Love or hate

Autorstwa WuitYee5

10.4K 319 154

သိပ်ချစ်လွန်းလို့ပိုင်ဆိုင်ဖို့မောင်ကြိုးစားခဲ့တာကိုအတ္တကြီးတယ်လို့ဆိုချင်လဲဆိုနိုင်ပါတယ်အဝေး....တစ်ခုတော့သိထ... Więcej

Characters' introduction
Chapter2(Unicode+Zawgyi)
Chapter3(Unicode+Zawgyi)
Chapter-4(Unicode+Zawgyi)
Chapter- 5(Unicode+Zawgyi)
Chapter6(Unicode +Zawgyi)
Chapter7(Unicode+Zawgyi)
Chapter 8(Unicode +Zawgyi)
Chapter9(Unicode+Zawgyi)Spoiler
Chapter9(Unicode+Zawgyi)
Chapter10(Unicode+Zawgyi)
Chapter11(Unicode +Zawgyi)
Chapter12(Unicode+Zawgyi)
Chapter13(Unicode+Zawgyi)
Chapter14(Unicode+Zawgyi)
Chapter15(Unicode+Zawgyi)
Chapter16(Unicode+Zawgyi)
Chapter17(Unicode +Zawgyi)
Chapter18(Unicode +Zawgyi)
Chapter19(Unicode+Zawgyi)
Chapter20(Unicode+Zawgyi)
Chapter21(Unicode+Zawgyi)
Chapter22(Unicode+Zawgyi)
Spoiler alert!
Chapter23(Unicode+Zawgyi)
Chapter24(Unicode+Zawgyi)
Chapter25(Unicode+Zawgyi)
Chapter26(Unicode+Zawgyi)
Chapter27(Unicode+Zawgyi)
Chapter28(Unicode+Zawgyi)
Chapter29(Unicode+Zawgyi)
Chapter30(Unicode+Zawgyi)
Chapter31(Unicode+Zawgyi)
Upcoming! !
Chapter32(Unicode, Zawgyi)
Chapter33(Unicode+Zawgyi)
Chapter-34(Unicode+Zawgyi)Final(Part 1)
Chapter34(Unicode+Zawgyi)Final part 2

Chapter1(Unicode+Zawgyi)

861 17 11
Autorstwa WuitYee5

'အား...နောက်ဆုံးတော့ရောက်ပြီကွ.....'

'ဟူး...တစ်လမ်းလုံးကားစီးလာရတာအရမ်းကိုမောတာဘဲ....'

'ဟုတ်ပါ့ကွာ...ကားမမောင်းရပေမဲ့အကြာကြီးထိုင်စီးလာရတော့ခါးတွေကိုညောင်းနေရောကွာ.....'

'အေးကွ....အင်း....နေဦး...၁...၂....၃....၄....ဟာ..တစ်ယောက်လိုနေသလိုဘဲ.....'

'ဟင်....ဟာ...ဟုတ်တယ်လေ....ဟိုကောင်ဆင်းမလာသေးဘူး...ကြည့်ရတာခုထက်ထိအိပ်ကောင်းတုန်းထင်တယ်....'

'ဟူး....ဒါဆိုလဲသွားနှိုးလိုက်ဦးကွာ.....ဟိုမှာမိန်းကလေးအဖွဲ့တွေကဟိုတယ်ထဲဝင်ကုန်ပြီ....ငါတို့ယောကျ်ားလေး၅ယောက်တစ်ဖွဲ့ဘဲကျန်တော့တယ်...'

'အေးပါအတန်းခေါင်းဆောင်ရယ်...ငါသွားလိုက်ပါ့မယ်....မင်းတို့ငါတို့နှစ်ယောက်ကိုဧည့်ကြိုကောင်တာမှာသာစောင့်နေ.....အမြန်ဆုံးနည်းနဲ့ပန်းကန်လံးစီးပြီးလာခဲ့မယ်....'

'ဟင်း....ပြီးရော...ဟိတ်ရောင်တွေ...လာ..သွားကြမယ်....'

'အေး...လာပြီ..လာပြီ.....'

ကားအနားကနေထွက်ခွာသွားတြ့သူငယ်ချင်းသုံးယောက်ကိုကြည့်ပြီးကျွန်တော်သက်ပြင်းချမိသည်...

ဟူး...ဟိုကောင့်ကိုနှိုးရပေဦးမည်....

ဟင်း...မောတယ်....ဒီကောင်ကတော်ရုံစကေးနဲ့နှိုးရတဲ့အကောင်မဟုတ်ဘူး....

မနက်ထွက်လာတည်းကတစ်လမ်းလုံးလည်းမျက်နှာကြီးကိုဆူပုတ်လို့...စိတ်ကြည်နေပုံမရဘူး....

ဒီလိုရာသီဥတုမကောင်းတဲ့အခြေအနေကြီးမှာငါလေးကတော့မောင်မင်းကြီးသားကိုနှိုး၇ပေဦးမယ်....

ဘုရား...ဘုရား......

စိတ်တိုတိုနဲ့ငါ့ကိုထမထိုးထမရိုက်ထမကန်ဖို့တော့မျှော်လင့်မိ...

ထထိုးရင်အရမ်းနာအောင်မထိုးရင်တော့ကောင်းသား.....

ဟင်း....ငယ်သူငယ်ချင်းဆိုတဲ့မျက်နှာလေးတော့ဒီကောင်ထောက်မှာပါလေ....

ကိုယ့်ဘာသာကိုယ်စိတ်ဓာတ်မြှင့်တင်‌ရေးလုပ်ပြီးလေးပင်သောခြေလှမ်းတွေနဲ့ကျွန်တော့်ဦးတည်ရာကexpress ကားရဲ့အဝင်တံခါးစီသို့.....

ခပ်သွက်သက်ခြေလှမ်းတွေနဲ့ချစ်သူငယ်ချင်းနားကိုအရောက်သွားခဲ့ပေမဲ့အနားရောက်တော့ချွေးစီးတွေပင်ထွက်လို့....

ကြောက်ပါသည်...စိတ်မထင်ရင်မထင်သလိုသောင်းကျန်းတတ်တဲ့ဒင်းကို......

'အဟင်း.....ဟိတ်ရောင်......ငဖြိုး....'

တချက်နှိုးတယ်...ဦးထုပ်ငိုက်ငိုက်စောင်းထားတဲ့သူကဦးထုပ်လျှာကိုအောက်သို့ဆွဲချရင်းထပ်အိပ်ဖို့ပြင်နေတာကြောင့်ဒုတိယတစ်ကြိမ်နှိုးမိတော့ ဗြုန်းကနည်းမျက်လုံးပွင့်လာပြီးရလာတာကသူ့စီကမျက်စောင်းတစ်ခု....

'အဟဲ....နိုးပြီးမလား...ထတော့လေသူငယ်ချင်းရယ်...ရောက်ပြီကွ....'

'မနိုးသေးဘူး...'

'အဲ...ဟင်.....မနိုးသေးတဲ့သူကစကားပြန်ပြောသလား...?'

'ကျစ်.....'ဆိုတဲ့အသံနဲ့တင်ကျွန်တော်ကြက်သီးမွှေးညှင်းတွေထရသည်အထိငယ်သူငယ်ချင်းကိုကြောက်ရပါသည်....

သေချာသည်....ဒါသူအလိုမကျဖြစ်နေတာပင်....

'သူငယ်ချင်းလေး...မင်းအိပ်ချင်သေးတယ်ဆိုရင်လည်းဟိုတယ်ရောက်မှပြန်အိပ်လေ..ခုကကားမောင်းသမားကြီးသူလည်းကားတွေဘာတွေသိမ်းရဦးမယ်လေကွာ.....'

'သူ့ဘာသာကားသိမ်းတာဘဲငါ့အရေးလား...'

'သူငယ်ချင်းကအကောင်လိုက်ကားပေါ်ထိုင်နေတုန်းလေ...သူကဘယ်လိုကားသိမ်းမတုန်း...'

'ဟင်း...ရှုပ်ယှက်ကိုခက်နေရော.....ကျစ်.....'

'ဟဲ..ဟဲ.....ထတော့နော်...'

'နေဦး...'

'ဟင်...'

'ဒါကဘယ်ကိုရောက်နေတာလဲ....?'

'ပု...ပုဂံလေ.....'

'ဘာ!!!'

'အမလေး...ဖြည်းဖြည်းပြောလည်းရပါတဘ်...ဘာလို့အသားကုန်အာခေါင်ခြစ်အော်ရတာလဲကွာ....လန့်လိုက်တာ...'

'လန့်ရင်သေလိုက်လေ...'

'အဲ..သေလို့မရသေးဘူး..မိန်းမယူရဦးမှာမို့...အဟင်း...ဟင်း...'

'ပြောတော့မန္တလေးမှာလေ့လာစရာရှိတာလေ့လာပြီးတာနဲ့ရန်ကုန်ပြန်ဆင်းမယ်ဆို....ခုကဘယ်လိုဖြစ်လို့ဒီအထိရောက်လာတာလဲ...?'

'အဲ..အဲ့တာက.....မိန်းကလေးတွေကလမ်းကြုံနေတာဘဲ..ဝင်ပြီးတစ်ညလောက်အိပ်ရအောင်ဆိုတာနဲ့.......'

'တနှာရူးတွေ....ကျစ်....'

'ဟင်..ဘယ်....ဘဘ်သူ့ကိုပြောတာလဲဟင်...?'

'အကုန်လုံးဘဲ...မင်းလည်းတူတူဘဲ...တစ်ယောက်မှအသုံးမကျဘူး...'

'အာ....အင်း...အင်းပါကွာ..ခုတော့ကားပေါ်ကဆင်းရအောင်နော်....ပေးလ..မင်းအထုပ်တွေ..ငါသယ်ကူမယ်....'

သူ့အလိုကျလေးအလိုက်သင့်နေပေးရင်းအထုပ်တွေသယ်ပေးကာကားပေါ်ကနေဆင်းတော့မှာကျွန်တော့်မှာအသက်ကိုဝဝရှုနိုင်တော့သည်.....

အဟဲ..ငါလုပ်နိုင်ပြီကွ.....

'သူရ.....'

'ဟေ...အေး.....'

'နေကာမျက်မှန်....'

'ဟမ်....'

'အိတ်ဘေးမှာရှိတယ်...ပေးလေ.....!!'

'အာ...အင်း....ရော့.....သူငယ်ချင်း.....'

'ကျစ်...သေမလိုကိုပူနေရလား....'

'အဟဲ..နွေရာသီဆိုတော့ဒီလိုပါဘဲ.....'

'ကြာကြာနေရင်အသက်ရှူရပ်သေတော့မှာဘဲ....လေကလည်းမသန့်ဘူး...ဖုန်တွေချည်းဘဲ...ဟင်း...'

'ဒါကမြေညီလမ်းတွေဘဲရှိလို့ပါ....'

'ထားတော့....လမ်းပြ....သွားမယ်.....ငါ့အခန်းကို....'

'အေး...အေးပါ.....'

ကုတ်ကုတ်ကုတ်ကုတ်နဲ့သူ့အရှေ့ကနေအထုပ်တွေဆွဲကာလျှောက်တော့သူကဘာစကားမှမပြောဘဲအနောက်ကနေဖုန်းကြည့်ရင်းလိုက်လာလေရဲ့...

တစ်နေရာရောက်တော့ကျွန်တော့်အရှေ့ဘက်ကနေအော်သံတစ်ခုကြားလိုက်ရသည်......

'ဟာ..ဟေ့..ဟေ့မြင်း....အာ...ကောင်လေး...ဖယ်....ဖယ်နေ.....မြင်းကထိန်းမရတော့ဘူး...!!'

မြင်းလှည်းမောင်းသမားပြောတဲ့အတိုင်းလမ်းဘေးကပ်ရပ်ပြီးတော့မှသက်ပြင်းချမလို့ကျန်သေးချမဲ့သက်ပြင်းကအပေါ်ကိုပြန်တက်သွားရော...အပူလုံးအဖြစ်ပေါ့....

'ဟာ..ဟိတ်...ဟိတ်ရောင်...င..ငဖြိုး.....မင်း..မင်းအရှေ့မှာ........လှည်း....!!!'

ကျွန်တော်အားခေါင်ခြစ်အော်ပေမဲ့နားကြပ်တပ်ပြီးဖုန်းကြည့်မပျက်တဲ့သူကတော့မကြားပေ.....

ကျစ်..ဒုက္ခပါဘဲ....

'ငဖြိုး.....!!!!!!!!!!'

မြင်းလှည်းကသူ့အနားကိုရောက်ဖို့အနည်းငယ်လောက်အလိုမှာတော့ကျွန်တော်မျက်လုံးမှိတ်ပြီး'အား'ကနဲအော်မိတော့သည်.........

'ဟေး....သတိထား..!!!!ဟေ့လူ...ခင်ဗျားရှေ့မှာ.....!!'

'ဝုန်း....!'

ဘာတွေဘယ်လိုဖြစ်သွားတယ်မသိ...ကျွန်တော်သတိထားမိချိန်မှာတော့ ကျွန်တော်ဟာလမ်းဘေးမှာလဲနေပြီး ကျွန်တော့်ဖုန်းဟာလည်းကျွန်တော်နဲ့ဝေးရာစီမှာ....

'ကျစ်....စိတ်ညစ်ဖို့ကောင်းလိုက်တာ....'

ကျစ်တချက်စုတ်သပ်ရင်း လဲနေရာမှထဖို့အလုပ်လက်ကခေါက်ရက်ကျတော့အောင့်မျက်နေရော.....

'ဟူး.....အရေးထဲ....တောက်!'

'ဟာ...သူငယ်ချင်း..ငဖြိုး...မင်း...မင်းအဆင်ပြေရဲ့လား....?'

ကျွန်တော့်ကိုကြည့်ပြီးသူရကပျာပျာသလဲဖြစ်နေပေမဲ့ကျွန်တော်အရေးမစိုက်မိ...ခုချိန်မှာ ကျွန်တော်သိတာကစိတ်တိုနေတာပင်....

ဟုတ်တယ်...စိတ်ရှုပ်လို့သီချင်းလေးနဲ့ငြိမ့်နေကာမှဘယ်ကမှန်းမသိအားနဲ့အဝေးကိုတွန်းလွှတ်ပြစ်လိုက်တာကြောင့်လူကနာနေရတဲ့အရေးခုဖုန်းကလည်းမှန်ကမွစာမရှိအောင်ကိုကြေမွလို့..

ဖုန်းကလည်းဖွင့်လို့မရတော့ဘူး...power​သေသွားတာများလား....

'ဟာကွာ...!!!'

'သူငယ်ချင်း...အ..အဆင်ပြေရဲ့လား...?'

'လူသတ်ချင်နေတာနော်....လာရွဲ့နေတာလား...?ဒီမှာကြည့်...လာခါနီးကမှဝယ်ထားတဲ့ဖုန်း....တစက်မှသုံးမရအောင်ပျက်စီးသွားပြီ....ပျက်တာကအရေးမကြီးဘူး..ကျစ်...အိမ်ကမားသားကကောဦးမှာ...ဟင်း....'

'အေးပါကွာ...ဒါကမတော်တဆဖြစ်တာဘဲ...ငါလည်းအန်တီစိန့်ကိုပြောပြပေးပါ့မယ်...ခုကမင်းဘာမှမဖြစ်သွားတာဘဲကျေးဇူးတင်ရမယ်....'

'ဟမ်....'

'အာ..နေဦး...စောနကကောင်လေး...အား..မေ့နေတာဘဲ...'

ကျွန်တော်နဲ့စကားပြောနေရင်းကနေပြူးပြူးပြာပြာနဲ့မလှမ်းမကမ်းကလူတစ်ယောက်နားအပြေးလေးသွားပြန်တဲ့သူရ....

"ဟ..ဒီကောင်ဘာဖြစ်ပြန်တာလဲ"...လို့စိတ်ထဲကသာကြိမ်ဆဲပြီးဖုတ်ဖက်ခါကာနေရာကနေထရပ်မိသည်...

ဟိုအကောင်ကတော့အဲ့လူကိုဘာတွေပြောနေတယ်မသိ...တွတ်တွတ်တွတ်တွတ်နဲ့.....

တစ်မိနစ်...နှစ်မိနစ်...သုံးမိနစ်....

၅မိနစ်ကျော်သည်အထိဒီအကောင်ကဘာအကြောရှည်နေတယ်မသိ....အဲ့နားကနေမကြွသေးဘူး....

ဟင်း......

'သူရ!!'

'ဟေ.....'

'မင်းဇာတ်ကမပြီးတော့ဘူးလား...?'

'မဟုတ်ဘူး...လာ...လာဦး...ဒီကို...'

'ဘာလို့ငါကမင်းခိုင်းတိုင်းလာရမှာလဲ..?'

'ခဏလေးပါကွာ....'

'ဟာ....ကျစ်....'

'လာပါဦးကွာ...ဒါကမင်းကြောင့်ဖြစ်တာလေ.....မင်းကရှင်းရမှာမဟုတ်လား...?'

'ဟမ်...ငါ့ကြောင့်..?Omo....ဘယ်လိုကနေဘယ်လို....?'

'မင်းကိုဖြတ်တိုက်မဲ့လှည်းကိုသူကဝင်ခံပေးလိုက်တာလေ.....'

'ဘယ်လို...'

ကျွန်တော်နဲ့သူရအခြေအတင်စကားပြောနေချိန်မှာဘဲကျွန်တော်တို့နားမှာထွက်ပေါ်လာတဲ့စကားသံခပ်သေးသေး....

'ဟို...ဒီမှာ.....ခင်...ခင်ဗျားတို့....ရန်မဖြစ်ကြပါနဲ့တော့'

'အော်...နေပါဦး..ဇာတ်လမ်းဆင်ပြီးကယ်တင်ရှင်ဝင်လုပ်တဲ့သူကမင်းလား...?'

'ဟမ်...'

'ဘာလဲ...?အမှန်တရားတွေချည်းရွေးပြောမိလို့တုန်လှုပ်သွားတာလား..?ဒီမှာ....ကျွန်တော့်နာမည်ကဖြိုးဝေမောင်....တဲ့.....ကျွန်တော့်ကိုသိပ်ချစ်...သိပ်ကြိုက်တယ်ဆိုရင်ပွင့်ပွင့်လင်းလင်းဒဲ့တိုးပြောလိုက်...မင်းယောကျ်ားမဟုတ်ဘူးလား...ချစ်ရင်ချစ်တယ်ပေါ့...ဘာလို့မိန်းမတွေလိုလုပ်နေရတာလဲ...?'

'ဘာရယ်....ခင်ဗျားဘာတွေပြောနေတာလဲ...?ကျုပ်တစ်လုံးမှနားမလည်ဘူး...'

'ဟက်....နားမလည်ချင်ယောင်ဆောင်ပြန်ပြီ...မြန်မာလူမျိုးချင်းမြန်မာလိုပြောတာကိုနားမလည်ဘူးဆိုတော့ဘာလဲ...ဂျပန်လိုပြောပေးရမလား....?'

'ဟိတ်ရောင်..ငဖြိုး....မင်းတော်တော့....မင်းအကြီးကြီးလွဲနေပြီ...'

'မင်းအသာနေစမ်းပါ..ဒီမှာဟိတ်လူ...တစ်ခါတည်းမှတ်ထားလိုက်..ခင်ဗျားလိုတောသားစုတ်စုတ်ပြတ်ပြတ်ပုံတုံးကိုကျွန်တော်ကစိတ်မဝင်စားလို့တခါတည်းလက်လျှော့လိုက်တော့.....'

'ဟင်.....ဟေ့...ဟေ့လူ...လူနားလည်အောင်ပြောဗျ.....ကျုပ်ကိုတောသားဆိုပြီးအထင်မသေးနဲ့......ဟေ့လူ....ကျုပ်နဲ့ခင်ဗျားပြောနေတာမပြီးသေးဘူး....ဟေ့လူ.....'

သူပြောချင်ရာပြောပြီးကျွန်တာ့်ကိုကျောခိုင်းသွားဖို့လုပ်နေတဲ့သူ့လက်ကိုလှမ်းဆွဲမိသည်...

‌သူ့ကိုလှမ်းဆွဲဖို့အရေးခြေထောက်ပါအနည်းငယ်ထောက်မိတော့နာကြင်မှုကအတိုင်းအဆမရှိ...

'အ့......အမလေး.......'

'ဟာ...ခင်..ခင်ဗျား...'

သူဟာလည်းသူ့အရှိန်မသတ်နိုင်ကိုယ်ကလည်းကိုယ့်အရှိန်မသတ်နိုင်ဘဲနှစ်ယောက်လုံးမြေပေါ်ထပ်လဲရပြန်သည်...ဒီတစ်ခါတော့ကျွန်တော်ကထိုမြို့သားကိုယ်ပေါ်မှာ....

'ဟေ့.....တောသား....ခင်ဗျား....ဖယ်စမ်း......ကျစ်....ကျွန်တော့်အကျီတွေညစ်ပတ်ကုန်ပြီ....'

'တောင်းပန်ပါတယ်......အ့.....ဟင့်....'

'ဟာ....ဒီက....အဆင်ပြေရဲ့လား....?ခြေထောက်ကသွေးတွေလဲထွက်နေပြီ......'

ဘေးကသဘောကောင်းတဲ့အကိုကကျွန်တော့်ကိုသေချာဆွဲထူပေးပြီးကျွန်တော့်ခြေထောက်ကိုသေချာကြည့်ပြီးပြောတော့မှကိုယ့်ခြေထောက်ကိုယ်သွေးထွက်မှန်းသိတော့သည်....

'နာနေလား....ညီ......?'

'ရ...ရတယ်...အ့....'

'အဆင်မပြေပါဘူး....လာ...ကျွန်တော်တို့ဆေးခန်းသွားပြရအောင်.....'

'မ...မဟုတ်...တာ...ရ...ရတယ်.......ကျုပ်အဆင်...ပြေပါတယ်.....'

'ဟင်း.....ဇာတ်လမ်းတွေ...ဇာတ်လမ်းတွေ....'

'ငဖြိုး....ဟိုမှာလှည်းလာနေတယ်..သွားငှားပေးဦး....'

'ဘာလုပ်ဖို့လဲ..?'

'ဟ...ဆေးခန်းသွားရမယ်လေ....ဒီမှာတွေ့လား...မင်း‌ကြောင့်သူ့ခြေထောက်ထိသွားတာလေ..သွေးတွေတတောက်တောက်ကျနေတာတောင်မင်းက...မင်းက.....ဟင်း....'

'ဘာလဲ...?'

'ထားတော့...ငဖြိုး...ငါပြောတဲ့အတိုင်းလှည်းကိုငှားလိုက်.....'

'ဟင်း....'

.............

.......................

'သူရ....လှည်းရပြီ..ငါ့ကိုအခန်းသော့ပေး...ငါသွားနားတော့မယ်...'

'မပေးဘူး...'

'ဘာရယ်....!!မင်း....'

'ညီလေး...ညီလေးလမ်းလျှောက်နိုင်မှာမဟုတ်ဘူး..အကိုပွေ့ချီလိုက်မယ်နော်...'

'ဟို....မ....မလုပ်....'

ဟိုငနာကဟိုနှံပြည်စုတ်ကိုချီပွေ့ပြီးလှည်းပေါ်ကိုတက်သွားပြီ...ငါ့ကိုခုထိပလစ်ထားတယ်...

'ငဖြိုး.....မင်းဘာလုပ်နေတာလဲ...?'

'ဟ....ငါ့ကိုအခန်းသော့မပေးသေးလို့စောင့်နေတာလေ....'

'ပေးမယ်.....လာ..လှည်းပေါ်တက်လိုက်....မင်းပါလိုက်ခဲ့.....'

'ဟာ.....'

'မလိုက်ဘူးမပြောနဲ့....မင်းယောကျ်ားမဟုတ်ဘူးလား...ကိုယ့်ပြဿနာကိုယ်ရှင်း....'

'ဟင်း..ကျစ်......'

'ကျစ်တွေကျွတ်တွေမလုပ်နဲ့..လာလေကွာ....'

နောက်ဆုံးတော့သူငယ်ချင်းငပူကောင်ရဲ့ဆော်ဩမှုကြောင့်ကျွန်တော်ပါသူတို့နှင့်အတူပုဂံကဆေးပေးခန်းတစ်ခုကိုရောက်ရှိသွားရတော့တာပေါ့.....

ဟိုရောက်တော့ဟိုနှံပြည်စုတ်တောသားကိုဆရာကစစ်ဆေးဖို့အခန်းထဲခေါ်သွားချိန်မှာဘဲသူရကကျွန်တော့်ကိုအဖြစ်မှန်တွေကိုခရေစေ့တင်းကျပြောပြလာတော့သည်.....

'ဟမ်....ဒါဆို....စကတည်းကလွဲနေတာငါပေါ့...'

'မင်းကိုကတားမရဘဲပါးစပ်က ကရားရေလွှတ်သလိုတတွတ်တွတ်ပြောနေတာလေ...ငါတားချင်‌တောင်တားမရဘူး...ဟင်း...'

'ဟူး....ငါ...ငါကဇာတ်လမ်းတွေထဲကလိုဂွင်ဆင်တာထင်တာလေ...ငါမမှားဘူး...'

'အေးအေး...မင်းမမှားဘူး...သိလား..အမြဲတမ်းမင်းမှန်နေသိလား...?'

'........ဟင်း.....ငါလည်းပြောချင်လို့ပြောတာမှမဟုတ်ဘဲ...မသိလို့ပြောမိတဲ့ဟာ....'

'ညီလေးသနားပါတယ်..မင်းကမင်းဖုန်းကိုကိုင်ပြီးတဗြစ်‌တောက်တောက်ပြောတည်းကသူ့မှာလန့်နေရှာတာ......ငါ့ကိုပြောသေးတယ်.....(အကို....ကျုပ်ဘယ်လိုလုပ်ရမလဲ...အဲ့အပြားကြီးကကွဲသွားပြီတဲ့...ကျုပ်ကိုလျော်ခိုင်းရင်ကျုပ်မလျော်နိုင်ဘူး......စိတ်ညစ်ပါတယ်...)တဲ့..သူမှာမင်းကိုလည်းကယ်ရသေး...သွေးထွက်နေတဲ့သူ့‌ြေခထောက်ကိုစိတ်ပူရမဲ့အစားမင်းဖုန်းကိုလျော်ပေးရမှာကိုပူနေရသေး.....သနားပါတယ်ကွာ....'

'သနားရင်အိမ်ပေါ်ခေါ်တင်ထားလိုက်လေ....'

'မင်းနော်...ငါစကားအကောင်းပြောနေတာ....အော....ပြောရင်းနဲ့ဆရာဝန်တောင်ထွက်လာပြီ...ငါဆရာဝန်နဲ့စကားပြောလိုက်မယ်...မင်းသူ့ကိုသေချာသွားတောင်းပန်လိုက်...မင်းသူ့ကိုစကားပြောတာတွေလွန်ထားတယ်မလား...?'

'ဟာ....'

'သွား...မဟုတ်ရင်အန်တီစိန်နဲ့ပြောလိုက်မှာနော်.....'

'ဟာ...မပြောနဲ့လေ..သွားမယ်...သွားမယ်ကွာ.....'

'သေချာတောင်းပန်လိုက်နော်...'

'အင်း..အင်း....'

ကျွန်တော်လိုက်ကာတစ်ခုသာခြားတဲ့သိပ်မကြီးမားတဲ့အခန်းတစ်ခုစီကိုဝင်သွားလိုက်တော့ကုတင်ဘောင်ကိုကျောမှီထိုင်ကာပြတင်းအပြင်ဘက်ကိုငေးနေတဲ့နှံပြည်စုတ်ကိုတွေ့လိုက်ရတော့သည်....

'အဟင်း..'

ချောင်းဟန့်သံပေးပေမဲ့ထိုလူကတော့ကျွန်တော့်ကိုလှည့်ကြည့်မလာ....

ဘာလဲ..?ဒါကသူ့ကိုသတ်သတ်ချေတာလား...?'

စိတ်မရှည်စွာနဲ့အနားသွားကာသူ့ပုခုံးကိုယ်ကိုင်ပြီးကျွန်တော့်ဘက်ဆွဲလှည့်လိုက်တော့သူကပြူးကြောင်ကြောင်နဲ့ကျွန်တော့်ကိုကြည့်လာလေရဲ့...

မျက်ဝန်းမှာလည်းမျက်ရည်စတွေကခိုကပ်နေတုန်း....

ပါးပြင်မို့မို့မှာမျက်ရည်စီးချောင်းကိုကြည့်ပြီးကျွန်တော်သိလိုက်ရတာကသူငိုနေခဲ့တာဆိုသည့်အသိ....

ကျွန်တော်သူ့မျက်နှာကိုစိုက်ကြည့်နေမှန်းသိတော့သူကပြာပြာသလဲသူ့လက်တွေနဲ့မျက်နှာပြင်ကိုပွတ်သုတ်ဖို့ကြိုးစားတော့သည်....

ထိုအချိန်ဘာဖြစ်သွားတယ်မသိကျွန်တော့်လက်တွေနဲ့သူ့လက်နှစ်ဖက်ကိုဖမ်းချုပ်ထားမိသည်....

'ခင်..ခင်ဗျား....ဘာလုပ်တာလဲ...?လွှတ်..လွှတ်လေ....'

'မသုတ်နဲ့....'

'ဟမ်.....'

'မျက်ရည်တွေကိုမသုတ်ပြစ်နဲ့....မင်းကမျက်ရည်တွေနဲ့သိပ်လှလွန်းတယ်....'

'ဟင်.......'

'အာ....အင်း.....ဆောရီး....'

ကျွန်တော်အသိစိတ်ဝင်ချိန်မှာဘဲသူ့ကိုဆောရီးပြောကာလက်တွေကိုချုပ်နှောင်မှုကွန်ယက်မှလွတ်မြောက်ခွင့်ပေးမိသည်....

'တောင်းပန်ပါတယ်...ကျုပ်.....'

'ဆောရီး......'

'ဗျာ....'

'ကျွန်တော်ခင်ဗျားအပေါ်ရိုင်းမိသွားတယ်.....ခင်ဗျားကိုအထင်လွဲသွားလို့.....ခင်ဗျားကိုအခွင့်အရေးသမားလို့ထင်လိုက်တာ.....အဲ့တာကြောင့်......ဆောရီး....ပြီးတော့ကျေးဇူးဘဲ....ကျွန်တော့်ကိုကယ်ခဲ့ပေးလို့.....'

ကျွန်တော်ပြောချင်ရာပြောပြီးကျွန်တော်ထိုအခန်းငယ်ထဲကထွက်လာလိုက်တယ်.....

အပြင်မှသူရကကျွန်တော့်ကိုအဆင်သင့်စောင့်နေတုန်း....

'ဘယ်လိုလဲ...?တောင်းပန်ခဲ့လား...?'

ပုခုံးတချက်သာဟန်ပါပါတွန့်ပြရင်းသူ့ကိုလေသံတိုးနဲ့'သွားကြရအောင်...'လို့တောင်းဆို‌ောတ့သူကချက်ချင်းဆိုသလိုခေါင်းငြိမ့်ပြတာကြောင့်ကျါန်တော်ရောသူရောထိုဆေးပေးခန်းငယ်လေးကနေထွက်လာလိက်တယ်.....

.........

.............

.........................

'ကျစ်...ဟင်း....'

'..............'

'ဟူး......အင်း....'

'..................'

'ဟား.......'

'ငဖြိုး.....မင်းဒီနေ့ညအိပ်ဦးမှာလား..?တကျစ်ကျစ်တကွတ်ကျွတ်နဲ့နားငြီးတယ်ကွာ...မင်းမအပိ်ချင်ရင်လည်းငြိမ်နေပေးပါ...ငါအိပ်ချင်နေပြီ....'

'မင်းမအိပ်သေးဘူးလား..?'

'ဘာလုပ်ဖို့လဲ...?'

'ငါအိပ်မရလို့....'

'မျက်စိလေးမှိတ်ပြီးသိုးလေးတွေရေလေ..အိပ်ပျော်သွားလိမ့်မယ်....'

'ဟ.....ငါကလေးမဟုတ်ဘူးသူရ...'

'အဲ့တာဆိုလည်းဘုရားစာလေးဖတ်အိပ်ကွာ...'

'ငါကပုထုစဉ်ကွ.....ဘုန်းကြီးမဟုတ်ဘူး....'

'ဒါဆိုလည်းသီချင်းလေးနားထောင်ကွာ....'

'ရိုးသွားပြီ.....'

'စာအုပ်လေးဖတ်အိပ်..'

'အဲ့တာတွေကငါ့ရန်သူကွ...'

'ဟ့.....ကြိုက်တာသာလုပ်တော့ကွာ...ငါလည်းအကြံမပေးတတ်တော့ဘူး...ငါအိပ်ချင်နေပြီ...'

'ငါ့..ငါ့ကိုမင်းမအိပ်ခင်လေးတစ်ခုလောက်မေးခွင့်ပြုကွာ...အဲ့တာမေးပြီးရင်မင်းကိုမနှောက်ယှက်တော့ဘူး..'

'တကယ်လား..?'

'အေး...'

'ဒါဆိုမြန်မြန်မေး...'

'ဟိုနှံပြည်စုတ်.....ဘာတဲ့လဲ...?'

'ဘာကြီး...ဘာတွေလာမေးနေတာလဲ...?'

'ဟိုနေ့လည်ကဗယုတ်လေးလေ...ဆရာဝန်ကဘာပြောလိုက်လဲ..?ဘာဖြစ်တာတဲ့လဲ..?'

'မင်း...မင်းကမေးတယ်....'

'အင်းလေ...'

'မင်းလိုလူက...သူ့ကိုမေးတယ်....'

'အဲ့တာဘာဖြစ်လဲ...မင်းကလိုရင်းကိုမရောက်တော့ဘူး...'

'အဟက်....မင်းလိုလူကတခြားသူအတွက်တွေးပူပေးနေလို့အံ့ဩသွားလို့ပါ...ထားပါ...မင်းအိပ်မပျော်ရထြင်းရဲ့အဓိကတရားခံကအဝေးကြောင့်လား...?'

'အဝေး?'

'အင်း...သူ့နာမည်အပြည့်အစုံကတာရာဝေးတဲ့....ဟိတ်ရောင်မင်းမျက်နှာကြီးကဘာလို့ရှုံ့တွနေရတာလဲ..?ငါပြောတဲ့ထဲအမှားပါသွားလို့လား...?'

'မင်းကဘာလို့နာမည်ကအစသိနေရတာလဲ...?'

'ဟမ်...အဲ့တာကငါကမေးလိုက်တာလေ....'

'ကျစ်....'

'ဘာဖြစ်နေတာလဲ...?'

'ဘာမှမဖြစ်ဘူး...!!ဆက်ပြော...ဖူး...'

'အေးပါဟ....ဆရာဝန်ကပြောတယ်...စိတ်ပူစရာမလိုဘူးတဲ့....ခြေထောက်ကသွေးထွက်တာကဖန်ကွဲစဝင်သွားလို့တဲ့.....နောက်ပြီးခြေထောက်အဆစ်လဲသွားတာမို့နားလိုက်ရင်သက်သာသွားလိမ့်မယ်တဲ့....ဒါပေမဲ့ဆရာဝန်ကသူ့ကိုအဲ့မှာဘဲတစ်ညနေခိုင်းတယ်.....အနီးကပ်စောင့်ကြည့်ဖို့ပေါ့...ညကြရင်အနာရှိန်ကြောင့်အဖျားတက်မှာစိုးလို့တဲ့......'

'သိပြီ...မင်းအိပ်တော့.....'

'ဟမ်....'

'ကျစ်.....တိုးတိုးနေ...ငါအိပ်တော့မယ်....'

'အော....အေး..အေး.....ဟင်း.....'

သူမေးချင်ရာမေးပြီး'အိပ်တော့မယ်'ဟုဆိုကာဟိုဖက်ကိအတင်းလှည့်အပိ်သွားတဲ့သူ့နောက်ကျောကိုသာကြည့်ပြီးကောင်းကောင်းကြီးကြိမ်ဆဲပြစ်လိုက်သည်....

နောက်တော့တစ်နေ့လုံးခရီးပန်းလာတဲ့ဒဏ်ကြောင့်ကျွန်တော်လည်းအိပ်စက်ခြင်းစီသို့ပေါ့..............

------------------------------------------------------

နွေရာသီဆိုပေမဲ့ပုဂံမနက်ခင်းဟာနေထွက်ပြီးတစ်နာရီကြာပြီးသည့်တိုင်အအေးဓာတ်လေးကရှိတုန်း....

သုတ်သုတ်သုတ်သုတ်နဲ့ထွက်လာလိုက်တာသူရကိုသူအပြင်ထွက်သွားကြောင့်ပြောပြဖို့ပင်မေ့နေခဲ့သည်........

'ဟောဟဲ....ဟောဟဲ...ဟင်း....ဆရာ....'

'အာ..မနေ့ကလူလေးဘဲ...မနက်အစောကြီး..ဘာကိစ္စလဲ...?'

'ဟို...နှံပြည်...အဲ.....ဟိုအဝေရာဆိုလား....ဘာဆိုလား...သူ...သူနိုးပြီလား...?'

'လူလေးကတာရာဝေးကိုလာရှာတာလား...?'

'အင်း...ဟုတ်တယ်..သူ...သူဘယ်မှာလဲ...?'

'မရှိတော့ဘူးလေ.....'

ဟမ်...မရှိတော့ဘူး.....

သူမရှိတော့ဘူးလို့ဘဲပြောလိုက်တာကျွန်တော့်ခေါင်းတည့်တည့်မိုးကြီုးပြစ်လိုက်သလားအောက်မေ့ရတယ်..ဒိန်းခနဲဘဲ.....

'သူ.....သူက.......'

'ဟာ...ဟေ့...လူလေး...အဆင်ပြေရဲ့လား...?အတုန်တုန်အယင်ယင်နဲ့....'

'သူ..သူက...ဘယ်အချိန်က......ဆုံးသွားတာလဲ..?ည....ညကတင်...အကောင်းကြီးဘဲလေ...'

'အော..အင်း...အစောနလေးတင်...'

'ဟာ....'

'အာ...နေ..နေပါဦး...လူလေး..စောနကဆရာ့ကိုဘာမေးလိုက်တာလဲ....?'

'ဆရာဝန်ဖြစ်ပြီးခင်ဗျားကလူတစ်ယောက်ရဲ့အသက်ကိုတောင်ဘာလို့မကယ်နိုင်ရတာလဲ....?'

'ဟမ်.....ခဏလေး....ဆရာကဘာကိုမကယ်လိုက်တာလဲ......အာ...ခဏ.....နည်းနည်းလေးနားလည်မှုလွဲနေပြီထင်တယ်.....'

'ဘာကိုလဲ...?'

'အဝေး....သူကသူ့အလုပ်သူသွားပြီလေ...'

'ဟမ်....စောနကပြော‌တော့.....သေပြီဆို....'

'အဲ့လိုမပြောမိပါဘူး...စောနကလေးတင်လို့ပြောလိုက်မိတာထင်တယ်နော်.....'

'ကျစ်...အဲ့လိုအစကတည်းကရှင်းရှင်းလင်းလင်းပြောပါလား.....?'

'အော်..အင်း...ဆောရီးကွာ...'

'ဒါဆိုလဲ....ရော့..ဒီမှာ...သူ့ဆေးဖိုး....'

'မလိုတော့ဘူးလူလေး...အဝေးကအကုန်ရှင်းသွားပြီ...'

'ဘာ......!!'

'အင်း.....မင်းသူ့ကိုရှာချင်နေပုံဘဲ....'

'..........'

'သူ့ကိုတွေ့ချင်ရင်----ဘုရားမှာသွားရှာလေ....သူကအဲ့မှာဆိုရှိ....အော်..စကားတောင်ဆုံးအောင်မပြောလိုက်ရဘူး...ဟူး..ခုခေတ်ကလေးတွေစိတ်တအားမြန်ကြသကိုး....ဟင်း....'

.............

........................

ဆရာဝန်လူကြီးပြောတဲ့ဘုရားမှာသွားရှာကြည့်တယ်......ရှေ့ဘက်...အနောက်ဘက်....အိုး..နေရာစုံနေရော....လူကိုရှာတွေ့ဖို့နေနေသာသာအရိပ်အယောင်လေးတောင်မတွေ့ရဘူး...

ဟင်း...စိတ်တွေမောလိုက်တာ.....

ကျစ်.....

စိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေကြားထဲလက်ထည့်ကာဖွမိပြီးလေပူတစ်ချက်မှုတ်ထုတ်ပြစ်မိသည်...

'ဦးကြီးတို့...ဒီဘုရားကစိမ်းညှက်..စိမ်းခက်ညီအစ်မဘုရားလေ.....ပုဂံဘုရားဆိုတဲ့အတိုင်းဘဲဘုရားတစ်ခုချင်းစီတိုင်းမှာရာဇဝင်ကိုယ်စီရှိသလိုဘဲသူ့မှာလည်းသူ့ရာဇဝင်နဲ့သူရှိတယ်ဗျ....တကယ်တော့...ဒီဘုရားက...အ့.....'

'အ့'လို့အော်မိတာကခြေထောက်ကနာကြင်မှုကြောင့်မဟုတ်ဘဲလက်ကောက်ဝတ်ကနေစောင့်ဆွဲခံလိုက်ရမှုကြောင့်ပင်.....

'ဟေး..နေ..နေဦးလေ...အ့..လွှတ်..လွှတ်ဦး...'

'အပေါက်ကိုပိတ်ပြီးလိုက်.....!'

'မဟုတ်ဘူးလေ.....ဟိုမှာ....ဧည့်သည်တွေကိုထားခဲ့...'

'လိုက်ဆိုလိုက်လို့ပြောနေတယ်မလား..အပိုစကားတွေမကြားချင်ဘူး...!!!'

'နာတယ်!!ကျုပ်ကိုလွှတ်...အ့....!!'

'......'

'တကယ်နာလို့ပါ....ကျုပ်...ကျုပ်လမ်းမလျှောက်နိုင်တော့ဘူး....'

ကျစ်.....သူကြမ်းပေါ်ခွေခနဲပြစ်ကျသွားတော့မှသူ့ခြေထောက်နာနေမှန်းကိုယ်ပြန်သတိရမိတော့သည်...

'နာ....နာသွားလား...?ကျွန်တော်...ကျွန်တော်မရည်ရွယ်......'

'ရတယ်......အဲ့လောက်လဲမဟုတ်ပါဘူး...အ့...'

'ဒီလောက်နာနေတာကိုဒါကမင်းဘယ်လဲ...?'

'ဟိုမှာဧည့်သည်တွေစောင့်နေတယ်လေ...ငါအလုပ်လုပ်ရဦးမှာ...မနေ့ကရှာထားတဲ့ပိုက်ဆံတွေကဆေးးဖိုးကြောင့်ကုန်ပြီကွ...'

'ကျစ်...ဒီနေ့တရက်အလုပ်မလုပ်ရရင်သေသွားမှာမလို့လား...?'

'အင်း...ဟုတ်တယ်...ကျုပ်တို့ကတစ်နေ့လုပ်တစ်နေ့စားတွေလေ.....ပြီးတော့အမကိုရှာကြွေးရဦးမှာ...ညကအမအဆင်မှပြေရဲ့လားမသိဘူး...?ဖယ်ပါ...ကျုပ်သွားဦးမယ်...'

'ဒီနေရာကတစ်ဖဝါးမှရွေ့ဖို့မစဉ်းစားနဲ့...ကျွန်တော်ပြန်မလာမချင်းဒီကစောင့်နေ..ကြားလား!!'

ခေါင်းငြိမ့်မိသလားခေါင်းခါမိသလားကိုယ့်ဘာသာမသိပေမဲ့သူပြောတြ့အတိုင်းသူထားခဲ့တဲ့နေရာမျာကျွန်တော်တိုင်စောင့်နေမိသည်.....

ခဏကြာတော့သူကပြန်ရောက်လာတယ်....

'အဟင်း...ရပြီ....ခင်ဗျားသူတို့ကိုလမ်းပြပေးစရာမလိုတော့ဘူး...'

'ဟမ်...ဒါဆိုကျုပ်အတွက်အဆင်မပြေဘူးလေ....'

'ပြေတယ်လေ...သူတို့ကိုလမ်းမပြပေးနဲ့...အဲ့အစား....ကျွန်တော့်ရဲ့လမ်းပြလုပ်ပေါ့....'

'ဟမ်....'

'ကျစ်..လုပ်လိုက်ရရင်တော့....လုပ်ဆိုလုပ်လိုက်လေ....'

'အာ...'

'ရော့..ဒါကခင်ဗျားရဲ့ဆေးဖိုး.....'

'ဟမ်...ဘာလို့လာပေးနေတာလဲ...?ပြီးတော့အတန်တွေအများကြီးရယ်....'

'ဘာရယ်..အတန်တွေ.....?'

အိုး..ငါဘာတွေတွေးနေမိတာလဲ....ဟာ..shit...

'အင်းလေ......၅၀၀၀အတန်တွေအများကြီးရယ်....'

'ခင်ဗျားစိုက်ထားတဲ့ဆေးဖိုးပေးတာလေ.....'

'အဲ့လောက်မှမဟုတ်ဘဲ....အတန်တစ်ရွက်ဆိုရပြီကွ....'

'တော်ပါတော့ဆက်မပြောနဲ့..အဲ့တာတွေကခင်ဗျားဟာ...ယူထားလိုက်တော့.....'

'အများကြီးရယ်....မယူနိုင်ပါဘူး.....'

'ဒါဆိုလည်းခင်ဗျား.....ဆပ်လေ..ခင်ဗျားသိတဲ့တတ်တဲ့လမ်းပြအလုပ်နဲ့ပေါ့....'

'အမ်....'

'ကျွန်တော့်ရဲ့လမ်းပြလုပ်ပေးဝေး....'

'ဟင်............'

'ကျွန်တော်တစ်ယောက်တည်းအတွက်........တသက်လုံး....ထာဝရ......'

ဒီစကားတွေကိုဘာကြောင့်နှုတ်ကပြောမိလဲသေချာမသိပေမဲ့ကျွန်တော်သိတာကတော့ကျွန်တော်စိတ်ထဲအူမြူးနေမိသည်....

အူကြောင်ကြောင်လေးနဲ့ကျွန်တော့်ကိုကြောင်ကြည့်တဲ့သူ့ပုံစံလေးကကျွန်တော့်ကိုမယိုးမယွဖြစ်စေသည်....

'..........ဝေး.....'

'.......'

'ကျွန်တော်ကထူးရင်ဗျာလို့ဖြေလေ...'

'ဟင်...အင်း...'

'မကြိုက်ဘူး...ပြန်ခေါ်မယ်..သေချာထူး...'

'...........'

'ဝေး....'

'ဗျ...ဗျာ.....'

'အင်း...လိမ်မာတယ်..ကျွန်တော်ပြောတာသေချာနားထောင်...နောက်ဆို...ဝေးဆိုတဲ့စကားလုံးကကျွန်တော်တစ်ယောက်တည်းရဲ့မူပိုင်မို့ဘယ်သူ့ကိုမှမခေါ်ခိုင်းနဲ့....နောက်ပြီး....ဝေးနာမည်ကိုဘယ်သူမေးမေးဖြေစရာမလိုဘူး...ကြားလား...'

'..........'

'ကြားလားလို့!!'

'အာ...အင်း....'

'ကျွန်တော်ကလိမ်မာတဲ့သူဆိုသိပ်သဘောကျတယ်ဝေးရဲ့.....'

ထိုကောင်လေးပဲ့ုးလိုက်တယ်..နှစ်လိုဖွယ်ရာအပြုံးမျိုး...

ဘာကြောင့်ရယ်မသိသူ့နည်းတူကျွန်တော်လည်းပြုံးမိသည်....မခိုင်းစေပါဘဲ..မတောင်းဆိုပါဘဲနဲ့...

နောက်တော့သူကကျွန်တော့်ကိုဆိုလာတယ်.......'နောက်ဆိုအဲ့လိုလူကြားထဲမပြုံးရဘူး..'တဲ့လေ......

တားမြစ်ချက်တွေစည်းကမ်းချက်တွေသိပ်ကိုများလွန်းတဲ့ဒီကောင်လေးကို ကျွန်တော်နားမလည်နိုင်ခဲ့ဘူး.......

မနေ့ကတင်ကျွန်တော့်ကိုစက်ဆုပ်ရွံရှာဖွယ်သနားစရာလူတစ်ယောက်လိုကြည့်ခဲ့တဲ့သူကဒီနေ့တော့တရင်းတနှီးကိုဆက်ဆံပြန်သတဲ့.....

တကယ်ပါ....ထိုကောင်လေးကနားလည်ရခက်လိုက်တာ......

ဒီလိုနဲ့သူနဲ့ကျွန်တော် လမ်းပြနဲ့ဧည့်သည်ဆိုတဲ့သာမန်ထက်ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ခဲ့မိတော့သည်....

---------------------------------

လက်ရှိအချိန်ကာလတစ်ခု၌.....

'ဖြောင်း....ဖြောင်း.....'

'အ့.......တော်ပါတော့....မောင်...ဝေးနာလို့.....'

'ဖြောင်း..!!'

တောင်းဆိုမိပေမဲ့သူ့စီကရက်စက်တဲ့ရိုက်ချက်တွေသာကျောပေါ်ကိုကျရောက်မြဲကျရောက်နေဆဲပင်.........

ရုန်လို့ရပေမဲ့ပိုရုန်းလေမောင်ကဒေါသထွက်ပြီးပိုရိုက်မှာစိးတာကြောင့်နေရာမှာသာတိတ်တိတ်လေးမလှုပ်မယှက်ဒူးထောက်ထိုင်နေမိသည်.....

'အင့်...မောင်....ဟင့်....ထပ်မရိုက်ပါနဲ့တော့....'

'ဒါဆိုပြောလေ...ငါ့ခွင့်ပြုချက်မရှိဘဲဘာလို့အိမ်ထဲကနေအိမ်ပြင်ထွက်ဖို့ကြိုးစားရတာလဲ...?ဟမ်....'

'ဖြောင်း...'

'အ့....'

'မင်းတော်တော်ကိုမှယွနေလား...?'

'မ..မဟုတ်ပါဘူးမောင်ရယ်..ဝေးက...'

'မင်းအိမ်မှာစားစရာအဲ့လောက်ရှားလား...?ခေါက်ဆွဲကြော်မှမစားရရင်သေမှာမို့လို့လား...?!!'

'မဟုတ်ပါဘူး..ဝေး..ဝေးက....'

'ဖြောင်း...'

'အင့်....'

'မပြောနဲ့..မကြားချင်ဘူး....!!ငါကဒါဆိုဒါဘဲလုပ်....အထွန့်လာမတက်နဲ့.....တာရာဝေး...'

'ဟင့်....'

'ဖြောင်းဖြောင်း....ဖြောင်း....'

'အင့်...အဟင့်...မောင်....မောင်မကြိုက်ရင်ကျုပ်နောက်မသွားတော့ပါဘူး..ဟင့်....ဝေးနာလို့ပါ...အင့်....'

'ဟက်......ဆောရီးဘဲ....မင်းအလှမှာမောင်မျောသွားလို့ဝေး....အင်း...မောင်ပြောဖူးသလိုဘဲ..မင်းကမျက်ရည်လေးတွေနဲ့ဆိုသိပ်လှတာဘဲဝေးရာ.....'

----------------------------------------

To Be Continued

သဘောကျမယ်လို့မျှော်လင့်မိပါတယ်ရှင်....

Votes and commentsလေးတွေမျှော်နေပါတယ်ရှင့်.....

See you my loves.........

-------------------------------------

Zawgyi






'ဟူး....ဒါဆိုလဲသွားနှိုးလိုက်ဦးကွာ.....ဟိုမှာမိန်းကလေးအဖွဲ့တွေကဟိုတယ်ထဲဝင်ကုန်ပြီ....ငါတို့ယောက်ျားလေး၅ယောက်တစ်ဖွဲ့ဘဲကျန်တော့တယ်...'



'အေး...လာပြီ..လာပြီ.....'






ဘုရား...ဘုရား......










'မနိုးသေးဘူး...'








'ဟဲ..ဟဲ.....ထတော့နော်...'

'နေဦး...'

'ဟင်...'


'ပု...ပုဂံလေ.....'

'ဘာ!!!'


'လန့်ရင်သေလိုက်လေ...'




'တနှာရူးတွေ....ကျစ်....'





အဟဲ..ငါလုပ်နိုင်ပြီကွ.....

'သူရ.....'

'ဟေ...အေး.....'

'နေကာမျက်မှန်....'

'ဟမ်....'








'အေး...အေးပါ.....'







ကျစ်..ဒုက္ခပါဘဲ....

'ငဖြိုး.....!!!!!!!!!!'



'ဝုန်း....!'




'ဟူး.....အရေးထဲ....တောက်!'





'ဟာကွာ...!!!'




'ဟမ်....'







ဟင်း......

'သူရ!!'

'ဟေ.....'


'မဟုတ်ဘူး...လာ...လာဦး...ဒီကို...'


'ခဏလေးပါကွာ....'

'ဟာ....ကျစ်....'




'ဘယ်လို...'




'ဟမ်...'

'ဘာလဲ...?အမှန်တရားတွေချည်းရွေးပြောမိလို့တုန်လှုပ်သွားတာလား..?ဒီမှာ....ကျွန်တော့်နာမည်ကဖြိုးဝေမောင်....တဲ့.....ကျွန်တော့်ကိုသိပ်ချစ်...သိပ်ကြိုက်တယ်ဆိုရင်ပွင့်ပွင့်လင်းလင်းဒဲ့တိုးပြောလိုက်...မင်းယောက်ျားမဟုတ်ဘူးလား...ချစ်ရင်ချစ်တယ်ပေါ့...ဘာလို့မိန်းမတွေလိုလုပ်နေရတာလဲ...?'








'အ့......အမလေး.......'

'ဟာ...ခင်..ခင်ဗျား...'






'နာနေလား....ညီ......?'

'ရ...ရတယ်...အ့....'





'ဘာလုပ်ဖို့လဲ..?'


'ဘာလဲ...?'


'ဟင်း....'

.............

.......................


'မပေးဘူး...'

'ဘာရယ်....!!မင်း....'


'ဟို....မ....မလုပ်....'





'ဟာ.....'

'မလိုက်ဘူးမပြောနဲ့....မင်းယောက်ျားမဟုတ်ဘူးလား...ကိုယ့်ပြဿနာကိုယ်ရှင်း....'

'ဟင်း..ကျစ်......'









'ညီလေးသနားပါတယ်..မင်းကမင်းဖုန်းကိုကိုင်ပြီးတဗြစ်‌တောက်တောက်ပြောတည်းကသူ့မှာလန့်နေရှာတာ......ငါ့ကိုပြောသေးတယ်.....(အကို....ကျုပ်ဘယ်လိုလုပ်ရမလဲ...အဲ့အပြားကြီးကကွဲသွားပြီတဲ့...ကျုပ်ကိုလျော်ခိုင်းရင်ကျုပ်မလျော်နိုင်ဘူး......စိတ်ညစ်ပါတယ်...)တဲ့..သူမှာမင်းကိုလည်းကယ်ရသေး...သွေးထွက်နေတဲ့သူ့‌ခြေထောက်ကိုစိတ်ပူရမဲ့အစားမင်းဖုန်းကိုလျော်ပေးရမှာကိုပူနေရသေး.....သနားပါတယ်ကွာ....'



'ဟာ....'




'အင်း..အင်း....'


'အဟင်း..'









'မသုတ်နဲ့....'

'ဟမ်.....'


'ဟင်.......'

'အာ....အင်း.....ဆောရီး....'


'တောင်းပန်ပါတယ်...ကျုပ်.....'

'ဆောရီး......'

'ဗျာ....'






.........

.............

.........................

'ကျစ်...ဟင်း....'

'..............'

'ဟူး......အင်း....'

'..................'

'ဟား.......'

'ငဖြိုး.....မင်းဒီနေ့ညအိပ်ဦးမှာလား..?တကျစ်ကျစ်တကွတ်ကျွတ်နဲ့နားငြီးတယ်ကွာ...မင်းမအပိချင်ရင်လည်းငြိမ်နေပေးပါ...ငါအိပ်ချင်နေပြီ....'

'မင်းမအိပ်သေးဘူးလား..?'

'ဘာလုပ်ဖို့လဲ...?'

'ငါအိပ်မရလို့....'


'ဟ.....ငါကလေးမဟုတ်ဘူးသူရ...'




'ရိုးသွားပြီ.....'

'စာအုပ်လေးဖတ်အိပ်..'

'အဲ့တာတွေကငါ့ရန်သူကွ...'



'တကယ်လား..?'

'အေး...'

'ဒါဆိုမြန်မြန်မေး...'




'မင်း...မင်းကမေးတယ်....'

'အင်းလေ...'




'အဝေး?'




'ကျစ်....'

'ဘာဖြစ်နေတာလဲ...?'



'သိပြီ...မင်းအိပ်တော့.....'

'ဟမ်....'


'အော....အေး..အေး.....ဟင်း.....'

သူမေးချင်ရာမေးပြီး'အိပ်တော့မယ်'ဟုဆိုကာဟိုဖက်ကိအတင်းလှည့်အပိသွားတဲ့သူ့နောက်ကျောကိုသာကြည့်ပြီးကောင်းကောင်းကြီးကြိမ်ဆဲပြစ်လိုက်သည်....


------------------------------------------------------



'ဟောဟဲ....ဟောဟဲ...ဟင်း....ဆရာ....'





'မရှိတော့ဘူးလေ.....'

ဟမ်...မရှိတော့ဘူး.....


'သူ.....သူက.......'



'အော..အင်း...အစောနလေးတင်...'

'ဟာ....'




'ဘာကိုလဲ...?'





'အော်..အင်း...ဆောရီးကွာ...'



'ဘာ......!!'


'..........'


.............

........................



ကျစ်.....









'......'















'ဟမ်....'


'အာ...'



'ဘာရယ်..အတန်တွေ.....?'








'အမ်....'


'ဟင်............'




'..........ဝေး.....'

'.......'


'ဟင်...အင်း...'


'...........'

'ဝေး....'

'ဗျ...ဗျာ.....'


'..........'

'ကြားလားလို့!!'

'အာ...အင်း....'


ထိုကောင်လေးပဲု့းလိုက်တယ်..နှစ်လိုဖွယ်ရာအပြုံးမျိုး...







---------------------------------


'ဖြောင်း....ဖြောင်း.....'


'ဖြောင်း..!!'





'ဖြောင်း...'

'အ့....'




'မဟုတ်ပါဘူး..ဝေး..ဝေးက....'

'ဖြောင်း...'

'အင့်....'


'ဟင့်....'




----------------------------------------

To Be Continued



See you my loves.........

-------------------------------------


Czytaj Dalej

To Też Polubisz

15.7K 225 52
This story is about the daughter of Shang Tsung, Lily Tsung
46.2K 3.8K 32
Abhiraj Singh A 26 y/o man who is the king of Rajasthan. He just cares about two people his mother and younger brother and his business. He never th...
7.2K 410 53
ကိုကို့ရဲ့အချစ်တစ်ခုတည်းအတွက်နဲ့အရာရာကျောခိုင်းခဲ့တဲ့ကျွန်တော်.... နောက်ဆုံးပြန်ရလိုက်တာကတော့.... တခါတလေများတွေးမိတယ်....ကျွန်တော့်အချစ်က ကိုကို့အတွက...
3.4M 273K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...