Falling For You

By KThiMOo

124K 9.7K 399

အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More

1
2
3
4
5
6
7
8
9
10
11
12
13
14
16
.
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)

15

2.6K 251 11
By KThiMOo

"ကျွန်တော်က....ခင်ဗျားလိုသူဌေးအပေါ်အပြစ်တွေလဲလုပ်မိသေးတယ်မလား အဲဒါတွေကြောင့် ကျွန်တော့ကို အလုပ်ထုတ်အုံးမှာမလား! ပြောလေ ခင်ဗျားပြောလေ ဟင့်..... ကျွန်တော်တောင်းပန်ပါတယ်နော် အလုပ်တော့မထုတ်ပါနဲ့ နော် နော်"

ရန်တွေ့လိုက် တောင်းပန်လိုက်လုပ်နေတဲ့ ငမူးသမားလေးက တချက်တချက်လည်း ယိုင်ကျသေးတာမို့ ရှောင်းကျန့်မှာ ထိန်းထားရသေးသည်.....၊

"ဒါပေမဲ့ ခင်ဗျားကို မကျေနပ်ဘူး အေ့!"

"ဝမ်ရိပေါ် သွားသင့်ပြီ"

"မသွားဘူး ဘယ်ကိုမှမသွားနိုင်ဘူး အင့်! မသွား.... ဝေါ့!!!"

"ဟာ ဟေ့!"

ရှောင်းကျန့်ကိုယ်ပေါ်သို့ ကျလာသော ဝမ်ရိပေါ်ရဲ့အန်ဖတ်တွေ....

"သွားပြီကွာ! ကျစ်!"

"ဘော့စ် ဟာ ဘယ်လိုဖြစ်တာလဲ"

"မင်းမြင်တဲ့အတိုင်းပဲယွီပင်း ငါသန့်ရှင်းရေးလုပ်လိုက်အုံးမယ် သူ့ကိုအခန်းထဲခေါ်သွားလိုက်"

"ဗျာ! အ အခန်းထဲကို"

"သူ့ရဲ့ဒီလိုပုံနဲ့ မင်းကဘယ်နားပစ်ထားခဲ့မလို့လဲ"

"ဟုတ် ဟုတ် ကျွန်တော် အဆင်ပြေတဲ့အခန်းထဲထည့်ထားလိုက်ပါမယ်"

"မလိုဘူး ငါ့အခန်းပဲခေါ်သွား ငါသန့်ရှင်းရေးလုပ်နေတုန်း သူ့ကိုနိုးအောင်လုပ်ထားလိုက်"

ဥက္ကဌရှောင်းကပြောပြီးတာနဲ့ သူ့ရဲ့ အခန်းတွင်းထဲဝင်သွားသည်...
ယွီပင်းခမျာ အမူးသမားကိုထိန်းကာ နောက်ကလိုက်ဝင်ပြီး ဆိုဖာပေါ်ပစ်တင်လိုက်ရတယ်....အန်ဖက်စော်ကလဲနံနေတာမို့ ဝမ်ရိပေါ်ရဲ့အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး ကုတင်ပေါ်ကစောင်ကိုယူကာ ခြုံပေးထားလိုက်သည်....။

ပြီးနောက် သဘက်တစ်ထည်ယူကာ ရေခဲရေနဲ့စွတ်လိုက်ပြီး ဝမ်ရိပေါ်ရဲ့မျက်နှာအနှံ့ပွတ်ပေးလိုက်တယ်...ထပ်ပြီးတော့လည်း kitchen ကနေ သံပုရာသီးတောင်းကာ ဝမ်ရိပေါ်ရဲ့နားထဲညှစ်ချလိုက်သည်....

"ရိပေါ် ဝမ်ရိပေါ် ထအုံး!"

"....."

"ဝမ်ရိပေါ် ညီလေး!...."

"အင် ဟင်...ဘယ်သူလဲ"

"အစ်ကိုယွီပင်းလေ နိုးပြီလားညီလေး"

"အင်း....ကျွန်တော်....ဟင်! ခင်ဗျား!!!"

ဝမ်ရိပေါ်က စောင်အောက်မှာရှိတဲ့ သူ့ရဲ့အပေါ်ပိုင်းဗလာဖြစ်နေတာကိုသတိထားမိသွားပြီး ထအော်တော့ ယွီပင်းမှာပြာပြာသလဲဖြင့်.....

"မဟုတ်ဘူးနော် မဟုတ်ဘူး ညီလေး မင်း မမှတ်မိဘူးလား ဘာဖြစ်ခဲ့လဲဆိုတာ"

"ကျွန်တော် ဘာဖြစ်ခဲ့တာလဲ ???"

ဝမ်ရိပေါ်က အမူးပြေသွားရင်လည်း ဖြစ်ခဲ့သမျှပြန်မှတ်မိတတ်တာမို့ အဖြစ်အပျက်တွေဟာဆိုရင် ခေါင်းထဲတရိပ်ရိပ်နဲ့ပေါ်လာတယ်....

*သွားပြီ သွားပြီ ဒီတခါတော့ အကြီးကြီးကိုသွားပြီ

ချောက်!!!

ထိုစဉ်မှာပဲ ရေချိုးခန်းထဲမှ bathrobe ကို ဝတ်ဆင်လာကာထွက်လာသော ဥက္ကဌရှောင်းကိုတွေ့လိုက်ရတာမို့ ဝမ်ရိပေါ်မှာ လန့်ပြီး ခေါင်းကိုအောက်သို့ငုံ့ထားမိသည်....။

နိုးနေပြီဖြစ်တဲ့ အမူးသမားလေးကို ကုတင်ခြေရင်နားမှာဝင်ထိုင်ပြီး ရေစိုနေသောခေါင်းကို သဘက်တထည်ဖြင့်သုတ်နေရင်း ရှောင်းကျန့်ကထိုင်ကြည့်နေတယ်...။

သူ့ရဲ့မျက်နှာထားတည်နေမှုကြောင့် ရှေ့ကဆိုဖာမှာထိုင်နေတဲ့ကောင်လေးကလဲ လက်နှစ်ဖက်တွေကုတ်ဖဲ့နေရင်း ခေါင်းကပြန်မော့မလာတော့....။

ယွီပင်းကတော့ ဘေးကနေတိတ်တဆိတ်ပဲရှိနေတယ်...

"အမူးပြေသွားပြီပေါ့"

"...."

ဘော့စ်ဆီမှအသံထွက်လာတော့ ဝမ်ရိပေါ်ရဲ့ခေါင်းကပိုငုံ့သွားတယ်.....သူ့ခေါင်းထဲမှာတော့ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အဖြေကိုရှာနေတာ တလက်ဆက်ပဲ....

"ဝမ်ရိပေါ်!"

"အင့်! ကျွန်တောမှားသွားပါတယ်ဘော့စ်! ဘော့စ်အလုပ်ထုတ်လဲခံပါ့မယ်! ကျွန်တော့အပေါ် ပြန်အန်ချမယ်ဆိုလဲ ကျေနပ်ပါတယ် ဘော့စ်!"

မျက်စိမှိတ်ကာ ထအော်လာတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ ပြောရမဲ့စကားတွေဆွံ့အသွားရသည်....

မျက်စိမှတ်ပြီး အပြစ်ဒဏ်ခံယူဖို့လုပ်ထားပေမဲ့ ဥက္ကဌရှောင်းဆီမှ ဘာသံမှထွက်မလာတာမို့ ရိပေါ်မျက်လုံးတစ်ဖက်ပဲဖွင့်ပြီး အသာကြည့်မိသည်.....

*အမလေး!

ကုတင်ပေါ်မှာပဲ လက်ပိုက်ပြီးထိုင်ကြည့်နေတဲ့ ဘော့စ်နဲ့မျက်လုံးချင်းဆုံသွားတာမို့ ကပြာကယာမျက်စိကိုပြန်မှိတ်မိသွားသည်....။

"ဝမ်ရိပေါ် ငါ့စကားကိုခဏလောက်နားထောင်ဖို့ ဆန္ဒရှိလား"

ဘော့စ်ဆီမှစကားသံထွက်လာတာမို့ ရိပေါ်မျက်လုံးလေးပြန်ဖွင့်ပြီး ယွီပင်းကောဆီလှမ်းကြည့်မိသည်....ယွီပင်းကောကတော့ ရိပေါ်သူ့ကိုကြည့်လာတာနဲ့ခေါင်းကိုငြိမ့်ပြတယ်....၊

"ဟုတ် ဟုတ် ဆန္ဒရှိပါတယ် ဘော့စ်"

"ကောင်းပြီ အရင်ဆုံး ဝမ်ရိပေါ် ကိုယ့်အပြစ်ကိုသိတယ်မလား"

"ဟုတ်....သိပါတယ်..."

"ကောင်းပြီ ဒါဆိုရင် အပြစ်အတွက် နောက်ဆို ကိုယ်တိူ့ဘယ်အချိန်ခေါ်ခေါ်ရောက်လာရမယ် X beauty မှာ ခေါင်းလာလျှော်တိုင်း ဝမ်ရိပေါ်ပဲလျှော်ပေးရမယ်၊ ကိုယ်ဘာခိုင်းခိုင်း ဝမ်ရိပေါ်က မညီးမညူလုပ်ပေးရမယ် ဘယ်လိုလဲ အဲဒါတွေသာလက်ခံရင် မင်းဒီအပြစ်ကလွှတ်မယ် လက်မခံရင် ကိုယ့်ကိုပြောဆိုထားတဲ့ cctv record file ကို X beauty ရဲ့ HR department ကို တင်ပြလိုက်မယ်"

ဘော့စ်ရဲ့စကားတွေကိုနားထောင်ရတာ ဝမ်ရိပေါ်တင်မက ယွီပင်းပါ မျက်လုံးပြူးတယ်....

သူ့သူဌေးက ဆေးစားမှားသွားတာလား...????

"စိတ်မပူပါနဲ့ ကိုယ်ပြောတာလက်ခံလိုက်တာနဲ့ ဝမ်ရိပေါ် ဒီလကုန်ရင် လက်ရှိလစာထက် 20% လစာတိုးမှာပါ"

* မမျှတဘူးဆိုပေမဲ့ လစာတိုးပေးမယ်ဆိုတော့လည်း....

"ဟုတ် ကျွန်တော် လိုက်နာပါ့မယ် ဘော့စ် ဒါဆို ကျွန်တော့ကိုခွင့်လွှတ်တယ်ပေါ့နော်"

"စောင့်ကြည့်မယ် အချိုးမပြေရင်တော့ လစာထဲကဖြတ်မယ်"

*ဟွန့်!

"နားလည်ပါပြီ ဒါဆို ကျွန်တော် သွားလို့ရပြီလား"

ဝမ်ရိပေါ်က ထသွားတော့မယ်ဟန်နဲ့ ရှောင်းကျန့်ကိုခွင့်တောင်းလာတယ်....
ရှောင်းကျန့်က ဝမ်ရိပေါ်ကိုတချက်စိုက်ကြည့်ပြီးမှ...

"ကိုယ့်ခေါင်းတွေစိုနေသေးတယ် ခေါင်းမှုတ်ပေးမလား? ယွီပင်းက ပွဲထဲတချက်သွားကြည့်လိုက်အုံး လိုအပ်တာလုပ်ပေးလိုက်"

"ဟုတ်ဘော့စ် ဒါဆို ခွင့်ပြုပါအုံး"

ယွီပင်းက ရိပေါ်ဘက်လှည့်ကြည့်ကာ ကြိုးစားထားဆိုတဲ့အမူအယာလုပ်ပြတယ်...

ရိပေါ်ကတော့ ရှုံ့မဲ့ပြလိုက်ပါသည်....။

"အဲဒါ မင်းရဲ့အိတ်လား"

စားပွဲပေါ်လက်ညိုးထိုးပြတာကြောင့် ရိပေါ်ကြည့်လိုက်တော့ သူ့ရဲ့ကျောပိုးအိတ်နွမ်းနွမ်းလေး....

"ဟုတ်ပါတယ် ဘောစ့်"

"အဲထဲက စာအုပ်လေးက မင်းရဲ့စာအုပ်လား?"

"စာအုပ်! အာ...ဟို ကလေးတုန်းကစာအုပ်လေးထင်တယ် ဟီး! ဟိုနေ့က ပါပါးဘီရိုရှင်းရင်းတွေ့လို့ပေးတာနဲ့အိတ်ထဲကောက်ထည့်ထားတာ ဘာတွေမှန်းတောင်မသိတော့ပါဘူး"

"ဒါဆို မင်းက အဲစာအုပ်ထဲကအကြောင်းအရာတွေမမှတ်မိတော့ဘူးပေါ့"

"အင်း...ဘယ်အရွယ်တုန်းကစာအုပ်လဲဆိုတာတောင်မသိတော့ဘူး"

"မင်း တကယ်ကြီးပြောနေတာလား"

"ဟုတ်တယ်လေ အဲ...ဘာဖြစ်လို့လဲဟင်"

ဘော့စ်အမူအရာကတမျိုးဖြစ်နေတာမို့ ရိပေါ်မေးလိုက်တော့....

"ဘာမှမဖြစ်ဘူး ဆံပင်လာမှုတ်ပေးတော့ အံဆွဲထဲမှာ dryer ရှိတယ်"

"ဟုတ်...."

* တချိန်ထဲ စိတ်အမျိုးမျိုးပြောင်းနေတဲ့ boss! ဟွန့်

>>>

———————————————————————-

Zawgyi

"ကြၽန္ေတာ္က....ခင္ဗ်ားလိုသူေဌးအေပၚအျပစ္ေတြလဲလုပ္မိေသးတယ္မလား အဲဒါေတြေၾကာင့္ ကြၽန္ေတာ့ကို အလုပ္ထုတ္အုံးမွာမလား! ေျပာေလ ခင္ဗ်ားေျပာေလ ဟင့္..... ကြၽန္ေတာ္ေတာင္းပန္ပါတယ္ေနာ္ အလုပ္ေတာ့မထုတ္ပါနဲ႔ ေနာ္ ေနာ္"

ရန္ေတြ႕လိုက္ ေတာင္းပန္လိုက္လုပ္ေနတဲ့ ငမူးသမားေလးက တခ်က္တခ်က္လည္း ယိုင္က်ေသးတာမို႔ ေရွာင္းက်န္႔မွာ ထိန္းထားရေသးသည္.....၊

"ဒါေပမဲ့ ခင္ဗ်ားကို မေက်နပ္ဘူး ေအ့!"

"ဝမ္ရိေပၚ သြားသင့္ၿပီ"

"မသြားဘူး ဘယ္ကိုမွမသြားႏိုင္ဘူး အင့္! မသြား.... ေဝါ့!!!"

"ဟာ ေဟ့!"

ေရွာင္းက်န္႔ကိုယ္ေပၚသို႔ က်လာေသာ ဝမ္ရိေပၚရဲ႕အန္ဖတ္ေတြ....

"သြားၿပီကြာ! က်စ္!"

"ေဘာ့စ္ ဟာ ဘယ္လိုျဖစ္တာလဲ"

"မင္းျမင္တဲ့အတိုင္းပဲယြီပင္း ငါသန္႔ရွင္းေရးလုပ္လိုက္အုံးမယ္ သူ႔ကိုအခန္းထဲေခၚသြားလိုက္"

"ဗ်ာ! အ အခန္းထဲကို"

"သူ႔ရဲ႕ဒီလိုပုံနဲ႔ မင္းကဘယ္နားပစ္ထားခဲ့မလို႔လဲ"

"ဟုတ္ ဟုတ္ ကြၽန္ေတာ္ အဆင္ေျပတဲ့အခန္းထဲထည့္ထားလိုက္ပါမယ္"

"မလိုဘူး ငါ့အခန္းပဲေခၚသြား ငါသန္႔ရွင္းေရးလုပ္ေနတုန္း သူ႔ကိုႏိုးေအာင္လုပ္ထားလိုက္"

ဥကၠဌေရွာင္းကေျပာၿပီးတာနဲ႔ သူ႔ရဲ႕ အခန္းတြင္းထဲဝင္သြားသည္...
ယြီပင္းခမ်ာ အမူးသမားကိုထိန္းကာ ေနာက္ကလိုက္ဝင္ၿပီး ဆိုဖာေပၚပစ္တင္လိုက္ရတယ္....အန္ဖက္ေစာ္ကလဲနံေနတာမို႔ ဝမ္ရိေပၚရဲ႕အေပၚအက်ႌကိုခြၽတ္လိုက္ၿပီး ကုတင္ေပၚကေစာင္ကိုယူကာ ၿခဳံေပးထားလိုက္သည္....။

ၿပီးေနာက္ သဘက္တစ္ထည္ယူကာ ေရခဲေရနဲ႔စြတ္လိုက္ၿပီး ဝမ္ရိေပၚရဲ႕မ်က္ႏွာအႏွံ႔ပြတ္ေပးလိုက္တယ္...ထပ္ၿပီးေတာ့လည္း kitchen ကေန သံပုရာသီးေတာင္းကာ ဝမ္ရိေပၚရဲ႕နားထဲညႇစ္ခ်လိုက္သည္....

"ရိေပၚ ဝမ္ရိေပၚ ထအုံး!"

"....."

"ဝမ္ရိေပၚ ညီေလး!...."

"အင္ ဟင္...ဘယ္သူလဲ"

"အစ္ကိုယြီပင္းေလ ႏိုးၿပီလားညီေလး"

"အင္း....ကြၽန္ေတာ္....ဟင္! ခင္ဗ်ား!!!"

ဝမ္ရိေပၚက ေစာင္ေအာက္မွာရွိတဲ့ သူ႔ရဲ႕အေပၚပိုင္းဗလာျဖစ္ေနတာကိုသတိထားမိသြားၿပီး ထေအာ္ေတာ့ ယြီပင္းမွာျပာျပာသလဲျဖင့္.....

"မဟုတ္ဘူးေနာ္ မဟုတ္ဘူး ညီေလး မင္း မမွတ္မိဘူးလား ဘာျဖစ္ခဲ့လဲဆိုတာ"

"ကြၽန္ေတာ္ ဘာျဖစ္ခဲ့တာလဲ ???"

ဝမ္ရိေပၚက အမူးေျပသြားရင္လည္း ျဖစ္ခဲ့သမွ်ျပန္မွတ္မိတတ္တာမို႔ အျဖစ္အပ်က္ေတြဟာဆိုရင္ ေခါင္းထဲတရိပ္ရိပ္နဲ႔ေပၚလာတယ္....

*သြားၿပီ သြားၿပီ ဒီတခါေတာ့ အႀကီးႀကီးကိုသြားၿပီ

ေခ်ာက္!!!

ထိုစဥ္မွာပဲ ေရခ်ိဳးခန္းထဲမွ bathrobe ကို ဝတ္ဆင္လာကာထြက္လာေသာ ဥကၠဌေရွာင္းကိုေတြ႕လိုက္ရတာမို႔ ဝမ္ရိေပၚမွာ လန္႔ၿပီး ေခါင္းကိုေအာက္သို႔ငုံ႔ထားမိသည္....။

ႏိုးေနၿပီျဖစ္တဲ့ အမူးသမားေလးကို ကုတင္ေျခရင္နားမွာဝင္ထိုင္ၿပီး ေရစိုေနေသာေခါင္းကို သဘက္တထည္ျဖင့္သုတ္ေနရင္း ေရွာင္းက်န္႔ကထိုင္ၾကည့္ေနတယ္...။

သူ႔ရဲ႕မ်က္ႏွာထားတည္ေနမႈေၾကာင့္ ေရွ႕ကဆိုဖာမွာထိုင္ေနတဲ့ေကာင္ေလးကလဲ လက္ႏွစ္ဖက္ေတြကုတ္ဖဲ့ေနရင္း ေခါင္းကျပန္ေမာ့မလာေတာ့....။

ယြီပင္းကေတာ့ ေဘးကေနတိတ္တဆိတ္ပဲရွိေနတယ္...

"အမူးေျပသြားၿပီေပါ့"

"...."

ေဘာ့စ္ဆီမွအသံထြက္လာေတာ့ ဝမ္ရိေပၚရဲ႕ေခါင္းကပိုငုံ႔သြားတယ္.....သူ႔ေခါင္းထဲမွာေတာ့ ဘယ္လိုေျဖရွင္းမလဲဆိုတဲ့အေျဖကိုရွာေနတာ တလက္ဆက္ပဲ....

"ဝမ္ရိေပၚ!"

"အင့္! ကြၽန္ေတာမွားသြားပါတယ္ေဘာ့စ္! ေဘာ့စ္အလုပ္ထုတ္လဲခံပါ့မယ္! ကြၽန္ေတာ့အေပၚ ျပန္အန္ခ်မယ္ဆိုလဲ ေက်နပ္ပါတယ္ ေဘာ့စ္!"

မ်က္စိမွိတ္ကာ ထေအာ္လာတဲ့ဝမ္ရိေပၚေၾကာင့္ ေရွာင္းက်န္႔မွာ ေျပာရမဲ့စကားေတြဆြံ႕အသြားရသည္....

မ်က္စိမွတ္ၿပီး အျပစ္ဒဏ္ခံယူဖို႔လုပ္ထားေပမဲ့ ဥကၠဌေရွာင္းဆီမွ ဘာသံမွထြက္မလာတာမို႔ ရိေပၚမ်က္လုံးတစ္ဖက္ပဲဖြင့္ၿပီး အသာၾကည့္မိသည္.....

*အမေလး!

ကုတင္ေပၚမွာပဲ လက္ပိုက္ၿပီးထိုင္ၾကည့္ေနတဲ့ ေဘာ့စ္နဲ႔မ်က္လုံးခ်င္းဆုံသြားတာမို႔ ကျပာကယာမ်က္စိကိုျပန္မွိတ္မိသြားသည္....။

"ဝမ္ရိေပၚ ငါ့စကားကိုခဏေလာက္နားေထာင္ဖို႔ ဆႏၵရွိလား"

ေဘာ့စ္ဆီမွစကားသံထြက္လာတာမို႔ ရိေပၚမ်က္လုံးေလးျပန္ဖြင့္ၿပီး ယြီပင္းေကာဆီလွမ္းၾကည့္မိသည္....ယြီပင္းေကာကေတာ့ ရိေပၚသူ႔ကိုၾကည့္လာတာနဲ႔ေခါင္းကိုၿငိမ့္ျပတယ္....၊

"ဟုတ္ ဟုတ္ ဆႏၵရွိပါတယ္ ေဘာ့စ္"

"ေကာင္းၿပီ အရင္ဆုံး ဝမ္ရိေပၚ ကိုယ့္အျပစ္ကိုသိတယ္မလား"

"ဟုတ္....သိပါတယ္..."

"ေကာင္းၿပီ ဒါဆိုရင္ အျပစ္အတြက္ ေနာက္ဆို ကိုယ္တိူ႔ဘယ္အခ်ိန္ေခၚေခၚေရာက္လာရမယ္ X beauty မွာ ေခါင္းလာေလွ်ာ္တိုင္း ဝမ္ရိေပၚပဲေလွ်ာ္ေပးရမယ္၊ ကိုယ္ဘာခိုင္းခိုင္း ဝမ္ရိေပၚက မညီးမညဴလုပ္ေပးရမယ္ ဘယ္လိုလဲ အဲဒါေတြသာလက္ခံရင္ မင္းဒီအျပစ္ကလႊတ္မယ္ လက္မခံရင္ ကိုယ့္ကိုေျပာဆိုထားတဲ့ cctv record file ကို X beauty ရဲ႕ HR department ကို တင္ျပလိုက္မယ္"

ေဘာ့စ္ရဲ႕စကားေတြကိုနားေထာင္ရတာ ဝမ္ရိေပၚတင္မက ယြီပင္းပါ မ်က္လုံးျပဴးတယ္....

သူ႔သူေဌးက ေဆးစားမွားသြားတာလား...????

"စိတ္မပူပါနဲ႔ ကိုယ္ေျပာတာလက္ခံလိုက္တာနဲ႔ ဝမ္ရိေပၚ ဒီလကုန္ရင္ လက္ရွိလစာထက္ 20% လစာတိုးမွာပါ"

* မမွ်တဘူးဆိုေပမဲ့ လစာတိုးေပးမယ္ဆိုေတာ့လည္း....

"ဟုတ္ ကြၽန္ေတာ္ လိုက္နာပါ့မယ္ ေဘာ့စ္ ဒါဆို ကြၽန္ေတာ့ကိုခြင့္လႊတ္တယ္ေပါ့ေနာ္"

"ေစာင့္ၾကည့္မယ္ အခ်ိဳးမေျပရင္ေတာ့ လစာထဲကျဖတ္မယ္"

*ဟြန္႔!

"နားလည္ပါၿပီ ဒါဆို ကြၽန္ေတာ္ သြားလို႔ရၿပီလား"

ဝမ္ရိေပၚက ထသြားေတာ့မယ္ဟန္နဲ႔ ေရွာင္းက်န္႔ကိုခြင့္ေတာင္းလာတယ္....
ေရွာင္းက်န္႔က ဝမ္ရိေပၚကိုတခ်က္စိုက္ၾကည့္ၿပီးမွ...

"ကိုယ့္ေခါင္းေတြစိုေနေသးတယ္ ေခါင္းမႈတ္ေပးမလား? ယြီပင္းက ပြဲထဲတခ်က္သြားၾကည့္လိုက္အုံး လိုအပ္တာလုပ္ေပးလိုက္"

"ဟုတ္ေဘာ့စ္ ဒါဆို ခြင့္ျပဳပါအုံး"

ယြီပင္းက ရိေပၚဘက္လွည့္ၾကည့္ကာ ႀကိဳးစားထားဆိုတဲ့အမူအယာလုပ္ျပတယ္...

ရိေပၚကေတာ့ ရႈံ႕မဲ့ျပလိုက္ပါသည္....။

"အဲဒါ မင္းရဲ႕အိတ္လား"

စားပြဲေပၚလက္ညိဳးထိုးျပတာေၾကာင့္ ရိေပၚၾကည့္လိုက္ေတာ့ သူ႔ရဲ႕ေက်ာပိုးအိတ္ႏြမ္းႏြမ္းေလး....

"ဟုတ္ပါတယ္ ေဘာစ့္"

"အဲထဲက စာအုပ္ေလးက မင္းရဲ႕စာအုပ္လား?"

"စာအုပ္! အာ...ဟို ကေလးတုန္းကစာအုပ္ေလးထင္တယ္ ဟီး! ဟိုေန႔က ပါပါးဘီ႐ိုရွင္းရင္းေတြ႕လို႔ေပးတာနဲ႔အိတ္ထဲေကာက္ထည့္ထားတာ ဘာေတြမွန္းေတာင္မသိေတာ့ပါဘူး"

"ဒါဆို မင္းက အဲစာအုပ္ထဲကအေၾကာင္းအရာေတြမမွတ္မိေတာ့ဘူးေပါ့"

"အင္း...ဘယ္အ႐ြယ္တုန္းကစာအုပ္လဲဆိုတာေတာင္မသိေတာ့ဘူး"

"မင္း တကယ္ႀကီးေျပာေနတာလား"

"ဟုတ္တယ္ေလ အဲ...ဘာျဖစ္လို႔လဲဟင္"

ေဘာ့စ္အမူအရာကတမ်ိဳးျဖစ္ေနတာမို႔ ရိေပၚေမးလိုက္ေတာ့....

"ဘာမွမျဖစ္ဘူး ဆံပင္လာမႈတ္ေပးေတာ့ အံဆြဲထဲမွာ dryer ရွိတယ္"

"ဟုတ္...."

* တခ်ိန္ထဲ စိတ္အမ်ိဳးမ်ိဳးေျပာင္းေနတဲ့ boss! ဟြန္႔

>>>

Continue Reading

You'll Also Like

15.1K 2.5K 20
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
27.7K 3K 29
ဝိညာဉ်လေးရဲ့ ချစ်စဖွယ်အမူအရာလေးနဲ့ သူငယ်ချင်း၄ယောက်ပေါင်းလောင်းကျော်မှုတွေ ဟာသလေးနှောပြီးဖတ်ရမှာပါ။ ဝိညာဥ္ေလးရဲ႕ ခ်စ္စဖြယ္အမူအရာေလးနဲ႕ သူငယ္ခ်င္း၄ေယာ...
70.5K 4.4K 25
🍂 ကြင်နာခြင်းရဲ့ အခြားတစ်ဖက်မှာ နာကျင်ခြင်းတွေ ရှိလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှ မတွေးထင်ခဲ့ဖူးဘူး ...