Falling For You

By KThiMOo

125K 9.8K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
.
17
19
20
21
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

18

2.6K 242 13
By KThiMOo

"ဟဲ့ ဘော့စ်က ယွင်မိန်းကလေးနဲ့စေ့စပ်တော့မှာဆို"

"ငါလဲအဲလိုပဲကြားတာပဲ X Group မှာလဲ ဒါပဲပြောနေကြတာ...ဒါနဲ့ ဝမ်ရိပေါ် နင်က ဘော့စ်နဲ့နဲနဲနီးစပ်တယ်မလား ဘော့စ်သတင်းဘာကြားသေးလဲ"

ပစ္စည်းတွေစီနေကြရင်း ဘော့စ်ရဲ့အကြောင်းပြောနေသူနှစ်ယောက်က သူတို့ဘာသာသူတို့ပြောတာအားမရလို့ ရိပေါ်ကိုပါဆွဲထည့်လာတယ်....

"ဟမ် မသိဘူးလေ အဲဒါကဘော့စ်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲ ငါလဲဘယ်သိမလဲ"

"နင်ကဘော့စ်နားအမြဲနေရတဲ့သူလေ သိမလားမေးတာပေါ့ ဒါမှမဟုတ် နင်လျှိုထားတာမလား"

"ဖြစ်ရတယ် ဘော့စ်ကသူ့ဘာသာသူနေတာ ငါကလဲသူများကိစ္စအလကားနေလိုက်မစပ်စုတတ်ဘူး သွားလိုက်ပါအုံးမယ် ဟွန့်"

ဝမ်ရိပေါ်နှာမှုတ်ပြီးထွက်သွားတော့ ကျန်နှစ်ယောက်ကစွေ့စွေ့ခုန်ပြီးကျန်ခဲ့ကြတယ်....ပြောကြအုံးမယ်ပြီးရင် ရိပေါ်ကဘော့စ်နားနေရလို့ ဘဝင်မြင့်တယ်ဆိုပြီး....

နေရာချင်းတောင်လဲလိုက်ချင်တယ်...ဘော့စ်နားနေရတာ ဘယ်လောက်စိတ်အိုက်ပြီး နှာခေါင်းသွေးလျှံချင်စရာကောင်း....

*အဲ... နှာဗူးမတွေပဲနှာခေါင်းသွေးလျှံမှာ ငါကဘာကိစ္စနဲ့လျှံရမှာလဲ...ဟုတ်တယ်...


တကယ်လဲ ဥက္ကဌရှောင်းရဲ့စေ့စပ်ပွဲသတင်းဟာ ကုမ္ပဏီမှာတင်မဟုတ် social media တခွင်မှာပါပြန့်နှံ့နေတယ်...

"တောက်! ဒီသတင်းဘယ်သူဖွတာလဲ"

"...."

"ယွီပင်း!!"

"ဟို...သတင်းစတင်တာက ယွင်လုပ်ငန်းစုဘက်ကပါဘော့စ် ဒါပေမဲ့ သူတို့ဘက်က မေမေကြီးရဲ့ခွင့်ပြုချက်ရလို့တင်တာလို့ပြောပါတယ်"

"ကျစ်! အာရုံပဲကွာ...အခုချက်ချင်းအဲသတင်းတွေဖြုတ်ချပစ် ဘယ်လောက်ကုန်ကုန်နော် နာရီဝက်အတွင်း ငါ့ရဲ့စေ့စပ်ပွဲသတင်းမှန်သမျှအကုန်ပျောက်တာမြင်ချင်တယ်ယွီပင်း မင်းကြိုးစားပေးအုံး"

"ဟုတ် ဘော့စ်စိတ်ချပါ"

ရှောင်းကျန့်ကိုနှုတ်ဆက်ပြီးတာနဲ့ ယွီပင်းကအခန်းထဲမှထွက်သွားသည်....နားထင်ကိုလက်နဲ့ထိုးဖိထားတဲ့ရှောင်းကျန့်က ဖုန်းကိုကောက်ကိုင်လိုက်ပြီး တစ်စုံတစ်ယောက်စီစာပို့လိုက်သည်...

📩 ဘာလုပ်နေလဲ!

"ကျစ် ဖုန်းကိုင်လို့မှမရတာပဲ"

📩 ကိုယ်နဲ့ပတ်သတ်တဲ့သတင်းတွေ ဘာသတင်းမှမယုံနဲ့

ရှောင်းကျန့်ကတော့ တစ်ယောက်ယောက်ကိုစိုးရိမ်စိတ်နဲ့စာပို့လိုက်တာပဲ...သိူ့ပေမဲ့ ထိုတစ်ယောက်ယောက်က ထမင်းစားချိန်လေးဖုန်းကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့စာကြောင့် ခေါင်းကုတ်ရင်း...တွေးစရာတွေအများကြီးဖြစ်နေတယ်....

*ဘော့စ်နဲ့ပတ်သတ်တဲ့သတင်းက တနေကုန်တက်နေတာလေ ဘာဖွင့်ပွဲလုပ်ပြန်ပီ၊ ဘယ်နားသွားလှူပြန်ပီ၊ ဘာပစ္စည်းထုတ်လိုက်ပြန်ပီ အဲဒါကို ဘာမှမယုံနဲ့ဆိုတော့ ဘာလဲ ဘော့စ်က လိမ်နေတာလား

............







"ဘာ! ငါ့သမီးရဲ့စေ့စပ်ပွဲသတင်းတွေကပျောက်သွားပြီဟုတ်လား"

"ဟုတ်တယ်အစ်ကိုကြီး ကျွန်တော်သတင်းတင်လိုက် ပျောက်သွားလိုက်ဖြစ်နေတာ ဟို ဥက္ကဌရှောင်းလုပ်နေတာများလား"

"ကြည့်ရတာ ရှောင်းကျန့်က ငါ့သမီးကိုလုံးဝစိတ်ဝင်စားပုံမရဘူး တခြားရည်းစားရှိတယ်လို့လဲမကြားမိပါဘူး ဘာပဲဖြစ်ဖြစ် ကောင်းမု မင်း ရှောင်းကျန့်ကိုစောင့်ကြည့်ထားပါ တစ်ခုခုထူးတာနဲ့ငါ့ကိုပြော"

"ဟုတ်ကဲ့ အစ်ကိုကြီးစိတ်ချပါ ဥက္ကဌရှောင်းက ယွင်အာလေးအတွက်ပဲဖြစ်စေရမယ်"

......

📲 ဝမ်ရိပေါ်ကို ဖုန်းပေးလိုက်

ရိပေါ်မှာ customer ကို ဆေးဆိုးတာ ဝိုင်းကူနေတဲ့အချိန် ဝမ်ရိပေါ် ဖုန်းလာနေတယ်ဆိုတဲ့ခေါ်သံကြောင့် တခြားလူကိုအစားထိုးခဲ့ပြီး ဖုန်းလာဖြေရသည်....ဆိုင်ဖုန်းကိုဆက်လာတာကြောင့် ထူးထူးဆန်းဆန်းဖြင့် ဖုန်းကိုင်လိုက်တော့....

📲ဟယ်လို

📲 ဝမ်ရိပေါ် ကိုယ်ပို့တဲ့စာကိုမဖတ်ရသေးတာလား

📲 ဗျာ!

ဖုန်းကိုနားမှခွါပြီး ဘယ်သူဘယ်ဝါခန့်မှန်းပေမဲ့ မသဲကွဲတာကြောင့် ကောင်တာကအစ်မကိုမေးကြည့်တဲ့အခါ....

"ဘော့စ်လေ.....ဘော့စ်"

📲 ဟယ်လိုဘော့စ် စာကဖတ်ပြီးပါပြီ

📲 ဒါဆို ဘာလို့စာမပြန်သလဲ

📲အဲဒါကလေ ဘော့စ်သတင်းတွေကအများကြီးဆိုတော့ ဘယ်ဟာကိုမယုံခိုင်းတာလဲမသိလို့ ဘာမှမပြန်တော့တာပါ

📲ကျစ် ဝမ်ရိပေါ်ကပါ ငါ့ကိုခေါင်းကိုက်အောင်လုပ်နေတာပဲ ထားလိုက်တော့ ညနေကျရင် ကိုယ်နဲ့တနေရာလိုက်ခဲ့ရမယ် ဝမ်ရိပေါ်ကိုလာခေါ်မှာမို့ အနောက်ဖက်အပေါက်ကစောင့်နေပါ ဒါပဲ

📲ဗျာ? ဟယ်လို ဟယ်လို ဟမ်း ဘာတွေပြောသွားမှန်းမသိပါဘူး

ဘာမှန်းမသိတဲ့ဝမ်ရိပေါ်က အလုပ်ပဲဆက်လုပ်နေလိုက်ပြီး...ညနေကျတော့ ဘော့စ်ပြောထားသလိုပဲ အနောက်ဖက်ကအပေါက်မှာစောင့်နေလိုက်သည်....

ရိပေါ်စောင့်ပြီးသိပ်မကြာခင်ပဲ ဘော့စ်ရဲ့ကားအနက်ကြီးက ရှေ့မှာဆိုက်ရောက်လာတယ်...
သို့ပေမဲ့ မောင်းသူနေရာကဘော့စ်ဖြစ်နေတော့...

"ဘာတွေရှာနေတာလဲ"

"ဟို...ယွီပင်းကော......"

"သူမပါဘူး တက်တော့ အချိန်မရှိဘူး"

"ကျွန်တော်မောင်းပေးရမလား..."

"မလိုဘူး ကိုယ်ပဲမောင်းမှာမို့ အခုကားပေါ်တက်တော့"

အဲဒါမှပြသာနာပါပဲ ယွီပင်းကောမပါတဲ့အခြေအနေမျိုးမှာ ဘော့စ်က သူ့ကိုဘယ်လိုတွေခိုင်းပြီး ဘယ်လိုတွေအဆူခံရအုံးမလဲမသိဘူး.......။

"အိမ်ကိုပြောလာလား အပြန်နောက်ကျမယ်ဆိုတာ"

"ဗျာ...ဟို ဘယ်သွားမှန်းမသိလို့ ဘာမှမပြောရသေးဘူး"

"ဒါဆို အခုလှမ်းပြောလိုက် သန်ဘက်ခါမနက်ကျမှ ပြန်လာမယ်လို့"

"သန်ဘက်ခါ? ဟို....ဘာဖြစ်လို့လဲဟင် ကျွန်တော့ကိုဘယ်ခေါ်သွားမလို့လဲ နောက်ပြီး အလုပ်လဲရှိသေးတယ်လေ ဆိုင်ကို ဘာမှလဲပြောမလာရဘူး အကယ်လို့....."

"ကျစ်! ဝမ်ရိပေါ် အလုပ်အတွက်မပူနဲ့ အခုလုပ်ရမှာက အိမ်ကိုပဲဖုန်းဆက်ဖို့ပဲ မင်းအိမ်ကစိတ်ပူနေလိမ့်မယ်မလား"

"ဟုတ် ပါပါးကတော့စိတ်ပူနေမှာ ပြီးတော့ သူ့ဝေယျာဝစ္စကိစ္စတွေအတွက် ဘာမှလည်းမစီစဉ်ခဲ့ရဘူး ဘော့စ်ကလဲ ကျွန်တော့ကိုဘာမှကြိုမပြောဘူးဆိုတော့"

"မင်းပါပါးအတွက်လည်းစိတ်မပူနဲ့ ကိုယ်ယွီပင်းကိုအဆင်ပြေအောင်လုပ်ဖို့ပြောထားတယ်"

ဘော့စ်ကအားလုံးစီစဉ်ပြီးသားဆိုတော့ ရိပေါ်လဲ ပါပါးဆီဖုန်းဆက်ပြီး အလုပ်ကိစ္စနဲ့ခရီးထွက်ရကြောင်းပြောရသည်....
မာမားဆီကိုတော့ စာပဲပို့ထားကာ အကြောင်းကြားလိုက်တယ်....၊

ရိပေါ်ဘက်ကစိတ်ချသွားပြီဆိုမှ ဘော့စ်ကကားကိုအာရုံစိုက်ပြီးပြန်မောင်းတယ်.....၊

ရိပေါ်တို့ထွက်လာသည်မှာ တဖြေးဖြေးမြို့ပြင်ဘက်ရောက်လာကာ ပတ်ဝန်းကျင်ကလည်း အမှောင်ကျလာတယ်.....၊

ဂွီ~~~~

တိတ်ဆိတ်နေတဲ့ကားကြောင့် ရိပေါ်ဆီက ဗိုက်ဆာသံကို ဘော့စ်ကလည်းကြားသွားတယ်ထင်တယ် တချက်လှည့်ကြည့်ပြီးတာနဲ့ ကားကိုလမ်းဘေးချရပ်လိုက်သည်....ပြီးတော့ ကားနောက်ခန်းကနေ ဆွဲအိတ်လိုအိတ်ကြီးတစ်ထုတ်လှမ်းယူကာ သူ့ပေါင်ပေါ်တင်လိုက်ပြီ....

"အခုသွားတဲ့လမ်းမှာ စားသောက်ဆိုင်တွေသိပ်မရှိဘူး အဲဒါကြောင့် ဟိုလ်တယ်က chef တွေကိုပဲစီစဉ်ခိုင်းလိုက်တယ် ဘာစားချင်လဲ ထမင်းလိပ်? tuna sandwich? "

*၂ခုလုံး......

"ထမင်းလိပ်ပဲစားပါမယ်"

"ဗိုက်ဆန့်ရင် ၂ခုလုံးစားလို့ရတယ် အရင်ဆုံးတော့ ထမင်းလိပ်စားကြတာပေါ့ မင်းပိုက်ထားတဲ့ကျောပိုးအိတ်ကိုအနောက်ပို့လိုက် အိတ်ထဲမှာဘာယူစရာရှိလဲ"

"ဟို...ဖုန်းနဲ့ နားကြပ်နဲ့"

"ဖုန်းပဲယူထား ရှိတာမှနှစ်ယောက်ထဲ မင်းနားကြပ်တပ်ထားရင် ကိုယ်ဘယ်လိုနေရမလဲ"

"ဟုတ်"

"ရော့ ဒါက နို့ဘူး မင်းနို့သောက်တယ်မလား"

"ဟင် သောက် သောက်ပါတယ် ကျေးဇူးပါဘော့စ်"


ဝမ်ရိပေါ်တစ်ယောက် ဘော့စ်ကျွေးတဲ့မုန့်တွေစားသာစားနေရတယ်....မျက်ခုံးကခပ်လှုပ်လှုပ်ရယ်...

ပါလာသမျှတစ်ခုခုပြီးတစ်ခုထုတ်ကျွေးလိုက် ပေနေတယ်ဆိုပြီးတစ်ရှူးယူပြီးသုတ်ပေးမလိုလုပ်လိုက်နဲ့ ရိပေါ်မနေတတ်တော့ဘူး...မသိရင် မူကြိုလိုက်ပို့ပေးတဲ့သားသည်မိခင်ကြီးနဲ့သူ့ကလေးလို့ပဲ ရိပေါ်ကထိုင်နေရင်း ဟိုဟာစားမယ် ဒီဟာစားမယ်ပြောရုံပဲ.....။

စားလို့သောက်လို့ပြီးသွားတော့ ရိပေါ်ကို ခြုံစောင်တစ်ခုပေးလာတယ် အေးလာပြီမို့ခြုံထားတဲ့ အိပ်ချင်လဲအိပ်တဲ့ ရောက်ဖို့ကလိုသေးတယ်ဆိုပဲ.....၊

ရိပေါ်ကမအိပ်ချင်ပါဘူး ဘော့စ်တစ်ယောက်ထဲကားမောင်းနေရတာမို့ အားနာတယ်လေ ဒါပေမဲ့ ဗိုက်အင့်တဲ့အထိစားမိသွားရင် ရိပေါ်ကအိပ်ငိုက်လာရော.......

......

"ရိပေါ် ဝမ်ရိပေါ် ရောက်ပီ ထတော့"

"အင်...ဟုတ် ဟုတ် ထပြီ"

အိပ်ချင်မူးတူးနဲ့ထလာတဲ့ဝမ်ရိပေါ်တစ်ယောက် ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်တော့ သူတို့ရောက်နေတာက တောင်ကုန်းအမြင့်ပေါ်မှာ  အပင်အုပ်အုပ်စိုင်းစိုင်းနဲ့ ခြံဝန်းတစ်ခုထဲရောက်နေတာတွေ့ရတယ်...

*လှလိုက်တာ.....

သစ်လုံးဘန်ဂလိုပုံစံနဲ့အိမ်ရှေ့မှာ ဘော့စ်ကအထုတ်တွေနဲ့စောင့်နေတာမို့ ရိပေါ်ထိုနားကိုအမြန်သွားပြီး အထုတ်ဝိုင်းသယ်ဖို့ပြင်လိုက်သည်...

"မင်းမသယ်နဲ့ ခဏနေခြံစောင့်လာလိမ့်မယ် ကိုယ်တို့အပေါ်လေသာဆောင်ပေါ်သွားကြမယ်"

ဘော့စ်ခေါ်ဆောင်ရာနောက်ကိုလိုက်သွားရတဲ့ဝမ်ရိပေါ်ကတော့ ခေါင်းတလည်လည် ပါးစပ်အဟောင်းသားနဲ့...

အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ ထင်းရှူးသားနဲ့လုပ်ထားတဲ့ ပရိဘောဂအစုံအလင်၊ မီးလင်းဖိုကလဲရှိပြန်တယ်....
ရုတ်တရတ်ဆိုသလို တောင်ပေါ်ဒေသအငွေ့အသက်လေးတွေရသွားသလိုပဲ.....

ဘော့စ်ပြောတဲ့ လေသာဆောင်ပေါ်ရောက်တော့ ရိပေါ်လုံးဝဟန်မဆောင်နိုင်လောက်တဲ့အထိပဲ လေသာဆောင်ရှေ့အစွန်းထိပြေးသွားကာ....

"ပင်လယ်ကြီး! ဘော့စ် အရှေ့မှာ ပင်လယ်ကြီးရှိနေတယ်"

ရိပေါ် ပင်လယ်တွေ့တာနဲ့ပျော်သွားတဲ့ ကလေးတစ်ယောက်လို လက်ညိုးထိုးပြီးဘော့စ်ကိုပါ လှမ်းပြောမိတော့ ဘော့စ်ကပြုံးပြီး ခေါင်းငြိမ့်ပြသည်.....

"ကျွန်တော်က တောင်ပေါ်ရောက်နေတယ်ထင်တာ....ဒီနေရာက ခံစားချက်နှစ်မျိုးလုံးရနေတာပဲ"

"ကြိုက်လား?"

ကားပေါ်မှာခြုံလာတဲ့ခြုံဆောင်ကို ရိပေါ်နောက်ကျောကနေခြုံပေးရင်းပြောလာတဲ့ဘော့စ်ကြောင့် ရိပေါ် အနည်းငယ်ကြောင်သွားကာ....

"ဗျာ....ကြိုက်...ကြိုက်ပါတယ် အရမ်းမိုက်တယ် ဟီး"

"ဒါကိုယ့်ရဲ့အပန်းဖြေတဲ့စံအိမ်လေ မားတို့မသိအောင်ဝယ်ထားတာ စိတ်ညစ်စရာတို့ စိတ်ဖိစီးတာများနေတာမျိုးတို့ဆို ဒီမှာခဏလာနားတတ်တယ်"

ဘော့စ်ဘာတွေများစိတ်ညစ်နေတာလဲလို့မေးချင်ပေမဲ့ ရိပေါ်မမေးရဲဘူး....ဒီတိုင်းခေါင်းလေးငြိမ့်ပြီးပဲနားထောင်ပေးဖြစ်တော့တယ်.....

စိတ်ညစ်စရာရှိရင် ခဏလောက်အနားယူလိုက်တာအကောင်းဆုံးပါပဲ....အဲဒါကို ရိပေါ်ထပ်မေးလိုက်ရင် ဘော့စ်ပိုပြီးစိတ်ရှုပ်သွားတာမျိုး ထပ်မဖြစ်စေချင်ဘူး....။
လိုက်လာရတဲ့ရိပေါ်ကတော့ အမြတ်ပေါ့။

>>>

———————————————————————————-

Zawgyi













"...."

"ယွီပင်း!!"



"ဟုတ် ဘော့စ်စိတ်ချပါ"


📩 ဘာလုပ်နေလဲ!



ရှောင်းကျန့်ကတော့ တစ်ယောက်ယောက်ကိုစိုးရိမ်စိတ်နဲ့စာပို့လိုက်တာပဲ...သို့ပေမဲ့ ထိုတစ်ယောက်ယောက်က ထမင်းစားချိန်လေးဖုန်းကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့စာကြောင့် ခေါင်းကုတ်ရင်း...တွေးစရာတွေအများကြီးဖြစ်နေတယ်....


............











......



📲ဟယ်လို


📲 ဗျာ!


"ဘော့စ်လေ.....ဘော့စ်"








"ဘာတွေရှာနေတာလဲ"

"ဟို...ယွီပင်းကော......"















ဂွီ~~~~



*၂ခုလုံး......

"ထမင်းလိပ်ပဲစားပါမယ်"




"ဟုတ်"








......


"အင်...ဟုတ် ဟုတ် ထပြီ"


*လှလိုက်တာ.....









"ကြိုက်လား?"






>>>

Continue Reading

You'll Also Like

10.8K 329 15
YiZhan ✨ အချစ်ဆိုတာ မေတ္တာခြင်း တူပါလျှင် သုခဘုံလို့ ပျော်မွေ့ဖွယ်ရာပါပဲ။ မေတ္တာခြင်းမတိုက်ဆိုင်တဲ့အခါအချစ်ဟာ လောင်မြိုက်ခြင်း ဖြစ်စေတယ်❤️‍...
105K 18.1K 58
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
23.6K 430 5
စတွေ့တည်းကမင်းမှမင်းဘဲဖြစ်နေခဲ့တာ ဒါကိုအချစ်လို့အမည်တပ်ရင်သေချာတယ် ကိုယ်မင်းကိုချစ်နေတာ Xiao zhan ကျွန်တော့်ရဲ့ထွက်သက်...