မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သေ...

By Dia_Vella

10.2K 496 85

သွန်းဆက်မြိုင် : ''မောင် မ' ကိုဘယ်လောက်နာကျင်အောင်လုပ်လုပ် မအပြစ်မမြင်ပါဘူး ဒါပေမဲ့ စိတ်နာအောင်တော့ မလုပ်မိစေ... More

Part1
Character မိတ်ဆက်
Part 2
Part3
Part_5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-18

Part_4

416 28 1
By Dia_Vella

[Unicode]

မင်းထိုက်ဝဿန်နဲ့ရှင်းသန့်ဝတီတို့ စားသောက်ထဲထဲသို့ရယ်မောစွာဝင်လာပြီး နေ့လယ်စာအရင်စားကြသည်

ပတ်ဝန်းကျင်၏အမြင်မှာတော့ အားကျစရာစုံတွဲတွေလိုဖြစ်နေတယ် မင်းထိုက်ဝဿန်က ယောကျာ်းလေးတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ရှိပြီး ရှည်လျားတဲ့အရပ်ကြောင့် မသိတဲ့သူတိုင်း ယောက်ျားလေးတယောက်လို့ပဲ မှတ်ယူထားကြသည်

မင်းထိုက်ဝဿန်က အကျင့်တခုလို ရှင်းသန့်ဝတီရဲ့ ပန်းကန်ထဲက ပုဇွန်ထုတ်တွေကို အခွံနွှာပေးနေလေရဲ့

ရှင်းသန််ဝတီက ထိုကဲ့သို့ သူ့အပေါ်ဂရုစိုက်မှုတွေ အမြဲပေးသော မင်းထိုက်ဝဿန်ကို သဘောတကျကြည့်နေမိသည်

'နင်သာ ငါ့အပိုင်ဖြစ်ခဲ့ရင် အခုချိန်အပျော်ရွှင်နိုင်ဆုံးသူက ငါပဲဖစ်နေရမှာ အခုတော့ နင့်ရဲ့ဂရုစိုက်မှုတွေက ငါတစ်ယောက်ထဲအတွက် အပိုင်ဟုတ်မနေတော့ဘူးပဲ'

ရှင်းသန့်ဝတီ ထိုစကားများကို တစ်ယောက်ထဲပြောရင်း ရင်ထဲမှာ ပြောပြမရတဲ့မနာလိုမှုတွေ ဒေါသတွေရောထွေးလာတော့သည်

"ရှင်း ငါနွှာပြီးပြီစားတော့လေ''

မင်းထိုက်ဝဿန်ရဲ့ စကားကြောင့် ရှင်းသန့်ဝတီရဲ့ရုပ်မှာ ခပ်ထန်နေရာမှာ အနူးညံဆုံးအပြုံးသို့ချက်ချင်းပြောင်းသွားတော့သည်

"ငါရဲ့ထိုက်ကတကယ်အလိုက်သိတာပဲ''

ထို့နောက် ရှင်းသန့်ဝတီ မင်းထိုက်ဝဿန်နွှာပေးထားတဲ့ ပုဇွန်ထုတ်တစ်ခုကို သေချာလှီးပြီး
"ထိုက် နင်အရင်မြည်းကြည့်'' ဆို၍ မင်းထိုက်ဝဿန်အား ခွံကျွေးလိုက်တော့သည်

မင်းထိုက်ဝဿန်ကလည်း မငြင်းပါ ထိုကဲ့သို့ စားရင်းသောက်ရင်းရယ်မောနေကြလေသည် သူတို့၂ယောက်အား တစ်စုံတယောက်မှ ကြည့်နေသည်ကိုသတိမထားမိလိုက်ချေ
==========

"မသွန်းဆက်မြိုင် ရှင်ဒီနေ့တော့ ဆိုင်ကိုလာပြီပေါ့''

ဆိုင်ထဲအဝင်ဝင်ခြင်း ထိုကဲ့သို့နူတ်ဆက်ခံလိုက်ရခြင်းဖြစ်သည် ဟုတ်လဲဟုတ်ပါသည် သူဆိုင်ကိုသူငယ်ချင်းတွေနဲ့ပစ်ထားခဲ့ပြီး မောင့်နားမှာပဲနေမိနေတာရယ်

"ဘာလည်းငြိုငြင်နေပြီလားမသော်''

"အမလေးမငြိုငြင်ရပါဘူးနော် နင်မလာလဲဒီဆိုင်ကရှယ်ယာတွေငါအကုန်ယူပစ်မှာပေါ့ ဟားဟား''

လူယုတ်မာအပြုံးနဲ့ ရယ်ကျဲကျဲပြောလာသောသူငယ်ချင်းမီမီသော်ရဲ့ စကား ကြောင့် မေတ္တာမို့မိလိုက်ပါသည်
ဒီဆိုင်လေးက မိသော်ရယ်ကျမရယ်ပြီးတော့ တေဇမာန်ရယ် သူငယ်ချင်းတွေ အတူတူပူးပေါင်းပြီ ဖွင့်ထားတဲ့ ဂိမ်းဆိုင်ကြီးပေါ့

ဟုတ်ပါတယ်ကျမကရှင်တို့ထင်သလို နုနုရွရွမိန်းကလေးတယောက်မဟုတ်ပါဘူး ကျမရဲ့နူးညံမှုတွေ သိမ်မွေ့မှုတွေက မောင်ဆိုတဲ့ ထိုလူသားအတွက်ပဲ

" သွန်း! ဒီနေ့တော့ဆိုင်ကိုလာပြီပေါ့ ''

တေဇရဲ့အသံကြောင့် သွန်းဆက်မြိုင်ဆိုင်အပြင်ဝကို အကြည့်လွဲမိလိုက်ပါသည်

" လာရမှာပေါ့ ဒီညrankတက်ကြတော့မယ်မလား ''

"ဪမသိပါဘူး မောင့်ရဲ့နူးညံသိမ်မွေ့တဲ့ အိမ်ရှင်မလေးလုပ်နေပြီး မေ့နေပြီတောင်ထင်တာ''

တေဇမာန်က ရှုပ်မဲ့ပြီး သွန်းဆက်မြိုင်ကိုစနေလေသည် မီမီသော်ကတော့ အူပြတ်မတက်အသံပြဲကြီးဖြင့်ရီနေလေရဲ့

"ဘာ ဘာတဲ့မောင့်ရဲ့နူးညံတဲ့အိမ်ရှင်မတဲ့ဟယ် ခွီးးးး''

ပြောရင်းနဲ့လူကိုတဖျတ်ဖျတ်နဲ့ လာရိုက်နေသော မိသော်ကို သွန်းဆက်မြိုင် မျက်နှာတည်နဲ့ပြုံးပြလိုက်တော့သည်

"အဟမ်း မကြိုက်ရင်လဲမစတော့ပါဘူး အဲ့အပြုံးကြီးနဲ့မပြုံးစမ်းပါနဲ့ နင့်အဲ့အပြုံးကိုသာနင့်ရဲ့မောင် မြင်သွားရင်သွေးတက်ပြီး မေ့လဲသွားအုံးမယ်''

"အဲ့အပြုံးကနင်တို့အတွက် သီးသန့်''
သွန်းဆက်မြိုင်ပြောရင်း ထိုအပြုံးကြီးကိုထပ်ပြုံးထားလျက်

တေဇမာန်နှင့်မီမီသော် သွန်းဆက်မြိုင်ရဲ့အပြုံးကြီးကြောင့် ကျောချမ်းလာပြီး နေရထိုင်ရမအီမသာဖြစ်လာတော့သည်

"တော်ပါတော့ မပြုံးပါနဲ့တော့ နင့်ကိုmidwayပေးမယ်လေနော်''

မီမီသော်ရဲ့စကားကြောင့် သွန်းဆက်ပြုံးနေတာကြီးကိုရပ်လိုက်ပြီး တောက်ပသောမျက်လုံးလေးများဖြင့်မီမီသော်ကို ကြည့်လိုက်ပြန်သည်

"အာ..အဲ့လောက်ကြီးတောက်ပမနေစမ်းပါနဲ့ ငါတောင်ကြွေချင်လာပြီ ''

"မောင်ရှိတယ်ကြွေလို့မရဘူး ပြန်ကောက်''

သွန်းဆက်မြိုင်ဆီကို မီမီသော်ရဲ့မျက်စောင်းများကျရောက်လာလေသည်

"တမောင်မောင်နဲ့ပါးစပ်ကိုမချဘူး စိတ်ဆင်းရဲတယ်''

မီမီသော်နှင့်သွန်းဆက်မြိုင်သာ စကားတွေတရစမ်ပြောနေပေမဲ့ တေဇမာန်မှာတော့တိတ်ဆိတ်လျက် တခုခုကိုအလိုမကျနေဟန် ပြောရင်ကောင်းမလားမပြောရင်ကောင်းမလားရုပ်ဖြင့်

"တေဇဘာဖြစ်လို့လဲ''

မီမီသော်က ဘာကိုအလိုမကျမှန်းမသိသော တေဇမာန်ရဲ့ရုပ်ကို သတိထားမိသွားလေသည်

"အမ်...ဟိုဘာရယ်တော့မဟုတ်ပါဘူး သွန်းရဲ့ကိစ္စပါ''

"ငါ့ရဲ့ကိစ္စ?''
သွန်းဆက်က နားမလည်ဟန်ဖြင့်မေးလိုက်လေသည်

"ဟုတ်တယ် မင်းထိုက်ဝဿန်ကိုရှင်းသန့်ဝတီနဲ့အတူတူငါတွေ့ခဲ့တယ်''

သွန်းဆက်မြိုင် ရှင်းသန့်ဝတီဟုကြားလိုက်သောအခါ ပြုံးနေတဲ့မျက်နှာက ရုတ်တရက်တည်တံ့သွားသည်
နားထဲတွင်လည်း စကားတချို့ကို ပြန်လည်ကြားယောင်လာမိသည်"ထိုက်ကိုမရရအောင်ပြန်လုယူပြမယ်''

"ဟက်! စောင့်နေခဲ့တဲ့အချိန်က မြန်မြန်ရောက်လာသားပဲ''

"ဘာပဲဖစ်ဖစ် စိတ်ကိုတက်နိုင်သလောက်လျော့ထားပါအုံး သွန်း လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်နိုင်တာလေ''

တေဇမှ သွန်းဆက်မြိုင်ရဲ့စိတ်ကိုနားလည်နေသဖြင့် သူမဘာလုပ်မယ်ဆိုတာကို ကြိုသိနေလေသည် သွန်းဆက်မြိုင်က မင်းထိုက်ဝဿန်နှင့်ပတ်သက်လာလျှင် အရမ်းအလျှော့ပေးသလောက် အရမ်းလည်းဆက်ဆက်ထိမခံ

သွန်းဆက်မြိုင်ဘယ်လောက် ဒေါသကြီးသည်ကို တေဇမာန်နှင့် မီမီသော်အသိဆုံးပင် သူ့ရဲ့မောင်နှင့်ပတ်သက်လျှင်ပေါ့

'လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်မယ်တဲ့ ဟက်! မောင်ကမတီးခင်ထဲက မြည်ချင်နေရင်ဘယ်လိုလုပ်မလဲ'

================================================================

[Zawgyi]

[Unicode]




ရှင်းသန်ဝတီက ထိုကဲ့သို့ သူ့အပေါ်ဂရုစိုက်မှုတွေ အမြဲပေးသော မင်းထိုက်ဝဿန်ကို သဘောတကျကြည့်နေမိသည်







==========
























"တေဇဘာဖြစ်လို့လဲ''



"ငါ့ရဲ့ကိစ္စ?''








Continue Reading

You'll Also Like

4.5M 283K 105
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.2M 65.9K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
4.1M 169K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...