Falling For You
By KThiMOo
124K 9.7K 399
အချိန်တွေ ဘယ်လောက်ပဲကြာကြာ နှလုံးသားက မှတ်မိနေဖို့လိုတယ် ကိုကိုး.... More
1
2
3
4
5
6
7
8
9
10
11
12
13
15
16
.
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
.
33
34
Sorry...
35
36
37
38
Save The Date(WN-25-3-23)
39
40
41 (Final ♥️💚)
14
2.7K 243 11
By KThiMOo
📲 မန်နေဂျာကျူး ဆိုင်ကရုံးခန်းထဲမှာ ကျွန်တော်တို့အရေးကြီးတဲ့ဖိုင်ကျန်ခဲ့တယ် ပြန်လှည့်လာဖို့လဲအဆင်မပြေလို့ စိတ်ချရတဲ့သူတစ်ယောက်ယောက်ကိုပို့ခိုင်းပါအုံး ကျွန်တော်လိပ်စာပို့ပေးလိုက်မယ်
📲 ဟုတ်ကဲ့ ဟုတ်ကဲ့ ယွီအတွင်းရေးမှူး အခုပဲပို့ခိုင်းလိုက်မယ်ရှင့်
ယွီအတွင်းရေးမှူးဖုန်းချပြီးတာနဲ့ မန်နေဂျာကျူးလဲ ဘယ်သူ့ကိုပို့ခိုင်းရင်ကောင်းမလဲစဉ်းစားရတော့သည်...၊
"အင်း....."
မန်နေဂျာကျူးရဲ့မျက်လုံးက customer ရဲ့ခေါင်းကို dryer ဖြင့်မှုတ်ပေးနေသော ဝမ်ရိပေါ်ဆီမှာ....
* ဝမ်ရိပေါ်ဆိုအဆင်ပြေလောက်မယ် ဘော့စ်က ခေါင်းလျှော်ရင်တောင် သူ့ပဲရွေးနေကျဆိုတော့....
"ဖန်ရှင်း သွား ရိပေါ်နေရာမှာသွားလုပ်ပေးပြီး ရိပေါ်ကိုအစ်မဆီလွှတ်လိုက်"
ဖန်ရှင်းလည်း အစ်မကျူးကျူးပြောသလိုလုပ်ပြီးနောက် ရိပေါ်တစ်ယောက်စူပုပ်ပုပ်ဖြင့် ထိုနေရာမှထွက်လာရသည်...
"အစ်မကျူးကျူး ခေါ်တယ်ဆို"
"ဟုတ်တယ်ရိပေါ် ဒီဖိုင်လေး ဘော့စ်ဆီသွားပို့ပေးနော် အစ်မလိပ်စာရော လမ်းစရိတ်ရောပေးလိုက်မယ် အရေးကြီးတာမို့ သေချာကိုင်သွားနော်"
"ကျွန်တော့အလုပ်က..."
"ရတယ် ဘာမှမဖြစ်ဘူး အပြန်လဲဆိုင်ကိုဝင်မနေနဲ့တော့ အိမ်တန်းပြန်လိုက် ရိပေါ်မှတ်ထားရမှာ ဖိုင်ကအရေးကြီးတယ် မပျောက်သွားစေဖို့ပဲ နော်"
"ဟုတ်...."
အစ်မကျူးကျူးက ရိပေါ်ကို အသွားအပြန်တက္ကစီခရယ် အရေးကြီးတယ်ဆိုတဲ့ဖိုင်တွဲရယ် လက်ထဲကိုသေချာထည့်ပေးလိုက်သည်....
*ခိုင်းစရာငါပဲရှိတာလားမသိဘူး စိတ်ကုန်လာပီ
တစ်နာရီခွဲနီးပါးလောက် သွားရသည့်နေရာက စိုက်ပျိုးရေးခြံတစ်ခုလိုမျိုး....ရိပေါ်ငှါးလာသည့်ကားကလဲ ခြံထဲဝင်လို့မရတာမို့ ခြဲထဲထိလမ်းလျှောက်လာရသည်.....၊
နေကပူပူ မှုန်ကုတ်ကုတ်နဲ့လျှောက်လာသည့်ရိပေါ်ကို ခြဲထဲက နားနေဆောင်လေးကနေ ဘော့စ်တို့အဖွဲ့ကလှမ်းကြည့်နေကြတယ်.....
"ညီလေး လာပြီလား ဒါဆို ခဏထိုင်စောင့်နေအုံးနော် အစ်ကိုတို့စာချုပ်ချုပ်မဲ့ကိစ္စလုပ်လိုက်အုံးမယ်"
"ကျွန်တော် ပြန်နှင့်မယ်လေ လေ...."
ရိပေါ်စကားကိုနားမထောင်ကြတော့ပဲ လူကြီးတွေကစာချုပ်ချုပ်မည့်ကိစ္စသာလုပ်နေကြတာမို့ အနောက်နားလေးမှာပဲထိုင်စောင့်နေရတော့သည်....၊
တော်တော်ကြာတဲ့အထိ ထိုင်စောင့်ပြီး နာရီကိုကြည့်မိတော့ ရုံးဆင်းချိန်ရောက်နေပီ....
*ကျစ် အပြန်ကားတောင်ငှါးရပါ့မလား ဒီနေရာကလဲ ဘာကားမှဖြတ်တာလဲမတွေ့ဘူး
*ငါ့လဲမလိုတော့ပဲနဲ့ ဘာလို့ထိုင်စောင့်ခိုင်းနေရတာလဲလို့....
ဝှါး!!!!!
"ကျေးဇူးတင်ပါတယ် ဥက္ကဌရှောင်း ဆက်လက်ပြီးအောင်မြင်ပါစေဗျား"
"ဒီမြေကိုရောင်းပေးလို့ ကျွန်တော်ကလဲကျေးဇူးတင်ပါတယ် ဒါဆို ပြန်ခွင့်ပြုပါအုံး နောက်မှထပ်ဆုံကြတာပေါ့"
"ကောင်းပါပြီဗျာ မြက်တွေရှင်းပြီးသွားရင် ကျွန်တော့ဘက်က အကြောင်းကြားလိုက်ပါမယ်"
"ကောင်းပါပြီ"
ရှောင်းကျန့်တို့ပြန်ဖို့အတွက် ဝမ်ရိပေါ်ရှိရာကြည့်လိုက်တော့ ခုံပေါ်မှာ ကျကျနနမှီအိပ်နေတာတွေ့ရသည်...
ဥက္ကဌရှောင်းမျက်မှောင်ကြုံ့သွားတာမြင်တာနဲ့ ယွီပင်းကတော့သွက်လက်စွာပဲ ရိပေါ်ကိုပြေးနှိုးရတော့သည်....
"ရိပေါ် ညီလေး ထတော့ ပြန်ရအောင် ရိပေါ်!"
"အင်...ပြီးပြီလား ဟုတ် ဟုတ် ဒါဆို သွားလိုက်ပါအုံးမယ်ဗျ"
အိပ်ချင်မူးတူးနဲ့ထလာတဲ့ဝမ်ရိပေါ်က ရှောင်းကျန့်တို့ကိုတောင် ပြန်နှုတ်ဆက်နေလေသည်....
ညအမှောင်ထဲ ထိုကောင်လေး ဘယ်လိုပြန်ဖို့စဉ်စားနေတာလဲ.....
"အစ်ကိုတို့နဲ့အတူပြန်ရမှာညီလေး လာ လာ ဘော့စ်စောင့်နေတာမို့"
"ဗျာ ဟုတ် ဟုတ်"
ကားနားရောက်တော့ ရိပေါ်လဲနောက်ခန်းမှာဝင်ထိုင်မိလိုက်တယ်....ယွီပင်းလှမ်းဆွဲတာမမှီလိုက်ပေမဲ့ အရင်တခါလဲ ဘော့စ်နဲ့အတူတူနောက်ခန်းမှာထိုင်ခဲ့တာကို ဘော့စ်အနေနဲ့ဘာမှပြောမလာတာမို့ သူလဲမတားမိတော့ပေ....၊
ကားလေးက ခြံထဲမှပြန်ထွက်လာတော့ အတော်ပင်မှောင်မေပြီ....၊ အိပ်ရေးမဝသေးတဲ့ရိပေါ်ကတော့ ပြတင်းပေါက်ဘက်လှည့်ပြီး တဝါးဝါးသမ်းလို့.........
ဘုတ်!
ဖုန်းကြည့်နေတဲ့ ရှောင်းကျန့် ရဲ့ပေါင်ပေါ်ကို တစုံတခုပြုတ်ကျလာတယ်....
"ဘော့စ် ကျွန်တော် နှိုးလိုက်ပါမယ်"
ဘော့စ်ရဲ့ပေါင်ပေါ်ကို အိပ်ငိုက်ပြီးပြုတ်ကျလာတဲ့ဝမ်ရိပေါ်ရဲ့ခေါင်းကြောင့် ယွီပင်းခေါင်းကျိမ်းသွားရသည်....၊
သူ့မှာ ကားမောင်းနေရင်း နောက်ကြည့်မှန်ကနေတဆင့်ကြည့်ရင်းကပဲ...
"ရိပေါ် ညီလေး!"
"နေပါစေ ထားလိုက် ကားကိုပဲအာရုံစိုက်မောင်းပါယွီပင်း"
"ဗျာ ဟုတ် ဟုတ် ဘော့စ်အဆင်မပြေတော့ရင်ပြောပါ"
ခေါင်းပဲငြိမ့်ပြတဲ့ဘော့စ်ကြောင့် ယွီပင်းလဲဘာမှထပ်မပြောဖြစ်တော့ပေမဲ့ ခေါင်းထဲမှာအတွေးတွေကအပြည့်....
ဘယ်သူစိမ်းမှအကပ်မခံတဲ့ဘော့စ်က ထိုကောင်လေးနဲ့ဆိုရင် ဘာမှမဖြစ်သလိုပဲ....
ရိပေါ်ရဲ့အချက်အလက်တွေစုံစမ်းတုန်းကလဲ ဘာမှရေရေရာရာမရှိ။ အဆင်မပြေတဲ့မိသားစုကမို့ ဘော့စ်ကသနားနေတာလားဆိုတော့ အကြောင်းမရှိပဲနဲ့တော့ အခုလိုမျိုး ဘာလုပ်လုပ်လက်ခံထားမည်မဟုတ်...၊
ရိပေါ်က ကျောင်းမပြီးသေးပဲ အလုပ်ထွက်လုပ်ပြီး မိသားစုကိုရှာကျွေးနေတာရယ် အဖေက accident ဖြစ်လို့အိပ်ယာထဲလဲနေပြီး အမေနဲ့အစ်ကိုဖြစ်သူရှိတာရယ် ဒီလောက်လေးပဲစုံစမ်းရပြီး ဘာထူးထူးခြားခြားမှရှိမနေပြန်ဘူး...။
ရိပေါ်အကြောင်းပြောပြတော့ ဘော့စ်ပုံစံက သိချင်တာမသိရတဲ့ပုံစံမျိုးဖြစ်သွားတာတော့ သတိထားမိတယ်၊ သို့ပေမဲ့ ဘာမှဆက်ပြီး​ပြောမလာတာမို့ ယွီပင်းလဲ ဘာမှထပ်ပြီးစုံစမ်းမှုမျိုးမလုပ်ဖြစ်တော့ပေ....။
ပေါင်ပေါ်မှာနှစ်ခြိုက်စွာအိပ်နေတဲ့ဝမ်ရိပေါ်က အပူအပင်ကင်းကင်းနဲ့အိပ်မောကျလျက်ရှိနေတယ်....အပေါ်စီးကမြင်နေရတဲ့ ပါးဖောင်းဖောင်းကိုကြည့်ရင်းအသည်းယားလာတာမို့ လက်ညိုးနဲ့ထိုးကြည့်တော့ အိကျိကျိနဲ့....
မနေနိုင်လို့ ညှစ်လိုက်တော့ ဝမ်ရိပေါ်ရဲ့လက်က သူ့ပါးသူပွတ်လာတယ် နိုးတော့မသွားဘူး....
တော်တော် အအိပ်မက်တာပဲ.....
ဒီကောင်လေးနဲ့မှ မတွန်းရက် မနှက်ရက်ဖြစ်နေမိတဲ့စိတ်ကိုလည်း အံ့ဩမိတယ်....၊
သေချာတာတော့ တစ်စုံတစ်ယောက်နဲ့တူလို့နေပါလိမ့်မယ်။
.....
"ရိပေါ် ဝမ်ရိပေါ် ထတော့ ညီလေးအိမ်ရောက်နေပြီ"
"အင်း......."
အပျင်းကြောဆန့်ပြီးနိုးလာတဲ့ဝမ်ရိပေါ်က လူအရင်မထသေးပဲ လက်တစ်ဖက်ထောင်လျက်အနေအထားနဲ့မျက်လုံးတွေအရင်ဖွင့်တယ်....
သူမြင်ရတာက မျက်နှာတည်တည်ကြည့်နေသော ဘော့စ်
*နေပါအုံး ငါက.....အိပ်နေတာလား? ဘယ်...ဘယ်မှာအိပ်နေတာလဲ
မျက်စံနှစ်လုံးကို ဟိုရွေ့ဒီရွေ့လုပ်ပီး ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်မိတော့ အနေအထားတွေက ကားပေါ်မှာပဲရှိသေးဟန်....
ဒါဆို သူအိပ်နေမိတာက??????
*fuck!!!!!!!!!!
ဒုန်း!
"အ!"
"ဖြေးဖြေးညီလေး တံခါးကမဖွင့်ရသေးဘူး"
နာသွားတဲ့ခေါင်းကိုပွတ်ပြီး ကားတံခါးလေးဖွင့်လို့ အသာလေးဆင်းလိုက်တယ်....
ပြီးနောက် ခါးလေးကိုကိုင်းပြီး....
"လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ် ပြီးတော့....တောင်းပန်ပါတယ်ဘော့စ်"
"ညီလေး အစ်ကိုတို့ပြန်ပြီနော်"
"ဟုတ်...."
ယွီပင်းကောကတော့နှုတ်ဆက်သွားပေမဲ့ ဘော့စ်က တချက်လေးတောင်လှည့်ကြည့်မလာခဲ့။
*ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းလုပ်လိုက်ရင် $တလွဲကြီးပဲ....
..........
နောက်နေ့မနက်ကျတော့ ပုံမှန်အတိုင်းလည်ပတ်တယ်ဆိုပေမဲ့ မန်နေဂျာအစ်မကျူးကျူးက သတင်းတစ်ခုယူဆောင်လာတယ်....
"ဒီနေ့ညနေရုံးဆင်းချိန်နောက်ပိုင်း staff party ရှိတယ်နော် တစ်နာရီစောပြီးဆိုင်ပိတ်မှာမို့ အားလုံးပြင်ဆင်ပြီးတာနဲ့ ဘော့စ်တို့ရဲ့ ဟိုတယ်လ်ကိုသွားပါ့မယ်"
"ဟေး!!!!!!"
"staff party ရှိတာငါဘာလို့မသိရတာလဲ"
ဝမ်ရိပေါ်က ဘေးမှာရှိတဲ့ ဖန်ရှင်းနဲ့ချီချီ့ကိုမေးတော့...
"မနေ့က group chat ထဲကြိုပြောထားတယ်လေ မင်းမတွေ့ဘူးလား"
"ဟင့်အင်း ငါမနေ့က အစောကြီးအိပ်သွားလို့ သွားပါပြီကွာ ပွဲတက်ဝတ်စုံပါမလာဘူး"
"ဟယ် ဘယ်လိုလုပ်မလဲ ဒါပေမဲ့ နင်ဒီနေ့ဝတ်လာတာအဆင်ပြေပါတယ် ပွဲတက်လဲမလိုပါဘူးဟယ် ကိုယ့်အလူပ်ကလူတွေပဲကို"
"မလိုပဲနေမလားဟ အားလုံးကသစ်လွင်တောက်ပနေမှာ ငါက ဟိုနားဒီနားသွားတဲ့ဒီဇိုင်းနဲ့ ချီးပဲ ဒါ ဟို ဘော့စ်ကြောင့် ငါသတင်းတွေလွတ်သွားတာ တော်ပီ staff party မလိုက်တော့ဘူး"
"အာ အဲလိုမလုပ်ပါနဲ့ရိပေါ်ကလည်း ဘာမှမဖြစ်ပါဘူးဆို မင်းကဘယ်လိုနေနေ ချောပြီးသားပဲ တစ်နှစ်မှတစ်ခါတည်းကွာ လိုက်ခဲ့ပါ ပြီးတော့ ဘော့စ်တို့စီစဉ်ပေးတာ အရမ်းမိုက်မှာပဲဟျောင့်ရ"
"ကျစ် စိတ်ညစ်တယ်ကွာ"
ရိပေါ်တစ်ယောက် ကိုကြီးကိုဖုန်းဆက်ပြီး အင်္ကျီလာပို့ခိုင်းပေမဲ့ သုံးစားမရတဲ့အစ်ကိုက မလာနိုင်ဘူးတဲ့....။ ချီးတဲ့မှ ချီးပဲ။
......
နောက်ဆုံးတော့လည်း ဟိုနားဒီနားသွားတဲ့ပုံစံနဲ့ပဲ staff party တက်လိုက်ရတဲ့ရိပေါ်က စင်ပေါ်မှာ မိန့်ခွန်းပြောနေတဲ့ဘော့စ်ကိုကြည့်ပြီး တစ်ခွက်ပြီးတစ်ခွက်သောက်နေမိတော့တယ်....။
"ဖန်ရှင်း အေ့! ငါ ငါ အိမ်သာသွားလိုက်အုံးမယ်"
"ရလား ရိပေါ် ငါလိုက်ခဲ့ရမလား"
"နေနေ အေးဆေး"
ယိုင်တိုင်တိုင်နဲ့သွားနေတဲ့ရိပေါ်က toilet ဆီသွားတဲ့လမ်းမှာ ဖုန်းပြောနေတဲ့ဘော့စ်ကိုလှမ်းတွေ့လိုက်တယ်....
သောက်ထားလို့ထင်တယ် ဘော့စ်ကိုမကျေနပ်တဲ့စိတ်က အတွေးထဲဆူပွက်လာတယ်...
"ရှောင်းကျန့်!"
"..."
"မကျေနပ်ဘူး! ခင်ဗျားကို"
လက်ညိုးတထိုးထိုးနဲ့ရန်လာတွေ့နေတဲ့ ဝမ်ရိပေါ်ကြောင့် ပြောလက်စဖုန်းကိုချလိုက်ရပြီး ဝမ်ရိပေါ်ကိုအကဲခတ်ကြည့်တဲ့အခါ မူးနေပုံပေါ်တာတွေ့လိုက်ရတယ်...
"ဝမ်ရိပေါ် မူးနေတာလား"
"ဟုတ်တယ် မူးနေတယ် ဘာဖြစ်လဲ! ခင်ဗျားကြည့်စမ်း ဒီလိူပွဲမျိုးကို ဒီဝတ်စုံနဲ့လာလိုက်ရတယ် ဘယ်လောက်ဂွမ်းလိုက်လဲ! အဲဒါခင်ဗျားကြောင့် staff party ရှိမှန်းကြိုမသိလိုက်ဘူး အေ့!...
ပြီးတော့ ရှိသေးတယ်....သူများတကာ အလုပ်လုပ်နေပီဆိုရင် ခေါ်ပြီ....ခိုင်းစရာလူရှားလား ခင်ဗျားကြောင့် ကျွန်တော်ရမဲ့ percentage တွေ သူများကိုပေးရပြီထင်တယ် အဲဒါစိတ်အတိုဆုံးပဲ ဟင့်....
စိတ်မရှည်ရင်လဲ လူကိုဆူချင်သေးတယ် ခင်ဗျားကဘာလဲ!
ဘာလဲလို့......"
>>>
———————————————————————————
Zawgyi
"အင်း....."
"ကျွန်တော့အလုပ်က..."
"ဟုတ်...."
ဝှါး!!!!!
"ကောင်းပါပြီ"
"ဗျာ ဟုတ် ဟုတ်"
ဘုတ်!
"ရိပေါ် ညီလေး!"
.....
"အင်း......."
ဒါဆို သူအိပ်နေမိတာက??????
*fuck!!!!!!!!!!
ဒုန်း!
"အ!"
"ဟုတ်...."
..........
"ဟေး!!!!!!"
"ကျစ် စိတ်ညစ်တယ်ကွာ"
......
"နေနေ အေးဆေး"
"ရှောင်းကျန့်!"
"..."
"ဝမ်ရိပေါ် မူးနေတာလား"
"ဟုတ်တယ် မူးနေတယ် ဘာဖြစ်လဲ! ခင်ဗျားကြည့်စမ်း ဒီလိုပွဲမျိုးကို ဒီဝတ်စုံနဲ့လာလိုက်ရတယ် ဘယ်လောက်ဂွမ်းလိုက်လဲ! အဲဒါခင်ဗျားကြောင့် staff party ရှိမှန်းကြိုမသိလိုက်ဘူး အေ့!...
ဘာလဲလို့......"
>>>
Continue Reading
You'll Also Like
106K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
207K 12.5K 25
💜💜💜
50.3K 8.9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...