ချစ်ရည်းစားထားချင်တယ်(Complet...

By nyonyocool

44.8K 3.1K 133

ရည်းစားထားမလား... စာသင်မလား... ရှောင်းကျန့် စာပဲသင်ပါ့မယ်... ဝမ်ရိပေါ် More

1
2
3
4
5
6
7
8
9
10
11
12
14
15
16
17
18
19
20
21
22
23
24

13

1.6K 112 6
By nyonyocool


ကျိုးချန်ထွက်သွားပြီးတော့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို သိချင်တာထပ်မေးရတယ်။
"ကဲ ပြောဦး... ဘယ်လိုက ဘယ်လို ဒီရောက်လာတာလဲ"

ဝမ်ရိပေါ်က မချိုမချဥ် မျက်နှာပေးနဲ့...
"ဟမ်... ဒီလိုပဲလေ၊ ဖေဖေ့ကို US မှာကျောင်းတက်ချင်လို့-လို့ ပူဆာရတာပေါ့...
ပြီးတော့........."
စကားကိုရပ်လိုက်ပြီး ရှောင်းကျန့်ကို မကြည်သလိုအကြည့် ပစ်ပေးလိုက်ပြီးမှ
"မပြောမဆို ရိပေါ့်ကို ပစ်ပြေးသွားတဲ့ ရည်းစား​ကို လိုက်ဖမ်းဖို့ပေါ့-- ဟွန့်!"

ရှောင်းကျန့်လည်း အပြစ်ရှိသူလို ခံစားသွားရပြီး ဝမ်ရိပေါ်ကိုလည်း သနားသွားရတယ်။ သူက ဝမ်ရိပေါ်ရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီး ညှိုးငယ်တဲ့ မျက်နှာနဲ့ တောင်းပန်လိုက်တယ်။
"ဝမ်ဝမ့်ကို ပစ်သွားတာမဟုတ်ရပါဘူး~~ ဝမ်ဥက္ကဋ္ဌက ကိုယ်တို့အကြောင်းသိသွားလို့ ကိုကို့ကို ဝမ်ဝမ်နဲ့ဝေးရအောင် ဒီကိုပို့တယ်လို့ ထင်လိုက်တာ။ ဝမ်ဝမ်သိတဲ့အတိုင်း ကိုကို့​မှာက တတ်နိုင်တာမရှိဘူးလေ~ ကံကြမ္မာအလိုကျပေါ့ ~~ ကိုကို့ကို ခွင့်လွှတ်ပါ~ နော်~"

ဝမ်ရိပေါ်က ရှောင်း​ကျန့်မျက်နှာမကောင်းတာနဲ့ မနေတတ်တဲ့သူလေ...
"အင်းပါ... အခုလိုဆိုတော့ ကိုကို​ထင်​သလို ဖေဖေက ဝမ်ဝမ်တို့ကြိုက်နေတာ မသိလောက်ဘူး! ဒါ့ကြောင့်... ဝမ်ဝမ့်ကို ဒီကိုပို့လိုက်တာပေါ့... "

ရှောင်းကျန်လည်း စိတ်သက်သာရာရသွားတယ်။
*အင်း ဟုတ်မှာပါ။ မဟုတ်ရင် သူ့သားကို ငါ့ကိုစောင့်ရှောက်ဖို့ ဘယ်အပ်မလဲ။ သူ့အစ်ကိုကိုပဲ အပ်မှာပေါ့*

မနက်စာစားပြီးတာနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဆေးတိုက်ပြီး အနားယူစေလိုက်တယ်။ ဝမ်ရိပေါ်က အတင်း ပန်းကန်တွေဝင်ဆေးနေလို့ သူ့(ဝမ်ရိပေါ်) အိပ်ခန်းထဲကို မနည်းကြီးတွန်းပို့လိုက်ရတယ်။ ဝမ်ရိပေါ်က အခုဆို သူ့ရဲ့နားရွက်နားအထိ အရပ်ရှည်လာပြီ။ နောက်ဆိုဒီကလေး ဒီထက် အရပ်ရှည်လာဖို့ပဲရှိတယ်။

ဝမ်ရိပေါ်က အခုထက်ထိ ရှောင်းကျန့်ရဲ့အားကို မတွန်းလှန်နိုင်လို့ မကျေမနပ်ဖြစ်နေတယ်။ သူက အခုဆိုအတော်အတင့်ထွားလာပြီလေ။ ရှောင်းကျန့်ရဲ့ အရပ်ကိုတောင်မီတော့မယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ စူ​ပုပ်​ပုပ်မျက်နှာလေးကို သဘောကျစွာကြည့်နေရင်းက စူ​နေတဲ့ နှုတ်ခမ်း​လေးကို ငုံ့နမ်းလိုက်တယ်။
"ပြွတ်​စ်!"

ရုတ်တရက် မထင်မှတ်စွာ အနမ်းခံလိုက်ရတော့ ဝမ်ရိပေါ်က မျက်လုံးလေးပြူးလို့ ရှောင်းကျန့်ကိုကြည့်လိုက်တယ်။ ရင်တွေလည်း ခုန်လာ​ပြီး တစ်ကိုယ်လုံးထူပူလာတာကြောင့် အိပ်ရာ​ထဲ အမြန်ခုန်ဝင််လိုက်တယ်။ စောင်ကို ခေါင်း​အထိ လုံအောင်အုပ်လိုက်ပြီး မျက်နှာကို ဝှက်ထားလိုက်တယ်။ စိတ်ထဲမှာတော့ ကျေနပ်​နေတယ်။
*မထင်ရဘူးနော်... ကိုကိုက... အဟိ*

ရှောင်း​ကျန့်​က ရှက်သွားလို့ စောင်ထဲဝင်ပုန်းသွားတဲ့ ဝမ်ရိပေါ်ကိုကြည့်ပြီး ရယ်ချင်သွားရတယ်။ စိတ်ထဲမှာလည်း မချင့်မရဲ ဖြစ်သွား​ရတယ်။
* ဒါလောက်လေးနဲ့ရှက်နေရလားကွာ... နောက်ဆို အကျင့်ဖြစ်အောင် ခဏခဏ နမ်းရမယ်* လို့တေးထားလိုက်တယ်။

ဝမ်ရိပေါ် အိပ်ရာနိုးလာတော့ ရှောင်းကျန့်က ရေချိုး​ဖို့ ရေနွေးစပ်ပေးထားတယ်။ ခရီးဆောင်အိတ်ထဲက အဝတ်တွေလည်း ဘီဒိုထဲမှာ စီစီရီရီသပ်သပ်ရပ်ရပ်။
ဝမ်ရိပေါ်က ပြုံးလိုက်မိတယ်။ *ကိုကိုက အကောင်းဆုံးပဲ*

နေ့လည်စာကလည်း ဆန်ပြုတ်ပဲမို့ ဝမ်ရိပေါ်က မစားချင်ပေမယ့် ရှောင်းကျန့်က သူ့အတွက် အပင်ပန်းခံပြီးလုပ်ထားရတာမို့ မငြင်းရက်ဘူး။ ဒီတော့လည်းကုန်အောင်စားရတာပါပဲ။
"ကိုကို ညကျရင်တော့ ဆန်ပြုတ်မစားချင်တော့ဘူးနော်~~*

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ပါပီမျက်လုံးလေးနဲ့ ချွဲနွဲ့တဲ့လေသံကို သဘောကျသွားတယ်။ သူက ဝမ်ရိပေါ်ရဲ့ ပါးလေးကို ပွတ်သတ်လိုက်ပြီး...
"အင်းပါ~ ညစာ ဘာစားချင်လဲ~ ကိုယ့်ကိုပြော"
ဝမ်ရိပေါ်က အလိုလိုက်ခံရတဲ့ကလေးလေးလို ပျော်သွားတယ်။
"ရတယ်... ဆန်ပြုတ်မဟုတ်ရင်ပြီးရော..."

နေ့လည်တစ်နေ့ခင်းလုံး ဝမ်ရိပေါ်က မအိပ်ချင်တော့၍ ဂိမ်းဆော့နေတယ်။ ရှောင်းကျန့်ကတော့ အိမ်သန့်ရှင်းရေးလုပ်၊  မနက်က လျှော်ဖွတ်လို့ ခြောက်သွားတဲ့အဝတ်တွေကို မီးပူတိုက်နဲ့ အလုပ်ရှုပ်နေရတယ်။

ရှောင်းကျန့်က ညစာကို ဟော့ပေါ့စားရန်တွေးလိုက်ပြီး ကျိုးချန်ကို ပြန်လာရင်ဝယ်လာခဲ့ဖို့ ဖုန်းဆက်မှာလိုက်တယ်။ ရေခဲသေတ္တာထဲမှာလည်း ချက်စရာသိပ်မရှိတော့ဘူးလေ။

ညနေရောက်တော့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့ ကျိုးချန်ပြန်လာတာစောင့်ရင်း TV ကြည့်လိုက် မုန့်စားလိုက်နဲ့။ ဝမ်ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲမှီလို့ ရှောင်းကျန့်ခွံကျွေးတဲ့ မုန့်ကိုစားရင်း ဇိမ်ကျနေရင်းက.....
"ကိုကို"

"အင်း"

"ဒီမှာနေတုန်းက ဝမ်ဝမ့်ကို မလွမ်းဘူးလား?"

"မလွမ်းပါဘူး... ဘာလို့လွမ်းရမှာလဲ?"

ဝမ်ရိပေါ်က မကျေမနပ်ဖြစ်သွားတယ်။
"ဘာလို့မလွမ်းရတာလဲ?"

"လွမ်းဖို့အချိန်မရှိဘူး"

"အဲဒါဆို အခုလွမ်းတော့"
ဝမ်ရိပေါ်ရဲ့ ဂျစ်တိုက်နေတာလေးက ရှောင်းကျန့်အတွက် ချစ်စရာကောင်းနေတာကြောင့် သူက ဆက်ပြီး စ,နေချင်တယ်။
"ဘာလုပ်ဖို့ လွမ်းရမှာလဲ?"

"ဒါဆို ဝမ်ဝမ်ကပဲ ကိုကို့ကိုလွမ်းနေရတာပါ့~~ကိုကိုကျတော့မလွမ်းဘူးပဲ~~ ဝမ်ဝမ်ပဲ အရှက်မရှိတာပါ~~"

ဝမ်ရိပေါ်က ပြိုတော့မယ့်မိုးလို ငိုမဲ့မဲ့လေးဖြစ်သွားတော့ ရှောင်းကျန့်ပဲ ထိပ်ထိပ်ပျာပျာဖြစ်သွားရတာပါပဲ။ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ ခေါင်းလေးကို ဆွဲပွေ့ပြီးရင်ခွင်ထဲထည့်ကာ ကျောလေးကိုဖွဖွလေးပုတ်ပေးရင်း...
"လွမ်းတယ်... လွမ်းတယ်... လွမ်းတယ်..."

ဝမ်ရိပေါ်က စိတ်ကျေနပ်သွားပြီး
" အများကြီးလွမ်း~"

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့ မေးလေးကိုပင့်လိုက်ပြီး မျက်ဝန်းနှစ်စုံကို စုံစေလိုက်တယ်....
"ဟုတ်ပါပြီဗျာ~~ ကိုကိုက ဝမ်ဝမ့်ကို အများကြီးလွမ်းပါတယ်လို့~ ကျေနပ်ပြီလား"

"ဟီး... ကျေနပ်ပြီ"

ကျိုးချန်က တံခါးမခေါက်ပဲ အရင်လိုပဲ password ဖွင့်ပြီး ဝင်လာလိုက်တော့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က ကမန်းကတန်း ကိုယ်ချင်းခွာလိုက်ကြတယ်။ ရှောင်းကျန့်က အမူအရာမပျက် ပုံမှန်အတိုင်း...
"အာာာာ ကျိုးချန်ပြန်လာပြီလား"

ဝမ်ရိပေါ်ကလည်း ခပ်တည်တည်ပဲ...
"အစ်ကိုကျိုးချန် မြန်မြန်ရေချိုးတော့! ရိပေါ်ဗိုက်ဆာနေပြီ! အစ်ကိုကျိုး​ချန်​ကို စောင့်နေတာ"

ဆိုတော့----- ကျိုးချန်က သူမြင်လိုက်ရတဲ့ မြင်ကွင်းက ဘာလဲ???? ဆိုပြီး နဝေတိန်တောင်ဖြစ်သွားရတယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ရင်ခွင်ထဲက ထွက်လာတာလားလို့!!! အတွေးတွေများပြီး ခေါင်းကိုရမ်းလို့ ရှောင်းကျန့်ကို ဝယ်လာတဲ့ ဟော့ပေါ့ထုပ်ကို လှမ်းပေးပြီး သူ့အခန်းဆီဝင်သွားလိုက်တော့တယ်။
*ငါ အမြင်မှားတာနေမှာပါ... သူတို့က ဆရာတပည့်တွေပဲ... ရင်းရင်းနှီးနှီးနေတာ... ဘာဆန်းလို့လဲ... ငါလည်း ဒီရောက်မှ လိင်တူချစ်သူတွေတွေ့ပြီး လျှောက်တွေးနေတော့တာပဲ*

ဝမ်ရိပေါ်က ကျိုးချန်ထမင်းစားခန်းထဲ ဝင်လာတာနဲ့
"မြန်မြန်လာ... ရိပေါ်ဗိုက်ဆာနေပြီ!.. အားလုံးအဆင်သင့်ဖြစ်နေပြီ"

"ကို... အဲ...  အစ်ကို ရှောင်းကျန့်~ ငြုပ်သီးအနှစ်က နည်းနေတယ်"

"ရိပေါ် မင်းက အစပ်နဲ့မတည့်ဘူးလေ... ဒီအနေအတော်ပဲ"

"နည်းနည်းစားနိုင်နေပါပြီ~"

ရှောင်းကျန့်က လေသံမာမာနဲ့...
"မရဘူး! အရင်တစ်ခါ ဗိုက်အောင့်တာ မမှတ်သေးလို့လား!"

ဝမ်ရိပေါ်က ဘယ်လိုပဲ မျက်နှာငယ်လေးနဲ့ပြောပြော ရှောင်းကျန့်က အလိုမလိုက်။ဝမ်ရိပေါ်ရဲ့ မျက်နှာက အလိုမကျဖြစ်သွားတော့ ရှောင်းကျန့်က အိုးထဲက ပုစွန်ကိုဆယ်ပြီး အခွံခွာကာ ဝမ်ရိပေါ်ပန်းကန်ထဲထည့်ပေးလိုက်တယ်။
"ရော့... ပုစွန်လေးစားလိုက်"

ဝမ်ရိပေါ်က မျက်နှာလေးပြုံးရွှင်သွားပြီး ယူစားလိုက်တယ်။

ဒီလိုနဲ့ ရှောင်း​ကျန့်​က ဝမ်ရိပေါ်အတွက် အသားတွေဆယ်ထည့်ပေးလိုက်၊ ပုစွန်တွေခွာကျွေးလိုက်နဲ့ ။ ဝမ်ရိပေါ်ကလည်း ရှောင်းကျန့်ကျွေးသမျှ ထိုင်စားရုံပဲ။ တူကိုင်ထားတဲ့လက်က လှုပ်တောင်မလှုပ်ရသေးဘူး။

"ရိပေါ်! မင်းလက်က ကျိုးနေလို့လား! ကိုယ့်ဟာကိုယ် ယူစားလေ။ ရှောင်းကျန့်ကို အားနာစရာ"
ဟုတ်တယ်။ ကျိုးချန်က မျက်စိနောက်နေပြီ။
* ဒါကြီးက ဘာအနေအထားလဲ? RS တွေရဲ့အပြုအမူဆိုတာကော ဒင်းတို့သိကြရဲ့လား! ငါ ဟော့ပေါ့ကောင်းကောင်းစားပါရစေ*

ရှောင်းကျန့်လည်း ကျိုးချန်အသံကြားမှ ကိုယ်ရှိန်သပ်လိုက်ရတယ်။ ကျိုးချန်ရှိနေတာ သူမေ့သွားတယ်။ နောက်ဆိုသတိထားရမယ်။

"မဟုတ်ပါဘူးကွာ... ငါက ရိပေါ် အခုမှ ဒီအိမ်ကိုစရောက်တာဆိုတော့ အားနာပြီး ယူမစားမှာစိုးလို့ပါ"

ဝမ်ရိပေါ်ကတော့ အရေထူထူပဲ ပြောလိုက်တယ်...
"အစ်ကိုကျိုးချန်က ဘာ မနာလိုဖြစ်နေတာလဲ။ သူများကောင်းစားနေတာကို!"

ကျိုးချန်လည်း နှုတ်ခမ်း​ကို မဲ့ရွဲ့လိုက်ပြီး စားဖို့ကိုပဲ အာရုံစိုက်လိုက်တော့တယ်။ 
*ကောင်းပြီ... နောက်ဆို မင်းတို့ဆရာတပည့်အကြား ငါဝင်မပါတော့ဘူး....*

ညအိပ်ရာဝင်တော့ ဝ​မ်​ရိ​ပေါ်က ရှောင်းကျန့်ကို သူ့အခန်းမှာလာအိပ်ခိုင်းပေမယ့် ရှောင်း​ကျန့်​က မအိပ်ရဲဘူး။ သူ့(ရှောင်းကျန့်)စိတ်သူ မနိုင်မှာစိုးတယ်။
ဝမ်ဥက္ကဋ္ဌက ရှောင်းကျန့်ကို သူ့သားရဲ့ ဆရာတစ်ယောက်လို အစ်ကိုတစ်ယောက်လိုဖြစ်လို့ ယုံကြည် စိတ်ချမယ်ဆိုတဲ့အကြောင်း... ရှောင်းကျန့်ရှိနေလို့ သူ့သားကို စိတ်ချစွာနဲ့ ဒီမှာကျောင်းတက်ဖို့ ပို့လိုက်တာဖြစ်ကြောင်း... သေသေချာချာမှာထားတာ။ သူ..... စည်းကျော်လို့မဖြစ်ဘူးလေ။ ရှောင်းကျန့်မှာ သက်ပြင်းရှည်ကြီးချမိရတယ်။
"ဟင်းးးးးးးးးးးးးးးးးး "
ဝမ်ရိပေါ်ကို နှစ်သိမ့်အနမ်းလေးပေးပြီး ချော့ရတာပေါ့။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အနမ်းပေးကြပြီး အိပ်ရာဝင်ကြရတော့တယ်။

နောက်နေ့က စနေနေ့ဖြစ်တာကြောင့် သုံးယောက်သား အပြင်ထွက်လည်ကြတယ်။ ဝမ်ရိပေါ်ကတော့ ကျိုးချန်နဲ့ ရှောင်းကျန့်ကြားမှာ ကလေးတစ်ယောက်လို ပျော်ရွင်မြူးတူးနေတယ်။ 

တနင်္ဂနွေနေ့မှာတော့ တစ်ပတ်စာ စားစရာဝယ်ဖို့ အနီးဆုံး Super Market ကိုသွားကြတယ်။ နောက်နေ့တွေမှာတော့ ရှောင်းကျန့်က အလုပ်ပြန်တက်ရပြီး ကျိုးချန်က Columbia University မှာကျောင်းပြီးခဲ့တာဖြစ်လို့ ဝမ်ရိပေါ်ကျောင်းတက်ဖို့ကိစ္စတွေလိုက်လုပ်ပေးရတယ်။

မနက်ဆိုရင် ရှောင်းကျန့်က ထုံစံအတိုင်း စောစောထပြီး မနက်စာချက်ပြုတ်ပြင်ဆင်တယ်။ ရေချိုး မနက်စာစားပြီးတာနဲ့ အလုပ်သွားရတယ်။ ရှောင်းကျန့်က ကျိုးချန်ကို အရင်အိမ်ပြင်ထွက်စေပြီး ဝမ်ရိပေါ်ရဲ့နဖူးလေးကို အနမ်းတစ်ပွင့်ခိုးပေးရတယ်။ ဒါက ရင်ခုန်စရာပိုကောင်းတယ်။

ညကျတော့လည်း ကျိုးချန်အိပ်ရာဝင်တာနဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အိပ်ရာဝင်အနမ်းပေးပြီးမှ သူ့အခန်းဆီပြန်တယ်။ ရင်ထဲမှာ တထိတ်ထိတ်နဲ့ပေါ့....

Merry Christmas to you too 😘 ❤️

_____________________TBC

Photos credit to original uploaders.












Continue Reading

You'll Also Like

570K 9K 125
You can clearly tell who my favorite drivers are....
152K 11K 60
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...
2M 57.4K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
1.7M 61.9K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...