👑မောင့် အရှင်

By NanNwelTher

196K 5.1K 94

👑မောင့် အရှင် ငယ်စဉ်ကတည်းက ယောကျာ်းစိတ်ဝင်နေတဲ့ မိန်းကလေး... ဆန့်ကျင်ဘက် လိင်ထက် မိန်းကလေး အချင်းချင်းကိုမှ... More

part- 1
part - 2
Part-3
part - 4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part -14
part-15
part -16
part -17
part -18
part -19
part -20
part -21
part -22
part -23
Part 24
part 25
party 26
party 27
part 28
part 29
part 30
part 31
part 32
part 33
part 34
part 35
part 36
part 37
part 38
part 40
part 41
part 42
part 43
Part 44
Part 45
part 46
part - 47
Part - 48
Part 49
Part - 50
Part -51
Part -52
Part - 53
Part - 54
Final part ❤️
Extra -1
part 1(Zawgi)
Part -2(Zawgi)
Part 3 (Zawgi)
Part 4(zawgi)
Part 5 (Zawgi)
Part 6(Zawgi)
Part 7(Zawgi)
part 8(Zawgi)
Part 9(Zawgi)
Part -10(Zawgi)
Part -11 (Zawgi )
Part -12 (Zawgi )
Part -13 (Zawgi )
Part -14 (Zawgi )
Part -15 (Zawgi )
Part -16 (Zawgi )
Part -17 (Zawgi )
Part -18 (Zawgi )
Part -19 (Zawgi )
Part -20 (Zawgi )
Part 21 (Zawgi )
Part - 22(Zawgi )
Part-23 (Zawgi )
Part -24(Zawgi)
Part -25(Zawgi)
Part -26(Zawgi)
Part -27(Zawgi )
Part - 28(Zawgi)
Part-29(Zawgi)
Part-30(Zawgi)

part 39

2.4K 69 0
By NanNwelTher

👑မောင့်အရှင်

#အပိုင်း(၃၉)

" ဦးလေး..သွားလိုက်ပါ..သူ့ကို ဆေးသွားကုပေးလိုက်ပါ.."

" သမီးစစ်လွန်း!!"
" မောင်"..."

အကြည့် သုံးစုံဟာ သူ့ဆီကို အထိတ်တလန့် ရောက်လာကြပြီး သူထံက စကားတွေကို နားစွန့်နေသလို အားလုံး တိတ်ဆိတ်သွား၏။

မောင်" ခြောက်ကပ်နေသည့် အာခေါင်အား စိုစွတ်သွားအောင် စထွေးကို အတင်းမြိုချပစ်ပြီး..

ရင်ထဲမှာ တစ်စို့ နေသည့် စကားလုံးတွေကို တစ်ရပ်ဆက်တည်း ‌ပြောချချင်ပေမဲ့..‌အရင်ဆုံး ထို လူသုံးဦး
ထံက မျက်နှာလွဲကာ.. အကောင်းဆုံး ဖြစ်အောင် စကားလုံးတွေကို စီရင်း..အားယူလိုက်သည်။

" ကျွန်တော့်ပုံစံက ဦးလေးတို့ သတ်မှတ်ထားတဲ့ ချွေးမတစ်‌ယောက်ရဲ့ စံနှုန်းနဲ့ဆို ရေနဲ့ဆီလို ကွာတာသိတယ် ဒါပေမဲ့ ကျွန်တော် ဒီလိုဖြစ်ချင်လို့ လုပ်ယူခဲ့တာ တစ်ခုမှ
မရှိဘူး..

ကျွန်တော် ဘာတစ်ခုမှ မသိလိုက်ခင်မှာ အရာအားလုံး ဖြစ်ပျက်သွားတာ ကျွန်တော် ဘယ်တတ်နိုင်မလဲ..
ဟုတ်တယ်..

ဒါပေမဲ့ အိမ်ထောင်တစ်ခုဆိုတာ ကလေးကစား စရာမဟုတ်မှန်း ကျွန်တော်နားလည်တယ်..နားလည်လို့ သစ္စာ‌ရှိထားတယ်..

မှန်တယ် ကျွန်တော့်ဖြစ်တည်မှုက ဒီလိုပုံစံ
ဖြစ်နေတယ်..မပျော့ညံ့တတ်ဘူး မနူးညံ့တတ်ဘူး ကျားကျားယားယားနဲ့ ကြမ်းတယ် ရိုင်းတယ်..ဘာတစ်မှလည်း အထင်ကြီး လေးစားစရာ မရှိဘူး..ဒီလိုပုံစံနဲ့ဘဲ ကျွန်တော်ကြီးလာခဲ့တာ..

အနှစ်နှစ်ဆယ်‌ လောက် ဖြတ်သန်းလာတဲ့ ကျွန်တော်
စရိုက်တွေကို ပြုပြင်ဖို့ဆိုတာ ပြင်ချင်ရင်တောင် ပြင်ဖို့ ခက်တာ.. အဲဒီလူကို မစိုးရိမ်လို့လဲ မဟုတ်ဘူး..မုန်းလို့ လဲ မဟုတ်ဘူး..ဒါ ကျွန်တော်ပုံစံ..ဒါ ကျွန်တော်ရဲ့ ဖြစ် တည်မှုဗျ..."

" သမီးရယ်..) တော်ပြီ..ရပ်လိုက်ပါတော့ ကလေး
ဗိုက် ဆာလို့ နိုးနေပြီ..တခြားလူတွေ ကြားရင်လည်း
မကောင်းဘူးလေ.."

ဘယ်ချိန်ကတည်းက ရောက်နေလဲ မသိတဲ့ မယ်က မောင်မောင် လက်မောင်းအိုးလေးကို ယမ်းပြီး တားလာသည်။

အချင်းချင်း မျက်နှာပူရတဲ့ ကိစ္စမို့ဒေါ်နန်းစံမှာ သမီးဖြစ်သူကိုသာ ဖျောင်းဖျဖို့ စိတ်ကူးမိ၍ပါ..။ သို့သော်လည်း သမီးဖြစ်သူထံက အကြည့်စူးစူးက သူ့ထံရောက်လာသည်။

" မယ်ကကော..ဘာလို့ ဒီကိစ္စ ကျွန်တော့်ကို မပြောခဲ့တာလဲ.."

ခုချိန်မှာ ဘယ်သူ တားတား မောင်" ရပ်နိုင်မည် မဟုတ်..။ ကိစ္စတိုင်း ဒီလိုဖြေရှင်း တတ်တဲ့ အကျင့် မဟုတ်ပေမဲ့..ဒီလူနဲ့ ပတ်သက်ပြီး မောင်မောင့်ကို ထင်ချင်ရာထင် လွဲချင်ရာ လွဲနေတာတော့ သည်း မခံနိုင်..။

" သမီးရယ်..."
" Sorry !! မောင်မောင်!! ငါတောင်းပန်တယ်..ကိုကို့ အတွက် စိုးရိမ်သွားလွန်းလို့ ပြောမိလိုက်တာ..ငါ စကား အရမ်းလွန်သွားတယ်..နင် ငါပြောတာတွေ ကြားသွားမှာပေါ့.."

"တော်စမ်းပါ! မင်းရဲ့ တောင်းပန်တယ်ဆိုတဲ့ စကားတွေ
ထဲမှာ မင်း ငါ့ကိုပြောခဲ့တဲ့ စကားလုံးတွေ မင်း ငါ့ပေါ်လုပ်ခဲ့တဲ့ အပြုအမူ‌တွေအတွက် တာဝန်ယူရှိလား.. တာဝန်ယူမှုရှိခဲ့ရင် ငါ လက်ခံပေးမယ်..သိသိလျက်နဲ့ လုပ်တဲ့ လူတွေအတွက် ခွင့်လွတ်မှုဆိုတာ မရှိဘူး..မင်းနဲ့လည်း မတန်ဘူး..သော်‌တာရှိန်း..!"

" ဒေါ်လေး..သူ့အစား တောင်းပန်ပါတယ်..
သမီးရယ်..သော်သော်က စိတ်လိုက်မာန်ပါ အရမ်းလုပ်တတ်လို့ပါ..တကယ်တော့ စိတ်ထဲ ရှိလု့ မဟုတ်ပါဘူး.."

" ဘယ်သူ တောင်းပန်ပန် ကျွန်တော် လက်မခံဘူး.."

" သမီးကလည်း..လူကြီးကို..! အဲလို မပြောရဘူးလေ..လူကြီးတွေ အားလုံးလုပ်မိတာလဲ မှားသွားရင်လည်း သမီးနဲ့‌ မြေးလေးအတွက် စဉ်းစားပေးလို့ဘဲလေ..ခု သားခေတ်ကလည်း ဆေးရုံမှာ တစ်အိမ်လုံး စိတ်ဒုက္ခ ရောက်နေတဲ့အချိန် သမီးက နားလည်ပေးရမယ်လေ.."

မယ်က မျက်နှာလေးရှုံ့ကာ ငိုမဲ့မဲ့လေး ဆိုလာပေမဲ့
သူ့စိတ်တွေက အဆုံးစွန်ကို ရောက်နေပြီ..။

မွန်းကြပ်လို့ သိပ်တထက် သိပ်သည်းထားတာတွေကို
ဖွင့်ချချင်ပြီ..။ ပင်ပန်းလာပြီ..။

"ဘာကို နားလည်ပေးရမှာလဲ..ကျွန်‌တော်ကျတော့ ကော..ကျွန်တော်ကကော ပျော်သာနေတယ် ထင်နေလား..ဒီလူအကြောင်းကိုမသိဘဲ ကျွန်တော့်မှာ တောင်တွေးမြောက်တွေးနဲ့ အရှုးတစ်ယောက်လို ဖြစ်နေတာ..

ဒါကို ကျွန်တော် နာကြင်ရမှာဆိုးလို့ ဖုံးကွယ်ထားတယ်
ဟုတ်လား..သူမေ့ချင်တဲ့သူကို မေ့သွားပါ‌စေ..
ကျွန်တော့်ကို တစ်သက်လုံး မေ့သွားလည်း ကိစ္စမရှိဘူး
ခံနိုင်ရည် ရှိပြီးသား..
အစကတည်းက သူ့စိတ်ထဲမှာ ကျွန်တော် ရှိခဲ့တာ မဟုတ်ဘူး...

ကျွန်‌‌တော့် အတွက်‌‌ကလေ ကျွန်တော့်ကို မေ့သွားတာက ဖောက်ပြန်တာထက် သာတယ်ဗျ..ဘာလို့လဲ သိလား.. ကျွန်တော်သာ ဒီလို ပုံစံဖြစ်‌နေလို့ ပတ်ဝန်းကျင်မှာ အထင်သေးတာ ခံရင် ခံမယ်..

ကျွန်တော် မွေးထားတဲ့ ကျွန်တော့် ကလေးကို လူတွေက စကားနဲ့ အပြုအမူတင်မဟုတ်ဘူး ဘယ်သူမှ အထင် အမြင်သေးတဲ့ မျက်လုံးနဲ့ကြည့်တာတောင် ခံစေချင်တာဘူး..ပြည့်ပြည့် စုံစုံနဲ့ဘဲ ကြီးပြင်းစေချင်တာ.."

" သမီး)..! "
"......."

"........."

ခန္ဓာတင်မဟုတ် စိတ်ပါ ပင်ပင်းပါနဲ့‌ နေ၍ စကားပြောလို့ အပြီးမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး အားအင်တွေ ချိနဲ့ကာ ရပ်နေရာက ထိုင်လျက်သား ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

နံရံကို ခေါင်းနဲ့ မှီရင်း ဘာမှ မစဉ်းစားနိုင်အောင် ခေါင်းတစ်ခုလုံးက ပျာမိုက်သွား၏။ မျက်လုံးတွေမှိတ်ချပြီး..
ထိုင်လျက်သား..။

ခုဆို..မောင်မောင် ဒီလူ‌ပေါ်ထားတဲ့ စိတ်ထားကို ကွက်ကွက်ကွင်းကွင်း မြင်အောင် မဖွင့်ပြပေမဲ့ တစ်အိမ်သားလုံး ရိပ်မိကြပြီ ဖြစ်သည်..။ 

ခုချိန်သာ..ထုတ်မပြောတာ..နောင်တစ်ချိန်ကြ..
"ဒီတစ်ယောက်က ဘာမဟုတ်ပါဘူး..အလာကားပါ..
ငါ့သား၊ ငါ့အစ်ကိုကြောင့် သည်းသည်းလှုပ်ဖြစ်သွားတာ
ကို ကလေးကြောင့်ဆိုပြီး ဟန်လုပ်တယ်.." ဆိုပြီး မှတ်ချက်တွေ ပေးနေလိမ့်မည်..။

ဘဝမှာ ဘာဘဲဖြစ်ဖြစ် စိတ်ထဲ ရှိတဲ့အတိုင်း ပြောခဲ့ ၊နေခဲ့၊ လုပ်ခဲ့ပေမဲ့ ဒီလူနဲ့ ပတ်သက်ရင်တော့ မောင်" စိတ်ထဲရှိတဲ့အတိုင်း မလုပ်ရဲဘူး၊ မပြောရဲဘူး၊ မနေရဲဘူး..။

အမြဲတမ်း အဝေးကို တွန်းပို့ဖို့ဘဲ တွေးမိတာ ယခု ချိန်ထိပဲ..။

" အဲလိုကြီး မနေပါနဲ့ မယ် စိုးရိမ်လို့ပါ..သမီးရယ်!"

>>

" အန်တီကော..အိမ်ပြန်သွားတာလား..!"
" ရောက်လာပြီလား.."

ထိုင်ခုံပေါ် ထိုင်ရင်း စလင်းဘတ်လေးကိုပေါင်ပေါ်တင်ကာ ‌VIP အခန်းကို ကျီးကန်းတောက်လိုက်ရှာရင်း မေးလာသည့် မြတ်..။

" အင်း.."

တစ်ဖက်က သစ်သီးခြင်းကို စားပွဲပေါ်သွား တင်သည့် သူမဟာ ဆေးရုံ‌ကို ရောက်မလာတာ နှစ်ရက်တောင် ရှိသွားပြီ..။

ခုတော့ လှပကျော့ရှင်းကာ  ပြန်ရောက်လာပြီ..။

စိတ်ရှိနေသေးတဲ့ သူနှလုံးသားဟာလည်း  အသိတရားထဲ မမှတ်မိတဲ့ အိမ်က မိန်းမဆိုတဲ့ ကျားကျားယားယား ကောင်မလေးကို ‌ပြေးမြင်ပေမဲ့ ရင်ခုန်မိသွားတာ‌ တော့ အမှန်ပင်..။

မဖြစ်ပါဘူးလေ..။

"မားမားက ဆရာဝန်နဲ့ စကားသွားပြောတယ်..""
" ဟုတ်လား!!..

"မြတ်! ကိုယ့် မာန်နေဂျာ အခြေအနေ ဘယ်လိုလဲ..
သတင်းရသေးလား.."

" ဟူး..)"

မြတ်ရတနာ ခေတ်လူရဲ့ အမေးကို မဖြေခင် သက်ပြင်း ခပ်ဖွဖွလေး ချလိုက်မိသည်။

" အဲတာတွေ မစိုးရိမ်မ‌နေနဲ့ ကျန်းမာရေးသာ ဂရုစိုက်..မာန်နေဂျာ ကိစ္စကို ငါ့ဦးလေးဆီ အပ်ထားတယ်သူတာဝန်ယူပေးလိမ့်မယ်..တကယ်လို့ အသက်ရှင်သေ ရင်..ဒီကို အကောင်းတိုင်း ပြန်ရောက်လိမ့်မယ်.."

"....."

" သူ့မိသားစုတွေကိုလည်း မနေ့ကဘဲ သော်သော်နဲ့
‌အကြိုးအကြောင်း သွားရှင်းပြထားတယ်..ရှိန်း..နင်
အရမ်း မပူနဲ့ နင်ပူရမှာ နင့်မိသားစုကို ပြန်သတိ မရမှာကိုဘဲ..! "

သူ့အစား စိုးရိမ်သောလေသံဖြင့် ဆိုလာတဲ့ မြတ်ကို သူ တွေတွေကြီး စိုက်ကြည့်ပြီးမှ..မိသားစုဆိုတဲ့ အကြောင်း ပြန်စဉ်းစားမိလာသည်။

သူ ဘယ်လောက် ပြန်စဉ်းစားပါစေ..ဒီကောင်မလေးနဲ့ ပတ်သက်ပြီး သူ့ဦးနောက်ထဲမှာ ဘာတစ်ခုမှ ရှိ‌မနေ..။

အရာအားလုံးက အသစ်တွေ..။ သို့သော်..ကလေးကို မြင်ရင်တော့ ရင်ထဲနွေးထွေးပြီး ရင်းနှီးနေပြန်သည်။

" ပြောလို့ ပြောတာ မဟုတ်ဘူး...စစ်လွန်း နေရာမှာ ငါ သာဆို ရှုးသွားလောက်ပြီ..! နင် မှတ်မိလာတဲ့ တစ်နေ့ စစ်လွန်းဦးဆီမှာ အပြစ်‌ကြွေးတွေ ရှိနေတယ်ဆိုတာ နင်သိလာလိမ့်မယ်..

ငါ သူရရဲ့ အိမ်တွင်းအကြမ်းဖက်တာ ခံရတုန်းက‌ဆို ကိုယ့်ဟာကိုယ် သတ်သေပစ်ချင်တာ..အကြိမ်ကြိမ်လည်း ကြိုးစားခဲ့ဖူးတယ်..ဒါတောင် သူ ငါ့ကို အရမ်းချစ်တယ်...အမြဲတမ်း အကြမ်းဖက်တာ မဟုတ်ဘူး..
သူမူးလာတဲ့အချိန်မှာဘဲ နှိပ်စက်တာ..

ဒါပေမဲ့ အဲဒီမူး လာတဲ့အချိန်တိုင်းက ငါ့အတွက် အရှင်လတ်လတ် ငရဲခံနေရသလိုဘဲ လွတ်မြောက်ချင်တယ်..အဝေးဆုံးကို ထွက်ပြေး သွားချင်တယ်...
နောက်ဆုံး နင့်အကူအညီကြောင့် ငါ လုပ်နိုင်ခဲ့ပြီ.."

ခေတ်လူ..ဆေးရုံကုတင်ပေါ် ပလက်လှဲနေရာကနေ မြတ်ရဲ့ ဝမ်းနည်းစွာ ဆိုလာတဲ့ စကားတွေကို အင်လည်း မလုပ်မိ၊ အာလည်း မလုပ်မိပါ..။

ဘာလို့ဆို..ဘာတစ်ခုမှ နားမလည်လို့..။

အိမ်တွင်းအကြမ်းဖက်တဲ့..ပြီးတော့ သူက ကူညီခဲ့သေးတယ်တဲ့လေ ။ မြတ် ဘယ်ချိန်တုန်းက ခံခဲ့ရတာလဲ..။ ပြီးတော့..သူရ ဆိုတာကလည်း..ဘယ်သူလဲ..။

စဉ်းစားပေမဲ့ ထွက်မလာ..။ မြတ်ကို မေးမယ်‌ဆိုတော့ လည်း သူမက ခံစားချက်အပြည့်နဲ့ ဆိုနေပြန်၍ ဖြတ် မမေးချင်..။

" စစ်လွန်းနဲ့ ငါ ဝေဒနာချင်း မတူပေမဲ့ ငါ သူ့ကို နားလည်နိုင်တယ်..
ဟိုတလောက သူရက ငါ့ကိုဖုန်းဆက်ပြီး ဘာပြောတယ် ထင်လဲ သူအရင်လို မဟုတ်တော့ပါဘူးတဲ့..
သူ့ဆီကို ပြန်လာခဲ့ပါတဲ့လေ..ငါ ရီချင်လွန်းလို့..ဟင်း

အရာရာတိုင်းက ကိုယ်ဖြစ်ချင်သလိုသာ ဖြစ်လာရင် နောင်တဆိုတာ ဘယ်ရှိတော့မလဲ..
ဟုတ်တယ် မလား.."

"မြတ်! သူရ..သူရလို့‌ ပြောနေတာ သူရက ဘယ်သူလဲ.."

"ရှိန်း.!! နင်ဘာတွေ ပြောနေတာလဲ သူရပါဆို..အဲ အ ကောင်ဘဲပေါ့.."

" ဘယ်သူ့ကိုပြောနေတာလဲ ငါ တကယ် မသိဘူး.."
" ရှိန်း! သူရက နင်နဲ့ တက္ကသိုလ်တုန်းက သူငယ်ချင်းလေ..."

" ဟုတ်လား..! အခု သူကော.."
" ဟမ်း.))"
"ရှိန်း နင်..ငါ့ကို မနောက်နဲ့နော်..နင် ဟိုတောထဲမှာတောင် ငါပြောပြတုန်းက မှတ်မိပြီးတော့.."

" ဟုတ်လား..? ငါ မမှတ်မိဘူး.."

မြတ်ရတနာ.. Feel နေတာတွေပင် လုံးဝပျောက်သွား
ကာ မျက်တောင်ပင်မခတ်နိုင်ဘဲအလန့်တကြား သူ့ကို ကြည့်‌ နေရာက တစ်ခုခုကို သတိရသွားသလိုနှင့်..

" ဒါဆို.. အမှိုင်း.. အမှိုင်းကော..! တစ်နေ့ကဘဲ လာသွားတယ်လေ..အမှိုင်းက ဘယ်သူလဲ.."

" အမှိုင်း..တစ်နေ့က လာတယ်..?"

"ရှိန်း!!!!! နင်..တကယ်ဘဲ..အန်တီကော..အန်တီ.."

ကဗျာ ကယာဖြစ်သွားသည့် ‌မြတ်က ဆေးရုံ အပြင်ဘက်ကို အလောတကြီး ထွက်သွားသည်ကို သူ  ပါးစပ်အဟောင်းသားလေး ဖြစ်ကာ စဉ်းစားနေတုန်း.. VC ဝင်လာသည်။

ကြည့်‌လိုက်တော့..သော်သော် ဖြစ်နေ၍ လှဲနေရာက အမြန် ထပြီးကိုင်လိုက်ရသည်။

"အင်းး သော်သော်! ကလေးကော..!"

"ခဏခဏ မပြခိုင်းနဲ့ ကိုကိုရာ.. ကိုကို တွေ့ချင်တယ်ဆိုလို့နော်.. သော်သော်နဲ့ အဲတစ်ယောက် ကွိုင်တက်ထားတာ..ဒီလို ကလေးကို ခိုးပြတာ သိလို့ကတော့ သော်သော်ကို သတ်ပစ်မလား မသိဘူး..ကိုကို့မိန်းမက စကားအရမ်းတတ်တာ..ဘာသိလဲ.."

" စကားမများနဲ့တော့လေ..ကလေးကို ပြပါအုံးလို့.."

ကလေးပုခက်စင်ကိုတွေ့ရပေမဲ့ သူ့မျက်နှာနဲ့ကြီး
ကွယ်နေ၍ ခေါင်းမူးမူးနဲ့ဘဲ ‌ဖယ်ခိုင်းရပြန်သည်။ 

" အင်းပါ..ကိုကို နေမ ကောင်းလို့ ဒီတစ်ခါတော့ ခံလိုက်
ပါ့မယ်..မီးမီးရေ..dady က တွေ့ချင်လို့တဲ့..အစ်မ ခဏလေးနော်..သူ့အမေကို ကြည့်ထားပေးအုံး.."

ကလေးကို ပြနေရင်းက နက်စ်အကူ ကိုပါ  တရားပါ  ဖြစ်အောင် လုပ်နေသည့် ညီမဖြစ်သူကြောင့်လည်း လစ်ခနဲ့ ပြုံးမိပါသည်။

ကိုယ်ပြိုင်တည်း ခိုးကြောင် ခိုးဝှက်နဲ့ ကလေးကို ကြည့်ရတဲ့ ကိုယ့်အဖြစ်ကိုပါ သနားမိပြန်ရော..။

" မီးမီးရေ..! Dady  ကို ကြည့်လိုက်ပါအုံး..ကိုကို အိပ်ပျော်နေတယ်"

" ဪ)) အိပ်နေတာလား..အိပ်နေရင် ထားလိုက်ပါတော့..မျက်နှာ‌လေး မြင်ရပြီဘဲ.."

အနှီးဖြူဖြူလေးထဲမှာ ပိုးတုံး‌လုံးလေးလို အပြစ်ကင်းစင်စွာ အိပ်နေတဲ့ သမီးလေးက ကြည့်လေ ကြည့်လေ သူနဲ့ ပိုတူမှန်း သိလာသည်..။

မျက်လုံး မျက်ဖန် သိပ်မပေါ်သေးပေမဲ့..မျက်ခုံး ထင်းထင်းနဲ့ သမီးလေး..။

သူ့ အတိတ်မေ့နေရပေမဲ့ ဒီလိုဖြူဖြူအုအုလေး သမီးကို ပိုင်ဆိုင်ထားရတာတော့ ဝမ်းသာမိပါတယ်..။

" မီးမီး‌ရေ..dady ကို မကြည့်ချင်ဘူးလား..ဒီသား အဖတွေနဲ့တော့..ကိုကို မနိုးဘူး.."

"ဟား..ဘာလို့ နိုးနေတာလဲ..နိုးရင် ငိုမှာပေါ့..မဆူနဲ့တော့ အိပ်ပ့ါစေ.."

" နိုးနေတာ မဟုတ်ဘူး..ကိုကို့ကို သူ့အဖေဆိုတာ သိအောင် ပြထားမလို့.."

" အပိုတွေ ပြောမနေနဲ့..အဖေ‌က အဖေဘဲ...သော်သော် မပြောလဲ..သမီးရုပ်က ကိုကို့ရုပ်လေ.."

" အင်းပါ..‌ဒါနဲ့ မနေ့က ကိုကို့ဆီကို ဘေဘီလေးပုံ ပို့ထားပေးမယ် ကြည့်ပြီးပြီလား.."
" ပြီးပြီ.."

သူမှာ ‌Save လို့တောင် ထားပြီးပြီ..။ မနေ့ညကလည်း
တစ်ညလုံး ပုံထဲက သေးသေးကွေးကွေးကို ကြည့် ရင်းနဲ့ သူအိပ်ခဲ့တာ..။

"ထားလိုက်တော့..ပြန်‌တော့ ..အခန်းထဲက ထွက်တော့လေ.. ခဏနေ ဟိုတစ်ယောက် ရောက်လာမှဖြစ်.."

ပြောလို့ပြောတာ မဟုတ်ဘူး.. အဲတစ်ယောက်က
‌သမီးနဲ့ ပတ်သက်လာရင် ကြောက်ဖို့ကောင်းတာ
အမှန်ဘဲ..။

မျက်နှာထားတည်တည်နဲ့..ပြုံးတာပင် သူ မတွေ့
ဖူးသေးဘူး..။

"ဘားမဖြစ်ဘူး.. အဲတစ်ယောက် သူ့သူငယ်ချင်းတွေ ရောက်လာလို့ သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ်.. ဟင်း..ကိုကိုတို့များ အတိတ်မေ့‌တာတောင် အရင်တိုင်းဘဲ..သူ့ကို ကြောက်တယ်မလား..!"

" ကြောက်တယ်တော့..ဘယ်ဟုတ်မလဲ..!.."

" သားသား..! "

ထိုချိန် ဆရာဝန်တွေနဲ့အတူ အခန်းထဲကို ပျာတိပျာ
ယာနဲ့ ရောက်လာသူက မားမားပင်..။

မကြာခင် မြတ်လည်း အနောက်မှ ‌ဝင်လာ၏။

ခေတ်လူ..ဖုန်း‌ပြောလျက်စနှင့် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည့် မားမားတို့ကို  နားမလည်စွာ ကြောင်ကြည့်နေ
ရင်း..တစ်ဖက်က သော်သော်ကို အာရုံမစိုက်နိုင်တော့..။

" သော်သော်) ကိုကို နောက်မှ ဖုန်းဆက်လိုက်မယ်..! ဆရာဝန်တွေ ရောက်လာလို့.."

" ဘယ်သူလဲ?? မားမားလား..!"
" အင်း နောက်မှ ပြန်ဆက်မယ်နော်.."

" မားမားကို ဒီည ပြန်လာခဲ့အုံးလို့..တီ"

ခေတ်လူ..ညီမဖြစ်သူကို အဖြေပင် မပေးနိုင်တော့ဘဲ
ဖုန်းကို ချပစ်လိုက်သည်။

" ဘယ်သူလဲ?..ညီမလေးလား.."

"အင်း..‌ သော်သော်နဲ့ ဖုန်းပြောနေတာ.."

ဘေးနားက ဆရာဝန်တွေဟာလည်း ရပ်နေပြီး သူ့ဆီ ဘာတစ်ခုမှ ဘာမစစ်တော့ ဘာဖြစ်တာလဲဆိုပြီး နည်းနည်း စိုးရိမ်သွားသည်။

"သားသား..! ‌မားမားတို့ နောက်တစ်ခေါက် ဓာမှန် ရိုက်ရမယ် ထင်တယ်..!"

မားမားက သူ့ အနား၌ ရောက်လာသည့် သူ့ကို ပွေ့ဖက်လာရင်း ဆို၏။

" ဟုတ်လား?..ဒီညလား..!"
" အခု..!သားသား...."

^-^

"........."

နေမင်းကြီးလည်း..‌ သူ့ တာဝန်ပြီးလို့ အိပ်သွားရှာပြီ..။

ပတ်ဝန်းကျင်တော့ သူသူငှါငှါ မြင်နိုင်သေးသည်။
မြောက်လေဟာလည်း တဖြူးဖြူးတိုက်ခိုက် နေဆဲ..။

အေးစက်မှုကို မခံစားနိုင်ဘဲ ပြတင်းပေါက်မှ တဆင့် အပြင်သို့ မလှုပ်မရှား ရပ်ကြည့်နေသော မောင်မောင်..။

လက်သည်းကို နှခမ်းနားတေ့ထားရင်း တစ်စုံတစ်ခုကို အသည်းအသန် ဆုံးဖြတ် ချက်ချနေ၏။

*ဒီနေ့!! ဒီနေ့ဘဲ ရှိတော့တာ..*

ပုခတ်ထဲက ‌ဘေဘီကို တစ်ချက်လှည့်ကြည့်ပြီး သူ ဘာလုပ်ရမလဲ စဉ်းစားနေသည်က..နောင်တ တရားနဲ့ သက်ဆိုင်နေ၏။

".........."

သူ့ဆီကို အောင်အောင်နဲ့ ဘန်းနိုင် လာတဲ့နေ့..

ဆေးရုံကပြန်လာတဲ့ ဒေါ်လေးဟာ မျက်နှာတစ်ခုလုံး နီရဲခပ်ကာ မျက်နှာလည်း မကောင်း..။

သို့သော် မောင်မောင်ဆီတော့ ဝတ္တရား မပြတ်လာကာ စကားပြောပေး ရှာသည်။

ဆေးရုံက ပြန်လာတာမို့ ကလေး နား မကပ်ရပေမဲ့ ကလေးကို အဝေးကနေ ကြည့်ပြီး မှိုင်မှိုင်ကြီး မျက်နှာ က မကောင်း..သူ့ကိုလ ည်း တစ်ခုခု ပြောချင်သည့် ဟန်ပါ..။

သို့သော် ဘာမှ မပြောဘဲ ပြန်ထွက်သွားခဲ့ပါသည်။

အဲဒီနေ့ကတည်းက သူမေးမိခဲ့ရမှာဖြစ် ပေမဲ့..မောင်မောင်" ရဲ့  မကောင်းတဲ့ အကျင့်အတိုင်း ဘာသိဘာသာ‌ နေခဲ့မိသည်။

ဒေါ်လေးက မောင်မောင်ဆီကို မပြောပြနိုင်လို့..မယ့်ကို ပြောခိုင်းခဲ့လို့ မယ့်ဆီက ကြားရတာဟား...

ရှိန်းခေတ်လူဆိုတဲ့ လူ၊ အဲဒီလူဟာ၊ မကောင်းမကန်းတဲ့ လူက မှတ်ဉာဏ်တွေ တစ်ခုပြီး တစ်ခု ပျောက်နေပြီတဲ့..။

မောင်မောင်ဆိုတဲ့ သူနဲ့ တင် မလုံလောက်သေးဘူး...။
ကျန်တဲ့ သူတွေကိုလည်း ဖျက်နေပြီတဲ့..။

မယ့်ဆီက ကြားတဲ့ချိန်တုန်းက နားတာ ထောင်နေရ
ပေမဲ့ မောင်မောင် မယုံနိုင်..ဖျားနာတယ်ဆိုတာ သူနဲ့ မသင်ဆိုင်တဲ့ လူသား မဟုတ်လား..။

ကျဖို့ မျက်ရည်တွေဟာ..ဘယ်ရောက်ကုန်လဲတောင် မသိတော့..။

ကိုယ့်ကို မမှတ်မိသာ နေပါစေ..။
သူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှင်စေချင်မိခဲ့တာ‌တော့ မောင်မောင့် ရင်ထဲက သူ့ကို အပြည့်အဝပေးနိုင်ဆဲ့ ဆန္ဒတစ်ခုပါ...။

ခုတော့..ဒီလူက မနက်ဖြန်ဘဲ စင်္ကာပူကို ဆေးကုဖို့
အရေးပေါ် သွားရတော့မည်တဲ့လေ..။

"......."

မောင်မောင်ဆိုတဲ့ သူဟာ ယောကျာ်လျာ
ဖြစ်တဲ့အလျောက်  ကြံခိုင်ပါတယ်..သန်မာပါတယ်..
သံမဏိလို စိတ်နဲ့ လူ..အသည်းနှလုံးမရှိတဲ့ လူ..
မကြင်နာတတ်သူ..ထင်ရာစိုင်းသူပါ..။

မကောင်းတဲ့ ဂုဏ်မှန်သမျှ သူပိုင်ထားတယ် ဆိုရမလား..။

ဒီလို ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ထားပေမဲ့ တကယ်တမ်း
ဆုံးဖြတ်ရမဲ့ အချိန်တွေမှာ သူဟာ..သတ္တိတွေ မဲ့နေခဲ့သည်။

တစ်ခါလောက်တော့ ဒီလူနဲ့ ပတ်သက်ပြီး စိတ်ရှိတဲ့ အတိုင်း လုပ်ချင်ပါတယ်..။

"စစ်လွန်း!! နင် နင် ဒါ..ဘယ်သွားမလို့လဲ? အပြင်သွားမှာ တော့ မဟုတ်ပါဘူးနော်..."

အိမ် တံခါးမကြီး အရောက် သော်သော်တစ်ယောက်
ဖီးလိမ်းနေရင်းက အလောတကြီးရောက်ချလာပြီး သူ့ကိုမေးလာသည်။

လက်တွင်လည်း ဘီးက တန်းလန်း..။

"..........."

သော်သော် အသံဆုံးတာနဲ့ တပြိုင်တည်း ‌မယ်ကပါ အလောတကြီး မနိုင်မနင်း ပြေးချလာသည်။

"ဘယ် ဘယ်သွားမလို့လဲ..သမီးရယ်..မီးတွင်းထဲက ထွက်တာ ဘယ်ကြာသေးလို့လဲ.."

သူ အပြင်ထွက်မည်ကို အားလုံး အလန့်တကြား ဖြစ်နေတာ ကြည့်ပြီး..

ဒီလူနဲ့ မောင်မောင်ရဲ့ ပတ်သက်မှုဟာ လူတွေ ရှေ့မှာ ဘာမဟုတ်မှန်း သိလိုက်ရသည်။

ပြောရရင် အမှားတစ်ခုသာသာ..။

"........"

ဒီနေရာမှာ မောင်" အစား မိန်းမဆန်တဲ့တစ်ယောက်သာ ဆို "ဆေးရုံသွားမလို့လား" ဆိုပြီး တန်းမေးကြမှာ..။

ပါးစပ်ကသာ ထုတ်မပြောပေမဲ့ မောင်မောင်ရင်ထဲမှာ
သူ မထွက်သွားခင်‌လေး တွေ့ချင်မိတာ မှားမယ်လို့ တော့ မထင်ဘူး..။

တကယ်ဆို..မိန်းမက ယောကျာ်းနေမကောင်းဘဲ ထွက်သွားမှာကို သွားကြည့်တာ ဘယ် ဆန်းမလဲ..။

" လာပါ..သမီးရယ်..!"

မနက်ဖြန် စောစော ထွက်ရမှာမို့  ဦးလေးနဲ့
ဒေါ်လေးပါ ဆေးရုံမှာ..။ ဒေါ်မျိူးလည်း ခုနလေးတင်
‌ဒီလူရဲ့ အဝတ်အစားထုတ်တွေ သွားပို့သည်မို့ 
အိမ်မှာ သော်သော်နဲ့ မယ့်ကလွဲပြီး မည်သူမျှ မရှိ..။

ရှိသေးရင် ရှိတဲ့လူ‌တွေ အားလုံး သူ့ပုံစံကို အထူးအဆန်း လုပ် ကြည့်ကြအုံးမှာ..။

" သော်တာရှိန်း...နင့်အစ်ကို ဆေးရုံကို သိတယ်
မဟုတ်လား.."

"သိတာပေါ့..)) နင်..နင်..ဘာလဲ လိုက်ခဲ့မိလို့လား..!"
" ‌ဆေးရုံ လိုက်သွားမလို့လား! သမီး.."

ထိုခါမှ နှစ်ယောက်သား အချင်းချင်း ပြန်ကြည့်ကြပြီး
မောင်မောင်ဆီကို အထူးအဆန်းလုပ် ကြည့်ကြပြန်သည်။

ဒါတွေ မကြိုက်တာ..။

" ခဏလေး..ခဏလေး..ငါ ငါလည်း ခုဘဲ သွားမလို့..ခဏဘဲနော်..မြန်မြန်ပြန်ထွက်ခဲ့မယ်..နင်တစ်ယောက်တည်း ထွက်မသွားနဲ့နဲ့နော်.."

"........"

သူစကားပြောနေလို့ ပိုကြာနေတာ မသိလေသရော့ လား..။

‌သော်သော် အဝတ်အစား အမြန်လှဲကာ..ထူးဆန်းထွေလာ ဖြစ်နေတဲ့ ယောင်းမဖြစ်သူကို တစ်ခါတည်း ခေါ်ကာ ဆေးရုံသို့ ထွက်လာခဲ့သည်။

ဖြူဖြူဖက်ဖက် ဖြစ်နေတာတောင်..ကိုယ့် အစ်ကိုကို တွေ့ချင်သေးတယ်ဆိုတာ ပြန်စဉ်းစားမိတိုင်း ကိုကို့ အတွက် ကြည်နူးမိသည်..။

✓✓✓✓

ဆက်ရန် >> အပိုင်း (၄၀)

အပိုင်း 50 ထိရောက်သွားရင်
ဆူမှာလား? 😢။

ဒီပုံစံနဲ့တော့ မပြီးနိုင်သေးဘူး..။

ဒါမှ မဟုတ် ဖြတ်ချလိုက်ရမလား..။

#နန်းနွယ်တာ

Continue Reading

You'll Also Like

306K 11.1K 44
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
236K 38.6K 100
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
277K 16.2K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"