"မောင် ပြန်လာနေပြီလာနေပြီနော် မ ဘာမှာအုံးမလဲ''
"မမှာတော့ပါဘူး မောင်ရယ် မောင်သာအိမ်ကိုဘေးကင်းကင်းပြန်ရောက်ရင်ရပါပြီ''
"ဟုတ်ကဲ့ပါမရယ်''
"မောင်ကားမောင်းနေတယ်မလား ဖုန်းချလိုက်တော့ အန္တရာယ်များတယ်''
"ဟုတ်ပါပြီ''
တစ်ဖက်မှာဖုန်းချသွားသော် အခါမှာတော့ မြိုင် တစ်ယောက်ပြုံးမိပါသည် မောင် အင်းးထိုလူသားကြောင့်ပဲပေါ့
ကုတင်ဘေးမှ ဗီရိုပုလေးပေါ်တွင် တင်ထားသော သူနဲ့မောင့်ပုံလေးကို ကြည့်ရင်း
'မောင်ဟာ ကျမဘဝကိုစတင် ဝင်ရောက်လာကတည်းမှ ပျော်ရွှင်မှုတွေပဲ အမြဲသယ်ဆောင်ပေးခဲ့ပါသည်'
အတွေးများကိုခတ္တခန ရပ်တန့်လိုက်ရင်း မောင်ပြန်အလာ သပ်သပ်ရပ်ရပ်လေးဖြစ်နေဖို့ရာ ပြင်ဆင်ရပေအုန်းမည်မဟုတ်လား
တီ တီ
အိမ်ရှေ့မှကားဟွန်းသံလေးကိုအကြား ချက်ချင်းထိုင်နေသည့်နေရာမှ အပြေးလေးထကာ မောင့်ကို သွားကြိုမိလိုက်ပါသည်
"မောင်''
ကျမတစ်ယောက်ထဲသာ ပိုင်ဆိုင်ပါသော ထိုနာမ်စားလေးကိုရေရွတ်မိရင်း
"မ က မောင့်ကိုစောင့်နေတာလား''
မြတ်နိုးရပါသော ထိုသူ၏အမေး လေးကို ကျမမှင်သက်နေမိပါ၏
"ဟုတ်တာပေါ့ကွယ် မမှာမောင်ပဲရှိတာ အခြားဘယ်သူ့ကို
စောင့်ရအုန်းမှာတုန်း''
"မကစောင့်ချင်သေးလို့လားပြော''
"မဟုတ်ရပါဘူးရှင် မရဲ့အရစ်တုံးလေးရယ်''
မောင့်ရဲ့လက်မောင်းလေးကိုမှီတွဲရင်း ကလေးဆိုးကြီးကိုပြန်ချော့ရပြန်ပါသည်
'မောင်ဟာ စတွေ့ကတည်းကကိုပင် အရမ်းကလေးဆန်လွန်းလှသည် အထူးသဖြင့်ကျမအပေါ်မှာပေါ့'
'သို့သော်လည်း ထိုကဲ့သို့ကလေးဆန်သည့်မောင့်အမှုအရာများကိုပဲ ကျမနှစ်သက်ခဲ့သည်မဟုတ်ပါလား'
'ထို့ကြောင့်ပဲ လောကကြီးနှင့်ဆန့်ကျင်ပြီး မောင်နှင့်လက်ထက်ခဲ့ပါသည်'
'မ'
မောင့်ရဲ့ခေါ်သံကြောင့်အတိတ်သို့ ခတ္တခနရောက်သောကျမအတွေးများမှာ ပစ္ပုပ္ပကာလသို့ ပြန်လည်ရှိလာခဲ့ပါသည်
"ရှင် မောင် ဘာဖြစ်လို့လဲ ''
"မောင်အရင်ဆုံး ကိုယ်လက်သန့်စင်လိုက်အုန်းမယ်နော်''
"ဟုတ်ပါပြီ''
မောင့်အပြောကြောင့် ဖက်တွယ်ထားသည့်လက်မောင်းလေးကို ဖြေလျော့ပေးလိုက်ပါသည်
ထိုက်တစ်ယောက် မနဲ့စကားပြောပြီးနော် ကိုယ်လက်သန့်စင်ဖို့ရာ အိမ်ခန်းအတွင်းသို့ဝင်လာခဲ့သည်
အိပ်ယာထပ်တွင် အသင့်ထုတ်ပေးထားသော အဝတ်တွေကိုတွေ့လိုက်ပြီးနောက် ထိုက်ပြုံးမီပါသည်
'မက အရာရာကို အမြဲဂရုတစိုက်လိုက်လုပ်ပေးနေတာပဲ '
'တီ....
ရေချိုးနေရင်း အခန်းထဲမှ ဖုန်းခေါ်သံကြားရာ ထိုက်တစ်ယောက် ရေချိုးခန်းထဲမှာ ထွက်လာပြီး ဖုန်းကိုကိုင်လိုက်ရင်း
အမည်မသိသည့်ဖုန်းကောတစ်ကော..
"ဟယ်လို အမိန့်ရှိပါ''
''ထိုက်''
---------------------------------------------------------------
"ထမင်းစားမယ်မလား''
မ ကမေးရင်ထမင်းပွဲပြင်နေလေရဲ့ ထိုက်လည်းထမင်းဝိုင်းခုံမှာ နေရာဝင်ယူလိုက်သည်
"ဒါနဲ့ မ မောင်ညနေကြရင်သွားစရာရှိတယ် အိမ်ပြန်နောက်ကြမယ်ထင်တယ်''
"ဘယ်ကိုလည်းမောင်''
"အလုပ်ကိစ္စပါ''
"ဪ...''
ယနေ့ထမင်းဝိုင်းလေးကတော့ တိတ်ဆိတ်စွာနဲ့ပြီးဆုံးသွားမယ်ထင်ပါသည် မောင့်ဘက်မှလည်း မည်သည့်စကားမှဆက်မဆိုတော့
ညနေရောက်တော့ မောင်ချိန်းထားသည့်နေရာကို သွားဖို့ပြင်ဆင်နေပါသည်
"မောင်စောစောပြန်လာနော် မထမင်းစားဖို့စောင့်နေမှာ''
"ဟုတ်ပါပြီ မရယ်''
မောင် ကျမရဲ့နဖူးလေးကိုညင်သာစွာအနမ်းလေးပေးရင်းမောင်ထွက်သွားပါသည်
မြိုင်လည်းအိမ်ထဲပြန်ဝင်လာခါ ဆိုဖာပေါ်တွင်ထိုင်ကာ စာအုပ်တစ်အုပ်ဖတ်နေမိသည်
"Heyထိုက် ငါဒီမှာ''
ဆိုင်အတွင်းထောင့်တစ်နေရာမှ သူ့ကိုလှမ်းခေါ်နေသောရှင်းသန့် ကိုတွေ့လိုက်ပါသည် သူမကထိုက်အားပြုံးကာလက်ပြသည်
"ရောက်နေတာကြာပြီလား''
"သိပ်တော့မကြာသေးပါဘူး''
"နင်ဒီနေ့ငါ့နဲ့လျှောက်လည်မယ်လို့ကတိပေးထားတယ်နော် မြန်မာနိုင်ငံကိုပြန်ရောက်ကတည်းက သွားချင်တဲ့နေရာတွေကအများကြီးပဲ''
"အေးပါဟာ''
ရှင်းသန့် အင်းဟုတ်တယ် သူမကကျွန်တော့ရယ့် ငယ်သူငယ်ချင်းပေါ့ ကျွန်တော့ဘဝရဲ့အရေးပါတဲ့သူတွေထဲကတစ်ယောက်ပါပဲ
ဒါကြောင့်လည်းသူဆိုးသမျှသီးခံနေရတာလေ
"နင်ရော သူနဲ့ပဲလား''
အဆုံးအစမရှိသော အမေးအားကို ထိုက်နားလည် လိုက်ပါသည်
"အင်း...ဟုတ်တယ် ဒါနဲ့နင်ဟိုကိုဘယ်တော့ပြန်မှာလည်း''
"ဟဲ့ ငါကခုမှဒီကိုရောက်တာ၁လတောင်မရှိသေးဘူးကို ပြန်စေချင်နေပြီလားငါ့ကို''
"မဟုတ်ရပါဘူးဟာ နင်ပြန်သွားရင်ငါကလွမ်းနေရတော့မှာလေ''
"အမလေးအပြောလေးတွေနဲ့ သတ်နေပြန်ပြီ ငါဒီတခေါ်ပြန်လာတာက နင့်ကိုလွမ်းလာလို့ မဟုတ်ရင် ငါပြန်လာတော့မှာမဟုတ်ဘူး ရောက်တုံးရောက်ခိုက်လေး ငါ့ကိုအချိန်လေးပါလေးပေးစမ်းပါ''
"အေးပါ သဘော''
ကျနော်နဲ့ရှင်းသန့် ရီကြမောကြရင်း အရင်ကအကြောင်းလေးတွေပြန်ပြောလိုက်နဲ့ အချိန်တောင်တော်တော် ကုန်သွားခဲ့ပါတယ်
ထမင်းကိုလည်း ရှင်းက တခါထဲထမင်းပါစားလိုက်ရအောင်ဆိုးလို့ အဲ့မှာပဲ တခါထဲစားလိုက်ကြပါတယ် ရှင်းနဲ့ရှိနေရင် အရာအကုန်လုံးကို ခနတာမေ့ပျောက်သွား သလို
မြိုင် နာရီကိုကြည့်လိုက်တော့ ၉နာရီထိုးတော့မည် သို့သော် မောင်ကပြန်မလာသေး ဖုန်းဆက်၍လည်း အကြောင်းမကြားပါသောကြောင့် မြိုင်မှာအတော်လေးကို စိတ်တွေပူလာလေသည်
"ဘာတွေများ ဖြစ်နေပြီလဲ မောင်ရယ်''
မြိုင် မောင့်ဆီကိုဖုန်းဆက်ဖို့ လုပ်တော့လေသည် မောင်ဟုမှတ်ထားသော contact လေးကို စိုးရိမ်မှုများဖြင့် နှိပ်လိုက်ရင်း
တီ......
ထိုက် ရှင်းသန့်နဲ့ စားသောက်နေရင်း ဖုန်းဝင်လာသောကြောင့် စားလက်စကိုရပ်လိုက်ပြီး ဖုန်းကိုကြည့်လိုက်သောအခါ မ ဖြစ်နေသည်
သူကိုယ်သူတောင် မယုံနိုင်အောင်ပင် သူ မကိုမေ့နေခဲ့တာ
"ဟယ်လို ''
"မောင်! အဆင်ပြေရရဲ့လား ဘာများဖြစ်နေလို့လဲဟင်''
မဘက်မှ စိုးရိမ်တကြီးပြောသော စကားများကြောင့် ထိုက် မကိုအားနာမိသွားရသည်
မက သူ့ကို အရမ်းဂရုစိုက်တာ ကျနော်ကသာ မအပေါ်လစ်ဟင်းနေမိခဲ့တာ
"မောင်ဘာမှ မဖစ်ပါဘူးမ မစိုးရိမ်ပါနဲ့ အသိတစ်ယောက်နဲ့တွေ့နေလို့ပါ သူကထမင်းလိုက်ကျွေးနေလို့''
"ဪ...ဟုတ်လား ဒါဆိုညစာမစားတော့ဘူးပေါ့ ''
"မစားတော့ဘူးမ''
"အဲ့တာဆိုလည်းကောင်းပါပြီ အကြာကြီးမနေနဲ့တော့နော် ညနက်တော့မယ် ကားကိုဂရုစိုက်မောင်းပြီးပြန်လာပါ''
"ဟုတ်ကဲ့ပါမရယ် မောင်ဖုန်းချလိုက်တော့မယ်နော်''
"ဟုတ်ပြီမောင်''
မောင်မစကားတွေကိုမမှတ်ထားဘူး
မြိုင်ထမင်းဝိုင်းပြင်ထားတာတွေ သိမ်းလိုက်တော့တယ် စားချင်စိတ်လည်းမရှိတော့
မောင် ဘယ်အချိန်မှပြန်ရောက်မယ်ဆိုတာကိုလည်း မပြောသွားဘူး မောင့်ကြောင့် တစ်ယောက်ထဲမအိပ်တတ်တော့တဲ့အကျင့်ဖြစ်လာသည် ဒါကြောင့် မောင်ပြန်အလာထိမြိုင်စောင့်ရပေတော့မည်
"ရှင်း မိုလည်းအတော်ချုပ်နေပြီ ငါတို့ပြန်ကြမလား''
"ဟွန့်...ငါကမပြန်ချင်သေးပါဘူး နင့်မျက်နှာလေးကိုကြည့်ရတာ အလွမ်းတောင်မပြေသေးတာကို''
"ဒါပေမဲ့ မိုးချုပ်နေပြီလေ မနက်ဖြန်တွေ သန်ဘက်ခါတွေရှိသေးတာပဲကို အိမ်မှာ မ တစ်ယောက်ထဲလေ''
"အမလေး ဟုတ်ပါပြီ ငါသိပါတယ်နော် ဘာလို့အိမ်အရမ်းပြန်ချင်နေလဲဆိုတာ နေ့တိုင်းလည်းတွေ့နေရတာပဲကို ''
ရှင်းသန့် စိတ်တိုတိုနဲ့ပြောလိုက်သည် အမှန်တိုင်းပြောရရင် ရှင်းသန့် အဲ့မိန်းမကို မနာလိုဖြစ်သည် ဟိုးအရင်ကရော အခုရော
အရင်က သူ့နာမည်ကိုပဲ မချတမ်းတတွတ်တွတ်ပြောတတ်တဲ့ ထိုက်က အဲ့မိန်းမနဲ့တွေ့ပြီး နောက်ပိုင်းတွေမှာ မ ဆိုတဲ့နာမ်စားတွေကိုပဲ အမြဲတမ်းကြားနေခဲ့ရတော့တယ်
"အကယ်၍ ငါတို့သာ လောင်းကြေးမထပ်ခဲ့ရဘူးဆိုရင် အခုနင့်ဘေးနားမှာ ရှိနေမယ့်သူက ငါဖစ်နေမလား ထိုက်''
ရှင်းရဲ့ ရုတ်တရပ်ပြောလိုက်တဲ့ စကားကြောင့် ထိုက်ဆွံအသွားတော့သည် ထိုက် ထိုကိစ္စများကို မေ့လိုက်သည်မှာ အတော်ကိုကြာပြီဖြစ်သည်
"ဒီအကြောင်းကို မပြောရတော့အောင် ရှင်း''
"ငါမေးတာကိုပဲ ဖြေပေးပါ ငါအဖြေကိုသိရရင် ထပ်မပြောတော့ပါဘူး''
"ငါမဖြေတတ်ဘူး ရှင်း ပြန်ရအောင် ငါနဲ့ကိုလိုက်ပို့ပေးမယ်''
"အင်း..ကောင်းပြီလေ''
'ရှင်း လက်လျော့လိုက်မယ်လို့တော့မထင်လိုက်နဲ့နော် အဲ့အဖြေကို မသိရမချင်း ရှင်းကတော့မေးနေအုံးမှာပဲ ထိုက်' ထိုစကားများကိုတော့ ထိုက်မကြား ဘာကြောင့်လဲဆိုတော့ ရှင်းသန့်ရင်ထဲမှာပဲ သိမ်းထလိုက်ချင်းကြောင့်ပင်
"ရှင်း ဒါဆိုငါပြန်တော့မယ်လေ နောက်နေ့မှတွေ့ကြတာပေါ့''
"အိမ်ထဲဝင်ပါအုံးလား''
"နောက်နေ့ပေါ့''
ထိုက် ရှင်း ကိုနူတ်ဆက်ပြီးအိမ်ကိုပြန်လာခဲ့ပါတော့သည် နာရီကိုရုတ်တရပ် ကြည့်မိမှ ၁၀ နာရီတောင် ထိုးတော့ပေမည် မကိုတစ်ယောက်ထဲထားခဲ့မိတာပဲ မက သူမရှိရင်မအိပ်တတ်ဘူးဆိုတာ သူမေ့သွားခဲ့တာပဲ..
ပထမဦးဆုံးရေးဖစ်တဲ့ficလေးမို့ အကောင်းဆုံးကြိုးစားရေးသွားပါမယ်🌻✨
------------------------------------------------------------------------------------------------------------
"ေမာင္ ျပန္လာေနၿပီလာေနၿပီေနာ္ မ ဘာမွာအုံးမလဲ''
"မမွာေတာ့ပါဘူး ေမာင္ရယ္ ေမာင္သာအိမ္ကိုေဘးကင္းကင္းျပန္ေရာက္ရင္ရပါၿပီ''
"ဟုတ္ကဲ့ပါမရယ္''
"ေမာင္ကားေမာင္းေနတယ္မလား ဖုန္းခ်လိဳက္ေတာ့ အႏၱရာယ္မ်ားတယ္''
"ဟုတ္ပါၿပီ''
တစ္ဖက္မွာဖုန္းခ်သြားေသာ္ အခါမွာေတာ့ ၿမိဳင္ တစ္ေယာက္ၿပဳံးမိပါသည္ ေမာင္ အင္းးထိုလူသားေၾကာင့္ပဲေပါ့
ကုတင္ေဘးမွ ဗီရိုပုေလးေပၚတြင္ တင္ထားေသာ သူနဲ႕ေမာင့္ပုံေလးကို ၾကည့္ရင္း
'ေမာင္ဟာ က်မဘဝကိုစတင္ ဝင္ေရာက္လာကတည္းမွ ေပ်ာ္႐ႊင္မႈေတြပဲ အၿမဲသယ္ေဆာင္ေပးခဲ့ပါသည္'
အေတြးမ်ားကိုခတၱခန ရပ္တန့္လိုက္ရင္း ေမာင္ျပန္အလာ သပ္သပ္ရပ္ရပ္ေလးျဖစ္ေနဖို႔ရာ ျပင္ဆင္ရေပအုန္းမည္မဟုတ္လား
တီ တီ
အိမ္ေရွ႕မွကားဟြန္းသံေလးကိုအၾကား ခ်က္ခ်င္းထိုင္ေနသည့္ေနရာမွ အေျပးေလးထကာ ေမာင့္ကို သြားႀကိဳမိလိုက္ပါသည္
"ေမာင္''
က်မတစ္ေယာက္ထဲသာ ပိုင္ဆိုင္ပါေသာ ထိုနာမ္စားေလးကိုေရ႐ြတ္မိရင္း
"မ က ေမာင့္ကိုေစာင့္ေနတာလား''
ျမတ္နိုးရပါေသာ ထိုသူ၏အေမးေလးကို က်မမွင္သက္ေနမိပါ၏
"ဟုတ္တာေပါ့ကြယ္ မမွာေမာင္ပဲရွိတာ အျခားဘယ္သူ႕ကို
ေစာင့္ရအုန္းမွာတုန္း''
"မကေစာင့္ခ်င္ေသးလို႔လားေျပာ''
"မဟုတ္ရပါဘူးရွင္ မရဲ႕အရစ္တုံးေလးရယ္''
ေမာင့္ရဲ႕လက္ေမာင္းေလးကိုမွီတြဲရင္း ကေလးဆိုးႀကီးကိုျပန္ေခ်ာ့ရျပန္ပါသည္
'ေမာင္ဟာ စေတြ႕ကတည္းကကိုပင္ အရမ္းကေလးဆန္လြန္းလွသည္ အထူးသျဖင့္က်မအေပၚမွာေပါ့'
'သို႔ေသာ္လည္း ထိုကဲ့သို႔ကေလးဆန္သည့္ေမာင့္အမႈအရာမ်ားကိုပဲ က်မႏွစ္သက္ခဲ့သည္မဟုတ္ပါလား'
'ထို႔ေၾကာင့္ပဲ ေလာကႀကီးႏွင့္ဆန႔္က်င္ၿပီး ေမာင္ႏွင့္လက္ထက္ခဲ့ပါသည္'
'မ'
ေမာင့္ရဲ႕ေခၚသံေၾကာင့္အတိတ္သို႔ ခတၱခနေရာက္ေသာက်မအေတြးမ်ားမွာ ပစၸဳပၸကာလသို႔ ျပန္လည္ရွိလာခဲ့ပါသည္
"ရွင္ ေမာင္ ဘာျဖစ္လို႔လဲ ''
"ေမာင္အရင္ဆုံး ကိုယ္လက္သန့္စင္လိုက္အုန္းမယ္ေနာ္''
"ဟုတ္ပါၿပီ''
ေမာင့္အေျပာေၾကာင့္ ဖက္တြယ္ထားသည့္လက္ေမာင္းေလးကို ေျဖေလ်ာ့ေပးလိုက္ပါသည္
ထိုက္တစ္ေယာက္ မနဲ႕စကားေျပာၿပီးေနာ္ ကိုယ္လက္သန့္စင္ဖို႔ရာ အိမ္ခန္းအတြင္းသို႔ဝင္လာခဲ့သည္
အိပ္ယာထပ္တြင္ အသင့္ထုတ္ေပးထားေသာ အဝတ္ေတြကိုေတြ႕လိုက္ၿပီးေနာက္ ထိုက္ၿပဳံးမီပါသည္
'မက အရာရာကို အၿမဲဂ႐ုတစိုက္လိုက္လုပ္ေပးေနတာပဲ '
'တီ....
ေရခ်ိဳးေနရင္း အခန္းထဲမွ ဖုန္းေခၚသံၾကားရာ ထိုက္တစ္ေယာက္ ေရခ်ိဳးခန္းထဲမွာ ထြက္လာၿပီး ဖုန္းကိုကိုင္လိုက္ရင္း
အမည္မသိသည့္ဖုန္းေကာတစ္ေကာ..
"ဟယ္လို အမိန့္ရွိပါ''
''ထိုက္''
---------------------------------------------------------------
"ထမင္းစားမယ္မလား''
မ ကေမးရင္ထမင္းပြဲျပင္ေနေလရဲ႕ ထိုက္လည္းထမင္းဝိုင္းခုံမွာ ေနရာဝင္ယူလိုက္သည္
"ဒါနဲ႕ မ ေမာင္ညေနၾကရင္သြားစရာရွိတယ္ အိမ္ျပန္ေနာက္ၾကမယ္ထင္တယ္''
"ဘယ္ကိုလည္းေမာင္''
"အလုပ္ကိစၥပါ''
"ဪ...''
ယေန႕ထမင္းဝိုင္းေလးကေတာ့ တိတ္ဆိတ္စြာနဲ႕ၿပီးဆုံးသြားမယ္ထင္ပါသည္ ေမာင့္ဘက္မွလည္း မည္သည့္စကားမွဆက္မဆိုေတာ့
ညေနေရာက္ေတာ့ ေမာင္ခ်ိန္းထားသည့္ေနရာကို သြားဖို႔ျပင္ဆင္ေနပါသည္
"ေမာင္ေစာေစာျပန္လာေနာ္ မထမင္းစားဖို႔ေစာင့္ေနမွာ''
"ဟုတ္ပါၿပီ မရယ္''
ေမာင္ က်မရဲ႕နဖူးေလးကိုညင္သာစြာအနမ္းေလးေပးရင္းေမာင္ထြက္သြားပါသည္
ျမတ္လည္းအိမ္ထဲျပန္ဝင္လာခါ ဆိုဖာေပၚတြင္ထိုင္ကာ စာအုပ္တစ္အုပ္ဖတ္ေနမိသည္
"Heyထိုက္ ငါဒီမွာ''
ဆိုင္အတြင္းေထာင့္တစ္ေနရာမွ သူ႕ကိုလွမ္းေခၚေနေသာရွင္းသန့္ ကိုေတြ႕လိုက္ပါသည္ သူမကထိုက္အားၿပဳံးကာလက္ျပသည္
"ေရာက္ေနတာၾကာၿပီလား''
"သိပ္ေတာ့မၾကာေသးပါဘူး''
"နင္ဒီေန႕ငါ့နဲ႕ေလွ်ာက္လည္မယ္လို႔ကတိေပးထားတယ္ေနာ္ ျမန္မာနိုင္ငံကိုျပန္ေရာက္ကတည္းက သြားခ်င္တဲ့ေနရာေတြကအမ်ားႀကီးပဲ''
"ေအးပါဟာ''
ရွင္းသန့္ အင္းဟုတ္တယ္ သူမကကြၽန္ေတာ့ရယ့္ ငယ္သူငယ္ခ်င္းေပါ့ ကြၽန္ေတာ့ဘဝရဲ႕အေရးပါတဲ့သူေတြထဲကတစ္ေယာက္ပါပဲ
ဒါေၾကာင့္လည္းသူဆိုးသမွ်သီးခံေနရတာေလ
"နင္ေရာ သူနဲ႕ပဲလား''
အဆုံးအစမရွိေသာ အေမးအားကို ထိုက္နာလည္ လိုက္ပါသည္
"အင္း...ဟုတ္တယ္ ဒါနဲ႕နင္ဟိုကိုဘယ္ေတာ့ျပန္မွာလည္း''
"ဟဲ့ ငါကခုမွဒီကိုေရာက္တာ၁လေတာင္မရွိေသးဘူးကို ျပန္ေစခ်င္ေနၿပီလားငါ့ကို''
"မဟုတ္ရပါဘူးဟာ နင္ျပန္သြားရင္ငါကလြမ္းေနရေတာ့မွာေလ''
"အမေလးအေျပာေလးေတြနဲ႕ သတ္ေနျပန္ၿပီ ငါဒီတေခၚျပန္လာတာက နင့္ကိုလြမ္းလာလို႔ မဟုတ္ရင္ ငါျပန္လာေတာ့မွာမဟုတ္ဘူး ေရာက္တုံးေရာက္ခိုက္ေလး ငါ့ကိုအခ်ိန္ေလးပါေလးေပးစမ္းပါ''
"ေအးပါ သေဘာ''
က်ေနာ္နဲ႕ရွင္းသန့္ ရီၾကေမာၾကရင္း အရင္ကအေၾကာင္းေလးေတြျပန္ေျပာလိုက္နဲ႕ အခ်ိန္ေတာင္ေတာ္ေတာ္ ကုန္သြားခဲ့ပါတယ္
ထမင္းကိုလည္း ရွင္းက တခါထဲထမင္းပါစားလိုက္ရေအာင္ဆိုးလို႔ အဲ့မွာပဲ တခါထဲစားလိုက္ၾကပါတယ္ ရွင္းနဲ႕ရွိေနရင္ အရာအကုန္လုံးကို ခနတာေမ့ေပ်ာက္သြား သလို
ၿမိဳင္ နာရီကိုၾကည့္လိုက္ေတာ့ ၉နာရီထိုးေတာ့မည္ သို႔ေသာ္ ေမာင္ကျပန္မလာေသး ဖုန္းဆက္၍လည္း အေၾကာင္းမၾကားပါေသာေၾကာင့္ ၿမိဳင္မွာအေတာ္ေလးကို စိတ္ေတြပူလာေလသည္
"ဘာေတြမ်ား ျဖစ္ေနၿပီလဲ ေမာင္ရယ္''
ၿမိဳင္ ေမာင့္ဆီကိုဖုန္းဆက္ဖို႔ လုပ္ေတာ့ေလသည္ ေမာင္ဟုမွတ္ထားေသာ contact ေလးကို စိုးရိမ္မႈမ်ားျဖင့္ ႏွိပ္လိုက္ရင္း
တီ......
ထိုက္ ရွင္းသန့္နဲ႕ စားေသာက္ေနရင္း ဖုန္းဝင္လာေသာေၾကာင့္ စားလက္စကိုရပ္လိုက္ၿပီး ဖုန္းကိုၾကည့္လိုက္ေသာအခါ မ ျဖစ္ေနသည္
သူကိုယ္သူေတာင္ မယုံနိုင္ေအာင္ပင္ သူမကိုေမ့ေနခဲ့တာ
"ဟယ္လို ''
"ေမာင္! အဆင္ေျပရရဲ႕လား ဘာမ်ားျဖစ္ေနလို႔လဲဟင္''
မဘက္မွ စိုးရိမ္တႀကီးေျပာေသာ စကားမ်ားေၾကာင့္ ထိုက္ မကိုအားနာမိသြားရသည္
မက သူ႕ကို အရမ္းဂ႐ုစိုက္တာ က်ေနာ္ကသာ မအေပၚလစ္ဟင္းေနမိခဲ့တာ
"ေမာင္ဘာမွ မဖစ္ပါဘူးမ မစိုးရိမ္ပါနဲ႕ အသိတစ္ေယာက္နဲ႕ေတြ႕ေနလို႔ပါ သူကထမင္းလိုက္ေကြၽးေနလို႔''
"ဪ...ဟုတ္လား ဒါဆိုညစာမစားေတာ့ဘူးေပါ့ ''
"မစားေတာ့ဘူးမ''
"အဲ့တာဆိုလည္းေကာင္းပါၿပီ အၾကာႀကီးမေနနဲ႕ေတာ့ေနာ္ ညနက္ေတာ့မယ္ ကားကိုဂ႐ုစိုက္ေမာင္းၿပီးျပန္လာပါ''
"ဟုတ္ကဲ့ပါမရယ္ ေမာင္ဖုန္းခ်လိဳက္ေတာ့မယ္ေနာ္''
"ဟုတ္ၿပီေမာင္''
ေမာင္မစကားေတြကိုမမွတ္ထားဘူး
ၿမိဳင္ထမင္းဝိုင္းျပင္ထားတာေတြ သိမ္းလိုက္ေတာ့တယ္ စားခ်င္စိတ္လည္းမရွိေတာ့
ေမာင္ ဘယ္အခ်ိန္မွျပန္ေရာက္မယ္ဆိုတာကိုလည္း မေျပာသြားဘူး ေမာင့္ေၾကာင့္ တစ္ေယာက္ထဲမအိပ္တတ္ေတာ့တဲ့အက်င့္ျဖစ္လာသည္ ဒါေၾကာင့္ ေမာင္ျပန္အလာထိၿမိဳင္ေစာင့္ရေပေတာ့မည္
"ရွင္း မိုလည္းအေတာ္ခ်ဳပ္ေနၿပီ ငါတို႔ျပန္ၾကမလား''
"ဟြန့္...ငါကမျပန္ခ်င္ေသးပါဘူး နင့္မ်က္ႏွာေလးကိုၾကည့္ရတာ အလြမ္းေတာင္မေျပေသးတာကို''
"ဒါေပမဲ့ မိုးခ်ဳပ္ေနၿပီေလ မနက္ျဖန္ေတြ သန္ဘက္ခါေတြရွိေသးတာပဲကို အိမ္မွာ မ တစ္ေယာက္ထဲေလ''
"အမေလး ဟုတ္ပါၿပီ ငါသိပါတယ္ေနာ္ ဘာလို႔အိမ္အရမ္းျပန္ခ်င္ေနလဲဆိုတာ ေန႕တိုင္းလည္းေတြ႕ေနရတာပဲကို ''
ရွင္းသန့္ စိတ္တိုတိုနဲ႕ေျပာလိုက္သည္ အမွန္တိုင္းေျပာရရင္ ရွင္းသန့္ အဲ့မိန္းမကို မနာလိုျဖစ္သည္ ဟိုးအရင္ကေရာ အခုေရာ
အရင္က သူ႕နာမည္ကိုပဲ မခ်တမ္းတတြတ္တြတ္ေျပာတတ္တဲ့ ထိုက္က အဲ့မိန္းမနဲ႕ေတြ႕ၿပီး ေနက္ပိုင္းေတြမွာ မ ဆိုတဲ့နာမ္စားေတြကိုပဲ အၿမဲတမ္းၾကားေနခဲ့ရေတာ့တယ္
"အကယ္၍ ငါတို႔သာ ေလာင္းေၾကးမထပ္ခဲ့ရဘူးဆိုရင္ အခုနင့္ေဘးနားမွာ ရွိေနမယ့္သူက ငါဖစ္ေနမလား ထိုက္''
ရွင္းရဲ႕ ႐ုတ္တရပ္ေျပာလိုက္တဲ့ စကားေၾကာင့္ ထိုက္ဆြံအသြားေတာ့သည္ ထိုက္ ထိုကိစၥမ်ားကို ေမ့လိုက္သည္မွာ အေတာ္ကိုၾကာၿပီျဖစ္သည္
"ဒီအေၾကာင္းကို မေျပာရေတာ့ေအာင္ ရွင္း''
"ငါေမးတာကိုပဲ ေျဖေပးပါ ငါအေျဖကိုသိရရင္ ထပ္မေျပာေတာ့ပါဘူး''
"ငါမေျဖတတ္ဘူး ရွင္း ျပန္ရေအာင္ ငါနဲ႕ကိုလိုက္ပို႔ေပးမယ္''
"အင္း..ေကာင္းၿပီေလ''
'ရွင္း လက္ေလ်ာ့လိုက္မယ္လို႔ေတာ့မထင္လိုက္နဲ႕ေနာ္ အဲ့အေျဖကို မသိရမခ်င္း ရွင္းကေတာ့ေမးေနအုံးမွာပဲ ထိုက္' ထိုစကားမ်ားကိုေတာ့ ထိုက္မၾကား ဘာေၾကာင့္လဲဆိုေတာ့ ရွင္းသန့္ရင္ထဲမွာပဲ သိမ္းထလိုက္ခ်င္းေၾကာင့္ပင္
"ရွင္း ဒါဆိုငါျပန္ေတာ့မယ္ေလ ေနာက္ေန႕မွေတြ႕ၾကတာေပါ့''
"အိမ္ထဲဝင္ပါအုံးလား''
"ေနာက္ေန႕ေပါ့''
ထိုက္ ရွင္း ကိုႏူတ္ဆက္ၿပီးအိမ္ကိုျပန္လာခဲ့ပါေတာ့သည္ နာရီကို႐ုတ္တရပ္ ၾကည့္မိမွ ၁၀ နာရီေတာင္ ထိုးေတာ့ေပမည္ မကိုတစ္ေယာက္ထဲထားခဲ့မိတာပဲ မက သူမရွိရင္မအိပ္တတ္ဘူးဆိုတာ သူေမ့သြားခဲ့တာပဲ..
ပထမဦးဆုံးေရးဖစ္တဲ့ficေလးမို႔ အေကာင္းဆုံးႀကိဳးစားေရးသြားပါမယ္🌻🌻
------------------------------------------------------