ဒီနေ့ ထုတ်ကုန်အသစ်နဲ့ပတ်သက်ပြီး meeting ရှိတာကြောင့် ရှောင်းကျန့်နဲ့ ကျိုးချန် အိမ်ပြန်နောက်ကျတယ်။ အိမ်တံခါးပွင့်သွားတာနဲ့ ရှောင်းကျန့်က အိမ်ထဲကို ဝေ့ဝဲကြည့်လိုက်ပြီး တစ်စုံတစ်ယောက်ကို အရင်ရှာဖွေမိတယ်။ တွေ့ပါပြီ သူ့ရဲ့ နှစ်ယောက်မရှိတဲ့ ရည်းစားလေးက ဆိုဖာထိုင်ခုံပေါ်မှာ အိပ်ပျော်နေတယ်။ TV ကလည်းပွင့်လျက်။ ရှောင်းကျန့်က အိပ်ပျော်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ရင်း ပြုံးမိသွားရတယ်။
*ကြည့်ပါဦး ဘယ်လောက်ချစ်ဖို့ကောင်းလဲ*
"ဒီကောင်လေးက အိပ်ကောင်းနေတယ်ပေါ့"
ကျိုးချန်က ပွစိပွစိပြောရင်း ဝမ်ရိပေါ်ဆီသွားကာ လှုပ်နှိုးမယ်လုပ်တော့ ရှောင်းကျန့်က အမြန်တားလိုက်တယ်။
"နေ..နေ.. မနှိုးနဲ့"
ဒါပေမယ့် နောက်ကျသွားပြီ။ ကျိုးချန်က ဝမ်ရိပေါ်ရဲ့ ပခုံးကိုကိုင်လှုပ်ပြီးသွားပြီ။
"ရိပေါ်! ထတော့!"
"အာာာာ... ကိုကိုတို့ပြန်ရောက်ပြီလား?"
"ဟင်? ဘာ?"
ဝမ်ရိပေါ်ရဲ့ အိပ်ချင်မူးတူးအသံနဲ့ 'ကိုကို' လို့ပြောလိုက်သလိုပဲ။ ကျိုးချန်က သေသေချာချာမကြားလိုက်တော့ ထပ်မေးလိုက်တယ်။
"ဪ... ငါတို့ ပြန်လာပြီလား မေးတာပါကွာ။ သွား... သွား... မင်း ရေသွားချိုးတော့။ ရိပေါ်လည်းနိုးပြီဆိုတော့ ငါလည်း အဝတ်လဲပြီး ဟင်းချက်ရဦးမယ်"
ရှောင်းကျန့်က ကမန်းကတန်း ပြောလိုက်ပြီး ကျိုးချန်ကို သူ့အခန်းဆီတွန်းထုတ်လိုက်ရတယ်။
ဝမ်ရိပေါ်က အိပ်ချင်မူးတူးနဲ့ ရှောင်းကျန့်နောက် တကောက်ကောက်လိုက်ကာ...
"ကိုကို~ ကိုကို~ နောက်နေ့တွေ ဝမ်ဝမ် ကိုကိုတို့ရုံးကို လိုက်ချင်တယ်~ "
"အိမ်မှာပဲ အေးအေးဆေးဆေးနေပါကွာ~ နော်~"
"အိမ်မှာ တစ်ယောက်တည်းနေရတာ ပျင်းလို့ သေတော့မယ်~ ကျောင်းတက်ဖို့ကလည်း လိုသေးတယ်လေ~"
ရှောင်းကျန့်က ရုံးကို တခြားသူ(ဝန်ထမ်းမဟုတ်သူ)ကို ခေါ်လို့ရမရ သူမသိဘူး။ ရှောင်းကျန့်က ညစာကိုပြင်ဆင်နေရင်း တွေးတွေးဆဆလေးပြောလိုက်ရတယ်...
"ကိုကိုက သာမန်ဝန်ထမ်းလေ၊ ကျိုးချန်ကို ပြောကြည့်ပါလား?"
ဝမ်ရိပေါ်က ရှောင်းကျန့်ကပဲ သူ့ကို ခေါ်စေချင်တာ။ ကျန်တာတွေက ကိစ္စမဟုတ်ဘူး။ ဒါ့ကြောင့် ရှောင်းကျန့်ရဲ့ အဖြေကို ဘဝင်မကျဘူး...
"ကိုကိုက ဝမ်ဝမ့်ကို မခေါ်ချင်လို့လား? ရုံးမှာ ဘယ်သူရှိလို့လဲ? ကိုကို အသစ်တွေ့နေတာလား?"
ဝမ်ရိပေါ်ရဲ့မှုန်မှိုင်းနေတဲ့မျက်နှာနဲ့ စူပုတ်ပြီးပြောလာတော့ ရှောင်းကျန့်မှာ ပျာယာခတ်သွားရပြီး အမြန်ရှင်းပြရတယ်။
"မဟုတ်ပါဘူးကွာ~ ကိုကို့မှာ ဝမ်ဝမ်တစ်ယောက်ပဲ ရှိတာပါ~ ကိုကိုက ခေါ်သွားချင်တာပေါ့... ဒါပေမယ့်..."
ဒီတော့မှ ဝမ်ရိပေါ်က ကျေနပ်သွားပြီး ရှောင်းကျန့်စကားမဆုံးခင်ပဲ...
"ဒါဆိုရပြီ!"
ညစာစားနေရင်း ဝမ်ရိပေါ်က
"အစ်ကိုကျိုးချန်... မနက်ဖြန် ရိပေါ် ရုံးလိုက်မှာနော်"
ဝမ်ရိပေါ်ရဲ့ စကားကိုကြားတော့ ကျိုးချန်က စားနေတဲ့ ထမင်းတောင်မျိုမကျတော့ဘူး။
"ဘာလိုက်လုပ်မလို့လဲ? အိမ်မှာပဲ နေစမ်းပါကွာ။
ငါ့ကို ဒုက္ခမပေးစမ်းပါနဲ့။ ငါက အားတာမဟုတ်ဘူး! ရုံးမှာ အမြဲရှိတာမဟုတ်ဘူး... တခါတလေ အပြင်ထွက်ရသေးတယ်"
ကျိုးချန်ရဲ့ ဘုဆက်ဆက်စကားကြောင့် ဝမ်ရိပေါ်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး...
"အစ်ကိုကျိုးချန် ရှိဖို့မလိုပါဘူး။ အစ်ကိုရှောင်းကျန့်ရှိရင်ရပြီ!"
ကျိုးချန်က စိတ်လေသွားရတယ်။
"ဒါဆို ဘာလို့ ငါ့ လာပြောနေသေးလဲ"
"အစ်ကိုဖြစ်နေလို့ အသိပေးတာ... ဟမ့်!"
"တော်သေးတာပေါ့... ငါ့ကို အစ်ကိုမှန်းသိသေးလို့... ဟွန့်!"
ရှောင်းကျန့်မှာ ညီအစ်ကိုနှစ်ယောက်ရဲ့ တိုက်ပွဲကို အမြန်တားဆီးလိုက်ရတယ်...
"ကဲ... တော်ကြပါတော့ကွာ... ထမင်းကိုပဲ အရင်ပြီးအောင်စားကြပါ"
ညစာစားပြီး သုံးယောက်သား TV ကြည့်နေရင်း ရှောင်းကျန့်က ဝမ်ရိပေါ်ကို
"ရိပေါ် ရေဘူးသွားယူပေးပါလား"
"ဟုတ်!"
ဝမ်ရိပေါ် မီးဖိုဆောင်ဘက် ထွက်သွားတာနဲ့ ရှောင်းကျန့်က ကျိုးချန်ကို တိုးတိုးလေးမေးလိုက်တယ်။
" ရိပေါ့်ကို ရုံးကို ခေါ်သွားလို့ရပါ့မလား?"
ကျိုးချန်က ရှောင်းကျန့်ကို 'အ' ရန်ကောဆိုတဲ့ အကြည့်ပစ်ပေးလိုက်ရင်း...
"သူ့အဖေက ဥက္ကဋ္ဌလေ!"
ဒီတော့မှ ရှောင်းကျန့်က ခေါင်းလေးညိတ်ရင်း
"အာာာ......ဟုတ်သား" လို့ရေရွတ်ရင်း
*ငါ တော်တော်တုံးတာပဲ* လို့တွေးမိသွားရတယ်။
×××
ရှောင်းကျန့်တို့ ရုံးရောက်တော့ မန်နေဂျာကြီးက သူတို့ဆီ လျှောက်လာတယ်။ မသိရင် သူတို့ကိုထွက်ကြိုနေသလိုမျိုးပဲ။ သူက ပြုံးရွှင်တဲ့ မျက်နှာထားနဲ့...
"ဥက္ကဋ္ဌက ဖုန်းဆက်ထားတယ်။ ဝမ်ရိပေါ်က အစ်ကိုတို့ဆီမှာ လာလေ့လာမယ်ဆိုလို့... "
ရှောင်းကျန့်က အဲဒီတော့မှ မန်နေဂျာကြီးက ဝမ်ရိပေါ်ကို ထွက်ကြိုမှန်းသိလိုက်ရတယ်။
ဝမ်ရိပေါ်ကလည်း ယဉ်ယဉ်ကျေးကျေးပြန်နုတ်ဆက်လိုက်တယ်။
"ရိပေါ်လို့ပဲခေါ်ပါ မန်နေဂျာကြီး"
"ကောင်းပါပြီ... ဒါနဲ့ ရိပေါ်.. အစ်ကို့ရုံးခန်းထဲမှာပဲနေလေ"
"အာ... ရိပေါ်က အစ်ကိုရှောင်းကျန့်ဆီမှာနေမှာ"
မန်နေဂျာက ရှောင်းကျန့်ကို စူးစမ်းတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ သူ့ဆီ မလိုက်ရင်တောင် ကျိုးချန်ဆီမှာနေရမှာမဟုတ်လား....?"
ဝမ်ရိပေါ်က မန်နေဂျာကြီးရဲ့ အတွေးကိုသတိထားမိတယ်...
"အစ်ကိုရှောင်းကျန့်က ရိပေါ်ရဲ့ဆရာပါ။ ရိပေါ် အထက်တန်း သုံးနှစ်လုံး အစ်ကိုရှောင်းကျန့်က ရိပေါ့်ကိုစာသင်ပေးခဲ့တာ"
"ဪ... ဒီလိုလား... ဆရာတပည့်ဆိုတော့ပိုကောင်းတာပေါ့။ ဒါဆိုလည်း ရှောင်းကျန့်ရေ... ရိပေါ်ကို သေသေချာချာလေး သင်ပြပေးလိုက်ပါဦးကွာ"
မန်နေဂျာက နားလည်သွားပြီး ရှောင်းကျန့်ပခုံးကို ပုတ်ကာပြောလိုက်တယ်။
ရှောင်းကျန့်ကလည်း လက်ခံကြောင်း ခေါင်းညိတ်ပြလိုက်တယ်။
ကျိုးချန်ကတော့ ရှောင်းကျန့်ကို သနားစရာလိုကြည့်ပြီး...
"မင်း ဝဋ်ဒုက္ခက မသေးဘူးနော်... တရုတ်မှာတင်မဟုတ်ဘူး... အမေရိကားထိပါလာတာ"
ရှောင်းကျန့်က တစ်ခုခုပြောရန်ပြင်တုန်း ဝမ်ရိပေါ်က စိတ်ဆိုးစွာနဲ့ ကျိုးချန်ကို အော်ပြောလိုက်တယ်။
"ဘာ ဝဋ်ဒုက္ခမှ မဟုတ်ဘူး!"
ပြီးတော့ ရှောင်းကျန့်ဘက်လှည့်ကြည့်ပြီး ညှိုးငယ်တဲ့ မျက်နှာနဲ့...
"ဟုတ်တယ်မလား~~အစ်ကိုရှောင်းကျန့်~~"
ရှောင်းကျန့်လည်း ဝမ်ရိပေါ် စိတ်မကောင်းဖြစ်သွားတာမြင်တော့ ဝမ်ရိပေါ်ဘက်က ပြောပေးရတာပေါ့...
"အင်း... အင်း... ဘာ ဝဋ်ဒုက္ခမှ မဟုတ်ဘူး...
ကျိုးချန်ကလည်းကွာ... ရိပေါ်ကို ဘာတွေလျှောက်ပြောနေတာလဲ... ကလေး စိတ်မကောင်းအောင်"
ကျိုးချန်ကတော့ သူ့ကိုဆို ကျားတစ်ကောင်လို မာန်ဖီပြပြီး ရှောင်းကျန့်ဆိုရင် ကြောင်ပေါက်လေးလိုအားနည်းတဲ့ပုံစံနဲ့ အမျိုးစုံ ကြိုးခုန်နေတဲ့ရိပေါ်ကို ဩချမိပါရဲ့။ ရိပေါ် ဘာလုပ်လုပ် အလိုလိုက်နေတဲ့ ရှောင်းကျန့်ကိုလည်း နားမလည်တော့ဘူး။ ခေါင်းလေးခါပြီး သူ့ရုံးခန်းဘက်ထွက်သွားလိုက်တော့တယ်။ ဘာပဲဖြစ်ဖြစ် ဝမ်ရိပေါ် သူ့လက်ကလွတ်ရင် ပြီးတာပဲ။
ရုံးက ဝန်ထမ်းတွေကတော့ အသက်ငယ်ငယ် ခပ်ချောချောကောင်လေးတစ်ယောက် ရောက်လာတော့ စိတ်ဝင်တစားလိုက်ကြည့်ကြတယ်။ တစ်ချို့က ရှောင်းကျန့်ဆီလာပြီး မေးမြန်းစပ်စုကြတယ်။
"ရှောင်းကျန့် သူလေးကဘယ်သူလဲ? "
"ငါတို့နဲ့မိတ်ဆက်ပေးဦး"
"ဝမ်ရိပေါ်တဲ့။ ဥက္ကဋ္ဌရဲ့သားလေ။ လုပ်ငန်းခွင်လေ့လာရေးလာတာ"
ဥက္ကဋ္ဌရဲ့ သားဆိုတာနဲ့ အသိမိတ်ဆွေ ဖွဲ့ချင်ကြတယ်။
"ဪ... ဟုတ်လား... သိချင်တာရှိရင် အစ်မတို့ကိုလည်းမေးလို့ရတယ်နော်"
ဝမ်ရိပေါ်က မရယ်မပြုံးမျက်နှာနဲ့ ပြောလိုက်တယ်။
"ဟုတ်. ကျေးဇူးပါ. အစ်ကိုရှောင်းကျန့်ကိုပဲ သိချင်တာမေးလိုက်ပါ့မယ်"
ဝမ်ရိပေါ်ရဲ့ အေးစက်စက်လေသံကြောင့် ဥက္ကဋ္ဌရဲ့သားက အရောဝင်ဖို့ မလွယ်မှန်းအကဲခတ်မိသွားကြတော့ ခပ်မြန်မြန်ပဲ သူတို့စားပွဲဆီပြန်သွားကြပြီး အလုပ်လုပ်နေကြတော့တယ်။ ဥက္ကဋ္ဌရဲ့သားက လက်သည်းဝှက်ထားတဲ့ ကြောင်လေးလိုပဲ။ သွားစတာနဲ့ ကုတ်မယ့်သဘောရှိတယ်။
ရှောင်းကျန့်က သူတာဝန်ယူရတဲ့ Finance ပိုင်းနဲ့ ပတ်သက်ပြီး ဝမ်ရိပေါ်ကို ရှင်းပြပေးတယ်။ ဝမ်ရိပေါ်ကလည်း စိတ်ဝင်တစားနဲ့ သင်ယူတယ်။ သူသိချင်တာရှိရင် ရှောင်းကျန့်ကိုမေးတယ်။
နေ့လည်စာစားရန် ကျိုးချန်က ရှောင်းကျန့်တို့ကိုလာခေါ်တော့ သူမြင်ရတဲ့မြင်ကွင်းက ကြက်သီးထစရာ။ ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ ရင်ခွင်ထဲရောက်တော့မယ်။ သူသိသလောက် ရှောင်းကျန့်က ဒီကိုရောက်ကတည်းက လုပ်ဖော်ကိုင်ဖက်တွေကို ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံပေမယ့် အနားကပ်ခံတာမဟုတ်ဘူး။ ဒီဆရာတပည့်က အရမ်းအရမ်းကို ရင်းနှီးနေကြသလားလို့...
*ငါထင်သလိုများဖြစ်နေမလား...*
ကျိုးချန်က မျက်စိကိုစုံမှိတ်ပြီး ခေါင်းကိုခါရမ်းလိုက်တယ်။
*မကောင်းတဲ့အတွေးတွေ ထွက်သွားစမ်း!*
ရုံးကန်တင်းမှာ နေ့လယ်စာ စားနေကြတုန်း ရှောင်းကျန့်နဲ့ အသက်တူလောက်ရှိတဲ့ လှပတဲ့ အမျိုးသမီးတစ်ဦးက ရှောင်းကျန့်တို့စားပွဲမှာလာထိုင်တယ်။ ချိုသာတဲ့အသံလေးနဲ့...
"ရှောင်းတို့လည်း နေ့လည်စာစားတာ နောက်ကျလိုက်တာ"
ရှောင်းကျန့်က အလိုက်အထိုက်ပဲ ပြန်ပြောရတယ်..
"ဟုတ်တယ်... အလုပ်မပြီးသေးတာနဲ့။ လိချင်လည်း နောက်ကျတယ်နော်"
"အွန်း... Customers complaints တွေဖြေရှင်းနေရလို့"
ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့ လိချင်ကို အကဲခတ်နေတယ်။ ကျိုးချန်ကို နုတ်မဆက်ဘဲ ရှောင်းကျန့်ကိုပဲ ရွေးပြီးနုတ်ဆက်တယ်လေ။ သူ့ကိုတောင်မမြင်ဘူး။ ပြီးတော့ သူမက ရှောင်းကျန့်ကို ခိုးခိုးပြီးကြည့်နေသေးတယ်။ ခေါ်တာကလည်း ရှောင်းတဲ့။ ရှောင်းကျန့်ကတော့ ဘာကိုမှသတိမထားမိဘဲ နေ့လည်စာစားနေတယ်။ ဝမ်ရိပေါ်ရဲ့ နေ့လည်စာက ဘာအရသာမှ မရှိတော့ဘူး။
"အစ်ကိုရှောင်းကျန့် ဒီနားမှာ စားလို့ကောင်းတဲ့ဆိုင်မရှိဘူးလား? ရိပေါ် ဒီဟင်းတွေမကြိုက်ဘူး"
ရှောင်းကျန့်က အံ့ဩသွားရတယ်။ ဒီနေ့ ကန်တင်းက ဟင်းတွေကကောင်းပါတယ်။ ဝမ်ရိပေါ်က မကြိုက်ဘူးဆိုမှတော့...
"ရှိတယ်လေ... ရိပေါ်ဒါတွေမစားချင်ရင်လည်း အပြင်မှာသွားစားရအောင်..."
ရှောင်းကျန့်က ရိပေါ်ကိုခေါ်ပြီး ဘယ်သူ့ကိုမှလှည့်မကြည့်ဘဲ ထွက်သွားတယ်။
ကျိုးချန်က မျက်လုံးလှန်ကြည့်လာတယ်။ ဒါ ရှောင်းကျန့်ဟုတ်ပါတယ်နော်။ အပိုပိုက်ဆံ ကုန်မှာစိုးလို့ အပြင်ဆိုင်မှာ ဘယ်တုန်းကမှ မစားတဲ့သူကလေ...။ ပိုဆိုးတာက ရှောင်းကျန့်က သူ့ကိုတောင်မခေါ်ဘဲ ရိပေါ်တစ်ယောက်တည်းကိုပဲ ခေါ်ပြီးထွက်သွားတယ်။ သွေးတောင် အန်ချင်သွားရတယ်။ ဒါကြီးက ချစ်သူကောင်မလေးကို ကောင်လေးက အလိုလိုက်အကြိုက်ဆောင်နေတာနဲ့ တူနေသလားလို့!
လိချင်က အဲဒီအခါကြမှ ဝမ်ရိပေါ်ကို သတိထားမိသွားတယ်။ ဒီ ငယ်ငယ်ချောချော ကောင်လေးက ဝန်ထမ်းမဟုတ်လောက်ဘူး။ ရှောင်းကျန့်က ဂရုစိုက်ရလောက်အောင် ဘယ်သူလဲဆိုတာ သိချင်လာတယ်။
"ကျိုးချန်... ရှောင်းဘေးက ဘယ်သူလေးလဲ?"
"ဝမ်ရိပေါ်လေ... ဝမ်ဥက္ကဋ္ဌသား!"
"ဪ ဒါ့ကြောင့် ရှောင်းက ဂရုစိုက်ပေးနေတာကိုး..."
လိချင်က ရိုးစင်းစွာပဲတွေးလိုက်တယ်။ ဥက္ကဋ္ဌသားဆိုတော့ ရှောင်းကျန့်က ဂရုစိုက်ပေးရမှာ ထုံးစံပဲပေါ့။
ကျိုးချန်လဲ ပြောပြီးတာနဲ့ နေ့လည်စာကို လက်စသတ်လိုက်ပြီး ထလာလိုက်တော့တယ်။ ဒီတစ်ယောက်ကလည်း ရှောင်းကျန့်မရှိမှ သူ့ကိုသတိရတော့တယ်။ ဝမ်ရိပေါ်ကိုလည်း သူ့ညီလို့ ပြောပြရင် မယုံနိုင်လောက်ဘူး... သူ့ကို တစ်ချက်တောင် လှည့်မကြည့်ပဲ ထွက်သွားတာလေ...
*ဟူးးးးးး ငါ့ဘဝကြီးကလည်း လွယ်ကူမနေပါဘူး...*
____________________TBC
Photos credit to original uploaders.