မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သေ...

By Dia_Vella

16K 716 109

မောင် မ ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေနဲ့မောင် ... More

Part1
Character မိတ်ဆက်
Part 2
Part3
Part_4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
တောင်းပန်စကားဆိုခြင်း

Part_5

635 31 2
By Dia_Vella

[Unicode ]

"ဒီတယောက်နဲ့ကရော ပြတ်ပြန်ပြီမလား''

TVကြည့်နေရင်း ရှင်းသန့်ဝတီရဲ့စကားကြောင့် မင်းထိုက်ဝဿန် လှည့်ကြည့်မိလိုက်ပါသည်

"ဘယ်တယောက်နဲ့လည်း''

မင်းထိုက်ဝဿန်ရဲ့ အူတူတူအကြည့်ကြောင့် ရှင်းသန့်ဝတီထရိုက်ချင်စိတ်ပင်ပေါက်သွားတော့သည်

"မိုးအိနွယ်ကိုလေ''

လူဆီနဂါးမျက်စောင်းများကျရောက်လာတော့သည် မင်းထိုက်ဿန်အတွက် ရည်းစားတယောက်ကို ၁လပြည့်အောင်တွဲဘူးလို့လား ၁လတောင်များနေပြီကို

"ရှင်းရာထူးထူးဆန်းဆန်း ငါဘယ်တုံးအတည်ချစ်ဖူးလို့လဲ''

"မသိပါဘူး ဒီတယောက်ကိုတော့တကယ်ချစ်တယ်ထင်နေတာ''

ဆူပုတ်ပုတ်နဲ့ပြောလာတဲ့ ရှင်းရဲ့မျက်နှာကို ကြည့်ပြီးတကယ်အသဲယားလာတော့သည်
'နင့်ကိုဆိုရင်တော့ ငါတကယ်အတည်ချစ်မှာပါရှင်းရာ'
မင်းထိုက်ဝဿန်ရဲ့စိတ်ထဲမှာ ထိုစကားများကိုမျိုသိပ်ထားရင်း

"တကယ်ချစ်မိတယ်ဆိုတာဘာလဲ အယုံအကြည်မရှိဘူး''

မင်းထိုက်ဝဿန်ရဲ့အပြောက စိတ်ထဲကနဲ့တခြားဆို  ဖြစ်နေလေသည်

"တော်စမ်းပါဟယ်''
ရှင်းသန့်ဝတီ မင်းထိုက်ဝဿန်ရဲ့စကားကိုမဲ့ပြုံး ပြုံးပြလိုက်ရင်း လက်ထဲကဖုန်းအပေါ် အာရုံပြန်ရောက်သွားတော့သည်

ခနအကြာ..

"အမလေး တဖုန်းလုံးလဲသူ့သတင်းတွေကြီး သူ့ပုံတွေကြီးပဲ အဲ့လောက်မာနကြီးတာကိုများ ဘာတွေကြိုက်နေကြလဲမသိဘူး''

ရှင်းသန့်ဝတီရဲ့ စိတ်ပျက်လက်ပျက် ပြောစကားသံကြောင့် တဖန်သူ့ကိုလှည့်မိသွားပြန်ရသည်

"ဘာဖြစ်လို့လဲ ရှင်းရဲ့''

"ဒီမှာလေဟယ် second yearက queenအကြောင်းပဲတတ်နေလို့ပါဟယ် ဟိုpostမှာလည်းမမမြိုင် ဒီpostမှာလဲမမမြိုင်နဲ့ မျက်စိတွေကိုနောက်လို့''

"ပြပါအုံး''

မင်းထိုင်ဝဿန် ရှင်းသန့်ဝတီကိုင်ထားတဲ့ ဖုန်းကိုလှမ်းယူလိုက်ရင်း မြန်မာဝတ်စုံကိုမှ ကျက်သရေရှိစွာ ဝတ်ဆင်ထားတဲ့ မိန်းကလေးတယောက်စာဖတ်နေသည့် ပုံပင် ဒီတိုင်းခိုးရိုက်ထားသည့်ပုံတောင် အတော်ကိုကြည့်ကောင်းလှပါသည်
အပြင်မှာဆို မည်မျှလှလိမ့်မည်ကိုပြောစရာပင်မလို

Captionမှာရေးထားတာက တိတ်တခိုးချစ်ရပါသော မမမြိုင်တဲ့ likeတွေ commentတွေကလည်းမနည်းမနော

Frist yearဖြစ်တဲ့ကျနော့်အတွက် မမမြိုင်ဆိုသောသူကိုမသိတာ အဆန်းမဟုတ်ပေ သို့သော်လည်း ကျနော့်ရဲ့cctvမလေးကတော့ သတင်းအစုံအလင်ကို သိရှိနေနှင့်ပြီးဖြစ်လိမ့်မည်

"တွေ့ပြီမလား ''

"ချောတာတော့အတော်ချောတယ်ဟ''

"သွားမှန်းမနေနဲ့ နင့်လိုအားတိုင်းယားတိုင်းplayနေတဲ့ အကောင်ကို ပြန်ကြိုက်မှာမဟုတ်ဘူး''

မဲ့ရွဲ့ကာပြောလာသော ရှင်းရဲ့မျက်နှာလေးက ကျနော့်ကိုမခံချင်အောင် ပြောနေမှန်းသိသာလေသည်

" ဘာလို့ပြန်မကြိုက်ရမှာလဲ ''

"အမလေး ဟိုကအချောလှပါရီရဲ့ဆိုတဲ့ အကောင်တွေကိုတောင်ငြင်းလာတာ နင့်လိုTom boyကိုဆိုပြန်ကြိုက်ပါလိမ့်မယ်''

အမှန်တော့ ရှင်းသန့် ထိုက်ကိုထိုကဲ့သို့မပြောချင်ပါ သူမသိပါသည် ထိုက်က သွန်းဆက်မြိုင်ကိုလိုက်နိုင်မှာကို ဒါပေမဲ့ ထိုက်သာ အတည်ချစ်မိသွားရင် ဟင့်အင်းမဖြစ်ဘူး

"မယုံဘူးလား လောင်းကြမလား''

"စိန်လိုက်လေ နင်သူ့ကိုအတည်ချစ်မိသွားရင် နင်ငါ့ကိုဒူးထောက်တောင်းပန်ရမယ် နင်သာအေးဆေးနေနိုင်တယ်ဆို နင်လိုချင်နေတဲ့ပြိုင်ကား ငါဝယ်ပေးမယ်''

"ချစ်မိတယ်ဆိုတာ မင်းထိုက်ဝဿန်ရဲ့ သမိုင်းမှာမရှိစေရဘူး''

မင်းထိုက်ဝဿန်ရဲ့ ထိုစကားကြောင့် ရှင်းသန့်ဝတီနည်းနည်းပျော်မိသွားပါသည် သူမပိုင်ဆိုင်ရသေးတဲ့ အချစ်ကိုဘယ်သူမှမပိုင်ဆိုင်ရသေးတာကောင်းပါတယ်

ဒါပေမဲ့...အနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာ ရှင်းသန်ဝတီသိခဲ့ရင် သူဒီစိန်ခေါ်ပွဲကြီးကို သူအရှုံးပေးခဲ့လိုက်မှာ အသေအချာပင်

လူတွေကကလည်းတယ်ခက်သကို အနားမှရှိတုံးကတော့ ခံစားချက်တွေကိုဖွင့်ဟမပြပေမဲ့ တခြားတယောက်နဲ့ပျော်ရွင်နေတာကိုမြင်မှ နောင်တရတတ်ကြတယ်လေ.....

'မြိုင်' 'မြိုင် '
ထိုက်ရဲ့ နားထဲမှာထိုအမည်လေးသည် ဘာရာ်ကြောက့်မသိ စွဲနေပါသည် ရှင်းပြန်သွားပြီးထဲက ထိုက်အတွေးနယ်ချဲ့နေတာအခုထိတိုင်

ရှင်းကိုမခံချင်လို့ စကားနိုင်လုခဲ့တာပဲ ရှိခဲ့တာပါ ထိုက်ဒီတယောက်ကိုတော့ အနည်းငယ်ရှိန်မိပါသည် ဘာရယ်ကြောင့်မှန်းမသိ သို့ပေမဲ့လည်း သူနိုင်အောင်မရရတဲ့နည်းနဲ့ လိုက်မည်ဖစ်သည် နောက်ကိစ္စနောက်ရှင်းပေါ့

ဒီအပိုင်းလေးတိုသွားနော် နောက်အပိုင်းကိုမြန်မြန်upပေးပါ့မယ်🌻🌻

================================================================
[Zawgyi ]



"ဘယ်တယောက်နဲ့လည်း''


"မိုးအိနွယ်ကိုလေ''







"တော်စမ်းပါဟယ်''

ခနအကြာ..





"ပြပါအုံး''




"တွေ့ပြီမလား ''













'မြိုင်' 'မြိုင် '
ထိုက်ရဲ့ နားထဲမှာထိုအမည်လေးသည် ဘာရ်ာကြောက့်မသိ စွဲနေပါသည် ရှင်းပြန်သွားပြီးထဲက ထိုက်အတွေးနယ်ချဲ့နေတာအခုထိတိုင်



Continue Reading

You'll Also Like

75.5K 1.7K 22
Another love story with another character from a show I watch. I chose Kaoru because, he's my favorite twin. Enjoy!!!! So this is about you and Kaoru...
7.2K 211 15
လောကကြီးကရှုပ်ထွေးတယ် ဘယ်အရာမှတရားမျှတမှုဆိုတာမရှိဘူး ဒါပေမဲ့ မင်းနဲ့အတူဖြတ်သန်းနိုင်ရမယ်ထင်ထားတာ မင်းငါ့ကို လှည့်စားခဲ့တယ်
539K 14.9K 134
Yes, I love to shift and I've shifted multiple times. I'll be sharing tips, methods and some of my shifting stories! Yes I cuss in almost every singl...
5.2M 470K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...