Baby Don't Cry
Episode 13
Sehun Kyung Soo ကို ခေါ်ပြီး သူ့အဖေဆီကို နှစ်ယောက်လာခဲ့ကြသည်..Mr.Oh က နှစ်ယောက်လုံးကို မြင်တော့ ပြုံးရင်း..
" ရောက်လာကြပြီပဲ.. ထိုင်ကြ "
Sehun နဲ့ Kyung Soo ဆက်တီပေါ်မှာ ထိုင်လိုက်သည်... Mr.Oh ထိုင်ခုံမှထလာပြီးသူတို့ဆီလျှောက်လာကာ မျက်နှာချင်းဆိုင်ဆက်တီပေါ် ဝင်ထိုင်လိုက်သည်....Sehun လက်ထဲက စာချုပ်ကို စားပွဲပေါ်တင်လိုက်ကာ..
" ဒါ Appa ပေးထားတဲ့ စာချုပ်ပါ .. အခုထိတော့ လက်မှတ်မထိုးရသေးဘူး.. Appa ရှေ့မှာ လက်မှတ်ထိုးပြချင်လို့ပါ.. ဒါမှ ယုံကြည်မှာမလား "
Mr.Oh က Sehun ပြောတာကို အသာငြိမ်နားထောင်သည်.. Kyung Soo ကို တချက်ကြည့်ရင်း..
" Kyung Soo ရော ဘယ်လိုလဲ.. သဘောတူလား "
Kyung Soo ပြန်မဖြေပဲ ဘေးက Sehun ကို တစ်ချက်ကြည့်သည်... ပြီးမှ စကားမပြောပဲ ခေါင်းကို ညိတ်ရုံညိတ်လိုက်သည်...
" နေမကောင်းဘူးလား.. မျက်နှာမကောင်းဘူးပဲ "
Mr.Oh စကားကြောင့် Kyung Soo ဒေါသထွက်သွားသည်... ဒီလောက်ထိ ခံစားထားရတာ သူမမျက်နှာကောင်းနိုင်မဲ့ အခြေအနေလား... သူမ စိတ်ထဲကရှိတဲ့အတိုင်း ပြန်ပြောလိုက်ချင်ပေမဲ့ Sehun မျက်နှာကြောင့် စိတ်ထဲက မပါတဲ့အဖြေကိုဖြေပေးလိုက်သည်...
" နေကောင်းပါတယ်... အိပ်ရေးမဝလို့ပါ "
" Appa ကျွန်တော်တို့ လက်မှတ်ထိုးမယ် " Sehun သူ့အဖေ စကားရှည်နေမှာ စိုးသဖြင့် ကြားထဲက ဝင်ပြောလိုက်သည်... သူ့အဖေက သူ့စကားကိုခေါင်းခါသည်...
" ငါ အစီအစဉ် တစ်ခုလောက်ပြောင်းချင်လို့... "
Sehun ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်.. သူ့အဖေ တခုခုကြံစည်တာ မဟုတ်ပါစေနဲ့လို့ ဆုတောင်းရင်း သူ့အဖေ ပါးစပ်က နောက် ထွက်လာမည့်စကားတွေကို ရင်တုန်တုန်နှင့် စောင့်နေမိသည်...
" မင်းတို့ အခု လက်မှတ်မထိုးပဲ လက်ထပ်ရင် ဘယ်လိုလဲ "
" ဗျာ !!! " Sehun ထအော်လိုက်တော့ Mr.Oh အောင်နိုင်သူ တစ်ယောက်လိုပြုံးသည်...
" ဘာလို့ ဒီလောက် လန့်သွားရတာလဲ.. ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်ရမှာပဲမဟုတ်ဘူးလား "
" မ..မဟုတ်ဘူး.. Appa က အ.. အခု လက်ထပ်ရမယ်ဆိုတော့ အံ့သြသွားလို့ပါ "
Sehun အထစ်ထစ်အငေါ့ငေါ့နဲ့ ဖြေလိုက်သည်.. သူဘာဆက်လုပ်မလဲမသိတော့...သူ့အကြံအစဉ်တွေပျက်ကုန်ပြီ... Kyung Soo ကို လှမ်းကြည့်တော့ ခေါင်းပဲငုံ့နေသည်...
" ဒီနေ့ မဟုတ်ဘူး... မနက်ဖြန်.. ငါက ဖိတ်စာတွေရောအကုန်စီစဉ်ထားပြီးသား... မနက်ဖြန် မင်းတို့ လူလာရုံပဲ "
Sehun အကြံပိုင်လွန်းတဲ့ သူ့အဖေကို ဘယ်လို ယှဉ်ပြိုင်ရမလဲစဉ်းစားမရတော့...
" ဒါဆို Omma ရော.. ဘယ်တော့ တွေ့ရမှာလဲ "
" မနက်ဖြန် လက်ထပ်ပြီးရင် "
Sehun ဘာမှဆက်မပြောနိုင်တော့...သူ ပြန်ရန် သူ့အဖေ့ကိုနှုတ်ဆက်ကာ ရုံးခန်းမှထွက်လာခဲ့သည်.... ဝေးဝေးရောက်တော့မှ သူ ခြေလှမ်းတွေကိုရပ်ကာ Kyung Soo ဘက်ကို လှည့်ရင်း...
" နင် ဘာမှ မပြောတော့ဘူးလား "
Kyung Soo က သူ့ကို မော့ကြည့်သည်...
" ဘယ်လိုပဲနေနေ ငါတို့ လက်ထပ်ရမှာပဲမဟုတ်ဘူးလား.. ငါက ဘာပြောရမှာလဲ... စာချုပ်နဲ့ဖြစ်ဖြစ် ပွဲနဲ့ပဲဖြစ်ဖြစ် ငါ စိတ်မဝင်စားဘူး "
Kyung Soo ပြောပြီး ထွက်သွားတော့ Sehun ဆံပင်တွေကို ထိုးဖွလိုက်သည်... သူတို့အကြံအစည်တွေကို Kyung Soo မသိတော့ သူမအတွက် ဘာမှထူးခြားမှာမဟုတ်...ကြံရာမရဖြစ်ရင်း ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ယူကာ Chanyeol ဆီကို ဖုန်းဆက်လိုက်သည်.. Jong In ဆီကို သူ တိုက်ရိုက်ပြောနိုင်တဲ့ သတ္တိရော အင်အားရော မရှိတော့ပါ....
" Hello.. Chanyeol လား.. "
------------------------------------------------------------------------------
" Oh Sehun ဘယ်မှာလဲ !! ငါ အဲ့ကောင်နဲ့တွေ့ရမယ် "
Jong In ဒေါသတကြီး ထအော်သည်... Sehun ကိုသွားရှာရန်ပြင်နေသော Jong In ကို နောက်က Chanyeol နဲ့ Lay က ဆွဲထားရင်း..
" စိတ်ထိန်းစမ်းပါ.. အခုဟာက ဒေါသနဲ့ဖြေရှင်းရမှာ မဟုတ်ဘူး... အသာငြိမ်ပြီး ဘယ်လိုလုပ်ရမလဲ စဉ်းစားရမှာ "
Jong In သူ့ကို ဆွဲထားတာကို အတင်းရုန်းသည်...
" ငါက အခု ဘယ်လို ငြိမ်နေရမှာလဲ...Kyung Soo က မနက်ဖြန် လက်ထပ်ရတော့မှာကို ငါက အခု ထိုင်ပြီး စဉ်းစားနိုင်မယ်ထင်နေလား "
" မင်း ဘယ်လို ခံစားရတယ်ဆိုတာကိုသိတယ်..နားလည်တယ်... အဲ့ဒါကြောင့် ခဏ ထိုင်နေပေးစမ်းပါ... ငါတို့ အကောင်းဆုံးစဉ်းစားပေးမယ်.. ဘယ်လိုပဲလုပ်ရလုပ်ရ မနက်ဖြန် လုံးဝလက်ထပ်ပွဲ မဖြစ်မြောက်စေရဘူး... ဟုတ်ပြီလား... "
Chanyeol အထပ်ထပ်အခါခါပြောမှ Jong In ငြိမ်သွားသည်.. ခုံပေါ် အရုပ်ကြိုးပျက်ထိုင်ချကာ ဘာစကားမှမပြော... နာရီဝက်လောက်ကြာမှ လွယ်အိတ်ကိုလွယ်ကာ ထရပ်သည်...
" ဘယ်သွားမလို့လဲ " Chanyeol လှမ်းဆွဲရင်း မေးလိုက်သည်...
" အိမ်ပြန်မလို့.. ဘာမှလုပ်မှာ မဟုတ်လို့ စိတ်မပူပါနဲ့  " Jong In ပြောပြီး ထွက်သွားသည်...
Jong In ကျောင်းပေါက်ဝရောက်တော့ Luhan ကိုတွေ့ရသည်...
" နင် အတန်းမတက်ဘူးလား "
" အင်း...စိတ်မပါဘူး "
Luhan ပြုံးရင်း ဖြေသည်...သူတို့နှစ်ယောက် အတူတူလမ်းလျှောက်ပြန်ခဲ့တော့ လူရှင်းတဲ့လမ်းဘက်တွင် ကားတစ်စီးရပ်သံနဲ့အတူ တုတ်တွေနဲ့ ကားပေါ်က ဆင်းလာသော လူတွေကိုတွေ့ရသည်..
" ခင်ဗျားတို့ ဘယ်သူတွေလဲ " Jong In အော်မေးလိုက်ပေမဲ့ ထိုလူတွေကသူမေးတာကိုမဖြေကြ...ခေါင်းဆောင်လို့ထင်ရသောလူက Luhan ကိုကြည့်ရင်းခေါင်းညိတ်လိုက်တော့ တုတ်နဲ့လူတွေ သူတို့ဆီကို ပြေးလာသည်... Jong In သူတို့ကို တိုက်ခိုက်လာသော လူတွေကိုအစပိုင်းမှာပြန်ခုခံနိုင်သည်...သို့သော်နောက်ပိုင်း သူမခံနိုင်တော့ပဲ မြေပြင်ပေါ် လဲကျသွားခဲ့သည်... Luhan ကိုကြည့်လိုက်တော့ မြေပြင်ပေါ်လဲကျနေတာ တွေ့ရသည်...ကြည့်နေရင်း တဖြည်းဖြည်းနဲ့ သူ့မျက်လုံးတွေ အမှောင်ဖုံးသွားသည်...
Sehun အိမ်ထဲကို ဝင်ခဲ့တော့ ဧည့်ခန်းမှာ သူ့အဖေထိုင်နေတာကို တွေ့ရသည်...ဘယ်တုန်းက အိမ်ပြန်ရောက်နေမှန်းသူမသိ...
" Appa "
Mr.Oh အညိုရောင်စာအိတ်ကို Sehun ဆီ ပစ်လိုက်ကာ...
" လက်ထပ်စာချုပ်အတု... မင်းအကြံဒါအကုန်ပဲလား Oh Sehun !! ငါ့ကို လှည့်စားဖို့ ကြိုးစားတာလား... ငါ မင်းအဖေပါ... လောကမှာ မျိုးစုံကျင်လည်လာခဲ့တဲ့လူတစ်ယောက်ပါ.. ငါ့ကို လှည့်စားဖို့ကြိုးစားရင် နောက်တခါမင်းသေမယ်... "
Sehun အသာငြိမ်နေမိသည်... ရုတ်တရက် သူ့ဘေးမှာ အနက်ရောင်ဝတ်စုံနဲ့ လူတွေအများကြီးရောက်လာသည်...
" သူ့ကို စောင့်ကြည့်ထား... မနက်ဖြန် လက်ထပ်ပွဲမတိုင်ခင်အထိ ဘယ်မှမထွက်စေနဲ့ !! "
သူဘာမှ လုပ်လို့မရတော့... Sehun သူ့အခန်းဆီကို သွားရန် ထရပ်စဉ် ဖုန်းမြည်လာသည်....သူကိုင်လိုက်တော့ ငိုသံနဲ့အတူ Xhanyeol အသံကိုကြားရသည်....
" Oh Sehun ငါတို့အခုဆေးရုံမှာ... မင်း Incheon ဆေးရုံကို လာခဲ့...Jong In နဲ့ Luhan ကို လူဆိုးတွေရိုက်သွားတာအခု သူတို့ အခု ဆေးရုံရောက်နေတယ်... "
Chanyeol ပြောပြီး ဖုန်းချသွားသည်..Sehun သူ့အဖေကို လှည့်ကြည့်လိုက်သညိ.. တရားခံဘယ်သူလဲဆိုတာ နှစ်ခါစဉ်းစားစရာမလိုပါ..
" ဘာလို့ လုပ်တာလဲ.. ဘာလို့လဲ !!! " Sehun အော်မေးလိုက်သည်...
" မင်း ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားလို့ သင်ခန်းစာပေးတာ... "
" အဲ့ဒါဆို ဘာလို့ သူတို့ကိုမှလုပ်ရတာလဲ...ကျွန်တော့်ကိုအပြစ်ပေးပါလား "
" ဒီလိုလုပ်မှ မင်းက မှတ်မှာမို့လို့ "
Sehun ဘာမှ ပြန်မပြောတော့ပဲ ပြေးသွားစဉ် သူ့ရှေ့ကလူတွေပိတ်ရပ်ထားသည်... Sehun သူ့အဖေရှေ့ ဒူးထောက်ချလိုက်သည်...
" Appa.. ကျွန်တော် တောင်းပန်ပါတယ်...သူတို့ကိုဒုက္ခမပေးပါနဲ့.. ကျွန်တော် Appa ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ် .. " Sehun တောင်းပန်လိုက်သည်.. " အခု ခဏလေးပဲ အပြင်ထွက်ပါရစေ...သူတို့ကိုသွားကြည့်ချင်လို့ပါ....ဘာမှ မကြံစည်ပါဘူး.. ပြန်လာမှာပါ.. ကျွန်တော်ကတိပေးပါတယ် ... Appa ကျေးဇူးပြုပြီး "
Mr.Oh ခဏ စဉ်းစားသလို ငြိမ်သွားသည်.. ပြီးမှ စောင့်ကြည့်နေသောလူတွေကိုညွှန်ရင်း..
" ကောင်းပြီ... မင်းသွားရင် သူတို့ကိုပါခေါ်သွား... ပြီးတော့ အဝေးကနေပဲအခြေအနေကြည့်ခဲ့... တိုက်ရိုက်တွေ့ခွင့်မပြုဘူး.. မဟုတ်ပဲ တခုခုဆန့်ကျင်ရင် မင်းတို့လေးယောက်လုံး အသက်ရှင်မယ်မထင်နဲ့ "
Sehun ခေါင်းညိတ်ပြီး ပြေးထွက်ခဲ့သည်...
Jong In သူ သတိရလာတော့ သူ့ဘေးမှာ စိုးရိမ်တကြီးထိုင်နေကြသော Chanyeol တို့ကို တွေ့ရသည်...
" သတိရလာပြီလား.. တော်သေးတာပေါ့ ဘာမှမဖြစ်လို့ "
" ငါ ဒီကို ဘယ်လိုရောက်နေတာလဲ " Jong In မေးတော့ Lay သက်ပြင်းချရင်း..
" မင်းတို့လမ်းမှာ လူဆိုးတွေရိုက်တာခံရတာလေ.... ဒဏ်ရာနည်းနည်းရသွားတယ်... တော်သေးတာပေါ့ မင်းတို့နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန်မရကြလို့... " Lay ပြောမှ Jong In Luhan ကို သတိရသွားသည်...
" Luhan ရော "
" သူလည်း စိုးရိမ်စရာတော့မရှိဘူး... Shock ရသွားပုံရတယ်... အခုထိတော့သတိမရသေးဘူး "
" ဒါတွေအကုန် ဟိုဘက်ကလူတွေလက်ချက်ပဲ... " Chanyeol တောက်ခေါက်ရင်း ပြောသည်...
" သူတို့ရော ဘာဖြစ်သေးလဲ " Jong in မေးလိုက်သည်...
" Sehun ကတော့ ဖုန်းဆက်လို့ရတယ်.. လူတော့အခုထိရောက်မလာသေးဘူး... Kyung Soo ကတော့ ဖုန်းဆက်လို့မရဘူး... Baekhyun တို့သွားကြည့်တော့ သူ့အဖေက အိမ်ထဲပိတ်ထားတယ်တဲ့.. ပြီးတော့ မင်းတို့ကို ဆက်မပတ်သတ်ကြနဲ့တော့တဲ့.. ဆက်ပတ်သတ်ရင် ဒီ့ထက်ခံရမယ်လို့ ငါတို့ကို ဖုန်းဆက်တယ်... "
Chanyeol စကားကြောင့် Jong In မျက်နှာပျက်သွားသည်... Lay Chanyeol ကို ခြေထောက်တက်နင်းရင်း...
" နေမကောင်းတဲ့လူ စိတ်မကောင်းဖြစ်အောင် ဘာလို့သွားပြောတာလဲ "
" သူမေးလို့ ပြောတာလေ "
" ငါ ဘာမှမဖြစ်ပါဘူး... အိမ်ထဲအပိတ်ခံထားရတယ်တော့ Soo ထိခိုက်မှာမဟုတ်လောက်ဘူး " Jong In ဘာမှမဖြစ်သလို ပြုံးရင်း ပြောသည်...
" Luhan ရော ဘယ်မှာလဲ .. ငါ သူ့ကို သွားကြည့်လိုက်ဦးမယ် "
Jong In Chanyeol တို့ကို မေးကာ Luhan အခန်းဘက်ထွက်လာခဲ့သည်...သူ ဝင်သွားတော့ Baekhyun ကို တွေ့ရသည်...
" သတိမရသေးဘူးလား " Jong In အမေးကို Baekhyun ခေါင်းညိတ်သည်.... ပြီးမှ
" နင်ရောက်လာတာနဲ့အတော်ပဲ...ညအိပ်စောင့်ရမှာဆိုတော့ ငါ အဝတ်အစားတွေ ယူစရာရှိတာတွေ အိမ်ပြန်ပြီး သွားယူဦးမယ် "
Jong In Baekhyun ထွက်သွားတော့ Luhan ကုတင်ဘေး ဝင်ထိုင်လိုက်ကာ မေ့နေသော Luhan လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ရင်း..
" နင် သူ့ကို မစွန့်လွှတ်နိုင်ဘူးမလား... ငါလည်း Soo ကို မစွန့်လွှတ်နိုင်ဘူး.. ငါတို့ ဘယ်လိုလုပ်ကြမလဲ..."
Jong In ပြောရင်း ခေါင်းငုံ့ကာ သူ့မျက်ရည်တွေကိုသုတ်လိုက်သည်... ထိုမြင်ကွင်းကို တံခါးဝက ကြည့်နေသော ကောင်လေးတစ်ယောက် ဘယ်သူမှမကြားအောင် တံခါးကိုအသာပြန်ပိတ်ပြီး ထွက်သွားသည်...( I think you should listen Baby Don't Cry for this Ep ... XD )
Kyung Soo သူမ Apartment ထဲကို ဝင်ခဲ့တော့ အထုတ်တွေနဲ့အတူ သူမအဖေကိုတွေ့ရသည်...
" Appa.. ဒါ ဘာတွေလဲ "
" ဒါ သမီးအထုတ်တွေ... သမီးကို ဒီမှာတစ်ယောက်တည်းထားလို့မဖြစ်ဘူး.. Appa တို့နဲ့အိမ်ပြန်လိုက်ခဲ့ "
Kyung Soo သူမအဖေ ဘာလုပ်နေလဲ နားမလည်....
" ဘာလို့လဲ Appa.. အကြောင်းပြချက်တော့ ပေးသင့်တာပေါ့ "
" အကြောင်းပြချက်က ဘာလဲဆိုတော့ ဟိုကောင်လေးနဲ့ နောက်တစ်ခါမပတ်သတ်ဖို့ပဲ... သမီးကို လက်ထပ်ရမဲ့လူသတ်မှတ်ပေးပြီးသမီးကိုယ်တိုင်သဘောတူခဲ့တယ်... အခုမှ ဖျက်ဖို့ကြိုးစားလို့လည်းမရဘူး... Appa တို့ သမ္မတမိသားစုအနေနဲ့ ကတိလည်းအပျက်မခံနိုင်ဘူး ... သမီး မနက်ဖြန် လက်ထပ်ပွဲမတိုင်ခင်အထိ ဘယ်မှမထွက်ရဘူး...ဟိုကောင်လေးကိုလည်း သင်ခန်းစာပေးထားတာမို့လို့ ဘာမှလုပ်ရဲမှာမဟုတ်ဘူး "
" Appa ရူးနေလား !!!!! Jong In ကို ဘာလုပ်လိုက်တာလဲ.... သူ တခုခုဖြစ်ရင် Appa ကို သမီး တသက်လုံးခွင့်မလွှတ်ဘူး ....Appa ပဲ သမ္မတဆို !! ကတိကိုကျတော့ စောင့်ထိန်းပြီး အပြစ်မဲ့တဲ့လူကို ဒုက္ခပေးတယ်ပေါ့ ... Ahh "
ပါးပေါ်ရောက်လာသော လက်ပြန်ချက်နဲ့အတူ Kyung Soo ကြမ်းပြင်ပေါ် ခွေလဲသွားသည်...
" Do Kyung Soo ဘာမှ ထပ်ပြောဖို့မကြိုးစားနဲ့ ....အတွင်းရေးမှုးလီ သူ့ကို ကားဆီခေါ်လာခဲ့ " Mr.Do ပြောပြီးထွက်သွားသည်...Kyung Soo ပါးပြင်ပေါ် ကျလာသော မျက်ရည်တွေကို လက်နဲ့ ပွတ်သုတ်ရင်း တီးတိုးရေရွတ်လိုက်သည်။
" အခုချိန်ထိ ငြိမ်နေလာခဲ့တာ ရလဒ်က ဒီလိုလား... Appa သမီးကို အပြစ်မတင်ပါနဲ့.. အခုချိန်ကစပြီး ငြိမ်နေမှာမဟုတ်ဘူး.. "
#To_Be_Continued
So many angst.. My baes hurt.. TT _ TT