အင်းဝခေတ်က ကညာပျို
အပိုင်း(၄)
သမားတော်ကြီးမှာ အသက်ကြီးနေပြီမို့
ရဲသီဟ၏ ခြေလှမ်းတွေကို မှီအောင်မလိုက်ဘဲရှိနေသည်။
"သမားတော်ကြီး မြန်မြန်လျောက်စမ်းပါ
ဟိုမှာ မြို့စားကတော်ကို
အချိန်မှီမကယ်မနိုင်ရင်
အသင် ပဲခေါင်းပြတ်မှာ"
"တပ်မှူးလေးရယ် ဒီလူကြီးကအိုနေပါပြီ"
ရဲသီဟ မှာစိတ်မရှည်ဟန်ဖြင့် လေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း အနီးအနားက
အစောင့်ရဲမက် နှစ်ယောက်ကို လက်ယက်ခေါ်ကာ အမိန့်ပေးလိုက်သည်။
"သူ့ကို ဂျိုင်းက ကိုင်ပြီး
တစ်ဖက်ဆီ မ,ခဲ့ကြ"
သူကိုယ်တိုင်လဲ ဆေးသေတ္တာကိုကိုင်ကာ
မြို့စားမင်း နန်းဆောင်ဆီ အမြန်လျောက်ခဲ့သည်။
သမားတော်က အခန်းထဲ ဝင်သွားသည့်တိုင် စဝ်ခွန်သ မှာ စိတ်မအေးနိုင်သေး။
အခန်းဝ၌ ရှေ့လျှောက်နောက်လျှောက်နှင့်
ဖြစ်နိုင်လျှင် ခုချက်ခြင်း တံခါးကို ဖွင့်ကာ
သူကိုယ်တိုင် အခြေအနေကြည့်ချင်သည်။
သို့သော် မသင့်လျော်။
ရန်သူနောက်လိုက်သွားသော ရဲဒိပ္ပ တောင်ပြန်ရောက်လာပြီ သမားတော်က ခုထိထွက်မလာသေး။
ဒိပ္ပ သူ့သခင်ကို ကြည့်လိုက်သည်။ ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးသော စိုးရိမ်မှုတစ်ချို့ မျက်နှာ၌ ပေါ်နေ၏။
ဒိပ္ပ အနေနှင့် စဝ်ခွန်သ အနားခစားသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ယခုကဲ့သို့ ပြာယာခတ်နေသည်ကိုကား တစ်ခါမျှမတွေ့ဖူး။
"အရှင် ကျွန်တော်မျိုး
ပြန်ရောက်ပါပြီ"
"ဘယ်နှယ့်ရှိစ ဒိပ္ပ"
"နှစ်ယောက်က မိခါနီး
အဆိပ်သောက်သွားပါတယ်
တစ်ယောက်ကို အရှင်ဖမ်းမိတာ
ကျွန်တော်မျိုး လက်စပြင်းသွားလို့
ခုထိသတိမရသေးပါဘူး"
စဝ်ခွန်သက တစ်ချက်စဉ်းစားဟန်ဖြင့်
"ကောင်းပြီ ဒိပ္ပ
နောက်ကွယ်က လူကို
ရအောင်စုံစမ်းချေ"
"နာခံလျက်ပါ"
ရဲသီဟ နှင့် ရဲဒိပ္ပ တို့ထွက်သွားပြီး ခဏအကြာ သမားတော်ကြီးလဲထွက်လာသည်။
"မြို့စားအရှင်"
သမားတော်ကြီးက သူ့ခြေရင်းနား ဒူးတုပ်ခစားရင်း မျက်နှာမသာမယာရှိနေသည်မို့ စဝ်ခွန်သ စိုးရိမ်စိတ်တို့မှာ အခေါင်အထွဋ်သို့ ထိုးတက်သွားသည် ။
"မြန်မြန်လျောက်တင်စေ သမားတော်ကြီး
ဒီကလေးငယ်ရဲ့ ဒဏ်ရာဘယ်နှယ့်လဲ
စိုးရိမ်ရသလား"
"မှန်လှပါ ဒဏ်ရာကအတော်ပြင်းလှပါတယ်"
{အလိုလေး...}
စဝ်ခွန်သမှာ နှုတ်မှယောင်ရမ်းကာ အလိုလေးဟု ထွက်သွားမတတ်။ထိုအကြောင်းကိုတွေးလေ
မိမိအစားဓားဝင်ခံပေးခဲ့သော ကောင်လေး၏ ပုံရိပ်က ပြန်၍ ပေါ်လာလေမို့ အသုံးမကျလိုက်လေခြင်းဟု ကိုယ့်ကိုကိုယ် ထပ်ခါတစ်လဲလဲသာ အပြစ်တင်မိ၏။ မိမိလုပ်ခဲ့လုပ်ရပ်များသည် စေ့စပ်သေချာမှုအပြည့်ပင် သို့သော် ပေါ့လျော့မိခဲ့သော ထိုတစ်နေ့သည် တစ်ပါးသူအား အသက်ဆုံးလုနီးနီး ဖြစ်စေခဲ့၏။
"သမားတော်ကြီးအကောင်းဆုံးကြိုးစားပေးပါ
ကျုပ်တစ်သက် ကျေးဇူးမမေ့ပါဘူး"
စိုးရိမ်စိတ်ပြင်းပြစွာ သမားတော်လက်ကို ဆုပ်ကိုင်ရင်း ပြောနေသည်။ သမားတော်ကြီး သက်ပျင်းသာချရ၏။ သူမတတ်နိုင်တာမဟုတ်သော်လည်း
ခက်ခဲလှသည်က အဆိပ်ပင်။
"စိုးရွံ့မိပါတယ် အရှင်
ဒီသူငယ်လေးက
အဆိပ်လဲမိထားပါသေးတယ်
သူ့အဆိပ်ကို အရင်ဖြေပြီးမှ
ကျွန်တော်မျိုးလဲ ကုသလို့ရပါမယ်"
ကြားလိုက်ရသည့် စကားကြောင့် စဝ်ခွန်သ မျက်ခုံးတို့က အလွန်အမင်းတွန့်ချိုးသွားသည်။
"အဆိပ်မိထားတယ် ဟုတ်စ"
"ဟုတ်မှန်ကြောင်းပါ "
တစ်စတစ်စ ခက်ထန်လာသော စဝ်ခွန်သကိုကြည့်ရင်း သမားတော်ကြီးမှာ မော်တောင်မကြည့်ရဲတော့ချေ။
စဝ်ခွန်သ တံခါးကိုအသာအယာဖွင့်ကာ
အိပ်ဆောင်ထဲကြည့်လိုက်သည်။ ကုတင်ပေါ်တွင်
ခန္ဓာကိုယ်အပေါ်ပိုင်း၌ ပတ်တီးစည်းထားသော အမျိုးသားငယ်တစ်ဦး။
အတိအကျပြောရရင် သူ့နှလုံးသားအားလှုပ်ခတ်သွားစေသည့် ကညာပျို။
ဆံပင်တို့အား ထုံးဖွဲ့ထားခြင်းမရှိတော့ပဲ
ပြန့်ခင်းလျှက် ငြိမ်သက်စွာလဲလျောင်းနေသည်။
"အဆိပ်အတွက်
ဖြေဆေးရှိလားသမားတော်ကြီး"
တုန်တုန်ရီရီဖြင့် မိမိအားကြောက်ရွံ့နေသည့် သမားတော်ကြီးကို လေသံအေးအေးဖြင့်သာမေးလိုက်၏။စိတ်ပျော့သွားသည့် အရှင်သခင်အသံကိုကြားမှ သမားတော်ကြီးလည်း ဆက်၍လျှောက်ရဲ၏။
"ရှိ...ရှိပါတယ်အရှင်
အဆိပ်ပေါင်းတစ်ထောင်ဖြေဆေးပါ"
"ဘယ်မှာရှာရနိုင်သလဲ
ဘယ်နေရာပဲဖြစ်ဖြစ်
ဘယ်လောက်ပဲ ခက်ခဲနေပါစေ
ကျုပ် ရအောင်ရှာမယ်"
ထိုအဆိပ်ပေါင်းတစ်ထောင်ဖြေဆေးသည်
ရခိုင်ဘုရင်မှ မင်းတရားကြီးအား
လက်ဆောင်အနေနှင့် ဆက်သထားသောပစ္စည်းဖြစ်သည်။ မင်းတရားကြီးဆီ တောင်းမှရလိမ့်မည်သာ။
မြို့စားမင်းအား ကြည့်လိုက်တော့လဲ
မြင်းမိုရ်တောင်ထိပ် တက်ရမည်ဆိုရင်တောင်
သွားယူရန် အသင့်ဖြစ်နေသည့်အသွင်။
"အဲ့ ..အဲ့တာက
ရွှေနန်းရှင် မင်းတရားကြီးဆီမှာပါ"
"ကောင်းပြီ ကျုပ် မင်းကြီးဆီ
အခုပဲ အခစားဝင်လိုက်မယ်"
ပြောပြီးမပြေးရုံတမယ် ခြေလှမ်းကျဲကြီးများဖြင့်
မင်းတရားကြီးထံ စဝ်ခွန်သ ခစားဝင်ခဲ့၏။
"အရှင်မင်းကြီး
သီရိဇေယျာပူရမြို့စား ခွန်သရာဇာဓိပတိ
အခစားဝင်လာကြောင်းပါဘုရား"
"အတွင်းဆောင်ကိုခေါ်လိုက်ကွယ်"
မင်းတရားကြီးအမိန်တော်ရသည်မို့
စဝ်ခွန်သ အတွင်းဆောင်ဆီ အခစားဝင်ခဲ့သည်။
"သားတော်..ဘာအကြောင်းများရှိခဲ့လဲ
ထိခိုက်မိသွားသေး၏လော"
'မင်းနား တစ်ထောင်' ဟူသောစကားသည်မှန်၏။ ခဏအတွင်း အဖြစ်အပျက်သည်ပင်လျှင် မင်းတရားကြီး၏ ရွှေနားတော်သို့ ရောက်နိုင်သည်။
"ကညာပျိုယောင်ဆောင်ထားတဲ့
လူငယ်လေးက သားတော်အစား
ဓားကို ခံပေးခဲ့တာမို့
သားတော် အသက်ချမ်းသာခဲ့ပါတယ်
ယခု သားတော်ရဲ့အသက်အသခင်က
အဆိပ်မိနေကြောင်းပါ ဘုရား
သို့ပါကြောင့် ခမည်းတော်ဆီမှာရှိတဲ့
အဆိပ်ပေါင်းတစ်ထောင်ဖြေဆေးကို
သားတော် အရဲစွန့်ပြီးတောင်းပါရစေ"
မင်းကြီးက သူ့သားတော်ကိုကြည့်ကာ ပြုံးလိုက်သည်။ သူ့အနေနှင့် ထီးနန်းမစံရခင် အိမ်နိမ့်စံဘဝမှာထဲက စဝ်ခွန်သကို မွေးစားခဲ့တာဖြစ်ပြီး ထိုအချိန်စဝ်ခွန်သ ကား ၃နှစ်သားကလေးသာရှိသေး၏။
သူပျိုးထောင်ကာ သူ့မျက်စိရှေ့အရွယ်ရောက်လာသော ထိုကလေးငယ်သည် ကျေးဇူးတရားကို လွန်စွာမှသိတတ်သည်။
အသက် ၁၀နှစ်နှင့် ဓားကိုင်ကာ ၁၃နှစ်နှင့် စစ်ထွက်တိုက်သည်။ အသက် ၁၅နှစ်၌ တပ်မှုးရာထူးတောင်ရနေသည့်အထိ စွမ်းအားကြီးလှသည်။
အချစ်ရေး အိမ်ထောင်ရေးဟူသည်စိတ်မဝင်စားခဲ့သလို ခမည်းတော်ထံ၌လဲ တစ်စုံတစ်ရာကိုပေးပါဟု
ဘယ်တုန်းကမှ မတောင်းခံခဲ့။
အိမ်ရှေ့စံအရာအပ်နှင်းမည်ဆိုတုန်းကတောင်
ညီတော်ကိုသာ အပ်နှင်းပါ သူကတော့ ညီတော်နှင့် တိုင်းပြည်ကို ကာကွယ်ရင်းနှင့်သာ နေလိုပါသည် ဆိုပြီး ထီးနန်းအရိုက်အရာကိုတောင် ငြင်းပယ်ခဲ့သူ။
ယခုသည်ကား သူ့၏မွေးစားသားတော်လေးက
သူ့ထံတွင် ပထမဆုံးအကြိမ်တောင်းဆိုခြင်းဖြစ်၏။
"ကောင်းလှပြီ သားတော်လိုရာခမည်းတော်ပေးအံ့
သို့သော်ညား ဒီကိစ္စအပေါ် သားတော်အမြင်အား
လျောက်တင်စေ"
ထိုကညာပျိုသည် ခမည်းတော်မင်းကြီးက သူ့အား ပေးသော လက်ဆောင်ဖြစ်၏။ ခမည်းတော်၏ ဘယ်လိုထင်လဲ ဟူသော စကားသည် မိမိအနေဖြင့် သူ့အား သံသယရှိသလားဟု သွယ်ဝိုက်မေးလိုက်ခြင်းပင်။
"မနာလိုသူတစ်ချို့က
သားတော်နဲ့ ခမည်းတော်ကြား
သွေးထိုးလိုတယ် ထင်ပါရဲ့
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်
ခမည်းတော်ကို
သားတော် အကြွင်းမဲ့ ယုံပြီသားပါ"
"အိမ်းကွယ် ခမည်တော်လဲ ဒါကိုသိပါရဲ့
နောင်အခါ သားတော်လဲ
ပိုပြီးဂရုစိုက်ပါ
သားတော်ရဲ့ မယ်ဘုရားဆီလဲ
အခစားဝင်လှည့်ဦး
သားတော်ကို လွမ်းနေရော့တယ်"
"မှန်လှပါဘုရား
သားတော် ခစားသွားလိုက်ပါမယ်"
ခမည်းတော်ကို အရိုအသေပြုကာ နန်းဆောင်ဆီ
ခြေလွမ်းသွက်သွက်နှင့် ပြန်ရသည်။
ထိုကလေးငယ်အား ကယ်ရန် မမှီမှာစိုးသည်။
ကယ်လို့ရပါလျက်နဲ့ မကယ်နိုင်ခဲ့ရင်
ကိုယ်တော်တစ်သက်လုံး နောင်တတွေနဲ့ပဲ
ရှင်သန်နေသွားရနိုင်တာမို့ ကျေးဇူးပြုပြီး
ကိုယ်တော်ရောက်တဲ့အထိ အသက်ရှင်နေပေးပါ..
🦋အသွန်း🌻
W-1476
28.09.2021(Thu)
_____________________