ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လ...

By White_Daisy85

115K 7.6K 431

Myanmar Boyslove Own Creation Village Unicode & Zawgyi More

အပိုင်း[၁]
အပိုင်း[၂]
အပိုင်း[၄]
အပိုင်း[၅]
အပိုင်း[၆]
အပိုင်း[၇]
အပိုင်း [၈]
အပိုင်း [၉]
အပိုင်း [၁၀]
အပိုင်း [၁၁]
အပိုင်း [၁၂]
အပိုင်း [၁၃]
အပိုင်း [၁၄]
အပိုင်း [၁၅]
အပိုင်း [၁၆]
အပိုင်း [၁၇]
အပိုင်း [၁၈]
အပိုင်း [၁၉]
အပိုင်း [၂၀]
အပိုင်း [၂၁]
အပိုင်း [၂၂]
အပိုင်း [၂၃]
အပိုင်း [၂၄]
အပိုင်း [၂၅]
အပိုင်း [၂၆]
အပိုင်း [၂၇]
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Hello!
Extra 1
Extra 2
Extra 3
Extra (4)
Extra 5
Extra 6
Extra 7

အပိုင်း[၃]

3.5K 256 1
By White_Daisy85

''ကလေးလေး အိမ်မပြန်ဘူးလား၊
ဘာထိုင်လုပ်နေတာလဲ"

'လျှော်ဖြူကုန်းရွာ အလယ်တန်းကျောင်း'ဆိုတဲ့ဆိုင်းဘုတ်
အောက်ငုတ်တုတ်ထိုင်နေရင်း ကြားလိုက်ရတဲ့
ကြည်လင်လွန်းတဲ့အသံချိုလေး။
ဒီလိုအသံချိုချိုလေးကို အမေကလွဲရင်
သူစိမ်းတစ်ယောက်ဆီကပထမဆုံး ချမ်းမြေ့ကြားဖူးတာပင်။
အသံကြားရာ သူမော့ကြည့်လိုက်တော့
အနောက်အရပ်မှနေရောင်ထိုးသဖြင့် အမြန်မျက်လွှာချလိုက်ရသည်။

''နေစူးသွားတာလား ကလေးလေး"

တစ်ဖက်မှလူက ချမ်းမြေ့မျက်နှာနေမစူးအောင်
နေရာပြောင်းရပ်လိုက်သည်။
နေရှိရာအရပ်ကို ကိုယ်လုံးသေးလေးကွယ်လိုက်သဖြင့်
ချမ်းမြေ့ သူ့အထက်မှလူကိုမော့ကြည့်လိုက်သည်။
နဖူးပေါ်သို့ဖွာကျနေသောဆံပင်တွေက
ရှုပ်ပွနေသော်လည်း ပါးမို့တက်နေအောင်ပြုံးနေတဲ့
သူကို အသက်၄နှစ်အရွယ်ချမ်းမြေ့မျက်လုံးထဲ
အတော်လေးချောတယ်ဟုမှတ်ယူမိသည်။
တော်ယုံစကားပြောခဲတဲ့ ချမ်းမြေ့အကျင့်ကြောင့်
ပြန်စကားမပြောဘဲ မျက်စိရှေ့မှသဲပြင်သို့သာ
လက်ညိုးလေးနဲ့ဟိုခြစ်ဒီခြစ်လုပ်နေလိုက်သည်။

မူကြိုမှာတစ်နေ့လုံးမျောက်ရှုံးအောင်ဆော့ထားသဖြင့်
ချမ်းမြေ့ရဲ့မျက်နှာလေးက အနည်းငယ်ပေတူးနေ၏။
ကျောင်းလာတုန်းကဆောင်းခဲ့တဲ့ဦးထုပ်ဝါလေးကလည်း
ဘယ်ရောက်လို့ဘယ်ပေါက်နေမှန်း သူမသိ။
ဦးထုပ်ပျောက်သွားလို့အမေဆူတာကိုစိတ်ပူရမဲ့အစား
ဘေးမှလူကြောင့် ချမ်းမြေ့စိတ်ထဲတထင့်ထင့်။
အနီးနားမှလူထံဆီက ဘာသံမှထပ်ထွက်မလာသဖြင့်
ထွက်သွားပြီအထင်နှင့်ချမ်းမြေ့ မော့ကြည့်လိုက်တော့
တစ်ဖက်မှလူက သူ့ကိုသွားတန်းဖြူဖြူတွေပေါ်အောင်
ပြုံးရယ်ပြနေသည်။

''ဒီနားလေးကနေပူတယ်...လာ
ဟိုနားသွားရအောင်"

ပြောပြောဆိုဆို ကျောင်းရဲ့အရှေ့အိမ်ထောင့်မှတမာပင်
ဆီသို့ သူ့ခန္ဓာကိုယ်လေးကိုဇိုးဇိုးဇတ်ဇတ်ပွေ့ချီသွားတဲ့
သူစိမ်းကို ချမ်းမြေ့ပြန်ပြောချိန်ပင်မရလိုက်။
မြင်တာပေါ့...ခုနကတည်းက ဒီသစ်ပင်ကြီးကိုသူမြင်တာပေါ့
ဆိုပေမယ့် ဒီသစ်ပင်ကိုပိုင်တဲ့အိမ်ရှင်က
ချမ်းမြေ့ကိုအရိပ်ခိုစေချင်သလား ချမ်းမြေ့မှမသိတာ...

''ကျွန်တော်ဒီမှာမထိုင်ချင်ဘူး"

ချမ်းမြေ့ဆီမှပထမဆုံးထွက်လာသောစကားသံကြောင့်
တစ်ဖက်လူက မျက်ခုံးလေးတွေပင့်ခနဲ...

''ဟိုနားကနေပူတယ်လေ...ဒီမှာအရိပ်ရတယ်
ပြီးတော့ ကလေးလေးကငယ်ငယ်လေးပဲရှိသေးတာ...
ကျွန်တော်လို့မပြောနဲ့..သားလို့သုံး"

''ဟင့်အင်း...ကျွန်တော့်ပါးစပ်နဲ့ကျွန်တော်
ကျွန်တော်ကြိုက်ရာပြောမယ်"

ရွာသားတွေကြားရင်တော့ ကလေးကရိုင်းလိုက်တာဆိုပြီး
အပြစ်တင်ကြမှာအမှန်ပေမဲ့ချမ်းမြေ့ရှေ့ကလူကတော့
သဘောကျသလို ပြုံးကာသာကြည့်နေပေ၏။
အမေသိရင်တော့ 'မေ့သားငယ်ကဆိုးလိုက်တာ'လို့များ
ပြောလေမလား။

''အင်းပါ...အင်းပါ ကလေးလေးကြိုက်ရာသုံးပါ"

အရာရာချမ်းမြေ့သဘောဆိုသည့်ဟန်
ခေါင်းတဆတ်ဆတ်ညိတ်ပြနေသူကြောင့်
ချမ်းမြေ့ပေါက်စလေးက အလိုမကျစွာမျက်နှာလေးက
စူပုတ်လျက်။

''ဒါနဲ့ဘယ်သူ့စောင့်နေတာလဲ ကျောင်းဆင်းလို့
သူများတွေပြန်သွားကြပြီ"

''မမတို့ကိုစောင့်နေတာ"

ချမ်းမြေ့​ဖြေလိုက်သော်လည်း
တစ်ဖက်လူထံမှဘာစကားမှထပ်ထွက်မလာသောကြောင့်
ချမ်းမြေ့ပေါက်စလေးက စူပုတ်လျက်။
ဘေးနားကလူဆီက ဘာသံမှထပ်မကြားရတော့
ချမ်းမြေ့စိတ်ထဲ ဘယ်လိုဖြစ်မှန်းမသိ။
စကားပြောရတာသဘောမကျပေမယ့်လို့
ဒီလိုတိတ်ဆိတ်သွားပြန်တော့လဲ သူမနေနိုင်။
ရွာထဲကလူတွေက ချမ်းမြေ့တို့မိသားစုကို
စကားမပြောချင်ကြတော့ ချမ်းမြေ့ကလည်း
ကိုယ့်ဘက်ကစပြီး စကားမပြော...။
ချမ်းမြေ့ကနာမည်နဲ့မလိုက်စွာ ငယ်ကတည်းက
ငြိုးထားတတ်တဲ့ကလေး။

''ချမ်းမြေ့...မောင်လေး"

သိပ်မဝေးသောအကွာအဝေးမှ
သူ့နာမည်ခေါ်သံကြောင့်လှမ်းကြည့်တော့
အဖြူအစိမ်းဂါဝန်လေးတွေနဲ့ဂုတ်ဝဲဆံပင်လေးတွေခါယမ်း
နေအောင် အော်ခေါ်နေတဲ့မမနဲ့အစ်မ...

''မမ...အစ်မ"

ရွှင်လန်းက ပျော်ရွှင့်ထက်၂နှစ်ကြီးသော်လည်း
ကျောင်းအပ်နောက်ကျသဖြင့် နှစ်ယောက်လုံးအတန်းတူသွား၏။
၄တန်းဖြစ်ကာ အစိုးရစစ်ဖြစ်၍
ဆရာမက အချိန်ပိုသင်နေသဖြင့်နောက်ကျသွားခြင်း။

မမတို့ဆီရောက်အောင်လျှောက်သွားသည့်တိုင်
ခုနကစကားတွေဖော်ဖော်ရွေရွေဆိုနေသူထံမှ
ဘာသံမှထွက်မလာ။
မဟုတ်မှ...ချမ်းမြေ့က မမနဲ့အစ်မရဲ့မောင်မှန်းသိသွားလို့
တစ်ဖက်လူက မခေါ်ချင်တော့တာလား...

''အကြာကြီးစောင့်လိုက်ရလား"

မမရဲ့အမေးစကားကို သူခေါင်းယမ်းပြလိုက်သည်။
မမနဲ့အစ်မက တမာပင်အောက်ကလူကိုခဏလှည့်ကြည့်ပြီးမှ

''လာ...ပြန်ကျရအောင်"

''ခဏ"

နောက်ပါးဆီမှ အသံချိုချိုကြောင့်
ချမ်းမြေ့မျက်ဝန်းလေးတွေလက်ခနဲ...
သူ့ပါးစပ်ကနေဖွင့်ဟမပြောပေမယ့် တစ်ဖက်လူထံမှ
စကားသံကိုသူနားစွင့်နေမိတာမဟုတ်လား။

သူလှည့်ကြည့်လိုက်တော့ ခုနတမာပင်အောက်ကလူက
သူတို့နောက်ကိုဘယ်အချိန်ကတည်းကရောက်နေမှန်းမသိ

''နေပူတယ်...ဒါဆောင်းသွား"

မျက်နှာချင်းဆိုင်မှလူက သူ့ရဲ့ခန္ဓာကိုယ်ပိန်ပိန်ပေါ်မှ
အင်္ကျီလက်ရှည်အကွက်ကိုချွတ်နေသည်ကို
ချမ်းမြေ့တို့မောင်နှမသုံးယောက်လုံးနားမလည်နိုင်စွာ
ငေးကြည့်နေစဥ်မှာပဲ

ချမ်းမြေ့ရဲ့ခေါင်းသေးသေးလေးပေါ် လွှမ်းခြုံလာတဲ့အင်္ကျီ

အင်္ကျီလက်ရှည်ရဲ့လက်နှစ်ဖက်ကို ချမ်းမြေ့ရဲ့မေးအောက်
ဆွဲဖြုတ်ချည်ပေးလာပြီး အဝတ်စဖုံးနေတဲ့ခေါင်းလုံးလေးကို
ပွတ်သပ်လာသည်။

''နောက်နေ့ ဦးထုပ်ဆောင်းခဲ့နော် ကလေးလေး"

ခေါင်းညိတ်မိသည်လား၊ခေါင်းခါမိသည်လား
ချမ်းမြေ့ မသိတတ်တော့။
သူသိတာက သူ့ရှေ့မှပါးမို့မို့လေးတွေအပေါ်တက်နေအောင်
ပြုံးပြနေတဲ့လူက သူသိတဲ့တစ်ခြားလူတွေနဲ့မတူဘဲ
အရမ်းနွေးထွေးတာပဲ။

အင်း....ဒီလူကသဘောကျချင်စရာကောင်းတယ်...

...............................

''ရှေးဟောင်းနှောင်းဖြစ်တွေ သတိရနေတာလား"

တစ်ယောက်တည်း အတိတ်တွေထဲခရီးလွန်နေတုန်း
နံဘေးမှထွက်လာသောမမအသံကြောင့်
ချမ်းမြေ့ကိုယ်က ဆတ်ခနဲ။
မမအကြည့်က သူ့လက်ထဲကအရာဆီရောက်နေသဖြင့်
မလုံမလဲ မျက်စိရှေ့မှဖွင့်ထားတဲ့သေတ္တာထဲထိုးထည့်ကာ
အဖုံးအမြန်ပိတ်လိုက်ရ၏။

''ဖွက်နေလည်းအပိုပဲနော်၊
ဒီလူက အကုန်မြင်ပြီးသား"

ပြောပြောဆိုဆို ချမ်းမြေ့အနားလာထိုင်၏။
အိမ်လေးကသိပ်မကျယ်လှ၍ အိပ်ခန်းနှစ်ခန်းနှင့်ဘုရားစင်
ထားသည့်အရှေ့ခန်းကျယ်သာရှိသည်။
အစ်မနှင့်အမေကတစ်ခန်းအိပ်ကာ မမနှင့်အနူးက
နောက်တစ်ခန်းအိပ်လေသည်။
ယောက်ျားသားဖြစ်တဲ့ချမ်းမြေ့ကတော့
ဘုရားစင်အောက် ခြင်ထောင်'ထောင်'ပြီးသာအိပ်သည်။

မမကိုမြင်တော့ တစ်ခြားအိမ်သားတွေပါရှိမလား
မျက်လုံးကစားကြည့်တော့ နံဘေးမှမမကတခစ်ခစ်ရယ်လာ၏။

''ငါ့အပြင်တစ်ယောက်ယောက်မြင်သွားမှာ
စိတ်ပူနေတာလား...ပူမနေနဲ့..အိမ်မှာဘယ်သူမှမရှိဘူး
အနူးကသူ့လေးပျော်နဲ့လမ်းလျှောက်သွားတယ်..
အမေကလည်း ပဲခင်းသွားကြည့်တာခုထိပြန်မလာသေးဘူး"

မမရဲ့ဖြေရှင်းချက်ကြားမှ သူသက်ပြင်းချမိသည်။

''ဘယ်သူ့မှလျှောက်မပြောနဲ့နော် မမ"

''အေးပါဟယ်...ခုနင့်ပုံစံက ရည်းစားခိုးထားတာလူမိသွားတဲ့အတိုင်းပဲ..
တကယ်ပဲ ချမ်းမြေ့မဟုတ်သလိုပဲ"

သူမရဲ့စကားအဆုံး ခပ်ယောင်ယောင်ပြုံးလာတဲ့
မောင်ကြောင့် ရွှင်လန်းမျက်လုံးတွေဝိုင်းခနဲ...

''နင်သိပြီးတော့တာလား"

''ဘာကိုလဲ"

''ကိုရှင်းမြတ်ဒီပါ ရွာမှာတာဝန်ကျတာကိုလေ"

အသက်အတူတူပင်ဖြစ်လင့် ရှင်းမြတ်ဒီပါက
ရွှင်လန်းထက်အတန်းပိုကြီး၍ ရိုသေသမှုနဲ့
နာမည်မှာ 'ကို'တပ်ခေါ်ခြင်းပင်။

''မနက်ကတွေ့လိုက်တယ်"

​ပြန်တွေးကြည့်တော့ ထိုလူကအရပ်ရှည်လာတာကလွဲရင်
အရင်လိုပဲ ခန္ဓာကိုယ်လေးကသွယ်သွယ်လေးဖြစ်နေဆဲ...
အင်း...အရင်ကထက်လည်းအသားပိုဖြူလာတယ်။

''စကားပြောဖြစ်ခဲ့သေးလား"

''ဟင့်အင်း...သူငါ့ကိုမှတ်မိမယ်မထင်ပါဘူး မမရယ်"

''သူမှတ်မိချင်မှတ်မိမှာပေါ့...နင့်ရုပ်က
ငယ်ကတည်းကဒီလိုပဲဟာ...ရုပ်မှမပြောင်းဘဲနဲ့"

''သူမှတ်မိလည်းဘာလုပ်ရမှာလဲ၊
မဟုတ်လည်း သူနဲ့ငါကမဖြစ်မနေတွေ့ရမယ့်
ဆက်ဆံရေးမှမဟုတ်တာ"

''အံမယ်...ခုတော့နင်ဒီလိုတွေးပြီပေါ့၊
ငယ်ငယ်ကတော့ ဒီလိုမဟုတ်ဘူးနော်နင်..
ကိုကို..ကိုကိုဆိုပြီး ကိုရှင်းမြတ်ဒီပါသွားရာ
တကောက်ကောက်လိုက်တာ ဘယ်သူလဲ ပြော"

''မမ!"

''ဘာလဲ..ငါပြောတာမဟုတ်လို့လား၊
ကိုကိုတင်မကဘူး...သားကလေ သားကလေကပါသေး"

''မမ နင်တော်တော့ဟာ...
အမေပြန်လာရင်ကြားသွားဦးမယ်"

''ကြားသွားတော့ဘာဖြစ်လဲ...
အမေမကြားရင် ငါကကြားအောင်အော်ပြောမှာ"

''မမ နင်လွန်လာပြီနော်"

မောင်ဖြစ်သူရဲ့ပျက်ယွင်းနေတဲ့မျက်နှာကိုကြည့်ကာ
ရွှင်လန်းက အူမြူးစွာအသံထွက်အောင်ပင်
တဟားဟားအော်ရယ်သည်။

''ဒီမောင်နှမ ဘာတွေသဘောကျနေတာတုန်း"

အိမ်အောက်မှရုတ်တရက်ထွက်လာတဲ့အမေ့သံကြောင့်
အိမ်ပေါ်မှနှစ်ယောက်ရဲ့ကိုယ်တွေ တုန့်ခနဲ။
ထိတ်လန့်နေတဲ့ချမ်းမြေ့မျက်နှာကို
ရွှင်လန်းကခပ်ညစ်ညစ်ပြုံးကာကြည့်ရင်း

''အမေ...အမေ့သားကလေ"

''မမ"

ချမ်းမြေ့ကဟန့်လေ ရွှင်လန်းကအူမြူးလေ
ချမ်းမြေ့ရဲ့ပြူးလိုက်ပြဲလိုက်မျက်နှာကို ရွှင်လန်းက
အတန်ကြာသဘောတကျကြည့်ပြီးကာမှ

''ဘာမှမဟုတ်ဘူး အမေ၊ဒါနဲ့ အမေ
ဘယ်အချိန်ကတည်းက ပြန်ရောက်နေတာလဲ၊
အသံမပေးဘာမပေးနဲ့လန့်သွားတာပဲ"

ပြောပြောဆိုဆို ရွှင်လန်းကချမ်းမြေ့နံဘေးမှထကာ
အိမ်အောက်သို့ဆင်းသွားလေသည်။

''အမယ်လေးတော် သူတို့ကပဲလန့်ရတယ်ရှိသေး"

အမေနဲ့မမရဲ့ရောက်တတ်ရာရာစကားတွေကို
နားစွင့်ကာ သူ့အကြောင်းမပါမှချမ်းမြေ့ရင်ထဲက
အလုံးကြီးကျသွား၏။

သူ့မှာဒီလူ့ကြောင့်ပဲ အမြဲဖရိုဖရဲဖြစ်ရသည်
အမြဲဒီလူ့ကြောင့်ပါပဲ...

မဆီမဆိုင်မနက်ကရယ်ပြနေတဲ့မျက်နှာလေးကို
ပြန်မြင်ယောင်မိတော့ ဘယ်ဘက်ရင်ဘတ်မှလှုပ်ခတ်သွား၏။

ခင်ဗျားအပြုံးက အရင်လိုကြည်လင်အေးချမ်းနေတုန်းပဲ...

.................................

''လင်းထက် အဲ့ဒါဘယ်ကပြန်လာတာလဲ"

အိမ်ထဲသို့မူမမှန်သောခြေလှမ်းတွေဖြင့်
အိမ်ထဲယိုင်တိုင်တိုင်ဝင်လာသောညီဖြစ်သူကြောင့်
ရှင်းမြတ် သွားတွဲကူရင်းဆိုလိုက်သည်။
ပုံစံမြင်ယုံနှင့်ဘယ်အရပ်ကပြန်လာမှန်း သူတပ်အပ်သိသော်လည်း...

''အမေနဲ့အဖေ ရွာနောက်ပိုင်းသွားလို့တော်သေးတယ်၊
မဟုတ်ရင် မင်းတော့မလွယ်ဘူး"

''ကိုကြီးမပြောရင် အမေလည်းမသိဘူး၊
အဖေလည်းမသိဘူး..."

အာလေးလျှာလေးသံဖြင့်ပြောရင်း ရယ်ပြလာတဲ့ညီ...
အရက်နံ့တွေလှိုင်ထူနေသဖြင့် တစ်ဖက်သို့မျက်နှာလွှဲမိသည်။
လင်းထက်က အမြဲမူးရူးနေတာမဟုတ်ပေမယ့်
ရွာမှာမင်္ဂလာရှိရင် လူမှန်းမသိအောင်သောက်မြဲ...

''သွား...အမေတို့ပြန်မလာသေးခင်ရေမြန်မြန်ချိုးလိုက်"

''ကျွန်တော် မထနိုင်တော့ဘူး"

အမှန်လည်း လင်းထက်ကအိမ်ပေါ်တက်တဲ့လှေကားမှာ
မှောက်လျက်

''မင်းကတော့ လုပ်ပြီ၊ရေမချိုးနိုင်ရင် အခန်းထဲအောင်းနေလိုက်တော့"

ရှင်းမြတ်တို့အိမ်က နှစ်ထပ်တိုက်အိမ်ဖြစ်၏။
ရွာငယ်လေးမှာတိုက်အိမ်ဆောက်ထားတာ
ကြီးကျယ်လှတယ်ထင်နိုင်ပေမယ့်
ရှင်းမြတ်တို့အဖေ ဦးဒီပါကဘိုးဖွားစဥ်ဆက်ချမ်းသာသည်ဖြစ်ရာ
မသိမသာငွေဂုဏ်မောက်၏။

''ကိုကြီး အမေ့ကိုပြန်မတိုင်နဲ့နော်"

မူးရူးနေသူက ပြန်တိုင်မည်တော့ကြောက်တတ်သား...
လင်းထက်ကြောက်သည့်အရာကိုသိတော့
ရှင်းမြတ်ပြုံးရယ်မိသည်...

နဂိုကြည်လင်နေတဲ့မျက်နှာလေးက ပြုံးရယ်လိုက်တော့
အသက် (၃၁)ဟုပင်ထင်ရက်စရာမရှိအောင်
နုနယ်ကာအေးချမ်းလျက်...

အပေါ်သို့လန်တက်နေတဲ့လင်းထက်ရဲ့ပုဆိုးကို
အောက်ဆွဲချကာ နံဘေးမှစောင်ပါးလေးလွှမ်းခြုံပေးလိုက်သည်။
အရက်မူးပြီးအိပ်ပျော်နေတဲ့လင်းထက်ရဲ့
အဆီအနည်းငယ်ပြန်နေတဲ့မျက်နှာကိုကြည့်ရင်း

မနက်ကရိပ်ခနဲမြင်လိုပ်ရတဲ့ကောင်ငယ်လေးရဲ့
မျက်နှာလေးကို မြင်ယောင်မိတော့ ရှင်းမြတ်ရဲ့နှုတ်ခမ်းပါး
လေးက အပေါ်သို့မသိမသာကွေးတက်သွား၏။

ကလေးလေးက
ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့တာပဲ....

....................................

Zawgyi

''ကေလးေလး အိမ္မျပန္ဘူးလား၊
ဘာထိုင္လုပ္ေနတာလဲ"

'ေလွ်ာ္ျဖဴကုန္း႐ြာ အလယ္တန္းေက်ာင္း'ဆိုတဲ့ဆိုင္းဘုတ္
ေအာက္ငုတ္တုတ္ထိုင္ေနရင္း ၾကားလိုက္ရတဲ့
ၾကည္လင္လြန္းတဲ့အသံခ်ိဳေလး။
ဒီလိုအသံခ်ိဳခ်ိဳေလးကို အေမကလြဲရင္
သူစိမ္းတစ္ေယာက္ဆီကပထမဆုံး ခ်မ္းေျမ့ၾကားဖူးတာပင္။
အသံၾကားရာ သူေမာ့ၾကည့္လိုက္ေတာ့
အေနာက္အရပ္မွေနေရာင္ထိုးသျဖင့္ အျမန္မ်က္လႊာခ်လိဳက္ရသည္။

''ေနစူးသြားတာလား ကေလးေလး"

တစ္ဖက္မွလူက ခ်မ္းေျမ့မ်က္ႏွာေနမစူးေအာင္
ေနရာေျပာင္းရပ္လိုက္သည္။
ေနရွိရာအရပ္ကို ကိုယ္လုံးေသးေလးကြယ္လိုက္သျဖင့္
ခ်မ္းေျမ့ သူ႕အထက္မွလူကိုေမာ့ၾကည့္လိုက္သည္။
နဖူးေပၚသို႔ဖြာက်ေနေသာဆံပင္ေတြက
ရႈပ္ပြေနေသာ္လည္း ပါးမို႔တက္ေနေအာင္ၿပဳံးေနတဲ့
သူကို အသက္၄ႏွစ္အ႐ြယ္ခ်မ္းေျမ့မ်က္လုံးထဲ
အေတာ္ေလးေခ်ာတယ္ဟုမွတ္ယူမိသည္။
ေတာ္ယုံစကားေျပာခဲတဲ့ ခ်မ္းေျမ့အက်င့္ေၾကာင့္
ျပန္စကားမေျပာဘဲ မ်က္စိေရွ႕မွသဲျပင္သို႔သာ
လက္ညိုးေလးနဲ႕ဟိုျခစ္ဒီျခစ္လုပ္ေနလိုက္သည္။

မူႀကိဳမွာတစ္ေန႕လုံးေမ်ာက္ရႈံးေအာင္ေဆာ့ထားသျဖင့္
ခ်မ္းေျမ့ရဲ႕မ်က္ႏွာေလးက အနည္းငယ္ေပတူးေန၏။
ေက်ာင္းလာတုန္းကေဆာင္းခဲ့တဲ့ဦးထုပ္ဝါေလးကလည္း
ဘယ္ေရာက္လို႔ဘယ္ေပါက္ေနမွန္း သူမသိ။
ဦးထုပ္ေပ်ာက္သြားလို႔အေမဆူတာကိုစိတ္ပူရမဲ့အစား
ေဘးမွလူေၾကာင့္ ခ်မ္းေျမ့စိတ္ထဲတထင့္ထင့္။
အနီးနားမွလူထံဆီက ဘာသံမွထပ္ထြက္မလာသျဖင့္
ထြက္သြားၿပီအထင္ႏွင့္ခ်မ္းေျမ့ ေမာ့ၾကည့္လိုက္ေတာ့
တစ္ဖက္မွလူက သူ႕ကိုသြားတန္းျဖဴျဖဴေတြေပၚေအာင္
ၿပဳံးရယ္ျပေနသည္။

''ဒီနားေလးကေနပူတယ္...လာ
ဟိုနားသြားရေအာင္"

ေျပာေျပာဆိုဆို ေက်ာင္းရဲ႕အေရွ႕အိမ္ေထာင့္မွတမာပင္
ဆီသို႔ သူ႕ခႏၶာကိုယ္ေလးကိုဇိုးဇိုးဇတ္ဇတ္ေပြ႕ခ်ီသြားတဲ့
သူစိမ္းကို ခ်မ္းေျမ့ျပန္ေျပာခ်ိန္ပင္မရလိုက္။
ျမင္တာေပါ့...ခုနကတည္းက ဒီသစ္ပင္ႀကီးကိုသူျမင္တာေပါ့
ဆိုေပမယ့္ ဒီသစ္ပင္ကိုပိုင္တဲ့အိမ္ရွင္က
ခ်မ္းေျမ့ကိုအရိပ္ခိုေစခ်င္သလား ခ်မ္းေျမ့မွမသိတာ...

''ကြၽန္ေတာ္ဒီမွာမထိုင္ခ်င္ဘူး"

ခ်မ္းေျမ့ဆီမွပထမဆုံးထြက္လာေသာစကားသံေၾကာင့္
တစ္ဖက္လူက မ်က္ခုံးေလးေတြပင့္ခနဲ...

''ဟိုနားကေနပူတယ္ေလ...ဒီမွာအရိပ္ရတယ္
ၿပီးေတာ့ ကေလးေလးကငယ္ငယ္ေလးပဲရွိေသးတာ...
ကြၽန္ေတာ္လို႔မေျပာနဲ႕..သားလို႔သုံး"

''ဟင့္အင္း...ကြၽန္ေတာ့္ပါးစပ္နဲ႕ကြၽန္ေတာ္
ကြၽန္ေတာ္ႀကိဳက္ရာေျပာမယ္"

႐ြာသားေတြၾကားရင္ေတာ့ ကေလးကရိုင္းလိုက္တာဆိုၿပီး
အျပစ္တင္ၾကမွာအမွန္ေပမဲ့ခ်မ္းေျမ့ေရွ႕ကလူကေတာ့
သေဘာက်သလို ၿပဳံးကာသာၾကည့္ေနေပ၏။
အေမသိရင္ေတာ့ 'ေမ့သားငယ္ကဆိုးလိုက္တာ'လို႔မ်ား
ေျပာေလမလား။

''အင္းပါ...အင္းပါ ကေလးေလးႀကိဳက္ရာသုံးပါ"

အရာရာခ်မ္းေျမ့သေဘာဆိုသည့္ဟန္
ေခါင္းတဆတ္ဆတ္ညိတ္ျပေနသူေၾကာင့္
ခ်မ္းေျမ့ေပါက္စေလးက အလိုမက်စြာမ်က္ႏွာေလးက
စူပုတ္လ်က္။

''ဒါနဲ႕ဘယ္သူ႕ေစာင့္ေနတာလဲ ေက်ာင္းဆင္းလို႔
သူမ်ားေတြျပန္သြားၾကၿပီ"

''မမတို႔ကိုေစာင့္ေနတာ"

ခ်မ္းေျမ့ေျဖလိုက္ေသာ္လည္း
တစ္ဖက္လူထံမွဘာစကားမွထပ္ထြက္မလာေသာေၾကာင့္
ခ်မ္းေျမ့ေပါက္စေလးက စူပုတ္လ်က္။
ေဘးနားကလူဆီက ဘာသံမွထပ္မၾကားရေတာ့
ခ်မ္းေျမ့စိတ္ထဲ ဘယ္လိုျဖစ္မွန္းမသိ။
စကားေျပာရတာသေဘာမက်ေပမယ့္လို႔
ဒီလိုတိတ္ဆိတ္သြားျပန္ေတာ့လဲ သူမေနနိုင္။
႐ြာထဲကလူေတြက ခ်မ္းေျမ့တို႔မိသားစုကို
စကားမေျပာခ်င္ၾကေတာ့ ခ်မ္းေျမ့ကလည္း
ကိုယ့္ဘက္ကစၿပီး စကားမေျပာ...။
ခ်မ္းေျမ့ကနာမည္နဲ႕မလိုက္စြာ ငယ္ကတည္းက
ၿငိဳးထားတတ္တဲ့ကေလး။

''ခ်မ္းေျမ့...ေမာင္ေလး"

သိပ္မေဝးေသာအကြာအေဝးမွ
သူ႕နာမည္ေခၚသံေၾကာင့္လွမ္းၾကည့္ေတာ့
အျဖဴအစိမ္းဂါဝန္ေလးေတြနဲ႕ဂုတ္ဝဲဆံပင္ေလးေတြခါယမ္း
ေနေအာင္ ေအာ္ေခၚေနတဲ့မမနဲ႕အစ္မ...

''မမ...အစ္မ"

႐ႊင္လန္းက ေပ်ာ္႐ႊင့္ထက္၂ႏွစ္ႀကီးေသာ္လည္း
ေက်ာင္းအပ္ေနာက္က်သျဖင့္ ႏွစ္ေယာက္လုံးအတန္းတူသြား၏။
၄တန္းျဖစ္ကာ အစိုးရစစ္ျဖစ္၍
ဆရာမက အခ်ိန္ပိုသင္ေနသျဖင့္ေနာက္က်သြားျခင္း။

မမတို႔ဆီေရာက္ေအာင္ေလွ်ာက္သြားသည့္တိုင္
ခုနကစကားေတြေဖာ္ေဖာ္ေ႐ြေ႐ြဆိုေနသူထံမွ
ဘာသံမွထြက္မလာ။
မဟုတ္မွ...ခ်မ္းေျမ့က မမနဲ႕အစ္မရဲ႕ေမာင္မွန္းသိသြားလို႔
တစ္ဖက္လူက မေခၚခ်င္ေတာ့တာလား...

''အၾကာႀကီးေစာင့္လိုက္ရလား"

မမရဲ႕အေမးစကားကို သူေခါင္းယမ္းျပလိုက္သည္။
မမနဲ႕အစ္မက တမာပင္ေအာက္ကလူကိုခဏလွည့္ၾကည့္ၿပီးမွ

''လာ...ျပန္က်ရေအာင္"

''ခဏ"

ေနာက္ပါးဆီမွ အသံခ်ိဳခ်ိဳေၾကာင့္
ခ်မ္းေျမ့မ်က္ဝန္းေလးေတြလက္ခနဲ...
သူ႕ပါးစပ္ကေနဖြင့္ဟမေျပာေပမယ့္ တစ္ဖက္လူထံမွ
စကားသံကိုသူနားစြင့္ေနမိတာမဟုတ္လား။

သူလွည့္ၾကည့္လိုက္ေတာ့ ခုနတမာပင္ေအာက္ကလူက
သူတို႔ေနာက္ကိုဘယ္အခ်ိန္ကတည္းကေရာက္ေနမွန္းမသိ

''ေနပူတယ္...ဒါေဆာင္းသြား"

မ်က္ႏွာခ်င္းဆိုင္မွလူက သူ႕ရဲ႕ခႏၶာကိုယ္ပိန္ပိန္ေပၚမွ
အကၤ်ီလက္ရွည္အကြက္ကိုခြၽတ္ေနသည္ကို
ခ်မ္းေျမ့တို႔ေမာင္ႏွမသုံးေယာက္လုံးနားမလည္နိုင္စြာ
ေငးၾကည့္ေနစဥ္မွာပဲ

ခ်မ္းေျမ့ရဲ႕ေခါင္းေသးေသးေလးေပၚ လႊမ္းၿခဳံလာတဲ့အကၤ်ီ

အကၤ်ီလက္ရွည္ရဲ႕လက္ႏွစ္ဖက္ကို ခ်မ္းေျမ့ရဲ႕ေမးေအာက္
ဆြဲျဖဳတ္ခ်ည္ေပးလာၿပီး အဝတ္စဖုံးေနတဲ့ေခါင္းလုံးေလးကို
ပြတ္သပ္လာသည္။

''ေနာက္ေန႕ ဦးထုပ္ေဆာင္းခဲ့ေနာ္ ကေလးေလး"

ေခါင္းညိတ္မိသည္လား၊ေခါင္းခါမိသည္လား
ခ်မ္းေျမ့ မသိတတ္ေတာ့။
သူသိတာက သူ႕ေရွ႕မွပါးမို႔မို႔ေလးေတြအေပၚတက္ေနေအာင္
ၿပဳံးျပေနတဲ့လူက သူသိတဲ့တစ္ျခားလူေတြနဲ႕မတူဘဲ
အရမ္းႏြေးေထြးတာပဲ။

အင္း....ဒီလူကသေဘာက်ခ်င္စရာေကာင္းတယ္...

...............................

''ေရွးေဟာင္းႏွောင္းျဖစ္ေတြ သတိရေနတာလား"

တစ္ေယာက္တည္း အတိတ္ေတြထဲခရီးလြန္ေနတုန္း
နံေဘးမွထြက္လာေသာမမအသံေၾကာင့္
ခ်မ္းေျမ့ကိုယ္က ဆတ္ခနဲ။
မမအၾကည့္က သူ႕လက္ထဲကအရာဆီေရာက္ေနသျဖင့္
မလုံမလဲ မ်က္စိေရွ႕မွဖြင့္ထားတဲ့ေသတၱာထဲထိုးထည့္ကာ
အဖုံးအျမန္ပိတ္လိုက္ရ၏။

''ဖြက္ေနလည္းအပိုပဲေနာ္၊
ဒီလူက အကုန္ျမင္ၿပီးသား"

ေျပာေျပာဆိုဆို ခ်မ္းေျမ့အနားလာထိုင္၏။
အိမ္ေလးကသိပ္မက်ယ္လွ၍ အိပ္ခန္းႏွစ္ခန္းႏွင့္ဘုရားစင္
ထားသည့္အေရွ႕ခန္းက်ယ္သာရွိသည္။
အစ္မႏွင့္အေမကတစ္ခန္းအိပ္ကာ မမႏွင့္အႏူးက
ေနာက္တစ္ခန္းအိပ္ေလသည္။
ေယာက္်ားသားျဖစ္တဲ့ခ်မ္းေျမ့ကေတာ့
ဘုရားစင္ေအာက္ ျခင္ေထာင္'ေထာင္'ၿပီးသာအိပ္သည္။

မမကိုျမင္ေတာ့ တစ္ျခားအိမ္သားေတြပါရွိမလား
မ်က္လုံးကစားၾကည့္ေတာ့ နံေဘးမွမမကတခစ္ခစ္ရယ္လာ၏။

''ငါ့အျပင္တစ္ေယာက္ေယာက္ျမင္သြားမွာ
စိတ္ပူေနတာလား...ပူမေနနဲ႕..အိမ္မွာဘယ္သူမွမရွိဘူး
အႏူးကသူ႕ေလးေပ်ာ္နဲ႕လမ္းေလွ်ာက္သြားတယ္..
အေမကလည္း ပဲခင္းသြားၾကည့္တာခုထိျပန္မလာေသးဘူး"

မမရဲ႕ေျဖရွင္းခ်က္ၾကားမွ သူသက္ျပင္းခ်မိသည္။

''ဘယ္သူ႕မွေလွ်ာက္မေျပာနဲ႕ေနာ္ မမ"

''ေအးပါဟယ္...ခုနင့္ပုံစံက ရည္းစားခိုးထားတာလူမိသြားတဲ့အတိုင္းပဲ..
တကယ္ပဲ ခ်မ္းေျမ့မဟုတ္သလိုပဲ"

သူမရဲ႕စကားအဆုံး ခပ္ေယာင္ေယာင္ၿပဳံးလာတဲ့
ေမာင္ေၾကာင့္ ႐ႊင္လန္းမ်က္လုံးေတြဝိုင္းခနဲ...

''နင္သိၿပီးေတာ့တာလား"

''ဘာကိုလဲ"

''ကိုရွင္းျမတ္ဒီပါ ႐ြာမွာတာဝန္က်တာကိုေလ"

အသက္အတူတူပင္ျဖစ္လင့္ ရွင္းျမတ္ဒီပါက
႐ႊင္လန္းထက္အတန္းပိုႀကီး၍ ရိုေသသမႈနဲ႕
နာမည္မွာ 'ကို'တပ္ေခၚျခင္းပင္။

''မနက္ကေတြ႕လိုက္တယ္"

ျပန္ေတြးၾကည့္ေတာ့ ထိုလူကအရပ္ရွည္လာတာကလြဲရင္
အရင္လိုပဲ ခႏၶာကိုယ္ေလးကသြယ္သြယ္ေလးျဖစ္ေနဆဲ...
အင္း...အရင္ကထက္လည္းအသားပိုျဖဴလာတယ္။

''စကားေျပာျဖစ္ခဲ့ေသးလား"

''ဟင့္အင္း...သူငါ့ကိုမွတ္မိမယ္မထင္ပါဘူး မမရယ္"

''သူမွတ္မိခ်င္မွတ္မိမွာေပါ့...နင့္႐ုပ္က
ငယ္ကတည္းကဒီလိုပဲဟာ...႐ုပ္မွမေျပာင္းဘဲနဲ႕"

''သူမွတ္မိလည္းဘာလုပ္ရမွာလဲ၊
မဟုတ္လည္း သူနဲ႕ငါကမျဖစ္မေနေတြ႕ရမယ့္
ဆက္ဆံေရးမွမဟုတ္တာ"

''အံမယ္...ခုေတာ့နင္ဒီလိုေတြးၿပီေပါ့၊
ငယ္ငယ္ကေတာ့ ဒီလိုမဟုတ္ဘူးေနာ္နင္..
ကိုကို..ကိုကိုဆိုၿပီး ကိုရွင္းျမတ္ဒီပါသြားရာ
တေကာက္ေကာက္လိုက္တာ ဘယ္သူလဲ ေျပာ"

''မမ!"

''ဘာလဲ..ငါေျပာတာမဟုတ္လို႔လား၊
ကိုကိုတင္မကဘူး...သားကေလ သားကေလကပါေသး"

''မမ နင္ေတာ္ေတာ့ဟာ...
အေမျပန္လာရင္ၾကားသြားဦးမယ္"

''ၾကားသြားေတာ့ဘာျဖစ္လဲ...
အေမမၾကားရင္ ငါကၾကားေအာင္ေအာ္ေျပာမွာ"

''မမ နင္လြန္လာၿပီေနာ္"

ေမာင္ျဖစ္သူရဲ႕ပ်က္ယြင္းေနတဲ့မ်က္ႏွာကိုၾကည့္ကာ
႐ႊင္လန္းက အူျမဴးစြာအသံထြက္ေအာင္ပင္
တဟားဟားေအာ္ရယ္သည္။

''ဒီေမာင္ႏွမ ဘာေတြသေဘာက်ေနတာတုန္း"

အိမ္ေအာက္မွ႐ုတ္တရက္ထြက္လာတဲ့အေမ့သံေၾကာင့္
အိမ္ေပၚမွႏွစ္ေယာက္ရဲ႕ကိုယ္ေတြ တုန့္ခနဲ။
ထိတ္လန့္ေနတဲ့ခ်မ္းေျမ့မ်က္ႏွာကို
႐ႊင္လန္းကခပ္ညစ္ညစ္ၿပဳံးကာၾကည့္ရင္း

''အေမ...အေမ့သားကေလ"

''မမ"

ခ်မ္းေျမ့ကဟန့္ေလ ႐ႊင္လန္းကအူျမဴးေလ
ခ်မ္းေျမ့ရဲ႕ျပဴးလိုက္ၿပဲလိုက္မ်က္ႏွာကို ႐ႊင္လန္းက
အတန္ၾကာသေဘာတက်ၾကည့္ၿပီးကာမွ

''ဘာမွမဟုတ္ဘူး အေမ၊ဒါနဲ႕ အေမ
ဘယ္အခ်ိန္ကတည္းက ျပန္ေရာက္ေနတာလဲ၊
အသံမေပးဘာမေပးနဲ႕လန့္သြားတာပဲ"

ေျပာေျပာဆိုဆို ႐ႊင္လန္းကခ်မ္းေျမ့နံေဘးမွထကာ
အိမ္ေအာက္သို႔ဆင္းသြားေလသည္။

''အမယ္ေလးေတာ္ သူတို႔ကပဲလန့္ရတယ္ရွိေသး"

အေမနဲ႕မမရဲ႕ေရာက္တတ္ရာရာစကားေတြကို
နားစြင့္ကာ သူ႕အေၾကာင္းမပါမွခ်မ္းေျမ့ရင္ထဲက
အလုံးႀကီးက်သြား၏။

သူ႕မွာဒီလူ႕ေၾကာင့္ပဲ အၿမဲဖရိုဖရဲျဖစ္ရသည္
အၿမဲဒီလူ႕ေၾကာင့္ပါပဲ...

မဆီမဆိုင္မနက္ကရယ္ျပေနတဲ့မ်က္ႏွာေလးကို
ျပန္ျမင္ေယာင္မိေတာ့ ဘယ္ဘက္ရင္ဘတ္မွလႈပ္ခတ္သြား၏။

ခင္ဗ်ားအၿပဳံးက အရင္လိုၾကည္လင္ေအးခ်မ္းေနတုန္းပဲ...

.................................

''လင္းထက္ အဲ့ဒါဘယ္ကျပန္လာတာလဲ"

အိမ္ထဲသို႔မူမမွန္ေသာေျခလွမ္းေတြျဖင့္
အိမ္ထဲယိုင္တိုင္တိုင္ဝင္လာေသာညီျဖစ္သူေၾကာင့္
ရွင္းျမတ္ သြားတြဲကူရင္းဆိုလိုက္သည္။
ပုံစံျမင္ယုံႏွင့္ဘယ္အရပ္ကျပန္လာမွန္း သူတပ္အပ္သိေသာ္လည္း...

''အေမနဲ႕အေဖ ႐ြာေနာက္ပိုင္းသြားလို႔ေတာ္ေသးတယ္၊
မဟုတ္ရင္ မင္းေတာ့မလြယ္ဘူး"

''ကိုႀကီးမေျပာရင္ အေမလည္းမသိဘူး၊
အေဖလည္းမသိဘူး..."

အာေလးလွ်ာေလးသံျဖင့္ေျပာရင္း ရယ္ျပလာတဲ့ညီ...
အရက္နံ႕ေတြလွိုင္ထူေနသျဖင့္ တစ္ဖက္သို႔မ်က္ႏွာလႊဲမိသည္။
လင္းထက္က အၿမဲမူး႐ူးေနတာမဟုတ္ေပမယ့္
႐ြာမွာမဂၤလာရွိရင္ လူမွန္းမသိေအာင္ေသာက္ၿမဲ...

''သြား...အေမတို႔ျပန္မလာေသးခင္ေရျမန္ျမန္ခ်ိဳးလိုက္"

''ကြၽန္ေတာ္ မထနိုင္ေတာ့ဘူး"

အမွန္လည္း လင္းထက္ကအိမ္ေပၚတက္တဲ့ေလွကားမွာ
ေမွာက္လ်က္

''မင္းကေတာ့ လုပ္ၿပီ၊ေရမခ်ိဳးနိုင္ရင္ အခန္းထဲေအာင္းေနလိုက္ေတာ့"

ရွင္းျမတ္တို႔အိမ္က ႏွစ္ထပ္တိုက္အိမ္ျဖစ္၏။
႐ြာငယ္ေလးမွာတိုက္အိမ္ေဆာက္ထားတာ
ႀကီးက်ယ္လွတယ္ထင္နိုင္ေပမယ့္
ရွင္းျမတ္တို႔အေဖ ဦးဒီပါကဘိုးဖြားစဥ္ဆက္ခ်မ္းသာသည္ျဖစ္ရာ
မသိမသာေငြဂုဏ္ေမာက္၏။

''ကိုႀကီး အေမ့ကိုျပန္မတိုင္နဲ႕ေနာ္"

မူး႐ူးေနသူက ျပန္တိုင္မည္ေတာ့ေၾကာက္တတ္သား...
လင္းထက္ေၾကာက္သည့္အရာကိုသိေတာ့
ရွင္းျမတ္ၿပဳံးရယ္မိသည္...

နဂိုၾကည္လင္ေနတဲ့မ်က္ႏွာေလးက ၿပဳံးရယ္လိုက္ေတာ့
အသက္ (၃၁)ဟုပင္ထင္ရက္စရာမရွိေအာင္
ႏုနယ္ကာေအးခ်မ္းလ်က္...

အေပၚသို႔လန္တက္ေနတဲ့လင္းထက္ရဲ႕ပုဆိုးကို
ေအာက္ဆြဲခ်ကာ နံေဘးမွေစာင္ပါးေလးလႊမ္းၿခဳံေပးလိုက္သည္။
အရက္မူးၿပီးအိပ္ေပ်ာ္ေနတဲ့လင္းထက္ရဲ႕
အဆီအနည္းငယ္ျပန္ေနတဲ့မ်က္ႏွာကိုၾကည့္ရင္း

မနက္ကရိပ္ခနဲျမင္လိုပ္ရတဲ့ေကာင္ငယ္ေလးရဲ႕
မ်က္ႏွာေလးကို ျမင္ေယာင္မိေတာ့ ရွင္းျမတ္ရဲ႕ႏႈတ္ခမ္းပါး
ေလးက အေပၚသို႔မသိမသာေကြးတက္သြား၏။

ကေလးေလးက
ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာခဲ့တာပဲ....

....................................

Continue Reading

You'll Also Like

863K 58.5K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)
252K 40.5K 103
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
323K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
4.8M 530K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...