ငါ့အမြှီးကိုဘယ်သူထိသွားတာလဲကွ...

By sharihtal

98.5K 13.2K 229

Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 ... More

Description
Chapter «1» [ Arc 2 ]
Chapter «2»
Chapter «3»
Chapter «4»
Chapter «5»
Chapter «6»
Chapter «7»
Chapter «8»
Chapter «9»
Chapter «10»
Chapter «11»
Chapter «12»
Chapter«13»
Chapter «14»
Chapter «15» [ Arc-2 Final]
Chapter «1» [ Arc 3 ]
Chapter «2»
Chapter «3»
Chapter «4»
Chapter «5»
Chapter «6»
Chapter «7»
Chapter «8»
Chapter «9»
Chapter «10»
Chapter «11»
Chapter «12»
Chapter «13»
Chapter «14»
Chapter «15»
Chapter «16»[ Arc-3 Final]
Chapter «1» [Arc-4]
Chapter «2»
Chapter «3»
Chapter «4»
Chapter «5»
Chapter «6»
Chapter «7»
Chapter «8»
Chapter «9»
Chapter «10»
Chapter «11»
Chapter «12»
Chapter «13»
Chapter «14»
Chapter «15»
Chapter «16»
Chapter «17» [Arc 4 Final]
Chapter « 1» [ Arc 5 ]
Chapter « 3 »
Chapter « 4 »
Chapter « 5 »
Chapter « 6 »
Chapter « 7 »
Chapter « 8 »
Chapter « 9 »
Chapter « 10 »
Chapter « 11 »
Chapter « 12 »
Chapter « 13 »
Chapter «14»
Chapter « 15 » [Arc 5 Final]
Chapter «1» [ Arc 6 ]
Chapter « 2 »
Chapter «3»
Chapter «4»

Chapter « 2 »

1.1K 157 10
By sharihtal

Chapter «2»
(စစ္သူႀကီးကေယာက်ာ္းလို႔ ေခၚတဲ့ဝန္ကို ခံႏိုင္မယ့္ မထင္ဘူး။ )

မနက္ေစာေစာမွာပဲ မေန႔က ႀကီးက်ယ္ခမ္းနားလွတဲ့ မဂၤလာပြဲႀကီးကို က်င္းပခဲ့တဲ့ စစ္သူႀကီးအိမ္ေတာ္ကေတာ့ ေတာ္ေတာ္အလုပ္႐ႈပ္ေနတယ္။ လူေတြ ဝင္လိုက္ထြက္လိုက္နဲ႔ သြားလာေနၾကေပမယ့္ စစ္သူႀကီးရဲ႕ မဂၤလာဦးအခန္းကေတာ့ တိတ္ဆိတ္ေနေလရဲ႕။

အေစခံေတြကလည္း သခင္မႏိုးၿပီးလား မႏိုးေသးဘူးလားဆိုတာကို ေမးဖို႔ တံခါးေခါက္ရမလား မေခါက္ရဘူလားဆိုတာကို ေဝခြဲမရျဖစ္ေနတုန္းမွာပဲ မေန႔ညက ႐ုပ္ဆိုးလွတဲ့အမူအရာနဲ႔ ထြက္သြားခဲ့တဲ့ စစ္သူႀကီးက အဲ့ဆိုး႐ြားလွတဲ့ပုံစံနဲ႔ပဲျပန္လာတာကို ေတြ႕လိုက္ၾကရတယ္။

အားလုံးမ်က္လုံးထဲမွာ အံ့ၾသမႈေတြျဖတ္ေျပးသြားတယ္။ သူတို႔ရဲ႕သခင္က မေန႔ညကတင္ မဂၤလာခန္းကေန ကန္ထုတ္ခံလိုက္ရတာဆိုေတာ့ ဒါက တကယ့္ကို တျခားသူေတြကို ရယ္ခ်င္ေစတယ္။ သူတို႔သခင္က ႐ြံ႕႐ွာမႈကို ျပခဲ့ရင္ စစ္သူႀကီးနဲ႔ သူ႕ရဲ႕ ဇနီးအသစ္ၾကားက ဆက္ဆံေရးက တကယ့္ကို မေကာင္းဘူးလို႔ သူတို႔ခန္႔မွန္းလို႔ရႏိုင္တယ္။

ဒါေပမယ္ မေန႔ညက စစ္သူႀကီးက တံခါးေ႐ွ႕မွာ တစ္ညလုံးနီးပါး ရပ္ခဲ့ၿပီးေတာ့ အလင္းေရာင္မလာခင္အထိကို ထြက္မသြားခဲ့ဘူးေလ။ ေနာက္ဆုံးေတာ့ သူလည္း ေဘးခန္းမွာပဲ အိပ္လိုက္တယ္ဆိုတာ သူတို႔သိၾကတယ္။ ဒါေၾကာင့္ သူတို႔လညး္ စစ္သူႀကီးဘာေတြေတြးေနလည္းဆိုတာ ေသခ်ာမသိတာမို႔ သူတို႔ႏွာေခါင္းကိုပဲ အတတ္ႏိုင္ဆုံးစိုက္ၾကည့္ၿပီး ေခါင္းငုံ႔ကာ အာ႐ုံစိုက္ကာ ဘာမွမေတြးပဲေနလိုက္တယ္။

က်န္႔ေ႐ွာင္ဇီ တံခါးေ႐ွ႕မွာ ရပ္ရင္း ခဏေတာ့ တုန္႔ဆိုင္းေနမိတယ္။ မေန႔ညက ကန္ထုတ္ခံလိုက္ရတဲ့ မွတ္ဉာဏ္ကလည္း ႐ွင္း႐ွင္းလင္းလင္းႀကီးကို က်န္ခဲ့ေပမယ့္ အဲ့ဒီ႐ွက္စရာမွတ္ဉာဏ္ထက္ သူ႕အေပၚမွာ အမ်ိဳးသမီးေလးရဲ႕ လွပလွတဲ့မ်က္ႏွာက ပိုနက္႐ိႈင္းတဲ့ ထင္ျမင္ခ်က္ကို ခ်န္ရစ္ခဲ့တယ္။

သူေတာ္ဝင္မိသားစုက လူေတြကိုေရာ အစကတည္းက ဧကရာဇ္က သူ႕ကိုလက္ထပ္ဖို႔အမိန္႔ခ်ခဲ့တဲ့ ေတာ္ဝင္မင္းသမီးကိုလည္း အထင္ေသးခဲ့တယ္။ ဒါေပမယ့္သူက အမိန္႔ေတာ္ကို မျငင္းဆန္ႏိုင္ခဲ့တာေၾကာင့္ ဒါေၾကာင့္ သူသူ႕ကို လက္ထပ္ၿပီး သူ႕ကို ၿခိမ္းေျခာက္ကာ ထားပစ္ခဲၿပီး အလွဆင္ဇနီးအျဖစ္ပဲထားဖို႔ စီစဥ္ခဲ့တာျဖစ္တယ္။ သူမေန႔ညက သူမကို ေျပာခဲ့တဲ့ သူမွာ သေဘာက်တဲ့သူ႐ွိတယ္ဆိုတာကလည္း သူမဘာကိုမွ စိတ္ကူးမယဥ္ႏိုင္ေအာင္လို႔ျဖစ္တယ္။

ဒါေပမယ့္ သူေျပာဆိုခဲ့တဲ့ အဲ့ဒီ့စကားလုံးေတြက သူကို တစ္ညလုံး စိုးရိမ္သြားေစခဲ့တယ္။

သူရဲ႕ အသစ္စက္စက္ ဇနီးေလးက သူ႕ကို အခန္းထဲကေန ကန္ထုတ္လိုက္႐ုံတင္မကဘူး သူ႕ဇနီးအေပၚ သူ႕ရဲ႕ၿခိမ္းေျခာက္မႈေၾကာင့္ သူမွာ တစ္ညလုံးမအိပ္စက္ႏိုင္ခဲ့ဘူး။ ဒါက သူ႕ကို အရမ္းဝမ္းနည္းေစတယ္။

တံခါးေ႐ွ႕မွာ အၾကာႀကီးရပ္ၿပီးေနာက္မွာေတာ့ က်န္႔ေ႐ွာင္ဇီကေနာက္ဆုံးမွာေတာ တံခါးမေခါက္ေတာ့ပဲ လွည့္ထြက္ဖို႔ျပင္လိုက္ခ်ိန္မွာပဲ တံခါးက အတြင္းထဲကေန ပြင့္လာခဲ့တယ္။

ထိုပုဂၢိဳလ္ေလးက တစ္ေခါင္းလုံးလည္း႐ႈပ္ပြေနၿပီး သူအမူအရာက အရမ္းေကာင္းပုံအေပၚပဲ မေန႔ညက ဝတ္စုံကိုပဲ ဝတ္ဆင္ထားေသးတယ္။ သူက တံခါးေ႐ွ႕မွာ ေၾကာင္အၿပီးရပ္ေနတဲ့ စစ္သူႀကီးကို တစ္ခ်က္ပဲၾကည့္ၿပီး သူ႕ေဘးနားက အေစခံဆီအၾကည့္ေရာက္သြားတယ္။ " ငါ့ကို ေရခ်ိဳး၊ အဝတ္အစားကူလဲဖို႔ လူေတြဝင္လာခဲ့။"

အေစခံေတြ ေခါင္းငုံ႔ရင္ အမိန္႔ကို ေဆာင္႐ြက္ရင္း သူတို႔ကို သူတို႔ အလုပ္ေပးလိုက္ၾကတယ္။

ေတာ္ဝင္အ႐ွင္မင္းသမီးက သူ႕လ်ိဳ႕ဝွက္ခ်က္ကို ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းခဲ့ၿပီး သူက ဘယ္ေတာ့မွ လူေတြကို သူ႕အနီးမွာမေနခိုင္းေပ။ သူက ရင္းႏွီးတဲ့ အေစခံေတာင္မထားေပ။ မဂၤလာပြဲေၾကာင့္ သူ႕ေဘးမွာ အတူလိုက္လာခဲ့တဲ့ အေစခံကိုေတာင္ စစ္သူႀကီးက ေတာ္ဝင္မိသားစုကို သေဘာမက်တာေၾကာင့္ မဂၤလာခန္းနားကို မကပ္ခိုင္းခဲ့ေပ။ ဒီအခ်ိန္မွာ အခန္းေ႐ွ႕ရပ္ေနတဲ အေစခံေတြအားလုံးက စစ္သူႀကီးရဲ႕ လူေတြခ်ည္းပင္။

႐ႊယ့္လင္ကေတာ့ ဒါေတြကို သိပ္ဂ႐ုစိုက္မေနေပါင္။ သူအရင္က ဘယ္တုန္းကမွ အမ်ိဳးသမီး ဝတ္စုံေတြ မဝတ္ဘူးတာေၾကာင့္ သူဘယ္လိုဝတ္ရမယ္ဆိုတာေရာ ဆံပင္ဘယ္လိုထုံးဖြဲ႕ရမယ္ဆိုတာေရာ မသိလို႔သာ မဟုတ္ရင္ သူ႕ကိုခစားဖို႔ လူေတြကို ထြက္ေခၚမွာေတာင္ မဟုတ္ဘူး။

သူမေျပာၿပီးၿပီးခ်င္းပဲ သူမက အေစခံနည္းနည္းကို ေ႐ြးကာ သူတိုကို အခန္းတြင္းဝင္လာခိုင္းလိုက္တယ္။ သူက တံခါးေ႐ွ႕က စစ္သူႀကီးကို အၾကည့္တစ္ခ်က္မွ မစြန္႔က်ဲပဲနဲ႔ တံခါးကို တိုက္႐ိုက္ပိတ္လိုက္တယ္။

က်န္႔ေ႐ွာင္ဇီက သူ႕သေဘာထားေၾကာင့္ ခ်က္ခ်င္းပဲ ေဒါသထြက္သြားတယ္။

ဒါက သူ႕ဇနီးေလ သူလူသိ႐ွင္ၾကား တရားဝင္လက္ထပ္ထားတဲ့သူေလ။ သူကို မေန႔ညက အခန္းျပင္ကန္ထုတ္တာထားပါေတာ့ သူမက ေနာက္ေန႔မွာကို သူ႕ကို အ႐ွက္ရေစေသးတယ္ေပါ့။ သူမက ေတာ္ဝင္ မင္းသမီးဆိုရင္ေတာင္ ဒါကေတာ့ လြန္လြန္းသြားၿပီး။

သူ႕ဇနီးနဲ႔ ပိုရင္းႏွီးေအာင္လုပ္ရမလား မလုပ္ရဘူးလား ေဝခြဲမရျဖစ္ေနတဲ့ စစ္သူႀကီးလည္း ေဒါသထြက္သြားၿပီး ေအးစက္စက္ႏွာ႐ႈံ႕ကာ လွည့္ထြက္သြားေတာ့တယ္။ သူ႕ပုံစံက အျငင္းခံလိုက္ရတဲ့သူက သူတို႔ရဲ႕သိကၡာကိုထိန္းဖို႔ ျပဳမူတဲ့လူတစ္ေယာက္နဲ႔တူေနတာကို သူသတိမထားမိေပ။ အခန္းေ႐ွ႕က အေစာင့္ေတြကလည္း သူထြက္သြားခ်င္း သူ႕ကို သနားတဲ့အၾကည့္ေလး စြန္႔က်ဲလိုက္ၾကတယ္။

ႀကီးျမတ္လွတဲ့ စစ္သူႀကီးက သူ႕လက္ထပ္ပြဲပထမေန႔မွာပဲ သူ႕ဇနီးဆီကေန ေအးစက္စက္ ပုခုံးေပးခံလိုက္ရၿပီး သူ႕ဇနီးကို တစ္ခြန္းမွေတာင္ ျပန္မေျပာရဲ႐ွာဘူး။ ဘယ္လိုေတာင္ ေမွ်ာ္လင့္ခ်က္မ႐ွိတဲ့ အေျခအေနႀကီးလဲ။

အေစခံေတြက သခင္မ မနက္ေစာေစာမွာ ေရခ်ိဳးႏိုင္ဖို႔ ​ေရေႏြးျပင္ဆင္ေပးၾကတယ္။ တစ္ကိုယ္လုံး သင္းရနံ႔သင္းေနေအာင္လည္း အမ်ိဳးမ်ိဳးေသာ ပြင့္ဖတ္ေတြ ျဖန္႔က်ဲေပးၾကတယ္။ ႐ႊယ့္လင္ေရာက္လာၿပီး သူတို႔ကို တစ္ခ်က္ၾကည့္လိုက္ သူတို႔ အတြင္းဝတ္စုံက်န္သည္အထိ က်န္ဝတ္စုံေတြကို ခြၽတ္ေပးၾကၿပီး စကားတစ္ခြန္းမွ မေျပာရဲၾကေပ။

သတင္းေတြအတိုင္းပဲ အ႐ွင္မင္းသမီးက ဘဲဉပုံမ်က္ႏွာက်၊ ေျမေခြးမ်က္လုံးေတြနဲ႔ တကယ့္ကို လွပတယ္။ နဂိုက ဆြဲညိႇဳ႕အားေကာင္းရမယ့္မ်က္ႏွာက ေအးခ်မ္းလွတဲ့ မ်က္ခုံးေတြေအာက္မွာ ပိုပိုၿပီးသာ ျမင့္ျမတ္ပုံေပၚတယ္။ ဒါက မျမင္ႏိုင္တဲ့ အ႐ွိန္အဝါကို ခံစားရေစကာ အျခားသူေတြကို သူ႕မ်က္ႏွာကို တိုက္႐ိုက္မၾကည့္ရဲေစကာ သူမေ႐ွ႕မွာ သူတို႔ေခါင္းေတြကို ငုံ႔ေန႐ုံသာ။

အေစခံေတြက စစ္သူႀကီးရဲ႕ဇနီးျဖစ္သူက ျမင့္ျမတ္လွတဲ့လကၡဏာ႐ွိမယ္လို႔ ခံစားမိကာ သခင္မအသစ္အ ေပၚ သူတို႔ရဲ႕ ေလးစားမႈက ပိုလို႔္ေတာင္ေလးနက္လာေတာ့တယ္။

System သူ႕ကို ေပးခဲ့တဲ့ ဇာတ္ေၾကာင္းေၾကာင့္ တစ္ပိုင္းေသေလာက္ေအာင္ေဒါသထြက္ေနတဲ့ ႐ႊယ့္လင္ကေတာ့ ထိုလူႀကီးကို တစ္ခ်ိန္လုံး အသိအမွတ္မျပဳပဲ ထိုလူႀကီးသာ တကယ္ပဲ ဇာတ္လိုက္မနဲ႔ ခ်စ္ကြၽမ္းဝင္ေနရင္ သူဘာလုပ္ရမလဲဆိုတာကိုပဲ တစ္ခ်ိန္လုံးအေလးအနက္နဲ႔ေတြးေနလိုက္တယ္။ သူ႕ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကေတာ့ သူ႕ကို ႀကိဳးတုပ္ၿပီးျပန္ေခၚသြားမယ္၊ သင္းကြပ္ပစ္မယ္၊ ၿပီးေတာ့ ေသသည္ထိကို ႏွိပ္စက္ပစ္မယ္။

သူက ႏွစ္ေတြအမ်ားႀကီး ထိုလူႀကီးဆီကေန အလိုလိုက္ခံခဲ့ရတာေၾကာင့္သာ သူ႕ေဒါသေတြကို ထိန္းထားတာေလ ထိုလူႀကီးကသာ သူ႕အေပၚေဖာက္ျပန္ရင္ သူသည္းခံမယ္လို႔ မဆိုလိုဘူး။ အဲ့လိုသာ ျဖစ္ခဲ့ရင္ သူဒီကမ႓ာရဲ႕ တာဝန္ကို လုံးလုံးက်႐ႈံးဖို႔ဆႏၵ႐ွိၿပီးေတာ့ သူတို႔ႏွစ္ေယာက္လုံးကို သတ္ပစ္ၿပီး ေနာက္တစ္ခုထပ္စလိုက္မယ္။ မေရမရာေသမ်ိဳးျဖစ္ေနတဲ့ နတ္ဆိုးတစ္ပါးအေနနဲ႔ ႐ႊယ့္လင္မွာ သူ႕ကိုယ္ပိုင္စည္းမ်ဥ္းေတြ႐ွိတယ္။

Systemခမ်ာ သူအံႀကိတ္ၿပီး ႏွာမႈတ္လိုက္တာေၾကာင့္ ေၾကာက္လန္႔သြား႐ွာၿပီး သူကိုယ္သူ အားေပးကာ သူ႕hostကို ေျပာလိုက္တယ္။ " ဇာတ္ေၾကာင္းကို ဒီလိုသတ္မွတ္ထားေပမယ့္ က်န္႔ေ႐ွာင္ဇီရဲ႕ ဝိဉာဥ္က မတူေတာ့ဘူးေလ ဒါ့ေၾကာင့္ ဇာတ္လိုက္မနဲ႔ သူဘယ္ေတာ့မွ မခ်စ္ေလာက္ပါဘူး။"

႐ႊယ္လင္က systemကို ေအးစက္စက္ၾကည့္လိုက္တယ္။

Systemက သူ႕အၿမီးေလးကို ကိုင္ရင္ ထိုအမ်ိဳးသားက ေျပားေပးဖို႔ႀကိဳးစားလိုက္တယ္။ " Hostေမ့သြားၿပီလား။ သူကကမ႓ာတိုင္း မွတ္ဉာဏ္ေပ်ာက္ေနတာေလ။ သူက မင္းကို မမွတ္မိရင္ေတာင္မွ မင္းကိုပဲခ်စ္မွာပါ။ မေန႔ညကလည္းက သူက ေတာ္ဝင္မင္းသမီးနဲ႔ ပထမဆုံးေတြ႕တာေလ ၿပီးေတာ့ သူဒီစကားေတြကို ေျပာခဲ့တာကလည္း သူအာ႐ုံနဲ႔သူမို႔လို႔ေနမွာပါ။ ေနာက္ၿပီး သူနဲ႔ မင္းကလညး္ ကမ႓ာေတြအမ်ားႀကီး အတူတူ႐ွိခဲ့ၾကတာေလ ခံစားခ်က္ေတြ ပ်ိဳးေထာင္ခဲ့ၾကတာကလည္း ဟာသမွ မဟုတ္တာ။ မေန႔ညက မင္းရဲ႕လုပ္ရပ္ေၾကာင့္ သူတံခါးကို မခ်ိဳးပစ္လိုက္ကတည္းက သူကမင္းကို နဲနဲေတာ့ ဂ႐ုစိုက္လာၿပီလို႔ဆိုလိုတာပဲေလ။"

႐ႊယ့္လင္ ေအးစက္စက္နဲ႔ ႏွာမႈတ္လိုက္တယ္။ အဲ့လူႀကီးက တံခါကို ႐ိုက္ခ်ိဳးရဲရင္ သူ႕ရဲ႕မေန႔ညက စိတ္နဲ႔သာဆို သူသူ႕ကို တိုက္႐ိုက္ ႐ိုက္ႏွက္ပစ္လိုက္ၿပီးၿပီ။

ဘာပဲျဖစ္ျဖစ္ ဒါက ဒီကမ႓ာအတြက္ စီစဥ္ထားတဲ ဇာတ္ေၾကာင္းပဲဆိုတာ ႐ႊယ့္လင္နားလည္ပါတယ္။ ဒီေသာက္ဇာတ္ေၾကာင္းေၾကာင့္သာ မဟုတ္ရင္လညး္ သူလူတစ္ေယာက္ကို ႐ိုက္ႏွက္ပစ္ခ်င္ေလာက္တဲ့ထိ ေဒါသထြက္မွာ မဟုတ္ဘူးေလ။ သူစိတ္ေလ်ာ့ၿပီး ထပ္စဥ္စားၾကည့္လိုက္ေတာ့ system သူ႕အတြက္ စီစဥ္ေပးခဲ့တဲ့ အခ်ိန္ကလည္းသင့္ေတာ္ပါတယ္ေလ။ သူနန္းေတာ္မွာ ႐ွိေနတုန္းအခ်ိန္မွာ ေရာက္လာခဲ့ရင္လညး္ သူေသခ်ာေပါက္ကို ကိုယ့္ကိုယ္ကို ေဖာ္ထုတ္မွာျဖစ္ေပမယ့္ အခုကလည္း ဇာတ္လိုက္မနဲ႔ သူ႕ခ်စ္သူေတြကို ခြဲဖို႔ သိပ္ေနာက္မက်ေသးပါဘူး။ ေနာက္ဆုံးေတာ့လညး္ သူလက္ထပ္လိုက္တဲ့သူက အဲ့လူႀကီးျဖစ္ေနတာပဲ။ System က သူအနားယူလို႔ရတယ္လို႔ေျပာတာက တကယ္ကို ေတြးေတာၿပီးေျပာခဲ့တာပဲ။ သူ႕အတြက္ ေယာက်ာ္းေတာင္႐ွာေပးခဲ့ေသးတယ္ ဘယ္ေလာက္ေတာင္ ဉာဏ္ေကာင္းလိုက္လဲ။

ဒါနဲ႔ပဲ ႐ႊယ့္လင္ကေတာ့ ကိုယ္ေနရာမွာကိုယ္ ေအးေဆးေနလို႔သူ႕ကို ေျပာခဲ့တဲ့ အဲ့လူကိုေတာ့ ခြင့္လႊတ္ဖို႔ စိတ္ကူးမ႐ွိပါဘူး။ သူသူ႕ကို ႀကိဳး႐ွည္႐ွည္နဲ႔ လွန္မထားရင္ေတာင္ သူအစာအိမ္ကို ဆြတ္ကာ ဒီအႀကိမ္မွာ သူ႕ကို ေအာင္ျမင္ဖို႔ ခက္ခဲေအာင္တမင္ မလုပ္ဘူးဆို သူသူ႕နာမည္ကို ေျပာင္းျပန္ေရးလိုက္မယ္။

ေတာ္ေတာ္ေလး စိတ္ေအးသြားၿပီးမွ ႐ႊယ့္လင္ ေရခ်ိဳးကန္ထဲကေန ထြက္လာကာ ေရသုတ္ၿပီး အတြင္းခံအသစ္ေျပာင္းလိုက္တယ္။ ၿပီးေနာက္မွ အခန္းအျပင္ဘက္မွာ ေစာင့္ေနတဲ့ အေစခံေတြကို ဝင္လာခိုင္းလိုက္တယ္။

အေစခံေတြက သူမပုံမွန္ဆို ဘာဝတ္ရတာကို ႀကိဳက္မွန္းမသိတာေၾကာင့္ အစအမ်ိဳးမ်ိဳးယူေဆာင္လာခဲ့ၾကတယ္။ ႐ႊယ္လင္က ႐ိုး႐ွင့္းၿပီး က်က္သေရ႐ွိတဲ့ တစ္ခုကို ေ႐ႊးခ်ယ္လိုက္ကာ ေျပာင္းဝတ္လိုက္တယ္။ အေစခံေတြက သူမကို အလွကူျပင္ေပးခ်င္တဲ့ အခ်ိန္မွာ သူတိုက္႐ိုက္ပဲ ျငင္းဆန္လိုက္ကာ သူ႕ဆံပင္ကိုသာ ႐ိုး႐ိုး႐ွင္း႐ွင္း ဆံထုံးေလး ထုံးဖြဲခိုင္းလိုက္တယ္။ သူ,မ,ထခင္ ေတာ္ေတာ္ေလး ဟန္နည္းတဲ့ အဆင္တန္ဆာႏွစ္ခုကို ေ႐ြးခ်ယ္ကာ သူတို႔ကို မနက္စာ ျပင္ဆင္ခိုင္းလိုက္တယ္။

ေ႐ွးေခတ္ေတြရဲ႕ ဓေလ့ ထုံးတမ္းအရ မင္းသမီးေတြက လက္ထပ္ၿပီး သုံးရက္ေျမာက္ေန႔မွာ ေက်းဇူးတင္ေၾကာင္းျပရန္ နန္းေတာ္ကို ျပန္ဖို႔လိုတယ္။ ႐ႊယ့္လင္ကေတာ အလ်င္လိုမေနပါဘူး သူေယာကၡမေတြကို မနက္ခင္းလက္ဖက္ရည္ငွဲ႔ဖို႔လိုတာေတာင္မွ သူ႕ေျခလွမ္းေတြက ပ်င္းရိၿပီး သက္ေတာင့္သက္သာပင္။

သူမ႐ွိရင္ သူ႕ေယာကၡမနဲ႔ ေယာကၡထီးက ေသေနတာ ၾကာလွၿပီ။ စစ္သူႀကီးသာ သူ႕ကို သူတို႔နဲ႔ေတြ႕ဖို႔ ေခၚသြားခ်င္စိတ္မ႐ွိဘူးဆိုရင္ သူတို႔ကို လုံးဝကို လက္ဖက္ရည္ငွဲ႔ေပးဖို႔ စိတ္ကူးမ႐ွိဘူး။ ေျပာရမယ္ဆိုရင္လညး္ သူ႕ကို မေန႔ညက အခန္းျပင္ကို ကန္ထုတ္လိုက္ေတာ့ အဲ့လူႀကီးက သူ႕ကို လာမေတြ႕ေလာက္ဘူးလို႔ ႐ႊယ့္လင္ေတြးလိုက္တယ္။

ဟုတ္တာေပါ့ ဒီမနက္ခင္းမွာ တံခါးေ႐ွ႕ ႐ူးေၾကာင္ေၾကာင္ရပ္ေနတဲ့ လူကေတာ့ လုံးဝကို မ႐ွိခဲ့သလို ထားလိုက္တာေပါ့။

အေစခံေတြကေတာ့ ေတာ္ဝင္အ႐ွင္မင္းသမီးရဲ႕ အဝတ္အစားေတြက အရမ္း႐ိုး႐ွင္းတာပဲလို႔ ခံစားလိုက္ရတယ္။ သူမလက္ထပ္ပြဲေန႔ရဲ႕ ဒုတိယေန႔မွာေတာင္ ေျဗာင္ေတြဝတ္ထားေသးတယ္၊ စစ္သူႀကီးရဲ႕ ႏွလုံးသားကို လုံးဝကို မဖမ္းစားခ်င္တာလား။ ဒါေပမယ့္ ေသေသခ်ာခ်ာ ၾကည့္ၿပီးေနာက္ေတာ့ အ႐ွင္မင္းသမီးရဲ႕ အသားအရည္က အရမ္းေကာင္းတာပဲ အျဖဴေရာင္ေက်ာက္စိမ္းအတိုင္းပဲ ထိၾကည့္လိုက္ရရင္ အရမ္းကို ေခ်ာ့ေမြ႕ၿပီး ခံစားလို႔ေကာင္းမွာပဲ။ သူမရဲ႕ မ်က္ခုံးေတြက ၿပီးျပည့္စုံစြာနဲ႔ ေကြးၫြတ္ေနၿပီး သူက အရမ္းကို မ်က္စိအစာေကြၽးစရာပင္။ မိတ္ကပ္မပါပဲနဲ႔ေတာင္ သူမအလွနဲ႔တင္ ေကာင္းကင္ဘုံေအာက္မွာ႐ွိတဲ့ အရာအားလုံးကို လႊမ္းမိုးႏိုင္တယ္။ အ႐ွင္မင္းသမီးက ဒီလို ႐ိုး႐ိုး႐ွင္း႐ွင္းအျပင္အဆင္နဲ႔ေတာင္ အံ့ၾသစရာေကာင္းလွတာ သူမသာ မိတ္ကပ္ထူထူဖို႔လိုက္ရင္ တစ္ကမ႓ာလုံးေတာင္ ယစ္မူးသြားလိမ့္ဦးမယ္။

စိတ္ထဲမွာဒီလိုေတြးရင္း သူတို႔ေနာက္တစ္ႀကိမ္ အ႐ွင္မင္းသမီးရဲ႕ ႐ိုး႐ိုး႐ွင္း႐ွင္းဝတ္ဆင္မႈကလညး္ အရမ္းေကာင္းပါတယ္လို႔ ခံစားလိုက္ရတယ္။ သူမကအခုခ်ိန္မွာ အိမ္ေထာင္႐ွိအမ်ိဳသမီးတစ္ေယာက္ျဖစ္ေနၿပီဆိုေတာ့ အရမ္းႀကီး ထင္ထင္ေပၚေပၚေနတာကလည္း သိပ္မေကာင္းပါဘူးေလ။

႐ႊယ့္လင္ကေတာ့ သူတို႔ဘာေတြေတြးေနလဲ မသိေပ။ သူ႕လို ေယာက်ာ္ေလးတစ္ေယာက္ကို အမ်ိဳးသမီးအဝတ္အစားဝတ္ခိုင္းတာကေတာင္ သူ႕ေအာက္ဆုံးစည္းကို ထိခိုက္ေနၿပီ။ မိတ္ကပ္လိမ္းၿပီး သူကိုယ္သူ ရတနာေတြနဲ႔ အလွဆင္ရမယ္။

ဟဟပဲ။

မနက္စာစားၿပီးေနာက္ ႐ႊယ့္လင္ စစ္သူႀကီးနန္းေဆာင္တစ္ဝိုက္ လမ္းေလွ်ာက္ဖို႔ အစီအစဥ္ဆြဲကာ ႐ွာေဖြဖို႔ အခြင့္အေရး႐ွာလိုက္တယ္။ သူစစ္သူႀကီးနန္ေဆာင္မွာပဲ တစ္ခ်ိန္လုံးမေနႏိုင္ဘူး။ ၿပီးေတာ့ သူခိုးေၾကာင္ခိုးဝွက္လိုက္ဖို႔ အခြင့္အေရး႐ွာရဦးမယ္ေလ။ ဒါေပမယ့္ သူအေပါက္ဝကို ေရာက္တဲ့အခ်ိန္မွာပဲ သူကို႐ွာဖို႔လာတာ မ်က္ႏွာမာမာနဲ႔ လူနဲ႔ေတြ႕လိုက္ရတယ္။

႐ႊယ့္လင္ ပ်င္းရိစြာ မ်က္ခုံးပင့္လိုက္တယ္။ သူက ႐ိုး႐ိုး႐ွင္း႐ွင္းဝတ္စားဆင္ယင္ထားေပမယ့္ သူ႕ရဲ႕ အ႐ွိန္အဝါေတြကေတာ့ ႐ွိေနဆဲပဲ ၿပီးေတာ့ ထိုအမ်ိဳးသားလည္း သူနဲ႔နီးလာေလ သူ႕ႏွလုံးေတြက အခုန္ျမန္လာေလေလဆိုတာ ခံစားမိတယ္။ သူမွာ စကားေတာင္ ေသေသခ်ာခ်ာမေျပာႏိုင္ေတာ့ပဲ သူ႕တတ္ႏိုင္သေလာက္ သူ႕အမူအရာကို ေအးစက္ေအာင္ထားလိုက္ရတယ္။

" စစ္သူႀကီး တစ္ခုခုမ်ားအလို႐ွိလို႔လား။" ႐ႊယ့္လင္းေျဖးေျဖးခ်င္းေမးလိုက္တယ္။ သူၾကည့္ရတာ မေန႔ညကို သူ႕ကို ကန္ထုတ္လိုက္တဲ့ ျဖစ္စဥ္ကိုေတာင္ ေမ့ေနတဲ့အတိုင္းပဲ။ ၿပီးေတာ့ ထင္ထင္႐ွား႐ွားကို မေန႔က တန္ဖိုးႀကီးရဲ႕ သတို႔သမီးဘက္က ေပးရတဲ့ တင္ေတာင္းပစၥည္းေတြယူလာၿပီး ဒီလူကို လက္ထပ္ဖို႔ အနီေရာင္ မဂၤလာဝတ္စုံႀကီးဝတ္ခဲ့တာကိုလည္း ေမ့ေနတဲ့ပုံပဲ။ သူ႕မ်က္ႏွာက ခံစားခ်က္မဲ့ေနၿပီး အရမ္ကို မထူးျခားနားကပင္။

က်န္႔ေ႐ွာင္ဇီရဲ႕ ႏွလုံးသားက တင္းၾကပ္သြားတယ္။ သူ႕မွာ တစ္ညလုံး မဆုံးႏိုင္တဲ့ ခံစားခ်က္ အတက္အက်ေတြကို ခံစားခဲ့ရၿပီး ေတာင္းပန္ဖို႔ေတာင္ ၾကံခဲ့ေသးတယ္။ ဒါေပမယ့္ အခုေတာ့ တစ္ဖက္လူက သူ႕ကို ဒီလို သေဘာထားမ်ိဳးနဲ႔ဆက္ဆံေနတာျမင္ေတာ့ သူ႕တကယ္ပဲ မသက္မသာ ခံစားရတယ္။ " မင္းငါ့ကို 'စစ္သူႀကီး'လို႔ေခၚေနတာလား။" သူႏွလုံးသားထဲမွာေတာ့ စိတ္ဓာတ္က်ေနေပမယ့္ သူက ထုတ္မျပပါဘူး။ သူရဲ႕ေအးစက္စက္အ႐ွိန္အဝါေတြကသာ ပိုက်ယ္ျပန္႔လာၿပီး သူ႕ေ႐ွ႕ကလူကို ဒါေတြနဲ႔ ဖိအားေပးခ်င္ေနတဲ့ပုံပင္။

႐ႊယ့္လင္ေနာက္ကလိုက္လာတဲ့ အေစခံေတြကေတာ့ စိမ့္တက္သြားေပမယ့္ ႐ႊယ့္လင္ကေတာ့ ထူးမျခားနားပင္။

" စစ္သူႀကီးလို႔ မေခၚရင္ ဘယ္လိုမ်ားေခၚေစခ်င္ေနတာလဲ။ " ႐ႊယ့္လင္က ေအးစက္စြာ ရယ္ေမာလိုက္တယ္။ " ငါ့အထင္ေတာ့ စစ္သူႀကီးက " ေယာ္က်ာ္း" လို႔ အေခၚခံရတဲ့ ဝန္ကို ခံႏိုင္မယ္မထင္ဘူး။ စစ္သူႀကီးကို အ႐ွက္မရေစဖို႔ရာ ေခၚမေနေတာ့ဘူးေလ။ ဘာပဲျဖစ္ျဖစ္ ငါက ကိုယ့္ေနရာကိုယ္ သိတဲ့သူပါ။"

က်န္႔ေ႐ွာင္ဇီလည္း အစကတည္းက သူမွန္တယ္လို႔ ထင္ေနေပမယ့္ ႐ႊယ့္လင္စကားကို ၾကားေတာ့ သူမြန္းက်ပ္သြားကာ သူ႕ႏွလုံးသားက မသက္မသာနဲ႔ ပိတ္ဆို႔ခံလိုက္ရတယ္။ သူေျပာခဲ့တဲ့ စကားေတြကို အခုမွေတာ့ ျပန္႐ုတ္သိမ္းလို႔မရေတာ့ဘူးတာမို႔ သူ႕မေျပာခင္ ဟမ့္လို႔ ေအးစက္စက္အသံထြက္ကာ " မင္းကိုယ့္ေနရာကိုယ္သိမွေတာ့ ေတာ္ဝင္ အ႐ွင္မင္းသမီးခင္ဗ်ာ ေက်းဇူးျပဳၿပီး ကြၽန္ေတာ္နဲ႔ လိုက္ခဲ့ေပးႏိုင္မလား။"

႐ႊယ့္လင္ မ်က္ေမွာင္ၾကဳတ္ကာ ေရ႐ြတ္လိုက္တယ္။ " ဘယ္ကိုလဲ။"

"ဘိုးဘြားေတြကို ဂါရဝျပဳသြားရမယ္။" တစ္ဖက္လူ ျပန္ေျဖတာကိုေတာင္ မေစာင့္ေတာ့ပဲ က်န္႔ေ႐ွာင္ဇီလည္း ေျခတစ္လွမ္းလွမ္းကာ သူ႕လက္ေကာက္ဝတ္ကို ဆြဲလိုက္တယ္။

႐ႊယ့္လင္လည္း အဆင့္သင့္မျဖစ္ေသးတာေၾကာင့္ တ႐ြတ္တိုက္ပါသြားတယ္။ မ်က္လုံးပင့္ကာ သူ႕ကို ေနာက္ေက်ာေပးထားတဲ့ က်န္႔ေ႐ွာင္ဇီကို စူးစူးဝါးဝါး စိုက္ၾကည့္လိုက္ကာ အံႀကိတ္ၿပီး စိတ္ထဲမွာ သူ႕ကို လစ္လ်ဴ႐ႈမယ့္အခ်ိန္ကို အမ်ားႀကီး တိုးပစ္လိုက္တယ္။

System လည္း သူ႕hostေနာက္ကလိုက္လာတာျဖစ္ၿပီး ဒီသေဘာထားေသးသိမ္သူကို မွတ္ခ်က္မေပးခ်င္ေတာ့ေပ။

သူ႕ေဒါသကို အဲ့ဒီလူအေပၚမွာ ပုံခ်ပစ္လိုက္ရင္ပိုေတာင္ေကာင္းေသးတယ္။ သူေဒါသထြက္ရင္ သူ႕ဘက္လွည့္လာၿပီး သူ႕အေမြးေတြကို လာမႏႈတ္နဲ႔ေပါ့။ သူက တကယ့္ ေျမေခြး မဟုတ္ေပမယ့္ နာတယ္ေလ။

က်န္႔ေ႐ွာင္ဇီ မင္းသမီးကို လွည့္မၾကည့္ေပမယ့္ သူ႕ႏွလုံးသားကေတာ့ အရမ္းကို စိတ္လႈပ္႐ွားေနတာျဖစ္တယ္။ တစ္ဖက္လူရဲ႕ လက္ေကာက္ဝတ္က သူ႕မေန႔က ျမင္ခဲ့ရတယ့္အတိုင္း အရမ္းကို ေသးသြယ္ပိန္ပါးလွၿပီး ေသခ်ာဆုပ္ကိုင္ႏိုင္ဖို႔ရာ သူ႕လက္ေခ်ာင္းေတြကို ထိသည္ထိေအာင္ကို လက္သီးဆုပ္လိုက္ရတယ္။ သူမရဲ႕ အသားအေရက အရမး္ကို ေခ်ာေမြ႕ေနၿပီး လက္ကလည္း ေတာ္ေတ္ာေလးကို ေအးစက္ေနတယ္။ သူထိ႐ုံပဲထိထားေပမယ့္ သူ႕ႏွလုံးသားကေတာ့ ဝ႐ုန္းသုန္းကားအေျခအေနကိုေတာင္ေရာက္ေနၿပီး တစ္ဖက္မွာ ေျခလွမ္းေတြ ျမန္လာသလို သူ႕ႏွလုံးခုန္းႏႈန္းကလည္ ျမန္လာတာကို သူခံစားမိတယ္။ သူမေနႏိုင္စြာနဲ႔ သူ႕လက္ေခ်ာင္းထိပ္ေတြနဲ႔ တစ္ဖက္လူရဲ႕ လက္ေကာက္ဝတ္ကို နဲနဲထပ္ထိလိုက္တယ္။

႐ႊယ့္လင္ကေတာ့ သူဆီကေန ဆြဲေခၚခံေနရတာ လဲေတာ့မတတ္ပင္။ တစ္ဖက္လူက အသားနဲနဲယူေနတာကိုလည္း သူလုံးဝကို သတိမထားမိဘူး။ အဲ့အစားသူ႕စိတ္ထဲကေန တစ္ဖက္လူကို စဥ္စားေနတယ္။ တစ္ဖက္လူက သူထက္ ထပ္ၿပီးေတာ့ အရပ္႐ွည္ေနျပန္ၿပီ ေနာက္တစ္ကမ႓ာေတာ့ သူေသခ်ာေပါက္ကို Systemကို ပိုအရပ္႐ွည္တဲ့ ခႏၶာကိုယ္႐ွာခိုင္းရမယ္။ ေနာက္ထပ္ မရင့္က်က္ေသးတဲ့ ခႏၶာကိုယ္သာ ထပ္႐ွာေပးရင္ေတာ့ systemရဲ႕ ခႏၶာကိုယ္က အေမႊးေတြ အကုန္ႏႈတ္ပစ္မယ္။ 

Chapter «2»
(စစ်သူကြီးကယောကျာ်းလို့ ခေါ်တဲ့ဝန်ကို ခံႏိုင်မယ္ထင်ဘူး။ )

မနက်စောစောမှာပဲ မနေ့က ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာပွဲကြီးကို ကျင်းပခဲ့တဲ့ စစ်သူကြီးအိမ်တော်ကတော့ တော်တော်အလုပ်ရှုပ်နေတယ်။ လူတွေ ဝင်လိုက်ထွက်လိုက်နဲ့ သွားလာနေကြပေမယ့် စစ်သူကြီးရဲ့ မင်္ဂလာဦးအခန်းကတော့ တိတ်ဆိတ်နေလေရဲ့။

အစေခံတွေကလည်း သခင်မနိုးပြီးလား မနိုးသေးဘူးလားဆိုတာကို မေးဖို့ တံခါးခေါက်ရမလား မခေါက်ရဘူလားဆိုတာကို ဝေခွဲမရဖြစ်နေတုန်းမှာပဲ မနေ့ညက ရုပ်ဆိုးလှတဲ့အမူအရာနဲ့ ထွက်သွားခဲ့တဲ့ စစ်သူကြီးက အဲ့ဆိုးရွားလှတဲ့ပုံစံနဲ့ပဲပြန်လာတာကို တွေ့လိုက်ကြရတယ်။

အားလုံးမျက်လုံးထဲမှာ အံ့သြမှုတွေဖြတ်ပြေးသွားတယ်။ သူတို့ရဲ့သခင်က မနေ့ညကတင် မင်္ဂလာခန်းကနေ ကန်ထုတ်ခံလိုက်ရတာဆိုတော့ ဒါက တကယ့်ကို တခြားသူတွေကို ရယ်ချင်စေတယ်။ သူတို့သခင်က ရွံ့ရှာမှုကို ပြခဲ့ရင် စစ်သူကြီးနဲ့ သူ့ရဲ့ ဇနီးအသစ်ကြားက ဆက်ဆံရေးက တကယ့်ကို မကောင်းဘူးလို့ သူတို့ခန့်မှန်းလို့ရနိုင်တယ်။

ဒါပေမယ် မနေ့ညက စစ်သူကြီးက တံခါးရှေ့မှာ တစ်ညလုံးနီးပါး ရပ်ခဲ့ပြီးတော့ အလင်းရောင်မလာခင်အထိကို ထွက်မသွားခဲ့ဘူးလေ။ နောက်ဆုံးတော့ သူလည်း ဘေးခန်းမှာပဲ အိပ်လိုက်တယ်ဆိုတာ သူတို့သိကြတယ်။ ဒါကြောင့် သူတို့လညး် စစ်သူကြီးဘာတွေတွေးနေလည်းဆိုတာ သေချာမသိတာမို့ သူတို့နှာခေါင်းကိုပဲ အတတ်နိုင်ဆုံးစိုက်ကြည့်ပြီး ခေါင်းငုံ့ကာ အာရုံစိုက်ကာ ဘာမှမတွေးပဲနေလိုက်တယ်။

ကျန့်ရှောင်ဇီ တံခါးရှေ့မှာ ရပ်ရင်း ခဏတော့ တုန့်ဆိုင်းနေမိတယ်။ မနေ့ညက ကန်ထုတ်ခံလိုက်ရတဲ့ မှတ်ဉာဏ်ကလည်း ရှင်းရှင်းလင်းလင်းကြီးကို ကျန်ခဲ့ပေမယ့် အဲ့ဒီရှက်စရာမှတ်ဉာဏ်ထက် သူ့အပေါ်မှာ အမျိုးသမီးလေးရဲ့ လှပလှတဲ့မျက်နှာက ပိုနက်ရှိုင်းတဲ့ ထင်မြင်ချက်ကို ချန်ရစ်ခဲ့တယ်။

သူတော်ဝင်မိသားစုက လူတွေကိုရော အစကတည်းက ဧကရာဇ်က သူ့ကိုလက်ထပ်ဖို့အမိန့်ချခဲ့တဲ့ တော်ဝင်မင်းသမီးကိုလည်း အထင်သေးခဲ့တယ်။ ဒါပေမယ့်သူက အမိန့်တော်ကို မငြင်းဆန်နိုင်ခဲ့တာကြောင့် ဒါကြောင့် သူသူ့ကို လက်ထပ်ပြီး သူ့ကို ခြိမ်းခြောက်ကာ ထားပစ်ခဲပြီး အလှဆင်ဇနီးအဖြစ်ပဲထားဖို့ စီစဥ်ခဲ့တာဖြစ်တယ်။ သူမနေ့ညက သူမကို ပြောခဲ့တဲ့ သူမှာ သဘောကျတဲ့သူရှိတယ်ဆိုတာကလည်း သူမဘာကိုမှ စိတ်ကူးမယဥ်နိုင်အောင်လို့ဖြစ်တယ်။

ဒါပေမယ့် သူပြောဆိုခဲ့တဲ့ အဲ့ဒီ့စကားလုံးတွေက သူကို တစ်ညလုံး စိုးရိမ်သွားစေခဲ့တယ်။

သူရဲ့ အသစ်စက်စက် ဇနီးလေးက သူ့ကို အခန်းထဲကနေ ကန်ထုတ်လိုက်ရုံတင်မကဘူး သူ့ဇနီးအပေါ် သူ့ရဲ့ခြိမ်းခြောက်မှုကြောင့် သူမှာ တစ်ညလုံးမအိပ်စက်နိုင်ခဲ့ဘူး။ ဒါက သူ့ကို အရမ်းဝမ်းနည်းစေတယ်။

တံခါးရှေ့မှာ အကြာကြီးရပ်ပြီးနောက်မှာတော့ ကျန့်ရှောင်ဇီကနောက်ဆုံးမှာတော တံခါးမခေါက်တော့ပဲ လှည့်ထွက်ဖို့ပြင်လိုက်ချိန်မှာပဲ တံခါးက အတွင်းထဲကနေ ပွင့်လာခဲ့တယ်။

ထိုပုဂ္ဂိုလ်လေးက တစ်ခေါင်းလုံးလည်းရှုပ်ပွနေပြီး သူအမူအရာက အရမ်းကောင်းပုံအပေါ်ပဲ မနေ့ညက ဝတ်စုံကိုပဲ ဝတ်ဆင်ထားသေးတယ်။ သူက တံခါးရှေ့မှာ ကြောင်အပြီးရပ်နေတဲ့ စစ်သူကြီးကို တစ်ချက်ပဲကြည့်ပြီး သူ့ဘေးနားက အစေခံဆီအကြည့်ရောက်သွားတယ်။ " ငါ့ကို ရေချိုး၊ အဝတ်အစားကူလဲဖို့ လူတွေဝင်လာခဲ့။"

အစေခံတွေ ခေါင်းငုံ့ရင် အမိန့်ကို ဆောင်ရွက်ရင်း သူတို့ကို သူတို့ အလုပ်ပေးလိုက်ကြတယ်။

တော်ဝင်အရှင်မင်းသမီးက သူ့လျို့ဝှက်ချက်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ပြီး သူက ဘယ်တော့မှ လူတွေကို သူ့အနီးမှာမနေခိုင်းပေ။ သူက ရင်းနှီးတဲ့ အစေခံတောင်မထားပေ။ မင်္ဂလာပွဲကြောင့် သူ့ဘေးမှာ အတူလိုက်လာခဲ့တဲ့ အစေခံကိုတောင် စစ်သူကြီးက တော်ဝင်မိသားစုကို သဘောမကျတာကြောင့် မင်္ဂလာခန်းနားကို မကပ်ခိုင်းခဲ့ပေ။ ဒီအချိန်မှာ အခန်းရှေ့ရပ်နေတဲ အစေခံတွေအားလုံးက စစ်သူကြီးရဲ့ လူတွေချည်းပင်။

ရွှယ့်လင်ကတော့ ဒါတွေကို သိပ်ဂရုစိုက်မနေပေါင်။ သူအရင်က ဘယ်တုန်းကမှ အမျိုးသမီး ဝတ်စုံတွေ မဝတ်ဘူးတာကြောင့် သူဘယ်လိုဝတ်ရမယ်ဆိုတာရော ဆံပင်ဘယ်လိုထုံးဖွဲ့ရမယ်ဆိုတာရော မသိလို့သာ မဟုတ်ရင် သူ့ကိုခစားဖို့ လူတွေကို ထွက်ခေါ်မှာတောင် မဟုတ်ဘူး။

သူမပြောပြီးပြီးချင်းပဲ သူမက အစေခံနည်းနည်းကို ရွေးကာ သူတိုကို အခန်းတွင်းဝင်လာခိုင်းလိုက်တယ်။ သူက တံခါးရှေ့က စစ်သူကြီးကို အကြည့်တစ်ချက်မှ မစွန့်ကျဲပဲနဲ့ တံခါးကို တိုက်ရိုက်ပိတ်လိုက်တယ်။

ကျန့်ရှောင်ဇီက သူ့သဘောထားကြောင့် ချက်ချင်းပဲ ဒေါသထွက်သွားတယ်။

ဒါက သူ့ဇနီးလေ သူလူသိရှင်ကြား တရားဝင်လက်ထပ်ထားတဲ့သူလေ။ သူကို မနေ့ညက အခန်းပြင်ကန်ထုတ်တာထားပါတော့ သူမက နောက်နေ့မှာကို သူ့ကို အရှက်ရစေသေးတယ်ပေါ့။ သူမက တော်ဝင် မင်းသမီးဆိုရင်တောင် ဒါကတော့ လွန်လွန်းသွားပြီး။

သူ့ဇနီးနဲ့ ပိုရင်းနှီးအောင်လုပ်ရမလား မလုပ်ရဘူးလား ဝေခွဲမရဖြစ်နေတဲ့ စစ်သူကြီးလည်း ဒေါသထွက်သွားပြီး အေးစက်စက်နှာရှုံ့ကာ လှည့်ထွက်သွားတော့တယ်။ သူ့ပုံစံက အငြင်းခံလိုက်ရတဲ့သူက သူတို့ရဲ့သိက္ခာကိုထိန်းဖို့ ပြုမူတဲ့လူတစ်ယောက်နဲ့တူနေတာကို သူသတိမထားမိပေ။ အခန်းရှေ့က အစောင့်တွေကလည်း သူထွက်သွားချင်း သူ့ကို သနားတဲ့အကြည့်လေး စွန့်ကျဲလိုက်ကြတယ်။

ကြီးမြတ်လှတဲ့ စစ်သူကြီးက သူ့လက်ထပ်ပွဲပထမနေ့မှာပဲ သူ့ဇနီးဆီကနေ အေးစက်စက် ပုခုံးပေးခံလိုက်ရပြီး သူ့ဇနီးကို တစ်ခွန်းမှတောင် ပြန်မပြောရဲရှာဘူး။ ဘယ်လိုတောင် မျှော်လင့်ချက်မရှိတဲ့ အခြေအနေကြီးလဲ။

အစေခံတွေက သခင်မ မနက်စောစောမှာ ရေချိုးနိုင်ဖို့ ​ရေနွေးပြင်ဆင်ပေးကြတယ်။ တစ်ကိုယ်လုံး သင်းရနံ့သင်းနေအောင်လည်း အမျိုးမျိုးသော ပွင့်ဖတ်တွေ ဖြန့်ကျဲပေးကြတယ်။ ရွှယ့်လင်ရောက်လာပြီး သူတို့ကို တစ်ချက်ကြည့်လိုက် သူတို့ အတွင်းဝတ်စုံကျန်သည်အထိ ကျန်ဝတ်စုံတွေကို ချွတ်ပေးကြပြီး စကားတစ်ခွန်းမှ မပြောရဲကြပေ။

သတင်းတွေအတိုင်းပဲ အရှင်မင်းသမီးက ဘဲဉပုံမျက်နှာကျ၊ မြေခွေးမျက်လုံးတွေနဲ့ တကယ့်ကို လှပတယ်။ နဂိုက ဆွဲညှို့အားကောင်းရမယ့်မျက်နှာက အေးချမ်းလှတဲ့ မျက်ခုံးတွေအောက်မှာ ပိုပိုပြီးသာ မြင့်မြတ်ပုံပေါ်တယ်။ ဒါက မမြင်နိုင်တဲ့ အရှိန်အဝါကို ခံစားရစေကာ အခြားသူတွေကို သူ့မျက်နှာကို တိုက်ရိုက်မကြည့်ရဲစေကာ သူမရှေ့မှာ သူတို့ခေါင်းတွေကို ငုံ့နေရုံသာ။

အစေခံတွေက စစ်သူကြီးရဲ့ဇနီးဖြစ်သူက မြင့်မြတ်လှတဲ့လက္ခဏာရှိမယ်လို့ ခံစားမိကာ သခင်မအသစ်အ ေပါ် သူတို့ရဲ့ လေးစားမှုက ပိုလို့်တောင်လေးနက်လာတော့တယ်။

System သူ့ကို ပေးခဲ့တဲ့ ဇာတ်ကြောင်းကြောင့် တစ်ပိုင်းသေလောက်အောင်ဒေါသထွက်နေတဲ့ ရွှယ့်လင်ကတော့ ထိုလူကြီးကို တစ်ချိန်လုံး အသိအမှတ်မပြုပဲ ထိုလူကြီးသာ တကယ်ပဲ ဇာတ်လိုက်မနဲ့ ချစ်ကျွမ်းဝင်နေရင် သူဘာလုပ်ရမလဲဆိုတာကိုပဲ တစ်ချိန်လုံးအလေးအနက်နဲ့တွေးနေလိုက်တယ်။ သူ့နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ သူ့ကို ကြိုးတုပ်ပြီးပြန်ခေါ်သွားမယ်၊ သင်းကွပ်ပစ်မယ်၊ ပြီးတော့ သေသည်ထိကို နှိပ်စက်ပစ်မယ်။

သူက နှစ်တွေအများကြီး ထိုလူကြီးဆီကနေ အလိုလိုက်ခံခဲ့ရတာကြောင့်သာ သူ့ဒေါသတွေကို ထိန်းထားတာလေ ထိုလူကြီးကသာ သူ့အပေါ်ဖောက်ပြန်ရင် သူသည်းခံမယ်လို့ မဆိုလိုဘူး။ အဲ့လိုသာ ဖြစ်ခဲ့ရင် သူဒီကမ္ဘာရဲ့ တာဝန်ကို လုံးလုံးကျရှုံးဖို့ဆန္ဒရှိပြီးတော့ သူတို့နှစ်ယောက်လုံးကို သတ်ပစ်ပြီး နောက်တစ်ခုထပ်စလိုက်မယ်။ မရေမရာသေမျိုးဖြစ်နေတဲ့ နတ်ဆိုးတစ်ပါးအနေနဲ့ ရွှယ့်လင်မှာ သူ့ကိုယ်ပိုင်စည်းမျဥ်းတွေရှိတယ်။

Systemခမျာ သူအံကြိတ်ပြီး နှာမှုတ်လိုက်တာကြောင့် ကြောက်လန့်သွားရှာပြီး သူကိုယ်သူ အားပေးကာ သူ့hostကို ပြောလိုက်တယ်။ " ဇာတ်ကြောင်းကို ဒီလိုသတ်မှတ်ထားပေမယ့် ကျန့်ရှောင်ဇီရဲ့ ဝိဉာဥ်က မတူတော့ဘူးလေ ဒါ့ကြောင့် ဇာတ်လိုက်မနဲ့ သူဘယ်တော့မှ မချစ်လောက်ပါဘူး။"

ရွှယ်လင်က systemကို အေးစက်စက်ကြည့်လိုက်တယ်။

Systemက သူ့အမြီးလေးကို ကိုင်ရင် ထိုအမျိုးသားက ပြေားပေးဖို့ကြိုးစားလိုက်တယ်။ " Hostမေ့သွားပြီလား။ သူကကမ္ဘာတိုင်း မှတ်ဉာဏ်ပျောက်နေတာလေ။ သူက မင်းကို မမှတ်မိရင်တောင်မှ မင်းကိုပဲချစ်မှာပါ။ မနေ့ညကလည်းက သူက တော်ဝင်မင်းသမီးနဲ့ ပထမဆုံးတွေ့တာလေ ပြီးတော့ သူဒီစကားတွေကို ပြောခဲ့တာကလည်း သူအာရုံနဲ့သူမို့လို့နေမှာပါ။ နောက်ပြီး သူနဲ့ မင်းကလညး် ကမ္ဘာတွေအများကြီး အတူတူရှိခဲ့ကြတာလေ ခံစားချက်တွေ ပျိုးထောင်ခဲ့ကြတာကလည်း ဟာသမှ မဟုတ်တာ။ မနေ့ညက မင်းရဲ့လုပ်ရပ်ကြောင့် သူတံခါးကို မချိုးပစ်လိုက်ကတည်းက သူကမင်းကို နဲနဲတော့ ဂရုစိုက်လာပြီလို့ဆိုလိုတာပဲလေ။"

ရွှယ့်လင် အေးစက်စက်နဲ့ နှာမှုတ်လိုက်တယ်။ အဲ့လူကြီးက တံခါကို ရိုက်ချိုးရဲရင် သူ့ရဲ့မနေ့ညက စိတ်နဲ့သာဆို သူသူ့ကို တိုက်ရိုက် ရိုက်နှက်ပစ်လိုက်ပြီးပြီ။

ဘာပဲဖြစ်ဖြစ် ဒါက ဒီကမ္ဘာအတွက် စီစဥ်ထားတဲ ဇာတ်ကြောင်းပဲဆိုတာ ရွှယ့်လင်နားလည်ပါတယ်။ ဒီသောက်ဇာတ်ကြောင်းကြောင့်သာ မဟုတ်ရင်လညး် သူလူတစ်ယောက်ကို ရိုက်နှက်ပစ်ချင်လောက်တဲ့ထိ ဒေါသထွက်မှာ မဟုတ်ဘူးလေ။ သူစိတ်လျော့ပြီး ထပ်စဥ်စားကြည့်လိုက်တော့ system သူ့အတွက် စီစဥ်ပေးခဲ့တဲ့ အချိန်ကလည်းသင့်တော်ပါတယ်လေ။ သူနန်းတော်မှာ ရှိနေတုန်းအချိန်မှာ ရောက်လာခဲ့ရင်လညး် သူသေချာပေါက်ကို ကိုယ့်ကိုယ်ကို ဖော်ထုတ်မှာဖြစ်ပေမယ့် အခုကလည်း ဇာတ်လိုက်မနဲ့ သူ့ချစ်သူတွေကို ခွဲဖို့ သိပ်နောက်မကျသေးပါဘူး။ နောက်ဆုံးတော့လညး် သူလက်ထပ်လိုက်တဲ့သူက အဲ့လူကြီးဖြစ်နေတာပဲ။ System က သူအနားယူလို့ရတယ်လို့ပြောတာက တကယ်ကို တွေးတောပြီးပြောခဲ့တာပဲ။ သူ့အတွက် ယောကျာ်းတောင်ရှာပေးခဲ့သေးတယ် ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်လဲ။

ဒါနဲ့ပဲ ရွှယ့်လင်ကတော့ ကိုယ်နေရာမှာကိုယ် အေးဆေးနေလို့သူ့ကို ပြောခဲ့တဲ့ အဲ့လူကိုတော့ ခွင့်လွှတ်ဖို့ စိတ်ကူးမရှိပါဘူး။ သူသူ့ကို ကြိုးရှည်ရှည်နဲ့ လှန်မထားရင်တောင် သူအစာအိမ်ကို ဆွတ်ကာ ဒီအကြိမ်မှာ သူ့ကို အောင်မြင်ဖို့ ခက်ခဲအောင်တမင် မလုပ်ဘူးဆို သူသူ့နာမည်ကို ပြောင်းပြန်ရေးလိုက်မယ်။

တော်တော်လေး စိတ်အေးသွားပြီးမှ ရွှယ့်လင် ရေချိုးကန်ထဲကနေ ထွက်လာကာ ရေသုတ်ပြီး အတွင်းခံအသစ်ပြောင်းလိုက်တယ်။ ပြီးနောက်မှ အခန်းအပြင်ဘက်မှာ စောင့်နေတဲ့ အစေခံတွေကို ဝင်လာခိုင်းလိုက်တယ်။

အစေခံတွေက သူမပုံမှန်ဆို ဘာဝတ်ရတာကို ကြိုက်မှန်းမသိတာကြောင့် အစအမျိုးမျိုးယူဆောင်လာခဲ့ကြတယ်။ ရွှယ်လင်က ရိုးရှင့်းပြီး ကျက်သရေရှိတဲ့ တစ်ခုကို ရွှေးချယ်လိုက်ကာ ပြောင်းဝတ်လိုက်တယ်။ အစေခံတွေက သူမကို အလှကူပြင်ပေးချင်တဲ့ အချိန်မှာ သူတိုက်ရိုက်ပဲ ငြင်းဆန်လိုက်ကာ သူ့ဆံပင်ကိုသာ ရိုးရိုးရှင်းရှင်း ဆံထုံးလေး ထုံးဖွဲခိုင်းလိုက်တယ်။ သူ,မ,ထခင် တော်တော်လေး ဟန်နည်းတဲ့ အဆင်တန်ဆာနှစ်ခုကို ရွေးချယ်ကာ သူတို့ကို မနက်စာ ပြင်ဆင်ခိုင်းလိုက်တယ်။

ရှေးခေတ်တွေရဲ့ ဓလေ့ ထုံးတမ်းအရ မင်းသမီးတွေက လက်ထပ်ပြီး သုံးရက်မြောက်နေ့မှာ ကျေးဇူးတင်ကြောင်းပြရန် နန်းတော်ကို ပြန်ဖို့လိုတယ်။ ရွှယ့်လင်ကတော အလျင်လိုမနေပါဘူး သူယောက္ခမတွေကို မနက်ခင်းလက်ဖက်ရည်ငှဲ့ဖို့လိုတာတောင်မှ သူ့ခြေလှမ်းတွေက ပျင်းရိပြီး သက်တောင့်သက်သာပင်။

သူမရှိရင် သူ့ယောက္ခမနဲ့ ယောက္ခထီးက သေနေတာ ကြာလှပြီ။ စစ်သူကြီးသာ သူ့ကို သူတို့နဲ့တွေ့ဖို့ ခေါ်သွားချင်စိတ်မရှိဘူးဆိုရင် သူတို့ကို လုံးဝကို လက်ဖက်ရည်ငှဲ့ပေးဖို့ စိတ်ကူးမရှိဘူး။ ပြောရမယ်ဆိုရင်လညး် သူ့ကို မနေ့ညက အခန်းပြင်ကို ကန်ထုတ်လိုက်တော့ အဲ့လူကြီးက သူ့ကို လာမတွေ့လောက်ဘူးလို့ ရွှယ့်လင်တွေးလိုက်တယ်။

ဟုတ်တာပေါ့ ဒီမနက်ခင်းမှာ တံခါးရှေ့ ရူးကြောင်ကြောင်ရပ်နေတဲ့ လူကတော့ လုံးဝကို မရှိခဲ့သလို ထားလိုက်တာပေါ့။

အစေခံတွေကတော့ တော်ဝင်အရှင်မင်းသမီးရဲ့ အဝတ်အစားတွေက အရမ်းရိုးရှင်းတာပဲလို့ ခံစားလိုက်ရတယ်။ သူမလက်ထပ်ပွဲနေ့ရဲ့ ဒုတိယနေ့မှာတောင် ဗြောင်တွေဝတ်ထားသေးတယ်၊ စစ်သူကြီးရဲ့ နှလုံးသားကို လုံးဝကို မဖမ်းစားချင်တာလား။ ဒါပေမယ့် သေသေချာချာ ကြည့်ပြီးနောက်တော့ အရှင်မင်းသမီးရဲ့ အသားအရည်က အရမ်းကောင်းတာပဲ အဖြူရောင်ကျောက်စိမ်းအတိုင်းပဲ ထိကြည့်လိုက်ရရင် အရမ်းကို ချော့မွေ့ပြီး ခံစားလို့ကောင်းမှာပဲ။ သူမရဲ့ မျက်ခုံးတွေက ပြီးပြည့်စုံစွာနဲ့ ကွေးညွတ်နေပြီး သူက အရမ်းကို မျက်စိအစာကျွေးစရာပင်။ မိတ်ကပ်မပါပဲနဲ့တောင် သူမအလှနဲ့တင် ကောင်းကင်ဘုံအောက်မှာရှိတဲ့ အရာအားလုံးကို လွှမ်းမိုးနိုင်တယ်။ အရှင်မင်းသမီးက ဒီလို ရိုးရိုးရှင်းရှင်းအပြင်အဆင်နဲ့တောင် အံ့သြစရာကောင်းလှတာ သူမသာ မိတ်ကပ်ထူထူဖို့လိုက်ရင် တစ်ကမ္ဘာလုံးတောင် ယစ်မူးသွားလိမ့်ဦးမယ်။

စိတ်ထဲမှာဒီလိုတွေးရင်း သူတို့နောက်တစ်ကြိမ် အရှင်မင်းသမီးရဲ့ ရိုးရိုးရှင်းရှင်းဝတ်ဆင်မှုကလညး် အရမ်းကောင်းပါတယ်လို့ ခံစားလိုက်ရတယ်။ သူမကအခုချိန်မှာ အိမ်ထောင်ရှိအမျိုသမီးတစ်ယောက်ဖြစ်နေပြီဆိုတော့ အရမ်းကြီး ထင်ထင်ပေါ်ပေါ်နေတာကလည်း သိပ်မကောင်းပါဘူးလေ။

ရွှယ့်လင်ကတော့ သူတို့ဘာတွေတွေးနေလဲ မသိပေ။ သူ့လို ယောကျာ်လေးတစ်ယောက်ကို အမျိုးသမီးအဝတ်အစားဝတ်ခိုင်းတာကတောင် သူ့အောက်ဆုံးစည်းကို ထိခိုက်နေပြီ။ မိတ်ကပ်လိမ်းပြီး သူကိုယ်သူ ရတနာတွေနဲ့ အလှဆင်ရမယ်။

ဟဟပဲ။

မနက်စာစားပြီးနောက် ရွှယ့်လင် စစ်သူကြီးနန်းဆောင်တစ်ဝိုက် လမ်းလျှောက်ဖို့ အစီအစဥ်ဆွဲကာ ရှာဖွေဖို့ အခွင့်အရေးရှာလိုက်တယ်။ သူစစ်သူကြီးနန်ဆောင်မှာပဲ တစ်ချိန်လုံးမနေနိုင်ဘူး။ ပြီးတော့ သူခိုးကြောင်ခိုးဝှက်လိုက်ဖို့ အခွင့်အရေးရှာရဦးမယ်လေ။ ဒါပေမယ့် သူအပေါက်ဝကို ရောက်တဲ့အချိန်မှာပဲ သူကိုရှာဖို့လာတာ မျက်နှာမာမာနဲ့ လူနဲ့တွေ့လိုက်ရတယ်။

ရွှယ့်လင် ပျင်းရိစွာ မျက်ခုံးပင့်လိုက်တယ်။ သူက ရိုးရိုးရှင်းရှင်းဝတ်စားဆင်ယင်ထားပေမယ့် သူ့ရဲ့ အရှိန်အဝါတွေကတော့ ရှိနေဆဲပဲ ပြီးတော့ ထိုအမျိုးသားလည်း သူနဲ့နီးလာလေ သူ့နှလုံးတွေက အခုန်မြန်လာလေလေဆိုတာ ခံစားမိတယ်။ သူမှာ စကားတောင် သေသေချာချာမပြောနိုင်တော့ပဲ သူ့တတ်နိုင်သလောက် သူ့အမူအရာကို အေးစက်အောင်ထားလိုက်ရတယ်။

" စစ်သူကြီး တစ်ခုခုများအလိုရှိလို့လား။" ရွှယ့်လင်းဖြေးဖြေးချင်းမေးလိုက်တယ်။ သူကြည့်ရတာ မနေ့ညကို သူ့ကို ကန်ထုတ်လိုက်တဲ့ ဖြစ်စဥ်ကိုတောင် မေ့နေတဲ့အတိုင်းပဲ။ ပြီးတော့ ထင်ထင်ရှားရှားကို မနေ့က တန်ဖိုးကြီးရဲ့ သတို့သမီးဘက်က ပေးရတဲ့ တင်တောင်းပစ္စည်းတွေယူလာပြီး ဒီလူကို လက်ထပ်ဖို့ အနီရောင် မင်္ဂလာဝတ်စုံကြီးဝတ်ခဲ့တာကိုလည်း မေ့နေတဲ့ပုံပဲ။ သူ့မျက်နှာက ခံစားချက်မဲ့နေပြီး အရမ်ကို မထူးခြားနားကပင်။

ကျန့်ရှောင်ဇီရဲ့ နှလုံးသားက တင်းကြပ်သွားတယ်။ သူ့မှာ တစ်ညလုံး မဆုံးနိုင်တဲ့ ခံစားချက် အတက်အကျတွေကို ခံစားခဲ့ရပြီး တောင်းပန်ဖို့တောင် ကြံခဲ့သေးတယ်။ ဒါပေမယ့် အခုတော့ တစ်ဖက်လူက သူ့ကို ဒီလို သဘောထားမျိုးနဲ့ဆက်ဆံနေတာမြင်တော့ သူ့တကယ်ပဲ မသက်မသာ ခံစားရတယ်။ " မင်းငါ့ကို 'စစ်သူကြီး'လို့ခေါ်နေတာလား။" သူနှလုံးသားထဲမှာတော့ စိတ်ဓာတ်ကျနေပေမယ့် သူက ထုတ်မပြပါဘူး။ သူရဲ့အေးစက်စက်အရှိန်အဝါတွေကသာ ပိုကျယ်ပြန့်လာပြီး သူ့ရှေ့ကလူကို ဒါတွေနဲ့ ဖိအားပေးချင်နေတဲ့ပုံပင်။

ရွှယ့်လင်နောက်ကလိုက်လာတဲ့ အစေခံတွေကတော့ စိမ့်တက်သွားပေမယ့် ရွှယ့်လင်ကတော့ ထူးမခြားနားပင်။

" စစ်သူကြီးလို့ မခေါ်ရင် ဘယ်လိုများခေါ်စေချင်နေတာလဲ။ " ရွှယ့်လင်က အေးစက်စွာ ရယ်မောလိုက်တယ်။ " ငါ့အထင်တော့ စစ်သူကြီးက " ယော်ကျာ်း" လို့ အခေါ်ခံရတဲ့ ဝန်ကို ခံနိုင်မယ်မထင်ဘူး။ စစ်သူကြီးကို အရှက်မရစေဖို့ရာ ခေါ်မနေတော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါက ကိုယ့်နေရာကိုယ် သိတဲ့သူပါ။"

ကျန့်ရှောင်ဇီလည်း အစကတည်းက သူမှန်တယ်လို့ ထင်နေပေမယ့် ရွှယ့်လင်စကားကို ကြားတော့ သူမွန်းကျပ်သွားကာ သူ့နှလုံးသားက မသက်မသာနဲ့ ပိတ်ဆို့ခံလိုက်ရတယ်။ သူပြောခဲ့တဲ့ စကားတွေကို အခုမှတော့ ပြန်ရုတ်သိမ်းလို့မရတော့ဘူးတာမို့ သူ့မပြောခင် ဟမ့်လို့ အေးစက်စက်အသံထွက်ကာ " မင်းကိုယ့်နေရာကိုယ်သိမှတော့ တော်ဝင် အရှင်မင်းသမီးခင်ဗျာ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးနိုင်မလား။"

ရွှယ့်လင် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်တယ်။ " ဘယ်ကိုလဲ။"

"ဘိုးဘွားတွေကို ဂါရဝပြုသွားရမယ်။" တစ်ဖက်လူ ပြန်ဖြေတာကိုတောင် မစောင့်တော့ပဲ ကျန့်ရှောင်ဇီလည်း ခြေတစ်လှမ်းလှမ်းကာ သူ့လက်ကောက်ဝတ်ကို ဆွဲလိုက်တယ်။

ရွှယ့်လင်လည်း အဆင့်သင့်မဖြစ်သေးတာကြောင့် တရွတ်တိုက်ပါသွားတယ်။ မျက်လုံးပင့်ကာ သူ့ကို နောက်ကျောပေးထားတဲ့ ကျန့်ရှောင်ဇီကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ အံကြိတ်ပြီး စိတ်ထဲမှာ သူ့ကို လစ်လျူရှုမယ့်အချိန်ကို အများကြီး တိုးပစ်လိုက်တယ်။

System လည်း သူ့hostနောက်ကလိုက်လာတာဖြစ်ပြီး ဒီသဘောထားသေးသိမ်သူကို မှတ်ချက်မပေးချင်တော့ပေ။

သူ့ဒေါသကို အဲ့ဒီလူအပေါ်မှာ ပုံချပစ်လိုက်ရင်ပိုတောင်ကောင်းသေးတယ်။ သူဒေါသထွက်ရင် သူ့ဘက်လှည့်လာပြီး သူ့အမွေးတွေကို လာမနှုတ်နဲ့ပေါ့။ သူက တကယ့် မြေခွေး မဟုတ်ပေမယ့် နာတယ်လေ။

ကျန့်ရှောင်ဇီ မင်းသမီးကို လှည့်မကြည့်ပေမယ့် သူ့နှလုံးသားကတော့ အရမ်းကို စိတ်လှုပ်ရှားနေတာဖြစ်တယ်။ တစ်ဖက်လူရဲ့ လက်ကောက်ဝတ်က သူ့မနေ့က မြင်ခဲ့ရတယ့်အတိုင်း အရမ်းကို သေးသွယ်ပိန်ပါးလှပြီး သေချာဆုပ်ကိုင်နိုင်ဖို့ရာ သူ့လက်ချောင်းတွေကို ထိသည်ထိအောင်ကို လက်သီးဆုပ်လိုက်ရတယ်။ သူမရဲ့ အသားအရေက အရမး်ကို ချောမွေ့နေပြီး လက်ကလည်း တော်တေ်ာလေးကို အေးစက်နေတယ်။ သူထိရုံပဲထိထားပေမယ့် သူ့နှလုံးသားကတော့ ဝရုန်းသုန်းကားအခြေအနေကိုတောင်ရောက်နေပြီး တစ်ဖက်မှာ ခြေလှမ်းတွေ မြန်လာသလို သူ့နှလုံးခုန်းနှုန်းကလည် မြန်လာတာကို သူခံစားမိတယ်။ သူမနေနိုင်စွာနဲ့ သူ့လက်ချောင်းထိပ်တွေနဲ့ တစ်ဖက်လူရဲ့ လက်ကောက်ဝတ်ကို နဲနဲထပ်ထိလိုက်တယ်။

ရွှယ့်လင်ကတော့ သူဆီကနေ ဆွဲခေါ်ခံနေရတာ လဲတော့မတတ်ပင်။ တစ်ဖက်လူက အသားနဲနဲယူနေတာကိုလည်း သူလုံးဝကို သတိမထားမိဘူး။ အဲ့အစားသူ့စိတ်ထဲကနေ တစ်ဖက်လူကို စဥ်စားနေတယ်။ တစ်ဖက်လူက သူထက် ထပ်ပြီးတော့ အရပ်ရှည်နေပြန်ပြီ နောက်တစ်ကမ္ဘာတော့ သူသေချာပေါက်ကို Systemကို ပိုအရပ်ရှည်တဲ့ ခန္ဓာကိုယ်ရှာခိုင်းရမယ်။ နောက်ထပ် မရင့်ကျက်သေးတဲ့ ခန္ဓာကိုယ်သာ ထပ်ရှာပေးရင်တော့ systemရဲ့ ခန္ဓာကိုယ်က အမွှေးတွေ အကုန်နှုတ်ပစ်မယ်။ 

Continue Reading

You'll Also Like

205K 34.7K 93
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
46.9K 5.5K 53
This is not my own. I just translated so credit to original one. All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒ...
66.9K 10.3K 103
reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှီပြီးရန် ကြိုးစားနေသော ကုဟွိုက်က ကူးပြော...
19.5K 2.9K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...