HONEY

By OliviaThet_Eleanor

342K 24K 635

Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's i... More

Intro - Unicode
Chapter 1 - Unicode
Chapter 2 - Unicode
Chapter 3 - Unicode
Chapter 4 - Unicode
Chapter 5 - Unicode
Chapter 6 - Unicode
Chapter 7 - Unicode
Chapter 8 - Unicode
Chapter 9 - Unicode
Chapter 10 - Unicode
Chapter 11 - Unicode
Chapter 12 - Unicode
Chapter 13 - Unicode
Chapter 14 - Unicode
Chapter 15 - Unicode
Chapter 16 - Unicode
Chapter 17 - Unicode
Chapter 18 - Unicode
Chapter 19 - Unicode
Chapter 20 - Unicode
Chapter 21 - Unicode
Chapter 22 - Unicode
Chapter 23 - Unicode
Chapter 24 - Unicode
Chapter 25 - Unicode
Chapter 26 - Unicode
Chapter 27 - Unicode
Chapter 28 - Unicode
Chapter 29 - Unicode
Chapter 31 - Unicode
Chapter 32 - Unicode
Chapter 33 - Unicode
Chapter 34 - Unicode
Chapter 35 - Unicode
Chapter 36 - Unicode
Chapter 37 - Unicode
Chapter 38 - Unicode
Final - Unicode
Summary - Unicode
Intro - Zawgyi
Chapter 1 - Zawgyi
Chapter 2 - Zawgyi
Chapter 3 - Zawgyi
Chapter 4 - Zawgyi
Chapter 5 - Zawgyi
Chapter 6 - Zawgyi
Chapter 7 - Zawgyi
Chapter 8 - Zawgyi
Chapter 9 - Zawgyi
Chapter 10 - Zawgyi
Chapter 11 - Zawgyi
Chapter 12 - Zawgyi
Chapter 13 - Zawgyi
Chapter 14 - Zawgyi
Chapter 15 - Zawgyi
Chapter 16 - Zawgyi
Chapter 17 - Zawgyi
Chapter 18 - Zawgyi
Chapter 19 - Zawgyi
Chapter 20 - Zawgyi
Chapter 21 - Zawgyi
Chapter 22 - Zawgyi
Chapter 23 - Zawgyi
Chapter 24 - Zawgyi
Chapter 25 - Zawgyi
Chapter 26 - Zawgyi
Chapter 27 - Zawgyi
Chapter 28 - Zawgyi
Chapter 29 - Zawgyi
Chapter 30 - Zawgyi
Chapter 31 - Zawgyi
Chapter 32 - Zawgyi
Chapter 33 - Zawgyi
Chapter 34 - Zawgyi
Chapter 35 - Zawgyi
Chapter 36 - Zawgyi
Chapter 37 - Zawgyi
Chapter 38 - Zawgyi
Final - Zawgyi
Summary - Zawgyi

Chapter 30 - Unicode

5.5K 453 21
By OliviaThet_Eleanor

"မမ"

"အေး ပြော"

"နင့်မိဘတွေကိုပြောလိုက်၊ ငါလက်ထပ်တော့မယ်လို့"

အိမ်ကိုခဏလာကာ ပြောလိုက်သည့်စကားကြောင့် မိုးမြတ်နောင် မျက်ခုံးပင့်သွားရသည်။ မြင့်မြတ်ပိုင်နောင်၏ မျက်နှာတွင်တော့ ဘာခံစားချက်မှမရှိသလိုပင်။

"ချာတိတ်မှာက မိဘရော၊ အုပ်ထိန်းသူရောပါရှိတော့တာမဟုတ်ဘူး။ အနည်းဆုံးတော့ နင့်မိဘတွေနဲ့တွေ့ပေးထားသင့်တယ်ထင်လို့။ ငါက တိတ်တိတ်လေးခိုးယူလိုက်သလိုမဖြစ်ချင်ဘူး။"

"ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုရှာကျွေးခဲ့တဲ့လူတွေပဲ။ အဲဒါကြောင့်မို့၊ ချာတိတ်ကိုအသိမှတ်လာပြုပေးဖို့ပြောပေး။ ချာတိတ်ကိုအသိမှတ်မပြုနိုင်ဘူးဆိုရင်တော့ သန်းခေါင်စာရင်းထဲကငါ့ကိုထုတ်ဖို့ပါပြောလိုက်"

သျှင်မင်းသန့်တွင်က မှီခိုရာမိသားစုဆိုလို့ ဘယ်သူမှမကျန်တော့သည့်အချိန်တွင် မြင့်မြတ်ပိုင်နောင်ဘက်ကလည်း လူကြီးမိဘမပါဘဲ လက်မထပ်ချင်ပေ။ တင်မတောင်းတောင် ကိုယ့်မိဘကလေးနှင့် အသိသက်သေလေးလက်ထပ်တော့ လူမြင်ပို့တင့်မည်ဟု မြင့်မြတ်ပိုင်နောင်ထင်သည်။

အကယ်၍ သူ့မိဘများကသာ သျှင်မင်းသန့်အား မကြည်ဖြူပါဘူးဆိုလျှင် သူ့ဘက်ကလည်း ငှဲ့ကြည့်တော့မည်မဟုတ်ချေ။ 

သျှင်မင်းသန့်ကြောင့် သူ့ဘ၀နေ့ရက်များတွင် အလင်းရောင်၀င်လာခြင်းဖြစ်သည်မို့ ထိုအလင်းရောင်ကလေးအား ပိတ်ပင်မည့် မည်သည့်လိုက်ကာကိုမဆို၊ သူ့ဘ၀ပြတင်းပေါက်မှ ဖြုတ်ချဖို့၀န်လေးမည်မဟုတ်။

သျှင်မင်းသန့်အား လက်ထပ်ယူဖို့ ကိစ္စကို မြင့်မြတ်ပိုင်နောင်အနေနှင့် ဦးမင်းထက် ဆုံးပါးသွားကတည်းက နေ့တိုင်းတွေးမိခဲ့တာဖြစ်သည်။  သို့သော် အဘိုးဖြစ်သူကြောင့် ၀မ်းနည်းပူဆွေးနေဆဲဖြစ်သည့် သျှင်မင်းသန့်ကြောင့် သူ့အတွေးတွေကမဖြစ်မြောက်ခဲ့။

သို့သော် ဟိုတလောက သျှင်မင်းသန့်သည် သူအလုပ်မသွားခင် ပြောလိုက်သည့်စကားကြောင့် မြင့်မြတ်ပိုင်နောင် အမြန်ဆုံးအကောင်အထည်ဖော်ရန်တွေးလိုက်မိခြင်းဖြစ်သည်။ သူတို့ပုံစံသည် ကြင်စဦးမောင်နှံနှင့်တူနေသည်ဟုပြောနေသည့် သျှင်မင်းသန့်စကားကြောင့် မြင့်မြတ်ပိုင်နောင်မှာ အတော်လေးအတွေးများခဲ့ရ၏။

ယောက်ျားလေးနှစ်ယောက်ချစ်ကြိုက်ကြသည်ကိုပင် လက်မခံနိုင်ကြသေးသည့် ပတ်၀န်းကျင်၌ လက်မထပ်ဘဲအတူနေသည်ကို မည်သို့မည်ပုံ အပုပ်ချကြနိုင်မည်နည်း။ မြင့်မြတ်ပိုင်နောင်သည် သျှင်မင်းသန့်အား ထိုသို့နောက်ကွယ်က တီးတိုးစကားတွေ၏ ဒဏ်ကိုပင် မခံစေလို။

"ဘယ်တော့လက်ထပ်မှာလဲ"

"နောက်လတစ်ရက်နေ့လို့မှန်းထားတယ်"

"မြန်လှချည်လား၊ လက်ထပ်မှတ်ပုံတင်ကတော့လုပ်လို့မရဘူးနော်"

အမျိုးသားနှစ်ယောက်၏လက်ထပ်ထိမ်းမြားခြင်းအား နိုင်ငံတော်သည် အသိမှတ်ပြုပေးနိုင်ခြင်းမရှိပါတဲ့။

"ကိစ္စမရှိပါဘူး၊ ငါကလည်းအဲ့လိုစာချုပ်စာတမ်းတွေကိုသိပ်ပြီး ယုံတာမဟုတ်ဘူး။ အဓိကက ချာတိတ်ကို ငါ သေချာ လက်ထပ်ယူထားတယ်ဆိုတာ လူသိသွားရင်ပြီးတာပဲ"

မြင့်မြတ်ပိုင်နောင်အနေနှင့်က ရှင်းသည်။ မင်္ဂလာဆွမ်းကျွေးကလေးလုပ်ပြီး ရပ်ကွက်ထဲက အန်တီကြီးတို့ ပါးစပ်ဖျားမှ သျှင်မင်းသန့်အား ယောက်ျားတစ်ယောက်နှင့် လက်မထပ်ဘဲအတူနေသည်ဆိုသည့်အပြောများအောက်တွင် မရှိစေဖို့ သူအစွမ်းကုန်ကြိုးစားမည်ဖြစ်သည်။

"လူတွေကလည်းခက်တယ် ဘာမှလည်းမသိဘဲနဲ့"

"ဘာဖြစ်လာလို့လဲ"

"ဟိုတလောက ဆေးခန်းကအပြန် ဟန်နီက ခြုံတစ်ခုမှာတိုးနေလို့ သွားခေါ်ရင်း ကြားလာတာ"

မြင့်မြတ်ပိုင်နောင်၏ ပါးရိုးတွေတင်းသွားသည်ကို ကြည့်လိုက်ခြင်းအားဖြင့် ပြန်တွေးလိုက်လျှင်ကို ဒေါသထွက်နေပုံရ၏။

"ငါ့ကမိန်းမရှိရက်နဲ့ ချာတိတ်ကို.."

မြင့်မြတ်ပိုင်နောင်သည် ဆက်ပြောနိုင်ခြင်းအလျင်းမရှိပါချေ။ ကြားခဲ့ရသည့်နားကိုပင်ဖောက်ထုတ်ပစ်ချင်ခဲ့သည့်အချိန်ဖြစ်တာမို့ သူကိုယ်တိုင် လိမ်လည်ပြီးသော်မျှ၊ မရည်ရွယ်ဘဲနှင့်သော်မျှ သျှင်မင်းသန့်အား ထိုသို့မသမှုတ်နိုင်ချေ။

မြင့်မြတ်ပိုင်နောင်သည် သျှင်မင်းသန့်နှင့် ပတ်သက်လာလျှင် အထိမခံသည်ထက်ပင် ပိုသည့်လူတစ်ယောက်ပင်ဖြစ်၏။

"အဲဒါနင်က၀င်ပြီးဆွဲမထိုးခဲ့ဘူးလား"

"မရမ်းကားချင်ပါဘူး၊ ပါးစပ်ရမ်းကားတဲ့လူတွေကိုပြန်တုံ့ပြန်တာလောက် တုံးတာမရှိဘူး။ ပြောချင်တဲ့လူက ပြောနေမှာပဲ၊ ရှင်းပြလည်းနား၀င်မှာမဟုတ်သလို နားလည်းမလည်ဘူးလေ။"

"အဲ့ကျ ဘာမှမလုပ်ခဲ့ဘူးပေါ့"

"လုပ်မယ့်လုပ် သတ်ပစ်တဲ့အထိလုပ်ရမှာပေါ့"

မြင့်မြတ်ပိုင်နောင်စကားကြောင့် မိုးမြတ်နောင်မှာ ပါးစပ်အဟောင်းသား။ လက်ကိုပိုက်ကာ မျက်မှန်ကိုင်းကိုပင့်လျက် အေးအေးဆေးဆေးပြောနေသူက ဘာမှမထူးခြားသည့်အလား။ သူ့မောင်ပါးစပ်မှ ထိုသို့သော စကားလုံးများထွက်လာခြင်းကို မိုးမြတ်နောင်မှာ မယုံကြည်နိုင်အောင်ဖြစ်နေရ၏။

"အဲဒါကြောင့်မို့ ချာတိတ်ကို လူသိရှင်ကြားလက်ထပ်ချင်တယ်"

"အဲ့လိုလူသိရှင်ကြားလက်ထပ်လိုက်မှ အပြစ်ပြောကြရင်ရော"

"ဘာဂရုစိုက်ရမှာလဲ၊ ငါတို့က ချစ်လို့ယူထားကြတယ်။ အသိပေးပြီးလည်း လက်ထပ်ထားကြတယ်။ ခိုးကြောင်ခိုး၀ှက်ညားနေကြတာမှမဟုတ်တာ။ အဲဒါကိုအပြစ်ပြောတဲ့လူရဲ့အဆင့်အတန်းက ယှဥ်ပြောဖို့တောင်မတန်တော့ဘူး"

ထိုနေ့က မိုးမြတ်နောင် မြင့်မြတ်ပိုင်နောင်နှင့် စကားတွေအများကြီးပြောဖြစ်ခဲ့၏။ ထို့နောက် သျှင်မင်းသန့် စာမေးပွဲဖြေနေစဥ်အတွင်း ခြောက်ကပ်နေသည့်ပန်းဆိုင်လေးကို နေ့တိုင်းသွားရှင်းကာ ပြန်စီမံပေးခဲ့ရ၏။ စာပိနေသည့် သျှင်မင်းသန့်ကတော့ ဒါတွေကို လားလားမှသတိမထားမိခဲ့ချေ။

____________________________________________

"ဦးလေးကြီး"

"Yes, Love"

မင်္ဂလာဆွမ်းကျွေးအတွက် ဖိတ်စာဒီဇိုင်းရွေးနေတုန်း ခေါ်လာသည့် သျှင်မင်းသန့်ကြောင့် မြင့်မြတ်ပိုင်နောင် မော့ကြည့်လိုက်ကာ မျက်မှန်ကိုအသာချွတ်လိုက်၏။

"ကျွန်တော်တို့ တိုးတိုးတိတ်တိတ်ပဲလုပ်ကြမလား"

"ချာတိတ်က မကြိုက်လို့လား"

သျှင်မင်းသန့်က တွေးဆဆကလေးဖြစ်သွားကာ မြင့်မြတ်ပိုင်နောင်အား မ၀ံ့မရဲလေးကြည့်၏။

"မကြိုက်တာတော့မဟုတ်ပါဘူး"

"ချာတိတ်ကြိုက်ရင်ရပြီလေ"

"ဒါပေမဲ့ ဦးလေးကြီး အသိုင်းအ၀ိုင်းမှာကျ"

"ကိုယ် ချာတိတ်စကားကလွဲပြီး ဘယ်သူ့စကားကိုအရေးစိုက်ဖူးလို့လဲ"

မြင့်မြတ်ပိုင်နောင်စကားကြောင့် သျှင်မင်းသန့် ဘာမှမပြောနိုင်ဘဲ ပါးစပ်ပိတ်သွားရ၏။ အတွေးတွေများနေသည့်သူ့ကို မြင့်မြတ်ပိုင်နောင်က သူ့ဘက်ဆွဲကာ ဖက်ထားပေးသည်။ ထို့နောက် ခေါင်းကို ဖိနမ်း၏။

"ခေါင်းသေးသေးလေးက အများကြီးမတွေးရဘူး၊ ဟုတ်ပြီလား"

သျှင်မင်းသန့် ခေါင်းသာညိတ်ပြလိုက်၏။ ထို့နောက် မြင့်မြတ်ပိုင်နောင် ရင်ခွင်ထဲသို့ အတင်းတိုး၀င်လာ၏။ မြင့်မြတ်ပိုင်နောင်က ဖုန်းကိုဖွင့်ပြကာ ဖိတ်စာရွေးဖို့ပြသည်။ ဟေမာန်ဦးပြောသလိုပင် အမှန်တကယ် သျှင်မင်းသန့် ဖိတ်စာရိုက်ရတော့မည်ဖြစ်သည်။

"သျှင်မင်းသန့် ငါတို့လာပြီ"

အရေးကောင်း၊ ဒိန်းဒေါင်ဖျက်ဆိုသည်မှာ သူတို့မှအစစ်ပင်။ သျှင်မင်းသန့် သူ့လူကြီးရင်ခွင်ထဲ မှေးကာ အိပ်တော့မည့်အချိန်တွင် အိမ်ထဲသို့၀င်လာသည့်အသံတွေကြောင့် ခေါင်းထောင်လိုက်မိသည်။

"ဒေါက်တာ သမီးတို့လာတယ်"

ဟေမာန်ဦးတို့က မြင့်မြတ်ပိုင်နောင်အား ဒေါက်တာဟုခေါ်လေ့ရှိပြီး သိပ်မရင်းနှီးစေကာမူ စိမ်းသက်သက်ကြီးတော့မဟုတ်ချေ။ သူတို့ထိုသို့နှုတ်ဆက်လျှင် မြင့်မြတ်ပိုင်နောင်က ခေါင်းလေးညိတ်ကာ အပြုံးမမည်သည့် နှုတ်ခမ်းတွန့်ရုံမျှ အမူအရာနှင့် ပြန်တုန့်ပြန်တတ်၏။

"ဘာလာလုပ်ကြတာလဲ"

"နင်တို့ မင်္ဂလာဆောင်အတွက်ကူမလို့လေ"

"ဘာကူမှာလဲ လာရှုပ်တာကို"

"ကြက်ကြော်ပါတယ်"

ရာဇာလင်းက အထုပ်ကို မြှောက်ပြလိုက်ချိန်တွင် သျှင်မင်းသန့် မျက်လုံးတွေ အရောင်ပြောင်းသွားပြီး အပြုံးတွေဖြစ်ထွန်းလာ၏။ မြင့်မြတ်ပိုင်နောင်က အပြောင်းအလဲမြန်လှသည့်သူ့ကလေးကို ကြည့်ကာ သဘောတကျဖြစ်နေသည်။

"သူငယ်ချင်း လာလာ စားရအောင်"

"အစားမြင်တာနဲ့ လေသံကနော်"

"ဘာဖြစ်လဲ ဘာဖြစ်လဲ"

သျှင်မင်းသန့် သူ့သူငယ်ချင်းတွေနှင့်ပါသွားသည့်အချိန်တွင် မြင့်မြတ်ပိုင်နောင်၏ ဖုန်းမြည်လာခဲ့၏။ 

"အမေတို့က ဆွမ်းကျွေးတော့ မလာနိုင်လောက်ဘူးထင်တယ်"

"ကိစ္စမရှိဘူး"

"ဒါပေမဲ့အမြန်ဆုံးလာမယ်တဲ့ သူတို့ခရီးလွန်နေတယ်ပြောတယ်"

"ဖြည်းဖြည်းလာလည်းရတယ်ပြောလိုက်"

__________________________________________________________

ဒီကနေ့သည် ဇန်န၀ါရီလတစ်ရက်နေ့ဖြစ်ပြီး တစ်နည်းအားဖြင့် ဦးမြင့်မြတ်ပိုင်နောင်နှင့် သျှင်မင်းသန့်တို့၏ မင်္ဂလာထိမ်းမြားလက်ထပ်ပွဲပင်ဖြစ်သည်။ သျှင်မင်းသန့် မနက်အစောအကြီးထကာ မြင့်မြတ်ပိုင်နောင် ကိုယ်တိုင် ရွေးပေးထားသည့် ငှက်ခါးရောင်ပုဆိုးနှင့် အဖြူရောင်ရှပ်အင်္ကျီလက်ရှည်ကို ၀တ်ဆင်လိုက်ပြီး ရေချိုးနေဆဲဖြစ်သည့် မြင့်မြတ်ပိုင်နောင်အတွက် သူနှင့်ဆင်တူအင်္ကျီ၊ ပုဆိုးကိုထုတ်ပေးထားလိုက်သည်။

"မြောင်"

သူ့ပုဆိုးအောက်မှ ခြေထောက်တွေအား ပွတ်သီကပ်သီလုပ်နေသော ကြောင်မကလေးသည်လည်း စိတ်ပျော်နေသည့်ပုံပင်။

"ဟန်နီ အပြင်မှာစောင့်နော်"

ကြောင်မလေးကသူ့စကားကိုနားလည်သည့်အလား တစ်ချက်အော်ကာ တံခါးနားကိုသွား၏။ သျှင်မင်းသန့်လည်း တံခါးကိုလိုက်ဖွင့်ပေးလိုက်တော့ အသာလေး ဖင်လှုပ်ကာထွက်သွားတော့သည်။

မြင့်မြတ်ပိုင်နောင်က ရေချိုးခန်းထဲကထွက်လာပြီးနောက် ခေါင်းဖီးနေသည့် သူ့ကို တစ်ချက်လှမ်းကြည့်၏။ ထို့နောက် အနားကိုရောက်လာကာ ဘီးကိုယူလိုက်ပြီး ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးသည်။

"ဦးလေးကြီး ရေစိုကြီးနဲ့ အအေးပက်မယ်"

မြင့်မြတ်ပိုင်နောင်က အောက်ကပုဆိုးနှင့် အပေါ်က တဘတ်ကိုသာ ပခုံးပေါ်တင်ထားတာမို့ သျှင်မင်းသန့်ပြောလိုက်ခြင်းဖြစ်သည်။

"မအေးပါဘူး"

"အေးတာကို အစောကြီးရှိသေးတယ်"

သူပြောလိုက်ကာ မြင့်မြတ်ပိုင်နောင် ပခုံးပေါ်မှ တဘတ်ကိုဆွဲယူလိုက်ပြီး ရေစက်တွေကို လိုက်သုတ်ပေးနေမိ၏။

"ကျွန်တော်တို့ တကယ်ကြီးလက်ထပ်တော့မှာဗျ"

သျှင်မင်းသန့်စကားကြောင့် မြင့်မြတ်ပိုင်နောင် ပြုံးကာ နဖူးအား ခပ်ဖွဖွကလေးနမ်းလိုက်မိသည်။

"ပျော်လား"

"ဦးလေးကြီးနဲ့မို့"

သျှင်မင်းသန့်သည် တုံ့ဆိုင်းခြင်းမရှိ ခေါင်းတို့အား ညိတ်ပြလိုက်ရင်း ဖြေလာ၏။

"သွား အင်္ကျီ၀တ်ဦး ဖျားလိမ့်မယ်"

ချမ်းနေသေးသည့် ရာသီဥတုမို့ သျှင်မင်းသန့် အသိ၀င်ကာပြောလိုက်မိသည်။ ထိုအခါမှ မြင့်မြတ်ပိုင်နောင်က သူအ၀တ်တွေတင်ပေးထားသည့်နေရာကိုသွားကာ အကျအန၀တ်၏။

သန့်ပြန့်နေသည့် အသက်သုံးဆယ်အရွယ် ဦးလေးကြီးသည် အတော်ပင် ချောမောလှသည်။ မျက်နှာရှင်းရှင်းက ရှပ်အင်္ကျီအဖြူနှင့်အတူ တပြေးတည်း တည်ငြိမ်စွာရှိနေပြီး ခေါင်းလျှော်ထားသဖြင့် ရေစိုနေသေးသည့် ဆံပင်တို့က အတော်လေးဆွဲဆောင်မှုရှိစေသည်။

"ဦးလေးကြီး"

သူခေါ်လိုက်တော့ မြင့်မြတ်ပိုင်နောင်က အင်္ကျီကြယ်သီးတပ်ရင်း လှည့်ကြည့်လာသည်။ သျှင်မင်းသန့်အနားကိုသွားလိုက်ပြီး မြင့်မြတ်ပိုင်နောင်ကို ကြယ်သီးတပ်ပေးရင်း မော့ကာကြည့်လိုက်၏။

"ချောလိုက်တာ"

သူ့စကားကြောင့် သွားဖြူဖြူတွေပေါ်လာသည်အထိ ရယ်လာသော မြင့်မြတ်ပိုင်နောင်၏ စက်ကွင်းအောက်တွင် သျှင်မင်းသန့်သည် ထပ်မံကျရှုံးခဲ့ရသည်။ ထို့နောက် မြင့်မြတ်ပိုင်နောင်က သူ့နှုတ်ခမ်းတို့အား အသာလေးထိကပ်လာ၏။ စက္ကန့်ပိုင်းမျှသာ မြတ်မြတ်နိုးနိုး ဖိကပ်ထားပြီး ပြန်ခွာလိုက်ရင်း ခေါင်းကိုထိန်းကာ နဖူးစပ်အား အသာနမ်းပြန်သည်။

"ပိုင်နောင် မပြီးသေးဘူးလား"

"တီချယ် ပြီးပြီ ထွက်လာတော့မှာ"

အခန်းတံခါး၀မှ မိုးမြတ်နောင်၏အသံကြောင့် သျှင်မင်းသန့် သတိ၀င်လာပြီး ပြန်ဖြေလိုက်ရသည်။

"အေးအေး မြန်မြန်လုပ်ကြ ခဏနေ ဘုန်းကြီးတွေလာတော့မယ်ထင်တယ်"

ဆွမ်းကျွေးမှာဖြစ်တာမို့ မိုးမြတ်နောင်ဦးစီးသည့် အချက်အပြုတ်လုပ်ငန်းတွေက အားလုံးပြီးစီးသွားပြီဖြစ်သည်။ မောင်ဖြစ်သူ၏ မင်္ဂလာဆွမ်းကျွေးဖြစ်သည့်အပြင်၊ သူ့တပည့်ရင်း သျှင်မင်းသန့်၏ မင်္ဂလာဆွမ်းကျွေးလည်းဖြစ်နေပြန်တာမို့ မိုးမြတ်နောင်မှာ သူမင်္ဂလာဆောင်တော့မည့်အလား အားတက်သရောဖြစ်နေရသည်။

"ချာတိတ်"

"ဗျာ"

"ကိုယ်ချစ်တယ်နော်"

"ကျွန်တော်သိပါတယ် ဦးလေးကြီးရဲ့"

(OliviaThet's note_တစ်ပတ်လောက်ပျောက်သွားရတဲ့အကြောင်းအရင်းကိုပြောပါဆိုရင် ကျွန်တော် ဒီအပိုင်းကို ဇာတ်သိမ်းပိုင်းလုပ်ဖို့စီစဥ်ထားခဲ့တာပါ။ ဒါပေမဲ့ ဘယ်လိုမှ ဇာတ်သိမ်းဖို့အစအနရှာမရခဲ့ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်းမခွဲချင်သေးတာကြောင့်ပါပါလိမ့်မယ်။ ဆုံးဖြတ်ပြီးသွားတဲ့နောက်မှာ Honey ကို ဇာတ်မသိမ်းဘဲ ဆက်ရေးဖို့လုပ်လိုက်ပါတယ်။ ဆက်လက်ဖတ်ရှူပေးကြပါဦး)

Continue Reading

You'll Also Like

1.1M 46.2K 58
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
586K 38K 39
ရှိုင်းဆက်အာဏာ💕လွန်းခတ်ပိုင်
210K 15.9K 38
Even when the night changes, it will never change me and you.