိရင်တည်းလို့ရတာပေါ့"
"အော်..ဒါဆိုငါ့အမဝမ်းကွဲအိမ်ရှိတယ်..အေးဆေးတည်းလို့ရတယ်"
"ဒါဆိုအဆင်ပြေသားပဲ"
"ဒီညသွားမှာလား"
"အင်း အချိန်မရှိဘူးမြန်မြန်လုပ်ရမှာ.."
ကြယ်စင်တို့တိုင်ပင်ပြီးတော့ ဒီညထွက်ရန်ပြင်ဆင်ကြသည်။ကြယ်စင်က ခင့်ဆီကိုသွားပြီးဆိုင်ကယ်ယူကာ..။နှင်းကတော့ ဆရာမသဇင့်ဆီကိုအကြောင်းကိစ္စရှိလို့သွားမယ်ဟုပြောသွားသည်။
....
ကြယ်စင် ခင့် အိမ်သို့ရောက်တော့ ခြံတံခါးဖွင့်ကာ
အိမ်ထဲသို့ဝင်လာခဲ့သည်။အိမ်ထဲသို့ရောက်တော့အိမ်ရှေ့ခန်း၌မတွေ့ ...ဒါကြောင့်မီးဖိုချောင်ထဲသို့ဝင်လာတော့..တွေ့ပါပြီ..ကြယ်စင့်ရဲ့ခင်..အိမ်နေရင်းအင်္ကျီခပ်ပွပွကိုမှ လက်ဇကအဖြူရောင်လေးကို ထဘီအနက်ဖြင့်တွဲဝတ်ကာ ဆံနွယ်နက်တို့ကို ကလစ်ဖြင့်ခပ်လျော့လျော့လေး ညှပ်ထားပေသည်။ကြယ်စင်လဲတစ်ချက်အသံပြုကာလှမ်းခေါ်လိုက်သည်။
"ခင်"
"ရှင်..အော်..မောင်လာလေ"
ခင်သည် ကြယ်စင့်ကိုနှစ်ယောက်ထဲရှိသည့်အချိန်တွင် မောင်ဟုသာခေါ်သည်။
"မောင့် ခင့်ဆိုင်ကယ်ဒီညယူသွားလို့ရလား"
"ဆိုင်ကယ်ကရပါတယ် ဒီညဆိုတော့ဘယ်သွားမလို့လဲ"
ကြယ်စင်လဲ ဆရာမခါးကိုနောက်မှသိုင်းဖက်ကာ
ဆရာမ၏ဆံပင်ကိုခိုးနမ်းလိုက်သည်။ပြီးမှစကားကိုဆက်သည်။
"မောင်တို့က..ဒီည ဆရာမနီနီအိမ်ကိုခိုးဝင်ပြီးဆရာမကိုစည်းရုံးမှာ"
ထို့အခါ ဆရာမမှ ကြယ်စင့်ဘက်လှည့်ကာနှစ်ယောက်သားမျက်နှာခြင်းဆိုင်ဖြစ်သွားသည်။
"ဟင်..ဖြစ်ပါ့မလားမောင်ရယ်..နေ့ဘက်စာမေးတာဆိုပြီးဝင်ပါလားကွယ်..ဒါမှမဟုတ်လဲ..မနီကိုတစ်နေရာရာကို လာတွေ့ခိုင်းလိုက်လေ"
"မရလို့ပေါ့ခင်ရယ်..မနက်ဘက်စာမေးပြီးဝင်မယ်ဆိုတာမဖြစ်နိုင်ဘူး..ဆရာမနီနီရဲ့အမေက..မောင်တို့ကိုသိတယ်..ရိပ်မိသွားလိမ့်မယ်..တနေရာရာကိုချိန်းဖို့ကြ ဆရာမနီနီအနားပါ ဟိုလူကြီးရဲ့တပည့်တွေကအချိန်ပြည့်လိုက်နေတယ်တဲ့ အိမ်မှာတော့အစောင့်မချထားဘူးလို့ကြားတယ် အဲ့တာကြောင့်ညဘက်ခိုးဝင်တာပေါ့ရှင့်"
"ဟင် အင်းပါမောင်ရယ် ဟိုလူက ဘယ်လိုတွေစောင့်ကြည့်နေတာလဲ"
"ဒီလိုခင်ရဲ့ မောင်စုံစမ်းရသလောက်တော့..ဆရာမအပြင်သွားရင် ဆရာမအမေကဖုန်းဆက်ပြီးထွက်သွားကြောင်းပြောတာကြောင့်..အဲ့လူကသူ့တပည့်တွေနဲ့လိုက်ကြည့်ခိုင်းတာတဲ့.."
"ဟင် အိမ်မှာတော့အစောင့်မချတာထူးဆန်းတယ်"
"အဲ့တာက..ဆရာမအမေတယောက်လုံးရှိနေတယ်လေ..ရပ်ကွက်ထဲမှာလဲ အစောင့်ကြီးတကားကားနဲ့ဆို လူသိမှာဆိုးလို့နေမှာပေါ့"
"အင်းဟူတ်လောက်မယ်"
"အဲ့တာ..မောင်ဒီညထွက်မလို့..ခင့်ဆိုင်ကယ်လာယူတာ"
"ယူသွားလေအချစ်ရယ်..ဂရုစိုက်နော်..ဒီကစိတ်ပူတယ်ကွယ်"
ခင်မှ ကြယ်စင့်ပါးလေးအား ဖွဖွလေးကိုင်ကာစိတ်ပူကြောင်းပြောနေတာကြောင့် ခင့်လက်လေးကိုအပေါ်မှအုပ်မိုးကိုင်လိုက်ပြီး အဆင်ပြေကြောင်းသာပြန်ပြောမိလေသည်။
"အဆင်ပြေမှာပါခင်...ခင့်တို့ဘက်ကရော အဆင်ပြေပြီလား"
"အင်း..သက်သေတော်တော်များများစုဆောင်းမိနေပြီ..အကုန်ပြီးခါနီးနေပြီ"
"အိုကေ..ဒါဆိုရင်စုံညီပွဲနေ့ကြရင်စမယ်"
"ဟုတ်ပြီ ခုတော့ဖက်ထားတာလေးလွှတ် ဟင်းတူးသွားဉီးမယ်"
"ခင်ကလဲ"
"ခင်ကမလဲဘူး ခုံမှာထိုင်စောင့်နေ"
"ဟုတ်"
"လိမ်မာတယ်"
ဟုဆိုကာ ကြယ်စင့်နှုတ်ခမ်းအားဖွဖွလေးနမ်းသွားသောခင်..ရင်ထဲမှာလှုပ်ခက်သွားတာတော့ ခင်ဆိုသည့်အမျိုးသမီးသိပါ့မလား..။နမ်းတယ်ဆိုတာဟာလဲခင်ကိုယ်တိုင်ခွင့်ပြုပေးတာမို့တစ်ယောက်နဲ့တစ်ယောက်နမ်းခဲ့ကြခြင်းပင်..သိုပေ့မယ့်အခုထိ ခင်တို့ဟာဆရာတပည့်ဟု၍သာခေါင်းစဉ်တတ်နေခြင်းသာ..။
.......
နှင်းဆရာမအိမ်ရောက်တော့..သစ်ခွပန်းလေးတွေကိုဆေးဖြန်းပေးနေတဲ့ ဆရာမကိုတွေ့ရသည်လေ။သစ်ခွပန်းလေးကိုဂရုတစိုက်ဆေးဖြန်းပြီး..ပြုံးနေတဲ့ဆရာမဟာ..နှင်းကိုမှင်သက်ငေးမောသည်အထိဆွဲဆောင်လို့နေသည်။ဆရာမရဲ့ နှုတ်ခမ်းရဲရဲလေးပေါ်သို့နှုတ်ခမ်းဆိုးဆေးထပ်တင်ထားသောကြောင့် ဆရာမ၏နှုတ်ခမ်းမှာခပ်ရဲရဲလေးဖြင့် နမ်းချင့်စဖွယ်..လေယူရာယိမ်းနွဲ့နေတဲ့ခန္ဓာကိုယ်လေးက နှင်းစိတ်ထဲ ပန်းချီတစ်ချပ် ရေးဆွဲဖြစ်စေရန်..တွန်းအားပေးနေချေပြီ..။တကယ်တော့နှင်းက ပန်းချီဆွဲသိပ်တော်ပါသည်။သို့ပေမယ့် သူကနှိမ့်ချတတ်သူမို့ သူပန်းချီဆွဲမတော်ဘူးဟုသာပြောနေကြပင်...ဆရာမရဲ့ပုံတူပန်းချီကားများကို နှင်းတစ်ယောက်အမြဲရေးဆွဲလေ့ရှိတယ်..ခဲပန်းချီဖြစ်ပေမယ့်လွန်စွာလက်ရာမြောက်လှပေသည်။နှင်းမျက်လုံးထဲမှမထွက်နိုင်သောတချို့ပုံရိပ်လေးများကို နှင်းထိုသို့ပန်းချီလေးဆွဲကာ အိပ်ခန်း၌ ချိတ်ဆွဲထားလေ့ရှိသည်။ဒါကိုတော့ဆရာမသိမည်မထင်ပါ..။
နှင်းထိုသို့ရပ်ငေးနေတုန်း..ဆရာမ၏အသံချိုချိုကိုကြားလိုက်ရသည်။
"မီးငယ်လေး"
"ရှင်"
"လာလေကွယ်"
"ဟုတ်"
ဆရာမပန်ဖို့ယူလာတဲ့ ပင့်ကူသစ်ခွပန်းလေးကိုတော့အနောက်မှာနှင်းဖွက်ထားလေသည်။
"ကဲ..လာရင်းကိစ္စလေး"
"ကိစ္စကတော့ထွေထွေထူးထူးမဟုတ်ဘူး..ဆရာမကိုအသိပေးစရာရယ်..နောက်ပြီးဒီပန်းလေးရယ်ပေးမလို့"
ဟုဆိုကာ..နောက်မှသစ်ခွပန်းလေးကိုထုတ်ပေး၏
"ဟယ် ဆရာမလဲခုတင်သစ်ခွပန်းလေးပန်ချင်လို့ခြံထဲဆင်းပြီးလာခူးတာ..ဒါပေမယ့်မခူးရက်လို့ဆေးဖြန်းပေးနေရတာကွယ်....မီးလေးယူလာပြောတော့ကျေးဇူးတင်လိုက်တာ"
"စိတ်ချင်းဆက်နေတာလေ..ဆရာမပန်ချင်တာကိုကြိုသိနေတာ"
"တော်ပါ ပိုနေပြန်ပြီ"
ဆရာမရဲ့ မူပိုင်နှုတ်ခမ်းလေးဆူနေပြန်ပြီ..သေချာတာကတော့နှင်းကိုရန်တွေ့တော့မယ်ဆိုတာပါ
"တကယ်ဆရာမရဲ့..ဒီကလွမ်းနေတာကို"
"တော်စမ်း...ခုမှပေါ်တော်မူလာပြီး လူကိုပစ်ထားတုန်းကကြပစ်ထားတယ်"
"အယ်..မဟုတ်ဘူးလေ ဆရာမရဲ့ မီးငယ်မအားလို့ပါ
ဒီညတောင် ကိစ္စရှိသေးတယ်"
"ဟွန့် ပြီးကိုမပြီးနိုင်ဘူး"
"အထူးမအတွက်လေဆရာမရယ်..သူများအကျိုးဆောင်ကိုယ့်ကျိုးအောင်တဲ့"
"မင်းက..ဘာအကျိုးကိုအောင်ချင်နေတာလဲ"
"အဆင်လေးတွေနဲ့အကျိုးအောင်ချင်တာ"
"ဘာ!"
ဆရာမသဇင်က နှင်းကိုအော်ကာဗိုက်ခေါက်လိမ်ဆွဲလေသည်။
"အားးး...နာတယ်ဆရာမ စတာလို့"
"နာပါစေ..ဘာအဆင်လဲ..သေချင်လို့"
"ဒါဆို...ဒီကအပျိုကြီးနဲ့ပဲ အောင်လိုက်မလား"
နှင်းမှခပ်ပြုံးပြုံးမေးလေသည်။
"နှင်းအဉ္ဇလီ!"
"ဟော..အပျိုကြီးကလဲ..အောင်ရမလားလို့
ကြည့်ပါဉီးရှက်နေတာလား နားရွက်လေးတွေနီရဲလို့"
"လာခဲ့တွေ့မယ်..မပြေးနဲ့.."
"အပျိုကြီးရေ..အကျိုးအောင်မယ်နော်..ဟားဟား"
နှင်းမှပြေးရင်အရှေ့မှစသည်။ဆရာမကတော့အနောက်က ရှက်ရမ်းရမ်းပြီးလိုက်ရိုက်တာပေါ့လေ..။နှစ်ယောက်သားပြေးရင်းလွှားရင်း ဆရာမမှ ခုလုတ်တိုက်ကာလဲကျသည်ကိုနှင်းမှဝင်ဆွဲလိုက်သည်။သို့ပေမယ့်နှစ်ယောက်လုံးအရှိန်မထိန်းနိုင်ကာမြေပြင်ပေါ်သို့လဲကျလေသည်။..
"အ့"
"ဟင်"
ဆရာမသည်..နှင်းခန္ဓာကိုယ်ပေါ်သို့လဲကျကာ..နင့်ရင်ဘက်ကိုလဲ လက်ဖြင့်ထောက်ထားမိသည်။နှင်း၏လက်များသည် ဆရာမခါး၌တည်ရှိနေကာ နှစ်ယောက်သားအချိန်အတော်ကြာအကြည့်ချင်းဆုံနေသည်။
"ဒုတ်..ဒုတ်.."
နှင်းရဲ့ရင်ခုန်သံတွေကျယ်လောင်နေပြီလေ ဆရာမ ကြားမှာဆိုးရအောင်အထိကျယ်လောင်နေချေပြီ..။သိမကြာဆရာမမှ မတ်တပ်ရပ်ကာ..နှင်းကိုအဆင်ပြေလားမေးလာသည်။
"ဟို..အဆင်ပြေလား..ထူပေးမယ်လာ"
"ဟူတ်"
ထို့နောက်အတော်အတန်ကြာနှစ်ယောက်သားစကားမပြောပဲတစ်ယောက်နဲ့တယောက်ရပ်ကြည့်နေမိသည်။ရှက်လွန်း၍ဘာပြောရမှန်းမသိပေ..
နှင်းဘက်ကပဲအရှက်ပြေစကားစပြောရပေသည်။ပြီူကြမှပုံမှန်းပြန်ဖြစ်ကာ ထိုကိစ္စကိုအတွေးမိအောင်သာ..အတတ်နိုင်ဆုံးနေလိုက်ပေသည်။...
.....
ကဲ နောက်တစ်ပိုင်ူအချစ်တို့ရေ read တဲ့သူ 1.1k ပြည့်လို့သိပ်ကိုပျော်ရွှင်ရပါတယ်နော်..ဖတ်ပေးတဲ့သူတွေကိုလဲကျေးဇူးတင်ပါတယ်ဗျာ့..နောက်ပြီးစာလုံးပေါင်းမစစ်ထားပါဘူးဒါကြောင့် စာလုံးပေါင်းမှားတာလေးတွေခွင့်လွှတ်ကြပါနော်..<3