Falling For You

By KThiMOo

124K 9.7K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
.
17
18
19
20
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

21

2.6K 227 9
By KThiMOo

ဝမ်ရိပေါ်တစ်ယောက် စိတ်ကောက်တယ်လည်းမဆိုသာ စိတ်ဆိုးနေတာလည်းမဟုတ်တဲ့ အမူအယာတွေနဲ့ ရှောင်းကျန့်ကို ဆန္ဒပြနေတယ်....
ရှောင်းကျန့်တစ်ခွန်းဆို တစ်ခွန်းပဲလုပ်နေတဲ့ကောင်လေးက နှုတ်ခမ်းတွေကိုတင်းတင်းစေ့နေပုံကိုကြည့်ရတာ သူမကျေမနပ်ဖြစ်နေပါတယ်ပေါ့....။

မနေ့ကပင်လယ်ထဲခေါ်သွားတဲ့အရှိန်နဲ့ ညဘက်ကျ ရိပေါ်ကိုယ်တွေပူပြီးအဖျားတက်လာတယ်....တစ်ညလုံးကယောက်ကတမ်းဖြစ်နေတဲ့ရိပေါ်ကြောင့် ရှောင်းကျန့်မှာမိုးလင်းပေါက်ထိပင်သေချာမအိပ်ရဘူး....၊
ရှောင်းကျန့်မှမဟုတ်ဘူး လိုအပ်သမျှလှမ်းလှမ်းခိုင်းနေရတဲ့ ခြံစောင့်ဦးလေးပါမနေရတာ....။

မနက်ရောက်ခါနီးမှ အဖျားကျပြီးအဆင်ပြေသွားတဲ့ ဝမ်ရိပေါ်ကတော့ သူမလုပ်ချင်တာအတင်းလုပ်ခိုင်းလို့ မကျေနပ်ပါဘူးဆိုတဲ့အမူအယာနဲ့ ရှောင်းကျန့်ကိုအဖက်မလုပ်တော့ဘူး....။

"ပစ္စည်းတွေစုံပြီလား"

"စုံပြီ"

"ဒါဆို ဦးလေး ကျွန်တော်တို့ပြန်မယ် ခြံကိုစောင့်ရှောက်ပေးထားပါအုံး"

"ဟုတ်ကဲ့ပါသူဌေး စိတ်ချပါ....ကောင်လေးနောက်တခါလဲလိုက်ခဲ့အုံး နော့"

ခြံစောင့်ဦးလေးက ရိပေါ်ကိုဘာထင်နေလို့လဲမသိ နောက်တခါပါလိုက်ခဲ့ဖို့ခေါ်နေတယ်....
ရိပေါ်ကတော့ မချိပြုံးလေးပြုံးပြရင်း စိတ်ထဲကနေမှ....

*တော်ပါပြီ ဟွန့်....

ကားပေါ်မှာလည်း တစ်လမ်းလုံးရှောင်းကျန့်ကိုစကားမပြောလာပေမဲ့ ရှောင်းကျန့်ပေးသမျှမုန့်တွေတော့စားလာခဲ့တယ်....
စားလိုက် အိပ်လိုက်နဲ့လုပ်လာတာများ ရှောင်းကျန့်ကို ပင်ပန်းနေလားဘော့စ်လို့တစ်ခွန်းမှ မေးမလာခဲ့ဘူး....

အလုပ်တွေကိုယွီပင်းနဲ့လွှဲခဲ့ပေမဲ့ noti off ထားတဲ့ ရှောင်းကျန့်ရဲ့ဖုန်းဟာ မြို့ထဲအရောက်မှာ ပြန်ဖွင့်လိုက်တာနဲ့ စုပြုံပြီး အသံတွေထွက်လာတယ်....

ရိပေါ်ကို ဒီနေ့တစ်ရက်နားစေချင်ပေမဲ့ အခွင့်အရေးမယူတတ်တဲ့ကောင်လေးက အလုပ်ပဲသွားပါမယ်ဆိုတာကြောင့် ဆိုင်ကိုပဲမောင်းလာခဲ့တယ်...သို့ပေမဲ့ ဆိုင်ရှေ့ရောက်ရင်ချော့မယ်ဆိုတဲ့ရှောင်းကျန့်ရဲ့အတွေးဟာလဲ ရပ်တန့်သွားခဲ့တယ်....၊ဘာ့ကြောင့်လဲဆို ဆိုင်ရှေ့ကားအရပ်မှာပဲ မားနဲ့ယွင်အာထွက်အလာနဲ့တိုးသွားတာမို့ ရှောင်းကျန့်ဟာကျစ်စုပ်လိုက်မိသည်.....

"ကျန့်ကျန့် ဒီကောင်လေးကသားရဲ့ကားပေါ်ဘယ်လိုရောက်နေတာလဲ"

ကားပေါ်မှဆင်းလာတဲ့ရိပေါ်ကို လက်ညိုးထိုးပြီးမေးလာတဲ့မားကြောင့် ရှောင်းကျန့်စိတ်ညစ်သွားသည်....တကယ်ဆို ဝမ်လေးနဲ့မားတို့ထိပ်တိုက်တွေ့ဖို့စောလွန်းနေတာမို့....။

"ကျွန်တော်ခေါ်သွားတာမား ရိပေါ် ဆိုင်ထဲဝင်တော့နော်"

"ဟုတ် သွားလိုက်ပါအုံးမယ်ခင်ဗျ"

ရှောင်းကျန့်တို့ကြားထဲ ရို့ရို့ကျိုးကျိုးထွက်သွားတဲ့ရိပေါ် ဆိုင်ထဲဝင်သွားတာသေချာပြီဆိုမှ....

"ကျွန်တော်လဲ ကုမ္ပဏီသွားတော့မယ်မား"

မားတို့ကိုနှုတ်ဆက်ပြီးတာနဲ့ ရှောင်းကျန့်လဲပြန်ထွက်လာခဲ့တော့သည်....၊ ကျန်ခဲ့သူယွင်အာကတော့ ဆိုင်ထဲကိုတလှည့် ထွက်သွားသော ရှောင်းကျန့်ရှိရာတလှည့်ကြည့်ရင်း အဓိပ္ပာယ်မည်မည်ရရမရှိသော အပြုံးတစ်ခုဖြင့်.....။

...

"ရိပေါ် မင်းကိုသူဌေးဘယ်ခေါ်သွားတာလဲ"

"ဟင် မင်းတို့ကဘယ်လိုသိတာလဲ"

"ဟဲ့ ဘယ်လိုသိရမှာလဲ နင်သူဌေးကားပေါ်တက်သွားတာ မြင်လိုက်တဲ့သူရှိတယ် အခုဆိုဆိုင်မှာပွနေတာပဲ ဝမ်ရိပေါ်က သူဌေးကိုဘာတွေမြူစွယ်ထားလဲမသိဘူးဆိုပီး"

"ချီးကို ငါကဘာလို့မြူစွယ်ရမှာလဲဟ ဘော့စ်ခိုင်းတာ လိုက်လုပ်နေရတာကိုး လူတွေကလဲနော်"

ရိပေါ် ဝန်ထမ်းတွေပစ္စည်းထားရာ locker ခန်းထဲရောက်တာနဲ့ အနောက်ကနေလိုက်လာတဲ့ ဖန်ရှင်းနဲ့ချီချီက ရိပေါ်ကိုတန်းပြီးဖောက်သည်ချကာ သူတို့သိချင်တာမေးပါတော့တယ်....
ရိပေါ်ရဲ့ကောလဟာလတွေကြောင့် ဆိုင်ထဲဝင်လိုက်တာနဲ့ ကြည့်လာတဲ့မျက်လုံးတွေက ထူးဆန်းနေပါတယ်လို့...

"အစ်မကျူးကျူးရော ဘာပြောသေးလဲ"

"ဘာမှတော့မပြောဘူး"

"အင်း ဘော့စ်က သူ့ကိစ္စတွေဝိုင်းကူလုပ်ဖို့ အစ်မကျူးကျူးကိုကြိုပြောထားတယ်ထင်တယ်"

"ဒါနဲ့သူဌေးကရော မင်းကိုဘာလို့သူသွားလေရာခေါ်ခိုင်းနေရတာလဲရိပေါ် တကယ်ဆို မင်းအလုပ်က သူ့ PA မဟုတ်ဘူးလေ"

"အေးလေ ဟုတ်တယ် တကယ်ဆို တရားမဝင်ဘူးရိပေါ်"

"ဟူး...ငါသိပါတယ်ကွာ တကယ်တော့ ဟိုတလောက ငါမူးပြီး ဘော့စ်ကိုပြောချင်ရာတွေဇွတ်ပြောပြီး သူ့အပေါ်အန်ချမိသွားတယ်ကွ....ဇာတ်လမ်းကအဲကစတယ်ပဲပြောရမလား သူဌေးတစ်ယောက်အပေါ်အဲလိုလုပ်မိလို့ အပြစ်ဒဏ်ခံယူမလား သူခိုင်းဖို့ခေါ်တဲ့အချိန် အမြဲအဆင်သင့်ဖြစ်နေမလားရွေးချယ်ခိုင်းတာနဲ့ ငါလဲသူခိုင်းတာပဲလုပ်မယ်လို့ရွေးလိုက်မိတာ အဲဒါပဲ....မင်းတို့သိတယ်မလား ဒီမှာက လစာလဲအဆင်ပြေ လုပ်ရတာလဲအဆင်ပြေဆိုတော့ ဒီကနေ ဘယ်မှမသွားချင်တော့ဘူးကွ"

"မင်းဟာကလဲကွာ....သူဌေးကမဟုတ်တာတော့မလုပ်ဘူးမလား"

"မလုပ်ပါဘူး တခါတလေဇီဇာကြောင်တတ်ပေမဲ့ ဘော့စ်ကသဘောကောင်းပါတယ် ငါ့ကိုခေါ်ခိုင်းတယ်ဆိုတာလဲ အထုတ်သယ်ဘာညာလောက်ပါပဲ"

"အင်း တော်သေးတာပေါ့"

ထိုနေ့ကတော့ ရိပေါ်တစ်ယောက် စပ်စုချင်တဲ့မျက်လုံးတွေကြား ရှောင်ရှားပြီး အလုပ်လုပ်ခဲ့ရသည်....။

.........



"ပါပါး! ကျွန်တော်ပြန်လာ....ဟင် ဒါက ဘာတွေလဲ"

ရိပေါ် အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ပြောင်းလဲသွားတဲ့ပရိဘောဂပစ္စည်းတွေကြောင့် အံ့အားသင့်သွားသည်....၊
နဂိုသစ်သားဆက်တီခုံတွေအစား ပျော့ပျော့အိအိဆိုဖာခုံတွေ၊ နဂို tv သေးသေးအစား နောက်ဆုံးပေါ် နံရံကပ် tv၊
ပြီးတော့ ကြမ်းပြင်မှာခင်းတဲ့ကောဇောကအစပြောင်းလဲနေတာ.....

"သား ပြန်လာပြီလား"

"ပါပါး ဟင်! ပါပါး ဝှီးချဲက?"

"ငါ့သားကတော့ကွာ....ဒါ သားရဲ့သူဌေးက သားအလုပ်မှာတော်လို့ဆုချတာဆိုပြီး လာပြင်ဆင်ပေးသွားတာလေကွာ ပါပါးတို့မှာ ရုတ်တရတ်ကြီး သားသူဌေးရဲ့အတွင်းရေးမှူးဆိုတဲ့သူရောက်လာလို့ လန့်သွားတာပဲ အစက အလုပ်မှာအဆင်ပြေတယ်လို့ပြောခဲ့တဲ့သားရဲ့စကားကို ပါးစိတ်ချမ်းသာအောင်ပြောခဲ့တာလို့ပဲထင်ခဲ့တာ"

"ဟင်..."

"အော် ပြီးတော့ရှိသေးတယ် ပါးကိုဝှီးချဲလဲပေးသွားရုံမကဘူး ပါးရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ကုသဖို့ဆေးရုံမှာစာရင်းပေးထားပြီးပြီ သားရဲ့ကုမ္ပဏီက လစဉ်ထောက်ပံ့မယ်တဲ့ အင်း.....အခုလိုဆိုတော့ သားကိုပါပါးစိတ်ချလို့ရပြီထင်ပါရဲ့ သားလည်းဆက်ကြိုးစားနော် သားရဲ့မာမားလဲဝမ်းသာနေတယ်သိလား"

ပါပါးကသာပြောနေ ရိပေါ်ဖြင့် လုံးဝလိုက်လို့ကိုမမှီတော့တာ....ဘော့စ်က သူ့ကိုဘာလို့ဒီလိုတွေလုပ်ပေးနေရတာလဲ....။

"ဟုတ် ပါပါးတို့အဆင်ပြေတယ်ဆို သားကရပါတယ် ဒါဆို သားခဏသွားနားလိုက်အုံးမယ်နော်"

ရိပေါ်သူ့အခန်းထဲရောက်ပြီဆိုတာနဲ့ ယွီပင်းကောဆီဖုန်းခေါ်ပေမဲ့ မကိုင်တာမို့ ဘော့စ်ဆီပဲတိုက်ရိုက်ဖုန်းခေါ်လိုက်ရတော့သည်.....

📲ဟယ်လို

📲 ဘော့စ် ဘာလို့ ကျွန်တော့အိမ်ကို မပြောမဆို လာလုပ်သွားရတာလဲခင်ဗျ

📲 ဘာကိုပြောတာလဲရိပေါ်

📲 ကျွန်တော့်အိမ်မှာ ပစ္စည်းတွေလာချိန်းသွားတာရော ပါပါးကျန်းမာရေးကိစ္စရောလေ

📲 ဟုတ်လား? ယွီပင်းစီစဉ်သွားတာထင်တယ်

ရှောင်းကျန့်စကားကြောင့် ယွီပင်းမျက်လုံးပြူးပြီး သူ့ကိုယ်သူလက်ညိုးထိုးပြသည်....

📲 ဘာပဲဖြစ်ဖြစ်ရိပေါ်ဘာမှတွေးမနေပါနဲ့ သူစီစဉ်ပေးတာဆိုလဲ လက်ခံထားလိုက်

📲 မဟုတ်ဘူးလေဘော့စ် ဒါက....

📲 ကိုယ်အလုပ်များနေလို့ရိပေါ် ပြောစရာမရှိရင် ဖုန်းချပြီ


တီ တီ တီ!!!....

📲 မဟုတ် ရှိတယ်လေ အိုက်ယား....

*အဲဘော့စ်ကလဲ!!!!!





"ဘော့စ် ကောင်လေးကကျွန်တော့ဆီဖုန်းတွေခေါ်လာပြီ"

ယွီပင်းက သူ့ရဲ့ဖုန်းကို ဘော့စ်ရဲ့မျက်နှာရှေ့ထိုးပြလာတယ်....

ယွီပင်းက ရိပေါ်ရဲ့အိမ်တွင်းရေးအခြေအနေအထိ စုံစမ်းလို့ရသမျှပြောပြလာခဲ့အခါ ဝမ်လေးတစ်ယောက်ပဲ ပိုက်ဆံရှာပြီး အိမ်ရဲ့အခြေအနေကိုထိန်းနေခဲ့ရကြောင်း သိခဲ့ရတယ်...

ငယ်ငယ်ရွယ်ရွယ်လေးနဲ့လေ....ရှောင်းကျန့်သိသိခြင်းဒေါသထွက်ရပေမဲ့ ရိပေါ်ကတော့ ဒါကိုနေသားကျနေဟန်ရှိနေပြီဖြစ်တယ်....
ရိပေါ်မာမားနဲ့အစ်ကိုကိုလည်း လောင်းကစားလုပ်တတ်မှန်းသိခဲ့ရတာကြောင့် ရှောင်းကျန့်တို့စီစဉ်ပေးခဲ့သမျှ ပြန်သွင်း ပြန်ရောင်းလုပ်လို့မရအောင် ဝယ်ယူသူဘောက်ချာမှာ ယွီပင်းနာမည်ပဲထည့်ခိုင်းဖြစ်ခဲ့သလို ပိုက်ဆံပေးရင် ရိပေါ်တို့သုံးလိုက်ရမည်မဟုတ်တာမို့ ပစ္စည်းတွေဝယ်ထည့်ပေးပြီး ရိပေါ်ပါပါးရဲ့ဆေးကုသမှုအတွက် တာဝန်ယူခဲ့တယ်ဆိုလဲမမှား....။

"ကြည့်ကောင်းအောင်ပဲပြောလိုက်ပါယွီပင်း တစ်ခုတော့ရှိတယ် သူ့တစ်ယောက်ကိုပဲဒီလိုလုပ်ပေးတယ်ဆိုတာမသိစေနဲ့"

"ဟုတ်ကဲ့ နားလည်ပါပြီဘော့စ်"

>>>

———————————————————————————-

Zawgyi




"ပစ္စည်းတွေစုံပြီလား"

"စုံပြီ"




*တော်ပါပြီ ဟွန့်....











...







"ဘာမှတော့မပြောဘူး"







"အင်း တော်သေးတာပေါ့"


.........





"သား ပြန်လာပြီလား"



"ဟင်..."





📲ဟယ်လို


📲 ဘာကိုပြောတာလဲရိပေါ်





📲 မဟုတ်ဘူးလေဘော့စ် ဒါက....



တီ တီ တီ!!!....


*အဲဘော့စ်ကလဲ!!!!!











>>>

Continue Reading

You'll Also Like

50.7K 9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
269K 17.5K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
21.6K 1.4K 34
Xello ဒီ Story မှာ ကိုယ်ရေးဖူးသမျှ Oneshort Fiction အားလုံး စုပေးပါမယ်ဗျ 💚🦋
150K 20.9K 15
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."