Falling For You

By KThiMOo

124K 9.7K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
.
17
18
19
20
21
22
23
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

24

2.7K 235 7
By KThiMOo

"စိတ်ချရပါပြီ ဆေးထိုးပေးထားပြီဆိုတော့ သူနိုးလာတာနဲ့ ခံစားနေရတာတွေသက်သာသွားမှာပါ"

"အင်း....တခြားရော?"

ရှောင်းကျန့်သိချင်တာကို သိသည့်အလား ဆရာဝန်တစ်ဖြစ်လည်း ရှောင်းကျန့်ရဲ့သူငယ်ချင်းဖြစ်သူ ဟိုက်ခွမ်းက ပြုံးရယ်ရင်း ပခုံးပုတ်ကာ ပြုံးစစဖြင့်....

"ဘာမှမဖြစ်ထားဘူး မင်းရောက်သွားတာစောသွားလို့ကံကောင်းသွားတယ်ထင်တယ်"

"ဟုတ်တယ် ဒါပေမဲ့ ငါရောက်သွားတဲ့အချိန် အဲလူ၃ယောက်ကလေ ဝမ်လေးကို....တောက်! ယွင်မိသားစုက ငါ့ကိုစိန်ခေါ်နေပြီပဲ ဟိုက်ခွမ်း"

"မင်းစိတ်လျှော့အုံး ရှောင်းကျန့် မနက်ဖြန် မင်း ယွင်အာကိုမေးခဲ့ရင်လဲ သူကပေါ်တင်လိမ်မှာပဲ ထပ်ပြီးတော့ ရိပေါ်ကိုအပြစ်တင်လိမ့်မယ်"

"ဆိုတော့ ငါကဒီတိုင်းရှော်ပေးလိုက်ရမယ်ပေါ့"

"ငါဆိုလိုတာအဲလိုမဟုတ်ဘူး အခုချိန်မှာ ရှောင်းအားရီကလည်း သူ့ဘက်ပါနေတာလေ ရိပေါ်လိုလူမျိုးကြောင့်နဲ့ ပြသာနာရှာရမလားဆိုပြီး မင်းကိုဝိုင်းပြောကြလိမ့်မယ် မင်းကဘာမှမဖြစ်ပေမဲ့ အပြောခံရမဲ့ရိပေါ်က ရှေ့ဆက်ဘာဆက်ဖြစ်နိုင်မလဲ မတွေးနိုင်ကြဘူးလေ"

ဟိုက်ခွမ်းစကားအဆုံးမှာ ရှောင်းကျန့် သက်ပြင်းချရင်း ရိပေါ်အိပ်နေရာကုတင်ခြေရင်းမှာဝင်ထိုင်လိုက်သည်....၊
စိတ်ရှုပ်ထွေးနေသည့်အလား လက်နှစ်ဖက်ဖြင့် မျက်နှာတွေပါပွပ်သတ်နေမိတယ်....

"အခုချိန်မှာ မင်းနဲ့ရိပေါ်နဲ့က ဘာမှမသက်ဆိုင်သေးတဲ့အတွက် ဘာပဲဖြစ်လာဖြစ်လာ နစ်နာရမှာ ရိပေါ်ပဲရှောင်းကျန့်"

"မသက်ဆိုင်သေးရင် သက်ဆိုင်အောင်လုပ်လို့ရတယ်...မင်းပြောသလိုပဲ အခုချိန်မှာငါဘာမှလုပ်လို့မရနိုင်တာတော့မဟုတ်ဘူးဟိုက်ခွမ်း မင်းကြည့်နေ ငါတစ်ခုခုတော့ပြန်လုပ်ရလိမ့်မယ်"

"ဟားဟား အေးပါကွာ ငါ့သူငယ်ချင်းကြီးက ကျားဖက်လိုက်တော့ တစ်လောကလုံးဟိန်းသံလွှမ်းချင်နေပြီပေါ့"

"ဘာလဲဟ မင်းဟာက ထားတော့ ပြန်တော့မလား ငါ လိုက်ပို့မယ်"

"ရတယ် ရိပေါ်အနားပဲနေပေးလိုက် သူနိုးလာရင် လန့်ချင်လန့်နေအုံးမှာ"

"အေးပါကွာ ဒါဆို နောက်မှတွေ့မယ်"

"အိုကေ"

ဟိုက်ခွန်းပြန်သွားတော့ ရိပေါ်အနားကိုပြန်လျှောက်လာရင်း အိပ်ပျော်နေတဲ့ကောင်လေးရဲ့နဖူးပေါ် ဝဲကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးနေမိသည်....

"အင်း.....ဟင့်အင်း ဟင့်အင်း မလုပ်နဲ့ မလုပ်နဲ့!!!"

အိပ်မက်ဆိုးတွေမက်နေပုံရတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်ထိတ်လန့်စွာဖြင့်...

"ဝမ်လေး ဝမ်လေးသတိထားအုံး"

"မလုပ်နဲ့!.... ဟင်း ဟင်း...."

မျက်လုံးပွင့်ပွင့်ခြင်းမြင်ရတာက ရင်းနှီးနေကျမျက်နှာကျပ်တစ်ခု.....

"ဘော့စ်? ဘော့စ် ကျွန်တော် ကျွန်တော်...."

"အင်း...ဘာမှမဖြစ်တော့ဘူး ဝမ်လေးအဆင်ပြေတာမို့ ဘာမှမစိုးရိမ်နဲ့တော့နော် ကိုယ်ရှိတယ်"

ဘော့စ်ရဲ့ရင်ခွင်ထဲဖက်တွယ်ထားမိတာကို စိုးရိမ်နေလို့ဘာမှမပြောခြင်းလားဆိုတာ ရိပေါ်သေချာမသိပေမဲ့...ဘော့စ်ဘက်က တကယ်ကို ဘာမှမပြောတာမို့ သူတိုးလို့ပိုဖက်ထားမိသည်....၊ ခဏလေးပဲဖြစ်ဖြစ်ပေါ့....

အချိန်တော်ကြာသည်အထိ လုံခြံတဲ့ရင်ခွင်တစ်ခုမှာ ထိတ်လန့်နေမှုမရှိတော့အောင်နေပြီးတော့မှ ရိပေါ်ဖယ်ခွါလိုက်ပြီး ကုတင်ပေါ်ကဆင်းလို့ ခေါင်းငုံ့ရပ်နေမိသည်....

"တောင်း...တောင်းပန်ပါတယ်ဘော့စ်"

"ဘာဖြစ်လို့?"

"ဟို....."

"ဒီကိုလာအုံး"

ဘော့စ်က ရိပေါ်ကိုလက်ယပ်ခေါ်တော့ အနားသို့တိုးလိုက်သည်...
သို့ပေမဲ့ သူ့ရဲ့လက်ကိုဆွဲပြီး ဘော့စ်ရဲ့ဘေးမှာထိုင်စေတယ်...

"ကိုကိုးကိုမမှတ်မိဘူးလား"

"...."

"ဟင်?"

"ကိုကိုး?"

"ဟုတ်တယ် ကိုကိုးလေ"

"တကယ်ကိုကိုးလား ကျွန်တော့စာအုပ်ထဲရေးမှတ်ထားတဲ့ ကိုကိုးဆိုတာလားဟင်"

"အင်း ဟုတ်တယ် အဲဒါ ကိုကိုးကို ဝမ်လေးရေးပြတဲ့စာအုပ်လေး အဲထဲမှာ ဝမ်လေးက ပုံတွေလဲဆွဲပြတယ် နာမည်ရေးပြမယ်ဆိုပြီးလည်း လက်ရေးသေးသေးလေးနဲ့ရေးပြသေးတယ်"

"အဲဒါဆို စာအုပ်ထဲက ကိုကိုးက အပြင်မှာတကယ်ရှိတာပေါ့နော်...အဲဒါကလည်း ဘော့စ်ဖြစ်နေတယ်..."

"ဟက်! ဘာမှမအံ့ဩနဲ့တော့ ကိုယ်နားလည်တယ် အဲဒိအချိန်တုန်းက ဝမ်လေးကအရမ်းငယ်သေးတာ"

"ဒါပေမဲ့ တခါတလေအိမ်မက်မက်တယ် အိမ်မက်ထဲမှာလေ ကောင်လေးတစ်ယောက်နောက်ကို ကိုကိုး ကိုကိုးလို့ခေါ်ပြီးလိုက်သွားတာ"

"ဒါပဲလား"

"အင်း.....ကိုကိုးဆိုတဲ့နာမ်စားက စိတ်ထဲမှာစိမ်းမနေဘူး"

"ဟုတ်ပါပြီ အခုကစပြီး ကိုကိုးတို့အချင်းချင်းသိသွားကြပြီမို့လို့ ဝမ်လေးက ဘော့စ်လို့မခေါ်ရတော့ဘူးနော်"

"ဟင် အဲလိုတော့မဖြစ်ဘူးလေ သူများတွေပြောမှာပေါ့"

"ဘာဖြစ်လဲကွ"

"ဒီတိုင်းတောင် ဘော့စ်နားကပ်လို့ပြောခံနေရတာ အဲလိုတရင်းတနှီးခေါ်လိုက်ရင် ပိုဆိုးမှာပေါ့"

"ဘယ်သူကပြောတာလဲ ကိုယ့်ကိုပြော ကိုယ့်အလုပ်ကိုမလုပ်ကြပဲ အတင်းပြောဖို့အချိန်ရှိကြသေးတာလား"

"အာ ဘယ်သူရယ်လို့တော့မဟုတ်ပါဘူး ဒီတိုင်းပဲ....အဲဒါကြောင့်..."

"ဟင်း....ထားပါတော့ကွာ ဒါဆိုလဲ နှစ်ယောက်တည်းရှိတဲ့အချိန်တော့ခေါ်ရမယ် ဘယ်လိုလဲ"

"ဟုတ် ရပါတယ်ဗျ"

"ဒါဆို ခေါ်ကြည့်ပါအုံး ဝမ်လေးဆီက ကိုကိုးလို့ခေါ်သံကြားချင်ပြီ"

ရိပေါ်တစ်ယောက် ရင်ခုန်တာရော စိတ်လှုပ်ရှားနေတာရောပေါင်းပြီး အသံကထွက်မလာချင်ဘူး...

"ကို...ကိုကိုး....ကိုကိုး...."

ရိပေါ်စကားအဆုံး ဘော့စ်မှ ရိပေါ်ကိုရင်ခွင်ထဲဆွဲဖက်ပြီး ခေါင်းလုံးလေးကိုပွတ်ပေးတော့သည်...

"အခုကစပြီး ကိုယ့်ရဲ့အရိပ်အောက်မှာပဲနေရမယ်နော်"

ကိုကိုးရဲ့အပြောကို ရိပေါ်ခေါင်းငြိမ့်မိလားမသိပေမဲ့ ပျော်နေတယ်ဆိုတာတော့ ကြည်လင်နေတဲ့စိတ်လေးကသက်သေပြလို့နေတယ်....။


*ကိုကိုးနားနေရတာ နွေးထွေးလိုက်တာ....


......


"ဘာ! ငါတို့လမ်းကြောင်း အဖမ်းခံရတယ်? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလောက် ရှင်းထားတာကို"

"ဟုတ်တယ်အစ်ကိုကြီး သေချာပြီဆိုမှကျွန်တော်လူတွေလွှတ်တာ အခုဖမ်းတဲ့အဖွဲ့က ကျွန်တော်တို့ရေပေးထားတဲ့အဖွဲ့ကမဟုတ်ဘူး သူတို့အထက်ကတဲ့ သတင်းပေးခံရတာလို့ပြောတယ်"

"တောက်! ဘယ်လောက်ဆုံးရှုံးသွားလဲ"

ယွင်ဥက္ကဌရဲ့အမေးကို ညီဖြစ်သူ ကောင်းမုက မျက်နှာအပျက်ပျက်နဲ့ဖြေရတယ်...

"xxxxxxxxx ပါ"

"ဟာကွာ!!!!! သတင်းပေးတဲ့လူကိုရအောင်စုံစမ်း ငါတို့ဆုံးရှုံးသွားတာနဲ့တန်အောင် အဲလူကို တစစီလုပ်ပစ်မယ် တောက်!"

"ဟုတ်ကဲ့ပါအစ်ကိုကြီး စိတ်ချ"



.......





"ဝမ်လေး....."

ဆိုင်အတွင်း ဘော့စ်အခန်းရှေ့မှဖြတ်လာတဲ့ ရိပေါ်က ဘော့စ်အသံကြားတာနဲ့...

ရှူး.....

နှုတ်ခမ်းမှာလက်ညိုးလေးတင်တဲ့အမူအယာလုပ်ပြလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ပြောလက်စ စကားရပ်သွားပြီး အသံတိတ်သွားရသည်...

"နှစ်ယောက်ထဲရှိမှခေါ်ပါဆို ဆိုင်မှာလူတွေရှိတယ်လေ"

"အဲဒါ ကိုကိုးကိုပဲပြောတာမဟုတ်ဘူးလား"

"ဝမ်လေးလဲပါတယ်လေ အရင်တိုင်း ရိပေါ်နဲ့ဘော့စ်လို့ပဲပြောပါမယ်ဆို"

ကိုကိုးက ခါးထောက်ပြီး သက်ပြင်းချပြတယ်....

*ဘာအထာပါလဲနော်

"ကောင်းပါပြီ ဒါဆို မန်နေဂျာကျူးကိုခေါ်ပေး ကိုယ်ခေါ်နေတယ်လို့"

"ဟုတ်ကဲ့ပါ ဘော့စ်"

ရှောင်းကျန့်ကို တရိုတသေပြန်ပြောကာ ထွက်သွားတဲ့ ရိပေါ်ကိုကြည့်ရင်း အသံထွက်အောင်တောင်ရယ်မိသွားတယ်....
ဒီကလေးပေါက်ဟာလေ....




"ဘော့စ် ကျွန်မကိုခေါ်တယ်ဆိုလို့"

"အင်း ဟုတ်တယ် ထိုင်ပါအုံး"

မန်နေဂျာကျူး ဝင်ထိုင်ပြီးသည်နှင့်....

"ဒါ မန်နေဂျာကျူးအတွက် bonus "

"ရှင်! ဟို နှစ်ကုန်ဖို့ကလိုသေးတယ်မဟုတ်လား ဘော့စ်"

"ဟုတ်တယ် ဆိုင်က bonus ပေးတာတော့ မားတို့နဲ့ပဲဆိုင်တာလေ ဒါက ကျွန်တော့်ဘက်က မန်နေဂျာကျူးကို သတ်သတ်ပေးတာ"

"ဘာအတွက်လဲဆိုတာ သိလို့ရမလားရှင့်"

"ရတာပေါ့ ဟိုတနေ့က ရိပေါ်ရဲ့ကိစ္စကို မန်နေဂျာကျူးဖုန်းဆက်ပြောခဲ့လို့ ကျွန်တော်အချိန်မှီရောက်သွားခဲ့တယ်လေ လူတစ်ယောက်ရဲ့ဘဝကို အချိန်မီ ကယ်တင်လိုက်နိုင်တယ်ပြောရမလား အဟင်း"

"ရိ ရိပေါ် ဘာမှဖြစ်မသွားမလားဟင်"

ထိုနေ့က ယွင်မိန်းကလေးနဲ့ရိပေါ်ပြောနေတာရော ဖန်ရှင်းတို့နဲ့ပြောနေတာရော အကုန်လုံး မန်နေဂျာကျူးကြားခဲ့ရတယ်...သိသိချင်းစိုးရိမ်မိသွားတော့ တစ်ခုခုလုပ်ဖို့စဉ်းစားရပေမဲ့ သူမအနေအထားနဲ့ ဘာမှတားဆီးလို့မရတာကြောင့် ရိပေါ်နဲ့ရင်းနှီးသူဖြစ်တဲ့ ဘော့စ်ဆီကိုသာ သူမတိုက်ရိုက်ဆက်သွယ်ဖို့ကြိုးစားခဲ့ရသည်.....။

"မန်နေဂျာကျူးကိုကျေးဇူးတင်ပါတယ်"

"ရပါတယ်ဘော့စ်ရယ် ရိပေါ်ဘာမှမဖြစ်တာပဲကံကောင်းလှပြီ ကျွန်မအတွက်ကျန်တာမလိုပါဘူး"

"ကျွန်တော်ပေးတာကို မန်နေဂျာကျူးလက်ခံပေးပါ ကျေးဇူးကို ငွေနဲ့တန်ဖိုးဖြတ်တာမျိုးမဟုတ်ပေမဲ့ ရိပေါ် ဘာမှဖြစ်မသွားဘူးဆိုတဲ့အသိကြောင့် ကျွန်တော့ဘက်က မန်နေဂျာကျူးကို ထပ်တလဲလဲကျေးဇူးတင်နေမိတာအမှန်ပါ"

ဘော့စ်ရဲ့မျက်ဝန်းတွေမှာ အလေးအနက်ထားပြီးပြောနေတဲ့အရိပ်အယောင်တွေတွေ့နေမိတဲ့ မန်နေဂျာကျူးကတော့ ရိပေါ်အပေါ်ထားတဲ့ ဘော့စ်ရဲ့စိတ်ထားကို ရိပ်မိသွားပြီထင်ပါရဲ့....
ဘာပဲဖြစ်ဖြစ် ရိပေါ်လေးအတွက်ကောင်းပါတယ်....အစကတည်းက ရိပေါ်နဲ့ဘော့စ်တို့ တနည်းမဟုတ်တနည်း ပတ်သတ်မှုရှိနေလိမ့်မယ်လို့ သူမတွေးမိပြီးသားမလား......

"မန်နေဂျာကျူးအနေနဲ့ ဖြစ်ခဲ့တဲ့ကိစ္စကို တခြားသူတွေပြန်မပြောဖို့လဲ ကျွန်တော်ပြောပါရစေ"

"ဟုတ် စိတ်ချပါရှင့် ကျွန်မဘယ်သူ့ကိုမှပြန်မပြောပါဘူး"

"ကောင်းပါပြီ မန်နေဂျာကျူးအနေနဲ့ ရိပေါ်ကိုမှဘာလို့ဒီလိုဆက်ဆံပေးနေရလဲဆိုတာ ထူးဆန်းကောင်းထူးဆန်းနေလိမ့်မယ်.....ဒါပေမဲ့ ရိပေါ်က ကျွန်တော့်အတွက် အရေးကြီးတဲ့လူတစ်ယောက်အဖြစ်သိထားပေးပါ ပြီးတော့ ရိပေါ်ကိုလဲ အခုလိုပဲ ကျွန်တော်မရှိတဲ့အချိန်စောင့်ရှောက်ပေးပါ"

"ဘော့စ်စိတ်ချပါ ကျွန်မလည်း ရိပေါ်လေးကိုမောင်လေးတစ်ယောက်လိုသဘောထားမိပါတယ်....မဟုတ်တောင် ဒီကလေးက ကျွန်မရဲ့လက်အောက်ကဖြစ်တဲ့အတွက် သူ့ရဲ့လုံခြုံရေးကအစ ကျွန်မနဲ့လည်းသက်ဆိုင်တယ်မလား....
နောက်ဆို ဒါမျိုးထပ်ဖြစ်မလာအောင် ကျွန်မလည်းတတ်နိုင်သမျှထိန်းပါ့မယ်"

"အင်း ကောင်းပါပြီ....ဒါဆို မန်နေဂျာကျူး အလုပ်သွားလုပ်နိုင်ပါပြီ အခုလိုအချိန်ပေးတာ ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့ bonus အတွက်လည်း ကျေးဇူးတင်ပါတယ်ဘော့စ်"


မန်နေဂျာကျူးထွက်သွားတော့ ရှောင်းကျန့်ဆီကို ယွီပင်းဆီမှာ message ဝင်လာသည်...၊

📩 ခိုင်းတာတွေလုပ်ပြီးပါပြီ ဘော့စ်


ကွယ်ရာမှာ မကောင်းတာလုပ်နေတဲ့သူတွေကို ဖော်ထုတ်ရတာမျိုး ရှောင်းကျန့်ကသိပ်သဘောကျတာ....
မကောင်းတဲ့သူတွေကပဲ သူ့အပိုင်ကိုထိရင် ခပ်ဆတ်ဆတ်လေး လက်စားပြန်ချေရတာမျိုးကို ပိုလို့တောင်သဘောမိကျတာမျိုး.....။

>>>

————————————————————————————

Zawgyi

"စိတ္ခ်ရပါၿပီ ေဆးထိုးေပးထားၿပီဆိုေတာ့ သူႏိုးလာတာနဲ႔ ခံစားေနရတာေတြသက္သာသြားမွာပါ"

"အင္း....တျခားေရာ?"

ေရွာင္းက်န္႔သိခ်င္တာကို သိသည့္အလား ဆရာဝန္တစ္ျဖစ္လည္း ေရွာင္းက်န္႔ရဲ႕သူငယ္ခ်င္းျဖစ္သူ ဟိုက္ခြမ္းက ၿပဳံးရယ္ရင္း ပခုံးပုတ္ကာ ၿပဳံးစစျဖင့္....

"ဘာမွမျဖစ္ထားဘူး မင္းေရာက္သြားတာေစာသြားလို႔ကံေကာင္းသြားတယ္ထင္တယ္"

"ဟုတ္တယ္ ဒါေပမဲ့ ငါေရာက္သြားတဲ့အခ်ိန္ အဲလူ၃ေယာက္ကေလ ဝမ္ေလးကို....ေတာက္! ယြင္မိသားစုက ငါ့ကိုစိန္ေခၚေနၿပီပဲ ဟိုက္ခြမ္း"

"မင္းစိတ္ေလွ်ာ့အုံး ေရွာင္းက်န္႔ မနက္ျဖန္ မင္း ယြင္အာကိုေမးခဲ့ရင္လဲ သူကေပၚတင္လိမ္မွာပဲ ထပ္ၿပီးေတာ့ ရိေပၚကိုအျပစ္တင္လိမ့္မယ္"

"ဆိုေတာ့ ငါကဒီတိုင္းေရွာ္ေပးလိုက္ရမယ္ေပါ့"

"ငါဆိုလိုတာအဲလိုမဟုတ္ဘူး အခုခ်ိန္မွာ ေရွာင္းအားရီကလည္း သူ႔ဘက္ပါေနတာေလ ရိေပၚလိုလူမ်ိဳးေၾကာင့္နဲ႔ ျပသာနာရွာရမလားဆိုၿပီး မင္းကိုဝိုင္းေျပာၾကလိမ့္မယ္ မင္းကဘာမွမျဖစ္ေပမဲ့ အေျပာခံရမဲ့ရိေပၚက ေရွ႕ဆက္ဘာဆက္ျဖစ္ႏိုင္မလဲ မေတြးႏိုင္ၾကဘူးေလ"

ဟိုက္ခြမ္းစကားအဆုံးမွာ ေရွာင္းက်န္႔ သက္ျပင္းခ်ရင္း ရိေပၚအိပ္ေနရာကုတင္ေျခရင္းမွာဝင္ထိုင္လိုက္သည္....၊
စိတ္ရႈပ္ေထြးေနသည့္အလား လက္ႏွစ္ဖက္ျဖင့္ မ်က္ႏွာေတြပါပြပ္သတ္ေနမိတယ္....

"အခုခ်ိန္မွာ မင္းနဲ႔ရိေပၚနဲ႔က ဘာမွမသက္ဆိုင္ေသးတဲ့အတြက္ ဘာပဲျဖစ္လာျဖစ္လာ နစ္နာရမွာ ရိေပၚပဲေရွာင္းက်န္႔"

"မသက္ဆိုင္ေသးရင္ သက္ဆိုင္ေအာင္လုပ္လို႔ရတယ္...မင္းေျပာသလိုပဲ အခုခ်ိန္မွာငါဘာမွလုပ္လို႔မရႏိုင္တာေတာ့မဟုတ္ဘူးဟိုက္ခြမ္း မင္းၾကည့္ေန ငါတစ္ခုခုေတာ့ျပန္လုပ္ရလိမ့္မယ္"

"ဟားဟား ေအးပါကြာ ငါ့သူငယ္ခ်င္းႀကီးက က်ားဖက္လိုက္ေတာ့ တစ္ေလာကလုံးဟိန္းသံလႊမ္းခ်င္ေနၿပီေပါ့"

"ဘာလဲဟ မင္းဟာက ထားေတာ့ ျပန္ေတာ့မလား ငါ လိုက္ပို႔မယ္"

"ရတယ္ ရိေပၚအနားပဲေနေပးလိုက္ သူႏိုးလာရင္ လန္႔ခ်င္လန္႔ေနအုံးမွာ"

"ေအးပါကြာ ဒါဆို ေနာက္မွေတြ႕မယ္"

"အိုေက"

ဟိုက္ခြန္းျပန္သြားေတာ့ ရိေပၚအနားကိုျပန္ေလွ်ာက္လာရင္း အိပ္ေပ်ာ္ေနတဲ့ေကာင္ေလးရဲ႕နဖူးေပၚ ဝဲက်ေနတဲ့ဆံပင္ေလးေတြကို သပ္တင္ေပးေနမိသည္....

"အင္း.....ဟင့္အင္း ဟင့္အင္း မလုပ္နဲ႔ မလုပ္နဲ႔!!!"

အိပ္မက္ဆိုးေတြမက္ေနပုံရတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န္႔ထိတ္လန္႔စြာျဖင့္...

"ဝမ္ေလး ဝမ္ေလးသတိထားအုံး"

"မလုပ္နဲ႔!.... ဟင္း ဟင္း...."

မ်က္လုံးပြင့္ပြင့္ျခင္းျမင္ရတာက ရင္းႏွီးေနက်မ်က္ႏွာက်ပ္တစ္ခု.....

"ေဘာ့စ္? ေဘာ့စ္ ကြၽန္ေတာ္ ကြၽန္ေတာ္...."

"အင္း...ဘာမွမျဖစ္ေတာ့ဘူး ဝမ္ေလးအဆင္ေျပတာမို႔ ဘာမွမစိုးရိမ္နဲ႔ေတာ့ေနာ္ ကိုယ္ရွိတယ္"

ေဘာ့စ္ရဲ႕ရင္ခြင္ထဲဖက္တြယ္ထားမိတာကို စိုးရိမ္ေနလို႔ဘာမွမေျပာျခင္းလားဆိုတာ ရိေပၚေသခ်ာမသိေပမဲ့...ေဘာ့စ္ဘက္က တကယ္ကို ဘာမွမေျပာတာမို႔ သူတိုးလို႔ပိုဖက္ထားမိသည္....၊ ခဏေလးပဲျဖစ္ျဖစ္ေပါ့....

အခ်ိန္ေတာ္ၾကာသည္အထိ လုံၿခံတဲ့ရင္ခြင္တစ္ခုမွာ ထိတ္လန္႔ေနမႈမရွိေတာ့ေအာင္ေနၿပီးေတာ့မွ ရိေပၚဖယ္ခြါလိုက္ၿပီး ကုတင္ေပၚကဆင္းလို႔ ေခါင္းငုံ႔ရပ္ေနမိသည္....

"ေတာင္း...ေတာင္းပန္ပါတယ္ေဘာ့စ္"

"ဘာျဖစ္လို႔?"

"ဟို....."

"ဒီကိုလာအုံး"

ေဘာ့စ္က ရိေပၚကိုလက္ယပ္ေခၚေတာ့ အနားသို႔တိုးလိုက္သည္...
သို႔ေပမဲ့ သူ႔ရဲ႕လက္ကိုဆြဲၿပီး ေဘာ့စ္ရဲ႕ေဘးမွာထိုင္ေစတယ္...

"ကိုကိုးကိုမမွတ္မိဘူးလား"

"...."

"ဟင္?"

"ကိုကိုး?"

"ဟုတ္တယ္ ကိုကိုးေလ"

"တကယ္ကိုကိုးလား ကြၽန္ေတာ့စာအုပ္ထဲေရးမွတ္ထားတဲ့ ကိုကိုးဆိုတာလားဟင္"

"အင္း ဟုတ္တယ္ အဲဒါ ကိုကိုးကို ဝမ္ေလးေရးျပတဲ့စာအုပ္ေလး အဲထဲမွာ ဝမ္ေလးက ပုံေတြလဲဆြဲျပတယ္ နာမည္ေရးျပမယ္ဆိုၿပီးလည္း လက္ေရးေသးေသးေလးနဲ႔ေရးျပေသးတယ္"

"အဲဒါဆို စာအုပ္ထဲက ကိုကိုးက အျပင္မွာတကယ္ရွိတာေပါ့ေနာ္...အဲဒါကလည္း ေဘာ့စ္ျဖစ္ေနတယ္..."

"ဟက္! ဘာမွမအံ့ဩနဲ႔ေတာ့ ကိုယ္နားလည္တယ္ အဲဒိအခ်ိန္တုန္းက ဝမ္ေလးကအရမ္းငယ္ေသးတာ"

"ဒါေပမဲ့ တခါတေလအိမ္မက္မက္တယ္ အိမ္မက္ထဲမွာေလ ေကာင္ေလးတစ္ေယာက္ေနာက္ကို ကိုကိုး ကိုကိုးလို႔ေခၚၿပီးလိုက္သြားတာ"

"ဒါပဲလား"

"အင္း.....ကိုကိုးဆိုတဲ့နာမ္စားက စိတ္ထဲမွာစိမ္းမေနဘူး"

"ဟုတ္ပါၿပီ အခုကစၿပီး ကိုကိုးတို႔အခ်င္းခ်င္းသိသြားၾကၿပီမို႔လို႔ ဝမ္ေလးက ေဘာ့စ္လို႔မေခၚရေတာ့ဘူးေနာ္"

"ဟင္ အဲလိုေတာ့မျဖစ္ဘူးေလ သူမ်ားေတြေျပာမွာေပါ့"

"ဘာျဖစ္လဲကြ"

"ဒီတိုင္းေတာင္ ေဘာ့စ္နားကပ္လို႔ေျပာခံေနရတာ အဲလိုတရင္းတႏွီးေခၚလိုက္ရင္ ပိုဆိုးမွာေပါ့"

"ဘယ္သူကေျပာတာလဲ ကိုယ့္ကိုေျပာ ကိုယ့္အလုပ္ကိုမလုပ္ၾကပဲ အတင္းေျပာဖို႔အခ်ိန္ရွိၾကေသးတာလား"

"အာ ဘယ္သူရယ္လို႔ေတာ့မဟုတ္ပါဘူး ဒီတိုင္းပဲ....အဲဒါေၾကာင့္..."

"ဟင္း....ထားပါေတာ့ကြာ ဒါဆိုလဲ ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္ေတာ့ေခၚရမယ္ ဘယ္လိုလဲ"

"ဟုတ္ ရပါတယ္ဗ်"

"ဒါဆို ေခၚၾကည့္ပါအုံး ဝမ္ေလးဆီက ကိုကိုးလို႔ေခၚသံၾကားခ်င္ၿပီ"

ရိေပၚတစ္ေယာက္ ရင္ခုန္တာေရာ စိတ္လႈပ္ရွားေနတာေရာေပါင္းၿပီး အသံကထြက္မလာခ်င္ဘူး...

"ကို...ကိုကိုး....ကိုကိုး...."

ရိေပၚစကားအဆုံး ေဘာ့စ္မွ ရိေပၚကိုရင္ခြင္ထဲဆြဲဖက္ၿပီး ေခါင္းလုံးေလးကိုပြတ္ေပးေတာ့သည္...

"အခုကစၿပီး ကိုယ့္ရဲ႕အရိပ္ေအာက္မွာပဲေနရမယ္ေနာ္"

ကိုကိုးရဲ႕အေျပာကို ရိေပၚေခါင္းၿငိမ့္မိလားမသိေပမဲ့ ေပ်ာ္ေနတယ္ဆိုတာေတာ့ ၾကည္လင္ေနတဲ့စိတ္ေလးကသက္ေသျပလို႔ေနတယ္....။


*ကိုကိုးနားေနရတာ ေႏြးေထြးလိုက္တာ....


......


"ဘာ! ငါတို႔လမ္းေၾကာင္း အဖမ္းခံရတယ္? ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ ဒီေလာက္ ရွင္းထားတာကို"

"ဟုတ္တယ္အစ္ကိုႀကီး ေသခ်ာၿပီဆိုမွကြၽန္ေတာ္လူေတြလႊတ္တာ အခုဖမ္းတဲ့အဖြဲ႕က ကြၽန္ေတာ္တို႔ေရေပးထားတဲ့အဖြဲ႕ကမဟုတ္ဘူး သူတို႔အထက္ကတဲ့ သတင္းေပးခံရတာလို႔ေျပာတယ္"

"ေတာက္! ဘယ္ေလာက္ဆုံးရႈံးသြားလဲ"

ယြင္ဥကၠဌရဲ႕အေမးကို ညီျဖစ္သူ ေကာင္းမုက မ်က္ႏွာအပ်က္ပ်က္နဲ႔ေျဖရတယ္...

"xxxxxxxxx ပါ"

"ဟာကြာ!!!!! သတင္းေပးတဲ့လူကိုရေအာင္စုံစမ္း ငါတို႔ဆုံးရႈံးသြားတာနဲ႔တန္ေအာင္ အဲလူကို တစစီလုပ္ပစ္မယ္ ေတာက္!"

"ဟုတ္ကဲ့ပါအစ္ကိုႀကီး စိတ္ခ်"



.......





"ဝမ္ေလး....."

ဆိုင္အတြင္း ေဘာ့စ္အခန္းေရွ႕မွျဖတ္လာတဲ့ ရိေပၚက ေဘာ့စ္အသံၾကားတာနဲ႔...

ရႉး.....

ႏႈတ္ခမ္းမွာလက္ညိဳးေလးတင္တဲ့အမူအယာလုပ္ျပလာတဲ့ရိေပၚေၾကာင့္ ေရွာင္းက်န္႔မွာ ေျပာလက္စ စကားရပ္သြားၿပီး အသံတိတ္သြားရသည္...

"ႏွစ္ေယာက္ထဲရွိမွေခၚပါဆို ဆိုင္မွာလူေတြရွိတယ္ေလ"

"အဲဒါ ကိုကိုးကိုပဲေျပာတာမဟုတ္ဘူးလား"

"ဝမ္ေလးလဲပါတယ္ေလ အရင္တိုင္း ရိေပၚနဲ႔ေဘာ့စ္လို႔ပဲေျပာပါမယ္ဆို"

ကိုကိုးက ခါးေထာက္ၿပီး သက္ျပင္းခ်ျပတယ္....

*ဘာအထာပါလဲေနာ္

"ေကာင္းပါၿပီ ဒါဆို မန္ေနဂ်ာက်ဴးကိုေခၚေပး ကိုယ္ေခၚေနတယ္လို႔"

"ဟုတ္ကဲ့ပါ ေဘာ့စ္"

ေရွာင္းက်န္႔ကို တ႐ိုတေသျပန္ေျပာကာ ထြက္သြားတဲ့ ရိေပၚကိုၾကည့္ရင္း အသံထြက္ေအာင္ေတာင္ရယ္မိသြားတယ္....
ဒီကေလးေပါက္ဟာေလ....




"ေဘာ့စ္ ကြၽန္မကိုေခၚတယ္ဆိုလို႔"

"အင္း ဟုတ္တယ္ ထိုင္ပါအုံး"

မန္ေနဂ်ာက်ဴး ဝင္ထိုင္ၿပီးသည္ႏွင့္....

"ဒါ မန္ေနဂ်ာက်ဴးအတြက္ bonus "

"ရွင္! ဟို ႏွစ္ကုန္ဖို႔ကလိုေသးတယ္မဟုတ္လား ေဘာ့စ္"

"ဟုတ္တယ္ ဆိုင္က bonus ေပးတာေတာ့ မားတို႔နဲ႔ပဲဆိုင္တာေလ ဒါက ကြၽန္ေတာ့္ဘက္က မန္ေနဂ်ာက်ဴးကို သတ္သတ္ေပးတာ"

"ဘာအတြက္လဲဆိုတာ သိလို႔ရမလားရွင့္"

"ရတာေပါ့ ဟိုတေန႔က ရိေပၚရဲ႕ကိစၥကို မန္ေနဂ်ာက်ဴးဖုန္းဆက္ေျပာခဲ့လို႔ ကြၽန္ေတာ္အခ်ိန္မွီေရာက္သြားခဲ့တယ္ေလ လူတစ္ေယာက္ရဲ႕ဘဝကို အခ်ိန္မီ ကယ္တင္လိုက္ႏိုင္တယ္ေျပာရမလား အဟင္း"

"ရိ ရိေပၚ ဘာမွျဖစ္မသြားမလားဟင္"

ထိုေန႔က ယြင္မိန္းကေလးနဲ႔ရိေပၚေျပာေနတာေရာ ဖန္ရွင္းတို႔နဲ႔ေျပာေနတာေရာ အကုန္လုံး မန္ေနဂ်ာက်ဴးၾကားခဲ့ရတယ္...သိသိခ်င္းစိုးရိမ္မိသြားေတာ့ တစ္ခုခုလုပ္ဖို႔စဥ္းစားရေပမဲ့ သူမအေနအထားနဲ႔ ဘာမွတားဆီးလို႔မရတာေၾကာင့္ ရိေပၚနဲ႔ရင္းႏွီးသူျဖစ္တဲ့ ေဘာ့စ္ဆီကိုသာ သူမတိုက္႐ိုက္ဆက္သြယ္ဖို႔ႀကိဳးစားခဲ့ရသည္.....။

"မန္ေနဂ်ာက်ဴးကိုေက်းဇူးတင္ပါတယ္"

"ရပါတယ္ေဘာ့စ္ရယ္ ရိေပၚဘာမွမျဖစ္တာပဲကံေကာင္းလွၿပီ ကြၽန္မအတြက္က်န္တာမလိုပါဘူး"

"ကြၽန္ေတာ္ေပးတာကို မန္ေနဂ်ာက်ဴးလက္ခံေပးပါ ေက်းဇူးကို ေငြနဲ႔တန္ဖိုးျဖတ္တာမ်ိဳးမဟုတ္ေပမဲ့ ရိေပၚ ဘာမွျဖစ္မသြားဘူးဆိုတဲ့အသိေၾကာင့္ ကြၽန္ေတာ့ဘက္က မန္ေနဂ်ာက်ဴးကို ထပ္တလဲလဲေက်းဇူးတင္ေနမိတာအမွန္ပါ"

ေဘာ့စ္ရဲ႕မ်က္ဝန္းေတြမွာ အေလးအနက္ထားၿပီးေျပာေနတဲ့အရိပ္အေယာင္ေတြေတြ႕ေနမိတဲ့ မန္ေနဂ်ာက်ဴးကေတာ့ ရိေပၚအေပၚထားတဲ့ ေဘာ့စ္ရဲ႕စိတ္ထားကို ရိပ္မိသြားၿပီထင္ပါရဲ႕....
ဘာပဲျဖစ္ျဖစ္ ရိေပၚေလးအတြက္ေကာင္းပါတယ္....အစကတည္းက ရိေပၚနဲ႔ေဘာ့စ္တို႔ တနည္းမဟုတ္တနည္း ပတ္သတ္မႈရွိေနလိမ့္မယ္လို႔ သူမေတြးမိၿပီးသားမလား......

"မန္ေနဂ်ာက်ဴးအေနနဲ႔ ျဖစ္ခဲ့တဲ့ကိစၥကို တျခားသူေတြျပန္မေျပာဖို႔လဲ ကြၽန္ေတာ္ေျပာပါရေစ"

"ဟုတ္ စိတ္ခ်ပါရွင့္ ကြၽန္မဘယ္သူ႔ကိုမွျပန္မေျပာပါဘူး"

"ေကာင္းပါၿပီ မန္ေနဂ်ာက်ဴးအေနနဲ႔ ရိေပၚကိုမွဘာလို႔ဒီလိုဆက္ဆံေပးေနရလဲဆိုတာ ထူးဆန္းေကာင္းထူးဆန္းေနလိမ့္မယ္.....ဒါေပမဲ့ ရိေပၚက ကြၽန္ေတာ့္အတြက္ အေရးႀကီးတဲ့လူတစ္ေယာက္အျဖစ္သိထားေပးပါ ၿပီးေတာ့ ရိေပၚကိုလဲ အခုလိုပဲ ကြၽန္ေတာ္မရွိတဲ့အခ်ိန္ေစာင့္ေရွာက္ေပးပါ"

"ေဘာ့စ္စိတ္ခ်ပါ ကြၽန္မလည္း ရိေပၚေလးကိုေမာင္ေလးတစ္ေယာက္လိုသေဘာထားမိပါတယ္....မဟုတ္ေတာင္ ဒီကေလးက ကြၽန္မရဲ႕လက္ေအာက္ကျဖစ္တဲ့အတြက္ သူ႔ရဲ႕လုံၿခဳံေရးကအစ ကြၽန္မနဲ႔လည္းသက္ဆိုင္တယ္မလား....
ေနာက္ဆို ဒါမ်ိဳးထပ္ျဖစ္မလာေအာင္ ကြၽန္မလည္းတတ္ႏိုင္သမွ်ထိန္းပါ့မယ္"

"အင္း ေကာင္းပါၿပီ....ဒါဆို မန္ေနဂ်ာက်ဴး အလုပ္သြားလုပ္ႏိုင္ပါၿပီ အခုလိုအခ်ိန္ေပးတာ ေက်းဇူးတင္ပါတယ္"

"ဟုတ္ကဲ့ bonus အတြက္လည္း ေက်းဇူးတင္ပါတယ္ေဘာ့စ္"


မန္ေနဂ်ာက်ဴးထြက္သြားေတာ့ ေရွာင္းက်န္႔ဆီကို ယြီပင္းဆီမွာ message ဝင္လာသည္...၊

📩 ခိုင္းတာေတြလုပ္ၿပီးပါၿပီ ေဘာ့စ္


ကြယ္ရာမွာ မေကာင္းတာလုပ္ေနတဲ့သူေတြကို ေဖာ္ထုတ္ရတာမ်ိဳး ေရွာင္းက်န္႔ကသိပ္သေဘာက်တာ....
မေကာင္းတဲ့သူေတြကပဲ သူ႔အပိုင္ကိုထိရင္ ခပ္ဆတ္ဆတ္ေလး လက္စားျပန္ေခ်ရတာမ်ိဳးကို ပိုလို႔ေတာင္သေဘာမိက်တာမ်ိဳး.....။

>>>

Continue Reading

You'll Also Like

252K 44.9K 57
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
71.4K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
269K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
27.7K 3K 29
ဝိညာဉ်လေးရဲ့ ချစ်စဖွယ်အမူအရာလေးနဲ့ သူငယ်ချင်း၄ယောက်ပေါင်းလောင်းကျော်မှုတွေ ဟာသလေးနှောပြီးဖတ်ရမှာပါ။ ဝိညာဥ္ေလးရဲ႕ ခ်စ္စဖြယ္အမူအရာေလးနဲ႕ သူငယ္ခ်င္း၄ေယာ...